← Chapters

 ငါ သစ္စာဖောက်မိပြီထင်တယ်

Vol. 17 Ch. 253

 ငါ သစ္စာဖောက်မိပြီထင်တယ်

Vol. 17 Ch. 253

*အနည်းက အများကို နိုင်သွားတာလား*

ရှောင်ချင်နှင့် ရှောင်ဟွေ၏ အသွင်အပြင်က လူအုပ်ကြီးအား အံ့အားသင့်သွားစေသည်။

လက်ရှိတွင် သူတို့က ဝံပုလွေပေါက်လေး နှစ်ကောင်ကို စိုက်ကြည့်နေကြသည်။ သူတို့ မြင်ခဲ့လိုက်ရသည့် အရာအပေါ် သူတို့ ခေါင်းခြောက်ကာ ပြောစရာစကား မဲ့နေကြလေသည်။

ထိုအခွင့်အရေးကို အခွင့်ကောင်းယူ၍ ရှောင်ချင်နှင့် ရှောင်ဟွေတို့က တောထဲ ပြေးဝင်သွားကြပြီး သူတို့ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။

ထိုစဉ် ဥဩဆွဲသံများကို ကြားလာရပြီး ကယ်ဆယ်ရေးအဖွဲ့က ဂျစ်ကားတစ်စီးနှင့်အတူ ယခုနေရာသို့ အပြေး လာနေသည်။

“ကျေးဇူးပြုပြီး ဘေးဖယ်ပေးကြပါ၊ ပူးပေါင်းပေးကြပါ”

အဖွဲ့ကို ဦးဆောင်လာသည့်သူက လေးနက်သော မျက်နှာထားနှင့် ဖြစ်နေသည်။ နေရာမှ အဖြစ်အပျက်ကို မြင်တွေ့ပြီးနောက် မထင်မှတ်ထားသည့် ရလဒ်ကြောင် သူ သတိလက်လွတ် ဖြစ်သွားလေသည်။

သူ အံ့ဩသါားသော်လည်း အလျင်အမြန် ကြိုးများဆင်၍ အောက်သို့ ဆင်းသွားလိုက်သည်။ ကလေးကို ချီလိုက်ပြီးနောက် ဆင်ခြေလျှောမှနေ၍ အပေါ်သို့ ပြန်တက်လိုက်သည်။

“ထျန်းထျန်း”

ကလေးမိဘများက ချက်ချင်း အရှေ့သို့ ပြေးလာသည်။ သူတို့သည် ကလေးကို ပွေ့ဖက်ထားပြီး ဝမ်းသာစိတ်ကြောင့် မျက်ရည်ကျလာ၏။ ကလေး၏ အဘွားဖြစ်သူသည်လည်း မှင်တက်နေရာမှ သတိဝင်လာပြီး သုံးကြိမ် ဒူးထောက်၍ အရိုအသေပေးကာ သူမ တွေးမိသမျှ ဘုရားအားလုံးကို ကျေးဇူးတင်နေသည်။

မကြာခင်မှာပင် အနက်ရောင် sedan ကားတစ်စီး ရောက်လာသည်။ ဒါရိုက်တာရှားနှင့် အခြားသူများက ကလေးထံ အလျင်စလို လှမ်းလာကြပြီး မိသားစုဝင်များနှင့် စကားပြောလေသည်။

“သူ ဘေးကင်းလို့ တော်ပါသေးတယ်”

ဒါရိုက်တာရှား သက်ပြင်းချလိုက်သည်။

“စိတ်ငြိမ်သွားအောင် ကျုပ်ရုံးခန်းမှာ လက်ဖက်ရည် လိုက်သောက်ပါဦး၊ ပြီးတော့ ဆာဖာရီဥယျာဉ်အစား ကျုပ်တို့ စိတ်ရင်းနဲ့ တောင်းပန်တာကိုလည်း လက်ခံပေးပါ”

“ဒါရိုက်တာ၊ အဲ့ဒီ ခင်ဗျားတို့ရဲ့ ဝံပုလွေပေါက်လေးတွေလေ၊ သူတို့က ဘာအမျိုးအစားလဲ၊ သူတို့ကို လေ့ကျင့်ပေး ထားတာလား”

လူအုပ်ထဲမှတစ်ယောက်က မေးလာသည်။

ဒါရိုက်တာရှားက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ကျုပ် စိတ်မကောင်းပါဘူးဗျာ၊ ဒါက ကျုပ်တို့ ဆာဖာရီရဲ့ လျှို့ဝှက်ချက်ပါ၊ အပန်းဖြေခရီးစဉ်အတွင်း ခင်ဗျားတို့ရဲ့ ဘေးကင်းလုံခြုံမှုကို ဂရုစိုက်ပေးကြပါခင်ဗျာ”

လူတိုင်းက ရှောင်ချင်နှင့် ရှောင်ဟွေတို့အကြောင်း ပြောနေချိန်တွင် ရဲ့လင်းချန်တို့ သုံးယောက်က တိတ်တိတ် ကလေး မောင်းထွက်လာခဲ့သည်။

“လင်းချန်၊ ရှောင်ချင်နဲ့ ရှောင်ဟွေ အဆင်ပြေပါ့မလား၊ သူတို့ ဘာလို့ ပြန်မလာသေးတာလဲ”

ရှောင်ဖေးဖေး စိုးရိမ်နေ၏။ သူမ ဘေးဘီကို ဆက်တိုက် ကြည့်နေပြီး ရှောင်ချင်နှင့် ရှောင်ဟွေတို့ကို ရှာတွေ့ရန် ကြိုးစားနေလေသည်။

“အစ်မဖေးဖေး စိတ်အေးအေးထားပါ၊ သူတို့က တအား ကျန်းမာတာပါ”

ရဲ့လင်းချန်က မပူပန်ဘဲ ရယ်နေသည်။

“သူတို့ မကြာခင် ပြန်လာလောက်ပါတယ်”

“နင်က တော်တော် သွေးအေးတဲ့လူပဲ၊ နင် သူတို့ကို ဂရုစိုက်နိုင်တယ်လို့ ငါ မယုံကြည်တော့ဘူး”

ရှောင်ဖေးဖေး နှုတ်ခမ်းစူသွားသည်။ သူမသည် ရှောင်ချင်နှင့် ရှောင်ဟွေတို့၏ တိုက်ပွဲကို မြင်ခဲ့ပြီးသဖြင့် စိုးရိမ်ပူပန် နေခဲ့သည်။

“သူတို့ ဒီမှာ”

အစ်မလင်း၏ မျက်လုံးများက အရောင်တောက်လာပြီး လမ်းဘေးသို့ ကပ်ရပ်လိုက်သည်။ ထို့နောက် သူတို့က တံခါးဖွင့်၍ ဝံပုလွေပေါက်လေးများအား ကားထဲ ဝင်စေသည်။

သူတို့၏ ခန္ဓာကိုယ်များသည် သွေးများ ပေကျံနေဆဲဖြစ်သော်လည်း သူတို့၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ဖုံးလွှမ်းနေ၏။

သူတို့ ပထမဆုံးလုပ်သည့် အရာက ရဲ့လင်းချန်၏ ရင်ခွင်ထဲ ခုန်ဝင်ပြီး ပျော်ရွှင်စွာ အော်ဟစ်ခြင်းပင်။

“ဒယ်ဒီ မြင်လား၊ ကျွန်တော်တို့က တအား သန်မာတာဗျ”

“ဝါးဟားဟားဟား အဲ့အမှိုက်ကောင် ခွေးအခြောက်ကောင်က ငါတို့ကို လုံးဝ မယှဉ်နိုင်ဘူး”

“ဘယ်ဘက်ကို လက်သီးနဲ့ကစ်ပြီး ညာဘက်ကနေ ကန်ပစ်လိုက်တာ၊ အဲ့ခံစားချက်က မတရား မိုက်တယ်၊ တိုက်ခိုက်ရတာက မိုက်လိုက်တာ၊ ငါက ချန်ပီယံ”

“သူတို့ကို ငါ နောက်တစ်ခါ ထပ်မမြင်ချင်ဘူး၊ မြင်လို့ကတော့ သူတို့ကို ငါ ဆော်ပစ်ဦးမှာ၊ ဟားဟား…”

ရဲ့လင်းချန် ဘာပြောရမှန်းမသိ ဖြစ်သွားလေသည်။ သူ ဝံပုလွေပေါက်လေးများ၏ နဖူးကို လက်ဖြင့် အသာ တောက်လိုက်သည်။ ဤဝံပုလွေပေါက်လေးများက တကယ်ပင် ဆိုးသွမ်းလှပေသည်။

“လင်းချန် နင် ဘာလို့ သူတို့ကို ရိုက်တာလဲ”

ရှောင်ဖေးဖေး စိုးရိမ်သွားသည်။

“သူတို့ ဘယ်လောက် ကောင်းတဲ့လုပ်ရပ်ကို လုပ်ခဲ့လဲ ကြည့်ဦးလေ၊ ပြီးတော့ သူတို့က ဒဏ်ရာရထားတာ”

ရှောင်ချင်နှင့် ရှောင်ဟွေတို့၏ ဒဏ်ရာများကိုကြည့်ပြီး ရှောင်ဖေးဖေး နာကျင်နေသည်။ အထူးသဖြင့် အစောပိုင်းက ကိုက်ချက်ကြောင့် ဒဏ်ရာကြီးကြီးရထားသော ရှောင်ချင်၏ ရှေ့လက်ပင်။ သွေးမထွက်တော့သော်လည်း ယင်းဒဏ်ရာက ကြောက်စရာ ကောင်းနေဆဲပင်။

“သူတို့ကို နည်းနည်း လေ့ကျင့်ခွင့်ပေးလိုက်တာ ကောင်းပါတယ်”

ရဲ့လင်းချန်က ရှောင်ချင်နှင့် ရှောင်ဟွေတို့ကို ရင်ခွင်ထဲ ထည့်ထားပြီး နှိပ်နယ်ပေးလေသည်။

“မင်းတို့ အတွေ့အကြုံကနေ သင်ယူဖို့ လိုတယ်၊ ခွေးအလေးတစ်ချို့နဲ့ ရန်ဖြစ်ရလို့ ဒုက္ခများရတယ်လို့၊ ရှက်စရာပဲ”

ရှောင်ချင်နှင့် ရှောင်ဟွေတို့သည် ရဲ့လင်းချန်နှင့် နေ့တိုင်း လေ့ကျင့်ခဲ့သည်။ ထို့အပြင် သူတို့က ရဲ့လင်းချန်နှင့်အတူ ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်းကို လေ့ကျင့်ခဲ့သဖြင့် သူတို့၏ ခန္ဓာကိုယ်က ကြံ့ခိုင်လေ၏။ သူတို့သည် အဘက်ဘက်မှ ထူးချွန်သော်လည်း တိုက်ပွဲအတွင်း သူတို့၏ ကြမ်းကြုတ်မှုဗီဇ၏ အလွယ်တကူ လွှမ်းမိုးခြင်း ခံလိုက်ရသဖြင့် ရဲ့လင်းချန် မချင့်မရဲ ဖြစ်မိသည်။

ရဲ့လင်းချန်၏ နှိပ်နယ်ပေးမှုအောက်တွင် ရှောင်ချင်နှင့် ရှောင်ဟွေတို့က ဇိမ်ခံ၍ မျက်လုံးမှိတ်ထားလေသည်။

ဒဏ်ရာများက ပြင်းပုံပေါ်သော်လည်း သူတို့၏ ခန္ဓာကိုယ် အခြေအနေကြောင့် အလွန် မစိုးရိမ်ကြချေ။

သူတို့ ဆာဖာရီထဲမှ တိတ်တဆိတ် မောင်းထွက်လာကြသည်။ လမ်းတစ်လျှောက်တွင် ဆန်းကြယ်သော ဝံပုလွေပေါက်လေး နှစ်ကောင်အကြောင်း ပြောဆိုနေသံများအား အဆက်မပြတ် ကြားခဲ့ရသည်။

ဒါရိုက်တာရှားသည် အဖြစ်အပျက်၌ ပါဝင်ခဲ့သူများကို နှစ်သိမ့်စကား‌ ပြောဆိုပြီးနောက် ချက်ချင်း သူ့ရုံးခန်းထဲ ပြေးလာကာ အသည်းအသန် မေးလေသည်။

“အဲ့ဝံပုလွေပေါက်လေး နှစ်ကောင်အကြောင်း မင်းတို့ ဘာရှာတွေ့ပြီလဲ၊ သူတို့ ဘယ်က ရောက်လာတာလဲ”

ဝန်ထမ်းများက မချိပြုံးပြုံး၍ ခေါင်းခါကြသည်။

“ဒါရိုက်တာရှား၊ ကျွန်တော်တို့ ဆာဖာရီထဲက စီစီတီဗွီတွေက နေရာတိုင်းမှာ တပ်ထားတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ဒီဝံပုလွေပေါက်လေးတွေရဲ့ ပုံတွေအများကြီး ဖမ်းမိပင်မယ့် သူတို့ရဲ့ လျင်မြန်လွန်းတဲ့ လှုပ်ရှားမှုကြောင့် မျက်ခြေပြတ်သွားခဲ့ပါတယ်၊ သူတို့ ဘယ်ကိုရောက်သွားလဲ ကျွန်တော်တို့ မသိပါဘူး”

“ဒီဝံပုလွေပေါက်လေး နှစ်ကောင်က ကျုပ်တို့ ဆာဖာရီက မဟုတ်ဘူး”

ဤနေရာအကြောင်း အတော်လေး သိသော အဘိုးအိုတစ်ယောက်က ပြောလာသည်။ သူက ပင့်သက်ရှိုက်ပြီးမှ ဆက်ပြောသည်။

“သူတို့ကို ကျွမ်းကျင်ပညာရှင်တစ်ချို့က လေ့ကျင့်ပေးထားတာပဲ ဖြစ်ရမယ်၊ ဝံပုလွေတွေကို ဒီလောက်အထိ လေ့ကျင့်ပေးနိုင်တယ်ဆိုတော့ အဲ့လူက သေချာပေါက် ရှားပါးတဲ့ ကျွမ်းကျင်သူပဲ”

ဝံပုလွေများသည် လေ့ကျင့်ပေးရခက်သော တိရစ္ဆာန်များထဲမှ တစ်မျိုးဖြစ်လေသည်။ သူတို့သည် အလွန် မာန်မာနကြီး၍ လူသားတစ်ယောက်ထံ၌ အညံ့ခံမည့်အစား အသေခံမည့် တိရစ္ဆာန်များ ဖြစ်ကြသည်။ သို့သော် ထိုဝံပုလွေများသည် လေ့ကျင့်ခံထားရရုံသာမက အသက်တစ်ချောင်းကိုပါ ကယ်တင်ခဲ့သည်။ ထို့အပြင် သူတို့က သန်မာလွန်း၏။ ဤသည်က ထူးဆန်းလွန်းသော ကိစ္စရပ်ပင်တည်း။

သူတို့သာ ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ခဲ့လျင် တစ်စုံတစ်ယောက်က တိရစ္ဆာန်တစ်ကောင်ကို ထိုမျှ လေ့ကျင့်ပေး နိုင်သည်ဟု ပြောလာပါက လုံးဝ ယုံကြည်မိမည် မဟုတ်ပါ။

ထိုသို့ တိရစ္ဆာန် ယဉ်ပါးအောင် လေ့ကျင့်ပေးနိုင်သည့် အဆင့်က သူတို့ ဆာဖာရီထက် သို့မဟုတ် ကမ္ဘာ့ အဆင့်အတန်း ထက်ပင် ကျော်လွန်သေးသည်။

ဒါရိုက်တာရှားက လေးနက်နေသော မျက်နှာနှင့် ခေါင်းညိတ်ကာ သက်ပြင်းချသည်။

“ဒီဝံပုလွေပေါက်လေးတွေ ဘယ်က လာတာလဲဆိုတာကို ငါတို့ မရှာနိုင်တာကတော့ ရှက်စရာပဲ”

…

ထိုအခိုက်တွင် ရှောင်ယွမ်က ဟော်ရန်ကျားကို ကြည့်ပြီးသွားသဖြင့် ရုပ်ရှင်ရုံထဲမှ ထွက်လာသည်။

သို့သော် သူမတွင် ဆိုးရွားသော မျက်နှာအမူအရာ ဖြစ်ပေါ်နေပြီး ခံစားချက်များ ရှုပ်ထွေးနေ၏။ သူမ အမြင်တွေ ပျက်စီးသကဲ့သို့ ခံစားနေရပြီး လမ်းပျောက်နေလေသည်။

သူမ၏ မူလ ရည်ရွယ်ချက်က ဟော်ရန်ကျားထဲမှ မကောင်းသော အကွက်များကို ရှာဖွေရန်ဖြစ်ပြီး သူမ သဘောကျသော အနုပညာရှင်အတွက် လက်စားချေကာ ရုပ်ရှင်ကို ဝေဖန်အပြစ်တင်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

ရုပ်ရှင်ကို မိနစ်အနည်းငယ်မျှ ကြည့်ပြီးစဉ်က သူမ ထုတ်လုပ်မှု အရည်အသွေးကို အထင်သေးမိသည်။ သရုပ်ဆောင်များအားလုံးက ရုပ်ဆိုးသည်။ မကောင်းသော ဝေဖန်ချက်ပေးရန် သေချာနေခဲ့လေပြီ။

နောက်ထပ် မိနစ်အနည်းငယ်မျှ ကုန်လွန်သွားပြီးနောက် တိုက်ခိုက်သည့် အခန်းများက သာမန်သာဖြစ်သည်ဟု သူမဘာသာ တွေးမိသည်။

နောက်ထပ် ဆယ်မိနစ်ကြာသော် သူမ ရုပ်ရှင်ထဲ ဆွဲဆောင်ခံလိုက်ရပြီး ဤရုပ်ရှင်ကို လာကြည့်ရသည့် ရည်ရွယ်ချက်ကို မေ့လျော့သွားသည်။ သူမစိတ်ထဲ၌ အတွေးတစ်ခုထဲသာ ရှိခဲ့သည်။ ယင်းမှာ ရုပ်ရှင်ကို အာရုံစိုက်ရန်ပင်တည်း။

သူမ ယခင်က ထိုသို့ တစ်ခါမှ မခံစားရဖူးချေ။ အဘယ်ကြောင့်ဆိုသော် ယခင်က သူမ ကြည့်ခဲ့သည့် ရုပ်ရှင်ကားတိုင်းက ဝူဟန်ကို ဦးတည်ထားပြီး သူ၏ ရုပ်ရည်ကိုသာ ပြသထားခြင်းကြောင့်ပင်။ အခြားပြကွက်များ ရှိလျင်လည်း သူမက မကြည့်ခဲ့ချေ။ သူမ ရုပ်ရှင်ထဲ တစ်ခါမှ မနစ်မျောသွားခဲ့ဖူးသော်လည်း ဤဇာတ်ညွှန်းက ပြီးပြည့်စုံလွန်းပြီး ဘာပြစ်ချက်မှ မရှိပါ။

ဟော်ရန်ကျား ကျဆုံးသွားသည့် အခန်းကို ပြန်တွေးမိရုံနှင့်တင် သူမမျက်လုံးတွင် မျက်ရည်ဝဲလာပြီး ငိုချင်စိတ်များ တဖွားဖွား ပေါက်ဖွားလာသည့်အထိပင်။

*စွဲလမ်းဖို့ကောင်းလွန်းတယ်၊ သနားဖို့ကောင်းလိုက်တာ*

*ဘယ်လိုလုပ် ရုပ်ရှင်ကားတစ်ကားက အဲ့လောက် ကောင်းရတာလဲ*

ထို့အပြင် ရုပ်ရှင်ထဲမှ တိုက်ခိုက်သည့် အခန်းများနှင့် စိတ်လှုပ်ရှားစရာကောင်းသည့် အခန်းများက သူမစိတ်ထဲ၌ အလေးအနက် ထင်ကျန်ရစ်နေသည်။

နောက်ဆုံးတွင် သူမ သည်းမခံနိုင်တော့ပေ။ သူမ ဖုန်းကိုထုတ်၍ အတန်း စကားပြောခန်းထဲသို့ ဝင်လိုက်သည်။ အသက် ပြင်းပြင်းရှူလိုက်ပြီးနောက် သူမ ကြေညာလိုက်၏။

[နင်တို့ ဟော်ရန်ကျားကို ကြည့်ပြီးပြီလားဆိုတာတော့ ငါ မသိဘူး ဒါပေမဲ့ … ငါတော့ သစ္စာဖောက်မိပြီ ထင်တယ်]

All Chapters