← Chapters

ရှီဟွမ်နှင့် မဟာတိုက်ပွဲ.......

Vol. 5 Ch. 69

ရှီဟွမ်နှင့် မဟာတိုက်ပွဲ.......

Vol. 5 Ch. 69

ထန်....ထန်.....

ပြိပျက်နေသော ကျေးရွာထဲတွင် ဓားနှင့် လှံ ထိခတ်သံများဆူညံနေပြီး သဲသဲမဲမဲတိုက်ခိုက်နေသူနှစ်ဉီးကြောင့် နံရံများ ပြိုလဲကုန်လေ၏။

​​​ထိုသူနှစ်ဉီး၏ ခြေဖဝါးအောက်မှ လွှင့်စင်သွားသော ကျောက်ခဲများနှင့် နံရံများထိမိသောအသံသည် စည်းချက်ကျကျထွက်ပေါ်နေသည်။

လီလော့၏ အမူအရာ လေးနက်နေပြီး ဓားနှစ်လက်သည် လေထုထဲတွင် ကခုန်နေသည့်နှယ်ဝဲပျံနေပြီး ရှီယွမ်ထံသို့ အရှိန်ပြင်းစွာ  တိုးဝင်သွားခဲ့ကြသည်။

လီလော့၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်လိုက်ရသောအခါ ရှီယွမ်သည် ပို၍ပင်တည်ငြိမ်လာသည်။လီလော့ဘက်က အဆက်မပြတ်တိုက်ခိုက်နေသော်လည်း ရှီယွမ်သည် ရက်စက်ကြမ်းကြုတ်သော တိုက်ကွက်များနှင့်ခုခံနေသည့်အပြင် ထိုးစစ်ဆင်ရန်ပါ ကြိုးစားနေသေးသည်။

လျှပ်စီးစွမ်းအားများပါဝင်သော လှံတံသည် လီလော့၏ ဓားနှစ်လက်ပေါ်က စွမ်းအားများကို အကြိမ်ကြိမ် ဖြိုခွင်းနေလေ၏။

ရှီယွမ်သည် အသာစီးရနေသည်ကို မြင်သောကြောင့် လီလော့၏ ဟာကွက်များကို တွေ့သည်နှင့် ရက်စက်စွာတိုက်ခိုက်ပြီး ခြိမ်းခြောက်ခဲ့သည်။

ရှီယွမ်ဘက်က ထိုသိို့တိုက်ခိုက်လိုက်တိုင်းလီလော့၏ ဓားသွားများပေါ်တွင် ညှို့ယူနိုင်သောအလင်းတန်းလေးများပေါ်ထွက်လာပြီး ရှီယွမ်ကို နောက်ဆုတ်သွားစေခဲ့သည်။

ရှီယွမ်သည် အသာစီးရနေသည့်တိုင် လီလော့ကို အဆုံးမသတ်နိုင်သေးပေ။ ဤသည်မှာ သူလိုချင်နေသော အခြေနေမျိုး မဟုတ်ခဲ့ပေ။

ကွာခြားချက်ကို အခွင့်ကောင်းယူရန်စဉ်းစားမိလိုက်သည့်အခါ ရှီယွမ့် မျက်လုံးများတောက်ပလာပြီး လှံတံဆီသို့ လျှပ်စီးစွမ်းအားများ ထပ်မံပို့လွှတ်လိုက်လေသည်။

"မိုးကြိုးငှက်အဆင့်မြင့်ပညာရပ်.........."

ရှီယွမ်၏ လှံဖျားမှ ထွက်ပေါ်လာသော စူးရှသည့်ငှက်တွန်သံကြောင့် လီလော့ ဘာမျှမကြားနိုင်တော့ပေ။

ယခုချိန်တွင် လီလော့အတွက် ကမ္ဘာကြီးတစ်ခုလုံးတိတ်ဆိတ်နေပြီး သူ့ထံသို့ ဒေါသတကြီးပျံသန်းလာနေသော မိုးကြိုးငှက်တစ်ကောင်ကိုသာ မြင်နေရသည်။

လီလော့၏ ဓားလှိုင်းများသည်လည်း ထိုမိုးကြိုးငှက်ကြောင့် လွှင့်ပျယ်ကုန်လေပြီ....

သို့သော်လည်း လှံတံ လီလော့နားသို့ ရောက်လာသောအခါ လီလော့ရှေ့တွင် ကြေးမုံတစ်ချပ်ပေါ်လာခဲ့သည်။

" ရေအလင်းနတ်ဆိုးကြေးမုံ......"

ဝုန်းးးး

မိုးကြိုးငှက်သည် ကြေးမုံနှင့်တိုက်မိသွားသောအခါ ကြေးမုံ၏ မျက်နှာပြင်ပေါ်တွင် လှ်ိုင်းဂယက်များဖြစ်ပေါ်လာပြီး ပြင်းထန်သောစွမ်းအားများသည် မိုးကြိုးငှက်ထံသို့ ပြန်လည်စီးဝင်သွားခဲ့ကြသည်။

ဘန်းးးးးးး

ပြင်းထန်လှသော စွမ်းအားပေါက်ကွဲမှုကြောင့် အုတ်ရိုးများပေါ်တွင် အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။

လီလော့ရော ရှီယွမ်ပါ နောက်ဆုတ်လိုက်ရပြီး မြေပြင်ပေါ်တွင် နက်ရှိုင်းသောခြေရာများ ချန်ရစ်ခဲ့ကြသည်။

" ဒါက စုန်ယွမ်ဖန်ကို သရေကျအောင် တိုက်နိုင်ခဲ့တဲ့ ရေကြေးမုံမဟုတ်လား...."

ရှီယွမ် လီလော့အကြောင်း သေချာစုံစမ်းထားမှန်း သိသာလှပေသည်။

" မင်း ဒီပညာရပ်ကို ကြီးမြတ်သော သရေပွဲပညာရပ်လို့ ခေါ်နိူင်တယ်...."

ရှီယွမ်သည် လီလော့၏ ပြောင်ချော်ချော်အပြောကို လျစ်လျူရှုထားလိုက်ပြီး လှံတံကိုဝှေ့ယမ်းကာ မိုး​ကြိုးငှက်ပညာရပ်ကို နောက်တစ်ကြိမ်ထုတ်သုံးလိုက်ပြန်သည်။

လီလော့ကလည်း ရေအလင်းကြေးမုံသုံးပြီး ခုခံလိုက်သောကြောင့် နှစ်ဉီးစလုံး နောက်ဆုတ်လိုက်ရပြန်သည်။

တိုက်ပွဲသည် ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး အသာစီးရနေသော်လည်း ရှီယွမ်သည် လီလော့၏ ရေကြေးမုံကို ဖြတ်ကျော်ရန် နည်းလမ်းရှာမရသေးပေ။ ထို့​ကြောင့် ဤတိုက်ပွဲသည် မတိုးသာမဆုတ်သာအခြေနေဖြင့်သာ ရှေ့ဆက်နေရသည်။

မှန်နံရံမှတဆင့် ကြည့်ရှုနေသူများသည်လည်း ထိုအခြေနေကို မမျှော်လင့်ထားမိသောကြောင့် အလွန်ပင်အံ့သြနေခဲ့ကြသည်။

လော့လန်အိမ်တော်သခင်လေး၏ ဂုဏ်ယူဖွယ်ရာသတင်းများကို မကြားရသည်မှာ နှစ်အတော်ကြာခဲ့ပြီးမှ အခုလိုရုတ်တရက်ကြီး  အစွမ်းပြလိမ့်မည်ဟု မည်သူမျှထင်မထားမိခဲ့ကြပေ။

ယန်လင်းချီတို့သည်လည်း အံ့သြနေကြသည်ပင်....

လီလော့သည် မကြာသေးခင်ကပင် ဗလာနန်းတော်ရှိခဲ့ဖူးသူ ဖြစ်သည်။ ယခုလိုအချိန်တိုအတွင်း စည်းတံဆိပ်ရှစ်ခုအဆင့်သို့ ရောက်ရှိနေ​ခြင်းသည် ကြောက်လန့်ဖွယ်ပင်ကောင်းလှပေသည်။

လီလော့သည် အပြောင်းအလဲများအတွက် အချိန်ယူပြင်ဆင်ခဲ့ပုံရသည်။

ပရိတ်သတ်များ အံ့သြနေကြချိန်တွင် လီလော့တို့၏တိုက်ပွဲသည်လည်း ဆက်လက်ဖြစ်ပွားနေဆဲပင်.....

ရှီယွမ် တိုက်ခိုက်လိုက်တိုင်း လီလော့က ရေကြေးမုံသုံးပြီး ထပ်တလဲလဲ ကာကွယ်နေခဲ့သည်။

နောက်ဆုံးအကြိမ်တွင်မူ ရှီယွမ်၏ ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးချပ်ဝတ်ထွက်ပေါ်လာပြီး လီလော့၏ ရေကြေးမုံမှ တန်ပြန်ထွက်လာသော စွမ်းအားများကို စုပ်ယူနေ၏။ စွမ်းအားများကို စုပ်ယူနေသည်နှင့်အမျှ လျှပ်စီးချပ်ဝတ်သည်လည်း ပိုမိုသန်မာလာလေ၏။

လီလော့ မျက်လုံးပြူးသွားပြီး အမြန် နောက်ဆုတ်လိုက်ရလေသည်။

သို့သော်လည်း ရှီယွမ်က လီလော့ထက် ပိုမြန်ပေသည်။ ရှီယွမ်၏ လှံတံသည် လီလော့ခန္ဓာကိုယ်ပေါ် ကျရောက်သွားခဲ့သည်။

ဘန်းးးးး

ရိုက်ချက်ကြောင့် လီလော့ နောက်သို့လွှင့်စင်သွားခဲ့ပြီး လက်ထဲမှ ဓားနှစ်လက်ကို မြေပြင်တွင်စိုက်ကာ အားယူလိုက်ရသည်။

ပြင်းထန်လှသောရိုက်ချက်ကြောင့် လီလော့နှုတ်ခမ်းထောင့်တွင် သွေးစီးကြောင်းတစ်ခုဖြစ်ပေါ်လာပြီး ရင်ဘတ်ထဲမှာလည်း စူးရှသော နာကျင်မှုကိုခံစားနေရသည်။

ကံကောင်းသည်မှာ လီလော့သည် ကုသရေးအတွက် အထူးသင့်တော်သော ရေပဲ့တင်ထပ်သံရှိနေသည့်အတွက် ထိုဒဏ်ရာများသည် လျင်မြန်စွာ ပျောက်ကွယ်သွားပေလိမ့်မည်။

လီလော့ မော့ကြည့်လိုက်သည့်အခါ ရှီယွမ်ကလည်း သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရသည်။ရှီယွမ်၏ လျှပ်စီးချပ်ဝတ်သည် ရေကြေးမုံမှ တန်ပြန်လိုက်သော စွမ်းအားများကို စုပ်ယူနိုင်ပုံရသည်။

" လျှပ်စီးချပ်ဝတ်လား......"

လီလော့ မျက်မှောင်ကြုံ့လိုက်ပြီး လုချင်းအာ ပြောပြခဲ့သည်များကို ပြန်စဉ်းစားကြည့်လိုက်သည်။

ရှီယွမ်၏ လျှပ်စီးချပ်ဝတ်သည် ကောင်းစွာခုခံနိုင်သည့်အပြင်၊ အရှိန်နှုန်းနှင့် ထိုးစစ်ပိုင်းကိုပါ အားဖြည့်ပေးနိုင်သည်။

ရှီယွမ်သည် လီလော့ကို အနားမပေးဘဲ ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

တိုက်ခိုက်မှုသည် တစ်ကြိမ်ထက် တစ်ကြိမ် ပိုမိုပြင်းထန်ရက်စက်လာသည်။

လီလော့ကလည်း ခေါင်းငုံ့မခံခဲ့ဘဲ ရေကျည်ဆန်တစ်ချို့ ပစ်လွှတ်လိုက်လေသည်။

သို့သော်လည်း မျက်လုံးမှိတ်ထားရက်နှင့်ပင် ရှီယွမ်၏ လှံတံသည် လီလော့ထံ တည့်တည့်ကြီးတိုးဝင်လာခဲ့သည်။

လီလော့၏ ​​​ခြေဖဝါးအောက်တွင် ရေစွမ်းအားများစုစည်းလာပြီး လျင်မြန်သော အရှိန်ဖြင့် ရှောင်ထွက်ခဲ့သော်လည်း ရှီယွမ်၏ တိုက်ခိုက်မှုသည် ထပ်ချပ်မကွာ လိုက်ပါလာခဲ့သည်။

လီလော့ အသည်းအသန် ဆုတ်ခွာနေသောကြောင့် လှံချက်များသည် နံရံများပေါ်သာ ကျရောက်သွားပြီး ဖုန်မှုန့်များ ထောင်းထောင်းထနေလေ၏။

အဝေးက ကြည့်မည်ဆိုပါက ရေစီးကြောင်းတစ်ခုနောက် လိုက်နေသော လျှပ်စီးတန်းတစ်ခုကိုသာ မြင်တွေ့ရလိမ့်မည်။

လျှပ်စီးချပ်ဝတ်ကြောင့် ရှီယွမ်သည် လီလော့ထက် နှာတစ်ဖျားသာနေခဲ့သည်။

တောင်​​ခြေတွင်လည်း အားမလိုအားမရ ငြီးငြူသံများ ဆူညံနေလေ၏။

အဆင့်ကွာခြားမှုကြောင့် လီလော့သည် စည်းတံဆိပ်ကိုးခုအဆင့် ရှီယွမ်ကို တိုက်ခိုက်နိုင်မည်မဟုတ်ပေ။

ဤအ​​​ခြေနေသည် နန်ဖန်းကျောင်းတော်အတွက် အန္တာရာယ်ရှိနေသော အနေအထားသာပင်....

All Chapters