ရောက်ရှိလာသူတိုင်း တုန်လှုပ်သွားကြခြင်း။
Vol. 5 Ch. 75
အခန်း (၇၅) ရောက်ရှိလာသူတိုင်း တုန်လှုပ်သွားကြခြင်း။
"ပြကွက်ကောင်းလေးတွေ လာဖို့ ရှိသေးတယ်။!" ချင်ယွင်သည် ရုတ်တရက် ပြုံးကာ လျှပ်စီးလက်သကဲ့သို့ အခြားလက်တစ်ဖက်ဖြင့် ထိုးသည်။
ယန်ချွန်သည် သူ၏ရင်ဘတ်ကို သံတူကြီးဖြင့် ထုရိုက်လိုက်သကဲ့သို့ ခံစားလိုက် ရသည်။ သူ၏ဦးခေါင်းတစ်ခုလုံး ချာချာလည်ကာ နောက်ပြန်လွင့်စင်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
ရိုးရှင်းသော တိုက်ကွက်တစ်ကွက်ဖြင့် သူသည် ယန်ချွန်ကို လွင့်ပျံစေခဲ့သည်။ စင်မြင့် အောက်က ဥပဒေစိုးမိုးရေးခန်းမ၏ တပည့်က အံသြသွားတယ်။ သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်ကျင့်ကြံသူ တစ်ယောက်တောင်မှ အဲဒါကို မလုပ်ဆောင်နိုင်ပေမယ့် သူ၏ရှေ့ရှိ ပထမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်က အမှန်းတကယ် လုပ်ခဲ့ပြီး သူသည် အလွန် စိတ်အေးလက်အေး ဖြစ်နေပုံသည်။
ဤတစ်ကြိမ်တွင် ယန်ချွန်သည် သံပန်းကန်ပြားကို အမှန်တကယ် ကန်မိလိုက်ပုံရပြီး၊ မိုးကြိုးဝိညာဉ်ဂိုဏ်းတွင် နောက်ထပ် မွန်းစတားတစ်ကောင် ပေါ်လာသည်။ ၎င်းသည် ထိုမွန်းစတားလေးများထက်ပင် ပို၍ ဆိုးရွားနေပုံရသည်။
တရားဥပဒေစိုးမိုးရေး ခန်းမတပည့်သည် သူ၏စိတ်ထဲတွင် သက်ပြင်းချ လိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် သူ၏ရှေ့ရှိလင်းယွင်ကို မကြည့်ဘဲ မနေနိုင်ပေ။
ယန်ချွန်သည် နာကျင်စွာဖြင့် သူ၏ခြေဖဝါးကို ရုန်းကန်မလိုက်သည်။ သူ၏ရင်ဘတ်မှ နာကျင်ကိုက်ခဲမှုသည် အရိုးများအထိ အေးစက်သည့် ခံစားချက်ကို ဖြစ်ပေါ်စေ သည်။ ဤအခိုက် အတန့်တွင် လင်းယွင်သည် မိုးကြိုးတူကိုမသုံးသည့် အတွက် နောင်တရမည်ဟု လင်းယွင်ပြောခဲ့သည့် အကြောင်းကို နောက်ဆုံးတွင် သူ နားလည်သွားခဲ့သည်။
သူ၏ ဤရေပြင်ညီကျင့်ကြံခြင်း ပညာရပ်သည် သူ၏ ဂုဏ်ယူစရာတခု ဖြစ်သည်။ အဆင့်တူခြင်းတွင်၊ သူ၏ အစွမ်းထက်သော ခန္ဓာကိုယ်ကို မည်သူမျှ မလှုပ်ခါနိုင်ပေ။ သို့သော် သူ၏ရှေ့ရှိ လင်းယွင်သည် ရိုးရှင်းသော လက်သီးတချက်ဖြင့် သူ့ကို လွင့်ပျံစေခဲ့သည်။ ယန်ချွန်သည် ဤခန္ဓာကိုယ် မည်မျှ အစွမ်းထက်မည်ကို တွေးပင်မတွေ့ရဲတော့ချေ။
သူသည် ထိုနေရာတွင် သက်တောင့်သက်သာ ရပ်နေသော ချင်ယွင်ကို ငုံ့ကြည့်လိုက် သော်လည်း ဤအခိုက်အတန့်တွင် ၎င်းသည် မတုန်မလှုပ်နိုင်သော တောင်တစ်ခုဟု သူခံစားလိုက်ရသည်။
သို့သော်၊ သူသည် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်တစ်ဦး၏ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် အမှန်တကယ်ပင် ဤမျှအားကောင်းမည်ဟု သူ မယုံကြည်နိုင်ပေ။
ရုပ်ခန္ဓာကိုယ်ကို ကျင့်ကြံရန်အတွက် နှစ်ပေါင်းများစွာ ခံနိုင်ရည်ရှိရန် လိုအပ်သည်။ သူ့ကို ဥပမာယူ၍ ရသည်။ သူသည် ငယ်ငယ်လေးကတည်းက သူ၏ခန္ဓာကိုယ်ကို အဆက်မပြတ် သန့်စင်နေခဲ့သည်။ မိုးကြိုး ဝိညာဉ်ဂိုဏ်းသို့ ဝင်ရောက်ပြီးနောက်၊ သူသည် အဆင့်နိမ့်အဆင့် အဆင့်မြင့်တန်းစား ရုပ်ခန္ဓာကိုယ် သန့်စင်ခြင်းနည်းပညာရပ်ကို ကျင့်ကြံခဲ့သည်။ သို့မှသာ သူသည် ဤအဆင့်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
သို့သော် ချင်ယွင်သည် သူ့ထက် တစ်နှစ်ငယ်ပုံရသည်၊ ထို့ကြောင့် သူ၏ခန္ဓာကိုယ်ကို ကောင်းစွာ ကျင့်ကြံရန် မည်သို့လုပ်ဆောင်နိုင်မည်နည်း။
"မင်းရဲ့မိုးကြိုးတူကို သုံးသင့်တယ်!" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
ယန်ချွန်သည် သူ၏မျက်နှာတွင် ပူစပ်ပူလောင်ဝေဒနာကို ခံစားလိုက်ရသည်။ သို့သော် သူသည် မိုးကြိုးတူကို ကောက်ကိုင်လိုက်သေးသည်။ သူသည် မျက်နှာပျက်မှာ ကြောက်ပြီးခံ ဒုက္ခကိုရင်ဆိုင်ကာ အသေခံမည့်လူမျိုး မဟုတ်ပေ။ ဤကမ္ဘာကြီးသည် မူလကတည်းက ခွန်အားကို အခြေခံထားခဲ့သည်။
"မင်းရဲ့ ရုပ်ခန္ဓာခွန်အားက တကယ်ကို အစွမ်းထက်တယ်၊ အဲဒါက ငါ့ကို ထိတ်လန့် စေတယ်ဆိုတာ ငါ ဝန်ခံပါတယ်။ ဒါပေမယ့် ငါတို့ကြားက ကျင့်ကြံမှုအဆင့် ကွာခြားချက်က မင်းရဲ့ ရုပ်ခန္ဓာခွန်အား ဖြည့်ဆည်းပေးနိုင်တဲ့ အရာတော့ မဟုတ်ဘူး။" ယန်ချွန်က မိုးကြိုးတူကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း ပြောလိုက်သည်။
ချင်ယွင်က ပြုံးပြီး " ငါ ကြိုးစားကြည့်ရင် သိပါလိမ့်မယ်။" ဟုပြောလိုက်သည်။
ယန်ချွန်၏အမူအရာက မည်းမှောင်သွားပြီး အဓိပ္ပာယ်မရှိသောစကားများကို ရပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်များ တဟုန်ထိုး တက်လာပြီး တဖျတ်ဖျတ် လပ်နေသော မိုးကြိုးနှင့် လျှပ်စီးကြောင်းများက ထွက်ပေါ်လာတော့ သည်။ အဆုံးတွင်၊ လျှပ်စီးများ သည် သူ၏လက်များမှတဆင့် ပျံ့နှံ့ကာသူ၏ လက်ထဲတွင်ရှိသည့် ဂျင်တစ်ထောင်အလေး ချိန်ရှိသော မိုးကြိုးတူနှစ်ချောင်းဆီသို့ ဖြန့်ကျက်လိုက်သည်။
"ငါ့မိုးကြိုးတူတစ်ချောင်းစီက ၁၁၃၇ ဂျင်အလေးချိန်ရှိပြီး တူတစုံလုံးဆို ၃၀၀၀ ဂျင်၀န်းကျင် အလေးချိန်ရှိသည်။ ပေါက်ကွဲလျှပ်စီးရဲ့ စွမ်းအားအခြေအနေ အတွင်းမှာဆို မင်း ဒါကို ရင်ဆိုင်နိုင်မယ်လို့ ငါ မယုံဘူး။" ယန်ချွန်က အော်ပြောလိုက်သည်။
ချင်ယွင်သည် ပြုံးလိုက်မိသည်။ ဂျင်သုံးထောင် ဘာမှမဟုတ်ပေ။ သူ၏ခန္ဓာကိုယ်မှာ ဂျင် လေးထောင်အလေးချိန်ရှိ သံမဏိအတွင်းခံချပ်ဝတ်ကို ၀တ်ဆင်ထားဆဲ ဖြစ်သည်။ ထို့အပြင် သူ၏ခန္ဓာကိုယ် သန်မာလာသည်နှင့်အမျှ သူ့အပေါ်ရှိ ဂျင် လေးထောင်အလေးချိန်၏ သက်ရောက်မှုသည် နည်းပါးသထက်နည်းပါးလာ၏။
သူ၏ခန္ဓာကိုယ်ထဲရှိ သံမဏိအတွင်းခံချပ်ဝတ်ကို ပြောင်းလဲပြီး သူ၏ခန္ဓာကိုယ်ကို ပိုမိုသန့်စင်နိုင်ရန်အတွက် ပိုလေးသောအရာနှင့် လဲလှယ်ရန် အခွင့်အရေးကို သူ စောင့်မျှော်နေမိသည်။
ပေါက်ကွဲလျှပ်စီးစွမ်းအားနှင့် ပတ်သက်၍လား ဟီးဟီး၊ ချင်ယွင်သည် ပေါက်ကွဲ လျှပ်စီးစွမ်းရည် သဘောတရားကိုလည်း နားလည်ထားခဲ့သည်။ ယန်ချွန်၏ ပေါက်ကွဲ လျှပ်စီးစွမ်းအားသည် သဘောတရားနားလည်ခြင်း၏ ပထမအဆင့်သို့သာ ရောက်ရှိသွားပုံရပြီး၊ ၎င်းက သူ့ကို မည်သို့ ခြိမ်းခြောက်နိုင်မည်နည်း။
သို့သော် ချင်ယွင်သည် သူနားလည်ထားသော ပေါက်ကွဲလျှပ်စီးစွမ်းအားကို အသုံးပြုရန် မရည်ရွယ်ခဲ့ပေ။ တကယ်တော့ ယန်ချွန်ကဲ့သို့ အသေးမွှားလူတစ်ယောက် နှင့် ရင်ဆိုင်ရာမှာ သူ့အတွက် ပေါက်ကွဲလျှပ်စီး စွမ်းအားကို အသုံးပြုရန် မထိုက်တန်ပေ။
ယန်ချွန်သည် မျောက်ဝံတစ်ကောင်လို ခုန်တက်လာစဉ် ကျယ်လောင်စွာ အော်လိုက် ပြီး သူ၏ လက်ထဲမှ တူကြီးသည် ကမ္ဘာမြေပေါ်ကျဆင်းလာသော ဥက္ကာပျံကဲ့သို့ ချင်ယွင်ဆီသို့ ရိုက်ချလာသည်။
ထိုကဲ့သို့ ပြင်းထန်သောတိုက်ခိုက်မှုကို ရင်ဆိုင်ရင်းပင် ချင်ယွင်၏ ခန္ဓာကိုယ်သည် တောင်တ တောင်ကဲ့သို့ မလှုပ်မယှက် ဖြစ်နေသည်။ ယန်ချွန်၏တူကို လွှမ်းမိုး နိုင်စွမ်းရှိသော အမူယာဖြင့် ရင်ဆိုင်ရန် သူ၏အစွမ်းရှိသမျှ လက်သီးကို ဖောက်ထုတ် လိုက်ချိန်တွင် သူ၏မျက်လုံးများတွင် အလင်းတန်းများ တောက်ပ လာသည်။
"သူရူးနေသလား။ ယန်ချွန်ရဲ့မိုးကြိုးတူကို လှုပ်ခါနိုင်ဖို့ သူ့ခန္ဓာကိုယ်ကို အသုံးပြုရန် ရည်ရွယ်ထားတာလား။" ဤနေရာ၏ အရှိန်အဟုန်ကြောင့် အနီးနားရှိ ဖြတ်သွား ဖြတ်လာများကို ဆွဲဆောင်နိုင်ခဲ့သည်။ လှည့်ကြည့်လိုက်တော့ ဒီမြင်ကွင်းက သူတို့ကို ထိတ်လန့်သွားစေသည်။
"ဟုတ်တယ်၊ သူက ဒီလက်သီးချက်ကို ထိုးလိုက်တယ်ဆိုတော့ ဖြစ်နိုင်တာက သူ့ကိုယ်သူ နာကျင်စေချင်လို့များလား" အခြားတပည့်တစ်ဦးလည်း အလားတူ တုန်လှုပ်သွားခဲ့သည်။
တရားဥပဒေစိုးမိုးရေး ခန်းမမှ တပည့်များသည်လည်း ဤမြင်ကွင်းကို မြင်သောအခါ ဘာမှပြန်မပြောကြသော်လည်း ထိတ်လန့်နေကြဆဲဖြစ်သည်။ ချင်ယွင်၏ ရုပ်ခန္ဓာခွန်အားကို ယခင်က မြင်ဖူးသော်လည်း၊ ယန်ချွန်၏ မိုးကြိုးတူကို ရင်ဆိုင်ရန်အတွက် သူ၏ လက် သီးကို ချင်ယွင် အသုံးပြုနိုင်မည်ဟု မထင်ထားခဲ့ပေ။
သို့သော် အံ့ဖွယ်အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။
ချင်ယွင်၏လက်သီးချက်သည် ယန်ချွန်၏ မိုးကြိုးတူနှင့် ထိပ်တိုက်ဆုံမိ သွားသည်။ ဒီထိပ်တိုက် တွေ့ဆုံမှုကြောင့် ချက်ခြင်းပြိုလဲသွားရုံတင်မကဘဲ ကောင်းကင်မိုးကြိုးရင်ပြင်တစ်ခုလုံး ကျယ်လောင်သည့် ပဲ့တင်ထပ်အသံ ထွက်ပေါ်လာ၏။ မိုးကြိုးတူပေါ်ရှိ လျှပ်စီးကြောင်းသည် ချက်ခြင်းကွဲအက်သွားပြီး ပျောက်ကွယ်သွားခဲ့သည်။
ယန်ချွန်သည် သူ၏လက်မှ မိုးကြိုးတူတလက် သည် ပြိုင်ပွဲကွင်းပြင်ထဲသို့ ပြုတ်ကျပြီး ပါးစပ်ထဲတွင် ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။
ချင်ယွင်သည် ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်နေသည်ဟု ပြောခဲ့ကြသော တပည့်နှစ်ယောက်နှင့် တရားဥပဒေစိုးမိုးရေး ခန်းမ၏ တပည့်များသည် စကားမပြောနိုင်လောက်အောင် ထိတ်လန့်သွားကြသည်။
သို့သော် အရာအားလုံးမပြီးဆုံးခင်တွင် ချင်ယွင်သည် ရုတ်တရက်ထလာကာ လပြည့်၀န်းကို ဦးညွှတ်သကဲ့သို့ ဖြစ်နေသော ယန်ချွန်ကို လက်သီးဖြင့် ထိုးလိုက်သည်။
ယန်ချွန်သည် ထိတ်လန့်သွား၏။ သူသည်တားဆီးရန်အတွက် သူ၏လက်ထဲမှာ ကျန်နေသည့် မိုးကြိုးတူကို အလျင်အမြန် အသုံးပြုလိုက်၏။ ထို့နောက်တွင်၊ ချင်ယွင်၏ ကြောက်မက်ဖွယ်ကောင်းသော လက်သီးသည် သိမ်မွေ့နက်နဲ သမဏိဖြင့် ပြုလုပ်ထားသည့် မိုးကြိုးတူ၌ အံဝင်ခွင်ကျ ကျဆင်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် နောက်ပြန်ကန်သွားသောမိုးကြိုးတူမှ ပြင်းထန်သော လျှပ်စီးစွ မ်းအားသည် ယန်ချွန်၏ ရင်ဘတ်ထဲသို့ တိုက်ရိုက် ထိုးထွင်းဝင်ရောက်ကာ သူ့ကို အမြောက်ကျည်ကဲ့သို့ လွင့်ပျံသွားစေခဲ့သည်။ သူသည် မရပ်တန့်နိုင်ခင် မီတာဒါဇင်နှင့် ချီ လွင့်ထွက်သွားခဲ့ခြင်း ဖြစ်၏။
ပတ်ဝန်းကျင်မှ ကြည့်ရှုသူများ အံ့သြတုန်လှုပ်သွားကာ သူတို့၏မေးရိုးများ အောက်သို့ ပြုတ်ကျသွားသည်။ ထိတ်လန့်ခြင်းအပြင် သူတို့၏မျက်နှာများပေါ်မှာ အံ့အားသင့် သည့်အမူယာရှိနေကြသည်။ သူ၏ရုပ်ခန္ဓာခွန်အားကြောင့် ကျော်ကြားသော ယန်ချွန် သည် ထိုကဲ့သို့ပုံစံမျိုးဖြင့် လုံးလုံး ရှုံးနိမ့်ခဲ့ရပြီး သူသည် ရုပ်ခန္ဓာခွန်အား အရာမှာ ရှုံးနိမ့်နေဆဲ ဖြစ်သည်။
ချင်ယွင်သည် သူ၏လက်သီးကို ပြန်ရုတ်ကာ မတ်မတ်ရပ်လိုက်ပြီး သူထိုးသွင်းခဲ့သည့် လက်သီးကို ကြည့်ကာ ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။
တိုက်ပွဲစတင်သည်မှ ယခုအချိန်အထိ သူသည် ဝိညာဉ်စွမ်းအင်ကို အနည်းငယ်မျှ အသုံးမချခဲ့ပေ။ စတုတ္ထအဆင့် အထွတ်အထိပ်ကောင်းကင်အလွှာတွင်ရှိနေသည့် ယန်ချွန်ကို သူ၏ရုပ်ခန္ဓာခွန်အား၏ သုံးဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြု၍ အနိုင်ယူ နိုင်ခဲ့သည်။ သူသည် သူ၏ခွန်အားအားလုံးကို အသုံးပြုမည်ဆိုပါက နဝမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်ကိုပင် ရင်ဆိုင်နိုင်သည့်စွမ်းအား ရှိကောင်းရှိနိုင်၏။ အကယ်၍ သူသာ သူ၏ပေါက်ကွဲလျှပ်စီးစွမ်းအားကို ပေါင်းထည့်လိုက်မည်ဆိုလျှင်၊ သူသည် သိုင်းသခင်နယ်ပယ်တွင် ပြိုင်ဘက်ကင်း ဖြစ်ပေတော့မည်။။
ဟုတ်ပါသည်၊ ဤအရာသည် ရုပ်ခန္ဓာခွန်အားသက်သက်သာဖြစ်၏ ။ ချင်ယွင်၏ အမှန်တကယ် အစွမ်းထက်သည့်အရာမှာ လေစွမ်းရည်သဘောတရားများကို နားလည်ထားခြင်းဖြစ်၏။
သူသည် ၎င်းသဘောတရားများတွင် ပထမအဆင့်သို့သာ ရောက်ရှိခဲ့သော်လည်း၊ လေ
စွမ်းရည် သဘောတရားသုံးရပ်ကို နားလည်သဘောပေါက်ပြီး ဖြစ်ပေါ်လာသော သိုင်းပညာသည် အလွန်အစွမ်းထက်သည်။ ထို့အပြင် ချင်ယွင်သည် ၎င်းကို ဓား၀င်္ကပါ စွမ်းအားနှင့်လည်း ပေါင်းစပ်ထားသည်။ယခုအချိန်တွင် ချင်ယွင်သည် ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့်ကျွမ်းကျင်သူကိုပင် လုံးဝအရှုံးမပေးဘဲ အင်အားအပြည့်ဖြင့် တိုက်ခိုက်နိုင်သည်။ တတိယအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့်ကိုတောင် သူ သတ္တိရှိရှိ တိုက်ခိုက်ရဲသည်။
သို့သော်၊ ချင်ယွင်သည် ဤဝှက်ဖဲချပ်များကို လုံးဝမလိုအပ်ပါက အသုံးမပြုလိုပေ။
ယခုအချိန်တွင် အရာအားလုံးကို လျှပ်စီးစွမ်းရည် နားလည်သဘောပေါက်နိုင်မှု အပေါ်တွင် အဓိကအခြေခံထားသည်။ နောက်ဆုံးတွင်၊ အကယ်၍ သူသာ လေစွမ်းရည် နားလည်သဘောပေါက်မှုကို အသုံးပြုလိုက်လျှင် သူ၏ ကိုယ်ရေးအချက်အလက်ကို ဖော်ထုတ်ရန် လွယ်ကူသွားလိမ့်မည်။ ရှီတိုင်ယာ၏ အဖြစ်အပျက်က တစ်လလောက်ကြာသွားပေမယ့် ချင်ယွင်သည် ဤကိစ္စကို ဒီအတိုင်း
လွှတ်ထားလိမ့်မည်မဟုတ်ဟုအမြဲခံစားခဲ့ရသည်။
ဘေးနားရှိလူတိုင်းသည် ချင်ယွင်၏မျက်နှာပေါ်ရှိ အပြုံးကို မြင်လိုက်ကြပြီး စိန်ခေါ်ပွဲတွင် အနိုင်ရသည့်အတွက် ပျော်ရွှင်နေသည်ဟု ထင်ကြသည်။
အကယ်၍ သူတို့မျက်လုံးထဲတွင် ထိုပြိုင်ဘက်ကင်းထိုးချက်သည် ချင်ယွင်၏ သုံးဆယ်ရာခိုင် နှုန်းသုံးသော ရုပ်ခန္ဓာခွန်အားကြံ့ခိုင်မှုသာ ဖြစ်ကြောင်း သိရှိသွားလျှင် သူတို့ မည်ကဲ့သို့ခံစားရမည်ကို သူ မသိနိုင်ပါချေ။
စာစဉ်(၅)ပြီးပြီ။
ဘာသာပြန်သူ နေဇင်