← Chapters

အားလုံးက ချုံခိုတိိုက်ခိုက်နေကြတယ်.....

Vol. 5 Ch. 60

အားလုံးက ချုံခိုတိိုက်ခိုက်နေကြတယ်.....

Vol. 5 Ch. 60

အချိန်ကြာလာသည်နှင့်အမျှ အပျက်စီနယ်မြေဆီသို့ ကျောင်းသားများတဖွဲဖွဲရောက်လာခဲ့ကြသည်။ရောက်လာသူများသည် တိုက်ပွဲပေါင်းများစွာကို ကျော်ဖြတ်လာကြသော လက်ရွေးစင်များ ဖြစ်ကြပြီး ထျန်ရှုစီရင်စု၏ အမျိုးဆက်သစ်ထူးချွန်သူများအဖြစ် သတ်မှတ်ခံထားရသူများဖြစ်ကြသည်။

ထိုကျောင်းသားများရောက်လာခြင်းသည်  အပျက်အစီးနယ်မြေ၏ တိတ်ဆိတ်ခြောက်ကပ်နေသောအခြေနေကို ဖြိုခွင်းလိုက်ပြီး တိုက်ပွဲများစွာဖြစ်ပေါ်လာခဲ့သည်။

အပြင်ဘက်တွင်လည်း ပရိတ်သတ်များက အဆင့်သတ်မှတ်ချက်များကို လှုပ်ရှားမှုအပြည့်ဖြင့်ကြည့်ရှုနေကြသည်

ရင်ထိတ်စဖွယ် တိုက်ပွဲများကြောင့် ပရိတ်သတ်အားလုံး၏ အကြည့်များသည် အဆင့်သတ်မှတ်ချက်စာရင်းပေါ်တွင်သာ ကပ်ငြိနေပြီး လောင်းကြေးများလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့လေသည်။

......... ........... ...........

အဆောက်အအုံပျက်တစ်ခုထဲတွင်........

လီလော့တို့သည် မလှမ်းမကမ်းတွင် ဖြစ်ပွားနေသော တိုက်ပွဲအခြေနေကို နားစွင့်နေကြပြီး စလစ်ပြားထဲတွင် ပြသနေသော အမှတ်စာရင်းကို တစ်ချက်ကြည့်လိုက်ကြသည်။

" အရမ်းမြန်တယ်...."

တစ်နာရီခန့်အချိန်အတွင်းတွင် ကျောင်သားတစ်ရာအနက် ခြောက်ဆယ်သာ ကျန်ရစ်တော့သည်။

လီလော့၏ အဆင့်သည်လည်း ၁၇ မှ၂၃ သို့ ကျဆင်းသွားပြီဖြစ်သည်။

" ဟုတ်တယ်...."

ကျောက်ခွော်က လီလော့၏အပြောကို ထောက်ခံလိုက်ချိန်တွင် ယုလန်သည် လေအလျင်ဖြင့် အနားသို့ရောက်လာခဲ့ပြီး.....

" အပြင်မှာ ကမ္ဘာပျက်နေပြီ....နေရာတိုင်းမှာ တိုက်ပွဲတွေချည်းပဲ....."

လေပဲ့တင်ထပ်သံပိုင်ရှင် ယုလန်သည် ကင်းထောက်ခြင်းလုပ်ငန်းနှင့် အထူးသင့်လျော်ပေသည်။

" ဘာတွေ့ခဲ့လို့လဲ...."

လီလော့ထိုသို့မေးလိုက်သောအခါ ယုလန်၏ အမူအရာသည် တမဟုတ်ချင်း တည်တံ့သွားပြီး.......

" ငါ ရှီယွမ်တို့ကို မတော်တဆ တွေ့ခဲ့ရတယ်...လျန်ရှန်း၊ ချီစုနဲ့ ကျုံးဖူတို့လည်း သူနဲ့အတူရှိနေတယ်...."

လီလော့ မျက်မှောင်ကြုံ့လိုက်ပြီး.....

" သူတို့ မဟာမိတ်ဖွဲ့လိုက်ကြတာလား...."

" သူတို့တွေ လုချင်းအာကို ထုတ်ပစ်ဖို့ မဟာမိတ်ဖွဲ့လိုက်တာဖြစ်လောက်မယ်...."

ရှီယွမ် ဤမျှလောက် အားထုတ်နေခြင်းသည် လုချင်းအာကို ထုတ်ပစ်ရန်မှလွဲ၍ အခြားမရှိနိုင်ပေ။

ကျောက်ခွော် မျက်နှာသည် တမဟုတ်ချင်း ညှိုးကျသွားလေသည်။ လုချင်းအာသည် အခြေနေမဟန်တော့သည့်အတွက် ဝင်ခွင့်ရရန် လီလော့ကိုသာ အားကိုးရပေတော့မည်။

" မင်းပြောတာ ဟုတ်လောက်မယ်....ရှီယွမ်က သိပ်ကောက်ကျစ်တဲ့ကောင်ဆိုတော့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားပြီးလောက်ပြီ....ရှီယွမ်သာ လုချင်းအာကို ပစ်မှတ်ထားနေပြီဆို လုချင်းအာမှာ အန္တရယ်ရှိနေပြီ....."

အကယ်၍ ရှီယွမ်သာ စီစဉ်နေပြီဆိုပါကဘလုချင်းအာ ကျန်ရစ်သည်ဖြစ်စေ၊ ထုတ်ပယ်ခံရသည်ဖြစ်စေ နန်ဖန်းကျောင်းသားအားလုံး ထုတ်ပယ်ခံရလိမ့်မည်သာ....

လီလော့သည် ရှီယွမ်တို့အဖွဲ့ကို တစ်ပြိုင်နက်တည်း ခုခံနိုင်လိမ့်မည်မဟုတ်ပေ။

လီလော့ တခဏလောက်စဉ်းစားပြီးနောက် သက်ပြင်းချလိုက်ကာ ယုလန်ကို မေးလိုက်သည်။

"ရှီယွမ်တို့ ဘယ်ဘက်ကို သွားကြတာလဲ....."

" မင်းလိုက်သွားမလို့လား...."

" လုချင်းအာက နန်ဖန်းအတွက် အရေးကြီးမှန်းမင်းလည်း သိနေတာပဲ....ငါတစ်ချက်သွားကြည့်လိုက်ဉီးမယ်....လုချင်းအာသာ ဒုက္ခရောက်ရင် ငါတို့လည်း ဒုက္ခရောက်ပြီပဲ...."

" မင်းတို့ဒီမှာပဲနေခဲ့လိုက်....ငါတစ်ယောက်တည်း သွားတာပိုအဆင်ပြေလိမ့်မယ်...."

" အေးပါကွာ...မင်းလည်း ဂရုစိုက်ဉီးနော်... "

ထိုတိုက်ပွဲများသည် သူတို့၏ အဆင့်နှင့်ညဝင်မပါနိုင်သော တိုက်ပွဲများဖြစ်သည်ကို ကျောက်ခွော်ရော ယုလန်ပါ နားလည်ကြပေသည်။

လီလော့ ခေါင်းညိတ်လိုက်ပြီး အပြာရောင် ပဲ့တင်ထပ်သံများကို လွှမ်းခြုံလိုက်သောအခါ လီလော့၏ ခန္ဓာကိုယ်သည် ကိုယ်ပျောက်သွားသကဲ့သို့ အစနမကျန်အောင်ပျောက်ကွယ်သွားလေတော့သည်။

...................................................................

အဖြူရောင်ဝိဉာဉ်အပျက်စီးနယ်မြေ တစ်နေရာတွင်........

လုချင်းအာသည် ကျော့ရှင်းသော ဟန်ပန်ဖြင့် ရဲတိုက်ပျက်တစ်ခုပေါ်တွင် ထိုင်နေလေ၏။

သူမသည် အဖြူရောင် ကိုယ်ကျပ်ဘောင်းဘီကို ဝတ်ဆင်ထားသောလည်း လှပသော ခြေတံရှည်လေးများသည် လွတ်လပ်စွာ လှုပ်ရှားနိုင်ပြီး သူမ၏ အလှတရားကို ပိုမိုထင်ပေါ်စေသည်။

သူမ၏ ဆံနွယ်ရှည်များကလည်း သဲနာရီပုံသဏ္ဍာန် ခါးသိမ်သိမ်လေးထက်တွင် ဝဲဖြာနေလေ၏။

သူမ၏ အသွင်သဏ္ဍာန်သည် မှုန်မှိုင်းခြောက်ကပ်နေသော အပျက်စီးနယ်မြေနှင့် ​ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေလေသည်။

သူမသည် အဝတ်အိတ်လေးနှင့် ထုတ်ပိုးထားသော သစ်သီးခြောက်များကို စားသောက်ပြီး တစ်နေ့တာအတွက် အာဟာရဖြည့်တင်းနေခဲ့သည်။

တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို သတိထားမိလိုက်သောကြောင့် လှည့်ကြည့်လိုက်သောအခါ တီဖာချင်းဖြစ်နေသည်ကိုတွေ့လိုက်ရသည်။

သူမ အပျက်စီးနယ်​မြေထဲ စဝင်လာစဉ်ကတည်းက တီဖာချင်းနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။တစ်ကျောင်းတည်းသားချင်းဖြစ်နေသည့်အတွက် သူမတို့နှစ်ယောက် ပူးပေါင်းဖြစ်ခဲ့ကြသည်။

" ချင်းအာ...နင်က ငါတို့ မိန်းကလေးတွေအတွက် တကယ့်ကို ဂုဏ်ဆောင်ပေးနိုင်ခဲ့တာပဲ....ယောက်ကျားလေးတော်တော်များများကို နင်တစ်ယောက်တည်း အနိုင​ေပိုင်းခဲ့တယ်လေ....."

တီဖာချင်း ထိုသို့ မြှောက်ပင့်လိုက်သောအခါ လုချင်းအာက မပွင့်တပွင့်ပြုံးရယ်လိုက်ပြီး...

" ပွဲမှမပြီးသေးတာ...."

" ဟုတ်တယ်...အခုတစ်ခေါက်စာမေးပွဲမှာ အရှေ့ပိုင်းရေကန်ကျောင်းသားတွေတကယ့်ကို သန်မာတဲ့ ပြိုင်ဘက်တွေ ဖြစ်နေတယ်....ငါ ရှီယွမ်ကို နည်းနည်းတော့ စိတ်ပူနေမိတယ်...."

" ဟုတ်တယ်...သူက တကယ် သန်မာတယ်...."

"ဒါ့ကြောင့်လဲ တစ်ကျောင်းတည်းသားတွေ အချင်းချင်း ပူးကပ်နေကြတာပေါ့...ငါလည်း အကူအညီရအောင် စုန်ယွမ်ဖန်အတွက် အမှတ်အသားချန်ပေးခဲ့တယ်...စာမေးပွဲမစခင်ကတည်းက အကူအညီလိုလာရင် သူ့ကိုခေါ်ဖို့ ငါ့ကိုသတိပေးထားတယ်လေ....အဲ့တော့ ငါချန်ခဲ့တဲ့ အမှတ်အသားကိုတွေ့ရင် သူငါတို့နဲ့လာပူးပေါင်းလိမ့်မယ်....."

တီဖာချင်းထိုသို့ ပြောလိုက်သောအခါ လုချင်းအာတစ်ယောက် သစ်သီးခြောက် ဝါးနေတာကို ရပ်လိုက်ပြီး တီဖာချင်းကို အေးစက်သော အကြည့်များနှင့် စိုက်ကြည့်လိုက်သည်။

" နင် စုန်ယွမ်ဖန် လိုက်လာနိုင်အောင် အမှတ်အသားချန်ခဲ့တယ်လို့ ပြောလိုက်တာလား....."

လုချင်းအာ၏ အကြည့်ကြောင့် တီဖာချင်း လန့်ဖြန့်သွားခဲ့ရသည်။

" ဟုတ်တယ်လေ.... ဘာမှားနေလို့လဲ...စုန်ယွမ်ဖန်နဲ့ ငါတို့န့က တစ်ကျောင်းတည်းသားတွေပဲဟာကို....သူသာ ငါတို့နဲ့ လာပူးပေါင်းရင် ရှီယွမ်ကို ​ကြောက်နေစရာမလိုတော့ဘူးမဟုတ်လား...."

လုချင်းအာသည် တီဖာချင်းကို ဆယ်စက္ကန့်ကျော်သည်အထိ စိုက်ကြည့်နေလိုက်ပြီး ချက်ချင်းမတ်တပ်ထရပ်လိုက်သည်။

" ငါသွားတော့မယ်...နင် ငါ့​နောက်ကို လိုက်မလာနဲ့.... "

" နင် ဘာဖြစ်သွားတာလဲ....ချင်းအာ....ငါဘာအမှားလုပ်မိလို့လဲ... "

လုချင်းအာသည် တီဖာချင်းကို လျစ်လျူရှူထားလိုက်ပြီး ရဲတိုက်ပေါ်ကနေ ပေါ့ပါးစွာ ခုန်ဆင်းသွားလေတော့သည်။

တီဖာချင်း၏ အမှတ်အသားသည် မည်သည့်အရာကို ခေါ်ဆောင်လာနိုင်မှန်း သူမ သေချာမသိသော်လည်း သူမ၏ တည်နေရာကို မည်သူ့ကိုမျှ မသိစေချင်ပေ။

" ငါ အတွေးလွန်နေတာပဲဖြစ်ဖို့ မျှော်လင့်တယ်....."

သူမ ပုန်းအောင်းရန် ပြင်လိုက်သည့်အချိန်တွင် သူမခြေထောက်အောက်နားတွင် အစိမ်းရောင်အလင်းတစ်ချက် လင်းလက်လာပြီး ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာခဲ့သည်။

ရုတ်တရက်ဆန်စွာ တိုက်ခိုက်ခံလိုက်ရလေပြီ...

လုချင်းအာသည် ကြိုတင်ပြင်ဆင်ထားခြင်းမရှိသော်လည်း တည်ငြိမ်စွာနှင့်ပင် ရေခဲပဲ့တင်ထပ်သံစွမ်းအားများကို ခြေဖဝါးအောက်သို့ ပို့လွှတ်လိုက်သည်။

အစိမ်းရောင် အလင်းတန်းများသည် ရုတ်တရက် အေးခဲသွားကြပြီး အစိမ်းရောင်နွယ်ပင်များအဖြစ် ရုပ်လုံးပေါ်လာခဲ့ကြသည်။

ထိုအချိန်တွင် လက်ခုပ်တီးသံကြားလိုက်ရပြီး သူမ၏ အရှေ့တွင် ရှီယွမ် ပေါ်လာခဲ့သည်။

သူမ၏ ပြေးပေါက်မှန်သမျှသည်လည်း ပိတ်ဆို့ခံထားရပြီဖြစ်သည်။

" လုချင်းအာ....မင်းကို မိပြီ...."

လျန်ရှန်း၏ မျက်လုံးများသည် လောဘအငွေ့အသက်များကြောင့် ပို၍ တောက်ပနေသည်။

လုချင်းအာ၏ ရှေ့တွင် ရှီယွမ်ရှိနေပြီး ဘေးဘီဝဲယာတွင် လျန်ရှန်း၊ ချိီစုနှင့် ကျုံးဖူတို့က အသီးသီးနေရာယူ ပိတ်ဆို့ထားကြသည်။

လုချင်းအာတို့နှင့် မနီးမဝေးတွင် မှိတ်တုတ်မှိတ်တုတ်လင်းလက်နေသော သလင်းကျောက်တစ်ခုရှိနေပြီး ထိုသလင်းကျောက်သည် တောင်ခြေတွင်ရှိသော မှန်နံရံဆီ တိုက်ပွဲပုံရိပ်များကို ပို့လွှတ်ပေးနေသည်။

တောင်ခြေတွင်လည်း ထိုမြင်ကွင်းကြောင့် ပွက်လောရိုက်နေလေပြီ...........

All Chapters