← Chapters

ရေအစွန်အဖျားပညာရပ်.......

Vol. 5 Ch. 57

ရေအစွန်အဖျားပညာရပ်.......

Vol. 5 Ch. 57

လျန်ကျုံး ခွန်အားကို ထိန်ချန်မထားဘဲ အစွမ်းကုန်ထုတ်ဖော်ကာ လီလော့ကို ခုတ်ပိုင်းလိုက်ခြင်းဖြစ်သည်။

လီလော့သည် မရှောင်တိမ်းလိုက်ဘဲ ​​​ခြေဖျားထောက်ကာ သိမ်းငှက်တစ်ကောင်သဖွယ် ခုန်ပျံလိုက်သည်။ လီလော့၏ဓားနှစ်လက်တွင်လည်း ရေပဲ့တင်ထပ်သံစွမ်းအားမျက ရေလှိုင်းများသဖွယ်ရစ်သိုင်းနေလေသည်။

ဓားနှစ်လက်ထိခတ်မိသည့်အခါ စွမ်းအားမျပေါက်ကွဲထွက်လာပြီး သစ်ရွက်​ခြောက်များ လွင့်ပျံလာသည်။

သို့သော်လည်း ထိုခုခံမှုကြောင့် လျန်ကျုံး မျက်နှာ ပျက်သွားခဲ့ရသည်။ လီလော့သည် စည်းတံဆိပ်ရှစ်ခုအဆင့်ဖြစ်သော သူ့ကို နည်းနည်းမျှ ထိတ်လန့်နေပုံမရပေ။

သူသည်လည်း လီလော့ကို ဖိနှိပ်မထားနိုင်ခဲ့ပေ။

// မဖြစ်နိူင်လိုက်တာ..... ဒီကောင်မှာ စည်းတံဆိပ်ခုနှစ်ခုအဆင့် ခွန်အားလောက်ပဲရှိတာပါ//

လျန်ကျုံး အံ့သြနေခဲ့မိသည်။

"စည်းတံဆိပ်ရှစ်ခုအဆင့်ကလည်း ထင်သလောက်လည်း မဟုတ်ပါလား...."

လီလော့ ပြုံးလိုက်သည်။သူ၏ ရေအလင်းပဲ့တင်ထပ်သံသည် အဆင့်​ခြောက်ရောက်သွားပြီဖြစ်သဖြင့် ကျင့်ကြံမှုအဆင့်သည် စည်းတံဆိပ်ခုနှစ်ခုအဆင့်တွင်သာရှိသေးသော်လည်း စည်းတံဆိပ်ရှစ်ခုအဆင့်ရှိသည့်စုန်ယွမ်ဖန်ကိုပင် ကြောက်စရာမလိုတော့ပေ။

" အရှက်မရှိ ကြွားဝါနေတဲ့ကောင်....."

လျန်ကျုံး ဒေါသတကြရေရွတ်လိုက်ပြီး ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်ကာ ဓားချက်များကို ထပ်မံထုတ်ဖော်လိုက်ပြန်သည်။

လီလောကြလည်း လျင်မြန်စွာဖြင့်ခုခံလိုက်သည့်အခါ အပြာရောင်တောက်ပနေသော ဓားနှစ်လက်သည် လျန်ကျုံး၏ တိုက်ကွက်များကို အပြင်းအထန်ဖိနှိပ်ထားနိုင်ခဲ့သည်။

လျန်ကျုံး အလွန်ပင် ဒေါသထွက်နေလေပြီ....

ထန်...ထန်...ထန်....

နှစ်ယောက်သား တိုက်ကွက် တစ်ဒါဇင်ခန့် ဖလှယ်ပြီးချိန်တွင် တောအုပ်အတွင်း၌ သတ္ထုချင်းထိခတ်နေသံများ ပဲ့တင်ထပ်နေလေ၏။

တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားနေခဲ့ပြီး တဖြည်းဖြည်းနှင့် လျန်ကျူံး အရေးနိမ့်လာခဲ့သည်။

" ကျောက်စိမ်းကိုးလွှာ အဆင်မြင့်ပညာရပ်လား..??"

လျန်ကျူံး ဖြူဖျော့သွားလေ၏....ထိုပညာရပ်သည် တိုက်ပဲဲပြင်းထန်လာသည်နှင့်အမျှ စွမ်းအားများကို စုဆောင်းပြီး ပိုမိုအားကောင်းလာသော ပညာရပ်ဖြစ်သည်။အထွတ်အထိပ်အခြေနေသို့ ရောက်သွားမည်ဆိုပါက ရှုံးနိမ့်ရမည့်သူသည် သူ ( လျန်ကျုံး ) သာပင် ဖြစ်ချေတော့မည်။

လျန်ကျုံးသည် တိုက်ပွဲအတွေ့အကြုံကြွယ်ဝသူ ပီပီ အတွေးတစ်ချက်ဖြင့် စွမ်းအားများကို ထုတ်ဖော်လိုက်ပြီး ဓားကို ထောင့်ဖြတ် လွှဲခုတ်လိုက်သည်။

" မြေကမ္ဘာရိုက်ချက် !!!"

ထိုဓားချက်ကြောင့် မြေပြင်ကွဲအက်သွားသော်လည်း လီလော့က ဓားနှစ်လက်ဖြင့်ဝှေ့ယမ်းလိုက်ပြီး ဖြာထွက်လာသော စွမ်းအားကို ပိတ်ဆို့တားဆီးနိုင်ခဲ့သည်။

" မင်းက ငါ့ရဲ့ကျောက်စိမ်းကိုးလွှာကို ဖျက်ဆီးချင်နေတယ်ပေါ့.....မင်း အဲ့သလောက်ထိ မသန်မာသေးပါဘူးကွာ...."

လီလော့၏ လှောင်ပြောင်မှုကြောင့် လျန်ကျုံး၏ မျက်နှာသည် ပို၍ပင် အကျည်းတန်လာခဲ့သည်။ လီလော့သည် စည်းတံဆိပ်ခုနှစ်ခုအဆင့် ဖြစ်ပါလျှက်နှင့် အဘယ့်ကြောင့်များ သန်မာနေရသနည်း.......

ယခင်တိုက်ကွက်များကို ကြည့်ရုံဖြင့်

လီလော့၏ ပဲ့တင်ထပ်သံစွမ်းအားသည် ထူးဆန်းနေကြောင်း ရှင်းလင်းစွာခံစားမိခဲ့ရသည်။ ၎င်းသည် သူ၏ မြေပဲ့တင်ထပ်သံစွမ်းအားကို အံ့အားသင့်စွာ ဆန့်ကျင်စွာ နိုင်ခဲ့သည်။

လီလော့၏ ပဲ့တင်ထပ်သံသည် အဆင့်မြင့်သော အဆင့်တစ်ခုတွင်ရှိနေသည်မှာ သေချာလောက်သည်။

// နေစမအးပါဉီး ငါရထားတဲ့သတင်းတွေအတိုင်းဆို လီလော့ရဲ့ ပဲ့တင်ထပ်သံက အဆင့်ငါးပါ...ဘယ်လိုဖြစ်ပြီး ကိုင်တွယ်ဖို့ ခက်ခဲနေရတာလဲ.....//

လျန်ကျုံး အတွေးများနေချိန်တွင် လီလော့သည် ပိုမိုသန်မာလာပြီဖြစ်သည်။

ကျောက်စိမ်းကိုးလွှာကို ပြည့်စုံစွာဖွဲ့စည်းပြီးပြီဖြစ်သောကြောင့် တန်ပြန်တိုက်ခိုက်ဖို့ အချိန်တန်လာခဲ့လေပြီ.....

လီလော့၏ ဓားနှစ်လက်ထံမှ ထွက်ပေါ်လာသော အပြာရောင်အလင်းတန်းများသည် မျက်စိကြိမ်းလောက်သည်အထိ တောက်ပနေပြီး လျန်ကျူံ၏ ရင်ဘတ်ဆီသို့ ဉီးတည်တိုးဝင်သွားလေသည်။

လီလော့၏တိုက်ခိုက်မှုသည် အညှာတာမဲ့လွန်းလှပေသည်။

လီလော့၏ ရုတ်တရက် တန်ပြန်တိုက်ခိုက်မှုကြောင့် လျန်ကျုံး ၏ အမူအရာသည် လေးနက်သွားခဲ့သည်။ကျောက်စိမ်းကိုးလွှာစွမ်းအားများစုပုံနေသောဓားချက်ကြောင့် လီလော့၏တိုက်ခိုက်မှုကို လျှော့မတွက်ဝံ့ပေ။

ထို့ကြောင့် အသက်ပြင်းပြင်းရှူလိုက်ပြီး ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်လိုက်သည့်အခါ အဝါရောင်အလင်းဖျော့ဖျော့သည် သူ့ခန္ဓာကိုယ်ပေါ်တွက် ချပ်ဝတ်တစ်ခုသဖွယ် ဖွဲ့စည်းလာခဲ့သည်။

" မြေကမ္ဘာချပ်ဝတ် !!!"

ထိုချပ်ဝတ်သည် အလွန်ခိုင်ခံ့မည့်ပုံရသည်။ လီလော့ကို လျှော့မတွက်ဝံ့တော့သောကြောင့် လျန်ကျုံး ပညာကုန်ထုတ်သုံးနေပြီဖြစ်သည်။

အပြာရောင်တောက်ပနေသော ဓားချက်သည် မြေကမ္ဘာချပ်ဝတ်ပေါ် ကျဆငသွားသည့်​အခါ ချပ်ဝတ်ပေါ်တွက် အက်​ကြောင်းများ ဖြစ်ပေါ်လာပြီး လျန်ကျူံးသည် လည်း ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်လိုက်ရပြီး သစ်ပင်များနှင့်ပင်တိုက်မိခဲ့လေသည်။

ရင်ဘတ်တစ်ခုလုံး နာကျင်ကိုက်ခဲနေ

သော်လည်း တော်သေးသည်ဟုပင် ဆိုရပေမည်။ သူ၏ခိုင်ခံ့သောချပ်ဝတ်တန်ဆာကြောင့် လီလော့၏ပြင်းထန်လှသော

တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ခဲ့သည်မဟုတ်လော.....

" မာလိုက်တဲ့ အခွံ...."

လီလော့ အံ့သြမိနေသည်။ မြေပဲ့တင်ထပ်သံသည် ခုခံရေးပိုင်းတွင် အားသာသော ပဲ့တင်ထပ်သံအမျိုးအစားဖြစ်သော်လည်း လျန်ကျုံး ခုခံရန်ရွေးချယ်လိုက်ခြင်းသည် မှားယွင်းသော ရွေးချယ်မှု ဖြစ်ခဲ့လေသည်။

လီလော့သည် သူနှင့် လက်ရည်တူတိုက်ခိုက်နိုင်ကြောင်း သိလိုက်ရသဖြင့် လျန်ကျုံး၏ အမူအရာသည် ပို၍ လေးနက်လာခဲ့သည်။

လီလော့သည် သူ့ကို ခံစစ်အနေအထားနှင့် ခုခံရသည်အထိ ဖိအားပေးနိုင်ခဲ့သည်။

" မင်းက ငါ့လို စည်းတံဆိပ်ရှစ်ခုအဆင့်ကို လက်ရည်တူတိုက်နိုင်တဲ့အထိ သန်မာပေမယ့် ဒီလောက်လေးနဲ့ ငါ့ကို အနိုင်ယူဖို့တော့ မဖြစ်နိုင်သေးဘူး...."

လျန်ကျုံး မြေကမ္ဘာချပ်ဝတ်ဆီ စွမ်းအားများ ထပ်မံပို့လွှတ်နေရင်း လီလော့ကို လှမ်းပြောလိုက်သည်။

လီလော့ကလည်း......

"လျန်ကျုံး မင််းအရှက်မဲ့လှချည်လား...ငါ့ကိုမနိူင်လို့ လိပ်လို အခွံထဲပုန်းနေရတာတောင် မောက်မာနိုင်သေးတယ်နော်...."

လျန်ကျုံးက လီလော့ တမင်ရန်စနေမှန်း သိသောကြောင့် လီလော့ပြောသမျှကို လျစ်လျူ ရှူထားလိုက်ပြီး.....

"မင်း ရိုက်နိုင်ရင် လာရိုက်လိုက်လေ....."

"အေး မင်းဘက်ကတောင်းဆိုနေမှတော့ငါကလည်း ရိုက်ပေးရသေးတာပေါ့....."

လီလော့ ပြုံးလိုက်ပြီး ပဲ့တင်ထပ်သံစွမ်းအားများကို ဓားနှစ်ဆီ ပို့လွှတ်လိုက်သည့်အခါ ဓားသွားပေါ်တွင် အပြာရောင်အလင်းများတောက်ပလာပြီး လျင်မြန်စွာလည်ပတ်နေသော ရေဓားများနှင့်ပင်တူနေတော့သည်။

"ရေအစွန်အဖျား အဆင့်မြင့်ပညာရပ်လား....???"

လျန်ကျုံး စိတ်အေးသွားခဲ့ရသည်။ ထိုပညာရပ်သည် ရေပဲ့တင်ထပ်သံပညာရပ်များကို စတင်လေ့လာသူများအတွက် ပြင်းထန်ရက်စက်သော ပညာရပ်တစ်ခုဖြစ်ပြီး ရေပဲ့တင်ထပ်သံစွမ်းအားကို အသုံးပြုပြီး အရှိန်နှုန်းတိုးလာစေကာ လျင်မြန်စွာ  ဖြတ်တောက်နိုင်စွမ်းရှိ​သော ပညာရပ်တစ်ခုဖြစ်သည်။

သို့သော်လည်း ရေပဲ့တင်ထပ်သံဟူသည် တိုက်စစ်ဆင်ရန် မသင့်တော်သော ပဲ့တင်ထပ်သံအမျိုးအစားဖြစ်သောကြောင့် လျန်ကျုံး၏ မြေကမ္ဘာချပ်ဝတ်ကို ထိုးဖောင်နိုင်လိမ့်မည်မဟုတ်ပေ။

လီလော့က လျန်ကျုံးအတွေးများကို သိနေပုံရသည်။

" အေး....ပုံမှန် ရေအစွန်အဖျား ပညာရပ်ဆိုရင်တော့ အလုပ်ဖြစ်မှာမဟုတ်လောက်ဘူး....ဒါပေမယ့် ငါ အခုသုံးလိုက်တဲ့ပညာရပ်က ရိုးရိုးရေအစွန်အဖျားပညာရပ်မှ မဟုတ်တာ...."

လီလော့စကားပြောနေစဉ်တွင် ဓားသွား​ပေါ်တွင် စူးရှသော အလင်းတစ်ချက် လင်းလက်သွားသည်ကို လီလော့တစ်ဉီးတည်းသာတွေ့မြင်လိုက်ရသည်။

ဤသည်မှာ အလင်းပဲ့တင်ထပ်သံကို ပေါင်းထည့်လိုက်ခြင်းဖြစ်သည်။ထို့ကြောင့် ရေအစွန်အဖျားပညာရပ်သည် ပို၍ အစွမ်းထက်လာပေတော့မည်။

ပိုတောက်ပလာသော ဓားသွားများကို ကြည့်ရင်း လျန်ကျုံး ဘာ့ကြောင့်မှန်းရယ်မသိ  ထိတ်လန့်လာမိသည်။

" လာလိုက်စမ်းပါ!!!! ငါမင်းကို လုံးဝမကြောက်ဘူး! !!!"

လျန်ကျုံး အော်ဟစ်နေဆဲမှာပင် လီလော့၏ ဓားချက်များသည် မြေကမ္ဘာချပ်ဝတ်ကို ထွင်ဖောက်သွားခဲ့လေပြီ.....

လီလော့ ဓားနှစ်လက်ကို ဓားအိမ်ထဲပြန်ထည့်လိုက်ပြီး လျန်ကျုံးကို ခပ်အေးအေးစိုက်ကြည့်နေလေ၏။

လျန်ကျုံး တောင့်တင်းနေပြီး တခဏအကြာတွင် မြေကမ္ဘာချပ်ဝတ်သည်လည်း အစနမကျန်အောင် ပျောက်ကွယ်သွားလေသည်။

ထိုတိုက်ပွဲကို တောအုပ်အတွင်းတွင်ရှိနေသူများ သတိမထားမိလိုက်သော်လည်း အမှတ်စာရင်း ပြသထားသော တောက်ခြေရှိ မှန်နံရံကြီးပေါ်တွင် တိုက်ရိုက်မြင်တွေ့နိုင်ပေသည်။

All Chapters