← Chapters

သရုပ်ဆောင်လိုက်ကြရအောင်.....

Vol. 5 Ch. 67

သရုပ်ဆောင်လိုက်ကြရအောင်.....

Vol. 5 Ch. 67

အဖြူရောင်ဝိဉာဉ်တောင်​ခြေတွင် ပတ်ဝန်းကျင်လေထုသည် ပွက်ပွက်ဆူနေသော ဆီအိုးကဲ့သို့ မငြိမ်မသက်ဖြစ်နေလေ။

" ငါဘာတွေ မြင်နေတာလဲ....ရှီယွမ်နဲ့စုန်ယွမ်ဖန်ကို ရင်ဆိုင်နေတာ လော့လန်အိမ်တော်သခင်လေး မဟုတ်လား...."

"မယုံနိူင်စရာပဲ.....လီလော့က ထိပ်တန်းဆယ်ယောက် ဇကာတင်စာရင်းမှာတောင် မပါခဲ့ဘူးလေ......"

" မသိတော့ဘူး....ဒီကောင့်အတွေးကို လိုက်မမှီတော့ဘူး......"

" ဒါပေမယ့် ကောင်လေးကို ကြည့်ရတာ ရုပ်ချောတယ်ဆိုတော့ တကယ်လည်း အရည်အချင်းရှိမယ့်ပုံလေးပဲ....."

" ဟွန့်...အရောင်တောက်တယ်ဆိုတိုင်း ရွှေထင်မနေနဲ့.  ....."

"နင်ကတော့ ကန်းနေပြီပဲ...အဲ့တာ ရွှေမဟုတ်ဘူး....တလက်လက်တောက်ပနေတဲ့ စိန်တုံးလေး....."

"........."

............ ....................... ...........

ချိုင်ဝေနှင့် ယန်လင်းချီတို့ သက်ပြင်းကိုယ်စီ ချလိုက်မိကြသည်။

" သခင်လေး ဘာတွေ လျှောက်လုပ်ပြန်ပြီလဲမသိဘူး....."

ချိုုင်ဝေတို့နှစ်ဉီးစလုံး ခေါင်းကိုက်နေရလေပြီ....လီလော့သည် အမြဲတစေ သိုသိပ်စွာနေတတ်သူတစ်ယောက်ဖြစ်ပြီး ကြီးကြီးမားမား ရန်စလာခြင်းမရှိပါက အပြုံးတစ်ခုနှင့် လျစ်လျူရှူလိုက်စမြဲပင်...

ယခုတွင်မူ ရှီယွမ်နှင့် စုန်ယွမ်ဖန်တို့ကို ပေါ်ပေါ်တင်တင် တိုက်ခိုက်နေလေပြီ..

"သခင်လေးက တကယ်ပဲ အဲ့နှစ်ယောက်ကို ရိုက်နိုင်ပါ့မလား....."

ချိုင်ဝေသည် လီလော့အပေါ် အမြဲယုံကြည်ထားခဲ့​သော်လည်း ထိပ်တန်းအဆင့်များနှင့် တိုက်ခိုက်ရမည်ဆိုသော် အနည်းငယ်တော့ စိတ်ထင့်နေမိပေသည်။

ယန်လင်းချီလည်း မည်သို့ဖြစ်လာမည်ကို မခန့်မှန်းနိုင်တော့ပေ......

"ငါလဲမသိဘူး......"

သူတို့၏ သခင်လေးပေါ် စိုးရိမ်နေမှုကြောင့် မိန်းမပျိုလေးနှစ်ဉီးစလုံး၏ ဘေးတွင် မှုန်မှိုင်းသော လေထုများရစ်သိုင်းနေတော့သည်။

ဌာနမှူးဝေရှကို ကြည့်ရသည်မှာ အံ့သြနေပုံမရပေ။

လီလော့၏ မိဘနှစ်ပါးအကြောင်းကောင်းစွာသိနေသောကြောင့် ဝေရှသည် လီလော့၏ အပြုအမူများကို ကြိုသိနေလေ၏။

လီလော့ ရှီယွမ်ကို တိုင်ခိုက်နိုင်မည်ဆိုသည်မှာ ယုတ္တိမတန်သော်လည်း ဘာ့ကြောင့်မှန်းရယ်မသိ ဖြစ်နိုင်ချေရှိသည်ဟုပင် ခံစားနေရသည်။

" လော့လန်သခင်လေးရဲ့ သတ္တိကတော့ ချီးကျူးလောက်ပါပေတယ်.....ဒါပေမယ့် ကျန်းချင်းအတွက် မဟုတ်တာတော့ နှမြောစရာကောင်းတယ်....."

ရှီချင်က ရယ်မော၍ ပြောလိုက်သည်။

ဌာနမှုးဝေရှသည် ရှီချင်ပြောသမျှကို မကြားချင်ယောင်ဆောင်ထားခဲ့သည်။

// ဒင်းနဲ့ ရန်ဖြစ်နေစရာမလို့လဲ အကျိုးမထူးဘူး....ကလေးအချင်းချင်း ဖြစ်ကြတာကသာ အနိုင်အရှုံး ကွဲပြားမှုရှိလိမ့်မယ်.....//

ဌာနမှုးသည် လီလော့ကို လီတိုင်ရွှမ်နှင့် တိုင်တန်လန်တို့ ကိုယ်တိုင် နန်ဖန်းတွင် ကျောင်းလာအပ်သည့်အချိန်က်ို သတိရနေခဲ့မိသည်။

ထိုအချိန်က လီလော့ရော ကျန်းချင်းအာပါရှိနေသည့်အတွက် နန်ဖန်း၏ ဂုဏ်သတင်းသည် တဟုန်ထိုး ကျော်ကြားခဲ့ဖူးသည်။

သို့သော်လည်း လီလော့ထံတွင် ဗလာနန်းတော်ရှိနေမှန်း သိလိုက်ရချိန်တွင် လီလော့၏ တက်ကြွမှုများလည်း ကုန်ခမ်းသွားခဲ့လေသည်။ ဤသည်မှာ ဆေးခါးကြီးတစ်ခွက်ကဲ့သို့ပင် ခါးသက်လှပေသည်။

ယခုတွင်မူ.......

" လီတိုင်ရွှမ်... တိုင်တန်လန်... နင်တို့ရဲ့သားလေး နောက်တစ်ကြိမ် အံ့ဖွယ်ဖြစ်ရပ်တွေ ဆောင်ယူလာခဲ့ပြန်ပြီ....."

....... ............. ............

လီလော့သည် ရှီယွမ်နှင့်စုန်ယွမ်ဖန်တို့ကို မျက်နှာချင်းဆိုင်လိုက်ပြီး.....

" ကဲ....ကစားပွဲလေး စလိုက်ကြရအောင်...."

" မောက်မာလွန်းတဲ့ကောင်...မင်းကို ငါတစ်ယောက်တည်း တိုက်နိုင်တယ်ကွ! !!"

ရှီယွမ်က စုန်ယွမ်ဖန်ရဲ့ ရင်ဘတ်ပေါ် လက်တင်လိုက်ပြီး.....

" ဘာလို့ တစ်ယောက်တည်းသွားမှာလဲ....ဒီကောင် ဟန်ဆောင်နေတာ ဟုတ်ဟုတ် မဟုတ်ဟုတ် အခွင့်ရေးရတုန်း အတူ တိုက်ကြတာပေါ့....."

စုန်ယွမ်ဖန် သေချာစဉ်းစားလိုက်ပြီး......

" ဒါဆို ငါတို့ သူ့ကို ခပ်မြင့်မြင့်တွေးလိုက်သလို ဖြစ်မနေဘူးလား....."

" ဒီကောင့်ကို အထင်ကြီးနေတာ မဟုတ်ဘူး...ဒီကောင်ငါတို့ အစီအစဉ်ကို ဖျက်ဆီးလိုက်မှာကိုပဲ စိတ်ပူနေတာ...."

ရှီယွမ်ပြောလိုက်သည့်အချက်ကို စုန်ယွမ်ဖန် ခေါင်းညိတ်သဘောတူလိုက်ပြီး ပဲ့တင်ထပ်သံစွမ်းအားများ ထုတ်ဖော်ကာ လီလော့ထံ ပစ်လွှတ်လိုက်လေသည်။

ရှီယွမ်တို့ တိုက်ခိုက်လိုက်သောကြောင့် လီလော့ထိတ်လန့်သွားပြီး....

" ဟေးးး လက်ပါးစေလေးနဲ့ အရင်တိုက်မယ်...နောက်မှ သူ့သူဌေးနဲ့တိုက်မယ်...."

"ဉာဏ်နီဉာဏ်နက်များတဲ့ကောင်....."

စုန်ယွမ်ဖန်က လီလော့ကို လှောင်ပြောင်လိုက်ပြီး တိုက်ခိုက်မှုကို နှစ်ဆမြှင့်တင်လိုက်သည်။

လီလော့သည် ရန်သူနှင့်ထိပ်တိုက်တွေ့ဆုံလိုက်ရသောအခါ ဓားဆွဲထုတ်ရမည့်အစား အမြှီးကုပ်ပြီး လှည့်ပြေးလေသည်။

ရှီယွမ်တို့ကလည်း စွမ်းအားများကို ပစ်လွှတ်ပြီး လီလော့နောက်သို့ ထပ်ချပ်မကွာ လိုက်ဖမ်းခဲ့ကြသည်။

လီလော့ကလည်း တိုက်ကွက်များကို ရှောင်တိမ်းပြီး ပြေးလွှားနေသည်။

"လီလော့...ပြောတုန်းကတော့ လေတလုံးမိုးတလုံးနဲ့ အခုကျမှ ဘာလို့ ကြက်ပေါက်လေးလိုပြေးနေရတာလဲ....."

လီလော့သည် စုန်ယွမ်ဖန်ပြောသမျှကို လျစ်လျုရှုကာ ပြေးနိုင်သမျှ ပြေးနေခဲ့ပြီး ပျက်စီးေနေသော အုတ်ရိုးတစ်ခုနားဆီသို့ ရုတ်တရက်ဉီးတည်ချက်ပြောင်းလိုက်လေသည်။

စုန်ယွမ်ဖန်တို့ လီလော့ကို ဖမ်းမိခါနီးအချိန်တွင်......

ဝှစ်...ဝှစ်....ဝှစ်...

ထောင့်နားဆီသို့ရောက်သောအခါ ရှီယွမ်တို့ထံသို့ လျှပ်စီးလုံးများ ဝဲပျံလာကာ ထိုလျှပ်စီးလုံးများ ပေါက်ကွဲမှုကြောင့် မျက်လုံးစူးလောက်သော အလင်းရောင်များထွက်ပေါ်လာလေ၏။

နှစ်ဉီးစလုံး အမြန်မျက်စိမှိတ်လိုက်ကြပြီး ပေါက်ကွဲမှုကြောင့်လွှင့်စင်လာသော အပျက်စီးများကို လက်နက်ကိုယ်စီဖြင့် ခုခံကာကွယ်လိုက်ကြသည်။

မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် လီလော့ကို မတွေ့ရတော့ပေ။

ရှီယွမ် အမြင့်တစ်နေရာကနေ လှမ်းကြည့်လိုက်သည့်အခါ လုချင်းအာနှင့် လျန်ရှန်းတို့ တိုက်ခိုက်နေသည့်နေရာဆီသို့ ဉီးတည်ပြေးလွှားနေသော ခပ်ဝါးဝါးအရိပ်တစ်ခုကိုလှမ်းတွေ့လိုက်ရသည်။

" ကျားကို ဂူထဲက မျှားခေါ်တဲ့နည်းကို သုံးသွားတယ်...ဒီကောင်အတော် ကောက်ကျစ်တာပဲ...."

ရှီယွမ်၏ အမူအရာသည် အတော်ပင်အေးစက်နေပြီဖြစ်သည်။ လီလော့သည် လုချင်းအာတို့နှင့်ဝေးရာဆီ ရှီယွမ်တို့ကို ခေါ်ထုတ်သွားခဲ့ပြီး သူကိုယ်တိုင်ကတော့ လုချင်းအာကို ကူညီရန် ပြန်လှည့်ပြေးသွားခဲ့သည်။

လုချင်းအာ လျန်ရှန်းတို့သုံးဉီးကို ဖြေရှင်းပြီးပါက လီလော့သည် လုချင်းအာနှင့်အတူ ရှီယွမ်တို့ကို ရင်ဆိုင်ပေတော့မည်။

"ဒီကောင် လုချင်းအာကို ကူညီလိမ့်မယ်...ငါအရင်သွားတားလိုက်မယ်..."

ရှီယွမ်သည် စုန်ယွမ်ဖန်ကို အော်ပြောလိုက်ပြီး ငွေရောင်အလင်းတန်းတစ်ခုနှင့်အတူ လျင်မြန်စွာ ပြေးထွက်သွားခဲ့လေသည်။

ရှီယွမ်သည် လျှပ်စီးစွမ်းအားများကို အမြင့်ဆုံးအထိ ထုတ်သုံးပြီး ပြေးလွှားခဲ့သောကြောင့် မကြာမီတွင် လီလော့နှင့် နီးကပ်လာခဲ့သည်။

ထို့ကြောင့် လျှပ်စီးစွမ်းအားများပေါင်းထည့်ထားသော လှံတစ်စင်းကို ထိုလူရိပ်ရှိရာဆီပစ်လွှတ်လိုက်လေသည်။

ထိုလှံတံသည် လူရိပ်ကို ထိုးဖောက်သွားသော်လည်း အဆုံးသတ်တွင် အုတ်ရိုးတစ်ခုပေါ် စိုက်ဝင်သွားခဲ့သည်။

ရှီယွမ် ဖြူဖျော့သွားလေသည်။ ထိုအရိပ်သည် ပဲ့တင်ထပ်သံစွမ်းအားဖြင့် ဖန်တီးထားသော အရိပ်တစ်ခုဖြစ်ပြီး လီလော့မဟုတ်ခဲ့ပေ။

" သေစမ်း....လှည့်စားခံလိုက်ရပြန်ပြီ....လီလော့ရဲ့ တကယ့်ပစ်မှတ်က စုန်ယွမ်ဖန်ပဲ....."

လီလော့ထံမှ လှည့်စားခံလိုက်ရသောကြောင့် ရှီယွမ်အတော် ဒေါသထွက်နေခဲ့ရသည်။

လီလော့သည် လုချင်းအာကို ကူညီရန်ကြိုးစားခဲ့ခြင်း မဟုတ်ဘဲ ရှီယွမ်တို့နှစ်ဉီးကို လူစုခွဲကာ စုန်ယွမ်ဖန်ကို အပြတ်ရိုက်ချရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း စုန်ယွမ်ဖန်ကို အချိန်တိုအတွင်းအနိုင်ယူနိုင်မည်ဟု အဘယ့်ကြောင့်များ ယူဆထားရသနည်း.....

ရှီယွမ်သည် အတွေးများကို ဖယ်ထုတ်လိုက်ပြီး အမြန်ဆုံး ​နောက်ကြောင်းပြန်လှည့်ခဲ့လေသည်။

ထိုအချိန်တွင် စုန်ယွမ်ဖန်သည်လည်း ရှီယွမ့်နောက်သို့ အမှီလိုက်ရန် ကြိုးစားနေလေ၏။

သို့သော်လည်း အုတ်ရိုးပေါ်က ခုန်ချလိုက်ချိန်တွင် အပြာရောင်ပဲ့တင်ထပ်သံစွမ်းအားများသည် လျှပ်စီးတန်းတစ်ခုသဖွယ် သူ့ထံသို့ တိုးဝင်လာခဲ့သည်။

ရုတ်တရက် တိုက်ခိုက်ခံရမှုကြောင့် စုန်ယွမ်ဖန် လန့်ဖြန့်သွားသော်လည်း တစ်ခုခုကို နားလည်လိုက်ရသည်။

" မင်း ငါ့ကို ပုပ်နေတဲ့ တည်သီးလို့ ထင်နေတာလား.....လီလော့...မင်း အရင်တစ်ခေါက်တုန်းက ဘယ်လောက်ကံကောင်းသွားမှန်း မင်းသိအောင် ပြပေးမယ်! !!"

စုန်ယွမ်ဖန် ဒေါသတကြီးအော်ဟစ်လိုက်ပြီး လက်ဆွဲတော် ငွေရောင်လှံတံကို လီလော့၏ အပြာရောင်ဓားကို ခုတ်ပိုင်းလိုက်လေသည်။

ထန်.....

သတ္ထုချင်းထိခတ်သံများ ဆူညံစွာထွက်ပေါ်လာခဲ့သည်။

စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့ဆုံရာကနေ ထွက်ပေါ်လာသည့် ပေါက်ကွဲမှုအရှိန်ကြောင့် ဘေးနားတွင်ရှိနေသော အဆောက်ဉီးပျက်များပင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့လေသည်။

စုန်ယွမ်ဖန်၏ အမူအရာသည် အလွန်ပင် အကျည်းတန်နေပြီး မည်းမည်းမြင်သမျှကို တိုက်ခိုက်နေသည်။

ဘန်းးးးး

စုန်ယွမ်ဖန် အပျက်စီးပုံများထဲသို့ လွှင့်စင်သွားခဲ့သည်။

"......သရေပွဲပဲလား....."

စုန်ယွမ်ဖန်၏ အသံသည် အက်ကွဲနေသည်။

All Chapters