← Chapters

ဒြဗ်စင်သုံးပါးကောင်းကင်ကပ်‌ဘေးဒုက္ခ

Vol. 6 Ch. 78

ဒြဗ်စင်သုံးပါးကောင်းကင်ကပ်‌ဘေးဒုက္ခ

Vol. 6 Ch. 78

အခန်း (၇၈) ဒြဗ်စင်သုံးပါးကောင်းကင်ကပ်‌ဘေးဒုက္ခ

ချင်ယွင်သည် စောင့်ကြည့်နေရင်း သူ၏ ဦးခေါင်းထက်ရှိ မိုးတိမ်တိုက်များ ပိုမို ထူထပ် လာသည်နှင့်အမျှ သူ၏အမူအရာက ပိုမိုလေးနက်ပြီးရင်း ပိုမိုလေးနက် လာသည်။

ယခုအချိန်တွင် ကောင်းကင်ယံ၌ မိုးခြိမ်းသံများ ပြည့်နှက်နေသော တိမ်တိုက်များသည် ဆယ်ကီလိုမီတာ အချင်းဝက်ကို ဖုံးလွှမ်းနေပြီ ဖြစ်သည်။ မိုးခြိမ်းသံများ ပြည့်နှက်နေသော တိမ်တိုက်များတွင် လျှပ်စီးကြောင်းများ အဆက်မပြတ် တောက်လောင်နေကာ ဆူညံသံများ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် ကောင်းသော ဖိအားများက ချင်ယွင်ကို ရှေးဦးသားရဲတစ်ကောင် စိုက်ကြည့် နေသကဲ့သို့ ခံစားရစေကာ ချင်ယွင်၏ ဦးရေပြားကို ထုံကျင်စေသည်။

"ဒါက ဘယ်လို ကောင်းကင်ကပ်ဘေးဒုက္ခမျိုးလဲ။ အရှိန်ဟုန်က ဘယ်လိုလုပ်ပြီး ဒီလောက်ပြင်းထန်နေရတာလဲ " ချင်ယွင် အံ့သြသွားသည်။

ယခုချိန်မှာ သူ နောက်ထပ် မပြေးနိုင်တော့သည်က အနည်းငယ် စိတ်မကောင်း ဖြစ်စရာပင်။ ဂိုဏ်းက ဤနေရာတွင် ဤမျှကြီးမားသော တည်ရှိမှုကို သေချာပေါက် ရှာဖွေတွေ့ရှိလိမ့်မည်ဟု ယူဆလို့ရသည်။

သို့သော်လည်း သူ့မှာ ဤအရာကို ဂရုစိုက်ရန် အချိန်မရှိတော့ပေ။ သူ၏ရှေ့က လျှပ်စီးကပ်ဘေးဒုက္ခကို မည်ကဲ့သို့ ကျော်ဖြတ်ရမည်နည်း ၎င်းကို တွေးကြည့်ရုံဖြင့်ပင် သူ ခေါင်းကိုက်သွားရသည်။

"ဒါက ဒြပ်စင်သုံးပါး လျှပ်စီးကပ်ဘေးဒုက္ခဘဲ၊ ပြီးတော့ သာမန်ဒြပ်စင်သုံး လျှပ်စီးကပ်ဘေးဒုက္ခ မဟုတ်ဘူး။ ‌ရှေးဟောင်းတာအို၏ အသံသည် ချင်ယွင်၏ စိတ်ထဲမှာ ထွက်ပေါ်လာပြီး သူ၏လေသံက အနည်းငယ် အံ့သြနေသည်။ ရှင်းရှင်းပြော ရရင်၊ ချင်ယွင်သည် ဒြဗ်စင်သုံးပါး ကောင်းကင်ကပ်‌ဘေးဒုက္ခကို ခံရရန် သူ မျှော်လင့်မထားခဲ့သည်မှာ ထင်ရှားသည်။

"ဒြဗ်စင်သုံးပါးကောင်းကင်ကပ်‌ဘေးဒုက္ခလား !" ချင်ယွင်က ထိတ်လန့်စွာ ပြောသည်။

ထိုအချိန်တုန်းက ရှောင်ဘိုင်သည် အဆင့်နှစ်မှ အဆင့်သုံးသို့ ပြောင်းလဲလာသော အခါတွင် သူသည် ဒြဗ်စင်တပါးကောင်းကင်ကပ်‌ဘေးဒုက္ခ ကို ဖြတ်ကျော်ခဲ့ရသည်။ ယခုအချိန် သူ့အပေါ်ကျရောက်လာသည့် ကောင်းကင်ကပ်ဘေးဒုက္ခက မည်ကဲ့သို့ ဤမျှလောက်ကြီးနေရသနည်း?

ချင်ယွင်သည် ပြောစရာစကားများပင် မဲ့သွားရ၏။ ဒြဗ်စင်တပါးကောင်းကင်ကပ်‌ဘေးဒုက္ခနှင့် ဒြဗ်စင်သုံးပါးကောင်းကင်ကပ်‌ဘေးဒုက္ခ တို့သည် လျှပ်စီးကပ်ဘေး ဒုက္ခတပါးနှင့် လျှပ်စီးကပ်ဘေးဒုက္ခသုံးပါးကြား ကွာခြားချက်သာဖြစ်သော်လည်း ၎င်းတို့ကြားက ကွာခြားချက်မှာ အလွန်ကြီးမားလှပါသည်။ ဒြဗ်စင်သုံးပါးကောင်းကင် ကပ်‌ဘေးဒုက္ခ၏လျှပ်စီးကပ်‌ဘေး ဒုက္ခသုံးပါးသည် ထိုမျှလောက် မပြင်းထန်ဘူး ဆိုလျှင်ပင် အရေတွက်အရ အဆမတန် တိုးပွားလာကြောင်းကို သိထားရလိမ့်မည်။

တစ်နည်းဆိုရသော် လျှပ်စီးကပ်‌ဘေးဒုက္ခသည် ပို၍အားကောင်းလေ၊ ကျဆင်းလာ မည့် လျှပ်စီးတိုက်ခိုက်မူကလည်း ပို၍ပြင်းထန်လာလေဖြစ်သည်။

"ပုံမှန်အားဖြင့်၊ ဒြဗ်စင်သုံးကောင်းကင်ကပ်ဘေးဒုက္ခရဲ့ ပထမလျှပ်စီးကပ်ဘေးဒုက္ခ နှစ်ခုက သိပ်ပြီး အားကောင်းတာတော့ မဟုတ်ပါဘူး။ တကယ်ကြောက်စရာ ကောင်းတာက နောက်ဆုံးလျှပ်စီးကပ်ဘေးဒုက္ခပဲ။ ဒါပေမယ့် မင်းရဲ့ ဒီလျှပ်စီးကပ်ဘေးဒုက္ခက ကွဲပြားပုံရတယ်။ ဒီမိုးခြိမ်းသံမှာ စုစည်းထားတဲ့ စွမ်းအင်တွေနဲ့တိမ်များက သာမန်ဒြပ်စင်သုံးပါးလျှပ်စီးကပ်‌ဘေးဒုက္ခထက် ဆယ်ဆ ဖြစ်နိုင်သည်” ‌ရှေးဟောင်းတာအိုက ဆက်ပြောသည် ။

"ဘာ ? ဆယ်ဆ ဟုတ်လား!" ချင်ယွင်သည် ရုတ်တရက် ခေါင်းမူးသွားပြီး သေဆုံးသည်အထိ တွန်းအားများ ထွက်ပေါ်လာသည်။

"မြေနိုး ကပ်ဘေးဒုက္ခ၊ မင်းတို့အားလုံးထွက်လာခဲ့ကွာ ။ ဒါက လျှပ်စီးနဲ့တိုက်ခိုက်ရုံ လေးဘဲ မဟုတ်လား။ မင်း အရင်တုန်းကတခါမှ မတိုက်ခိုက်ဖူးတာလဲ မဟုတ်ဘူး။ မင်းရဲ့လျှပ်စီးကပ်ဘေးဒုက္ခက ငါ့ကို ဘယ်လို အပိုင်းပိုင်း ဖြတ်နိုင်မလဲဆိုတာ ငါကြည့်ချင်တယ်။" သူ၏ရှေ့ရှိ လျှပ်စီးကပ်ဘေးဒုက္ခကို ရင်ဆိုင်ရန် သူ၏ ခွန်အား အားလုံးကို တဖြည်း ဖြည်း စုဆောင်းရင်း ချင်ယွင်၏မျက်လုံးများသည် ပြင်းထန်သော တိုက်ပွဲဆာလောင်မူနှင့်အတူ တောက်လောင်လာခဲ့သည်။

လျှပ်စီးကပ်ဘေးဒုက္ခ မကျရောက်မီ အချိန်အနည်းငယ် ရှိသေးသည်၊ ထို့ကြောင့် ချင်ယွင်သည် တင်ပျဉ်ခွေထိုင်ကာ သိုင်းဂိုဏ်းချုပ်နယ်ပယ်ကို ဖြတ်ကျော် ဝင်ရောက်ခြင်းဖြင့် ဖြစ်ပေါ်သည့်ပြောင်းလဲမှုများကို ခံစားသိရှိနိုင်ရန် ကြိုးစား လိုက်သည်။

ချင်ယွင်သည် သူ၏အခြေအနေကို ပြုပြင်ပြောင်းလဲပြီး ကပ်ဘေးဒုက္ခကို ကောင်းစွာ ရင်ဆိုင်ရန် ပြင်ဆင်နေချိန်တွင်၊ မိုးကြိုးဝိညာဉ်ဂိုဏ်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည်။

မိုးကြိုးဝိညာဉ်ဂိုဏ်းမှ တပည့်များအားလုံးသည် အဝေးကကောင်းကင်ယံတွင် လျှပ်စီးကြောင်းများနှင့် မိုးခြိမ်းသံများကို မြင်ပြီး ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ ကြည့်လိုက်ကြသည်။

ခရမ်းရောင်ဝတ် တပည့်နှစ်ယောက်သည် တောင်ထိပ်တစ်ခုပေါ်တွင် ရပ်နေသည်။ အရပ်ရှည်သော တပည့်တယောက်က “အဲဒါက ဘာလဲ။ ရတနာတစ်ခု ထွက်လာ သလား” ဟု မေးသည်။

"ဒါဟာ လျှပ်စီးကပ်ဘေး ဒုက္ခတစ်ခုလို့ ထင်ရပြီး စွမ်းအားကြီးတဲ့သူတစ်ယောက် ဖြစ်ပုံရတယ်!" အရပ်ပုပုတပည့်က ပြန်ဖြေသည်။

"ဒါဟာ ပြိုင်ဘက်ကင်း ရတနာတခုရော မဖြစ်နိုင်ဘူးလား၊ သွားကြည့်ချင်လား" ဟုအရပ်ရှည်သော တပည့်က ပြောသည်။

"သွားကြည့်ရအောင်!" အရပ်ပုပုတပည့် ပြန်ဖြေသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအရာများ ပေါ်လာသည်။ အကယ်၍ ၎င်းသည် သူတို့မှန်းဆချက်အတိုင်း အမှန်တကယ် ဖြစ်နေပါက၊ ၎င်းတို့အတွက် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်သည်။

သို့သော် သူတို့ ထွက်ခွာခါနီးတွင် ခမ်းနားထည်ဝါသော အသံတစ်ခု ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။

"မိုးကြိုးဝိညာဉ်ဂိုဏ်းရဲ့ တပည့်အားလုံး နားထောင်ကြပါ။ တပည့်အားလုံးကို ဒီနေ့ ဂိုဏ်းကနေ အပြင်ထွက်သွားခွင့် မပေးဘူး။ မဟုတ်ရင် ဂိုဏ်းစည်းမျဉ်းတွေအရ အပြစ်ပေးခံရပြီး ဂိုဏ်းက နှင်ထုတ်ခံရလိမ့်မယ်။"

ဤဂုဏ်ကျက်သရေရှိသော အသံကိုကြားသောအခါ တပည့်တိုင်းသည် အံ့ဩသွား ကြ၏။ ထို့နောက် သူတို့အားလုံး တုန်လှုပ်ခြောက်ခြားဖွယ်ရာ အမူအရာများကို ထုတ်ဖော်ကြသည်။ ဒီအသံပိုင်ရှင်သည် မည်သူဖြစ်သနည်းဆိုသည်ကို သူတို့အားလုံး သိကြပါသည်။ ၎င်းမှာ သိုင်းမြို့စားနယ်ပယ် ကျွမ်းကျင်သူဖြစ်ပြီး သူတို့မိုးကြိုးဝိညာဉ် ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သည်။

သို့သော်လည်း သူတို့ မမျှော်လင့်ထားသည့်အကွာအဝေးမှာ ဘာများ ဖြစ်ပျက် နေသနည်း?။ တစ်စုံတစ်ယောက်သည် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေသလော။ သို့သော်၊ ဤစွမ်းအားသည် ဒြဗ်စင်ကိုးပါး ကောင်းကင်ကပ်‌ဘေးဒုက္ခနှင့် ဆင်တူခြင်း မရှိကြောင်း ထင်ရှားပါသည်။

ဒြဗ်စင်သုံးပါးကောင်းကင်ကပ်‌ဘေးဒုက္ခကို ခံယူချင်သော ဆိတ်သုဉ်းခြင်းသားရဲ တစ်ကောင်များ ရှိနေပါသလား။ ထို့အပြင်၊ ဒါက အလွန်အမင်း ဖြစ်နိုင်ပုံရသည်။ ယင်းအတွေး ပေါ်လာသည်နှင့်တပြိုင်နက် သူတို့၏ခန္ဓာ ကိုယ်တစ်ခုလုံး တုန်လှုပ် သွားခဲ့ကြသည်။

ဆိတ်သုဉ်းခြင်းသားရဲသည် ဒြပ်စင်သုံပါးကပ်ဘေးဒုက္ခကို ဖြတ်ကျော်ခြင်းက ဘာကို ဆိုလိုသနည်း။

ဆိုလိုသည်မှာ အဆင့်ငါး ဆိတ်သုဉ်းခြင်းသားရဲအဖြစ်မှ နတ်ဆိုးသားရဲနယ်ပယ်သို့ ဖြတ်ကျော်သွားသည်ဟု ဆိုလိုသည်။ ၎င်းသည် တာအိုအငွေ့ရည်ဖွဲ့ခြင်းနယ်ပယ်သို့ ဖြတ်ကျော်သွားသော သိုင်းဧကရာဇ်နယ်ပယ်နှင့် ညီမျှသည်။ ဖန်ရှင်းတိုက်ကြီး တစ်ခုလုံးတွင် သိုင်းဧကရာဇ်မည်မျှရှိသနည်း။ လက်တစ်ဖက်တည်းဖြင့် ရေတွက်လို့ရ မှာပင် စိုးရသည်။

တကယ်တော့၊ မိုးကြိုးဝိဉာဉ်ဂိုဏ်း၏ တပည့်များ အံ့အားသင့်ခဲ့ကြရုံသာမက မိုးကြိုးဝိညာဉ်ဂိုဏ်း၏ အထက်ပိုင်း အဆင့်မြင့်ပုဂ္ဂိုလ်များပင် အလွန်စိတ်မချမ်းမသာ ဖြစ်ခဲ့ကြသည်။

မိုးကြိုးဝိညာဉ်ဂိုဏ်းရှိ အနက်ရှိုင်းဆုံးနှင့် အမြင့်ဆုံးတောင်ထိပ်တွင် လူနှစ်ဦးသည် လျှပ်စီးကပ်ဘေးဒုက္ခကို အဝေးမှကြည့်ကာ လက်နှစ်ဖက်နောက်ကျော ယှက်ကာ (လက်နှစ်ဖက်နောက်ပစ်ကာ) ရပ်နေကြသည်။

တယောက်သည် ဆံပင်ဖြူနှင့် နှင်းလိုဖြူဖွေးသော အဘိုးကြီးဖြစ်သည်။ သူသည် သစ်သားလုံးကဲ့သို့ ပိန်ပါးပြီး ခါးကိုင်းကာ မကြာခဏ ချောင်းဆိုးသည်။ ခေါင်းတလားထဲ ခြေတဝက်လှမ်းနေသည့် ဖျားနာနေသော အဘိုးအိုတစ်ယောက် ကဲ့သို့ ဖြစ်နေသည်။ သို့သော်လည်း သူ၏မျက်လုံးများသည် ဤအခိုက်အတန့်တွင် အနှိုင်းမဲ့ ကြည်လင်နေပါသည်။

သူ၏ဘေးမှာ ချောမောသည့် မျက်နှာထားနှင့် အရပ်မြင့်မြင့် လူလတ်ပိုင်း အမျိုးသား တစ်ယောက် ရပ်နေသည်။ သူသည် ဓား သို့မဟုတ် ပုဆိန်ကဲ့သို့ ထက်မြက် ပြတ်သားသည်။ ဤအချိန်မှာ သူသည်လည်း သူ၏နောက်ကျောကို လက်နှစ်ဖက် ယှက်ရင်း ရပ်နေ၏။ သူသည် အဝေးမှနေ၍ လှိမ့်ကာလှိမ့်ကာတက်နေသော လျှပ်စီးကပ်ဘေးဒုက္ခကို သူ၏မျက်လုံးများတွင် လေးနက်သောအမူအရာဖြင့် ကြည့်နေသည်။

"ဒါဟာ ဒြဗ်စင်သုံးပါးကောင်းကင်ကပ်‌ဘေးဒုက္ခဆိုတာ သံသယဖြစ်စရာ မလိုဘူး။ အဆင့်ငါး ဆိတ်သုဉ်းခြင်းသားရဲတကောင် ကပ်‌ဘေးဒုက္ခကြုံတွေ့နေတာကို မြင်ရလောက်အောင် ငါကံကောင်းခဲ့တယ်။ ဒါက ရေလွှမ်းနဂါးတစ်ကောင် ဖြစ်လိမ့် မယ်။ တကယ်လို့ ဆိတ်သုဉ်းခြင်းသားရဲအဖြစ်ကနေ နတ်ဆိုးသားရဲ တစ်ကောင်အဖြစ် ကို ဖြတ်ကျော်ချင်တယ်ဆိုရင် ခံစားရတဲ့ လျှပ်စီးကပ်ဘေးဒုက္ခက ဒြဗ်စင်သုံးပါး ကောင်းကင်ကပ်‌ဘေး ဒုက္ခကြီး ဖြစ်လိမ့်မယ်။

ဒါပေမယ့် ငါ့ရှေ့မှာရှိနေတဲ့ ဒီ ဒြဗ်စင်သုံးပါး ကောင်းကင်ကပ်‌ဘေးဒုက္ခကြီးဟာ ငါမြင်ခဲ့ဖူးတဲ့ရေလွှမ်း နဂါးကြီးရဲ့ဒြဗ်စင်သုံးပါးကောင်း ကင်ကပ်‌ဘေးဒုက္ခထက် အများကြီး ပိုအားကောင်းပုံရတယ်။ အဖိုးအိုက ရိုးရှင်းပြီး ရှေးကျပေမယ့် အားကောင်းသော သူ၏အသံဖြင့် ပြောသည်။

လူလတ်ပိုင်းအရွယ် အမျိုးသား၏ အမူအရာမှာ လေးနက်တည်ကြည်နေဆဲ ဖြစ်ပြီး "တော်ဝင်အကြီးအကဲ ကြုံတွေ့ခဲ့ရတဲ့ ရေလွှမ်းနဂါးကြီးကကပ်ဘေး ဒုက္ခကို ဖြတ်ကျော်အောင်မြင်ခဲ့လား" ဟု မေးလိုက်သည်။

အဘိုးအိုက ခေါင်းယမ်းကာ သက်ပြင်းချရင်း "မအောင်မြင်ခဲ့ဘူး။ ဒြဗ်စင်သုံးပါး ကောင်းကင်ကပ်‌ဘေးဒုက္ခကြီးဟာ အလွယ်တကူ ကျော်လွှားနိုင်တဲဘအရာ မဟုတ်ဘူး"

လူလတ်ပိုင်းပုဂ္ဂိုလ်၏ မျက်နှာပေါ်ရှိ အမူအရာမှာ အနည်းငယ် ပြေလျော့ပါးသွားကာ "အခုလည်း မအောင်မြင်ဖို့ဘဲ ကျွန်တော်မျှော်လင့်ပါတယ်။ မဟုတ်ရင်၊ ကျွန်တော်တို့ တို့မိုးကြိုးဝိညာဉ်ဂိုဏ်းအတွက် ဘေးအန္တရာယ်တစ်ခု ဖြစ်လာနိုင်တယ်"ဟု ပြောလိုက်သည်။

အဘိုးအိုက ငြိမ်သက်သွား၏။

ရုတ်တရက် ပြင်းထန်သော တိုက်ခိုက်လိုသည့် စိတ်၀ိဉာဏ်သည် လူလတ်ပိုင်း အမျိုးသား၏ မျက်နှာပေါ်တွင် ပျံ့နှံ့လာသည်။ “ဘာပဲဖြစ်ဖြစ် သေခြင်းတရားကို ထိုင်စောင့်နေလို့ မရဘူး။ တကယ်လို့ သူသာ ကပ်ဘေးဒုက္ခကို မကျော်ဖြတ်နိုင်ခဲ့ရင် ကောင်းသွားလိမ့်မယ်။ ဒီအချိန်ဟာ သူ့အတွက် အားအနည်းဆုံးအချိန်လည်း ဖြစ်တယ်။ ဒီအချိန်ဟာ အခွင့်အရေးကို အရယူဖို့ အကောင်းဆုံးအချိန်ပဲ။"

အဘိုးအိုသည် အနည်းငယ် ထိတ်လန့်သွားပြီး “မင်း ဒီအခွင့်အရေးကိုယူပြီး သတ်ပစ်ချင်တယ်လို့ မပြောနဲ့နော်။ တကယ်လို့ မင်းသာကျရှုံးသွားခဲ့ရင် မင်းသေရုံ တင်မကဘူး မိုးကြိုးဝိညာဉ်ဂိုဏ်းတခုလုံး သတ်ဖြတ်ခံရလိမ့်မယ်။ အဲဒီအချိန် ရောက်ရင် ၊ မိုးကြိုးဝိညာဏ်ဂိုဏ်းဟာ အမှန်တကယ် အဆုံးသတ်သွားလိမ့်မည်"

လူလတ်ပိုင်းအရွယ်ပုဂ္ဂိုလ်က "ဒါဆို ကျွန်တော် မိုးကြိုးဝိညာဥ်ဂိုဏ်းကနေ ထွက်သွား တော့မယ်။ ဒီနည်းနဲ့ ကျွန်တော် မိုးကြိုးဝိညာဥ်ဂိုဏ်းနဲ့ ဘာမှ မဆိုင်ဘူး။နောက်ဆုံးမှာ ကျွန်တော် ကျရှုံးသွားခဲ့ရင်တောင် အဲဒီဆိတ်သုဉ်းခြင်း သားရဲက မိုးကြိုးဝိညာဥ် ဂိုဏ်းကို လာရှာမှာမဟုတ်ဘူး"

အဘိုးအိုက ခေါင်းခါပြီး "အဆင့်ငါး ဆိတ်သုဉ်းခြင်းသားရဲရဲ့ ဉာဏ်ရည်က လူသား တွေထက် မနိမ့်ကျဘူး။ နတ်ဆိုးသားရဲအဖြစ်ကို ဖြတ်ကျော်သွားတဲ့အခါ သူ့ရဲ့ ဉာဏ်ရည်က ပိုမြင့်မားလာလိမ့်မယ်။ သူ့ကို ဒီလှည့်ကွက်တွေနဲ့ လှည့်စားလို့မရဘူး။ ငါပဲသွားလိုက်တော့မယ်။ မင်းက ဂိုဏ်းခေါင်းဆောင်ဆိုတော့ ဂိုဏ်းရဲ့ ကိစ္စရပ်အားလုံး အတွက် မင်း‌ ရှေ့ထွက်ဖို့ လိုအပ်တယ်။ ဒါ့အပြင် ငါက ဂိုဏ်းထဲမှာ ဆယ်စုနှစ်နဲ့ချီပြီး ပေါ်မလာခဲ့ဘူး။ လူတိုင်းက ငါသေသွားပြီလို့ တွေးနေကြတာ။ ဒါကြောင့် ငါသွားက မှန်ကန်ဆုံးပဲ။"

"ဒါပေမယ့်…"

လူလတ်ပိုင်းအရွယ်ပုဂ္ဂိုလ်သည် တစ်ခုခုပြောချင်သော်လည်း အဘိုးအိုက တားလိုက်သည်။

"ငါထွက်သွားပြီးရင် ဂိုဏ်းကို မင်းလက်ထဲမှာ ထားခဲ့လိုက်မယ်။ မိုးကြိုးကပ်ဘေး ဒုက္ခအောက်မှာ သေဆုံးရခြင်းက ကံကောင်းလို့ဘဲ ပေါ့။ ဟား၊ သွားကြရအောင်!" အဘိုးအိုသည် ကျယ်လောင်စွာ ရယ်မောကာ အပြင်သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူသည် အလင်း တန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ချင်ယွင်၏ကပ်ဘေးဒုက္ခခံယူရာအရပ်ဆီသို့ ပြေးသွားခဲ့သည်။

သိုင်းမြို့စားနယ်ပယ် ကျွမ်းကျင်သူ၊

လူလတ်ပိုင်းအရွယ် အမျိုးသားသည် အဘိုးအို၏ ပျောက်ကွယ်သွားသော နောက်ကျောကို သူ၏မျက်နှာပေါ်တွင် ညှိုးငယ်သော အမူအရာဖြင့် ကြည့်နေသည်။ “ တော်ဝင်အကြီးအကဲ ၊ ကျွန်တော် အကြီးအကဲ ပြန်လာတာကို စောင့်နေပါ့မယ်” ဟု တိတ်တဆိတ် ပြောလိုက်သည်။

All Chapters