← Chapters

စိန်လေးတို့ အိမ်ပြောင်းခြင်း

Vol. 6 Ch. 76

စိန်လေးတို့ အိမ်ပြောင်းခြင်း

Vol. 6 Ch. 76

အခန်း (၇၆) စိန်လေးတို့ အိမ်ပြောင်းခြင်း

လင်းယွင်သည် သူ၏စိန်ခေါ်မူ အောင်မြင်ကြောင်း တရားဥပဒေစိုးမိုးရေးခန်းမမှ တပည့်များက ကြေငြာပြီးနောက် ချင်ယွင်သည် ကြည့်ရှုသူများ စတင် ဆွေးနွေးနေ ကြစဉ် လူတစ်စု၏ အံ့အားသင့်သော အကြည့်များအောက်တွင် ကွင်းပြင်မှ ဖြတ်လျှောက်သွားသည်။

ချင်ယွင်သည် လွန်ခဲ့သည့် ဆယ်ရက်ကမှ အပြင်စည်းဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီး အဆင့်တစ်ဆယ် ဝိညာဉ်အရင်းအမြစ်ကို ပိုင်ဆိုင်ထားကြောင်း သူတို့သိလိုက်သော အခါတွင် အားလုံးက သက်ပြင်းချကြသည်။

လွန်ခဲ့သည့် ဆယ်ရက်ကမှ သူသည် အပြင်စည်းဂိုဏ်းသို့ ဝင်ရောက်ခဲ့သော်လည်း ယခုအခါတွင် သူသည် အတွင်းစည်းဂိုဏ်းထဲသို့ တိုက်ရိုက် ဝင်ရောက်လာခဲ့ သည်။ ဤကောင်သည် ကောင်းကင်ကို ပျံတက်ရန်များ ကြံစည်နေတာ ဖြစ်နိုင်ပါသလား။

ချင်ယွင်သည် သူ၏စွမ်းဆောင်မှုက အာရုံစူးစိုက်ခံရမည်ကို သိထားပြီး ဖြစ်သောကြောင့် ပတ်ဝန်းကျင်ရှိလူများ၏ ထိတ်လန့်တုန်လှုပ်သော အကြည့်များကို ဂရုမစိုက်ဘဲ ကောင်းကင်မိုးကြိုးရင်ပြင်ဆီသို့ လျှောက်သွားခဲ့သည်။

ထို့အပြင် သူသည် အဆင့်ရှစ်ရာတွင်ရှိသော ယန်ချွန်ကို စိန်ခေါ်ရခြင်း၏ အကြောင်းရင်းမှာ အလွန်တုန်လှုပ်ချောက်ချားမှုကို မဖြစ်စေရန် ဖြစ်သည်။

သို့သော် သူသည် ကောင်းကင်မိုးကြိုးရင်ပြင်မှ ထွက်ခွာခါနီးတွင် ကောင်းကင်မိုးကြိုး ရင်ပြင်၏ အနောက်ဘက်ခြမ်းရှိ မြင့်မားသော စင်မြင့်ပေါ်ကို ရုတ်တရက် လှည့်ကြည့် လိုက်သည်။ ယောက်ျားတစ်ယောက်နှင့် အမျိုးသမီးတစ်ဦးသည် သူ့ကို စိုက်ကြည့်နေ ကြသည်။

နှစ်ယောက်စလုံးသည် အသက်နှစ်ဆယ်ဝန်းကျင်များ ဖြစ်ကြသည်။ သူတို့၏ စိတ်နေစိတ်ထားများက သာမန်ထက် ထူးခြား၏။ သူတို့ရပ်နေသည့်‌ဘေးမှာ တပည့်များက တစ်ယောက်နှင့်တစ်ယောက် ခပ်လှမ်းလှမ်းအကွာမှာ ရပ်နေကြ သည်။ ချင်ယွင် အစိုးရိမ်ရဆုံးက သူတို့နှစ်စယောက်လုံးသည် ခရမ်းရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြခြင်း ဖြစ်သည်။ သူတို့ဝတ်ရုံပေါ်မှာ ရွှေချည်နှင့် ရက်လုပ်ထားသော လျှပ်စီးအစင်းကြောင်းများလည်း ရှိနေသည်။ လျှပ်စီးအစင်းကြောင်းများသည် တမူထူးခြားပြီး လက်ရာမြောက်လှသည်။

မီးခိုးရောင်ဝတ်ရုံသည် အလုပ်သမားတပည့်၊ အဖြူ‌ရောင်ဝတ်ရုံသည် အပြင်စည်းဂိုဏ်း ၀င်တပည့်၊ အပြာရောင်ဝတ်ရုံသည် အတွင်းစည်းဂိုဏ်း၀င်တပည့်နှင့် ခရမ်းရောင် ဝတ်ရုံသည် လက်ရွေးစင်တပည့်များဖြစ်သည်။

ချင်ယွင်သည် သူ့ကို လက်ရွေးစင်တပည့်များ ဒီလောက်မြန်မြန် သတိထားမိ လိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူသည် အတွင်းစည်းဂိုဏ်း၀င် တပည့်များ၏ အားအနည်းဆုံးလူကို စိန်ခေါ်ရန် ရွေးချယ်ရခြင်း၏ အကြောင်းရင်းမှာ လူအများ၏ အာရုံစိုက်ခံရမှုကို လျှော့ချရန်နှင့် လက်ရွေးစင် တပည့်အချို့ သူ့ကို သတိမထားမိ စေရန် ဖြစ်သည်။ သူတို့၏ အာရုံကို စွဲဆောင်မိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သို့သော် သူသည် လူအများ၏အာရုံစူးစိုက်မှုကို စွဲဆောင်မိသည့်နောက် ချင်ယွင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။ သူသည် လက်ရွေးစင် တပည့်နှစ်ယောက်ကို လက်ဝှေ့ယမ်းပြကာ မျက်နှာကိုပင် ရှုံ့မဲ့ပြလိုက်သည်။

မြင့်မားသောစင်မြင့်ပေါ်ရှိ လူနှစ်ဦးသည် ခဏတာ အံ့အားသင့်သွားကြ သည်။ ထို့နောက် ရင်သပ်ရှုမောဖွယ် အသွင်အပြင်ရှိသော အမျိုးသမီးသည် ပြုံးပြကာ သူမလက်ဖြင့် ချင်ယွင်ကို လှမ်းခေါ်ဟန်လုပ်ပြသည်။ တစ်ချိန်တည်းမှာပင် သူမသည် အလွန်မင်း ကျီစားသည့် အကြည့်မျိုးကို ဖျစ်ညှစ်ထုတ်ဖော်ပြလိုက်သည်။

ထိုအမျိုးသမီးအနားမှ အေးစက်စက်မျက်နှာပိုင်ရှင် ယောက်ျားကမူ အထင်မြင် သေးဟန်ဖြင့် အေးစက်စွာ နှာခေါင်းရှုံ့၏ ။ ချင်ယွင်ကိုကြည့်ရင်း သူ၏အကြည့်ထဲတွင် စက်ဆုပ်ရွံရှာဖွယ် အရိပ်အယောင်များ ပေါ်လာသည်။

ချင်ယွင်သည် အမျိုးသမီး၏ နောက်ပြောင်သည့် အပြုအမူကြောင့် ထိတ်လန့်သွားပြီး သူ၏တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ “နတ်ဆိုးမ” ဟု တိတ်တဆိတ် ကျိန်ဆဲ ခဲ့သည်။

ထို့နောက် သူ၏ခြေထောက်များကို ဖြန့်ကာ အလျင်အမြန် ထွက်ပြေးခဲ့ သည်။ ချင်ယွင်သည် သူယခုလို မိန်းမမျိုးကို မထိနိုင်သေးဘူးဟု ခံစားရ သည်။ အကယ်၍ သူမကိုထိဖို့ကလွဲပြီး ရွေးစရာလမ်းမရှိလျှင်တောင်မှ ထောက်ပြစရာ အကြောင်းအရင်းကို ရှာရဦးမည်။

ချင်ယွင်သည် အလျင်အမြန်ပြေးသွားသည်ကို မြင်လျှင် အမျိုးသမီးက ပြုံးလျက် ပါးစပ်ကို အုပ်လိုက်သောအခါ၊ အလွန်ကြီးကျယ်ခမ်းနား နေပြီဖြစ်သော သူမ၏ ရင်ဘတ်ရှေ့မြင်ကွင်းသည် ပို၍ပင် ခမ်းနားလာသည်။

ဘေးကလူသည် ထိုအမျိုးသမီး ဝမ်းသာအားရ ရယ်နေသည်ကို တွေ့လိုက်ရပြီးနောက် ချင်ယွင် ထွက်ပြေးသွားသည့် လမ်းကြောင်းကို လှမ်းကြည့်ရင်း သူ၏မျက်လုံးများသည် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသည်။

"ဘယ်လောက်တောင် စိတ်ဝင်စားစရာကောင်းလိုက်လဲ၊ ထိုအမျိုးသမီးက တိုးတိုးလေး ရယ်လိုက်ပြီး သူမဘေးက ယောက်ျားကို ကြည့်လိုက်ရင်း "ဘယ်လိုလဲ၊ ဒီကလေးက ပျိုးပင်ကောင်းလေးမလား "

"ဟမ့်၊ ငါကတော့ သာမန်ပျမ်းမျှလောက်ပဲလို့ ထင်တယ်။ သူ့အရည်အချင်းက ပိုကောင်းတယ်၊ သူ့ခန္ဓာကိုယ်က ပိုသန်မာတယ်၊ ဒီလောက်ပါပဲ။ ဒါကလွဲပြီး တခြားအာရုံစိုက်ရလောက်အောင် မထိုက်တန်ပါဘူး။ ကျင့်ကြံခြင်းရဲ့ နောက်ပိုင်း အဆင့်ကို သူရောက်တဲ့အခါ ကောင်းကင်နဲ့ မြေကြီးကို ဉာဏ်အလင်းရဖို့ သူတိုက်ပွဲဝင်ရလိမ့်မယ်(ရုန်းကန်ရလိမ့်မယ်)။ ဒီကလေးက ဒြပ်စင်စွမ်းအင်ကို လုံးဝ အသုံးချမသွားခဲ့ဘူး။ သူက နားလည်နိုင်စွမ်း၏ အပြင်ဘက်‌ရောက်နေသူ (နားလည်နိုင်စွမ်းကင်းမဲ့သူ) ဖြစ်ရမယ်။" ထိုလူက အထင်သေးစွာ ရှုတ်ချ၏။

အသက်ရှူမှားလောက်ဖွယ် လှပသောအမျိုး သမီးသည် သူမမျက်လုံးများကိုပြူးပြီး ရုတ်တရက် အေးစက်စွာပြောသည် "မင်း အဲဒါကို မသုံးတတ်တာနဲ့ပဲ မင်းက အဲဒါကို နားမလည်ဘူးလို့ မဆိုလိုဘူးလေ ။ ဒီကောင်လေးမှာ ဝှက်ထားတဲ့ ဝှက်ဖဲတွေ ရှိလိမ့်မယ်လို့ ငါထင်တယ်။ ငါတို့ရဲ့ သိမ်မွေ့နှလုံးသားအဖွဲ့ကလည်း လူလို သလောက် မရသေးဘူး။ အကယ်၍ ငါတို့သာ အခုချိန်ကတည်းက သူ့ကို ချည်နှောင်မထားရင် နောင်အနာဂတ် သူ့မျက်နှာကို ထုတ်ပြလာတဲ့အခါ သူ့ကို ချည်နှောင်ဖို့ ခက်လိမ့်မယ်။"

ထိုအမျိုးသီး ဒေါသထွက်နေသည်ကို မြင်လျှင် ထိုအေးစက်စက် အမျိုးသားသည် တခြားဘာမှ မပြောရဲတော့ပေ။ နောက်ဆုံးတော့ သူသည် သူမ၏ သစ္စာခံ ဖြစ်လေသည်။

ကောင်းကင်မိုးကြိုးရင်ပြင်ပေါ်ရှိ တပည့်များသည် မြင့်မားသော စင်မြင့်ပေါ်ရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို လှမ်းကြည့်ကြသည်။ အထူးသဖြင့် လှပပြီး စွဲမက်ဖွယ်ကောင်းသော အမျိုးသမီးကိုမြင်လျှင် သူတို့၏မျက်လုံးများမှာ လေးစားမူအပြည့် ရှိနေကြသည်။ ရိုသေ‌လေးစားခြင်းအပြင် သူတို့၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများလည်း ရှိနေသည်။ ပြစ်မှားလိုသည့်မကောင်းသည့် အတွေးမျိုး နည်းနည်းလေးတောင် မတွေးရဲပါဘူး။

ထိုအမျိုးသမီး၏ဘေးတွင်ရှိသောအမျိုးသားသည် မိုးကြိုးဝိညာဉ်အဆင့်သတ်မှတ်ချက် တွင် အဆင့်ခြောက်နေရာနှင့် မိုးကြိုးသခင်လေးဘွဲ့ကို ရရှိထားသူ ချောင်ရွှန်းဂျန်မှ လွဲ၍ အခြားသူမဟုတ်ကြောင်း သူတို့ ကောင်းစွာသိထားကြသည်။

ထိုမိန်းမချောလေးကို ကျန်းရွှမ်ရှင်းဟုခေါ် သည် ။ သူမသည် ချောင်ရွှန်းဂျန်ပြီးနောက် အဆင့်ခုနစ်တွင်ရှိသော်လည်း သူမ၏အဆင့် အတန်းသည် ဤအဖွဲ့ခွဲ ... သိမ်မွေ့ နှလုံးသားအဖွဲ့ကိုကိုယ်စားပြုသည်။

မိုးကြိုးဝိညာဉ်ဂိုဏ်းတွင် မရေးထားသော စည်းမျဉ်းတစ်ခု ရှိခဲ့သည်၊ ဆိုလိုသည်မှာ ထိပ်တန်း တပည့်ဆယ်ယောက်သည် ၎င်းတို့၏ ကိုယ်ပိုင်အဖွဲ့များကို တည်ထောင် နိုင်ပြီး ၎င်းတို့၏ ကိုယ်ပိုင်တပ်ဖွဲ့၀င်များကို ပြုစုပျိုးထောင်နိုင်သည်။ ဤ သိမ်မွေ့နှလုံးသားအဖွဲ့သည် အဓိကအဖွဲ့ခြောက်ခုတွင် တစ်ခုအပါအဝင် ဖြစ်သည်။

အဓိကအဖွဲ့ကြီးခြောက်ခုသာ အဘယ်ကြောင့် ရှိနေရသနည်း?။ ‌သေချာသည်မှာ။ ထိပ်တန်းတပည့်ဆယ်ယောက်ထဲမှာ သူတို့ကိုယ်ပိုင် အဖွဲ့မဖွဲ့ချင်ကြသော လူများ လည်း ရှိကြသည်။ ထိုလူများသည် ကိုယ်ပိုင်အဖွဲ့ ဖွဲ့မည့်အစား အခြားအဖွဲ့များ နှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့ကြသည်။

သေချာသည်မှာ၊ ထိုအဖွဲ့များသည် လက်ရွေးစင်တပည့်များနှင့် အတွင်းစည်းဂိုဏ်းဝင် တပည့်များကိုသာ ခေါ်ယူခဲ့သော်လည်း အပြင်စည်းဂိုဏ်း၀င်တပည့်များကိုမူ လုံးဝ မကြိုက်ကြပေ။

အဖွဲ့စည်းအင်အားကောင်းလေ၊ ဂိုဏ်းအတွင်းရှိ အရင်းအမြစ်များကို များများသိမ်းယူ နိုင်လေဖြစ်ကာ၊ သူတို့၏အကာအကွယ်စက်ဝိုင်းကြီးလည်း ပိုမိုဖြစ်ပေါ်လာလေ ဖြစ်သည်။

၎င်းသည် မိုးကြိုးဝိညာဉ်ဂိုဏ်း၏ အထူးပြိုင်ဆိုင်မှုပုံစံလည်းဖြစ်သည်။

ဟုတ်ပါသည်၊ ချင်ယွင်သည် သူလွဲချော်သွားသည့် အရာများကိုမသိခဲ့ပါဘူး။ ဤအခိုက် အတန့်တွင် သူသည် သူ၏အိမ်သို့ ပြန်လာခဲ့ပြီး စိန်လေးနှင့်စကားစမြည်ပြောရန် စတင်ခဲ့သည်။

"သခင် ၊ မင်း စိန်ခေါ်ခဲ့တာလား။" စိန်လေးက မေးသည်။

"ငါတို့ ဘယ်လိုလုပ် အနိုင်မယူနိုင်ရမှာလဲ ။" ချင်ယွင်က စိန်လေး၏ရင်ဘတ်ကို ပွတ်သပ်ပြီး "စိန်လေး၊ ငါတို့ရဲ့ပစ္စည်းတွေကို ထုပ်ပိုးပြီး ရွှေ့ပြောင်းဖို့ပြင်ပါ" ဟု အော်လိုက်သည်။

စိန်လေးက ခေါင်းကုတ်ပြီး "သခင်၊ ငါတို့မှာ ဘာမှထုပ်ပိုးစရာ မရှိဘူးလေ!"

ချင်ယွင်သည် သတိမေ့သွား၏။ သူတို့၏အရာအားလုံးသည် သူ၏သိုလှောင် အိတ်ထဲ တွင် ရှိနေသည်။ သူက ရှက်ရွံ့စွာ ပြုံးပြီး "ဒါဆို ထိုင်ပြီး အနားယူရင်း ငါကိုစောင့်ပါ" ဟု ပြောလိုက်ရသည်။

စိန်လေးက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

ချင်ယွင်သည် ပြောစရာစကားမဲ့သွားရ၏။ ဤစိန်​​လေးသည် ဘယ်​​လောက်​တောင် သုံးအလိုက်လဲ ။ သူ့လို ရုပ်သေးရုပ်က ပင်ပန်းပြီးအနားယူခြင်းဆိုသည်ကို ဘယ်လိုလုပ် သိနိုင်ပါ့မလဲ။

ကြည့်ရတာ သူ၏ကိုယ်ပေါ်ရှိ အစီရင်ပုံကြမ်းကို ပြုပြင်ရန် အချိန်ရှာရမည့်အချိန် ရောက်လာပုံရသည်။

သို့သော်လည်း အကယ်၍ သူသည် စိန်လေးအတွက် အစီရင်အူတိုင်ကို ပြုပြင်လိုပါက အစီရင်အူတိုင်တစ်ခုကို ပိုင်ဆိုင်ရလိမ့်မည်။ အစီရင်အူတိုင်ကို သိပ်သည်းချင်တိုင်း သိပ်သည်းလို့ရသည် မဟုတ်။ အစီရင်အူတိုင်ကို သိပ်သည်းရန် အနှစ်မပါ ခေါင်းပေါက် ကျောက်တုံးများလိုအပ်သည်။

အခေါင်းပေါက်ကျောက်တုံးများသည် ကောင်းကင်နှင့်မြေကြီးမှ မွေးဖွားလာသော ရတနာများ ဖြစ်သည်။ ၎င်းတို့သည် လူများကို ၎င်းတို့၏ ခန္ဓာကိုယ်အတွင်း နေရာလွတ်တခု ဖန်တီးရန် ကူညီပေးနိုင်သည်။ အစီရင်ဆရာများသည် ဤနေရာ လွတ်ကို ၎င်းတို့၏ အစီရင်အူတိုင်အဖြစ် အသုံးပြုကြရသည်။

အခေါင်းပေါက်ကျောက်များသည် အင်မော်တယ်ကမ္ဘာတွင် အလွန်အသုံးများသည် ။ မူလက ချင်ယွင်သည် သေမျိုးကမ္ဘာတွင် အခေါင်း ပေါက်ကျောက်များမရှိဟု ထင်သောကြောင့် အစီရင်နှလုံးသားကို ဖွင့်လှစ်ရန် အင်မော်တယ်ကမ္ဘာသို့ သွားသည် အထိ စောင့်ရန် စီစဉ်ခဲ့သည်။ သို့သော်၊ မိုးကြိုးဝိညာဉ်ဂိုဏ်းတွင် အစီရင်ဆရာများ ရှိနှင့်ပြီး ဖြစ်သည်ကို သူသိလိုက်သောအခါ၊ သေမျိုးကမ္ဘာမှာလည်း အခေါင်းပေါက် ကျောက်များ ရှိနေကြောင်း သူသိလိုက်ရသည်။ သေမျိုးကမ္ဘာတွင် ဤအရာမျိုးသည် အလွန်ရှားပါးလှပါသည်။

ရှားပါးလှသည့်အတွက် ရှာရခက်သည့် ရတနာတစ်ခုဆိုတာ သေချာပါသည်။ မိုးကြိုး ဝိညာဉ်ဂိုဏ်း၏ အစီအရင်‌မှော်ဆရာကို မြင်မှသာလျှင် အခေါင်းပေါက်ကျောက်များ မည်သည့်နေရာမှာရှိသနည်းဟု မေးနိုင်လိမ့်မည်ထင်၏။

ချင်ယွင်သည် သူ၏စိတ်ထဲမှာထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ အကယ် ၍ သူသည် ၀င်္ကပါပညာရပ်များကိုတတ်နိုင်သမျှ မြန်မြန်နားလည်နိုင်လျှင် သူ၏ ခွန်အားသည် အလွန်တိုးလာမည်ဖြစ်သည်။

နောက်ဆုံးတွင် ချင်ယွင်သည် အလွန်အမင်း မစဉ်းစားတော့ပေ။ စိန်လေးသည် ကြောင် တက်တက်အမူယာဖြင့် သူ့ဘေးတွင် ထိုင်ရန်ကြိုးစားနေစဥ် သူသည် အာရုံပျံ့လွင့်နေသော အတွေးများကို ဖယ်လိုက်ပြီး လျှပ်စီးဒြဗ်စင်၏ မြန်နှုန်းမြင့် လျှပ်စီးသဘောတရားကို နားလည်ရန် ခြံဝင်းထဲတွင် ဆက်လက် ထိုင်လိုက်သည်။ သူသည် စိန်လေး မထိုင်နိုင်သေးသည်ကို မြင်လျှင် သူ၏နှာခေါင်းကို ပွတ်ပြီး ခဏကြာအောင် ‌ခေါင်းကုတ်နေမိ၏။

ချင်ယွင်သည် မူလက စိန်လေးကို သိုလှောင်အိတ်ထဲသို့ ပြန်၀င်ခွင့်ပြုရန် ရည်ရွယ် ထားသော်လည်း ၎င်းသည် ယခင်က သိုလှောင်အိတ်ထဲတွင် အကြာကြီးနေခဲ့ပုံ ပေါ်သည်။ သို‌လှောင်အိတ်ထဲသို့ သူပြန်၀င်ရသည်နှင့် ခါးသီးသောမျက်နှာအမူယာကို ပန်ဆင်ထားသည်။ နောက်ဆုံးတွင် ချင်ယွင်သည် သူ့ကို အပြင်မှာထားရန်မှတပါး ရွေးချယ်စရာမရှိပေ။

အချိန်ဟာ တရွေ့ရွေ့ ကုန်သွားခဲ့သည်။ နေ့ခင်းဘက်တွင် လူတစ်ဦးသည် ချင်ယွင်ကို ပြောင်းရွှေ့ရန် အကြောင်းကြားလာခဲ့သည်။

All Chapters