ရွှီချင်း၏ ရွှမ်ယောက်အသွင်သဏ္ဍာန်
Vol. 15 Ch. 230
ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ရောက်နေသော အခြေတည်အဆင့်ကျင့်ကြံသူ၏ ဟိန်းဟောက်သံကို ကြား၍ ဝတ်ရုံနက်စာပေသမား အတွေးနက်သွားသည်။ တတိယမြောက်တောင်ထိပ်မှလူငယ်သည်လည်း တုန်ရီကာ နောက်ဆုတ်ရန် တွေးလိုက်သည်။
ရွှီချင်းမှာ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ခွန်းတုန့်မပြန်ဘဲ သူ သတ်ခဲ့သည့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ဝိညာဉ်ကို ဓမ္မတံခါးနှစ်ဆယ့်ကိုးခုမြောက်ထဲ စုပ်ယူလိုက်သည်။
တချိန်တည်းမှာပင် သံတုတ်နက်ကြောင့် ဒဏ်ရာအပြင်းအထန်ရကာ အလျင်အမြန် နောက်ဆုတ်နေသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ထံ သူ တန်းတန်းမတ်မတ်သွားလိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် တတိယမြောက်တောင်ထိပ်မှလူငယ်ကို ပြောလိုက်သည်။
“ မင်း ဒီမှာ မသေချင်ရင် ဝတ်ရုံနက်ကို ဟန့်တားလိုက် ”
ရွှီချင်းသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ ဝတ်ရုံနက်စာပေသမားကို ကြည့်ပင်မကြည့်ဘဲ ဒဏ်ရာရနေသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ထံ သွားလိုက်သည်။
လက်ရှိအခြေအနေအရ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ဖျက်ဆီးရန် ရွေးချယ်လိုက်သည်ဖြစ်စေ၊ ဝတ်ရုံနက်ဝတ်စာပေသမားကို သတ်လိုက်သည်ဖြစ်စေ နှောင့်နှေးသွားမည်ဖြစ်သည်။ သူသာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ဖျက်ဆီးရန်သွားပါက ဝတ်ရုံနက်ဝတ်စာပေသမားက သူ့ကို ဟန့်တားလာမည်ဖြစ်ပြီး ထိုစာပေသမားကို သတ်ရင်း သူ အချိန်ကုန်သွားမည်ဖြစ်သည်။
ဝတ်ရုံနက်ဝတ်စာပေသမားသည် အားနည်းသူတစ်ယောက်မဟုတ်ဘဲ လိမ္မာပါးနပ်သူတစ်ယောက်ဖြစ်သည်။ လက်ရှိအခြေအနေတွင် ထိုကဲ့သု့ိ ပြိုင်ဘက်တစ်ယောက်ကို ရွှီချင်း မတိုက်ခိုက်ချင်ပေ။ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ထုတ်ဖော်နိုင်သောအခါမှသာ ရင်ဆိုင်ချင်သည်။
ယခုအချိန်၌ အကောင်းဆုံးရွေးချယ်မှုမှာ တတိယမြောက်တောင်ထိပ်မှလူငယ်ကို ဝတ်ရုံနက်ဝတ်စာပေသမားအား ဟန့်တားစေပြီး သူက ဒုတိယမြောက်အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ကို မြန်မြန်သတ်ရန် ဖြစ်သည်။ ထိုသူ၏ဝိညာဉ်ကို သူ စုပ်ယူကာ သက်စောင့်မီးတောက်ပေါ်လာရန် သုံးဆယ်မြောက်ဓမ္မတံခါးကို ဖွင့်မည်ဖြစ်သည်။
ရွှီချင်း၌ တိုက်ပွဲအတွေ့အကြုံများစွာ ရှိပြီး ဆင်းရဲသားရပ်ကွက်မှာ နေစဉ်ကတည်းက အတွေ့အကြုံများစွာ ရရှိခဲ့သည်။ မရေမတွက်နိုင်သော တိုက်ပွဲများတစ်လျှောက် သေရေးရှင်ရေးအဆုံးအဖြတ်များကို မှန်ကန်စွာ သူ ချမှတ်နိုင်ခဲ့သည်။
သူက ဒုတိယမြောက်အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ထံ အလျင်အမြန် ချဉ်းကပ်သွားသည်။
ထိုအဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်သည် အသက်ရှင်စဉ်အခါက လူသားမဟုတ်သော မျိုးနွယ်ဝင်တစ်ယောက်ဖြစ်သည်။ သူ့နှာခေါင်းက ဆင်နှာခေါင်းကဲ့သို့ အလွန်ရှည်သည်။ ထိုကဲ့သို့ ကျင့်ကြံသူမျိုးကို ပင်လယ်ဖွတ်ကျွန်းပေါ်တွင် ရွှီချင်း တွေ့ခဲ့ဖူးသည်။ ရွှီချင်းသည် အနီးသို့ ရောက်သောအခါတွင် မရပ်ဘဲ ချက်ချင်းပင် တိုက်ခိုက်လိုက်သည်။
ရုတ်တရက် တဝုန်းဝုန်းမြည်ဟည်းသံ ပဲ့တင်ထပ်သွားသည်။
တချိန်တည်းမှာပင် ဝတ်ရုံနက်သည်လည်း မျက်နှာပျက်သွားပြီး စိတ်ထဲမှနေ၍ အကောင်းအဆိုးကို အလျင်အမြန်တွက်ဆကြည့်လိုက်သည်။ ရွှီချင်း၏အပြုအမူများကို သူ နားမလည်တော့ပေ။ သူ ခန့်မှန်းနိုင်သည့် တစ်ခုတည်းသော အချက်မှာ ရွှီချင်းက ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ရောက်ရှိတော့မည်ဆိုသည့်အချက်သာ ဖြစ်သည်။
ထို့ကြောင့်ပင် အန္တရာယ်ထဲ ရောက်နေသည်ကို သိသည့်တိုင်အောင် နောက်ထပ် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်အား သွားရောက်သတ်ဖြတ်ခြင်း ဖြစ်ပေသည်။
သို့သော်လည်း ဝတ်ရုံနက်ဝတ် နားမလည်နေသည်မှာ တစ်ဖက်လူငယ်အနေဖြင့် ရွှမ်ယောက်အသွင်သဏ္ဍာန်ကို အောင်မြင်သွားသည့်တိုင်အောင် မကြာခင်ရောက်ရှိလာတော့မည့် အတွေ့အကြုံရင့်ကျက်သော သခင်လေး ယွင်ချန်ကဲ့သို့ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် သူ့ကြားတွင် ကွာခြားချက် ရှိနေဦးမည် မဟုတ်ပါလား။
ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ရောက်ရှိချိန်ကြာမြင့်နေပါက ဓမ္မတံခါးများစွာ ဖွင့်ထားနိုင်မည် ဖြစ်ပေသည်။
သူ များများစားစား တွေးတောနေရန် အချိန်မရှိပေ။ မည်သို့ပင်ဖြစ်စေ တစ်ဖက်လူ ဖြစ်စေချင်သည့်အတိုင်း ဖြစ်မလာစေရန် သူ ဟန့်တားသွားရပေမည်။
အခြေတည်အဆင့်သို့ ရောက်သည့်လူတိုင်းက အရူးမဟုတ်ပေ။ ဝတ်ရုံနက်သည်လည်း အရူးမဟုတ်သလို ရွှီချင်းသည်လည်း အရူးမဟုတ်ပေ။ တတိယမြောက်တောင်ထိပ်မှ လူငယ်သည်လည်း မရူးပေ။ သူ အနည်းငယ် နှေးကွေးသွားသည်သာ ရှိသည်။
ရွှီချင်း၏စကားများကို ကြားသောအခါ သူ နားမလည်ပါသော်လည်း အစွမ်းထက်သော ဝတ်ရုံနက်ဝတ်စာပေသမားကို သူ ဟန့်တားရန်မှာ မဆီမလျော်ဖြစ်နေသည်ကို သူ ကောင်းစွာ သိသည်။
ထိုစာပေသမားကို သူ မဟန့်တားနိုင်ပေ။ ထွက်ပြေးရန်အချက်ကို သူ မစဉ်းစားမိသည် မဟုတ်ပေ။
သို့သော်လည်း အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ထုတ်ဖော်နိုင်သည့် အခြေတည်အဆင့်ကျင့်ကြံသူသာ အောင်မြင်စွာ တည်နေရာရွှေ့ပြောင်းလာပါက ဤနေရာမှ သူ ထွက်သွားနိုင်ပြီး အကူအညီတောင်းခံစာကို ပို့လွှတ်နိုင်မည်ဆိုသည့်တိုင်အောင် နောက်ကျသွားမည်ဖြစ်သည်။
ရွှမ်ယောက်အသွင်သဏ္ဍာန်က မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူ သိသည်။
ယခု သူ ဘာမှမလုပ်ဘဲ ထွက်ပြေးမည်ဆိုပါက သူ သေနိုင်သည့်ရာခိုင်နှုန်း အတော်လေး များသည်။
သူ အစွမ်းကုန် တိုက်ခိုက်မည်ဆိုပါက အသက်ရှင်ရန် အခွင့်အရေးတစ်ခု ရှိနိုင်သည်။
ထိုအတွေးများ သူ့ခေါင်းထဲ ဖြတ်ပြေးသွားစဉ် သူ့မျက်လုံးများထဲတွင် ဆုံးဖြတ်ချက်ချလိုက်ဟန် အရိပ်အယောင်တစ်ခု ပေါ်လာသည်။
သူ့အသက်ကို ကာကွယ်ရန် အမြင့်ဆုံးဖြစ်နိုင်ချေတစ်နည်းသာ ရှိသည်ကို သူ နားလည်လိုက်သည်။
သူ အံတင်းတင်းကြိတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်သည်။ ထို့နောက် သူ၏နဖူးကို ဖိကာ တတိယမြောက်တောင်ထိပ်၏ လျှို့ဝှက်ပညာရပ်ကို ထုတ်ဖော်လိုက်သည်။
ရုတ်တရက် သူ့နဖူးပေါ်က အရိပ်က လည်ပတ်သွားပြီး အမျိုးသမီးတစ်ယောက်၏ မျက်နှာဖြစ်သွားသည်။
ထိုမျက်နှာသည် ဖြူဖျော့နေပြီး ဒွါရခုနစ်ပါးမှ သွေးများ စီးကျနေပေရာ တုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်းတစ်ရပ်ပင်။ ၎င်းက လည်ပတ်နေရင်း လူငယ်၏ နဖူးမှ အပြင်ဘက်သို့ ထွက်လာတော့မည့်အလားပင်။
၎င်းက ကြီးသည်ထက်ကြီးလာပြီး လူငယ်၏ခန္ဓာကိုယ်ထဲမှ ကွဲထွက်ကာ အပြင်သု့ိ ထွက်လာသည်။
ထိုမကောင်းဆိုးဝါးလူရိပ်က ပေါ်လာသည်နှင့် ရှေ့တူရှုသို့ တန်းတန်းမတ်မတ် ပြေးသွားသည်။၎င်း၏ ဦးတည်ရာသည် ဝတ်ရုံနက်ဝတ်ထံမဟုတ်ဘဲ တဖျပ်ဖျပ်ဝင်းလက်နေသည့် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံ ဖြစ်ပေသည်။
တတိယမြောက်တောင်ထိပ်မှလူငယ်သည် ထိုမကောင်းဆိုးဝါးကို ထိုတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်အား ဖျက်ဆီးစေချင်နေသည်။
ထိုနည်းလမ်းက အန္တရာယ်အားလုံးကို သူ ဖြေရှင်းနိုင်မည်ဖြစ်သည်။
ယင်းမကောင်းဆိုးဝါးကို တားဆီးမည့်သူမှာ ဝတ်ရုံနက်ဝတ် စာပေသမားသာရှိပြီး ယင်းကိုလည်း သတ္တမမြောက်တောင်ထိပ်၏ တောင်းဆိုချက်အား ဖြည့်ဆည်းပေးခြင်းအဖြစ် ယူဆနိုင်သည်။
ထိုသို့လုပ်ခြင်းအားဖြင့် သတ္တမမြောက်တောင်ထိပ်ကျင့်ကြံသူ၏ နည်းလမ်းထဲ ဘောင်သွင်းခတ်ခံရသည့်အဖြစ်မှ ရှောင်ကွင်းနိုင်မည်သာမက ထိုသူ၏ နည်းလမ်းကိုလည်း အတိုင်းအတာတစ်ခုအထိ ကူညီပေးနိုင်မည်ဖြစ်သည်။ တချိန်တည်းမှာပင် ဝတ်ရုံနက်ဝတ်စာပေသမားက သူ့နောက်ကို မလိုက်တော့ဘဲ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ကာကွယ်ရန်အခွင့်အရေးများနေသည်။
ထိုနည်းလမ်းမှာ သူ အောင်မြင်စွာ ထွက်ပြေးသွားနိုင်သည်။
တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သာ အမှန်တကယ် အသက်ဝင်လာခဲ့ပါက ပထမဆုံးပစ်မှတ်မှာ သတ္တမမြောက်တောင်ထိပ်ဂိုဏ်းသား ဖြစ်ပေသည်။
“ ငါ စွန့်စားကြည့်ရမှာပဲ ”
တတိယမြောက်တောင်ထိပ်မှ လူငယ်သည် အံတင်းတင်းကြိတ်၍ နောက်လှည့်မကြည့်ဘဲ လျင်မြန်စွာ ပြေးထွက်သွားသည်။ သူ၏ ပို၍ မြန်စေရန် ဓမ္မတံခါးများကို တွေဝေတွန့်ဆုတ်ခြင်းမရှိ လောင်ကျွမ်းစေလိုက်သည်။
စစ်မြေပြင်က အမြဲပြောင်းလဲနေတတ်ပြီး ကျင့်ကြံခြင်းအဆင့် မကွာခြားလွန်းသည့်အခါမျိုးတွင် မှန်ကန်သော အတွေးများက အရာအားလုံးကို အဆုံးအဖြတ်ပေးသည်။ တတိယမြောက်တောင်ထိပ်လူငယ်က ထွက်ပြေးသွားပြီး မကောင်းဆိုးဝါးက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံ သွားသောအခါ ဝတ်ရုံနက်ဝတ်စာပေသမားမှာ မျက်နှာပျက်သွားရပြီး အနည်းငယ် အခက်တွေ့သွားရသည်။
သူ့အတွက် အရေးအကြီးဆုံးမှာ သခင်လေးယွင်ချန် အောင်မြင်စွာ ရောက်ရှိလာနိုင်ရေးသာ ဖြစ်သည်။ ထို့ကြောင့် ရွှီချင်းနှင့် တတိယမြောက်တောင်ထိပ်မှလူငယ်ကို သူ လက်လျော့လိုက်ပြီး တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံသို့ တန်းတန်းမတ်မတ်သွားလိုက်သည်။
သူ ချက်ချင်း အနီးသို့ ရောက်သွားပြီး မကောင်းဆိုးဝါးကို တားဆီးရန် အစွမ်းကုန်ုထုတ်ဖော်လိုက်ရာ တဝုန်းဝုန်းမြည်ဟည်းသံ လွင့်ပျံသွားသည်။
တတိယမြောက်တောင်ထိပ်မှလူငယ်၏ ရွေးချယ်မှုကြောင့် ရွှီချင်းမှာ အံ့အားသင့်မသွားပေ။ သူက သိသိသာသာ မျက်နှာပျက်နေသည့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ထံ ဝင်ရောက်သွားသည်။ ထုမျိုးနွယ်ဝင် မည်မျှပင် ရုန်းကန်ပြီး သူ့ကို ဖိနှိပ်ရန် ရုပ်ထုဓမ္မအသုံးအဆောင်အား အသုံးပြုနေပါစေ အသုံးမဝင်ပေ။
တခဏလေးအတွင် သံတုတ်နက်က အခွင့်အရေးကို ရှာတွေ့သွားပြီး ရုတ်ထုကို ဖောက်ထွင်းကာ အရူးအမူး စုပ်ယူလိုက်သည်။
ယခုအချိန်တွင် အပြင်လူများ ရှိနေသည့်အတွက်ကြောင့် ကိုယ်ထင်မပြသင့်သည်ကို ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး သိသည်။ သို့သော်လည်း လက်နက်စွမ်းအင်များအား စုပ်ယူရာတွင် သူ အနည်းငယ်မျှ သနားကြင်နာမနေပေ။
သို့ပေမည့် သူ့ကိုယ်သူ ထိန်းချုပ်ရမည်ကို သူသိသည်။ ထိုသို့မဟုတ်ဘဲ မိစ္ဆာရွှီ ဝိညာဉ်ကျောက်တုံးများ နည်းနည်းသာ ရသွားမည်ဆိုပါက သူ အပြစ်ဒဏ်ခံရပေမည်။
ထို့ကြောင့် ရုပ်ထုပတ်လည်တွင် လှည့်ပတ်ပျံသန်းနေရင်း ခုနစ်ဆယ်ရာခိုင်နှုန်း စုပ်ယူပြီးနောက် သူသည် ဆန္ဒကု ချိုးနှိမ်ကာ စွန့်လွှတ်လိုက်သည်။
အရိပ်သည်လည်း ထိုနည်းတူပင်။ တစ်ယောက်မှ အာရုံမစိုက်သည်ကု အခွင့်အရေးယူ၍ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ပေါ် အရူးအမူးခုန်တက်ကာ ပေါင်ကိုဖက်၍ ကြမ်းတမ်းစွာ စုပ်ယူလိုက်သည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှာ စူးစူးဝါးဝါးအော်ဟစ်နေပြီး သူ့ညာဘက်ခြေထောက်တစ်ခုလုံး ချက်ချင်း ပြာဖြစ်သွားသည်။ သူ့မျက်လုံးများထဲတွင် ကြောက်ရွံ့စိတ်များ ပေါ်လာပြီး နောက်ဆုတ်ချင်ပါသော်လည်း မရပေ။ ရွှီချင်း၏ဓားမြှောင်က သူ့ကို မြန်ဆန်စွာ ပိုင်းဖြတ်လာပြီ ဖြစ်သည်။
ထိုမျိုးနွယ်ဝင်သည်လည်း ရက်စက်ကြမ်းကြုတ်သောလူတစ်ယောက်ဖြစ်သည်။ သေဘေးသု့ိ နီးကပ်နေသည်ကို သူ နားလည်လိုက်ပြီးနောက် သူ့မျက်လုံးများထဲမှ ကြောက်ရွံ့ခြင်းများနေရာတွင် ရူးသွင်ခြင်းများ အစားထိုးနေရာယူလာပြီး သူ့ခန္ဓာကိုယ်ထဲမှ ဓမ္မတံခါးတစ်ဝက် ပေါက်ကွဲသွားသည်။
ဓမ္မတံခါးတစ်ဝက်ပေါက်ကွဲထွက်လာရာမှ ရရှိသော ကြောက်ခမန်းလိလိစွမ်းအားအကူအညီဖြင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်သည် အရိပ်ကို ခါထုတ်ကာ သံတုတ်နက်ကို ရှောင်တိမ်းလိုက်သည်။ ရွှီချင်း၏ ဓားမြှောင်ကိုပင် သူ ရှောင်တိမ်းလိုက်ပြီး အလျင်အမြန် ဆုတ်ခွာလိုက်သည်။
သူ လွတ်သွားတော့မည်ဖြစ်သည်။
တချိန်တည်းမှာပင် တတိယမြောက်တောင်ထိပ်မှလူငယ်သည်လည်း ထိုနေရာမှ လွတ်မြောက်သွားပြီဖြစ်ပြီး သူ့ကို မမြင်ရတော့ပေ။ သူချန်ခဲ့သည့် မကောင်းဆိုးဝါးသည်လည်း တဖြည်းဖြည်း ဝိုးတဝါးဖြစ်လာကာ ဝတ်ရုံနက်စာပေသမား၏ တိုက်ခိုက်မှုအောက်တွင် ပျောက်သွားသည်။
မကောင်းဆိုးဝါးကို ကိုင်တွယ်ပြီးနောက် ဝတ်ရုံနက်စာပေသမားက ရွှီချင်းကို ကြည့်လိုက်သည်။ ရွှီချင်းက သူ့အဖော်နောက်သို့ လိုက်နေသည်ကို သတိထားမိသွားပြီး တဟုန်ထိုး ပြေးသွားရန် ပြင်လိုက်သည်။
ထိုစဉ် ရွှီချင်း၏ရှေ့မှ ထွက်ပြေးနေသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှာ တစ်ကိုယ်လုံး တုန်ရီလာပြီး သူ့ကိုယ်တွင်းအင်္ဂါများ တရွှီရွှီအော်မြည်ကာ သွေးမည်းတစ်ပွက် အန်ထုတ်လိုက်သည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ၏ သွေးက အပြာရောင်ဖြစ်ပါသော်လည်း သူ အန်ထုတ်လိုက်သည်မှာ အမည်းရောင်ဖြစ်သည်။ သူ အဆိပ်မိသွားလေပြီ။
ထိုအဆိပ်ကို ရွှီချင်း ခတ်ခဲ့ခြင်းမဟုတ်ဘဲ သံတုတ်နက်လေးပေါ်တွင် သုတ်လိမ်းထားသည့်အဆိပ်ကို သူ မိသွားခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ နဖူးကြားရှိ နေရာကို ဖောက်ထွင်သွားစဉ် အဆိပ်ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း အဆိပ်အစွမ်းပြရန် အချိန်အနည်းငယ်ကြာသည်။ ထို့ကြောင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ဓမ္မတံခါးတစ်ဝက် ပြိုကွဲကာ အားနည်းလာသောအခါမှသာ အဆိပ်ဓာတ်ပြလေသည်။
အဆိပ်ဓာတ်ပြလာသည်နှင့် မီးတောက်နက်များဖြင့် ဖန်တီးထားသော ဓားမြှောင်များ အလျင်အမြန်ပျံသန်းသွားပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ကို ထိုးစိုက်လိုက်သည်။
စုစုပေါင်းဓားမြှောင်ခြောက်လက်ရှိပြီး တစ်ချောင်းက သူ့လည်ပင်းကို ထိုးစိုက်သွားကာ တစ်ချောင်းက နှလုံးသား၊ တစ်ချောင်းက နဖူးနှင့် တစ်ချောင်းက သူ့ခြေထောက်တစ်ချောင်းကို ထိုးစိုက်သွားသည်။
ဒုတ်ခနဲ ဖောက်ဝင်သံ လွင့်ပျံသွားပြီး ဓားမြှောင်ခြောက်လက်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ခန္ဓာကိုယ်ကို ဘေးတွင် မြဲမြံစွာ ရိုက်နှက်လိုက်သည်။ အရိပ်နှင့် သံတုတ်နက်သည်လည်း အလျင်အမြန် ရောက်လာသည်။
သံတုတ်နက်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ခန္ဓာကိုယ်ကို ကြိမ်ဖန်များစွာ ထိုးစိုက်လိုက်ပြီး အရိပ်က တခြားခြေထောက်တစ်ဖက်ထံ ဦးတည်သွားသည်။
စူးစူးဝါးဝါးအော်ဟစ်သံများ လွင့်ပျံနေစဉ် သူ့ခန္ဓာကိုယ်ပေါ်မှ ဓားမြှောင်များသည်လည်း မီးတောက်နက်များအသွင် ပြောင်းလဲကာ သူ့တစ်ကိုယ်လုံး လွှမ်းခြုံသွားသည်။ ရွှီချင်းက တရွေ့ရွေ့ ချဉ်းကပ်လာနေသော ဝတ်ရုံနက်စာပေသမားကို ဂရုမစိုက်ပေ။ သူသည် ဒဏ်ရာအပြင်းအထန်ရနေသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ရှေ့သို့ ရောက်သွားကာ ပါးစပ်ကို လက်ဖြင့် ဖိချလိုက်သည်။
မိစ္ဆာမီးတောက်များ သူ့လက်တစ်လျှောက် ဖြတ်သန်းစီးဆင်းသွားသည်။ အသက်တစ်ရှိုက်စာအတွင်း အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲ စီးဝင်သွားသည်။ ရွှီချင်းသည် စတ်လှုပ်ရှားနေလျက် ထိုဝိညာဉ်ကို လောင်စာအဖြစ်အသုံးချကာ သုံးဆယ်မြောက်ဓမ္မတံခါးထံ ပို့လွှတ်လိုက်သည်။
ဘုန်း …
ရွှီချင်း၏ခန္ဓာကိုယ် တုန်ရီသွားပြီး သုံးဆယ်မြောက်ဓမ္မတံခါးပွင့်သွားသည်။
သုံးဆယ်မြောက်ဓမ္မတံခါးပွင့်သွားသည့်နောက်တွင် သူ့ခန္ဓာကိုယ်ထဲမှ ဓမ္မတံခါးသုံးဆယ်က တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။
တဝုန်းဝုန်းထွက်ပေါ်နေသော ဓမ္မစွမ်းအားများက မီးတောက်အမျှင်တန်းများအဖြစ် ပြောင်းလဲကာ ရွှီချင်း၏ ဒန်တျန်၌ စုစည်းသွားသည်။
မီးတောက်အမျှင်တန်းသုံးဆယ်က ချက်ချင်းပင် အလုံးလေးတစ်လုံးဖြစ်သွား၏။
၎င်းက ဆက်လက်စုစည်းကာ လောင်ကျွမ်းသွားပြီး ဝင်းလက်တောက်ပလာကာ စစ်မှန်သော အခြေတည်အဆင့်ကို ကိုယ်စားပြုသည့် သက်စောင့်မီးလုံးအဖြစ် ပြောင်းလဲသွားလေသည်။
ထိုသက်စောင့်မီးလုံးသည် ပြိုးပြိုးပြက်ပြက်ဝင်းလက်တောက်ပနေပြး ၎င်း ထွက်ပေါ်လာသည်နှင့် ရွှီချင်း၏ ဓမ္မတံခါးသုံးဆယ်ထဲရှိ ဝိညာဉ်စွမ်းအင်ပင်လယ်များအားလုံး တဝုန်းဝုန်း လှိုင်းထလာသည်။
ကြောက်ခမန်းလိလိအငွေ့အသက်လှိုင်းများ အရူးအမူးလွင့်ပျံတက်လာပြီး သက်စောင့်မီးလုံမှာ အရှိန်အဟုန်ပြင်းစွာ တောက်လောင်လာသည်။
မီးတောက်များက ပို၍ပင် ပြိုးပြိုးပြက်ပြက်ဝင်းလက်လာပြီး ဓမ္မတံခါးသုံးဆယ်ကို ကြည်လင်ပြတ်သားစွာ မြင်လာရသည်။ ယင်းအလင်းရောင်ကြောင့် သူ့ခန္ဓာကိုယ်ထဲရှိ မှိန်ဖျော့နေသော ကောင်းကင်နန်းတော်ကိုပင် မြင်လာရ၏။
တချိန်တည်းမှာပင် ရွှီချင်း၏ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
ထိုစဉ် ရွှီချင်း၏မျက်လုံးများထဲတွင် လောကကြီးက မတူတော့ပေ။
ဘေးပတ်လည်ရှိ အရာအားလုံး လုံးလုံးလျားလျား ပြောင်းလဲသွားသည်။
အရာအားလုံး နှေးကွေးသွား၏။
ပင်လယ်ရေ၊ ဘေးပတ်လည်မှ အပျက်အစီးများနှင့် အဝေးမှ ဝတ်ရုံနက်စာပေသမားတို့သည်လည်း အတူတူပင်။
ဝတ်ရုံနက်စာပေသမားက ဆက်လက်ချဉ်းကပ်လာပါသော်လည်း ရွှီချင်း၏အမြင်၌ သူ့လှုပ်ရှားမှုများက အလွန်တရာ နှေးကွေးနေသည်။
သူ့ခြေလှမ်းများမှာ နှေးကွေးလွန်းနေ၍ ရွှီချင်းမှာ အလွန်စိတ်မသက်မသာ ခံစားလာရသည်အထိပင်။ ရွှီချင်းသည် သူ့ရှေ့မှ မရေမတွက်နိုင်သော ဖုန်မှုန့်လေးများကို မြင်နေရသည်။
ထိုဖုန်မှုန့်များက ပုံစံတစ်ခုအနေဖြင့် ရှိနေကြပြီး သူ့အတွေးစများကို အဆပေါင်းများစွာ ခွဲခြမ်းစိတ်ဖြာထားသည့်အလားပင်။
အနုစိတ်ကြည့်ရှုနိုင်ခြင်းပေလော …
ထိုမျှသာမက သူ့ခန္ဓာကိုယ်ထဲမှ သက်စောင့်မီးတောက် လောင်ကျွမ်းလာသည်နှင့် သူပင် အံ့သြတုန်လှုပ်သွားရစေသည့် ကြောက်ခမန်းလိလိ အားတစ်မျိုး သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်။
သူ၏မန္တန်များ တိုးတက်သွားပြီး သူ့ခန္ဓာကိုယ်က မြင့်မားသောအဆင့်တစ်ခုသို့ တက်လှမ်းသွားသည့်အလားပင်။ သူ၏ဝိညာဉ်သည်လည်း ချပ်ဝတ်တန်ဆာ ဝတ်ဆင်လိုက်ရသည့်အလားပင်။ သူနှင့်ပတ်သက်သည့်အရာအားလုံး ယခင်ကနှင့်မတူဘဲ အပြောင်းလဲကြီး ပြောင်းလဲသွားသည်။
ယင်းမတိုင်ခင်က သက်စောင့်မီးတောက်မရှိခြင်းနှင့် သက်စောင့်မီးတောက်ရှိခြင်းက ကွာခြားမည်ကို ရွှီချင်း သိထားပြီးဖြစ်သည်။ ယခု ကိုယ်တိုင်ကြုံတွေ့လိုက်ရသောအခါတွင် ထိုကွာခြားချက်ကို သူ လျော့တွက်ခဲ့မိကြောင်း နားလည်သွားသည်။
ယင်းမှာ မတူညီသော ကျင့်ကြံခြင်းအဆင့်များအလားပင်။
ရွှမ်ယောက်အသွင်သဏ္ဍာန်ကို အသက်သွင်းပြီးနောက် သူ၏ဓမ္မတံခါးသုံးဆယ်က အရူးအမူးစုပ်ယူနေသော မီးဖိုကြီးသုံးဆယ်သို့ ပြောင်းလဲသွားဟန်တူသည်။
ထိုကဲ့သို့ အရူးအမူးစုပ်ယူရာမှ စုစည်းလာသော သက်စောင့်မီးလုံးက ပြိုးပြိုးပြက်ပြက်ဝင်းလက်တောက်ပလွန်း၍ ရွှီချင်းမှာ သူ့ခန္ဓာကိုယ်ထဲ ဧရာမမီးဖိုကြီးတစ်လုံး တဟုန်းဟုန်း တောက်လောင်နေသည့်အလား ခံစားလိုက်ရသည်။
ကျင်းကန်းဂိုဏ်ေးစာင့်ဘိုးဘိုးမှာ တုန်ရီနေပြီး သူ့မျက်လုံးများထဲတွင် မနာလိုခြင်းများ၊ လိုချင်တပ်မက်ခြင်းများဖြင့် ပြည့်နှက်နေသည်။ အရိပ်သည်လည်း တုန်ရီနေ၏။ ယခုအချိန်၌ ရွှီချင်း၏ခန္ဓာကိုယ်ပေါ်မှ အလင်းက အလွန် စိတ်မသက်မသာဖြစ်အောင်လုပ်နေသည့်အလားပင်။
သို့သော်လည်း ရွှီချင်း၏အဆင့်တက်ခြင်းက မပြီးသေးပေ။
သူ့ပတ်လည်ရှိအရာအားလုံး သူ့အမြင်၌ နှေးကွေးသွားပြီး တည်နေရာရွှေ့ပြောင်းခြင်းကလည်း ပြီးမြောက်သွားသည့်အချိန်တွင် သူသည် သက်စောင့်မီးလုံးကို သက်စောင့်မီးအိမ်၏ မီးစာပေါ် ရွှေ့လိုက်သည်။
ထို့နောက် ရွှီချင်း၏ပတ်လည်ရှိ ပင်လယ်ကြမ်းပြင်မှာ တဝုန်းဝုန်းမြည်ဟည်းသွားပြီး ပင်လယ်ရေများ အရပ်မျက်နှာအနှံ့ ရိုက်ခတ်သွားသည်။ ရွှီချင်း၏ခန္ဓာကိုယ်ထဲမှ ကြောက်ခမန်းလိလိအရှိန်အဝါတစ်ခု တိုးထွက်လာသည်။
သက်စောင့်မီးအိမ်ကို မီးညှိလိုက်လေပြီ။
သက်စောင့်မီးအိမ်မှ သက်စောင့်မီးလုံးတစ်လုံးထက် သာလွန်သော ကြောက်မက်ဖွယ်စွမ်းအင်များ ရွှီချင်း၏ ခန္ဓာကိုယ်ထဲရှိ အသွေးအသားများနှင့် သွေးကြောများတစ်လျှောက် စီးဆင်းသွားသည်။
ထိုစွမ်းအင်များ ဖြတ်သန်းသွားသည့်နေရာတိုင်း သက်စောင့်အားများဖြင့် ပြည့်ဝသွားသည့်အလားပင်။
ရွှီချင်း၏ခန္ဓာကိုယ်ထဲတွင် တဝုန်းဝုန်းမြည်သံများ ထွက်ပေါ်နေပြီး သူ့တစ်ကိုယ်လုံးတုန်ရီနေသည်။ မီးဖိုကြီးတစ်ခု မရှိတော့ဘဲ ပေါက်ကွဲနေသော မီးတောက်တစ်လုံး ရောက်နေသည့်အလားပင်။
ထိုအရှိန်အဝါမှာ သတ္တဝါအားလုံးကို ဖျက်ဆီးနိုင်လောက်အောင် ပြင်းထန်သည်။
ထိုအချိန်၌ အဝေးရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည်လည်း အသက်ဝင်သွားပြီဖြစ်သည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ ရွှမ်ယောက်အသွင်သဏ္ဍာန်နှင့် ကျင့်ကြံသူသည် အတားအဆီးမရှိဘဲ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တွင် ရုပ်လုံးပေါ်လာပြီး သွေးအေးစွာ ရယ်သွမ်းသွေးလိုက်သည်။
“ ခွေးကောင်လေး၊ မင်း ငါ့ကို ဒီတစ်ခေါက် တားလို့မရတော့ဘူးကွ။ မင်း သေချာပေါက် သေပြီသာ … ဟမ် ”