← Chapters

လျှပ်စီးကပ်ဘေးဒုက္ခ

Vol. 6 Ch. 77

လျှပ်စီးကပ်ဘေးဒုက္ခ

Vol. 6 Ch. 77

အခန်း (၇၇) လျှပ်စီးကပ်ဘေးဒုက္ခ

တရားဥပဒေစိုးမိုးရေးခန်းမမှ တပည့်များသည် ချင်ယွင်ကို ယန်ချွန်၏ ယခင် နေထိုင်ရာနေရာသို့ ခေါ်ဆောင်သွားပြီးနောက် သူ့ကိုသိုလှောင်အိတ်တစ်လုံး ပစ်ပေးကာ ထွက်ခွာသွားကြသည်။

အတွင်းစည်းဂိုဏ်းဝင် တပည့်များအားလုံးသည် ချောင်ယန်တောင်ထိပ်တွင် နေထိုင်ကြသည်။ ဤအိမ်များကို မိုးကြိုးဝိညာဉ်အဆင့် သတ်မှတ်ချက်များအတွင်း အဆင့်သတ်မှတ်ချက်များအလိုက် သတ်မှတ်ထားသည်။ အဆင့်သတ်မှတ်ချက် များသည် ကိုယ်နေထိုင်ရမည့် အိမ်များနှင့် သက်ဆိုင်သည်။

ချင်ယွင်သည် ယန်ချွန်နေရာကို အစားထိုးခဲ့ပြီး မိုးကြိုးဝိညာဉ်အဆင့် သတ်မှတ်ချက် များသည် အဆင့်ရှစ်ရာသာရှိသောကြောင့် သူသည် တောင်ကုန်း အောက်ခြေရှိ အဆင့်ရှစ်ရာနေရာ တွင် သဘာဝအတိုင်း နေထိုင်ခဲ့ရသည်။

သို့သော် ချင်ယွင်သည် သူ၏နေထိုင်မှုအတွက် လိုအပ်ချက်များစွာမရှိပေ။ နေထိုင်ရသော တောင်ထိပ်က ပိုမိုမြင့်မားလေ၊ ဝိညာဉ်စွမ်းအင်က ပို၍ ထူထပ်လေ ဖြစ်သည်။ ယင်းသည် ' ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ် ' ကို ကျင့်ကြံထားသော ချင်ယွင် အပေါ် များစွာသက်ရောက်မှု မရှိပေ။

အာရုံစိုက်ခံရမူ ဖြစ်ပေါ်စေမည်ကို စိုးကြောက်ခြင်းကြောင့်သာ။ မဟုတ်ပါက၊ သူသည် တောင်ကုန်းတစ်ခုလုံးကို ဝိညာဥ်စွမ်းအားဖြင့် ပြည့်နေသော ဝိညာဉ်စွမ်းအင်စုပ်ဝဲ တခုကိုပင် ဖန်တီးနိုင်မည်ဖြစ်သည်။ ဤသည်မှာ ရှေးဟောင်းခေတ် အစိမ်းရောင် ကြာပန်းပညာရပ်၏ ကြောက်စရာကောင်းသော အစိတ်အပိုင်းဖြစ်သည်။

သေချာသည်မှာ၊ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို စုပ်ယူရာမှာ အလွန်အကန့် အသတ်ရှိသော်လည်း ချီစုစည်းခြင်းဆေးပြားများကို စုပ်ယူရာမှာ အကန့်အသတ်များမရှိပေ။

ထို့ကြောင့်၊ ဥပဒေစိုးမိုးရေးခန်းမတပည့် ထွက်သွားပြီးနောက်၊ ချင်ယွင်သည် သူ၏ အခန်းသို့ ပြန်သွားပြီး ဥပဒေစိုးမိုးရေးခန်းမတပည့် ယခု လေးတင် ပစ်ပေးလိုက်သော သိုလှောင်အိတ်ကို တိုက်ရိုက်ဖွင့်ကာ အထဲမှာပါသည့်အရာများကို ကြည့်လိုက်သည်။

သိုလှောင်အိတ်ထဲတွင် ပစ္စည်းသုံးမျိုးရှိ၏။ ၎င်းတို့မှာ ဆေးပုလင်းနှစ်လုံး၊ အတွင်းစည်း ဂိုဏ်းဝင် တံဆိပ်ပြားတစ်ခုနှင့် အပြာရောင်တပည့်ဝတ်စုံတစ်ခုတို့ ဖြစ်သည်။

ချင်ယွင်သည် အတွင်းစည်းဂိုဏ်းဝင် တံဆိပ်ပြားနှင့် အပြာရောင်တပည့် ဝတ်စုံကို ဘေးဖယ်ထာ လိုက်သည်။ သူသည် ဆေးနှစ်ပုလင်းကို ကောက်ယူလိုက်ပြီး ၎င်းတို့ကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများ ချက်ချင်းလင်းလက်လာသည်။

၎င်းတို့သည် တကယ်တော့ ချီသိပ်သည်းခြင်းဆေးနှင့် အရင်းအမြစ် ဝိညာဥ်ဆေးများ ဖြစ်သည်။ ဆေးက တကယ်ကို ဆယ်လုံးရှိနေသည်။ ချီသိပ်သည်းခြင်း ဆေးတစ်လုံး သည် ချီစုစည်းခြင်းဆေး ဆယ်လုံးနှင့် ညီမျှ သည်။ တစ်နည်းဆိုရသော် ဤချီသိပ်သည်းခြင်း ဆေးဆယ်လုံးသည် ချီစုစည်းခြင်းဆေးတစ်ရာနှင့် ညီမျှသည်။ ဤချီသိပ်သည်းခြင်း ဆေးဆယ်ပြားဖြင့်၊ ချင်ယွင်သည် သိုင်းဂိုဏ်းချုပ်နယ်ပယ်သို့ ဖြတ်ကျော်ရန် လုံလောက်ပါသည်။

အရင်းအမြစ်ဝိညာဥ်ဆေးလုံးအတွက်၊ ၎င်းသည် ချင်ယွင်ကို ပိုမိုလေးနက်သောအခြေ အနေသို့ ဝင်ရောက်စေပြီး ကျင့်ကြံနိုင်စေမည့် စိတ်ဝိညာဥ်ပြောင်းလဲခြင်းဆေးကို အဆင့်မြှင့်တင်ထားသော ဗားရှင်းတစ်ခုလည်းဖြစ်သည်။

"ငါ မင်းကို စိန်ခေါ်ဖို့ ရွေးချယ်ခဲ့တာ သေချာ ပေါက်မှန်တယ်။ အတွင်းစည်းဂိုဏ်းဝင် ဖြစ်တာ ကောင်းလိုက်တာ။ ဒီနည်းနဲ့ ငါ ငါ့ရဲ့ကျင့်ကြံမူအဆင့်ကို မြန်မြန်ဆန်ဆန် တိုးမြှင့်နိုင်လိမ့်မယ်။" ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် ကျယ်လောင်စွာ ရယ်မော လိုက်မိသည်။ အခြားလူများသည် သူတို့၏ကျင့်ကြံမှုကို အရူးအမူး တိုးမြင့်စေရန် ဆေးပြားများကို မသုံးဝံ့ကြသော်လည်း ချင်ယွင်က မကြောက်ပေ။ သူ၏ ခန္ဓာကိုယ်ရှိ ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ဖြင့်ဆို ဤဆေးများသည် သူ့အတွက် ဘေးထွက်ဆိုးကျိုး လုံးဝ မရှိပေ။

"အဆင့်သတ်မှတ်ချက်မှာ အဆင့်ပိုပြီးမြင့်လာလေ၊ဆုလာဘ် များများရလေလို့ ငါကြား ထားတယ်။ အဲဒီအဆင့်တွေကို နောင်အနာဂတ်မှာ မကြာခဏ စိန်ခေါ်ရမယ် ထင်တယ်။" ချင်ယွင်သည် စိတ်ထဲတွင် ရယ်မောလိုက်သည်။

ထို့နောက် ချင်ယွင်သည် ချီသိပ်သည်းခြင်းဆေး ဆယ်ပြားလုံးကို တစ်ဂျိုက်တည်း မျိုချပြီး သိုင်းဂိုဏ်းချုပ်နယ်ပယ်သို့ တစ်ရှိန်ထိုး ဖြတ်ကျော်ရန် ပြင်ဆင်နေသည်။

သို့သော် ဤအခိုက်အတန့်တွင် သူ့ဆရာ၏ အသံက သူ၏နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည် " ခဏစောင့်ဦး။ ဆေးပြားတွေ မျိုချဖို့ အလုပ်ရှုပ်မနေနဲ့ဦး ။ ဂိုဏ်းရဲ့ဧရိယာက ထွက်သွားပြီး စကားပြောဖို့ ဆိတ်ငြိမ်တဲ့နေရာကို ရှာပါ"

ချင်ယွင် အနည်းငယ် အံ့သြသွားသည်။ စျေးပေါသော ဆရာသခင်တစ်ဦးအနေဖြင့် သူသည် သူ၏ ကျင့်ကြံမှုကို လျစ်လျူရှုကာ အိပ်စက်လေ့ရှိသည်။ ယနေ့ ဒီအချိန်ကြီး ရောက်မှ ရုတ်တရက် သူ့ကို ဘာလို့ ရှာနေရတာလဲ။

"ဘာကြောင့်လဲ?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"မင်းကို ငါပြောရင် ပြောတဲ့အတိုင်း မင်းလုပ်လိုက်လေ ။ ဒီအဓိပ္ပါယ်မရှိတဲ့ စကားတွေက ဘယ်ကထွက်လာတာလဲ။" ရှေးဟောင်းတာအို၏ ဒေါသသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ချင်ယွင်သည် ပြောစရာစကားမဲ့ သွားရ၏။ ဤလူအိုကြီးသည် ဒေါသအလွန်ထွက် နေသေး၏။ ကံကောင်းထောက်မစွာ၊ ယခု သူ့တွင် ခန္ဓာ ကိုယ်မရှိပေ။ မဟုတ်ရင် သူ့ကို ပါးရိုက်ပြီးတာ ကြာလောက်ပြီ။

သို့သော် သူ၏စိတ်ထဲတွင် ထိုစကားများကို ပြောပြီးသည်နှင့် မြူနှင်းချောက် နက်ဓားသည် ပျံတက်သွားပြီး ချင်ယွမ်၏ နောက်ကျောပေါ်သို့ ဆင်းသက်ကာ ရိုက်နှက်ချလိုက်လေသည်။

ချင်ယွင်သည် အော်ငိုချင်ပေမယ့် မလုပ်ရဲတော့ပါဘူး။ ဒီလိုမှမဟုတ်ဘဲ ဤလူအိုကြီးကို

သွားစမိလျှင် သူ၏ခန္ဓာကိုယ်မှာရှိသည့် ကြွက်သားနှင့် အရိုးများအားလုံး ကြေကွဲသွားမှာကို သူကြောက်မိသည်။

ရှေးဟောင်းတာကို၏‌ ပြောစကားမှာ"ဘာပဲဖြစ်ဖြစ် မင်းရဲ့ပြန်လည်ကောင်းမွန်မှုက အလွန်စွမ်းထက်တယ်။ မင်း မသေသမျှ ပြန်ကောင်းလာနိုင်တယ်"ဟူ၏။ ထိုစကားကို ကြားပြီးနောက် ချင်ယွင်သည် ရှေးဟောင်းတာအို၏ အရှေ့တွင် မောက်မာစွာ ပြုမူဝံ့ခြင်းမရှိတော့ပေ။ မဟုတ်ရင် ရှေးဟောင်းတာအိုဆရာက သူ့ကို ဆယ်ရက် သို့မဟုတ် လ၀က်လောက် အိပ်ရာပေါ်မှမထနိုင်အောင် ရိုက်နှက်မှာကို သူတကယ် စိုးရိမ်နေရလိမ့်မည်။ ထိုအချိန်တွင် သူသည် သနားစရာ အခြေနေနှင့် ရင်ဆိုင်ရလိမ့်မည်။

ထိုနောက် ချင်ယွင်သည် စိန်လေးကို ခြံဝင်းအတွင်း၌နေရန် အမိန့်ပေးကာ မည်သူ့ကိုမျှ ဝင်ခွင့်မပြုတော့။

တစ်ဖက်တွင် သူသည် မိုးကြိုးဝိညာဉ်ဂိုဏ်းမှ တိတ်တဆိတ်ထွက်ကာ မိုးကြိုးဝိညာဉ် ဂိုဏ်းမှ ဆယ်မိုင်အကွာ တောအုပ်သို့ ရောက်ရှိလာခဲ့သည်။

ရှေးဟောင်းတာအို၏ ညွှန်ကြားချက်အရ သူသည် တိတ်ဆိတ်သော ဂူတစ်ခုကို သူတွေ့ရှိသောအခါ ရှေးဟောင်းတာအိုက သူ့ကို သိုင်းဂိုဏ်းချုပ်နယ်ပယ်သို့ ဖြတ်ကျော်ရန် ကြိုးပမ်းခွင့်ပြုခဲ့သည်။

ယင်းက ချင်ယွင်ကို အလွန်အံ့အားသင့်စေခဲ့သည်။ သူ့ဆရာသည် ဂိုဏ်းအတွင်းမှာ သိုင်းဂိုဏ်းချုပ်နယ်ပယ်သို့ ဝင်ရောက်ရန် အဘယ် ကြောင့် ခွင့်မပြုသနည်း။ တစ်စုံတစ်ယောက်သည် သူ၏အဆင့်အချိုးဖြတ်မှုကို အခွင့်ကောင်းယူပြီး သူနှင့် ရင်ဆိုင်ရန် ဖြစ်နိုင်ပါသလား။

ချင်ယွင်သည် နားမလည်နိုင်သောကြောင့် အလွန်အမင်း မစဉ်းစားဘဲ သူ၏ အဆင့် ချိုးဖြတ်မှုကို စတင်ရန် တင်ပျဉ်ခွေထိုင်လိုက်သည်။

ပဲစေ့များကို လောင်းထည့်သလိုမျိုး၊ သူသည် ချီသိပ်သည်းခြင်းဆေး ဆယ်လုံးကို သူ၏ ပါးစပ်ထဲသို့ တခါတည်း လောင်းထည့်လိုက်သည်။ ချင်ယွင်သည် မျက်လုံးများကို မှိတ်ထားပြီး ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ပညာရပ်ကို စတင်ဖြန့်ကျက် လိုက်သည်။ ကျင့်ကြံခြင်းပညာရပ် ပျံ့နှံ့လာသည်နှင့်အမျှ ဆေးပြားအတွင်းမှ ဝိညာဉ် စွမ်းအင်များသည် ချက်ခြင်းစိမ့်ထွက်သွားပြီး ချင်ယွင်၏ ဒန်တန်ထဲသို့ စတင် ဝင်ရောက်လာသည်။

ချင်ယွင်၏ဒန်တန်ရှိ ကြာပန်းရေကန်သည်လည်း တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ကြာပန်းရေကန်ထဲတွင် ကြာပန်းများက ပို၍ပို၍ ခိုင်ခံ့စွာ ပွင့်လာခဲ့သည်။

ဝှီး!

ဝိညာဉ်စွမ်းအင်လှိုင်းလေညင်းများ မှုတ်ထုတ်မူနှင့်အတူ ချင်ယွင်၏ဒန်တန်ရှိ ကြာပန်းသည် ချက်ချင်း ညှိုးနွမ်းလာသည်။

နောက်ဆုံးတွင်၊ ၎င်းကြာပန်းသည် ကြာပန်း ကန်ထဲတွင် လုံးဝနစ်မြုပ်သွားပြီး ဝိညာဉ် စွမ်းအင်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ထိုအချိန်တွင် ကြာကန်သည် အဆများစွာ ကျယ်ပြန့်လာကာ ကြာကန်၏လေးထောင့်ပတ်လည် တစ်ဧကသည် ရေကန်အဖြစ်သို့ ပြောင်းလဲသွားသည်။

ကြာပန်းငယ်များသည်လည်း ရေ၏ အောက်ခြေမှ ထွက်ပေါ်လာပြီး ကြာရွက်များသည် ရေကန်တစ်ခုလုံးတွင် ထွက်ပေါ်လာကြသည်။

အဆင့်ချိုးဖြတ်မှု ။ ဤနည်းဖြင့် ယုတ္တိတန်သော အဆင့်ချိုးဖြတ်မှုတစ်ခု ဖြစ်ခဲ့သည်။ အတားအဆီး လုံးဝမရှိခဲ့ပေ။

ချင်ယွင်သည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်နယ်ပယ်မှ ပထမအဆင့် ကောင်းကင်အလွှာမှ သိုင်းဂိုဏ်းချုပ်နယ်ပယ်သို့ တိုက်ရိုက် ခုန်တက် သွားပြီး ဤလုပ်ငန်းစဉ်သည် သုံးနာရီမျှသာ ကြာသည်။

ချင်ယွင်သည် သူ့စိတ်ထဲတွင် ကြည်နူးသွားသည်။ ရလာဒ်အနေဖြင့် သူ၏ ကျင့်ကြံမှု အခြေခံသည် နောက်တကြိမ် မြင့်တက်လာခဲ့ပြန်ပြီ။ ယခု သူသည် မိုးကြိုးဝိညာဉ် အဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ်လူတစ်ယောက်နှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင် သူ သတ္တိရှိနေတုန်းပါပဲ။

ရုတ်တရက် ချင်ယွင်၏နှလုံးသား တုန်လှုပ်သွားသည်။ အဆင့်အချိုးဖြစ်မှုအပြီးမှာ အပြောင်းအလဲများကို သူနားမလည်နိုင်ခင်မှာသူသည် ဂူထဲမှ အမြန်ပြေး ထွက်လာ ခဲ့သည်။

ရုတ်တရက် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး တိမ်မည်းများက ကြယ်ရောင်စုံတဲ့ ညကောင်းကင်ယံကို ဖုံးလွှမ်းသွားခဲ့သည်။

တုနှိုင်းမရသည့် ရက်စက်ကြမ်းကြုတ်သော ဖိအားတစ်ခုက သူ့အပေါ် ချက်ခြင်း ဖိကျလာပြီး သူသည် အသက်တောင် မရှူနိုင်တော့။

ချင်ယွင်သည် မျက်လုံးများ ပြူးကျယ်ကာ သူ၏ရှေ့တွင် ဖြစ်ပျက်နေသည်များကို မယုံနိုင်ဖြစ်နေ၏။ ယခုတော့ သူ၏ဆရာ ရှေးဟောင်းတာအိုသည် မိုးကြိုးဝိညာဉ် ဂိုဏ်းက ထွက်သွားပြီးမှ သူ့ကို အဆင့်ဖြတ်ကျော်ရန် ဘာကြောင့် ခွင့်ပြုရသနည်း ဆိုသည်ကို နောက်ဆုံးတော့ သူနားလည်သွားခဲ့ပြီ။

သူ၏အဆင့်ချိုးဖြတ်မှုသည် လျှပ်စီးကပ်‌ဘေးဒုက္ခကို အမှန်တကယ် စွဲဆောင်သွားခဲ့ ကြောင်း ပေါ်လွင်လေသည်။ အဘယ်ကြောင့်ဆိုသော် ဤလျှပ်စီးကပ်ဘေးဒုက္ခ၏ စွမ်းအားသည် လွန်ခဲ့သည့်အချိန်က ရှောင်ဘိုင် ကျော်ဖြတ်စင်တုန်းကထက်ပင် ကြီးမားသောကြောင့် ဖြစ်သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မလဲ။ ငါက သိုင်းဂိုဏ်းချုပ်နယ်ပယ်ကို ဖြတ်ကျော်ခဲ့တာလေ။

လျှပ်စီးကပ်ဘေးဒုက္ခကို ဘယ်လိုလုပ် ဆွဲဆောင်နိုင်ပါ့မလဲ။" ချင်ယွင် အံ့ဩသွားသည်။

ဤအခိုက်အတန့်တွင် ရှေးဟောင်းတာအို၏ စကားသံသည် သူ၏နားထဲတွင် ထပ်၍ ထွက်ပေါ်လာသည်– “လျှပ်စီးကပ်ဘေးဒုက္ခ တည်ရှိခြင်းဟာ ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဉ်းဥပဒေသအပြင်ပရှိ တည်ရှိနေသမျှအားလုံးကို ဖျက်ဆီးပစ်ဖို့ ဖြစ်တယ်။ ဒါကြောင့် ကောင်းကင်နဲ့မြေကြီးရဲ့ရတနာများ မွေးဖွားလာခြင်းက ကောင်းကင် ကပ်ဘေးဒုက္ခကို စွဲဆောင်နိုင်စေသည်။"

"ဒါပေမဲ့ ကျွန်တော်က အစစ်အမှန် အင်‌မော်တယ်နယ်ပယ်သို့ မရောက်သေးဘူးလေ။ ပြီးတော့ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာတွေလည်းမမွေးဖွားခဲ့ပါဘူး။ ကျွန်တော်က ကောင်းကင်ကပ်ဘေးဒုက္ခကို ဘယ်လိုလုပ် ဆွဲဆောင်ရသလဲ။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် ဆက်မေးသည်။

"ဒါက မင်းက ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတွေထက် ပိုကြောက်စရာကောင်းတဲ့ အရာတစ်ခုကို မွေးဖွားပေးခဲ့လို့ပဲ၊ အဲဒါက ၎င်းရဲ့ကနဦး သန္ဓေတည်ပုံသဏ္ဍာန်ပဲ ရှိသေးပေမယ့် ကောင်းကင်နဲ့ မြေကြီးရဲ့စည်းမျဉ်းဥပဒေသတွေက ၎င်းရဲ့ ခြိမ်းခြောက် မှုကို ခံစားပြီးသားဖြစ်တယ်။" ရှေးဟောင်းတာအိုသည် မနာလိုမူအရိပ်အယောင် ပြည့်နေသည့် သူ၏အသံဖြင့် ဆက်ရှင်းပြသည်။

ချင်ယွင်သည် ချက်ခြင်း မျက်လုံးပြူးပြီး "ဆရာကြီးက ဖရိုဖရဲ အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်ကို ဆိုလိုတာလား။"

"ဟုတ်တယ်!" ရှေးဟောင်းတာအိုက ပြန်ဖြေသည်။

ချင်ယွင်သည် တခဏတာ မှင်တက်သွားပြီး " ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်၏ ကနဦးပုံစံသည် လျှပ်စီးကြောင်းများကို ဆင့်ခေါ်နိုင်မည်ဟု သူ မျှော်လင့်မထားမိပေ ။

ဒါပေမယ့် ရှေးဟောင်းတာအိုသည် သူ့ကို ပိုပြီး စိတ်ဓာတ်ကျစေမည့် အရာတစ်ခုကို ပြောလိုက်သည် "မင်း အခုလောလောဆယ် မိုးကြိုးပစ်ခံရရုံတင်မကဘူး နောင် အနာဂတ်မှာလည်း ကြီးကျယ်ခမ်းနားတဲ့ နယ်ပယ်ကြီးတခုကို ဖြတ်ကျော်လိုက်တိုင်း မင်း လျှပ်စီးတိုက်ခိုက်မူကိုလက်ခံရလိမ့်မယ်။ ဤမိုးကြိုးကပ်ဘေးဒုက္ခကြီးကလည်း ပို၍ပို၍ ကြီးမားလာလိမ့်မယ်။"

ချင်ယွင်သည် ကောင်းကင်ဘုံ၏ တွန်းအားကို ကျိန်ဆဲချင်စိတ်ပေါက်နေပြီး သူ၏ မျက်လုံးများကို ချက်ခြင်းမှိတ်လိုက်သည်။

သို့သော် သူသည်းခံရနေဆဲဖြစ်သည်။ လျှပ်စီးကပ်ဘေးဒုက္ခအောက်တွင် ကောင်းကင် ဘုံကို ကျိန်ဆဲခြင်းသည် သေခြင်းတရားကို တောင်းခံခြင်းနှင့် မခြားနားပေ။

All Chapters