← Chapters

ရေခဲကျောက်စိမ်းလက်များ.....

Vol. 5 Ch. 62

ရေခဲကျောက်စိမ်းလက်များ.....

Vol. 5 Ch. 62

လုချင်းအာ လက်အိတ်ချွတ်လိုက်သည့်အခါ နတ်ဘုရားများ ပုံဖော်ထုဆစ်ထားသည့်နှယ် လှပသွယ်လျသော လက်ချောင်းလေးများကို  အားလုံးမြင်တွေ့လိုက်ရသည်။

သူမ၏ လက်များသည် လှပအဖိုးထိုက်တန်သော ကျောက်စိမ်းကိုထွင်းထူထားသကဲ့သို့ တမူထူးစွာ လှပလွန်းသည်။

သူမ၏ လက်များကို ယောက်ကျားသားများဆိုမထားနှင့် မိန်းကလေးဖြစ်သော ချီစုပင်လျှင် အကြည့်မလွှဲနိုင်ခဲ့ပေ။

လုချင်းအာ၏ လှပသော ရုပ်ရည်ကိုမြင်တွေ့ဖူးသော်လည်း လှပသော လက်များကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးကြခြင်းဖြစ်သည်။

လုချင်းအာသည် လှပသော လက်များကို လက်အိတ်ဝတ်၍ တချိန်လုံး ဖုံးကွယ်ထားခဲ့သည်။

လုချင်းအာ၏ လက်ပေါ်တွင် အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေသည် ရေခဲမှော်စာလုံးအချို့ကို ခပ်ဖျော့ဖျော့ မြင်တွေ့နေရသည်။

" သတိထား ....အဲ့တာ ရေခဲကျောက်စိမ်းလက်တွေပဲ....သူက စည်းတံဆိပ်ကိုးခုအဆင့်ဖြစ်နေပေမယ့် အဲ့ပညာရပ်က အနည်းဆုံး မြို့စားအဆင့်လောက်တော့ရှိလိမ့်မယ်...."

ရှီယွမ် အားလုံးကို အလျင်စလို သတိပေးလိုက်သည့်အခါ အားလုံးသည် လုချင်းအာ၏ လှပသော လက်ချောင်းလေးများကို ကြောက်ရွံ့စရာဟုပင် ထင်မြင်လာခဲ့ကြသည်။

မြို့စားအဆင့် ပညယရပ်များကို စည်းတံဆိပ်ဆယ်ခုအဆင့်ကျွမ်းကျင်သူများပင် အလွယ်တကူမသုံးနိုင်ကြပေ။ လုချင်းအာသည် စည်းတံဆိပိကိုးခုအဆင့်နှင့် ထိုပညာရပ်ကို သုံးနိုင်သည်ဆိုသောကြောင့် လုချင်းအာ၏ပါရမီရှိမှုသည် အမှန်ပင် ထိတ်လန့်ဖွယ်ကောင်းလှသည်။

ရှီယွမ်သည် လုချင်းအာကို တစ်ယောက်တည်း တိုက်ခိုက်နိုင်သော်လည်ယ အဘယ့်ကြောင့် သူတို့သူဉီးကို စစ်ကူခေါ်ခဲ့ရသည် ယခုချိန်တွင် နားလည်နိုင်ခဲ့လေပြီ.....

လုချင်းအာသည် စကားတစ်ခွန်းမှ မဆိုဘဲ ရှီယွမ်ရှိရှာဆီသို့ ဉီးတည်ရွေ့လျားလာခဲ့သည်။

ရှီယွမ်ကို ဉီးစွာတိုက်ခိုက်ပေတော့မည်.....

ရှီယွမ်ကလည်း လျှပ်စီးစွမ်းအားများကို သုံးပြီး နောက်ဆုတ်လိုက်သည်။

လျှပ်စီးစွမ်းအားသည် လေစွမ်းအားနည်းတူ လျှင်မြန်လှသည်။

လုချင်းအာသည် ရုတ်တရက်ဉီးတည်ချက်ပြောင်းလိုက်ပြီး လျန်ရှန်းကို တိုက်ခိုက်လိုက်သည်။

လျန်ရှန်းသည် ရှီယွမ်လောက် မလျင်သောကြောင့် မီးစွမ်အားများကို ဖော်ထုတ်ပြီး ခုခံလိုက်ရသည်။

လျန်ရှန်းသည် မီးတောက်နေသော ဓားတစ်လက်ဖြင့် လုချင်းအာကို တိုက်ခိုက်နေ၏။

ဓားချက်သည် လေထုကို ပိုင်းဖြတ်သွားသော်လည်း လုချင်းအာသည် နည်းနည်းလေးမျှ စိတ်ပူမနေဘဲ လက်ဝှေ့ယမ်းလိုက်ပြီး အေးစက်သော လေတစ်သုတ်ဖြင့် ဓားချက်ကို တန်ပြန်တိုက်ခိုက်လိုက်သည်။

ဒေါင်........

ခေါင်းလောင်မြည်သံကဲ့သို့ မြည်သံကျယ်ကြီးတစ်ခုထွက်ပေါ်လာပြီး လျန်ရှန်း၏ မီးတောက်ဓားသည် ရေခဲများ ဖုံးလွှမ်းသွားသည့်အပြင် လျန်ရှန်းသည်လည်း အေးခဲသွားလေတော့သည်။

တစ်ချက်တည်းနှင့် စည်းတံဆိပ်ရှစ်ခုအဆင့် လျန်ရှန်းကို အမှောက်သိပ်နိုင်သည်အထိ လုချင်းအာ၏ ပညာရပ်သည်အစွမ်းထက်လှပေသည်။

ချီစုနှင့် ကျုံးဖူတို့ ချက်ချင်းလှည့်ပြေးကြလေပြီ......

သို့သော်လည်း ဝှက်ဖဲထုတ်သုံးနေသော  လုချင်းအာသည် ထိုနှစ်ဉီးကို လွှတ်ပေးလိမ့်မည်မဟုတ်ပေ။

နောက်တစ်ချက် လက်ဝှေ့ယမ်းလိုက်သည့်အခါ ရေခဲရုပ်ထုနှစ်ခု ထပ်တိုးလာခဲ့လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးဉီးစလုံးကို အမှောက်သိပ်နိုင်ခဲ့သော်လည်း သူမ လက်ချောင်းများပေါ်ရှိ​ မှော်စာလုံးများသည် အနည်းငယ် မှိန်ဖျော့လာခဲ့သည်။

" တကယ့်ကို စွမ်းတဲ့ ရေခဲကျောက်စိမ်းလက်တွေပဲ....."

ရှီယွမ်က လက်ခုပ်တီးပြီး လုချင်းအာကို ချီးကျူးနေသည်။

လုချင်းအာက အေးစက်သောအကြည့်များနှင့် လှည့်ကြည့်လိုက်သော်လည်း ရှီယွမ် ထွက်မပြေးခဲ့ပေ။

လုချင်းအာသည် ညာလက်ကိုသုံးပြီး လက်သီးချက်တစ်ခုထုတ်ဖော်လ််ိုက်သည့်အခါ အေးစက်နေသော လေများသည် ရှီယွမ်ကို တိုက်ခတ်သွားလေသည်။

သို့သော်လည်း ရှီယွမ် အေးခဲမသွားခဲ့ပေ။

" ချင်းအာ...မင်းသာ ရေခဲကျောက်စိမ်းပညာရပ်ကို လက်နှစ်ဖက်လုံးနဲ့ သုံးနိုင်မယ်ဆို ငါ့ရဲ့လျှပ်စီးချပ်ဝတ်ကို ဖျက်ဆီးနိုင်လိမ့်မယ်....ဒါပေမယ့် မင်းက လက်တစ်ဖက်ပဲသုံးနိုင်တယ်ဆိုတော့.....မဖြစ်နိုင်လောက်တော့ဘူးထင်တယ်....."

ရှီယွမ်သည်လည်း ဝှက်ဖဲများကို ထုတ်သုံးနေပြီဖြစ်သည်။

ရှီယွမ်သည် အစပိုင်းတွင် ရေခဲကျောက်စိမ်းလက်များကို ထိတ်လန့်နေသော်လည်း ယခုချိန်တွင် လုချင်းအာထံ၌ ခွန်အားတစ်ဝက်ခန့်သာ ကျန်တော့သည့်အတွက် ရှီယွမ် ကြောက်မနေတော့ပေ။

ထိုသို့ ဖြစ်လာစေရန် လျန်ရှန်းတို့သုံးယောက်ကိုစတေးခဲ့ရပေသည်။ အခြေနေအရပ်ရပ်သည် စီစဉ်ထားသည့်အတိုင်း ဖြစ်လာခဲ့ပြီဖြစ်သည်။

မှိန်ဖျော့နေပြီဖြစ်သော် မှော်စာလုံးများကြောင့် လုချင်းအာ စိုးထိတ်လာသည်။

ဘန်းးးးးး

လုချင်းအာ ထပ်မံတိုက်ခိုက်လိုက်သည့်အခါ ရှီယွမ်ကလည်း လျှပ်စီးတန်းတစ်ခုသဖွယ် လျင်မြန်လှသော အရှိန်ဖြင့် လုချင်းအာ၏ ဝမ်းဗိုက်ဆီ လက်သီးချက်တစ်ခု ပစ်သွင်းလိုက်သည်။

လုချင်းအာ လွှင့်စင်သွားပြီး ကျောက်တုံးများနှင့်တိုက်မိသွားခဲ့ပြီး သူမ၏ လှပသော မျက်နှာပေါ်တွင် နာကျင်နေသည့်အရိပ်အယောင်များ ဖြစ်ပေါ်လာပြီး နှုတ်ခမ်းထောင့်ကနေ သွေးများစီးကျလာခဲ့သည်။

" ချင်းအာ......နောက်ဆုံး အောင်နိုင်သူက ငါပဲဖြစ်ရမယ်...."

ရှီယွမ်သည် ကောက်ကျစ်သော အပြုံးများဖြင့် အကူအညီမဲ့နေသော လုချင်းအာထံ တဖြည်းဖြည်း ချဉ်းကပ်လာနေသည်။

လုချင်းအာ သက်ပြင်းချနေရုံသာ တတ်နိုင်ရှာတော့သည်။

"ငါ မင်း အမှတ်တွေကို သိမ်းယူလိုက်တော့မယ်....."

ရှီယွမ် လုချင်းအာ၏ စလစ်ပြားကို လှမ်းယူလိုက်တော့မည့် အချိန်တွင်.........

ဝှစ်..... ဝှစ်....

ဘယ်နေရာကမှန်းမသိ ထွက်ပေါ်လာသော အလင်းလုံးများသည် လုချင်းအာနှင့် ရှီယွမ်ကြားသို့ ကျရောက်လာပြီး ပေါက်ကွဲကုန်လေသည်။

မျက်စိကြိမ်းလောက်သော အလင်းတန်းများကြောင့် ရှီယွမ်၏ မျက်လုံးများ နာကျင်သွားသော်လည်း လုချင်းအာရှိရာဆီ မှန်းဆပြီး လှမ်းဖမ်းလိုက်သည်။

သို့သော်...လေထုကိုသာ ဖမ်းဆုပ်မိခဲ့သည်။

ရှီယွမ်အားတင်းပြီး မျက်လုံးဖွင့်ကြည့်လိုက်သောအခါ လုချင်းအာကို ဆွဲခေါ်သွားသော ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသည်။

ရှီယွမ် အမြန်လိုက်ဖမ်းခဲ့သောလည်း ကျိုးပဲ့နေသော အုတ်နံရံတစ်ခုနားရောက်သည့်အခါ လုချင်းအာတို့သည် ပျောက်ချင်းမလှပျောက်ကွယ်သွားခဲ့ကြသည်။

ယခုချိန်တွင် ရှီယွမ် အတော်လေး ဒေါသထွက်နေလေပြီ......

လုချင်းအာကို ဆွဲခေါ်သွားသူသည် အလွန်လျင်မြန်လှသော်လည်း ထိုသူကို ရှီယွမ်သတိပြုမိလိုက်ပါသည်။

" လီလော့....မင်း ငါ့အစီအစဉ်ကို ဖျက်ဆီးရဲတယ်ပေါ့....."

All Chapters