← Chapters

မတော်တဆ ခေါင်းစီးဖြစ်အောင် လုပ်မိခြင်း

Vol. 17 Ch. 255

မတော်တဆ ခေါင်းစီးဖြစ်အောင် လုပ်မိခြင်း

Vol. 17 Ch. 255

မူလက ပိုစ့်သည် လူတိုင်းအား အငြင်းပွားဖွယ် ခေါင်းစဉ်နှင့် ပတ်သက်၍ ပြောဆိုပြီး သူတို့၏ အမြင်များကို ဖလှယ်ရန် ဖြစ်သည်။

သို့သော် စာပေလောကမှ ဩဇာညောင်းသော ပုဂ္ဂိုလ်တစ်ယောက်က ကျွဲမြီးတိုလိမ့်မည်ဟု မည်သူမှ ထင်မှတ် မထားမိပေ။

ရိုးရာ စာပေအဖွဲ့အစည်းမှာ ကောင်စီဝင်တစ်ယောက်က မှတ်ချက်ကဏ္ဍ၌ ဝင်ပါနေသည်ကို မြင်သောအခါ လူတိုင်း လှုပ်လှုပ်ရွရွ ဖြစ်သွားလေသည်။

ယခင်က နတ်ဘုရားများကို သုတ်သင်ခြင်းအား အပြစ်တင်သူများသည် ပို၍ မောက်မာလာပြီး သူတို့၏ ဝေဖန်ချက်ကို ပို၍ ပြင်းပြင်းထန်ထန် သုံးနှုန်းလာသည်။ မှတ်ချက်များက နတ်ဘုရားများကို သုတ်သင်ခြင်းသည် ကလေးများအတွက် အမှိုက်စာအုပ်သာ ဖြစ်ကြောင်း ပေါ်တင် မပြောရုံတမယ် ဖြစ်လာသည်။

အချို့ဆိုလျင် နတ်ဘုရားများကို သုတ်သင်ခြင်းအား ပိတ်ပင်ရန်ပင် အကြံပြုကြသည်။ ထိုသို့ဆိုလျင် စာရေးသူက သူ ရှာခဲ့သမျှ ပိုက်ဆံအားလုံးကို ပြန်အမ်းရပေလိမ့်မည်။

ရိုးရာ စာရေးသူ အဖွဲ့အစည်း၏ ကောင်စီအဖွဲ့ဝင်ဟူသည့် ရာထူးက တရားမဝင် ရာထူးတစ်ခုမျှသာ ဖြစ်သော်လည်း ရာထူးတစ်ခု ဖြစ်နေဆဲပင်။ သူ့စကားလုံးများက စာပေလောကတွင်း၌ ယုံကြည်ကြသည်။ အကယ်၍ သူက လက်ရာတစ်ခုကို ချီးကျူးလိုက်လျင် ထိုလက်ရာက တကယ် ကောင်းသည်။ သူက မကောင်းဟု ပြောပါက ဆိုးရွားသည်ဟု သတ်မှတ်ကြ၏။

ကောင်စီအဖွဲ့ဝင်၏ ဝေ့ပေါ် အိုင်ဒီက ဟုန်ယန်ဖြစ်ကြောင်း ရဲ့လင်းချန် သတိထားမိသွားပြီး ယင်းက သူ့နာမည်အရင်း ဖြစ်လောက်သည်။

မနာလိုမှုနှင့် အနိုင်ကျင့်မှု စကားများကို ဥပေက္ခာပြု၍ ရဲ့လင်းချန် အောက်သို့ ဆက်ဆွဲကာ ကြည့်လိုက်သည်။

ဒုတိယဂယက်သည်လည်း ထိုပို့စ်မှ မှတ်ချက်တစ်ခုကြောင့် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ထိုမှတ်ချက်က ဟုန်ယန်ကို တန်းတူရည်တူ ပြန်ပြောထားသည့် မှတ်ချက်ပင်တည်း။

ဝေ့ပေါက သူ့အား ပီကင်းတက္ကသိုလ်မှ ပါမောက္ခဟု အတည်ပြုထားသည်။ သူ့ဝေ့ပေါ် အိုင်ဒီက ဝမ်ယွင် ဖြစ်ပြီး ၎င်းကလည်း သူ့နာမည်အရင်းပင်။

ဝေ့ပေါ် အတည်ပြုချက်က အတည်ပြုထားသည့် လက္ခဏာရပ်ပင်။

အကယ်၍ ဟုန်ယန်က လူပေါင်းများစွာကို ထိတ်လန့်အောင် လုပ်နိုင်စွမ်း ရှိလျင် ဝမ်ယွင်ကလည်း လူတိုင်းကို မျက်လုံးပြူးသွားစေသည်။ ဝမ်ယွင်၏ မှတ်ချက်ကို မြင်သောအခါ လူအများက မျက်လုံး ကျွတ်ကျမတတ် ဖြစ်သွားခဲ့သည်။

[ကောင်စီအဖွဲ့ဝင်ဟုန်၊ ခင်ဗျား နတ်ဘုရားများကို သုတ်သင်ခြင်းကို ဖတ်ပြီးသွားပြီလား၊ မဖတ်ရသေးရင် ခင်ဗျားမှာ ဒီလို မှတ်ချက်ပေးပိုင်ခွင့် မရှိဘူး၊ ကျုပ် နတ်ဘုရားကို သုတ်သင်ခြင်းကို အစကနေ တင်ထားပြီးတဲ့ အထိ ဖတ်ပြီးပြီ]

[နတ်ဘုရားများကို သုတ်သင်ခြင်းက စကားစုတွေနဲ့ အသုံးအနှုန်းတွေက ထူးခြားမှု မရှိပင်မယ့် လူအများက လက်ခံပြီး အသိအမှတ်ပြုတဲ့ သူ့နည်းသူဟန်နဲ့ ထင်ပေါ်နေတဲ့ အရာတစ်ခု ဖြစ်နေတာကတော့ ငြင်းမရဘူး၊ ငါ့ကျောင်းသား တစ်ယောက်က ငါ့ကို နတ်ဘုရားများကို သုတ်သင်ခြင်း ဖတ်မိသွားအောင် လုပ်နိုင်ခဲ့တာ၊ သူက ငါ့အတန်းထဲမှာ ဒီစာအုပ်ကို ဖတ်နေပြီးတော့ အဲ့ထဲ မျောသွားသလို ထအော်ခဲ့တာ၊ တစ်ခန်းလုံး ဒီစာအုပ် ဖတ်တယ်ဆိုတာကို ငါ နောက်ပိုင်းမှ သိခဲ့ရတာ]

[အဲ့အချိန်တုန်းက ဒီစာအုပ်က ဘာလဲ၊ ပြီးတော့ ဘာလို့ ဒီလောက် ဆွဲဆောင်နိုင်ရတာလဲလို့ သိချင်ခဲ့မိတယ်၊ နောက်ပိုင်း ငါ နည်းနည်းလောက် ဖတ်မိတော့ အတွေးအခေါ်၊ ဇာတ်အိမ်၊ ဇာတ်ကောင်တွေနဲ့ စာအုပ်ရဲ့ အကြောင်းအရာ အားလုံးက သိပ်ကောင်းတယ်၊ ပြီးတော့ နိမ့်ကျခြင်း မရှိဘူး]

[လောကအတွက် စိတ်ကောင်းထားပြီး လူတွေအတွက် အသက်တမျှ တန်ဖိုးထားတယ်၊ ပုန်းကွယ်နေတဲ့ ပညာတွေကို ကြိုးစားသင်ယူပြီး လောကအတွက် ငြိမ်းချမ်းမှုကို ယူဆောင်လာပေးချင်တယ်၊ ဒါ ဒီစာအုပ်ထဲက စကားပဲ]

[ါတို့မျိုးဆက်တွေက ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းပြီး မွေးဖွားလာကြရတယ်၊ အသက်ရလာတာနဲ့အမျှ ငါတို့ လူ့အဖွဲ့အစည်းထဲ ခြေချခဲ့ကြတယ်၊ ကြီးမြတ်တဲ့အရာတွေကို အိပ်မက်မက်ပြီး စိတ်ကူးယဉ်စရာတွေကို ပြောခဲ့ကြတယ်၊ အရက်မူးနေတဲ့ညကို ဘယ်အရာကမှ မယှဉ်နိုင်ဘူး၊ ဒါလည်း ဒီစာအုပ်ထဲကပဲ]

[ဒါတွေအားလုံးက ခိုင်လုံတဲ့ အောင်မြင်မှုတွေပါပဲ၊ ကျေးဇူးပြုပြီး ဒါတွေကို မသိချင်ယောင် မဆောင်ပါနဲ့]

ဝမ်ယွင်၏ မှတ်ချက်များက ရှည်လျားသော်လည်း နတ်ဘုရားများကို သုတ်သင်ခြင်းအား သူ မည်မျှ သဘောကျကြောင်း ပြသနေသဖြင့် လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။

[သူက ပီကင်းတက္ကသိုလ်က ပါမောက္ခလား]

[တွေးတတ်လိုက်တာ]

[သူက ဒဏ္ဍာရီလာ ဇာတ်ကောင်တစ်ခုလိုပဲ]

တက္ကသိုလ် ပါမောက္ခများသည် နှုတ်နည်းသည်ဟု လူသိများကြသည်။ ထို့အပြင် ပီကင်းတက္ကသိုလ်မှ လာသည်ဟု သိရလျင် မည်သူမဆို သူတို့နှင့် သိကျွမ်းချင်သည့် မျှော်လင့်ချက် ဖြစ်လာသည်။

ထို့အပြင် ပါမောက္ခက နတ်ဘုရားများကို သုတ်သင်ခြင်းအား ဖတ်သည့်အပြင် အလွန် ချီးကျူးထားသေးသည်။

တစ်ခဏအတွင်းမှာပင် နတ်ဘုရားများကို သုတ်သင်ခြင်းအား ဖတ်ရှုသူများနှင့် သူတို့နှင့် ပါမောက္ခကြားမှ ကွာဟချက်က နီးကပ်လာသည်ဟု ခံစားမိလာသည်။ သူတို့၏ ခံစားချက်က ဦးဆောင်နေသော ပုဂ္ဂိုလ် တစ်ယောက်ဟု သတ်မှတ်နိုင်သည့် ပါမောက္ခနှင့် သွားတူနေသည် မဟုတ်ပါတကား။

ဝမ်ယွင်သည် မနေ့ညကမှ မှတ်ချက်ကို ပြန်ပြောထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူ တစ်ခါတည်း လူသိများ လာသည်။

တစ်နေ့တည်းနှင့် မှတ်ချက်ပေးနိုင်သည့် ကဏ္ဍက အုတ်အုတ်ကျက်ကျက် ဖြစ်လာ၏။ အောက်ဘက်မှ မှတ်ချက်များသည် ပါမောက္ခကို လေးစားသည့် စကားများ ဖြစ်လေသည်။

[လခွမ်း ပီကင်းတက္ကသိုလ်က ပါမောက္ခလား၊ ပီကင်း တက္ကသိုလ်က ပါမောက္ခနဲ့ ငါ လိုင်းပေါ်ကနေ စကားပြော ခဲ့မိတာပဲ၊ ငါ ဒီအကြောင်းကို တစ်နှစ်လုံး ထိုင်ကြွားလို့ရပြီကွ]

[အား … ပါမောက္ခရေ၊ ကျေးဇူးပြုပြီး ကျွန်တော် ဂါဝရပြုတာကို လက်ခံပေးပါ]

[ငါ ပါမောက္ခကို တစ်ခုခု ပြောချင်လို့ ဒီကို လာတာ၊ ဒါမှ ငါ့ကိုယ်ငါ မိမိုက်တယ်လို့ ထင်ရအောင်လို့ပေါ့]

[ငါ ဘယ်လောက်ပဲ အိပ်မက် မက်ခဲ့ပါစေ ပီကင်းတက္ကသိုလ်ကို ငါ တစ်ခါမှ မမက်နိုင်ခဲ့ဘူး၊ ပါမောက္ခ တစ်ယောက်နဲ့ တွေ့ခွင့်ရတာကို တွေးမိလိုက်ရုံနဲ့တင် အံ့ဩဖို့ ကောင်းနေပြီ]

…

ပို့စ်က လူစိတ်ဝင်စားမှုများလာပြီး နာမည်ကြီးလာသည်က အံ့ဩစရာ မဟုတ်တော့ပါ။ ၎င်းက နာမည်ကြီး ပုဂ္ဂိုလ်၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့သည်ပဲ။

ဝမ်ယွင်၏ မှတ်ချက်များကို ဖတ်ပြီးနောက် ရဲ့လင်းချန် ခေါင်းခါလိုက်မိပြီး မချိပြုံး ပြုံးလိုက်မိသည်။ ယင်းက တိုက်ဆိုင်လွန်း အားကြီးလှသည်။ ထိုပါမောက္ခသည် သူ့ကိုလည်း စာသင်ဖူးသည်။ သူသည် ဟောင်ကျန်း အတန်းထဲ၌ ဝတ္ထု ခိုးဖတ်နေသည်ကို မိသွားခဲ့သည့် ပါမောက္ခကြီးပင်တည်း။

ဟောင်ကျန်းကို အပြစ်ပေးပြီးနောက် ထိုပါမောက္ခကြီးက နတ်ဘုရားများကို သုတ်သင်ခြင်းအား ဖတ်ခဲ့သည်က တကယ်ပင် အံ့ဩစရာ ကောင်းလှသည်။

ရဲ့လင်းချန်၏ ဆရာဖြစ်သူ ပါမောက္ခတစ်ယောက်က သူ့စာအုပ်ကို ဖတ်နေသည်။ ထို့အပြင် သူသည် အရေးကြီးသော အခြေအနေ၌ သူ့ကိုယ်စား ဝင်ပြောပေးခဲ့သည်။ ယင်းက ရဲ့လင်းချန်အား မဖော်ပြနိုင် လောက်အောင် ဂုဏ်ယူမိသွားစေသည်။

အချိန်တစ်ချို့ကြာအောင် လိုက်ကြည့်ပြီးနောက် သူက ဝမ်ယွင်၏ မှတ်ချက်အောက်၌ ဝင်ရေးလိုက်သည်။

“ဆရာရေ၊ ဆရာ့ကျောင်းသားက ဝင်ကူပေးတဲ့အတွက် ကျေးဇူးတင်နေပါတယ်”

ရိုးရှင်းသော စကားတစ်ခွန်းက ထိုည၌ အခြေအနေကို မထင်မှတ်ထားလောက်သည်အထိ တိုးတက် သွားစေသည်။ အင်တာနက်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်လာ၏။

စာပေ အဖွဲ့အစည်းတွင် အုတ်အော်သောင်းနင်း ဖြစ်သွားသလို အွန်လိုင်း စာပေအဖွဲ့အစည်း၌လည်း ထိုနည်းတူပင်။

နောက်တစ်နေ့တွင် ရဲ့လင်းချန် ပုံမှန်အတိုင်း နိုးလာသည်။ သူက ရှောင်ချင်နှင့် ရှောင်ဟွေကို ခေါ်၍ မနက်ခင်း လေ့ကျင့်ခန်း လုပ်လေသည်။

မနက်စာ စားပြီးနောက် သူ ဖုန်းကိုဖွင့်၍ ဝေ့ပေါ်ထဲ ဝင်လိုက်သည်။ သူ့ဖုန်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် အံ့ဩသွားရသည်။

ဝေ့ပေါ်၌ ရေပန်းစားနေသော ရှာဖွေမှုများ နံပါတ်တစ်: မြို့တော် ဆာဖာရီဥယျာဉ်မှ အံ့ဩစရာ ဝံပုလွေပေါက် လေးများ

ဝေ့ပေါ်၌ ရေပန်းစားနေသော ရှာဖွေမှုများ နံပါတ်နှစ်: နတ်ဘုရားများကို သုတ်သင်ခြင်း၏ စာရေးသူက ပီကင်း တက္ကသိုလ်က ကျောင်းသားတစ်ယောက် ဖြစ်နေတာတဲ့လား

ဝေ့ပေါ်၌ ရေပန်းစားနေသော ရှာဖွေမှုများ နံပါတ်သုံး: ဟော်ရန်ကျား၏ ဇာတ်သိမ်းပိုင်း

ရေပန်းစားနေသော ရှာဖွေမှု သုံးခုလုံးကို ရဲ့လင်းချန် သိပါသည်။ အဘယ်ကြောင့်ဆိုသော် သုံးခုလုံးက သူနှင့် ပတ်သက်နေသောကြောင့်ပင်။

*သောက်ကျိုးနည်း အားလုံး ပွက်လောရိုက်နေပါလား*

*ငါ မတော်တဆ သတင်းထူး ဖြစ်သွားတာလား*

နံပါတ်တစ် ရေပန်းစားနေသော ရှာဖွေမှုကို သူ နှိပ်ကြည့်လိုက်သည်။ တစ်စုံတစ်ယောက်က ဆာဖာရီထဲက မတော်တဆမှုကို ဗွီဒီယို ရိုက်ထားခဲ့သည်။ ထိုအပိုင်းမှာ ရှောင်ချင်နှင့် ရှောင်ဟွေတို့က ခွေးအများကို တိုက်ခိုက်၍ ကလေးကို ကာကွယ်ပေးနေသည့် အပိုင်းပင်။

မှတ်ချက်ပေးသော ကဏ္ဍတွင် အလွန်အမင်း သက်ဝင်လျက် ရှိလေသည်။

[ဒါ ရုပ်ရှင် မဟုတ်တာ သေချာလား၊ ဒါက အရမ်း မိုက်နေတယ်ကွာ]

[အဲ့ဝံပုလွေလေး နှစ်ကောင်က လုံးဝကို လူလိုပဲ၊ တအား ချစ်စရာကောင်းပြီး သူရဲကောင်းဆန်တယ်]

[သိပ်ချစ်စရာ ကောင်းလိုက်တာ၊ ဒီဝံပုလွေလေး နှစ်ကောင်က အသိဉာဏ်ပွင့်သွားတာလား၊ ဘာလားပဲ၊ တိရစ္ဆာန်တွေကို လူလို ပြုမူဖို့ ခိုင်းတာကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ခဲ့ကတည်းက တားမြစ်ထား တာလားလို့]

[အား…အား…အား… သူတို့က တအား ချစ်ဖို့ကောင်းတာပဲ၊ သူတို့ ကလေးကို ကာကွယ်ဖို့ အဲ့လောက် အတိုင်းအတာထိ လုပ်တာက အံ့ဩဖို့ ကောင်းလွန်းတယ်၊ ကြည်နူးဖို့ ကောင်းလွန်းလို့ ငါ ငိုမိတော့မယ်]

[နောက်ဆုံးနားလေးမှာ အစိမ်းရောင်နဲ့ ဝံပုလွေလေး အကိုက်ခံလိုက်ရတာလား၊ ဒဏ်ရာက ပြင်းထန်လား၊ ဆာဖာရီကလူတွေ ဖြေပေးကြပါဦး]

[မင်း ပြောတာ ဟုတ်တယ်၊ သူတို့ သူ့ကို အကောင်းဆုံး ကုသမှု ပေးကိုပေးရမယ်၊ ဒီဝံပုလွေလေးတွေကို ကောင်းကောင်း ဂရုစိုက်မှဖြစ်မယ်၊ အိုး … ငါလည်း တစ်ကောင်လောက် မွေးလို့ရရင် ကောင်းမှာပဲ]

[ဆာဖာရီကလူတွေရေ၊ ဒီဝံပုလွေလေးတွေက ရောင်းဖို့လား၊ သူတို့က ဘယ်လောက်လဲ ဈေးသာ ပြောလိုက်ပါ၊ သူတို့က ကြီးလာရင် သက်တော်စောင့်တွေထက်တောင် ပိုသာမှာ]

ရှောင်ချင်နှင့် ရှောင်ဟွေတို့က အင်တာနက်ပေါ်တွင် နာမည်ကြီးနေ၏။ ဗွီဒီယိုကို ကြည့်ရှုသည့် အရေအတွက် ကလည်း တစ်ဟုန်ထိုး မြင့်တက်နေပြီး ငါးသန်းကျော်နေသည်။ Tencent News နှင့် Sina News တို့ကတောင်မှ ၎င်းကို ကြော်ငြာ၍ တစ်နိုင်ငံလုံးမှ လူများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နေလေသည်။

ဝံပုလွေလေးနှစ်ကောင်က သာမန်ထက် ထူးခြားလွန်းသည် မဟုတ်ပါလော။

ရဲ့လင်းချန် ဒုတိယနေရာမှ သတင်းကို နှိပ်ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်းပင် မနေ့ညက သူ ပြန်ပြောလိုက်သည့် စကားနှင့် ပတ်သက်နေသော သတင်းပင်။

[လခွမ်း ငါကဝိုင်က ပီကင်းတက္ကသိုလ်က ကျောင်းသားတစ်ယောက်လား၊ သူ့အရေးအသား တအား ကောင်းနေတာက အံ့ဩစရာ မဟုတ်တော့ဘူးပဲ]

[သေစမ်း၊ အဲ့ပါမောက္ခက စာရေးဆရာရဲ့ ဆရာလား၊ ဆရာတစ်ယောက၈်က သူ့ကျောင်းသား ရေးတဲ့ ဝတ္ထုကို ကိုယ်တိုင် အဆက်မပြတ် လိုက်ဖတ်နေတာက တိုက်ဆိုင်လိုက်တာ]

[နာမည်ကြီး ဆရာတွေက အဖိုးတန်တဲ့ တပည့်တွေကို မွေးထုတ်နိုင်တာပဲ၊ ပီကင်းတက္ကသိုလ်က ထူးချွန်တဲ့ ကျောင်းသားကို လေးစားမိပြီ]

[စာပေလောကထဲမှာ နောက်ထပ် ဝိုင်တစ်ယောက် ရှိနေတဲ့ပုံပဲ၊ ငါ ဒါကို အခုမှ ပထမဆုံး ကြားဖူးတာ]

[ငါကဝိုင်က တကယ်တော့ ငါ့တက္ကသိုလ်က ကျောင်းနေဖက် ဖြစ်နေပါလား၊ ငါ ဂုဏ်ယူမိပြီ၊ ပြီးတော့ … ငါ လက်မှတ်လေး တောင်းလို့ရမလား]

All Chapters