← Chapters

ဓားစာခံမရှိတော့ပါ.......

Vol. 5 Ch. 64

ဓားစာခံမရှိတော့ပါ.......

Vol. 5 Ch. 64

အပျက်စီးနယ်​မြေထဲတွင် အခြေနေများ ရှုပ်ထွေးနေပြီဖြစ်သည်။

ကျန်ရစ်နေသော ကျောင်းသားများသည် လုချင်းအာ ဒဏ်ရာရသွားသည့်သတင်းက်ို ရှီယွမ်ထံမှ ကြားသိလိုက်ကြရသည်။

လောဘလှိုင်းလုံးများ မြှင့်တက်လာနေပြီဖြစ်သည်။

လုချင်းအာကိုသာ ထုတ်ပယ်နိုင်မည်ဆိုပါက ထိုသူသည် ပထမနေရာရပေလိမ့်မည်။

အစပိုင်းတွင်မူ လုချင်းအာ၏  ခွန်အားကို ထိတ်လန့်နေသောကြောင့် အနားမကပ်ရဲကြသော်လည်း ယခုချိန်တွင် ဘာကိုမျှ ကြောက်နေစရာမလိုတော့ပေ။

ထို့ကြောင့် လောဘကြီးသော ကျောင်းသားတစ်ချို့သည် လုချင်းအာကို အမဲလိုက်ရန် ​ကြိုးပမ်းနေကြလေပြီ.....

ရှီယွမ်သည် မြင့်မားသော အုတ်တံတိုင်းတစ်ခုပေါ်တွင်ရပ်နေပြီး အပျက်စီးနယ်မြေအတွင်းရှိ အပြောင်းအလဲများကို မျက်နှာသေနှင့် ကြည့်နေလေ၏။

တစ်နာရီကျော်ကြာအောင် ရှာဖွေခဲ့သည့်တိုင် လီလော့နှင့်လုချင်းအာတို့ကို အစအနပင်ရှာမတွေ့ခဲ့ပေ။

" ငါ စိတ်မရှည်တော့ဘူးနော်...."

ရှီယွမ် လျန်ရှန်းတို့ကို လှမ်းပြောလိုက်သည်။

" မလောစမ်းပါနဲ့....ဒီလောက် လူအများကြီးဝိုင်းရှာနေတာပဲဟာ သူတို့ ကြာကြာပုန်းမနေနိုင်ပါဘူး...."

ရှီယွမ် သက်ပြင်းချလိုက်လေသည်။ အလျင်စလို ပြုမှုခြင်းသည်ကောင်းသောအရာမဟုတ်မှန်း သိနေသော်လည်း မတင်မကျဖြစ်နေခြင်းကို ထိန်းချုပ်ရန် ခက်ခဲလှပေသည်။

ရုတ်တရက်....​ခြေသံတစ်ချို့ကြားမိလိုက်သောကြောင့် လှည့်ကြည့်လိုက်သောအခါ စုန်ယွမ်သည် ကျောင်းသားတစ်ယောက်ကို ဖမ်းခေါ်လာနေသည်ကိုတွေ့လိုက်ရသည်။

" ငါဖမ်းလာတဲ့ကောင်က လီလော့ကို မျှားခေါ်တဲ့နေရာမှာ အကူညီပေးနိုင်လိမ့်မယ်...."

စုန်ယွမ်ဖန်က ကြိုးတုပ်ခံထားရသော ကျောင်းသားကို လက်ညှိုးထိုးပြလိုက်ပြီး....

" သူက ကျောက်ခွော်...သူနဲ့ လီလော့က ညီအစ်ကိုလို ခင်ကြတဲ့သူတွေ....သူနဲ့ယုလန်က လီလော့ရဲ့နောက်ကို တစ်ချိန်လုံးလိုက်နေခဲ့ကြတာ....လီလော့က ယုလန်ကြောင့် မင်းကို ​​ခြေရာခံနိုင်ခဲ့ပုံပဲ....ငါသူတို့ကို ​ခြေရာခံနေမှန်းတော့ သူတို့ မသိလိုက်ကြဘူး....မင်း လုချင်းအာနဲ့ တိုက်နေတဲ့အချိန် ငါ သူတို့ကိုသွားဖမ်းလာတာ..ယုလန်ကတော့ လွတ်သွားတယ်....."

ကျောင်ခွော်သည် ​ကြိုးတုပ်ခံထားရသည့်အပြင် ပါးစပ်ပါ အဆို့ခံထားရသောကြောင့် စုန်ယွမ်ဖန်ကို ဒေါသတကြီးကြည့်နေရုံသာ တတ်နိုင်ရှာသည်။

တကယ်တမ်းတွင်မူ စုန်ယွမ်ဖန် ရောက်နေမှန်း ကျောင်ခွော်တို့ သိထားသော်လည်း တစ်ကျောင်းတည်းသားချင်းဖြစ်နေသည့်အတွက် သိပ်သတိမထားမိခဲ့သာ့်အပြင်

စုန်ယွမ်ဖန် အခုလို သစ္စာဖောက်မည်ဟုလည်း ထင်မထားမိခဲ့ကြပေ။

ထို့ကြောင့် စုန်ယွမ်ဖန် တိုက်ခိုက်လာသည့်အခါ ကျောက်ခွော်သည် ယုလန်ထွက်ပြေးနိုင်အောင် မိမိကိုယ်ကိုကိုယ်စတေးပစ်ခဲ့သည်။

စုန်ယွမ်ဖန်သည် ကျောက်ခွော်၏ အကြည့်များကို လျစ်လျူရှုထားပြီး.....

" ပြိုင်ပွဲမှာ လူသတ်လို့မရပေမယ့် ငါတို့ သူ့နဲ့ နည်းနည်းပါးပါး ကစားလို့တော်ရပေါသေးတယ်....လီလော့ သတင်းကြားပြီးတာနဲ့ သူ့သူငယ်ချင်းကို လာမကယ်ဘဲ နေနိုင်မှာမဟုတ်ဘူး......"

"ဟားး ဟားး...ယွမ်ဖန် မင်းက တကယ့်ကောင်ပဲ...."

ရှီယွမ် အားပါးတရရယ်မောလိုက်ပြီး ချီစုဘက်ကိုလှည့်ကာ.....

"သွား...ကျောက်ခွော်ကို ထင်သာမြင်သာတဲ့နေရာမှာ ချိတ်ထားလိုက်...လီလော့တစ်ယောက် သူငယ်ချင်းကိုရွေးမလား လုချင်းအာကိုရွေးမလား ငါသိချင်နေပြီ....."

ထိုအခါ ကျုံးဖူက ........

" နည်းနည်းတော့လွန်နေတယ် မထင်ဘူးလားကွာ....."

" ဒါက လီလော့ ငါ့ကို ရန်လာစလို့ ဖြစ်လာရတဲ့ အကျိုးဆက်တွေပဲ....."

ချီစုက ရှီယွမ် အမိန့်ပေးသည့်အတိုင်း ကျောက်ခွော်ကို နွယ်ပင်များနှင့်ရစ်ပတ်လိုက်ပြီး ရဲတိုက်အမြင့်ပိုင်းတွင် တွဲလောင်းချိတ်ဆွဲထားလိုက်လေ၏။

........ .................

သစ်ခေါင်းထဲတွင်.....

လီလော့ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ လုချင်းအာ၏မျက်နှာသည် ခရမ်းချဉ်သီးကဲ့သို့ နီရဲနေသည်ကို မြင်လိုက်ရသောကြောင့်......

" အဆင်ပြေရဲ့လား...."

လုချင်းအာက နှုတ်ခမ်းကိုက်လိုက်ပြီး ရှက်ရွံ့နေသောအမူအရာဖြင့် ခပ်တိုးတိုးပြန်မေးလိုက်သည်။

" ပြီးသွားပြီလား...."

လီလော့ ခေါင်းညိတ်ပြလိုက်ပြီး လုချင်းအာ၏ လက်ကိုပြန်လွှတ်ပေးလိုက်သည်။ ယုချိန်တွင် ဝန်ထုပ်ဝန်ပိုးတစ်ခုလျှော့ပါသွားသည့်နှယ် ပေါ့ပါးနေပြီဖြစ်သည်။

လုချင်းအာသည် ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်သည့်အခါ အတော်ပင်အံ့သြနေမိခဲ့သည်။

" ငါ့ဒဏ်ရာတွေ 80% လောက်သက်သာသွားပြီ....."

တစ်နာရီလောက်အတွင်း ဤမျှအထိသက်သာအောင်ကုသပေးနိုင်ခြင်းသည် အံ့ဖွယ်ကောင်းလှပေသည်။

" လီလော့...နင် တကယ်တော်တယ်...."

လီလော့က အရှက်ပြေ ခေါင်းကုတ်လိုက်ပြီး.....

"နင် အချိန်ရတုန်း အားဖြည့်ထားလိုက်ဉီး...."

လုချင်းအာက လီလော့ကို ခေါင်းညိတ်ပြ

လိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ မျက်လုံးမှိတ်လိုက်ပြီး စွမ်းအားများကို စတင်စုဆောင်းနေသောကြောင့် လီလော့ သစ်ခေါင်းအပြင်သို့ ထွက်လာခဲ့လိုက်သည်။

အပြင်ရောက်သည်နှင့် လီလော့၏ မျက်နှာသည် တမဟုတ်ချင်း မည်းမှောင်လာခဲ့သည်။

လီလော့သည် လုချင်းအာကို တစ်ချက်လှည့်ကြည့်လိုက်ပြီး ရေအရိပ်အကာအကွယ်ကို ခြုံလွှမ်းလိုက်သောအခါ ကိုယ်ပျောက်လူသားတစ်ယောက်သဖွယ်ဖြစ်သွားခဲ့ပြီး သစ်ခေါင်းနှင့်ဝေးရာသို့ ထွက်လာခဲ့လေ၏။

လီလော့ အပျက်စီးနယ်မြေထဲတွင် လျင်မြန်စွာပြေးလွှားနေခဲ့ပြီး မိနစ်အနည်းငယ်ကြာသောအခါ ကောင်းစွာပုန်းအောင်းနိုင်သောနေရာတစ်ခုကနေ အဝေးကို လှမ်းကြည့်လိုက်သည်။

လီလော့ကြည့်နေသော နေရာတွင် တွဲလောင်းချိတ်ဆွဲခံထားရသော ကျောက်ခွော်ရှိနေသည်။

ရှီယွမ်တို့ လူတစ်စုက ကျောက်ခွော်အနားတွင် ရပ်နေပြီး ပတ်ဝန်းကျင်ကို သေချာစောင့်ကြည့်နေကြသည်။

" လီလော့...မင်း ငါတို့ကို မြင်နေရမှန်း ငါသိတယ်...မင်း လုချင်းအာကိုငါတို့ဆီပေး

မယ်ဆို မင်းသူငယ်ချင်းကို ငါတို့ လွှတ်ပေးမယ်......"

ရှီယွမ်၏အော်သံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေသော်လည်း ပြန်​ဖြေသူမရှိပေ။

" မင်း ထွက်မလာရင် မင်းသူငယ်ချင်းကို အရှက်ခွဲလို့ ငါ့ကိုအပြစ်လာမတင်နဲ့.....

ရှီယွမ်က ကျောက်တုံးတစ်ခုကို ခွဲချေလိုက်ပြီး စွမ်းအားသုံးကာ ကျောက်ခွော်ဆီ ပစ်လွှတ်လိုက်သည်။ နာကျင်မှုကြောင့် ကျောက်ခွော်​ ချွေးစေးပြန်နေရှာသည်။

လီလော့ကို မျှားခေါ်ရန် ကြိုးစားနေမှန်းသိသောကြောင့် ကျောက်ခွော်သည် နာကျင်နေသော်လည်း အသံမထွက်အောင် အံကြိတ်နေခဲ့သည်။

" ခံနိုင်ရည်ရှိသားပဲ....."

ရှီယွမ်က ကျောက်ခဲများထဲတွင် လျှပ်စီးစွမ်းအားများ ထည့်သွင်းပစ်လွှတ်လ်ိုက်သည့်အခါမှသာ ကျောက်ခွော်ထံမှ ငြီးသံသဲ့သဲ့ထွက်ပေါ်လာလေသည်။

ကျောက်ခွော်၏ အဖြစ်သည် ငါးမျှားချိတ်တွင် မိနေသော ငါးတစ်ကောင်သဖွယ်ဖြစ်နေလေ၏။

ထိုအချိန်တွင် အစိမ်းရောင်အလင်းတန်းအား လင်းလက်လာပြီး.....

" ရှီယွမ်....သူရဲဘောကြောင်တဲ့ကောင်...မင်း ငါနဲ့လက်နဲ့ မမိစေနဲ့...မိလို့ကတော့ မင်းကိုမစင်တွင်းထဲ နှစ်ပစ်မယ်!!!...."

ရှီယွမ် ထိုလူကို မသိသောကြောင့် စုန်ယွမ်ဖန်က သတိလှမ်းပေးလိုက်ရသည်။

" ယုလန်ဆိုတာ သူပဲ......"

" ကျောက်ခွော်...ငါမင်းကို လာကယ်ပြီဟေ့....."

ယုလန် ထိုသို့ အော်ဟစ်လိုက်ပြီး ကျောက်ခွော်ရှိရာဆီ တဟုန်ထိုးပြေးသွားခဲ့သည်။

စုန်ယွမ်ဖန်က နှာမှုတ်သံတစ်ခုပြုလိုက်ပြီး ယုလန်ကိုလက်ပြန် ရိုက်ချလိုက်သည်။

ထိုအချိန်တွင် ယုလန်၏ ပါးစပ်ထဲမှ အစိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုအလင်းတန်းသည် ကျောက်ခွော်၏ စလစ်ပြားပေါ်ကျရောက်သွားပြီး စလစ်ပြားကျိုးပဲ့သွားလေသည်။

ထို့နောက် ယုလန်သည် စုန်ယွမ်ဖန်၏ ကျားရရဲတစ်ကောင်လို အကြည့်များအောက်တွက် ကိုယ်ပိုင်စလစ်ပြားကို ချိုးဖဲ့လိုက်လေသည်။

" ဟားး ဟားးး ငါ့မှာ စလစ်ပြားမရှိတော့ဘူး....သတ္တိရှိရင် လာတိုက်လေ....."

ယုလန်က ကို့ရို့ကားယား ကကွက်များနှင့် ခုန်ပေါက်နေလေ၏။

ရှီယွမ်တို့သည် ယုလန်၏ လုပ်ရပ်ကြောင့် အံအားသင့်နေခဲ့ရသည်။ ယုလန်သည် ကျောက်ခွော်ကိုကယ်တင်ရန်လာခဲ့ခြင်းမဟုတ်ဘဲ နှစ်ဉီးစလုံး နှုတ်ထွက်ရအောင် လာခဲ့ခြင်းဖြစ်သည်။

နှုတ်ထွက်ပြီးသားကျောင်းသားများကို ဘာမျှမလုပ်နိုင်တော့ပေ။

ယခုချိန်တွင် ရှီယွမ်တို့၏ အမူအရာသည် သံပရာသီးစားထားသူများလို ရှုံ့မဲ့နေကြလေ၏။

All Chapters