ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှု......
Vol. 5 Ch. 58
အဖြူရောင်ဝိဉာဉ်တောင်ခြေတွင်......
ဆွေးနွေးသံများ ကျယ်လောင်ဆူညံနေလေ၏။
သလင်းကျောက်နံရံပေါ်တွင် အမှတ်စာရင်းအပြောင်းအလဲများကို ပြသာထားပြီး ၎င်း၏ဘေးရှိ မှန်နံရံပေါ်တွင် ပြင်းထန်သော တိုက်ပွဲများကို တိုက်ရိုက်ပြသနေသောကြောင့် ပရိသတ်များ ရင်တမမနှင့်ကြည့်ရှုနေကြရသည်။
ထိုအချိန်တွင် ရုတ်တရက် မြင်ကွင်းပြောင်းသွားပြီး တောအုပ်အတွင်းတွင် တိုက်ခိုက်နေသော တိုက်ပွဲတစ်ခုကို တွေ့မြင်လိုက်ကြရသည်။
မဏ္ဍပ်ထဲတွင်မူ ချိုင်ဝေသည် ပျင်းလွန်းလှသဖြင့် စပျစ်သီးများကို စိမ်ပြေနပြေ အခွံခွာနေပြီး ပါးစပ်ထဲ ထည့်တော့မည့်အချိန်တွင် မှန်နံရံပေါ်တွင် ပြသနေသော တိုက်ပွဲဆီအာရုံရောက်သွားခဲ့သည်။
" ပုံထဲမှာ မြင်နေရတဲ့သူက သခင်လေးနဲ့ နည်းနည်းဆင်တယ်နော်....."
ချိုင်ဝေ မေးလိုက်သည့်အခါ ယန်လင်းချီက မှန်ရနံရံပေါ်က ပုံရိပ်များကို သေချာကြည့်လိုက်ပြီး.....
" ဟုတ်တယ်...အဲ့တာ လီလော့ပဲ...."
ချိုင်ဝေ စပျစ်သီးစားရန် အာရုံမရတော့ဘဲ ချက်ချင်းမတ်တပ်ထရပ်လိုက်ပြီး.....
" ဒါဆို သခင်လေးနဲ့ တိုက်ခိုက်နေတာ ဘယ်သူလဲ...."
" အရှေ့ပိုင်းရေကန်ရဲ့ ဒုတိယအတော်ဆုံးကျောင်းသား လျန်ကျုံးပဲ...သူက အဆင့်ခြောက် မြေပဲ့တင်ထပ်သံပိုင်ဆိုင်ထားတဲ့
စည်းတံဆိပ်ရှစ်ခုအဆင့်ကျွမ်းကျင်သူတစ်ယောက်..... ဒီလောက်သန်မာတဲ့သူကို လီလော့ ဘာကြောင့်များ ရန်သွားစရတာလဲမသိဘူး...."
" ဒါက ရှုံးထွက်အဆင့်လေ....သခင်လေးဘက်က ရှောင်နေရင်တောင် ပြသာနာက သူ့ဆီရောက်ကို ရောက်လာဉီးမှာပဲ...."
ချိုင်ဝေ မျက်မှောင်ကြုံ့ပြီး မှန်နံရံပေါ်က ပုံရိပ်များကို မမှိတ်မသုန်စိုက်ကြည့်နေလေ၏။
ခက်ခဲသော တိုက်ပွဲဖြစ်မည်မှန်း သိနေသောကြောင့် ချိုင်ဝေရော ယန်လင်းချီပါ တိုက်ပွဲမြင်ကွင်းကို အာရုံစိုက်ပြီး ကြည့်နေခဲ့ကြသည်။
အားလုံး၏ အကြည့်များသည်
လီလော့တို့၏ တိုက်ပွဲကိုတွင်သာ စုပြုံကျရောက်နေခဲ့သည်။ လီလော့နှင့် လျန်ကျုံးတို့ တိုက်ခိုက်လိုက်ချိန်တိုင်း ချိုင်ဝေနှင့်ယန်လင်းချီတို့၏ မျက်နှာလေးများ ရှုံ့မဲ့သွားကြသည်။
သို့သော်လည်း တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ နိုင်ချေလုံးဝမရှိသော လီလော့သည် လျန်ကျုံးကို ဖိနှိပ်ထားနိုင်သည့်အတွက် အကုန်လုံး အံ့အားသင့်နေခဲ့ကြသည်။
လီလော့သည် စည်းတံဆိပ်ခုနှစ်ခုအဆင့် ဖြစ်သော်လည်း စည်းတံဆိပ်ရှစ်ခုအဆင့် လျန်ကျုံးကို ဖိနှိပ်ထားနိုင်ခဲ့သည်။
အထူးသဖြင့် လီလော့၏ ဓားချက်ကြောင့် လျန်ကျုံး၏ မြေကမ္ဘာချပ်ဝတ် ပျက်ဆီးသွားသည့်အခါ ချိုင်ဝေ ပင်လျှင် စိတ်လှုပ်ရှားလွန်းသဖြင့် စားပွဲကို လက်နှင့် ရိုက်ချလိုက်မိသည်။
" သခင်လေးက သိပ်တော်တာပဲ...."
ယန်လင်းချီသည်လည်း ပါးစက်အဟောင်းသားဖြင့် ထိုမြင်ကွင်းကို အံ့အားသင့်စွာ ငေးကြည့်နေလေ၏။
လီလော့ အဆင့်ကျော်တိုက်ခိုက်နိုင်မည်ဟု သူမ ထင်မထားမိခဲ့ပေ။
ထိုတိုက်ပွဲတွင် အပြစ်အနာဆာလုံးဝ ရှာမရခဲ့ပေ။
ဓားနှစ်လက်ကို ကိုင်ဆွဲထားသော လီလော့သည် သူမထံတွင် ပဲ့တင်ထပ်သံပြုပြင်ခြင်းပညာရပ်ကို ကျိုးကျိုးနွံနွံသင်ယူဖူးခဲ့သော လီလော့နှင့် လားလားမျှ မတူညီတော့သလို ခံစားလိုက်မိသည်။
သခင်လေးလီလော့သည် ယခုချိန်တွင် ယခင်ကထက်ပင် ထွန်းတောက်လာပေတော့မည်။
တကယ်တမ်းတွင်မူ လီလော့သည်သိမ်မွေ့နူးညံ့သည့် အသွင်အပြင်အောက်တွင် ထူးချွန်ထက်မြက်မှုများကို ဖုံးကွယ်သိုဝှက်ထားသူတစ်ဉီးဖြစ်သည်။
" သူ ထိပ်တန်းဆယ်ယောက်စာရင်းဝင်နိုင်မယ်ဆိုတာ ငါအခု ယုံသွားပြီ....."
ယန်လင်းချီ ရယ်မောလိုက်ပြီး ချိုင်ဝေကို ထိုသို့လှမ်းပြောလိုက်လေသည်။
မဏ္ဍပ်အပြင်ဘက်တွင် ပရိတ်သတ်များ၏ အာမေဋိတ်သံများဆူညံနေကြပြီး မဏ္ဍပ်အတွင်းတွင်မူ နန်ဖန်၏ ဌာနမှုးဝေရှသည် အခုမှပင် ပြုံးနိုင်ရှာတော့သည်။
" အရှေ့ပိုင်းရေကန်ရဲ့ အဆင့်နှစ်ကျောင်းသားက နန်ဖန်းရဲ့ အဆင့်ဆယ့်ငါး ကျောင်းသားကို ရှုံးသွားရတယ်နော်....ဟားး ဟားးးး စိတ်ဝင်စားဖို့တော့ကောင်းလာပြီ..."
" ဟုတ်တယ်မဟုတ်လား လူကြီးမင်းရှီ....."
ရှီချင် အားတင်းပြီးပြုံးနေရလေ၏
" လော့လန်အိမ်တော်သခင်လေးကတော့ ထင်ထားတဲ့အတိုင်း တကယ်ကို အံ့သြစရာပါပဲ....."
" လော့လန်အိမ်တော်သခင်လေးဆိုတာသူလား...ကျန်းချင်းအာနဲ့ စေ့စပ်ထားတဲ့တစ်ယောက်ဆိုတာလေ...."
အန်းလဲ့ ရုတ်တရက်ထမေးလိုက်သည့်အခါ ဝေရှက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။
" သူက တကယ်ရုပ်ချောတာပဲ...ဟားးဟားးး သူက ကြယ်တာယာခရီးရှည်ကောလိပ်ကို ဝင်ခွင့်မရသေးပေမယ့် ကောလိပ်မှာ သူ့သတင်းကတော့ မသိသူ ခပ်ရှားရှားရယ်...."
အန်းလဲ့က ထူးဆန်းသော အပြုံးများဖြင့် ထိုသို့ပြောလိုက်သည့်အခါ ရှီချင်က.....
"စည်းတံဆိပ်ရှစ်ခုအဆင့်ကို နိုင်အောင်တိုက်နိုင်ရုံနဲ့ ဝင်ခွင့်ရသွားတာမှမဟုတ်တာ...ကျုပ်ပြောတာ ဟုတ်တယ်မဟုတ်လား...."
" ဒါဆိုလည်း သေချာစောင့်ကြည့်နေလိုက်...."
ဝေရှက ရှီချင်ကို မထူးခြားနားသောအကြည့်များနှင့် ကြည့်လိုက်ပြီး ပြောချလိုက်လေသည်။
............. .......................
အပြင်ဘက်တွင် သူ့ကြောင့် ပွဲဆူနေသည်ကို မသိရှာသော လီလော့သည် သတိလစ်နေသော လျန်ကျုံးကို ကျောက်ခွော်တို့ တိုက်ခိုက်နေသည့်နေရာသို့ ဆွဲခေါ်သွားနေ၏။
ချုံပုတ်များကို ဖယ်ရှားလိုက်သောအခါ ကျောက်ခွော်တို့ တိုက်ခိုက်နေသည်ကို မြင်လိုက်ရပြီး သုံးယောက် နှစ်ယောက် တိုက်ခိုက်နေရသည့်တိုင် ကျောက်ခွော်တို့သည် အခြေနေကောင်းနေဆဲပင်....
ကျောက်ခွော်သည် လူသားဒိုင်းကြီးသဖွယ် မားမားမတ်မတ်ရပ်တည်နေပြီး ပုဆိန်ကြီးကို လွှဲယမ်းကာ တိုက်ကွက်များကို ခုခံနေသည်။ ယုလန်ကတော့ လေအလျှင်နှင့် အရှေ့ပိုင်းရေကန်ကျောင်းသားများ၏ အဓိကကျသောနေရာများကို တိုက်ခိုက်နေပြီး ခက်ခဲသော အခြေနေရောက်အောင် တွန်းပို့နေလေ၏။
ဤအတိုင်းသာဆက်သွားပါက အရှေ့ပိုင်းရေကန်ကျောင်းသားများ အထိနာပေတော့မည်။
လီလော့ပြုံးလိုက်ပြီး လူလုံးထွက်ပြလိုက်သည့်အခါ တိုက်ခိုက်နေသူ ငါးယောက်စလုံး တိုက်ခိုက်ရန်ပင်မေ့လျော့သွားကြပြီး လီလော့ကို မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေကြလေသည်။
အထူးသဖြင့် သတိလစ်နေသည့် လျန်ကျုံးကို မြင်လိုက်ရသောအခါ ပို၍ပင် အံ့အားသင့်ကုန်ကြသည်။
" မင်းတကယ်ပဲ လျန်ကျုံးကို နိုင်အောင်တိုက်ခဲ့တာပဲ......"
ယုလန်၏ အပြောကို လီလော့က ခေါင်းညိတ်ပြလိုက်ပြီး လျန်ကျုံးကို ကျောင်းသားသုံးယောက်ရှေ့ ပစ်ချလိုက်လေသည်။
" ခုခံချင်သေးလား...."
သုံးယောက်စလုံး လှည့်ပြေးဖို့ ပြင်လိုက်သည့်အခါ လီလော့က ရေကျည်ဆန်များကို ပစ်လွှတ်လိုက်သည့်အတွက် နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
ကျောက်ခွော်နှင့်ယုလန်တို့သည် အခွင့်ရေးကို လက်လွှတ်မခဲဘဲ တိုက်ခိုက်လိုက်သည့်အခါ တခဏအတွင်းမှာပင် ထိုသုံးယောက်စလုံး မြေပြင်ပေါ်လှဲလျောင်းနေကြရရှာသည်။
" ကဲ ..အမှတ်တွေ ခွဲကြမယ်....."
" ဝိုးးး တကယ့်ကို ငါးအကြီးကြီးမိတာပဲ..."
ယုလန်၏ မျက်လုံးများ တဖြတ်ဖြတ်တောက်ပနေ၏။
ထိုလေးယောက်ထဲတွင် လျန်ကျူံးတစ်ယောက်တည်း၌ပင် အမှတ် ၂၄၀၀ပိုင်ဆိုင်ထားပေသည်။
ယုလန်သည် လျန်ကျုံး၏ အမှတ်များကို စိတ်မဝင်စားဘဲ......
" လီလော့ .....လျန်ကျူံးရဲ့အမှတ်တွေကို မင်းယူလိုက်...ငါနဲ့ကျောက်ခွော်က ဒိီသုံးကောင်ဆီက ယူလိုက်မယ်...."
ကျောင်းသား သုံးယောက်ပေါင်းရမှတ်သည် လျန်ကျုံး အမှတ်လောက် မများသော်လည်း အထိုက်အသင့်တော့ ရမည်သာပင်....
လီလော့ တစ်ခုခုပြောရန် ပြင်လိုက်သည့်အခါ ကျောက်ခွော်က ဉီးအောင်လုပြောလိုက်လေသည်။
"အစ်ကိုလော့ တစ်ယောက်တည်း လျန်ကျုံးကို တိုက်ခိုက်ခဲ့ရတာလေ....ငါတို့ဘာမှဘဝင်မကူညီနိုင်ခဲ့ဘူး....ပြီးတော့ မင်းက ထိပ်တန်းဆယ်ယောက်စာရင်းဝင်ဖို့ အလားအလာရှိတဲ့သူ....ငါတို့မင်းကို ဆွဲချထားသလို မဖြစ်စေချင်ဘူး...."
ကျောက်ခွော်ရော ယုလန်ကပါပြောနေပြီဖြစ်သည့်အတွက် လီလော့ အထွန့်တက်မနေတော့ဘဲ လျန်ကျူံ၏ စလစ်ပြားကိုယူကာ အမှတ်များကို သိမ်းယူလိုက်သည်။
ယုလန်တို့သည်လည်း ကျောင်းသားသုံးယောက်ထံမှ အမှတ်များကို သိမ်းယူခဲ့ကြသည်။
" မင်းတို့ စောင့်ကြည့်နေလိုက်..ငါတို့သူဌေးက မင်းတို့ကို အလွတ်ပေးမှာမဟုတ်ဘူး.!!!"
အရှေ့ပိုင်းရေကန်ကျောင်းသားများသည် စိတ်ပျက်အားငယ်စွာ အော်ဟစ်ကြိမ်းမောင်းရုံမှ လွဲ၍ ဘာမှမတတ်နိုင်ရှာခဲ့ပေ။
ယခုချိန်တွင် လီလော့ထံတွင် အမှတ် ၃၉၀၀ ရရှိထားပြီး ကျောက်ခွော်နှင့်ယုလန်တို့သည် အမှတ်၂၀၀၀ ခန့်ရရှိထားပြီဖြစ်သည်။
အဆင့်သတ်မှတ်ချက်များကို သေချာမသိသေးသော်လည်း ခန့်မှန့်ကြည့်ရသလောက်ဆို လီလော့သည် ထိပ်တန်း အယောက်သုံးဆယ်စာရင်းဝင်နိုင်ပြီး ကျောက်ခွော်နှင့်ယုလန်တို့သည် ထိပ်တန်းအယောက်တစ်ရာစာရင်း ဝင်နိုင်လောက်မည်။
ထိပ်တန်းဆယ်ယောက်စာရင်းဝင်ရန် သိပ်မဝေးတော့သည့်အတွက် လီလော့ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်တည်လာခဲ့လေသည်။
" အရှေ့ပိုင်းရေကန်ကျောင်းတော်သားတွေ ရက်ရောချက်ကတော့ လက်ဖျားခါလောက်တယ်..."
"ကဲ...နောက်ထပ် စေတနာရှင်လေး စောင့်နေလောက်ပြီထင်တယ်...သွားကြစို့..... "
ရှုံးထွက်အဆင့် ပြီးဆုံးခါနီးပြီဖြစ်သော်ကြောင့် နောက်ထပ်တွေ့ရမည့်သူများသည် သန်မာသူများသာ ဖြစ်ပေလိမ့်မည်။
အမှတ်ရရန် မလွယ်ကူတော့သည့်အချိန်တွင် လျန်ကျုံးက အဖော်အပေါင်းများနှင့်အတူ ရောက်လာသည့်အတွက် လီလော့တို့အတွက် အတော်ပင် အမြတ်ထွက်ခဲ့ရပေသည်။
" သွားကြစို့...ငါတို့တွေ အဖြူရောင်ဝိဉာဉ်အပျက်အစီးနယ်မြေနဲ့ သိပ်မဝေးတော့ဘူး...."
လီလော့တို့ သုံးဉီး အပျက်အစီးနယ်မြေသို့ရောက်သည်နှင့်တစ်ပြိုင်နက် ရှုံးထွက်အဆင့်သည် အပြင်းထန်ဆုံးအခြေနေသို့ ရောက်လာပေတော့မည်။