← Chapters

ငါ မင်းကို ရပ်လိုက်ဖို့ အမိန့်ပေးနေတယ်

Vol. 17 Ch. 251

ငါ မင်းကို ရပ်လိုက်ဖို့ အမိန့်ပေးနေတယ်

Vol. 17 Ch. 251

လူကြီးများ၏ ဆော်ဩမှုကြောင့် ကလေးသည်လည်း သူ၏ မမြင်ရသော အန္တရာယ်ကို သတိထားမိပြီး အပေါ်သို့ လက်နှင့်ပါ ကုပ်ကတ်တက်လေသည်။

သို့သော် ကုန်းက တိရစ္ဆာန်များ တက်မလာနိုင်အောင် ပြုလုပ်ထားသဖြင့် မက်စောက်နေသောကြောင့် သူ့အတွက် အပေါ်သို့ ရောက်ရန် အလွန် အခက်တွေ့နေ၏။

ထျန်းထျန်း တက်လိုက်သည့် အကြိမ်တိုင်း အောက်သို့ ပြန်လျှောကျလေသည်။ နောက်ဆုံးတွင် သူ မနေသာဘဲ အနောက်သို့ လှည့်ကြည့်လိုက်မိသည်။

ထိုသို့ ကြည့်လိုက်သောအခါ သူ့မျက်နှာက ဖြူရော်သွားပြီး ပုံလျက်သား ပစ်လဲကျသွားပြီး မျက်စိရှေ့မှ ကြောက်စရာ ကောင်းသော အရာကို ကြည့်၍ ကြောက်လန့်ကာ တုန်လှုပ်နေလေသည်။

“ထျန်းထျန်း”

အမျိုးသမီးသည် ငယ်သံပါအောင် အော်ဟစ်လိုက်ပြီး သူ့သားဘက်သို့ ပြေးသွားရန် ပြင်လေသည်။ သို့သော် တစ်စုံတစ်ယောက်က သူမကို တားဆီးထားသည်။

“သေစမ်း အဲ့ဒါ ဘာတွေလဲ၊ သူတို့ လာတာ မြန်နေတယ်၊ အဖွဲ့လိုက် လာနေတဲ့ပုံပဲ”

“ခွေးအတွေဟ၊ သေစမ်း၊ ဒီဧရိယာက ခွေးအတွေရဲ့ နယ်မြေပဲ၊ မြတ်စွာဘုရား”

“အိုးနိုး … ဒီလောက် အန္တရာယ်များတဲ့ တိရစ္ဆာန်တွေကို ဘာလို့ သူတို့ လှောင်မပိတ်ထားတာလဲ”

“ဘာလို့ ကယ်ဆယ်ရေးအဖွဲ့က အရမ်း နှေးနေတာလဲ၊ ချီးပဲ ခွေးအတွေရဲ့ တိုက်ခိုက်မှုအောက်မှာ ဒီကလေး တောင့်ခံနိုင်မှာ မဟုတ်ဘူး”

ခွေးအအုပ်ကို ကြောက်လန့်တကြား ကြည့်၍ လူတိုင်း သွေးပျက်ကာ အော်ဟစ်နေကြသည်။

ကလေးမိဘများသည်လည်း ဆောက်တည်ရာမရ ဖြစ်နေသည်။ အဘွားဖြစ်သူသည် မြေကြီးပေါ်၌ အားမရှိစွာ ထိုင်ချ၍ ဒူးထောက်ကာ တောင်းပန်လေသည်။

ရဲ့လင်းချန်သည် သေချာအာရုံစိုက်၍ ကြည့်နေပြီးနောက် ခွေးအတစ်အုပ် ပြေးလာနေသည်ကို မြင်သောအခါ သူ့မျက်နှာက လေးနက်သွားသည်။

ခွေးအများသည် အန္တရာယ်ရှိသော ခွေးနှင့်တူသည့် အမျိုးအစားတစ်ခု ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ရုပ်မြင်သံကြားတွင် မကြာခဏ ပါတတ်သော တိရစ္ဆာန်များ ဖြစ်လေသည်။

သူတို့သည် ရန်လို၏။ သူတို့၏ လက်သည်းများနှင့် သွားများက ခြင်္သေ့နှင့်ပင် ယှဉ်နိုင်ပေသည်။ သူတို့သည် တစ်ကောင်ချင်းအားဖြင့်ဆိုလျင် ခြင်္သေ့တစ်ကောင်ထက် အားနေသော်လည်း သူတို့က အဖွဲ့လိုက် လှုပ်ရှား တတ်သော တိရစ္ဆာန်များ ဖြစ်သည်။ တောထဲတွင် သူတို့သည် အင်အားတောင့်သော အဖွဲ့တစ်ဖွဲ့ ဖြစ်ပေသည်။

“အဲ့ခွေးအတွေကို ခဲနဲ့ မြန်မြန်ပေါက်၊ ငါတို့ အချိန်ဆွဲထားမှ ဖြစ်မယ်”

ရဲ့လင်းချန်က ခဲလုံးတစ်လုံးကို ကောက်ပြီး ခွေးအများကို လှမ်းပေါက်ကာ အော်ပြောလေသည်။

“ဟုတ်တယ် ခဲလုံးတွေ ရှာကြ၊ ငါတို့ အဲ့တိရစ္ဆာန်တွေကို ထွက်ပြေးအောင် လုပ်ဖို့လိုတယ်”

ထိုစကားက လူအုပ်အတွင်း ပဲ့တင်ထပ်သွားပြီးနောက် လူတိုင်း ဝိုင်းဝန်း၍ ဆောင်ရွက်ကြသည်။

“ကလေးကို မထိအောင် သတိထားကြဦး”

“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်သားကို ကယ်ပေးကြဦးဗျာ”

ကလေး၏ ဖခင်သည်လည်း ခဲလုံးကို ကောက်၍ စိုးရိမ်နေသော မျက်နှာနှင့် ခွေးအများအား အားကုန် ပစ်ပေါက် လေသည်။

“ဝုတ် ဝုတ် ဝုတ်”

ခွေးအများက ဉာဏ်များပြီး သူတို့၏ အရိုင်းဆန်သော ဗီဇအရ ရှောင်တိမ်းနိုင်ပြီး ကလေးထံ လျင်မြန်စွာ ချဉ်းကပ် လာ၏။

အကွာအဝေးကြောင့် ပစ်ပေါက်လိုက်သော ခဲလုံးတော်တော်များများ၌ အားသိပ်မပါချေ။

ခဲလုံးများက ခွေးအများ၏ အရှိန်ကို‌ နှေးစေသော်လည်း သူတို့ကို မတားနိုင်ပါ။ အချိန် ကြာလာသည်နှင့်အမျှ သူတို့က ပိုနီးလာပြီး လူအုပ်ကြီး၏ စိတ်အခြေအနေက အုံ့မှိုင်းလာ၏။

“မပစ်နဲ့တော့၊ မင်းတို့ ကလေးကို ထိလိမ့်မယ်”

လူအုပ်ထဲမှ အသံတစ်သံက ခါးသီးစွာ ထွက်ပေါ်လာသည်။

ခွေးအများနှင့် ထျန်းထျန်း၏ အကွာအဝေးက မီတာအနည်းငယ်မျှသာ ကွာဝေးတော့သည်။ အကယ်၍ သူတို့ ခဲများဖြင့် ဆက်ပစ်လျင် သူ့ကိုပါ ထိလောက်သည်။

“မဖြစ်ရဘူး”

သူမ၏ ကလေးကို ခွေးအများက ဝိုင်းထားသည်ကို မြင်သောအခါ အမျိုးသမီးသည် သတိလစ်လုနီးပါး ဖြစ်သွားကာ မျက်ရည်လည်ရွဲ ဖြစ်နေသည်။

လူအုပ်ကြီးသည် မတတ်သာဘဲ ခေါင်းခါယမ်း၍ သက်ပြင်းချနေသည်။ ကလေး၏ ကံကြမ္မာက ပြောင်းလဲ၍ မရနိုင်တော့သည့်ပုံပင်။

ကရုဏာသက်နေသော လူတစ်ချို့က မိဘနှစ်ပါးအား မကြည့်ရန် အကြံပေးကြသည်။ ရှေ့ဆက်မြင်ရမည့် မြင်ကွင်းက ကြမ်းကြုတ်လောက်သည်။

“ဖေဖေ မေမေ …”

ကလေးသည် မလှုပ်ရဲဘဲ လူအုပ်ကြီးကိုကြည့်ကာ ငိုကြွေးလေသည်။

တော်တော်များများသည် ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာပြီး ကူညီနိုင်စွမ်း မဲ့နေကြသည်။

ခွေးအခြောက်ကောင်က အဖွဲ့လိုက် လာကြသည်။ သူတို့သည် ကလေးကို ဝိုင်းထားပြီး ကိုယ်ကိုကိုင်း၍ ကလေးအား ဆက်တိုက် မာန်ဖီနေကာ တစ်ခါတရံတွင် သွားများ ဖြဲပြသည်။

သူတို့မျက်လုံးတွင်း၌ သွေးဆာနေဟန် ပြနေသော်လည်း ချက်ချင်း မတိုက်ခိုက်ဘဲ ဒုက္ခပေးချင်သော အရိပ်အယောင် ပေါ်နေ၏။

ဤနေရာ၌ အတော်ကြာအောင် နေခဲ့ရသဖြင့် သူတို့ တစ်ခါမှ မပျော်ခဲ့ရပေ။ ယခု ကစားစရာက ကိုယ်တိုင်ကိုယ်ကျ ပေါ်လာသဖြင့် သူတို့ စိတ်လှုပ်ရှားနေကြသည်။

ရဲ့လင်းချန်က သူတို့ စကားပြောသံကို နားထောင်လိုက်သည်။

“ဒီနေ့ ငါတို့ စားစရာ အပိုရတော့မယ့်ပုံပဲ၊ ကောင်းတယ်ကွာ”

“ဟားဟားဟား ကလေးတစ်ယောက်ကွ၊ လူသားတစ်ယောက်က ဒီကို ကျလာလိမ့်မယ်လို့ မထင်ထားဘူး၊ စားလို့ ကောင်းမယ်လို့ ထင်လား”

“သူ့ငိုသံက စိတ်ဝင်စားစရာပဲ၊ သူ ကြောက်နေတယ် ထင်တယ်”

“အား … အရမ်း နားညီးတယ်ကွာ၊ ဟိုလူသားတွေက ကြည့်နေတုန်းပဲ၊ ငါ နေ့တိုင်း အဲ့လူသားတွေ ကြည့်တာ ခံနေရတာကို ငြီးငွေ့လာပြီ၊ ငါ လက်စားချေချင်တယ်”

“ဟုတ်တယ်၊ ကစားနေတာကို ရပ်ပြီး လုပ်လိုက်ရအောင်၊ ငါ စိတ်မရှည်တော့ဘူး”

…

“သူတို့ တိုက်ခိုက်တော့မယ်”

လူအုပ်ထဲမှ တစ်ယောက်က အော်ပြောလာသည်။ ထိုလူသည် မကြည့်နိုင်သဖြင့် မျက်လုံးကို အုပ်ထားလေသည်။

“အာဝူးးးး”

ထိုစဉ် ဝံပုလွေအူသံတစ်သံ ထွက်ပေါ်လာသဖြင့် သူတို့ အံ့ဩကာ ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားသည်။

“အဲ့ဒါ … ဝံပုလွေနှစ်ကောင် မဟုတ်လား”

တစ်ယောက်က ထအော်လာသည်။

“ဝံပုလွေတွေတောင် ဒီရောက်နေတာလား”

“လခွမ်း ဒီဝံပုလွေတွေက အကောင်ပေါက်လေးတွေပဲ ရှိသေးတာ၊ ဒါပေမဲ့ တော်တော် မြန်တယ်ဟ”

“သူတို့ပုံစံက ရန်လိုနေသလိုပဲ၊ သူတို့ ဘာလုပ်ချင်နေတာလဲ”

ထိုနှစ်ကောင်သည် ရှောင်ဟွေနှင့် ရှောင်ချင်တို့ပင်တည်း။ နှစ်ကောင်လုံးတွင် ထည်ဝါသော အရှိန်အဝါများ ရှိနေသည်။ သူတို့သည် အားမာန်အပြည့် ဖြစ်နေပြီး ပြေးလွှားရင်း အူနေကြသည်။

“ငါ မင်းတို့ကို ရပ်လိုက်ဖို့ အမိန့်ပေးတယ်၊ အဲ့ကလေးကို သွားခွင့်ပေးလိုက်”

နှစ်ကောင်လုံးက လျှပ်စီးအလား ရောက်လာကြသည်။ သူတို့၏ ခန္ဓာကိုယ်လေးများဖြင့် ကလေးကို ကာထားပြီး ခွေးအ ခြောက်ကောင်အား စိုက်ကြည့်နေ၏။

ရှောင်ချင်နှင့် ရှောင်ဟွေတို့၏ ခန္ဓာကိုယ်သည် ခွေးအတို့ထက် ပိုသေးသော်လည်း သူတို့ထံမှ ထွက်လာသော အရှိန်အဝါက ပြင်းထန်လှသည်။ သူတို့သည် ကြောက်လန့်ခြင်းမရှိဘဲ အစွယ်များကို ဖြဲ၍ ခွေးအများကို မာန်ဖီသည်။

“သူတို့က … ကလေးကို ကယ်နေတာလား”

“သေစမ်း၊ ဒါ အံ့ဩဖို့ ကောင်းတယ်ကွာ၊ အဲ့ဝံပုလွေတွေက ဉာဏ်ကောင်းတာပဲ”

“ကောင်းကင်ဘုံက စောင်မတာပဲ၊ ဒါ ဘုရားမတာ”

အဘွားအို၏ မျက်လုံးတွင် မျက်ရည်များ ပြည့်လာ၏။

“ကောင်းကင်ဘုံက ငါ့မြေးလေးကို ကယ်ဖို့ သူတို့ကို လွှတ်လိုက်တာ ဖြစ်မယ်”

“အံ့ဩစရာပဲ၊ ထိတ်လန့်စရာကောင်းအောင် ပြောင်းလဲသွားတာပဲ၊ ဒီဆာဖာရီထဲက ဝံပုလွေတွေက အဲ့လောက် အံ့ဩဖို့ ကောင်းတာလား”

“ချစ်စရာကောင်းလိုက်တဲ့ ဝံပုလွေပေါက်လေးတွေ၊ အဲ့အကောင်ပေါက်လေးတွေကို တိရစ္ဆာန်အဖြစ် မွေးလို့ရရင် ကံကောင်းပြီ”

လူအုပ်ထဲမှ တအံ့တဩ ပြောဆိုသံများ ထွက်ပေါ်လာသည်။ အံ့ဩဖွယ်ကောင်းသော တစ်စုံတစ်ရာကို တွေ့လိုက်ရသဖြင့် လူတိုင်း စိတ်လှုပ်ရှားနေကြလေသည်။ သို့သော် အချို့က စိုးရိမ်နေဆဲပင်။

“အပျော်စောမနေနဲ့ဦး၊ အဲ့ဝံပုလွေပေါက်လေးတွေက အရမ်း သေးလွန်းတယ်၊ သူတို့က ခွေးအခြောက်ကောင်နဲ့ ယှဉ်ချရမှာလေ၊ သူတို့ နိုင်နိုင်ချေက နည်းလွန်းတယ်”

“ဟုတ်တယ် ဘယ်လိုချမှာလဲ”

ထိုစကားများ ထွက်လာသည်နှင့် လူတိုင်း သတိတင်လာကြသည်။ သူတို့ ငြိမ်ကျသွားပြီး အဖြစ်မှန်ကို လက်ခံနိုင်စွမ်းမရှိ ဖြစ်နေ၏။ ဆိုးကျိုးများက ပြင်းထန်လွန်းလှသည်။

“ဝုတ် ဝုတ် ဝုတ်”

“အာဝူးးးး”

ခွေးအခြောက်ကောင်နှင့် ဝံပုလွေပေါက်လေးများက အပြင်းအထန် စူးစိုက်ကြည့်နေကြသည်။ နှစ်ဖက်လုံးက သတိအနေအထား ဖြစ်နေသော်လည်း ဘယ်ဘက်ကမှ အလျှော့ပေးဟန် မပေါ်ချေ။ အချိန်မရွေး တိုက်ပွဲ ဖြစ်လာတော့မည့်ပုံပင်။

“အကောင်ပေါက်လေးတွေလား၊ မင်းတို့က ကြီးတောင် မကြီးလာသေးဘူး၊ ဟားဟား မွေးကင်းစ အကောင်ပေါက်လေးတွေက ငါတို့ ခွေးအတွေကို မကြောက်ပါလား၊ ငါ ဒီနေ့ စိတ်ကောင်းဝင်နေတယ်၊ ဘာက မင်းတို့အတွက် ပိုကောင်းလဲဆိုတာ သိတယ်ဆိုရင် ချက်ချင်း လစ်လိုက်တော့”

“ဒိုးလိုက်သင့်တာ မင်းတို့တွေကွ၊ ကလေးနဲ့ ဝေးဝေးနေ၊ မဟုတ်လို့ကတော့ ငါတို့ ဒေါသကို ခံစားစေရမယ်”

“ငါ မင်းတို့ကို အခွင့်အ‌ရေး ပေးထားတယ်၊ ငါ မင်းတို့ကို ဆွဲမဖြဲဘူးလို့ မထင်နဲ့”

“မင်းကလား၊ ဆုတောင်းလေ ငါက ကောင်းကောင်း လေ့ကျင့်ထားပြီးသား၊ မင်းအမေတောင် မင်းကို မမှတ်မိ လောက်တဲ့အထိ ငါ မင်းကို ခပ်ကြမ်းကြမ်း သမနိုင်တယ်ကွ”

“ယီးပဲ မင်းထိုက်နဲ့ မင်းကံပဲ၊ ဟေ့ကောင်တွေ တက်ကြ၊ ဒီစောက်အ ခွေးပေါက်လေးတွေကို တစ်စစီ လုပ်ပစ် လိုက်တော့”

All Chapters