← Chapters

သုံး... နှစ်...တစ်...အဆင့်တက်ပြီ....

Vol. 5 Ch. 65

သုံး... နှစ်...တစ်...အဆင့်တက်ပြီ....

Vol. 5 Ch. 65

အပျက်စီးများကြားက လွတ်နေသော နေရာတစ်ခုတွင်.....

ယုလန်သည် မြေပြင်ပေါ်တွင် ထိုင်နေပြီး ကျောက်ခွော်ကတော့ တွဲလောင်းချိတ်ဆွဲခံထားရဆဲပင်.....

ကျောက်ခွော်သည် ထိုအနေအထားနှင့် နေနေရသည့်တိုင် ပေါ့ပါးစွာ ရယ်မောနေ၏။

" ယုလန်....မင်းက ထင်ထားတာထက်တောင် ဉာဏ်ကောင်းသေးတယ်....."

" အရမ်းချီးကျူးမနေနဲ့....."

ယုလန်သည် ကျောက်ခွော် အတည်ပေါက်ကြီး ချီးကျုးနေသောကြောင့် မနေတတ်တော့ပေ။

ရှီယွမ်သည် ထိုနှစ်ယောက်ကို စိတ်ပျက်စွာ ငေးကြည့်နေရာရနေ အကြည့်လွှဲလိုက်တော့သည်။ ပြိုင်ပွဲမှ ထွက်ထားရသူများအပေါ် အာရုံစိုက်နေစရာမလိုတော့ပေ။

စုန်ယွမ်ဖန်သည် ရှီယွမ်ထက်ပင် အခြေနေဆိုးနေသေးသည်။ သေချာပြင်ဆင်ထားသောလည်း ယုလန်ကြောင့် ရေစုန်မျှောရလေပြီ......

" ယုလန်... မင်းတို့နှစ်ယောက်စလုံး ထိပ်တန်းဆယ်ယောက်စာရင်းဝင်နိုင်ရဲ့သားနဲ့ ဘာလို့ နှုတ်ထွက်လိုက်ရတာလဲ....ဒီလိုလုပ်ဖို့ တန်ရဲ့လား...."

စုန်ယွမ်ဖန် မနေနိုင်တော့သောကြောင့် ထုတ်မေးလိုက်သည်။

" မင်းလို ဉီးနှောက်ပိတ်ဆို့နေတဲ့ကောင်တွေ ဘယ်နားလည်ပါ့မလဲ....ငါဆိုတဲ့ ယုလန်က ပိုက်ဆံမက်ပေမယ့် ငါ့မှာလည်း သတ်မှတ်ချက်ဆိုတာရှိတယ်....ငါဘယ်တော့မှ တစ်ခြားကျောင်းကလူကို ကူညီဖို့

တစ်ကျောင်းတည်းသားချင်းအပေါ် သစ္စာဖောက်မှာမဟုတ်ဘူး...."

" ငါသာ ကြယ်တာယာခရီးရှည်ကောလိပ်ရောက်သွားရင် မင်း ဘာပဲပြောပြော အဓိပ္ပါယ်ရှိတော့မှာ မဟုတ်ဘူး....ဒါပေမယ့် မင်းတို့နှစ်ယောက်ကတော့ ဒီနေရာမှာတင် ဆုံးခန်းတိုင်နေပြီ....."

" ဟုတ်လို့လား...မင်း အရင်တစ်ခေါက် လီလော့နဲ့ တိုက်တုန်းက သရေကျခဲ့တယ်....အခု မင်း သူနဲ့ တိုက်ခိုက်မယ်ဆို ဘာတွေ ဖြစ်လာမလဲ ဘယ်သူသိမှာလဲ....."

ယုလန်၏ အဆိပ်ပြင်းသော စကားများကြောင့် စုန်ယွမ်ဖန်အတော် မျက်နှာပျက်နေလေပြီ.......

ရှီယွမ်က စကားစဖြတ်လိုဟန်ဖြင့်......

" တော်တော့....ဒီအစီအစဉ်မအောင်မြင်မှတော့ တစ်လက်မချင်း ပိုက်စိတ်တိုက်ပြီး ရှာကြရမှာပဲ....ဒီကောင် ကြာကြာပုန်းမနေနိုင်ဘူး....."

စုန်ယွမ်ဖန် ခေါင်းညိတ်လိုက်ပြီး ယုလန်နားကနေ ထွက်သွားခဲ့သည်။

ထိုအဖြစ်အပျက်များကို လီလော့ တည်ငြိမ်စွာ ကြည့်နေသည်ကို မည်သူမျှ သတိမထားမိကြပေ။

လီလော့သည် စိတ်ခံစားချက်များကို ထုတ်ပြတတ်သူမဟုတ်သည့်အတွက် တည်ငြိမ်လေလေ ပိုကြောက်စရာကောင်းလေလေ ဆိုသည်ကို မည်သူမျှ သတိထားမိကြမည်မဟုတ်။

လီလော့ သာမန်ထက်ပိုပြီး တည်ငြိမ်နေခြင်းသည် ဒေါသထွက်နေခြင်းမည်ပေသည်။

လီလော့သည် ရှီယွမ်နှင့် စုန်ယွန်ဖန်တို့ကို သေချာစိုက်ကြည့်လိုက်ပြီး အဝေးသို့ ထွက်ခွာသွားလေတော့သည်။

လီလော့ ထွက်ခွာသွားသည့်အခါ တစ်ခုခုကို အာရုံခံလိုက်မိသဖြင့် ရှီယွမ်သည် လီလော့ထွက်ခွာသွားသည့်နေရာကို လှည့်ကြည့်မိလိုက်သည်။

//လီလော့လား....ဟုတ်နေရင်ခဲ့ရင်တော့ အကောင်းဆုံးပဲပေါ့....မြင်လိုက်ရတာတွေကြောင့် သေချာပေါက် ဒေါသထွက်နေမှာပဲ.... ဒါပေမယ့် အားနည်းသူတွေရဲ့ ဒေါသက အရာမှမဝင်တာ....//

.......... .....................

သစ်ခေါင်းထဲတွင်.....

လုချင်းအာသည် လီလော့ ပြန်ရောက်လာချိန်အထိ မျက်လုံးမှိတ်ကာ ကျင့်ကြံနေဆဲပင်..

လီလော့ သူမကို နှောက်ယှက်မနေတော့ဘဲ တင်ပြင်ခွေချိတ်ကာ ကျင့်ကြံနေခဲ့သည်။

နောက်ထပ်အချိန်တစ်နာရီ ကုန်လွန်ခဲ့ပြန်သည်။

နေဝင်ရီတရောအချိန်ဖြစ်သောကြောင့် အဖြူရောင်ဝိဉာဉ်​တောင်​ခြေတွင် အရိပ်များ ဖြာကျနေလေ၏။

လူလုံးသဲကွဲစွာ မမြင်နိုင်သော်လည်း လိုက်ရှာနေသူများ၏ အသံများကို လီလော့တို့ ကြားနေရသည်။

လီလော့ လုချင်းအာ၏ မျက်နှာလှလှလေးကို ငေးကြည့်နေမိချိန်တွင် လုချင်းအာ မျက်လုံးပွင့်လာသောကြောင့် အကြည့်လွှဲလိုက်ပြီး....

" သက်သာသွားပြီလား....."

" အင်း......သိပ်မဆိုးတော့ဘူး...."

လီလော့ တခဏလောက်စဉ်စားပြီးနောက်......

" ဒါဆို နင် ရှီယွမ်ကို ရိုက်နိုင်ပြီပေါ့....."

လုချင်းအာက လီလော့ကို ခေါင်းခါပြလိုက်ပြီး......

"မဖြစ်နိုင်ဘူး....ရှီယွမ်က အားထက်အားနည်းနေတဲ့သူမဟုတ်ဘူး....ငါ့ရဲ့ ရေခဲကျောက်စိမ်းလက်သာ အထွတ်အထိပ်အခြေနေမှာသာ ရှိနေမယ်ဆိုတော့ ဖြစ်နိုင်လောက်မယ်...ဒါပေမယ့် ဒါကို ထုတ်သုံးပြီးသွားတဲ့အပြင် ငါ့ဒဏ်ရာကလည်း အပြည့်အဝသက်သာသေးတာမဟုတ်ဘူး.....ဒါ့အပြင် ရှီယွမ်ရဲ့ လျှပ်စီးချပ်ဝတ်ကို ရေခဲကျောက်စိမ်းလက်နဲ့မဟုတ်ရင် ဖျက်ဆီးဖို့ မလွယ်လောက်ဘူး...."

လီလော့ မျက်နှာငယ်ကျသွားလေသည်။

// ဒါဆို ရှီယွမ်က အနှေးနဲ့အမြန်ဆိုသလို ပထမနေရာရသွားတော့မှာပေါ့.....//

လီလော့ မျက်နှာမကောင်းတာကို မြင်လိုက်သည့်အခါ.....

"ဘာဖြစ်လို့လဲ လီလော့...."

"ထိပ်တန်းဆယ်ယောက် မသတ်မှတ်ရသေးခင် ရှီယွမ်နဲ့ စုန်ယွမ်ဖန်ကို သေချာပေါက် ဖယ်ထုတ်ပစ်ရမယ်...."

လုချင်းအာ၏ အမေးကို လီလော့က တုံ့ဆိုင်းခြင်းမရှိ ပြန်​ဖြေလိုက်သည်။

" သူတို့က ငါထွက်လာအောင် ကျောက်ခွော်ကိုဖမ်းပြီး လူရှေ့သူရှေ့မှာ အရှက်ခွဲခဲ့ကြတယ်....ယုလန်ရောက်လာပြီး သူရော ကျောက်ခွော်ရောရဲ့ စလစ်ပြားတွေကို ချိုးပြီး ကိုယ်တိုင်နှုတ်ထွက်လိုက်ကြတယ်....."

လီလော့ ပြောပြသည်ကို နားထောင်ပြီးနောက် လုချင်းအာ အင်မတန် ဒေါသထွက်လာရလေသည်။

" ဒါ..သိပ်ကိုတရားလွန်သွားပြီ...."

လီလော့ ဘာ့ကြောင့် ခါတိုင်းနှင့်မတူဘဲ သုန်မှုန်နေရမှန်း လုချင်းအာ နားလည်လိုက်လေပြီ....

" ငါ ရှီယွမ်နဲ့ တိုက်မယ်....မလွယ်လောက်ပေမယ့် အဆုံးရောက်တဲ့အထိ ကြိုးစားမယ်ဆို သူ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး...."

လုချင်းအာ၏ စိတ်ပိုင်းဖြတ်လိုက်သည့်အမူအရာကြောင့် လီလော့ အံ့သြနေခဲ့မိသည်။

// သူ့မှာ ဝှက်ဖဲတွေ ရှိနေသေးတာလား....//

သို့သော်လည်း ထိုဝှက်ဖဲအတွက် ကြီးမားသော တန်ဖိုး ပေးဆပ်ရပေလိမ့်မည်။ မဟုတ်ပါက ဖယ်ထုတ်ခံရခါနီးသည့်အချိန်ထိ ထုတ်မသုံးဘဲ နေလိမ့်မည်မဟုတ်ပေ။

" မလိုဘူး...."

လီလော့က လုချင်းအာကို ခေါင်းခါပြလိုက်ပြီး ဆက်ပြောလိုက်သည်။

" ငါ ရှီယွမ်နဲ့ တိုက်မယ်...နင်က လျန်ရှန်းတို့ သုံးယောက်ကို ​ဖြေရှင်းပေးထား...."

" နင်က....ရှီယွမ်နဲ့တိုက်မယ်...ဟုတ်လား...."

လီလော့သည် စည်းတံဆိပ်ခုနှစ်ခုအဆင့်လောက်နှင့် ရှီယွမ်လို စည်းတံဆိပ်ကိုးခုအဆင့်ကို တိုက်ခိုက်ချင်နေသည်။ဤသည်မှာလုံးဝမဖြစ်နိုင်ကြောင်း ဝန်မခံချင်သော်လည်း ဝန်ခံရပေမည်။

ခွန်အားအရာတွင် ရှီယွမ်သည် စုန်ယွမ်ဖန်ထက် များစွာ သာလွန်သူဖြစ်သည်။

လီလော့က လုချင်းအာကို အားတုံ့အားနာအပြုံးမျိုး ပြုံးပြလိုက်ပြီး......

" ငါနင့်ရဲ့ ​တောက်ပမှုကို မလုချင်ပါဘူး.....ဒါပေမယ့် တစ်ယောက်ယောက်က အခြေနေတွေကို ဒီလိုဖြစ်လာအောင် တွန်းပို့နေတယ်....ငါ ဒီလိုလုပ်ရတဲ့အတွက် အပြစ်မတင်ပါနဲ့နော်....."

" ဘယ်သူက တောက်ပမှုကို ဂရုစိုက်နေလို့လဲ....ဒါပေမယ့် တဇွတ်ထိုးဆန်တာမျိုးတွေ လျှောက်လုပ်မနေပါနဲ့....ငါ ပြောထားသားပဲ....ငါ ရှီယွမ်နဲ့ ရင်ဆိုင်ပေးပါမယ်လို့...."

လုချင်းအာ ​ခြေဆောင့်လိုက်ပြီး လီလော့ကို ပြန်ပြောလိုက်သည်။

လီလော့သာ ရှီယွမ်ကို  တစ်ကိုယ်တော်တိုက်ခိုက်မည်ဆိုပါက ရှီယွမ်၏ လက်ထဲတွင် လီလော့ အဆုံးသတ်သွားမည်ကို သူမ စိုးရိမ်နေမိသည်။

" မပူပါနဲ့....ငါ့မှာ ယုံကြည်ချက်ရှိပါတယ်....."

" နင်က စည်းတံဆိပ်ခုနှစ်ခုအဆင့်..... ဟိုကောင် ရှီယွမ်နဲ့ တစ်ကမ္ဘာလောက်ကွာခြားနေတယ်ဟဲ့! !!!"

" အေးလေ...နင်ပြောတာလဲ မှန်နေတာပဲ....ခဏလေး ငါစည်းတံဆိပ်ရှစ်ခုဖြစ်သွားအောင် အဆင့်တက်လိုက်ဉီးမယ်....."

" ဘာ!!!!!!"

" သုံး...."

" နှစ်....."

" တစ်....အဆင့်တက်သွားပြီ "

လုချင်းအာ ဘာပြောရမှန်းပင် မသိတော့ပေ။

သို့သော်လည်း လီလော့ကို သေချာကြည့်လိုက်မိသည့်အခါ သူမ အတော်ကို ထိတ်လန့်သွားခဲ့ရသည်။

လီလော့သည် ယခုချိန်တွင် စည်းတံဆိပ်ရှစ်ခုအဆင့်သို့ရောက်သွားခဲ့လေပြီ...

//လာနောက်နေတာလား.....လီလော့တကယ်ပဲ ထူးဆန်းတာတွေ လုပ်ပြနေတာလား....//

All Chapters