← Chapters

လူပြက်က ခန်းမတွင်း၌ နေခဲ့ခြင်း

Vol. 17 Ch. 254

လူပြက်က ခန်းမတွင်း၌ နေခဲ့ခြင်း

Vol. 17 Ch. 254

ထိုစကား ပေါ်လာသည်နှင့် စကားပြောခန်းတစ်ခုလုံး တိတ်ကျသွားသည်။ နောက်ဆုံးတွင် တစ်ယောက် ပေါ်လာပြီး‌ မေးလေသည်။

[ရှောင်ယွမ် သစ္စာဖောက်မိပြီဆိုတာ ဘာကို ပြောချင်တာလဲ]

[ဟော်ရန်ကျားက အံ့ဩဖို့ကောင်းတဲ့ ရုပ်ရှင်ကားပဲ၊ ငါ အဲ့ကားကနေ ဘာမကောင်းတဲ့အရာကိုမှ ရှာမတွေ့ခဲ့ဘူး]

ရှောင်ယွမ် ပြန်ပြောလိုက်သည်။

[ချီးပဲ မဖြစ်နိုင်တာ၊ နင်က ဟော်ရန်ကျား ကြည့်ပြီးတော့ သစ္စာဖောက်တစ်ယောက် ဖြစ်သွားတာလား]

[အဲ့ဒါက တကယ်ကောင်းတာ၊ ငါ ကြည့်ကြည့်ဖို့ အာမခံတယ်]

[မဟုတ်ဘူး၊ သစ္စာဖောက်]

[တကယ်တော့ … ငါလည်း ကြည့်ပြီးပြီ၊ ဟော်ရန်ကျားက ရုပ်ရှင်ကားကောင်း တစ်ကားပဲ …]

ရုတ်တရက် နောက်တစ်ယောက် ပေါ်လာပြီး ထောက်ခံလေသည်။

[တကယ်ကောင်းတဲ့ ထုတ်လုပ်ရေးပဲ၊ အတိုက်အခိုက်နဲ့ ဇာတ်အိမ်ကလည်း တအား ကောင်းတယ်၊ ငါ ဇာတ်ကောင်တွေရဲ့ အကျင့်စရိုက်ကိုလည်း ကြိုက်တယ်၊ ငါက သူရဲကောင်းထက် အများကြီး ပိုကောင်းတယ်လို့ ငါ သတိထားခဲ့မိတယ် …]

[နင်တို့အားလုံး … ဒါက …]

[ငါ တုန်လှုပ်မှာ မဟုတ်ဘူး၊ ငါ အမြဲတမ်း ငါ့ဟန်ဟန်ကို အားပေးနေမှာ]

ဝူဟန်၏ အမာခံ ပရိသတ်များ ပါခဲ့သော အတန်း စကားပြောခန်းက ယခု နှစ်ဖွဲ့ကွဲသွားပြီး စတင် ငြင်းခုံကြ လေသည်။

[အတန်းခေါင်းဆောင် ဒီလူတွေကို ကန်ထုတ်ဖို့ အချိန်တန်ပြီ]

နောက်ဆုံးတွင် တစ်ယောက်က သည်းမခံနိုင်တော့ဘဲ ပြောလာသည်။

[@အတန်းခေါင်းဆောင် ဒီဟန်ဟန်ရဲ့ အယောင်ဆောင် ပရိသတ်တွေကို ထုတ်လိုက်ပါတော့]

စကားပြောခန်း၏ အက်မင်က အတန်းခေါင်းဆောင် ဖြစ်ပြီး ဝူဟန်ကို အသည်းအသန် အားပေးသူ တစ်ဦးလည်း ဖြစ်သည်။ သစ္စာဖောက်များ ပါလာသောအခါ သူတို့ မုန်းတီးမိပြီး အိမ်ကို သန့်ရှင်းချိန်တန်ပြီဟု တွေးမိကြသည်။

သို့သော် အတန်းခေါင်းဆောင်က လိုင်းပေါ်၌ ရှိနေသော်လည်း ဘာမှမတုံ့ပြန်ချေ။

ဆယ်မိနစ်ကြာပြီးနောက် သူမက နှေးကွေးစွာ စာတိုတစ်စောင် ပို့လာသည်။

[ငါ အခု ဟော်ရန်ကျားကို ကြည့်နေတာ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် တကယ် ကောင်းတယ်]

[အတန်းခေါင်းဆောင်၊ ဘာလို့ နင်ကပါ ငါတို့ကို သစ္စာဖောက်ရတာလဲ]

တစ်ယောက်က မယုံနိုင်စွာဖြင့် ပြောလေသည်။

အတန်းခေါင်းဆောင်က ဘာမှပြန်မပြောဘဲ စကားပြောခန်းထဲသို့ ဗွီဒီယိုအတိုလေးတစ်ခု ပို့လာသည်။ ဗွီဒီယိုက အလွန် မှောင်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ရုပ်ရှင်ရုံထဲမှ ရိုက်ထားခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။ ဟော်ရန်ကျား၏ ဗွီဒီယိုအတိုလေးတစ်ခု ဖြစ်နိုင်လောက်သည်။

ထိုအပိုင်းတိုလေးသည် အံ့ဩစရာကောင်းသော သိုင်းကွက်များ ပါသည့် အခန်းများထဲမှ တစ်ခု ဖြစ်သည်။ ချွေးနှင့်သွေးတို့ ရောယှက်နေပြီး ထိုအနံ့က လေထဲ ပျံ့လွင့်နေသည်။ သန်မာသော ကြွက်သားများနှင့် အားပါသော လက်သီးချက်များက သူတို့အား တကယ့် သိုင်းရုပ်ရှင်ကားတစ်ကား၏ အနှစ်သာရကို ကြုံတွေ့ခွင့် ပေးလာ၏။

ထိုဗွီဒီယို ပို့လိုက်ပြီးနောက် သစ္စာဖောက်ဟု ခေါ်နေခဲ့သူများ တိတ်သွားသည်။

ရုပ်ရှင်ထဲမှ ဇာတ်ကွက်များက ဝူဟန်၏ ဇာတ်လမ်းလောက် မျက်စိပသာဒ မဖြစ်သော်လည်း နှိုင်းယှဉ် ကြည့်လိုက်လျင် ဟော်ရန်ကျားက သိုင်းရုပ်ရှင်ကား တစ်ကားနှင့် ပိုတူလေသည်။

[ငါလည်း ဟော်ရန်ကျားကို အားပေးတယ်၊ ငါ အဲ့ဒါကို ပြစ်ချက် ရှာချင်လို့ သွားကြည့်တာ ဒါပေမဲ့ ငါ အဲ့ဒါကို ကြည့်ပြီးရင် ငိုရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ]

[ငါ ငိုနေပြီ၊ အဲ့ဒါက တကယ် ကြည်နူးဖို့ကောင်းတယ် …]

[ဒီလို အနုပညာရှင်မျိုးအတွက် ငါ ဂုဏ်ယူမိတယ်၊ သူတို့က စိတ်အားထက်သန်မှုတွေနဲ့ ပြည့်နေတာ]

[အဲ့ အတိုက်အခိုက်ခန်းတွေ ကြည့်ရလို့ ငါ အံ့ဩမိတာ၊ သိုင်းပညာလို့ ခံစားမိတယ်၊ နင်တို့သိလား … တကယ့် အရည်အသွေးမြင့် အမျိုးအစားမျိုးကွာ]

[ဟုတ်တယ်၊ အဲ့ဒါ ဝိုင်ပဲလေ၊ သူ့မှာ တကယ် အရည်အချင်း ရှိတာ]

[ရုတ်တရက်ကြီး ငါ အဲ့လိုလူမျိုးက အချောဆုံးလို့ ခံစားမိနေတယ်]

…

ဝူဟန်၏ အမာခံ ပရိသတ်များ၏ စကားပြောခန်းက မကြာခင်မှာပင် သက်ဝင်ဆူညံလာသည်။ သို့သော် ယခုအခါတွင် ဟော်ရန်ကျားအကြောင်းကသာ စိုးမိုးနေ၏။ သူတို့သည် ဟော်ရန်ကျား၏ ဇာတ်ကွက်ကို ဆွေးနွေး ပြောဆိုကြပြီး လူတိုင်းက စိတ်လှုပ်ရှားနေကြသည်။

သစ္စာဖောက်ဟု ပြောဆိုနေသူများအားလုံး ကြက်သေ သေနေကြသည်။ ထိုအခိုက်တွင် သူတို့ စကားပြောခန်းများ မှားဝင်ထားမိသလားဟုပင် တွေးမိကြလေသည်။

*သူတို့ တစ်နေရာရာမှာ ဦးနှောက်ချောင်သွားတာလား၊ ဘယ်လိုလုပ် သူတို့ရဲ့ အကျင့်က ရုတ်တရက်ကြီး အကြီးအကျယ် ပြောင်းလဲသွားရတာလဲ*

ထိုသို့သော အဖြစ်အပျက်က ပုံမှန် မဟုတ်ချေ။ ယင်းအဖြစ်အပျက်မျိုးက နေရာတော်တော်များများ၌ ဖြစ်ပွား နေ၏။

ဟော်ရန်ကျားနှင့် ပတ်သက်သော မကောင်းသည့်အချက်ဟူ၍ တစ်ခုမှ မရှိပေ။ ၎င်းအား ကြည့်ပြီးသည့်သူတိုင်း ပရိသတ်များကို ဆွဲဆောင်နိုင်သည့် အစွမ်းအစရှိကြောင်း သတိပြုမိကြသည်။ ဝူဟန်၏ အမာခံ ပရိသတ်များ တောင်မှ ၎င်း၏ မန္တန်အောက်၌ စတင် ကျဆုံးလာသည်။

ရဲ့လင်းချန်က ထိုအကြောင်းအရာများကို အာရုံမစိုက်ပါ။ လက်ရှိအချိန်တွင် သူသည် တောင်စမ်းရေ အိမ်ရာ နံပါတ်တစ်သို့ ပြန်ရောက်နေ၏။

ရှောင်ချင်နှင့် ရှောင်ဟွေတို့၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများ ရှိနေသည်ကို မြင်သောအခါ ကျန်းယွင်ရှီ ဝမ်းနည်းကာ မျက်ရည်ကျလုနီးပါး ဖြစ်သွားလေသည်။ သူမက ဝံပုလွေပေါက်လေး နှစ်ကောင်ကို ချက်ချင်း သန့်စင်၍ ဆေးထည့်ပေးသည်။

ရဲ့လင်းချန်က အပေါ်တက်၍ ဝတ္ထု အပိုင်းသစ်တင်ရန်နှင့် တိုက်ရိုက် ထုတ်လွှင့်မှု ပြုလုပ်ရန် ပြင်ဆင်လေသည်။

ဟူယွီကို ဖျက်ဆီးချင်သည့် သူ့စိတ်ဆန္ဒကြောင့် သူသည် မီးအိမ်မှုတ်တစ္ဆေကို အရှိန်တင်ရန် စဉ်းစားထားပြီး အကြောင်းအရာ၏ တစ်ဝက်ကျော်မျှအထိ ပြောပြပြီးလေပြီ။ ထိုအချိန်တွင် ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်း အတွက် ရုပ်ပြကာတွန်းက ထုတ်ဝေခြင်းပင် မပြုရသေးပေ။ သို့သော် မီးအိမ်မှုတ်တစ္ဆေ၏ ရုပ်ပြကာတွန်းက တစ်ဝက်ကျော်မျှ ရေးဆွဲပြီးနေပြီး မကြာခင် ဖတ်ရနိုင်ချေ ရှိသည်။

ရဲ့လင်းချန်က ဟူယွီကို အကြီးအကျယ် ဆုံးရှုံးအောင် လုပ်ခဲ့ပြီးသော်လည်း ထိုမျှနှင့် ရပ်လိုက်ရန် သူ မစဉ်းစားထားပါ။

ထို့အပြင် ထိုအချိန်အတောအတွင်း ဟူယွီ ထုတ်လွှင့်ရေးက ပန်ဒါ ထုတ်လွှင့်ရေးကို ပြဿတက်စေရန် ကြိုးစားခဲ့ပြီး ပန်ဒါ ထုတ်လွှင့်ရေး၏ မကောင်းသော အချက်များ သို့မဟုတ် ပန်ဒါ ထုတ်လွှင့်ရေးမှ လူများ၏ အတွင်းရေးကို နှိုက်ထုတ်ရန် ကြိုးစားခဲ့သည်။ အတိုချုပ်၍ ပြောရလျင် ဟူယွီက ပန်ဒါ ထုတ်လွှင့်ရေး၏ ကျော်ကြားမှုကို နည်းပေါင်းစုံဖြင့် ဆွဲချရန် ကြိုးစားခဲ့လေသည်။

တိုက်ရိုက် ထုတ်လွှင့်ရေး ပလက်ဖောင်း၏ လည်ပတ်ရေးတွင် နာမည်ကြီးနေသော ရှာဖွေမှုများ၊ သတင်းများ သို့မဟုတ် ကြော်ငြာများ ပါဝင်လေသည်။ ပလက်ဖောင်း၏ ပုံရိပ်ကောင်းကို တည်ဆောက်ရန် လိုအပ်ပေသည်။ ထိုသို့လုပ်ရန်အတွ်က စုန့်ချမ်သည် ဟူယွီ ထုတ်လွှင့်ရေးကို ဆန့်ကျင်ရန် တာဝန်ယူထားသည်။

ယခင်က ပန်ဒါ ထုတ်လွှင့်ရေးသည် စထောင်ခါစ ဖြစ်သဖြင့် ဘဏ္ဍာရေးက မလုံလောက်ခဲ့ချေ။ ထို့ကြောင့် သူတို့သည် အဆုံးအထိ မရောက်အောင် ယာယီ ရှောင်တိမ်းခဲ့ရပြီး နေ့ဒဓူဝ လုပ်ငန်းများကိုသာ ထိန်းသိမ်းခဲ့သည်။

သို့သော် ရဲ့လင်းချန် Las Vegas သို့ ခရီးထွက်ပြီးကတည်းက ဘဏ္ဍာရေးက ယွမ် သန်းငါးရာကျော်အထိ တိုးလာခဲ့ လေသည်။

လက်ရှိတွင် ရဲ့လင်းချန်က နတ်ဘုရားများကို သုတ်သင်ခြင်း၏ အပိုင်းများကို တင်လိုက်ပြီး အိပ်ရာဝင်ရန် ပြင်လေသည်။

“တီ တီ တီ”

သူ၏ QQ က အသံမြည်လာသည်။

ဒိန်ချဉ်: [ငါကဝိုင် မင်း ရှိလား၊ မင်း အပိုင်းတွေ တင်ပြီးတာကို ငါ မြင်လိုက်လို့]

[ရှိတယ်]

ရဲ့လင်းချန် ပြန်ဖြေလိုက်သည်။ သူ့အယ်ဒီတာက သူ့လှုပ်ရှားမှုများကို အာရုံစိုက်လွန်းသဖြင့် သူ အံ့ဩသွားရသည်။

[အင်တာနက်ပေါ်က မှတ်ချက်တွေအကြောင်းပါ၊ မင်း စိတ်ထဲမထားဖို့ ငါ မျှော်လင့်ပါတယ်၊ ဘာမှမတုံ့ပြန်တာ အကောင်းဆုံးပဲ၊ ဒီအတိုင်း မသိချင်ယောင်ဆောင်ထားလိုက်]

ဒိန်ချဉ်က တန်းပြောလေသည်။

[ဘာတွေ ဖြစ်နေတာလဲ]

ရဲ့လင်းချန် အနည်းငယ် တွေဝေသွားသည်။ သူ ထိုကိစ္စများကို ဘာမှမသိချေ။ တစ်ခဏမျှ ငြိမ်နေပြီးမှ သူ ပြန်မေး လိုက်သည်။

[ဒီကိစ္စက ရိုးရာ စာရေးဆရာတွေနဲ့ တစ်ခုခု ပတ်သက်နေလား]

[အင်း…]

ဒိန်ချဉ်က ဆက်ပြောသည်။

[ရိုးရာ စာရေးဆရာတွေက ဒီကိစ္စကို တအား အစွန်းရောက်နေတာ၊ သူတို့ စကားတွေက နည်းနည်းလေး ပြင်းတယ်၊ ဒါပေမဲ့ သူတို့က ဒီနယ်ပယ်ရဲ့ စီနီယာတွေပဲလေ၊ ရိုးရာစာပေ အဆင့်က အွန်လိုင်း စာပေထက် ပိုမြင့်တယ်၊ အဲ့ဒါကြောင့် သူတို့နဲ့ သွားမရှုပ်တာ ပိုကောင်းတယ်]

တကယ်တမ်းတွင် သူတို့ website သည် ရဲ့လင်းချန်အတွက် တရားမျှတမှု မရအောင် မလုပ်ပေးနိုင်၍ အရှက်ရသလို ခံစားနေရသည်။ နတ်ဘုရားများကို သုတ်သင်ခြင်းကို အသုံးပြု၍ အွန်လိုင်းစာပေကို ကြော်ငြာခြင်းက သူတို့၏ မူရင်း အကြံဖြစ်သော်လည်း မထင်မှတ်ဘဲ ရိုးရာ စာရေးဆရာများထံမှ ပြင်းပြင်းထန်ထန် ဆန့်ကျင်ခြင်း ခံခဲ့ရသည်။

[စိတ်အေးအေးထားပါ၊ ကျွန်တော် ဒါကို သိပါတယ်]

[ဒါနဲ့ စကားမစပ် မင်းပရိသတ်တွေထဲက တစ်ယောက်က ပီကင်း တက္ကသိုလ်ကနော်၊ သူက မင်းအတွက် ကူပြီးတော့တောင် ပြောထားသေးတယ်၊ မင်း သူ့ကို ကျေးဇူးတင်သင့်တယ်]

ဒိန်ချဉ်က အသိပေးလာသည်။

*ပီကင်းတက္ကသိုလ်က ပါမောက္ခတစ်ယောက်တဲ့လား*

ရဲ့လင်းချန် ထိတ်လန့်သွားသည်။ သူသည်လည်း ပီကင်းတက္ကသိုလ်မှ ကျောင်းသားတစ်ယောက်ပင်။

သူ လိုက်ရှာပြီးနောက် ပို့စ်ကို တွေ့သွားသည်။ ထိုပိုစ့်၏ ကျော်ကြားမှုက အချိန်အတော်ကြာပြီးတာတောင်မှ ကျဆင်းမသွားဘဲ တိုးလာနေသည်။

အဘယ်ကြောင့် ဒိန်ချဉ်က သူ့ကို အကြံလာပေးသလဲ ဆိုသည်ကို ရဲ့လင်းချန် သဘောပေါက်သွားသည်။ ဝေဖန်မှုက အလွန် မခံချင်စရာ ကောင်းလှသည်။ မနာလိုစိတ်က ဖုံးလွှမ်းလာသောအခါ သူတို့က ခွေးရူးများသဖွယ် ဟောင်ကြ လေသည်။

သူ ထိုအရာများကို ဘယ်တုန်းကမှ အာရုံမစိုက်ခဲ့ဖူးချေ။ သို့မဟုတ်ပါက သူ ယခင်ကတည်းက ရန်ဖြစ်နေရ လောက်သည်။

ပထမဆုံး ရေပန်းစားလာသည့် အကြောင်းရင်းမှာ ရိုးရာ စာရေးသူများ အဖွဲ့အစည်း၏ ကောင်စီအဖွဲ့ဝင်ဟု ပြောလာသည့် ရိုးရာ စာရေးဆရာအိုကြီး တစ်ယောက်၏ မှတ်ချက်ကြောင့် ဖြစ်သည်။ သူ့အဆင့်အတန်းက ရိုးရာ စာရေးသူများကြားထဲတွင် အမြင့်ဆုံး ဖြစ်နေပြီး တစ်မူထူးခြားနေသည်။ သူသည် အလွန် ဆိတ်ဆိတ်နေတတ်သော လူကြီးတစ်ယောက် ဖြစ်ပြီး အလွန် လေးစားခံရသည့် မျိုးဆက်များထဲမှ တစ်ယောက် ဖြစ်၏။

တစ်ချိန်တည်းမှာပင် သူသည် စကားပြေနှင့် ကဗျာများ စသည့် လက်ရာများကို ထုတ်ဝေခဲ့ပြီး စာပေလောက၏ အခရာများထဲမှ တစ်ယောက် ဖြစ်သည်။

ပို့စ်ထဲမှ သူ့မှတ်ချက်က တစ်ခွန်းတည်း ဖြစ်သည်။

[ဆရာတွေက လှည့်လည်သွားလာနေတုန်း ခန်းမထဲမှ လူပြက် နေခဲ့တာပဲ၊ အွန်လိုင်းစာပေဆိုတာ ပိုက်ဆံကို မက်တဲ့ စာပေပဲ၊ ဒါကို အရှက်ကင်းမဲ့တယ်လို့ ပြောလို့ရတယ်၊ ဒီလက်ရာနဲ့ ပတ်သက်ရင်တော့ ငါ့ရဲ့ အရိုးသားဆုံး အထင်အမြင်က စာပေရဲ့စံကို ရောက်ဖို့ လိုသေးတယ်လို့ ပြောရမှာပဲ]

All Chapters