← Chapters

လီလော့၏ဒေါသ.......

Vol. 5 Ch. 66

လီလော့၏ဒေါသ.......

Vol. 5 Ch. 66

လုချင်းအာသည် လီလော့ကို ပါးဟပ်အဟောင်းသားဖြင့် ငေးကြည့်နေ၏။ ထိုအမူအရာသည် မြင်တွေ့ရခဲသော လုချင်းအာ၏ ချစ်စဖွယ်အမူအရာတစ်ခုဖြစ်ပေလိမ့်မည်။

လီလော့သည်လည်း သူမ၏ အမူအရာကြောင့် လန့်ဖြန့်သွားပြီး......

" ဟားး ဟားးး ငါက စနေတာပါ....စာမေးပွဲ မဖြေခင်ကတည်းက ကြိုတင်ပြင်ဆင်ထားတာပါ....စုန်ယွမ်ဖန်နဲ့ ရှီယွမ်တို့ရဲ့ လှုံ့ဆော်မှုကြောင့် အခက်အခဲတစ်ချို့ကို ကျော်ဖြတ်နိုင်ခဲ့ရုံလေးပါပဲ.... "

ထိုအခါမှသာ လုချင်းအာ ယုံကြည်သွားပုံရသည်။

// ဒါနဲ့များ ဘာဖြစ််လို့ တစ်နှစ်သုံးတွေ ရေနေရ​သေးတာလဲ....ဒီမှာဖြင့် လန့်ဖြန့်သွားတာပဲ....//

" ဒါပေမယ့် နင်ရဲ့ ကျင့်ကြံမှုနှုန်းက သိပ်မြန်လွန်းနေတယ်....မသိရင် နင့်ရဲ့ပဲ့တင်ထပ်သံက အဆင့်ခုနှစ်လောက်လို့ ထင်ရတယ်...."

" ဟုတ်တယ်...ငါ ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေသုံးပြီး အဆင့်မြှင့်ထားတယ်...."

" နင် စည်းတံဆိပ်ရှစ်ခုအဆင့်ကိုရောက်​နေပြီဆိုပေမယ့်လည်း ရှီယွမ်နဲ့ နင့်ကြားမှာ ကွာခြားချက်တွေရှိနေတုန်းပဲ....အဲ့တော့ အနိုင်ရဖို့ အခွင့်ရေးနည်းနေသေးတယ်...."

ရှီယွမ်သည် စည်းတံဆိပ်ကိုးခုအဆင့်တစ်ယောက်ဖြစ်ပြီး အဆင့်ခုနှစ် လျှပ်စီးပဲ့တင်ထပ်သံပိုင်ဆိုင်ထားပေသည်။ လျှပ်စီးပဲ့တင်ထပ်သံသည် တိုက်ခိုက်ရာတွင် လျှင်မြန်မှုသာမက ထိုးစစ်ဆင်ရာတွင်လည်း အားကောင်းသော ပဲ့တင်ထပ်သံဖြစ်သည်။

နှိုင်းယှဉ်ကြည့်မည်ဆိုပါက လီလော့သည် လောလောလတ်လတ် အဆင့်တက်ထားသူဖြစ်ပြီး လီလော့၏ ရေပဲ့တင်ထပ်သံသည် အလွန်ဆုံးရှိမှ အဆင့်​ခြောက်လောက်သာရှိပေမည်။

" အရင်ဆုံး သွားကြည့်ကြတာပေါ့ဟာ....."

လီလော့၏ စိတ်အားထက်သန်နေပုံကြောင့် လုချင်းအာ လီလော့ပြောသမျှကို သဘောတူလိုက်ရသည်။ အကယ်၍ သူမ ရင်ဆိုင်ရမည့်သူများကို ဖြေရှင်းပြီးပါက လီလော့ကို ကူညီပေးနိုင်သေးသည် မဟုတ်လော....

လီလော့တို့စကားပြောနေစဉ်တွင် သစ်ခေါင်းထဲသို့ ခေါင်းတစ်လုံးတိုးဝင်လာပြီး လီလော့တို့ကို မြင်လိုက်သောအခါ ဝမ်းသာအားရ အချက်ပေးလိုက်လေသည်။

" ဒီမှာဟေ့ !!!!!"

ထိုသူသည် အော်ဟစ်အချက်ပေးနေချိန်မှာပင် ရေခဲလက်ဝါးရိုက်ချက်တစ်ခု မျက်နှာပေါ် ကျရောက်လာခဲ့သည်။

ထပ်မအော်နိုင်ခင်မှပင် အမှောက်သိပ်ခံလိုက်ရရှာသည်။

သို့တိုင်အောင် ထိုသူ၏ အော်သံကြောင့် အနီးအနားတွင် ရှိနေသူများသည် အပြေးအလွှားရောက်ချလာလေ၏။

သို့သော်လည်း လုချင်းအာနှင့်အတူ လီလော့ပါ ရှိနေသည်ကိုမြင်လိုက်ကြရသည်။

" ဘာလဲဟ...လုချင်းအာ သက်သာသွားပြီလား....ငါတို့တွေကို ရှီယွမ်လှည့်စားလိုက်ပြီထင်တယ်....."

လုချင်းအာ ထူထူထောင်ထောင်ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ စိတ်ကူးပြောင်းကုန်ကြလေသည်။

လုချင်းအာသည် ရေခဲလက်အိတ်များကို ပြန်လည်ဝတ်ဆင်ထားပြီး ရောက်လာသူများကို ဗလာအကြည့်များနှင့်စိုက်ကြည့်လိုက်ပြီး.....

" ထွက်သွားကြစမ်း ....ငါရဲ့ပစ်မှတ်က ရှီယွမ်ပဲ......"

သူမ၏ အေးစက်နေသာ လေသံပေါ် ရေခဲစွမ်းအားများ ထပ်ပေါင်းထည့်လိုက်သောအခါ သူမ​ ​ခြေထောက်အောက်က မြေပြင်ပေါ်တွင်ပင် ရေခဲအလွှာများ ဖြစ်ပေါ်လာလေ၏......

ရောက်လာသူများသည် ဖြူဖျော့သော မျက်နှာများဖြင့် နောက်လှည့်ပြေးလိုက်ကြပြီး ရှီယွမ်ကိုလည်း ကျိန်ဆဲဖို့ မမေ့ကြပေ။

သိပ်မကြာခင် ရှီယွမ်တို့ရောက်လာကြမည်ကို ကြိုသိနေသောကြောင့် လုချင်းအာတို့သည် ထိုနေရာမှာပင် ရပ်စောင့်နေခဲ့ကြသည်။

သိပ်မကြာခင်မှာပင် ရှီယွမ်တို့ အုပ်စု ရောက်လာခဲ့ကြသည်။

ရှီယွမ်တို့သည် လုချင်းအာ၏ ကောင်းမွန်သော အခြေနေကြောင့် ထိတ်လန့်သွားခဲ့ကြသည်။

" ချင်းအာ....နင့်ဒဏ်ရာတွေ သက်သာသွားပြီလား...."

ရှီယွမ်က အမှန်ပင် စိတ်ပူနေဟန်ဖြင့် မေးလိုက်လေသည်။

လုချင်းအာသည် ရှီယွမ်၏ ဟန်ဆောင်မေးမြန်းမှုကို လျစ်လျူရှူထားလိုက်ပြီး စုန်ယွမ်ဖန်ကိုသာ ကြည့်နေလေ၏။

" စုန်ယွမ်ဖန် !!!! နင်က သိပ်ကို မျက်နှာပြောင်တိုက်လွန်းတဲ့သူ...."

စုန်ယွမ်ဖန် ညွှန်ကြားသည့်အတိုင်း တီဖာချင်း အမှတ်အသားချန်ခဲ့သဖြင့် သူမ ခြုံခိုတိုက်ခိုက်ခံခဲ့ရသည်။

လုချင်းအာ၏ အေးစက်သော အကြည့်များကြောင့် စုန်ယွမ်ဖန် အနည်းငယ် တုန်လှုပ်သွားပြီး.....

" ချင်းအာ....ငါ့မှာလဲ အခက်အခဲတွေရှိနေလို့ပါ....."

လုချင်းအာ၏ အထင်မြင်သေးသောအကြည့်များကြောင့် စုန်ယွမ်ဖန် သည်းမခံနိုင်တော့ဘဲ မြိုသိပ်ထားသမျှကို ဖွင့်ထုတ်လိုက်လေသည်။

"နင်ကရော ဘယ်လောက်များ ကောင်းနေလို့လဲ.....ငါ နင့်ကို သဘောကျလို့ ပိုးပန်းနေခဲ့တာ ကြာလှပြီ....နင် ငါ့ကို နည်းနည်းလေးတောင် အဖက်လုပ်ခဲ့လို့လား.... ဒီတစ်ခါ ထုတ်ပယ်ခံရပြီးရင် နင် မောက်မာနိုင်ဉီးမလား ကြည့်ကြသေးတာပေါ့ ....."

တစ်ဆက်တည်းမှာပင် စုန်ယွမ်ဖန်သည် လုချင်းအာကို ကုသပေးသော လီလော့ကိုပါသိမ်းကြုံးအပြစ်တင်လိုဟန်ဖြင့် ကြည့်နေခဲ့သည်။

ယခုအချိန်တွင် စုန်ယွမ်ဖန် ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ လီလော့သည် လုချင်းအာကို ကယ်တင်ခဲ့သူဖြစ်ပြီး လုချင်းအာ၏.လီလော့အပေါ်ထားရှိသော သဘောထားကို တွေးကြည့်မိသည့်အခါ မနာလိုမှုများ ကြီးစိုးလာလေ၏။

" လီလော့ မင်းက ခွေးနှစ်မှာမွေးတဲ့ကောင်လား.....ပြသာနာရှာဖို့ဆို အနံ့ခံကောင်းတယ်နော်....."

စုန်ယွမ်ဖန်၏ အပြောကြောင့် လီလော့မျက်လုံးပြူးသွားခဲ့ပြီး.......

"တစ်ကျောင်းတည်းသားချင်းဖြစ်တဲ့ ကျောက်ခွော်နဲ့ ယုလန်တို့ကို သစ္စာဖောက်ခဲ့တဲ့ကောင်ကပဲ ပြောရတယ်ရှိသေး.....

"ငါ့ကြောင့် မဟုတ်ရင်တောင် သူတို့တွေ အနှေးနဲ့အမြန် ထွက််လိုက်ရမှာပဲ....."

စုန်ယွမ်ဖန်၏ အပြောကြောင့် လီလော့ ပြုံးလိုက်မိသည်။ သို့သော်လည်း ထိုအပြုံးသည် အရိုးခိုက်အောင် အေးစက်လှပေသည်။

ရှီယွမ်သည် လီလော့နှင့် စုန်ယွမ်ဖန်တို့ကို တစ်လှည့်စီကြည့်လိုက်ပြီး......

"လီလော့....ဒီကိစ္စက မင်းနဲ့ မဆိုင်ဘူး....မင်းအခုနေ ထွက်သွားမယ်ဆို ထိပ်တန်းဆယ်ယောက်စာရင်းဝင်ဖို့ အခွင့်အရေးရှိသေးတယ်....."

လီလော့က ရှီယွမ်ကို ခေါင်းခါပြလိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်လေသည်။

" လုချင်းအာ မင်းကို ရိုက်မှာ မဟုတ်ဘူး...ငါကိုယ်တိုင်မင်းကိို ရိုက်မှာ...."

ရှီယွမ် ရယ်ဖို့ပင်မေ့နေလေသည်။ စုန်ယွမ်ဖန်တို့ကလည်း လီလော့ကို လူထူးဆန်းတစ်ဉီးသဖွယ် ငေးကြည့်နေကြ၏။

// ဒီကောင် ရူးသွားပြီလား မသိဘူး....//

အကုန်လုံး ဆွံ့အနေချိန်တွင် လုချင်းအာပြောလိုက်သည်က......

"ဒါဆို ငါက လျန်ရှန်း၊ချီစုနဲ့ ကျုံးဖူတို့ကို ရှင်းလိုက်မယ်.... စုန်ယွမ်ဖန်ကို ဘယ်လိုလုပ်မလဲ....ငါပဲ ရှင်းလိုက်ရမလား....."

" အဓိကဟင်းပွဲမလာခင် စားမြိန်စာ အရင်စားရတယ်မဟုတ်လား.....ရှီယွမ်နဲ့ မတိုက်ခင် စုန်ယွမ်ဖန်ကို အရင်ရှင်းလို​က်မယ်....."

" ကောင်းပြီ...."

လုချင်းအာသည် သူမ၏ ပတ်မှတ်များစီ မျက်နှာမူလိုက်လေသည်။

လျန်ရှန်းတို့အကုန်လုံး ထိတ်လန့်နေကြရသည်။.လုချင်းအာသည် အမှန်ပင် လီလော့ကို ရှီယွမ်နှင့် တိုက်ခိုက်ဖို့ ခွင့်ပြုခဲ့လေ၏။

" ငါတို့ ဘာလုပ်သင့်လဲ....."

လျန်ရှန်းတို့သည် ရှီယွမ်ကို အားကိုးတကြီးမေးလိုက်ကြသည်။

" လုချင်းအာက ရေခဲကျောက်စိမ်းလက်ကို မသုံးနိုင်လောက်တော့ဘူး.....သူ့ကို နည်းနည်းလောက် ကစားပေးလိုက်.... ငါ မင်းတို့ကို ကူညီပေးမယ်....."

လျန်ရှန်းတို့သည် တုံ့ဆိုင်းနေသော်လည်း ခေါင်းညိတ်လိုက်ပြီး လုချင်းအာနှင့်တိုက်ခိုက်ရန် ထွက်ခွာသွားခဲ့ကြသည်။

သစ်ခေါင်းပေါက်အနီးတွင် လီလော့၊ ရှီယွမ်နှင့် စုန်ယွမ်ဖန်တို့ သုံးဉီးသာ ကျန်ရစ်တော့သည်။

ထိုမြင်ကွင်းကြောင့် အဖြူရောင်ဝိဉာဉ်တောင်ခြေတွင် ပွဲဆူနေပြီဖြစ်သည်။

All Chapters