← Chapters

အဖြူရောင်ဝိဉာဉ်အပျက်စီးနယ်မြေ........

Vol. 5 Ch. 59

အဖြူရောင်ဝိဉာဉ်အပျက်စီးနယ်မြေ........

Vol. 5 Ch. 59

လျန်ကျုံးတို့အဖွဲ့ကို အမှောက်သိပ်ခဲ့ပြီးနောက် လီလော့တို့သုံးဉီးသည် ခက်ခဲသောပြိုင်ဘက်အချို့နှင့်တွေ့ခဲ့ရသော်လည်း နောက်ဆုံးတွင် ထိုပြိုင်ဘက်များထံမှ အမှတ်များကို သိမ်းယူနိုင်ခဲ့ကြသည်။

နှစ်နာရီခန့်အကြာတွင်.......

သူတို့သုံးဉီးသည် ကုန်းမြင့်ပေါ်တွင် ရပ်၍ သူရှေ့မှ လွင်ပြင်ကျယ်ကြီးကို ငေးကြည့်နေကြသည်။ ဤနေရာတွင် ရဲတိုက်တစ်ခုရှိခဲ့ဖူးသော်လည်း အချိန်ကာလ၏ တိုက်စားမှုကြောင့် ပျက်စီးသွားခဲ့ပြီဖြစ်သည်။

ပျက်စီးနေသော အဆောက်အအုံများကို မျက်စိတစ်ဆုံးမြင်တွေ့နေရပြီး အချို့သော သစ်ပင် ၊နွယ်ပင်ကြီးများသည် မြင်ကွင်းအချို့ကို ပိတ်ဆို့ထားနိုင်သည်အထိ ကြီးမားလှပေသည်။

ဤနေရာသည် နှစ်ကုန်စာမေးပွဲ၏ နောက်ဆုံးပန်းတိုင်ဖြစ်သော အဖြူရောင်ဝိဉာဉ်အပျက်စီးနယ်မြေ ပင်ဖြစ်သည်။

လီလော့တို့သုံးဉီးသည် ဘေးဘီဝဲယာကို သတိထားလေ့လာပြီး ထိုနယ်မြေထဲသို့ ချဉ်းကပ်လာခဲ့ကြသည်။ နယ်မြေအစွန်နားတွင် သလင်းကျောက်နံရံတစ်ခုရှိနေသည်ကိုလည်းတွေ့လိုက်ရသည်။

ထိုနံရံပေါ်တွင် နောက်ဆုံးအဆင့်ပြိုင်ပွဲအတွက် စည်းမျဉ်းများကို ရေးသားထားသောကြောင့် သွားရောက်ဖတ်ရှူခဲ့ကြသည်။

စည်းမျဉ်းသည် အလွန်ရိုးရှင်းလှပေသည်။ အဖြူရောင်ဝိဉာဉ်အပျက်စီးနယ်မြေထဲတွင် လူဆယ်ဉီးသာ ကျန်တော့သည့်အချိန်တွင် နှစ်ကုန်စာမေးပွဲ ပြီးဆုံးပြီဖြစ်သည်။စာမေးပွဲပြီးဆုံးချိန်တွင် ရမှတ်များအလိုက် အဆင့်များကို သတ်မှတ်ပေးလိမ့်မည်။

ထိုအချိန်တွင် သုံးဉီးစလုံး၏ စလစ်ပြားများလင်းလက်လာပြီး ပုံရိပ်အချို့ ပေါ်လာလေသည်။

" ဒါအဆင့်သတ်မှတ်ချက်စာရင်းပဲ....."

အဖြူရောင်ဝိဉာဉ်အပျက်စီးနယ်မြေထဲသို့မဝင်မှီက သူတို့သည် အဆင့်များကို ခန့်မှန်း၍သာ တွက်ချက်ခဲ့ကြရသည်။

လီလော့တစ်ချက်ကြည့်လိုက်သည့်အခါ လုချင်းအာသည် ရမှတ် ၉၅၀၀ ဖြင့်ပထမနေရာတွင်ရှိနေသည်ကိုတွေ့လိုက်ရသည်။

" ဝိုးးး အတော်ကြမ်းတာပဲ....ငါးဘယ်နှကောင်လောက်များ ဖမ်းခဲ့တာလဲမသိဘူး... "

သုံးဉီးပေါင်းပြီး တက်ညီလက်ညီ ငါးဖမ်းခဲ့သော်လည်း လီလော့ထံတွင် အမှတ် ၄၀၀၀ခန့်သာ ရှိပေသည်။ လုချင်းအာသည် လီလော့ထက် နှစ်ဆများသော အမှတ်များရရှိနိုင်ရန် စစ်နတ်ဘုရားမ တစ်ဉီးသဖွယ် တွေ့သမျှလူတိုင်းကို တိုက်ခိုက်ခဲ့ပုံရသည်။

ရှီယွမ်သည် အမှတ် ၈၃၀၀ဖြင့် ဒုတိယနေရာတွင်ရှိနေ၏။

လီလော့သည် အဆင့် ၁၇တွင် ရှိနေပြီး​ ကျောက်ခွော်နှင့်ယုလန်တို့သည် အဆင့်သုံးဆယ်နားတွင် ရှိနေကြသည်။

" အစ်ကိုလော့...မင်းအတွက် အခက်အခဲဖြစ်နေမယ်ဆို ငါတို့ လူစုခွဲလိုက်ကြတာ ပိုကောင်းလိမ့်မယ်....ငါတို့ရဲ့ အဆင့်က ကန့်သတ်ချက်နားကို ရောက်နေပြီ....မင်းကတော့ ဆက်သွားနိုင်သေးတယ်...ဒါ မင်းအတွက် နောက်ဆုံးအခွင့်အရေးပဲ.....ယုလန်လည်း ငါနဲ့အတွေးတူမယ်ထင်တယ်....."

ကျောက်ခွော်က အဆင့်သတ်မှတ်ချက်စာရင်းကို သေချာဖတ်လိုက်ပြီး လီလော့ကိုလှမ်းပြောလိုက်သည်။

ယုလန်ကတော့ ခဏလောက်စဉ်းစားနေပြီးမှ......

" တကယ်တော့...ငါသွားချင်ရင် ဆက်သွားလို့ရ​သေးတယ်...."

ကျောက်ခွော်က ယုလန်ကို ဘုကြည့် ကြည့်လိုက်ပြီး.....

" ဘယ်ကိုသွားချင်သေးတာလဲ...မင်းအတွက် ပွဲပြီးပြီ...."

ယုလန် မှုန်ကုပ်ကုပ် အမူအရာဖြင့် ခေါင်းညိတ်သဘောတူလိုက်ရလေသည်။

ယုလန်သည်လည်း ကျောက်ခွော်တွေးသည့်အတိုင်း တွေးထားခဲ့ပါသည်။နှစ်ဉီးလုံးသည် စည်းတံဆိပ်ခုနှစ်ခုအဆင့်များဖြစ်ကြသည့်အတွက် မွန်းစတားဆန်သော လီလော့ရှိနေသည့်တိုင် စည်းတံဆိပ်ရှစ်ခုအဆင့်များနှင့်တွေ့ခဲ့မည်ဆိုပါက သေချာပေါက် ရှုံးနိမ့်မည်သာ....

အပျက်အစီးနယ်မြေထဲသို့ ရောက်လာသူတိုင်းသည် သန်မာသူများဖြစ်ကြသောကြောင့် ယုလန်တို့သည် လီလော့ကို မကူညီနိုင်သည့်တိုင် ဝန်ထုတ်ဝန်ပိုးမပေးချင်ကြပေ။

နောက်ဆုံးအဆင့်တွင် ဆယ်ယောက်သာ ကျန်ရစ်ခဲ့ရမည်ဖြစ်သောကြောင့် လီလော့ ရေကုန်ရေခမ်းကြိုးစားရပေတော့မည်။

လီလော့ဘက်က ထိုအရာများကို စိတ်ထဲမထည့်ထားသောလည်း ယုလန်တို့ လီလော့အပေါ် ဝန်မပိစေချင်ကြပေ။

ထို့အပြင် သူတို့နှစ်ဉီး၏ ရမှတ်များသည် ထိပ်တန်းဆယ်ယောက်စာရင်းမဝင်နိုင်သောလည်း လုချင်းအာသာ ပထမရခဲ့ပါလျှင် ဝင်ခွင့်နေရာများ ပိုရမည်ဖြစ်သောကြောင့် နန်ဖန်းအတွက်လည်း အကျိုးရှိပေလိမ့်မည်။

လီလော့ ပြုံးလိုက်ပြီး.....

" လာပါ....နောင်ခါလာနောက်စျေးပေါ့ကွာ...အခုလောလောဆယ် ပုန်းဖို့နေရာရှာလိုက်ကြရအောင်....."

လီလော့သည် ထိပ်တန်းဆယ်ယောက်စာရင်းတွင် တစ်နေရာစာရရန်သာ ရည်မှန်းထားခဲ့သည်။ ပထမနေရာသည် လုချင်းအာအတွက်သာဖြစ်သောကြောင့် လီလော့ သူမ၏ တောက်ပမှုများကို လုယူရန် စိတ်ကူးမရှိပေ။

လီလော့ ကျောက်ခွော်တို့နှင့်အတူ ရှုပ်ထွေးလှသော လမ်းအတိုင်း လျှောက်လှမ်းပြီး အပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်ခဲ့ကြလေသည်။

တစ်ချိန်တည်းမှာပင်...အပျက်အစီးနယ်မြေ၏ အခြားတစ်ဖက်တွင်.....

ရှိီယွမ်သည် သလင်းကျောက်နံရံရှေ့တွင်ရပ်နေပြီး အဆင့်သတ်မှတ်ချက်စာရင်းကို ကြည့်ရှုနေသည်။ သူ့အကြည့်များသည် ပထမနေရာတွင်ရှိနေသော လုချင်းအာ၏အမည်တွင်သာ ကပ်ငြိနေ၏။

" သူဌေး....စာရင်းထဲမှာ လျန်ကျုံးကိုမတွေ့ဘူး...တစ်ခုခုများဖြစ်နေလို့လားမသိဘူး...."

အရှေ့ပိုင်းရေကန်ကျောင်းသားတစ်ယောက်က အံ့သြမှုအပြည့်ဖြင့် ရှီယွမ်ကို လှမ်းပြောလိုက်သည်။

ရှီယွမ်လည်းအံ့သြသွားသည့်အတွက် စာရင်းကို သေချာကြည့်လိုက်သည့်အခါ လျန်ကျုံးနာမည်ကို မတွေ့ရဘဲ အဆင့်ဆယ်ခုနှစ်နေရာတွင်ရှိနေသာ လီလော့၏ အမည်ကိုသာတွေ့လိုက်ရသည်။

ရှီယွမ် မျက်မှောင်ကြုံ့လိုက်မိသည်။

// လီလော့ဆီလွှတ်လို​က်တဲ့ လျန်ကျုံးက နာမည်စာရင်းထဲမှာ ပါမလာဘဲ လီလော့က ဘာလို့ အဆင့်တက်လာရတာလဲ....//

" လျန်ကျုံး လီလော့ကြောင့် ထွက်လိုက်ရပြီထင်တယ်...."

ရှီယွမ် တည်တည်ငြိမ်ငြိမ်ပြောလိုက်သော်လည်း အခြားကျောင်းသားများက....

" အာ....လီလော့က စည်းတံဆိပ်ခုနှစ်ခုအဆင့်မဟုတ်လား.....ဘယ်လိုလုပ်ပြီး လျန်ကျုံးကို ထုတ်ပစ်နိုင်မှာလဲ...."

" နည်းလမ်းတစ်ခုခုရှိလို့နေမှာပေါ့....နေပါဉီး..မင်းတို့က လီလော့ကို အမှိုက်ကောင်လို့ထင်နေတာလား...."

ရှီယွမ် ပြုံးနေသောလည်း အကြည့်များသည် ရေခဲတမျှ အေးစက်နေလေပြီ.....

" လော့လန်အိမ်တော်သခင်လေးက ခွန်အားကို သိုဝှက်ထားခဲ့တာပဲ....."

" ဒါဆိုသူ့ကို အာရုံစိုက်လိုက်ကြမလား...."

တစ်ယောက်တစ်ပေါက်ပြောနေကြသည်များကို ရှီယွမ်တားဆီးလိုက်ပြီး.....

" ထားလိုက်..အခုချိန်မှာ အရေးကြီးဆုံးက လုချင်းအာကို ထုတ်ပစ်ဖို့ပဲ...ဒီကောင်က ဖျက်မြင်းတစ်ကောင်လို့ဖြစ်နေပေမယ့် ငါ့အစီအစဉ်တွေကို ပြောင်းပစ်နိုင်လောက်တဲ့ အရည်အချင်းမျိုးသူ့မှာမရှိဘူး....ဒီကောင့်ကို လျစ်လျူရှုထားလိုက်..သူ့ငါ့အတွက်တော့ လူပျက်သာသာအဆင့်ပဲရှိတယ်.... "

ရှီယွမ်တို့ အပျက်စီးနယ်မြေထဲ ဝင်လာပြီး သိပ်မကြာခင်မှာပင် အဆောက်အအုံအပျက်တစ်ခုပေါ်ထွင်းထုထားသောအမှတ်အသားတစ်ခုကို မြင်တွေ့လိုက်ရသည်။ ရှီယွမ် ပြုံးလိုက်ပြီး ထိုအမှတ်အသားတိုင်း လျှောက်လာခဲ့သည့်အခါ တဲပျက်တစ်ခုရှေ့တွင် ခရီးဆုံးခဲ့လေသည်။

ထိုတဲပျက်ထဲတွင် လျန်ရှန်း၊ချီစု၊ကျုံးဖူနှင့် စုန်ယွမ်ဖန်တို့ ရှိနေကြသည်။

" ရှီယွမ်....လုချင်းအာက မင်းထက် သာနေတုန်းပဲနော်...."

လျန်ရှန်းက လှောင်ပြောင်သရော်လိုဟန်ဖြင့် တဲပျက်ထဲဝင်လာသည့် ရှီယွမ်ကို လှမ်းပြောလိုက်သည်။

" ခဏလောက်အကြောပေးထားတာပါ...ဘာမှစိုးရိမ်နေစရာမလိုဘူး....."

" ပြော...ငါတို့ဘာဆက်လုပ်ရမှာလဲ... "

ဤသည်မှာ ချီစုမေးမြန်းလိုက်ခြင်းဖြစ်သည်။

"အခုချိန်မှာ အရေးကြီးဆုံးက လုချင်းအာရဲ့တည်နေရာကို သေချာစုံစမ်းပြီး အစီအစဉ်ချရမယ်....လုံးဝလွတ်သွားလို့မဖြစ်ဘူး....လွှတ်သွားခဲ့ရင် နောက်တစ်ခေါက်ဖမ်းမိဖို့ မလွယ်တော့ဘူး....ဒီအချိန်မှာ သူက ဆယ်ယောက်ပဲကျန်တဲ့အထိ လူလျှော့ဖို့တစ်ခုတည်းကြိုးစားနေလောက်မယ်ထင်တယ်....သူ့ကို ထုတ်ပစ်နိုင်တာနဲ့ ပွဲသိမ်းပြီပဲ....."

ကျုံးဖူ၏ ပြောဆိုချက်များကို ရှီယွမ် ခေါင်းညိတ်ထောက်ခံလိုက်ပြီး စုန်ယွမ်ဖန်ဘက်ကိုလှည့်ကာ.....

"ဒါဆိုရင် လုချင်းအာရဲ့ တည်နေရာကို ရှာဖို့ ယွမ်ဖန့်ကိုပဲ ဒုက္ခပေးရတော့မှာပဲ....."

လျန်ရှန်းတို့သည်လည်း စုန်ယွမ်ဖန်ကို ကြည့်လိုက်မိကြသည်။သို့သော်လည်း စုန်ယွမ်ဖန်၏ မျက်လုံးထဲတွင် အမုန်းတရားတစ်ချို့ကို တွေ့လိုက်ရသောကြောင့် အံ့သြနေမိခဲ့သည်။

လျန်ရှန်းတို့သည် နန်ဖန်းကျောင်းသားများ မဟုတ်သောကြောင့် လုချင်းအာကို ထုတ်ပစ်ရန်ကြံစည်သည်မှာ သဘာသးဝကျသော်လည်း စုန်ယွမ်ဖန်သည် တစ်ကျောင်းတည်းသားအချင်းချင်းပေါ် ဒုက္ခပေးရန် အဘယ့်ကြောင့်များ ရှီယွမ်နှင့်ပူးပေါင်းခဲ့သနည်း......

စုန်ယွမ်ဖန်လို အတွင်းလူတစ်ယောက် ရှိနေသည့်​အတွက် ပျော်မိကြ​သော်လည်း ပုဂ္ဂိုလ်ရေးအရ အထင်မြင်သေးမှုကိုတော့ တားဆီးမရနိုင်ခဲ့ပေ။

" ငါ့ဘက်က အဆင်သင့်ပဲ....."

စုန်ယွမ်ဖန်တစ်ယောက် စိတ်ထဲခံစားချက်များကို ဖိနှိပ်ထားလိုက်ပြီး ထိုသို့ဆိုလိုက်သည်။

" ကျေးဇူးပဲ ယွမ်ဖန်.....မင်းသာအောင်မြင်ခဲ့မယ်ဆို ငါတို့အတွက် မင်းက ကြီးမြတ်တဲ့

ကျေးဇူးရှင်တစ်ယောက်ပါပဲ....."

ထိုစကားများပြောနေစဉ်တွင် ရှီယွမ်သည် အလွန်ပင်ရိုးသားသူဟု ထင်ရလောက်ပေသည်။

All Chapters