← Chapters

အလှလေးကို ကယ်တင်ခဲ့သော သူရဲကောင်း......

Vol. 5 Ch. 63

အလှလေးကို ကယ်တင်ခဲ့သော သူရဲကောင်း......

Vol. 5 Ch. 63

ပြိုပျက်နေသော အပျက်စီးများကြားထဲတွင်....

ရှီယွမ် ဒေါသထွက်လွန်းနေသဖြင့် သူ့ခန္ဓာကိုယ်မှ အခိုးအငွေ့များပင် ထွက်ပေါ်နေလေ၏။ အကြီးမားဆုံး အတားအဆီးဖြစ်သော လုချင်းအာကို ဖယ်ရှားပစ်ရန် လက်တစ်ကမ်းသာ လိုတော့သည့်အချိန်တွင် လီလော့ကြောင့် အကုန်ပျက်စီးခဲ့ရလေသည်။

အမြဲတစေ လိမ်မာပါးနပ်စွာ ပြုမူတတ်သူ ရှီယွမ်သည် ရှုံးနိမ့်မှုကြောင့် အ​တော်လေး သရုပ်ပျက်နေခဲ့ပြီး လီလော့ကို အပိုင်းပိုင်းခုတ်ပစ်ရန် နည်းနည်းလေးမျှ မစောင့်နိုင်တော့ပေ။

ရှီယွမ် လီလော့တို့ကို ​ခြေရာခံကြည့်သော်လည်း အချည်းနှီးသာပင်....

လီလော့တို့သည် လေထဲတွင် ပျောက်ကွယ်သွားသည်နှင့်တူလှသည်။

အချိန်အတော်ကြာ ရှာဖွေကြည့်လိုက်သော်လည်း ထူးခြားမှုမရှိသောကြောင့် ဒေါသကို အနိုင်နိုင်မြိုသိပ်ကာ ရေခဲရုပ်ထုသုံးခုကို စွမ်းအားသုံးပြီး အရည်ဖျော်ပေးလိုက်ရသည်။

လျန်ရှန်းတို့သုံးဉီးစလုံးသည် မျက်နှာများပြာနှမ်းနေပြီး တကိုယ်လုံးတုန်ရီနေကြသည်။

အတော်လေးကြာတော့မှသာ ပုံမှန်ပြန်ဖြစ်သွားခဲ့ကြသည်။

ရှီယွမ်က ထိုသုံးဉီးကို ကြည့်လိုက်ပြီး.....

" လီလော့က လုချင်းအာကို လာကယ်သွားတယ်....ငါတို့ရဲ့ စစ်ဆင်ရေးမပြီးဆုံးသေးဘူး.... ငါတို့ မြန်မြန်ရှာမှဖြစ်မယ်....လုချင်းအာ ငါ့ကြောင့် ဒဏ်ရာရသွားတယ်ဆိုတော့ သက်သာဖို့ အချိန်ယူရလိမ့်မယ်...ဒီအချိန်မှာ ရေခဲကျောက်စိမ်းလက်ကို သုံးနိုင်ဉီးမှာမဟုတ်ဘူး....မြန်မြန်ရှာတွေ့မှသာ သူ့ကို လွယ်လွယ်ထုတ်ပစ်နိုင်မှာ....."

လျန်ရှန်းတို့သုံးဉီးစလုံး ရှီယွမ်ကို ခေါင်းညိတ်ပြလိုက်ကြသည်။ ဤမျှအထိရောင်လာပြီးမှတော့ လက်ဗလာနှင့် မပြန်ချင်ကြပေ။

" မြေပြင်အနေအထားက အရမ်းရှုပ်အထွေးတော့ ငါတို့ချည်းပဲဆို လူအင်အားလုံလောက်မှာမဟုတ်ဘူး....လုချင်းအာ ဒဏ်ရာရနေပြီလို့ သတင်းလွှင့်လိုက်ဖို့ အကြံပေးချင်တယ်....အပျက်စီးနယ်မြေထဲမှာ တခြားကျောင်းသားတွေလဲရှိနေသေးတာပဲလေ....လုချင်းအာကို အရင်က ရင်မဆိုင်ရဲပေမယ့် အခုလို ဒဏ်ရာရနေပြီဆိုရင် တိုက်ခိုက်ဖို့ ကြိုးစားကြမှာပဲ.  ."

ဤသည်မှာ ကျုံးဖူ၏ အကြံဖြစ်သည်။

ကျုံးဖူ၏ အကြံအစည်ကို လျန်ရှန်းနှင့်ချီစုတို့က ချက်ချင်းလက်ခံလိုက်ကြပြီး ရှီယွမ်ပင်လျှင် မျက်ခုံးပင့်လိုက်မိသည်။

" သွားကြစို့....သူတို့ကို အချိန်ပေးလို့မဖြစ်ဘူး...."

.......... ............... ............. .............

အဖြူရောင်ဝိဉာဉ်တောင်ခြေတွင်........

လုချင်းအာ ကယ်တင်ခံလိုက်ရသည့်အခါ ပရိတ်သတ်များထံမှ ဝမ်းသာအားရ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့လေသည်။ မည်သို့ပင်ဆိုစေ လုချင်းအာသည် နုနယ်လှပသော မိန်းမပျိုလေးတစ်ဉီးဖြစ်သည့်အပြင် အုပ်စုဖွဲ့တိုက်ခိုက်ခံခဲ့ရသောကြောင့် အသနားပိုမိနေခြင်းဖြစ်သည်။

သို့သော်လည်း လုချင်းအာသည် ဒဏ်ရာရထားသောကြောင့် ကယ်တင်ခံခဲ့ရသော်လည်း မကြမှီထုတ်ပယ်ခံရတော့ပေမည်။

" လုချင်းအာကို ကယ်သွားတာ သခင်လေးနဲ့တူတယ်...."

မျက်စိလျင်သော ချိုင်ဝေသည် လုချင်းအာကို ကယ်သွားသူကို ပုံဖော်နိုင်ခဲ့သည်။

" လီလော့က ဒုက္ခရောက်နေတဲ့ မိန်းမပျိုလေးကို နည်းလမ်းဟောင်းကြီးသုံးပြီး ကယ်တင်လိုက်တာလေ.....အချိန်၊ နည်းလမ်း... အားလုံးကွက်တိပဲဆိုတော့ ဘယ်မိန်းကလေးကများ ငြင်းနိုင်မှာလဲ....."

ယန်လင်းချီ အပြောကြောင့် ချိုင်ဝေ မပွင့်တပွင့်ပြုံးလိုက်ပြီး.....

" ဒါဆို ငါတို့ရဲ့ ချင်းအာလေးမှာ ပြိုင်ဘက်တွေရှိလာတော့မယ်နဲ့တူတယ်...."

" စောင့်ကြည့်ရမှာပဲလေ......"

.......... ......... .................. ......... ........

မဏ္ဍပ်ထဲရှိ လေထုသည် ယခင်အတိုင်းတင်းမာနေသော်လည်း လုချင်းအာ ကယ်တင်ခံလိုက်ရသောအခါ ​ဌာနမှူးဝေရှသည် အနည်းငယ်ပေါ့ပါးသွားသလိုခံစားလိုက်ရသည်။

သို့သော်လည်း နန်ဖန်းကျောင်းတော်၏ အခြေနေသည်ဆိုးဝါးသော အ​ခြေနေတွင်သာ ရှိသေးသောကြောင့် ဝေရှ စကားမပြောနိုင်သေးပေ။

ယခုချိန်တွင် လုချင်းအာ ဒဏ်ရာရနေပြီဖြစ်သောကြောင့် ရှီယွမ်နှင့် တိုက်ခိုက်နိုင်တော့မည်မဟုတ်ပေ။

ရှီချင်သည် လုချင်းအာ ကယ်တင်ခံလိုက်ရသည်ကို မြင်သော်လည်း အေးရာအေးကြောင်း ရေနွေးကြမ်းသောက်နေဆဲပင်....

လုချင်းအာသည် ဒဏ်ရာရနေပြီဖြစ်သောကြောင့် ရှီယွမ်သာ သူမကိုရှာတွေ့ပြီး အမှတ်များကို သိမ်းယူနိုင်မည်ဆိုပါက အရှေ့ပိုင်းရေကန်ကျောင်းတော်သည် ထျန်ရှု၏ နံပါတ်တစ်ကျောင်းတော် ဖြစ်လာပေတော့မည်။

တွေးကြည့်ရုံနှင့်ပင် ရှီချင် ပြုံးလိုက်မိလေသည်။

// ကယ်တင်ရှင်လေးက လီလော့တဲ့လား....လော့လန်အိမ်တော်ကလူတွေ သိပ်ကိုစိတ်ပျက်ဖို့ကောင်းတာပဲ.....ကိစ္စတော့မရှိပါဘူးလေ.....ငါ ထျန်ရှုမှာ ဆက်ရှိနေသ၍ လော့လန်အိမ်တော်ကို ​ဖြုတ်ချဖို့နည်းလမ်းတွေ အများကြီးသုံးလို့ရသေးတာပဲ......//

.......... ............. ..................

အပျက်စီးနယ်မြေထဲတွင်.....

လီလော့သည် သဘာဝအတိုင်း ဖြစ်ပေါ်နေသော သစ်ခေါင်းပေါက်ကြီးတစ်ခုဆီသို့ လုချင်းအာကို ခေါ်လာခဲ့သည်။

လုချင်းအာကို ငုံ့ကြည့်လိုက်သည့်အခါ သူမသည် လီလော့ကို စူးစိုက်ကြည့်နေလေ၏.....

"ငါ နင့်ကို သူရဲကောင်းဆန်ဆန်ကယ်တင်လိုက်လို့ နင် ယူကျုံးမရဖြစ်နေမယ်မှန်း ငါသိပါတယ်....နင် စိတ်ထိန်းထားနိုင်ဖို့ပဲ ငါမျှော်လင့်တယ်....."

ဒဏ်ရာပြင်းထန်သောကြောင့် တကိုယ်လုံးကို ပျံ့နှံ့လာသော နာကျင်မှု​ကြောင့် လုချင်းအာ ရှုံ့မဲ့နေလေသည်။

" ဒဏ်ရာပြင်းလို့လား...."

" အတော်ပြင်းတယ်....ငါအချိန်မှာ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး....ငါ အ​တော်လေးကို နမော်နမဲ့နိုင်ခဲ့တာပဲ....."

" ခက်တော့နေပြီ....ရှီယွမ်က ငါတို့ကိုရှာဖို့ တခြားကျောင်းသားတွေကိုပါ စစ်ကူခေါ်လာလိမ့်မယ်....အနှေးနဲ့အမြန် ငါတို့ ထုတ်ပယ်ခံရတော့မှာပဲ...."

လီလော့ ထိုသို့ ပြောလိုက်သောအခါ လုချင်းအာက မျင်နှာငယ်လေးနဲ့ တောင်းပန်ရှာ၏။

" ငါ..တောင်းပန်ပါတယ်...."

" နင်က ဘာကိုတောင်းပန်နေတာလဲ..."

"ငါ ပထမနေရာ မယူပေးနိူင်တော့ဘူးလေ...ငါ ပထမမရတော့ နန်ဖန်းက အပိုဝင်ခွင့်နေရာတွေ မရတော့ဘူးပေါ့....."

" အဲ့တာ နင်နဲ့ ဘာဆိုင်လို့လဲ....နင့်အတွက်ပဲ နင် တိုက်ခိုက်ရမှာပေါ့...နင်ပထမနေရာရခဲ့ရင်လည်း ဒါက နင့်ရဲ့ကြိုးစားအားထုတ်မှုကြောင့်ရတာပဲပေါ့....နင် မလုပ်နိုင်တော့လဲ နန်ဖန်းကျောင်းသားတွေအတွက် ကံဆိုးသွားတယ်လို့ပဲ ပြောရမှာပေါ့.....ငါနဲ့သိတဲ့လုချင်းအာက အခုလို ရှက်တတ်တဲ့သူမျိုး မဟုတ်ဘူး....နင် ခေါင်းများထိခိုက်လားသလား...."

လုချင်းအာ လီလော့ကို ဒေါသတကြီးစိုက်ကြည့်လိုက်ပြီး....

"နင့်ခေါင်းသာ ထိခိုက်နေတာ...."

" အိုးးး မေ့တော့မလို့...နင် ဒဏ်ရာရနေတယ်ဆိုတော့ ငါရဲ့ ရေပဲ့တင်ထပ်သံစွမ်းအားနဲ့ ကုပေးမယ်လေ...."

" ငါ့ဒဏ်ရာက အချိန်တိုအတွင်းမသက်သာမှာကိုပဲ စိုးရိမ်နေတာ....."

" ကုနိုင်သလောက် ကုသကြည့်တာပေါ့ဟာ....."

ရေစွမ်အားနှင့် အလင်းစွမ်အား နှစ်ခုစလုံးသည် ကုသရေးအတွက် ကောင်းမွန်သော စွမ်းအားများဖြစ်ကြသည်။လီလော့ပိုင်ဆိုင်ထားသော ရေအလင်းစွမ်းအားနှင့်သာဆို မယုံနိုင်လောက်အောင် ထိရောက်မှုရှိပေလိမ့်မည်။

လီလော့ ပြောပြောဆိုဆိုနဲ့ လုချင်းအာလက်ကို လှမ်းဆွဲလိုက်သည့်အခါ လုချင်းအာ လန့်ဖြန့်သွားပြီး လက်ပြန်ရုတ်လိုက်လေသည်။

လုချင်းအာသည် နီမြန်းနေသော မျက်နှာလေးဖြင့် လီလော့ကို ရှက်ရွံ့နေဟန်ဖြင့် ကြည့်လိုက်ပြီး.....

"နင်....နင်ဘာလုပ်မလို့လဲ...."

လုချင်းအာကြောင့်​ လီလော့ ခင်မျာ ကြောင်တက်တက်ဖြစ်နေခဲ့ရသည်။

" ရေပဲ့တင်ထပ်သံစွမ်းအားသုံးပြီး နင့်ကို ကုပေးမလို့လေ.... "

"ဟမ်? ?ဒဏ်ရာကုပေးတာ လက်ကိုင်ဖို့ လိုလို့လား....."

"ငါ့စွမ်းအားက အဝတ်ပေါ်ကနေ ပို့လို့ရတဲ့အထိ အားကောင်းမနေဘူး....လက်မကိုင်ချင်ရင် အဝတ်နည်းနည်းလျှောချပြီး ငါ့ဘက်လှည့်လိုက်.... "

လုချင်းအာ လီလော့ကို ကျားရဲတစ်ကောင်လို စူးရဲစွာ ကြည့်လိုက်လေသည်။

" ကောင်းပြီ....ကုမနေနဲ့တော့...ပြောရဆိုရသိပ်ခက်တာပဲ...အဲ့မှာ ထုတ်ပယ်ခံရမယ့်အချိန်ကို ထိုင်စောင့်နေလိုက်တော့....."

လီလော့ ဒေါသထွက်နေလေပြီ....

// မိန်းကလေးတွေ သိပ်လက်ပေါက်ကပ်တာပဲ....ဒဏ်ရာရနေလို့ ကုပေးတာကိုတောင် ပြသာနာရှာချင်နေသေးတယ်.....//

" နေဉီး...."

လီလော့ ဒေါသထွက်နေသည်ကို မြင်လိုက်သည့်အခါ လုချင်းအာ လီလော့လက်ကို လှမ်းဆွဲလိုက်လေသည်။

သူမ၏ ကျင့်စဉ်ကြောင့် သူမ၏ လက်နှစ်ဖက်စလုံးသည် လှပသော်လည်း အေးစက်နေလေ၏။

လီလော့ ဒေါသထိန်းလိုက်ပြီး ပဲ့တင်ထပ်သံစွမ်းအားများကို လုချင်းအာဆီ ပို့လွှတ်ပေးလိုက်သည်။

အပြာရောင်စွမ်းအားမျှင်တန်းများသည် လုချင်းအာ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး ဒဏ်ရာများကို ကုသပေးနေသည်။

လီလော့၏ စွမ်းအားများသည် ထင်ထားသည်ထက်ပိုမိုသန့်စင်နေသောကြောင့် လုချင်းအာ အံ့သြနေခဲ့မိသည်။

နွေးထွေးမှုသည် ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေပြီး နေရထိုင်ရ ပိုသက်သာ လာခဲ့သည်။

သူမ၏ လက်ကို ကိုင်ထားသော လီလော့ကိုမော့ကြည့်လိုက်သည့်အခါ သူမ၏ မျက်နှာသည် ခရမ်းချဉ်သီးကဲ့သို့ နီရဲလာလေ၏။

ရေခဲကျောက်စိမ်းကျင့်စဉ် ကျင့်ကြံပြီးကတည်းက သူမ၏ လက်များသည် အေးခဲနေသောကြောင့် တခြားသူများနှင့် မထိမိစေရန် တစ်ချိန်လုံး လက်အိတ်ဝတ်ထားခဲ့ရသည်။ ထို့ကြောင့် ထိရှလွယ်သော သူမသည် လီလော့ လက်လာကိုင်စဉ်က လန့်ဖြန့်ပြီး ရုန်းမိလိုက်ခြင်းဖြစ်သည်။

ယခုချိန်တွင်မူ လုချင်းအာဘက်က လီလော့၏ လက်ကိုကိုင်ထားရပြီး ခေါင်းငုံ့​တောင်းပန်နေရသည်။ ဤသည်မှာ လုချင်းအာ၏ မြင်တွေ့ရခဲသော ပုံစံတစ်မျိုးပင်ဖြစ်နေမည်လော.......

All Chapters