← Chapters

မည်ကဲ့သို့ ပြုမူရမည်ကို သင်ပေးပါ

Vol. 5 Ch. 74

မည်ကဲ့သို့ ပြုမူရမည်ကို သင်ပေးပါ

Vol. 5 Ch. 74

အခန်း (၇၄) မည်ကဲ့သို့ ပြုမူရမည်ကို သင်ပေးပါ။

ကောင်းကင်မိုးကြိုးရင်ပြင်တွင် နေ့စဉ်နေ့တိုင်း စိန်ခေါ်နေသူများ ရှိသောကြောင့် ချင်ယွင်၏ စိန်ခေါ်ချက်သည် မည်သူ့ကိုမျှ အာရုံမစိုက်စေနိုင်ခဲ့။

သူသည် သူ့အတွက်သတ်မှတ်ထားသည့် ပြိုပွဲကွင်းပြင်ထဲသို့ ၀င်ရောက်လာချိန် ဒိုင်လူကြီးအဖြစ်တာ၀န်ယူမည့် တရာဥပဒေစိုးမိုးရေးခန်း၏ တပည့်တဦး ရှိနေပြီ။ နောက်တယောက်ကတော့ အတွင်းစည်းဂိုဏ်း၀င်တပည့်ဖြစ်သော ယန်ချွန်ဖြစ်သည်။

ယန်ချွန်သည် အရပ်ရှည်ပြီး တောင့်တင်သန်မာသည်။ သူသည် အသက်ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်သာရှိသေးသော်လည်း အရပ် ၁.၉ မီတာခန့်ရှိသည်။ သူ၏ ကြွက်သားများသည် တစ်ကိုယ်လုံး ပြန့်နှံ့နေသည်။ သူသည် သူ၏နေရာတွင် ဂေါ်ရီလာကဲ့သို့ ရပ်နေသည်။ ထို့အပြင် သူ၏လက်ထဲတွင် ကြီးမားလှသော လျှပ်စီးတူ နှစ်ချောင်းရှိပြီး လူများကို ပုံမဖော်နိုင်သော လွှမ်းမိုးချုပ်ကိုင်မှုနှင့် ဖိနှိပ်ချုပ်ချယ်သည့် ခံစားချက်ကို ပေးစွမ်းသည်။

ယန်ချွန်သည် ချင်ယွင်ဖြတ်သွားသည်ကိုမြင်သောအခါ၊ မထီမဲ့မြင်ပြုသော အပြုံးတစ်ခု သူ၏မျက်နှာပေါ်တွင် ပေါ်လာသည်။ ချင်ယွင်သည် သူ၏ရှေ့တွင် ကလေးတစ်ယောက်လို ရပ်နေသည်။ သူက အားနည်းနေပုံရပြီး သူ့အတွက် လိုက်ဖက်သည့် ပြိုင်ဘက် လုံး၀ မဟုတ်ပေ။

"ပထမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်လား?" ယန်ချွန်က အံ့သြစွာ ပြောသည်။

မူလက ယန်ချွန်သည် စိန်ခေါ်မှုကို လက်ခံရရှိသောအခါတွင် အနည်းငယ်စိုးရိမ်နေ သေးသော်လည်း ချင်ယွင်၏ ခန္ဓာကိုယ်သေးသေးလေး ဖြတ်သွားသည်ကို မြင်လိုက်ရ သောအခါတွင် စိုးရိမ်မှုအနည်းငယ်က သဘာဝအတိုင်း ပျောက်ကွယ် သွားခဲ့သည်။

ချင်ယွင်ချဉ်းကပ်လာသောအခါ၊ ချင်ယွင်သည် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်နယ်ပယ်တွင်သာ ရှိသည်ကို သူတွေ့ရှိခဲ့သည်။ သူသည် ရယ်ရမလား ငိုရမလား မသိတော့။ ဒေါသလှိုင်းက သူ၏နှလုံးသားထဲ ပျံ့နှံ့သွားခဲ့သည်။

သူ့ကို ပထမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်တယောက်က စိန်ခေါ်ရဲသည့် အတွက် သူ အရှက်တကွဲဖြစ်ခဲ့ရသည်။

ယန်ချွန်သည် မိုးကြိုးဝိညာဉ်အဆင့် သတ်မှတ်ချက်တွင် နောက်ဆုံးလူ ဖြစ်ခဲ့သော်လည်း၊ သူသည် အတွင်းစည်းဂိုဏ်းဝင် တပည့်အဖြစ် ရှိနေဆဲဖြစ်ပြီး သူ၏ ကျင့်ကြံမှုသည် စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းသခင်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ဖြစ်သည်။

ယခုအချိန်တွင် ဤလင်းယွင်သည် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်တဦး

၏ ခွန်အားသာရှိသော်လည်း သူသည် အမှန်တကယ်ပင် သူ့ကို စိန်ခေါ်ဝံ့သူ ဖြစ်သည်။ ဒါက သူ့အတွက် အရှက်ရစရာမဟုတ်ရင် ဘယ်ဟာဖြစ်မလဲ။

ထိုကြောင့် သူသည် ဒေါသတကြီးဖြစ်ကာ သူ၏ဘေးရှိ ဥပဒေစိုးမိုးရေးခန်းမ တပည့်ဆီကို လှည့်ကြည့်ပြီး "မင်းရဲ့တရားဥပဒေစိုးမိုးရေး ခန်းမမှာ ဘာကိစ္စ တွေများရှိနေလို့လဲ၊ စိန်ခေါ်သူရဲ့ အင်အားကို ကြိုတင်စုံစမ်းမထားဘူးလား၊ ပထမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်တယောက်က ငါ့ကိုစိန်ခေါ်ပြီး ငါ့ရဲ့အချိန်တွေကို ဖြုန်းတီးရဲလောက်အောင် သတ္တိကောင်းနေကြပြီလား။ ?"

တရားဥပဒေစိုးမိုးရေးခန်းမ တပည့်လည်း စကားမပြောနိုင် ဖြစ်ရသည်။ ဤစိန်ခေါ်သူ

လင်းယွင်သည် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်နယ်ပယ် တွင်သာ ရှိမည်ဟု သူမထင်ထားခဲ့ပေ။

ယခုလိုအခြေအနေမျိုး တစ်ခါမှလည်း မကြုံဖူးပါဘူး။ အဆင့်တစ်ခုကို ကျော်လွန်ပြီး စိန်ခေါ်မှုများလည်း ရှိခဲ့ပါသည်။ ၎င်းသည် အဆင့်တစ်ခုသာခြားပြီး လင်းယွင်ကဲ့သို့ အဆင့်လေးဆင့် ကွာခြားမှုမျိုးမဟုတ်။ မိုးကြိုးဝိညာဉ်ဂိုဏ်း၏ သမိုင်းတစ်ခုလုံးတွင် ဤအရာသည် တစ်ခါမျှမဖြစ်ခဲ့ဖူးသောဖြစ်ရပ်ဖြစ်၏။ ထို့ကြောင့် လင်းယွင်သည် သူ့ကို အောင်မြင်စွာ စိန်ခေါ်နိုင်သည်ကို မယုံကြည်နိုင်မှာ သဘာဝကျသည်။

"ကောင်စုတ်၊ မင်း ငါတို့တရားဥပဒေစိုးမိုးရေးခန်းမရဲ့အခွင့်အာဏာကို စိန်ခေါ် နေတာလား။ " ဥပဒေစိုးမိုးရေးခန်းမတပည့်က ချင်ယွင်ကိုကြည့်ကာ ဒေါသတကြီး ပြောသည်။

ချင်ယွင်သည် တစ်ချက်ကြည့်ပြန်လိုက်ပြီး ဤဥပဒေစိုးမိုးရေးခန်းမ၏တပည့် ဆိုလိုရင်းကို နားလည်သွားသည်။ သူက ပြုံးပြီး “ စီနီယာအကိုကြီး၊ ကျွန်တော့်မှာ တရားဥပဒေစိုးမိုးရေးခန်းမရဲ့ အခွင့်အာဏာကို စိန်ခေါ်ဖို့ ရည်ရွယ်ချက် မရှိဘူး”ဟု ပြောလိုက်သည်။

ချင်ယွင်၏ နှိမ့်ချသော သဘောထားကို မြင်လိုက်ရသည်နှင့် ဥပဒေစိုးမိုးရေးခန်းမ တပည့်၏ ဒေါသများ ပြေပျောက်သွားသည်။ "ဒါဆိုမင်းရဲ့ပထမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်အဖြစ် မင်းရဲ့ကျင့်ကြံအဆင့်နဲ့ ယန်ချွန်ကို စိန်ခေါ်လိုက် ခြင်းက ဘာကိုဆိုလိုတာလဲ?။ စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းသခင်နယ်ပယ် ရဲ့ အထွတ်အထိပ်မှာရှိနေတဲ့ ယန်ချွန်ကို အနိုင်ယူနိုင်မယ်လို့ မင်းထင်လား။"

ချင်ယွင်က ပြုံးပြီးပြောသည် "စီနီယာ အကိုကြီး၊ ကိုယ့်ရဲ့ကျင့်ကြံခြင်းအဆင့်ထက် ကျော်လွန်တဲ့လူကို စိန်ခေါ်ခွင့်မပြုဘူးလို့ ဂိုဏ်းက စည်းမျဉ်းသတ်မှတ်ထားသလား။ အပြင်စည်းဂိုဏ်းက ဘယ်တပည့်မဆို မိုးကြိုးဝိညာဉ်အဆင့်သတ်မှတ်ချက် အတွင်းမှာ ရှိတဲ့ ဘယ်အတွင်းစည်းဂိုဏ်း၀င် တပည့်ကိုမဆို စိန်ခေါ်နိုင်တယ်ဆိုတာ ကျွန်တော် မှတ်မိပါတယ်။

တရားဥပဒေစိုးမိုးရေး ခန်းမတပည့်သည် နောက်တကြိမ် ပြောစရာစကား မဲ့သွားရ ပြန်၏ ။ ဤစကားသည် အမှန်တရားဟု ထင်ရသည်။

ဂိုဏ်း၏စည်းမျဉ်းများက တစ်စုံတစ်ယောက်သည် အဆင့်တစ်ဆင့်ကိုကျော်လွန်သော တစ်စုံတစ်ဦးကို စိန်မခေါ်ရဟု ဆိုမထားပေ။ ထို့အပြင်၊ တစ်စုံတစ်ယောက်သည် အဆင့်သုံးဆင့်ထက်ကျော်လွန်သော တစ်စုံတစ်ဦးကို စိန်မခေါ်နိုင်ဟုလည်း ဆိုမထားပြန်ပေ။ ယင်းကြောင့် တရားဥပဒေစိုးမိုးရေးခန်းမ၏ တပည့်ကို အရှက်ရစေခဲ့သည်။

သူ၏ဘေးမှာ ရပ်နေသော ယန်ချွန်သည် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ရှေ့သို့ လျှောက်သွားကာ ချင်ယွင်ကို စိုက်ကြည့်ပြီး "မင်းက မကြာသေးခင်ကမှ ဂိုဏ်းထဲမှာ သတင်းပြန့်နှံ့နေတဲ့ အဆင့်တစ်ဆယ်ဝိညာဉ်အရင်း အမြစ်ကို ပိုင်ဆိုင် ထားသူ လင်းယွင် မဟုတ်လား"

ချင်ယွင်က ယန်ချွန်ကိုကြည့်ရန် ခေါင်းကို လှည့်လိုက်ပြီး "ကျွန်တော်က အဲဒီ တစ်ယောက်ပါ"

ယန်ချွန်က အထင်သေးသည်ဟန်ဖြင့် ဆက်လက် မေးသည်"မင်းဟာ စိန်ရုပ်သေးကို ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်နယ်ပယ်ခွန်အားနဲ့ အနိုင်ယူခဲ့တယ်လို့

ငါကြားဖူးတယ်"

ချင်ယွင်က ပြုံးပြီး "အဲဒါက ကံကောင်းလို့ပါ" ဟု ပြောလိုက်သည်။

ယန်ချွန်က အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောသည် "ငါလည်းထင်သားဘဲ၊ အဲဒီ စိန်ရုပ်သေးရုပ်က အသေကောင်ပဲလေ။ ပထမအဆင့် ကောင်းကင်အလွှာ သိုင်းသခင် တစ်ယောက်ရဲ့အစွမ်းကို ပိုင်ဆိုင်ထားပေမယ့် စစ်မှန်တဲ့ ပထမအဆင့် ကောင်းကင် အလွှာ သိုင်းသခင်ထက် တိုက်ခိုက်ရေး စွမ်းအားအရ နိမ့်ကျလွန်းတယ်။ မင်း စိန်ရုပ်သေးကို အနိုင်ယူနိုင်လို့ငါ့ကိုအနိုင်ယူနိုင်မယ်လို့ မထင်နဲ့"

ချင်ယွင်က ပြုံးရုံပြုံးပြီး ပြန်မချေပချေ။

ယန်ချွန်က ဆက်လက်၍ "ဒါပေမယ့် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင် တဦးက ဆယ်ရက်အတွင်း ပထမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်နယ်ပယ်ကို ဖြတ်ကျော်နိုင်ခဲ့ခြင်းက အမှန်တကယ်ပင် တုန်လှုပ်စရာကောင်းနေပါပြီ။ ချီစုစည်းခြင်း ဆေးပြားငါးဆယ်ဟာ သာမန်လူများဆို သိုင်းပညာရှင်နယ်ပယ် နဝမအဆင့် ကောင်းကင်အလွှာ အထိသာ ဖြတ်ကျော်နိုင်လိမ့်မယ်။ မင်းက အဆင့်တစ်ဆယ် ဝိညာဉ်အရင်းအမြစ်ပိုင်ရှင်လို့ ခေါ်ရန် အမှန်တကယ် ထိုက်တန်ပါတယ်။"

ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် အပြုံးမပျက် ထိန်းထားသည်။ သူက စိတ်မပူဘဲ "စီနီယာအစ်ကိုယန်ရဲ့ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို ယန်၊"

ချင်ယွင်၏ နှိမ့်ချသော သဘောထားကို မြင်လိုက်ရတော့ ယန်ချွမ်၏စိတ်ထဲတွင် ချက်ချင်းပင် အောင်ပွဲခံသွားခဲ့သည်။ သူက သင်ခန်းစာတစ်ခု သင်ပေးရန် သူ၏ စီနီယာအစ်ကိုဆိုသည့် လေသံကိုသုံးပြီး " ချီစုစည်းခြင်း ဆေးပြားငါးဆယ်ကိုသုံးပြီး မင်းရဲ့ ကျင့်ကြံမှုအရှိန်ကို တိုးမြှင့်စေပေမယ့် ငါ့ရဲ့ကျင့်ကြံမှုနဲ့ယှဉ်ရင် မင်းရဲ့ဝိညာဉ် စွမ်းအင်နဲ့ ခွန်အားက အားနည်းသေးတယ်။ မင်း အခု ငါ့ကိုစိန်ခေါ်မယ်ဆို မင်းက ငါပြိုင်ဘက် မဟုတ်သေးဘူး။ မင်းအရှုံးကိုဝန်ခံပြီး ဒီကိုပြန်မလာခင် မင်းရဲ့ ကျင့်ကြံမှုတွေကို တည်ငြိမ်အောင် စုစည်းသင့်တယ်။"

ချင်ယွင်သည် သူ၏စိတ်ထဲတွင် အနည်းငယ် သက်ပြင်းချလိုက်သည်။ ဤယန်ချွန်သည် သာမန်လူမဟုတ်ဟု သူ အမှန်တကယ် ခံစားရသည်။ သူ့ဂျူနီယာညီ၏ ကိုယ်ရေး အချက်လက်နှင့် ပတ်သက်ပြီး စိုးရိမ်ကာ အနည်းငယ် နှိမ့်ချစွာ ပြုမူခဲ့ သည်။ သူ အမှန်တကယ် ရှုံးနိမ့်သွားမည်ဟု သူထင်နေ၏။ သူဘယ်လိုဘဲ ဖြစ်နေပါစေ ဒီစကားများကို သူ၏လက်သီးများကို အားကိုးပြီး ပြောနေပုံရသည်။

"စီနီယာ အစ်ကိုယန်၊ ကျွန်တော် အစ်ကိုယန်ကို အရင်စိန်ခေါ်ဖို့ ဆုံးဖြတ်ရဦးမှာဘဲ။ ကျွန်တော်က ကံကောင်းထောက်မပြီး အစ်ကိုယန်ကို အနိုင်ယူနိုင်တာ, မယူနိုင်တာ အသာထား။ တကယ်လို့ ကျွန်တော်ရှုံးခဲ့ရင်တောင် အဲဒါက ကျွန်တော့်အတွက် အများကြီး အကျိုးရှိမှာပါ" ရန်စလိုသည့် အသုံးနှုံးများကို ဖုံးကွယ်ထားရင်း စကားပြော နေစဉ် ချင်ယွင်၏ မျက်နှာပေါ်တွင် အပျော်အပြက် စနောက်လိုသည့် အရိပ်အယောင်များ ပေါ်လာသည်။

"မင်း" ယန်ချွန်သည် ချင်ယွင်၏စကားကို ကြားသောအခါ ချက်ချင်းပင် ဒေါသထွက် သွားသည်။ သူ့ကို အနိုင်ယူနိုင်လောက်အောင် ဒီကောင်က ကံကောင်းမူရှိမယ်‌ပေါ့။ သူစိတ်ထဲမှာတော့ သူ့ကို အနိုင်ယူချင်နေဆဲ ဖြစ်နေသည်။ သူ သေ,မသေကိုတော့ သူ တကယ်မသိဘူး။ ထို့ကြောင့် သူသည် ဒေါသတကြီးဖြစ်ကာ "ကောင်းပြီလေ၊ မင်းက ငါ့ကို စိန်ခေါ်ချင်မှ‌ တော့ စီနီယာအစ်ကိုက မင်းကို ဒီနေ့ ဘယ်လို ပြုမူရမလဲဆိုတာ သင်ပေးပါ့မယ်။ "

"စီနီယာအစ်ကို ကျေးဇူးပြုပြီး!" ချင်ယွင်က အမူအရာလုပ်ပြသည်။

ယန်ချွန်သည် အေးစက်စွာ နှာခေါင်းရှုံ့ပြီး သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်း လိုက်သည်။ ထို့နောက် သူသည် ပြင်းပြင်းထန်ထန် ခုန်တက်ကာ ထိုက်တောင်၏ ဖိအားက ကွင်းပေါ်သို့ ပြိုကျလာသည်။အနက်ရောင်သံမဏိကဲ့သို့ မာကျောသော မိုးပြာရောင် သိမ်မွေ့နက်နဲကျောက်များဖြင့် ပြုလုပ်ထားသည့် ပြိုင်ပွဲကွင်းပြင်သည် ရုတ်တရက် တုန်ခါသွားသည်။ ယန်ချွန်၏ ကြွက်သားများဟာ ပန်းတစ်ပွင့် မဟုတ်ဘူးဆိုသည်ကို သိနိုင်ပါသည်။ သူ၏လက်ထဲရှိ လျှပ်စီးတူကို လေထဲမှာ ဝှေ့ယမ်းပြီး ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

ဤမြင်ကွင်းကိုမြင်လျှင် ချင်ယွင်သည် သူ၏ ခေါင်းကို ကူကယ်ရာမဲ့ ခါယမ်းလိုက် မိ၏။ သူသည် ခြေထောက်ကို အသာအယာပုတ်ပြီး ပြိုင်ပွဲကွင်းပြင် ကွင်းပေါ်ကို ခုန်ဆင်းလိုက်သည်။

"ငါက ငယ်ရွယ်သူကို လက်နက်ကြီးကြီး အားကိုးပြီး အနိုင်ကျင့်တယ်လို့ သူများတွေ ပြောတာကို တားဆီးဖို့အတွက် မင်းကို လက်ဗလာနဲ့ တိုက်ခိုက်မယ်။ မိုးကြိုးတူကို မသုံးဘူး။" ယန်ချွန်က မိုးကြိုးတူကို ဘေးသို့ပစ်ချလိုက်ပြီး ပြောလိုက်သည်။

"စီနီယာအစ်ကို၊ စီနီယာရဲ့မိုးကြိုးတူကို သုံးသင့်တယ်။ မဟုတ်ရင် စီနီယာ နောင်တရသွားမှာကို ကျွန်တော်ကြောက်တယ်။" ချင်ယွင်ကသူ၏ နောက်ကျောမှာ လက်နှစ်ဖက်ပစ်ကာရပ်နေရင်း ပြုံးလိုက်သည်။ သူ့အဖြူရောင် အဝတ်အစား၏ ထောင့်စွန်းသည် လေထဲတွင် လှုပ်ခါကာ အလွန်ချောမောနေသည်။

ယန်ချွန်သည် ဒေါသထွက်သွားသည်။ ဤလင်းယွင်သည် အမှန်တကယ်ပင် သူ့ကို အထင်သေးဝံ့၏။ ယနေ့တော့ သူ့ကို သင်ခန်းစာတစ်ခု သင်ပေးရမည်။ မဟုတ်ရင် ငါယန်ချွန်ကို အနိုင်ကျင့်ဖိုလွယ်သည်ဟု တခြားသူများ ကျင်မှတ်ကြလိမ့်မည်။

"မင်းကို ကိုင်တွယ်ဖို့ မိုးကြိုးတူကို သုံးစရာမလိုပါဘူး။ ငါ့ဆီက တိုက်ကွက် တစ်ကွက်နဲ့တင်လုံလောက်ပြီ" ယန်ချွန်က အေးစက်စွာ အော်ပြော လိုက်သည်။

"တကယ်လား ဒါဆိုလည်းလာ!" ချင်ယွင်သည် သူ့ကို ဆွဲဆောင်ရန် မကြိုးစား တော့ပေ။ သူ၏အပျော်အပြက် စနောက်မူကလည်း လုံလောက်ပါပြီ။။ အမြန်အဆုံး အဆုံးသတ်ဖို့ အချိန်တန်ပါပြီ။

ဤအခိုက်အတန့်တွင် တရားဥပဒေစိုးမိုးရေးခန်းမမှ တပည့်က "ကောင်းပြီ၊ မင်းတို့ထဲက တစ်ယောက်ဟာ စင်ပေါ်ကနေ ပြုတ်ကျတာ ဒါမှမဟုတ် ပြန်တိုက်ဖို့ အင်အားမရှိသရွေ့တော့ အရှုံးတစ်ခုလို့ ယူဆလိမ့်မယ်။ အခု ပြိုင်ပွဲက တရားဝင်စပြီ"

တရားဥပဒေစိုးမိုးရေးခန်းမ၏ တပည့်က အမိန့်ပေးပြီးနောက်၊ ယန်ချွန်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပေါက်ကွဲထွက်လာပြီး နောက်ဆက်တွဲ ပုံရိပ်ယောင်အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲကာ ချင်ယွင်၏ ရှေ့တွင် ပေါ်လာသည်။ ထို့နောက် သူ၏ ညာလက်သီးသည် ချင်ယွင်၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် ထိမှန်သွားသည်။

အစမှအဆုံးအထိ၊ ချင်ယွင်သည် ယန်ချွန်၏ ရုတ်တရက် ပြင်းထန်သော တိုက်ခိုက်မှုကို ထိတ်လန့်သွားသကဲ့သို့ ထိုနေရာတွင် မလှုပ်မယှက် ရပ်နေခဲ့သည်။

"ဟား ၊ ဟား၊ ပြီးသွားပြီ!" ချင်ယွင် ကြက်သေသေဖြစ်ကာ ရပ်နေသည်ကိုမြင်တော့ ယန်ချွန်သည် ရက်စက်သော အပြုံးကို ထုတ်ဖော်ပြီး ကျယ်လောင်စွာ ရယ်မော လိုက်သည်။

သို့သော်လည်း ယန်ချွန်သည် သူ၏လက်သီးက ချင်ယွင်ကို လွင့်ပျံသွားစေမည်ဟု တွေးထားနေချိန် ပေါ့ပါးပြီး လေးလံမှုမရှိသော စကားတစ်ခွန်းသည် သူ၏နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည် "ဟုတ်လား?"

ထို့နောက် ချင်ယွင်၏ တည်ငြိမ်သော မျက်နှာပေါ်တွင် ကြည်လင်သော အပြုံးတစ်ခုကို သူတွေ့လိုက်ရပြီး သူ၏အနှိုင်းမဲ့ ပြင်းထန်သော လက်သီးသည် သံပန်းကန်ပြားကို ထိသွားပုံရပြီး သူသည် တစ်လက်မချင်းသာ ရှေ့တိုးသွားနိုင်ခဲ့သည်။

"ဘာလဲ? သူတကယ်ပဲ တားဆီးပိတ်ဆို့ လိုက်တာလား!"

ချင်ယွင်၏ လက်ဖဝါးဖြင့် သူ၏လက်သီးများကို လွယ်လင့်တကူ ပိတ်ဆို့ ထားသောကြောင့် ယန်ချွန်သည် သူ၏မျက်နှာတွင် တုနှိုင်းမရသည့် တုန်လှုပ် ခြောက်ခြားဖွယ် အမူအရာတစ်ခုကို ပေါ်လွင်လာသည်။

All Chapters