ကပ်ဘေးဒုက္ခကို အောင်မြင်စွာ ဖြတ်ကျော်ခြင်း။
Vol. 6 Ch. 79
အခန်း (၇၉) ကပ်ဘေးဒုက္ခကိုအောင်မြင်စွာ ဖြတ်ကျော်ခြင်း။
သူမရည်ရွယ်ဘဲ ဖန်တီးခဲ့သည့် ကောင်းကင်ကပ်ဘေးလေးသည် မိုးကြိုးဝိညာဥ် ဂိုဏ်းတစ်ခုလုံးကို အမှန်တကယ် ထိတ်လန့်သွားစေကြောင်းကို ချင်ယွင်က မည်သို့သိမည်နည်း။ ဆယ်စုနှစ်များစွာပင် ထွက်ပေါ်မလာခဲ့သော တော်၀င် အကြီးအကဲပင်လျှင် သူ့ကို သတ်ပစ်ရန်အတွက် အမှန်တကယ်ပင် ကိုယ်တိုင် ကိုယ်ကျ လှုပ်ရှားတော့မည်ဖြစ်သည်။ ဤအခိုက်အတန့်တွင် သူသည် သိုင်းဂိုဏ်းချုပ် နယ်ပယ်သို့ ဝင်ရောက်ခြင်း၏ ပြောင်းလဲမှုများတွင် ငြိမ်သက်စွာနှစ်မြှုပ်နေခဲ့သည်။
အစိမ်းရောင်ကြာပန်းပုံစံများသည် အသက်ရှု နေသကဲ့သို့ ဖျတ်ခနဲလင်းလက်ပြီး ပျောက်ကွယ်သွားကြသည်။ ဖြစ်စဉ်တစ်ခုလုံးတွင် ချင်ယွင်၏ခန္ဓာကိုယ်သည်လည်း ကြောက်မက်ဖွယ်အဆင့်အထိ အားကောင်းလာသည်။
ဖရိုဖရဲအစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်၏ ရှေ့ပြေးပုံစံ(ကနဦး)သည် အခြေခံ အားဖြင့် ပြီးပြည့်စုံသွားသည်။ သူသည် ကောင်းကင်ကပ်ဘေးဒုက္ခမှ လွတ်မြောက်ပြီး လျှပ်စီးကပ်ဘေးဖြင့် ဆေးကြောသန့်စင်ပြီးသည်နှင့် သူသည် ဖရိုဖရဲ အစိမ်းရောင် ကြာပန်း ရုပ်ခန္ဓာကိုယ်၏ ရှေ့ပြေးပုံစံကို လုံးလုံးလျားလျား သိပ်သည်းကျစ်လစ် စေနိုင်မည်ဖြစ်သည်။ ထိုအချိန်တွင်၊ ချင်ယွင်သည် ဖရိုဖရဲအစိမ်းရောင်ကြာ ပန်းရုပ်ခန္ဓာကိုယ်၏ ကြောက်စရာကောင်းသော အားသာချက်အချို့ကိုလည်း ရရှိပေလိမ့်မည်။
ယခုအချိန်တွင်၊ ချင်ယွင်၏ ခန္ဓာကိုယ်သည် မွေးကင်းစကလေးနှင့်တူပြီး ပြီးပြည့် စုံသော ကျောက်စိမ်းအရိုင်းကဲ့သို့ ကြည်လင်တောက်ပနေသည်။ အမျိုးသမီး တိုင်းသည်ပင် သူ့ကိုမြင်လျှင် မနာလိုသ၀န်တိုမူ ဖြစ်ကြလိမ့်မည်။
ချင်ယွင်၏ အသားအရေသည် နူးညံ့ချောမွေ့သော်လည်း အနက်ရောင်သံမဏိကဲ့သို့ မာကြောသည်။ အနက်ရောင် သံမဏိနှင့်ပြုလုပ်ထားသော လက်နက်များတောင် သူ၏ အရေပြားကို ထိုးဖောက်ဝင်ရောက်နိုင်မှာ မဟုတ်ပေ။ အများဆုံး သူ၏အရေပြားမှာ ခြစ်ရာအမှတ်အသားလောက်သာ ချန်ထားနိုင်လိမ့်မည်။
သူ၏ခန္ဓာကိုယ်ထဲမှာ စုဆောင်းထားသည့် ရုပ်ခန္ဓာခွန်အားက ကြောက်စရာ ကောင်းသည့်အဆင့်ကို ရောက်ရှိသွားခဲ့သည်။ ယခုအချိန်တွင်၊ ချင်ယွင်၏ ခန္ဓာကိုယ်သည် အဆင့်သုံး ဆိတ်သုဉ်းခြင်းသားရဲနှင့် လုံးဝ မသက်ဆိုင်တော့။ သူသည် လူသားအသွင်ဖြင့် ပြိုင်ဘက်ကင်း သားရဲတစ်ကောင်ဖြစ်လေသည်။
သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်ချီများအတွက်မူ၊ ၎င်းသည် ယခင်ကထက် အဆပေါင်း မရေမတွက်နိုင်အောင် အားကောင်းနေခဲ့သည်။ ယခုအချိန်တွင် ချင်ယွင်သည် ငါးမီတာနီးပါးရှည်သော လေဓားတချောင်းကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။ သူခွန်အားများ ညီမျှတိုးမြင့်လာသည်ကို သိနိုင်သည်။
အချိန်တွေဟာ တဖြည်းဖြည်း ကုန်ဆုံးလာခဲ့ပြီး ကောင်းကင်ယံမှာ မိုးခြိမ်းသံများ ပြည့်နှက်နေသည့် တိမ်တိုက်များသည်လည်းကြောက် မက်ဖွယ် စွမ်းအားများဖြင့် တဖြည်းဖြည်း စုပုံလာနေသည်။
"ဘုန်း!"
နောက်ဆုံးတွင်၊ ကောင်းကင်ယံမှ တုန်ခါနေသော မိုးခြိမ်းသံနှင့်အတူ၊ ကောင်းကင် ယံတွင် လျှပ်စီးများပြည့်နှက်နေသော တိမ်တိုက်များသည် နောက်ဆုံးတွင် ၎င်းတို့၏ ခွန်အားအားလုံးကို စုဆောင်းနိုင်ခဲ့ပြီး ပထမဆုံး လျှပ်စီးကပ်ဘေးဒုက္ခသည် ဆင်းသက်လာခဲ့သည်။
ကောင်းကင်ကြီးသည် တခဏချင်း ကွဲအက်သွားသလို ခံစားလိုက်ရပြီး လက်မောင်း လောက်ထူပြီး တဖျပ်ဖျပ်လင်းလက်နေသော လျှပ်စီးကြောင်းများသည် လျင်မြန်စွာ ပြိုဆင်းသွားခဲ့သည်။
"လာစမ်း၊ မင်းရဲ့လျှပ်စီးကပ်ဘေးဒုက္ခ ဘယ်လောက် အစွမ်းထက်လဲ ကြည့်ရအောင်။"
ချင်ယွင်က ကျယ်လောင်စွာဟိန်းဟောက်ပြီး သူ၏ရင်ဘတ်ကို တည့်တည့်မတ်မတ် ဆန့်လိုက်သည်။ သူသည် မည်သည့် အကာအကွယ်မျှ မပြုလုပ်ဘဲ ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးကြောင်းများကို ခုခံရန် အသင့်ပြင်ထားသည်။
လက်မောင်းကဲ့သို့ ထူထဲသောလျှပ်စီးကြောင်းသည် လျင်မြန်စွာလှုပ်ရှားနေသော မိုးကြိုးမြွေနှင့်တူပြီး ချင်ယွင်၏ရင်ဘတ်ကို တိုက်ရိုက်ကိုက်ချလိုက်သည်။
ချင်ယွင်သည် ချက်ချင်းဆိုသလို ဟစ်အော်လိုက်ရပြီး သူ၏ရင်ဘတ်ကို သံတူကြီးဖြင့် ထုရိုက်သွားသကဲ့သို့ ခံစားလိုက်ရကာ သူ့တစ်ကိုယ်လုံးကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ တွန်းထုတ်လိုက်သည်။
"ဟင့်၊ ဒီပထမဆုံး လျှပ်စီးကပ်ဘေးဒုက္ခက အစွမ်းထက်တယ်လို့ ဘယ်သူပြောတာလဲ။"
ချင်ယွင်သည် ဒေါသတကြီး ကြိမ်းမောင်းပြီး မြေကြီးပေါ်ကနေ ထရပ်လိုက်သည်။ သူ၏ ရင်ဘတ်ကိုဖွင့်ကြည့်လိုက်တော့ သူ၏သံမဏိအတွင်းခံချပ်ဝတ်မှာ အနက်ရောင် အပေါက်ကြီးတစ်ခုကို တွေ့လိုက်ရသည်။ သံမဏိအတွင်းခံချပ်ဝတ်က လုံးဝ သုံးစားလို့ မရဟုပင် ယူဆလို့ရသည်။
ယင်းက ချင်ယွင်၏ ပါးစပ်ထောင့်ကို ရှုံ့မဲ့သွားစေသည်။ ဤအရာသည် ပထမဆုံး လျှပ်စီးကပ်ဘေးမှာဒုက္ခဖြစ်သည်။ နောက်လာမည့် လျှပ်စီးကပ်ဘေးဒုက္ခနှစ်ခုသည် ပို၍ပင် အစွမ်းထက်လာလိမ့်သည်။ ယင်းက သူ့ကို သတ်ပစ်ချင်နေသည့် အရှိန်အဟုန်မျိုးဖြစ်သည်။
ချင်ယွင်သည် ဒေါသတကြီးဖြစ်ကာ သူ၏ သံမဏိအတွင်းခံချပ်ဝတ်ကို ချွတ်ပြီး ပစ်ချလိုက်သည်။ သူသည် ဒုတိယ လျှပ်စီးဒုက္ခအတွက် စတင်ပြင်ဆင်ခဲ့သည်။
ဤတစ်ကြိမ်တွင် ချင်ယွင်သည် လျှပ်စီးကြောင်းကို တိုက်ရိုက်ခံနိုင်ရည်ရှိစေရန် သူ့ခန္ဓာကိုယ်အား အတင်းအကြပ် တွန်းအားပေးရဲခြင်းမရှိပေ။ ယင်းအစား၊ သူသည် ခံစစ်ဒိုင်းအလွှာများကို တစ်ခုပြီးတစ်ခု သိပ်သည်းကျစ်လစ် သိပ်သည့်စေရန် သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုခဲ့သည်။
သို့သော် ဤအခိုက်အတန့်တွင် သူသတိမပြုမိခင်မှာ ဒုတိယလျှပ်စီးဒုက္ခသည် ရုတ်တရက် ပြိုကျလာခဲ့သည်။ ၎င်းသည် ပထမလျှပ်စီးထက် ပိုမိုမြန်ဆန်ပြီး ပိုမိုထူထပ်ကာ ပေါင်လုံးလောက်ထိထူ၏။
ချင်ယွင် အစောပိုင်းလေးက ကြိုးစားအားထုတ်ဖန်တီးထားသော ဒိုင်းကိုးခုသည် စက္ကူကဲ့သို့ ဖြစ်ပြီး ချက်ချင်းပင် ဖောက်ဝင်သွားခဲ့သည်။
ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ ချင်ယွင်သည် ထိတ်လန့်သွားပြီး သူ၏ရင်ဘတ် ပေါ်ရှိ အစိမ်းရောင်ကြာပန်းအမှတ်အသားကို အစိမ်းရောင်ကြာပန်း ဒိုင်းအကာတစ်ခု အဖြစ် အလျင်အမြန်ရွှေ့လိုက်သည်။
လျှပ်စီးလုံးသည်သည် အစိမ်းရောင်ကြာပန်းဒိုင်းကို အညှာအတာကင်းမဲ့စွာ တရစပ် ပစ်သည်။
မူလက အလွန်မာကျောသော ကြာပန်းအကာသည် အဝေးမှကြည့်လျှင် လေထဲတွင် လှုပ်ယမ်းနေသော ကြာပန်းတစ်ပွင့်ကဲ့သို့ဖြစ်လာပြီး စတင်လှုပ်ခါလာသည်။
"ဖျစ်!"
အစိမ်းရောင်ကြာပန်းဒိုင်း အက်ကွဲပြီး ချင်ယွင် ၏ ခုခံမှုက လုံးဝပျောက်ကွယ်သွားခဲ့ ရသည်။ သူ၏တစ်ကိုယ်လုံးသည် လျှပ်စီးတိုင်လုံး ထိမှန်မူကြောင့် မြေပြင်ပေါ် တိုက်ရိုက်ထိသွားပြန်သည်။ သူသည် တီးတိုးရေရွတ်ကာ ကျိန်ဆဲလိုက်ပြီး သူ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။
ချင်ယွင်၏ စိတ်အခြေနေက စိတ်ဓာတ်ကျသွားသည်။ ၎င်းသည် သိုင်းသခင်အဆင့် တစ်ယောက်က သိုင်းဂိုဏ်းချုပ်နယ်ပယ်ကို ဖြတ်ကျော်သည့် ကောင်းကင်ကပ်ဘေး ဒုက္ခဖြစ်နိုင်ပါသလား။ ၎င်းသည် ယခင်က သူကြုံတွေ့ခဲ့ဖူးသည့် ဒြဗ်စင်ကိုးပါး ကောင်းကင်ကပ်ဘေးဒုက္ခကိုပင် အမှန်တကယ် နှိုင်းယှဉ်နိုင်သည်။ ဤဒုတိယလျှပ်စီး ကပ်ဘေးဒုက္ခသည် သူ၏ခုခံမှုအားလုံးကို ဖြိုခွဲပစ်လိုက်သည်။ သူ နောက်ထပ် ဘာများလုပ်နိုင်တော့မှာလဲ။
သို့သော်လည်း ဤလျှပ်စီးကပ်ဘေးဒုက္ခသည် ဒေါသကို ထိန်းထားပုံရသည်။ ချင်ယွင်သည် နှစ်ကြိမ်တိုင်တိုင် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားခြင်းမရှိသည်ကို မြင်လိုက်ရသဖြင့် အမှန်တကယ်ပင် ဒေါသဖြစ်သွားပုံရသည်။ ဤတတိယ လျှပ်စီးကပ်ဘေးဒုက္ခသည် ချင်ယွင်ကိုအသက်ရှူရန်ပင် အခွင့်အရေးမပေး တိုက်ရိုက် ပြိုကျလာသည်။
ဧရာမလျှပ်စီးကြောင်းသည် ရေပုံးတစ်ပုံးကဲ့သို့ ထူထပ်ပြီး ချင်ယွမ်ကို အပိုင်းပိုင်း ဖြတ်တောက်ပစ်မည့်အလား ချက်ချင်းပင် ကျဆင်းလာသည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါတွင် ဒေါသကြီးစွာ ထွက်ပေါ်လာသည်။ သူကဘယ်သူလဲ? သူက ချင်ယွင်ဖြစ်သည်လေ။ ဤလျှပ်စီးကြောင်း အသေး အမွှားလေး၏ နှိပ်စက်ညှဉ်းပန်းခံရသည့်အချိန်သည် သူ့အလှည့် ရောက်ပြီလော။
"မြေနိုးတွေ၊ အကုန်ထွက်လာစမ်း!"
ချင်ယွင်က ဟောက်လိုက်သည်နှင့် သူ၏ ဓားဆန္ဒက ပေါက်ကွဲထွက်လာသည်။ သူ၏
တစ်ကိုယ်လုံးသည် ဓားအင်မော်တယ်တစ်ယောက်ကဲ့သို့ ချက်ခြင်းပေါ်လာသည်။ သူသည် သူ၏ကိုယ်ခန္ဓာရှိ ဝိညာဏ်ချီကို တိုက်ရိုက် စုစည်းပြီး သေးငယ်သော လေဓါးများအဖြစ်သို့ လျင်မြန်စွာ ပေါင်းစပ်လိုက်သည်။ လေဓားများ ထူထပ်စွာ ထွက်ပေါ်လာခဲ့ ပြီး နောက်ဆုံးတွင် ၇၂၀ သို့ပင် ရောက်ရှိခဲ့သည်။
ဒြပ်စင်များ၏ထိန်းချုပ်မှုကို စမ်းသပ်ရန်အတွက် လေဓါးများကို စုစည်းရန် လိုအပ်သော်လည်း အစွမ်းထက် ဝိညာဉ်ချီ၏အကူ အညီမပါဘဲ ဤလုပ်ငန်းစဉ်ကို အပြီးသတ်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့်၊ ချင်ယွင်၏လေဓါး ၇၂၀ ပေါ်လာသည်နှင့် သူ့ခန္ဓာကိုယ်ရှိ ဝိညာဉ် ချီများအားလုံး ချက်ချင်း ကုန်စင်သွားသည်။
လေဓားခုနစ်ရာနှစ်ဆယ်တို့သည် ရှည်လျားသော နဂါးကြီးတကောင်အဖြစ်သို့ ပေါင်းစပ်သွား၏။ ဟောက်သံနှင့်အတူ ကြောက်မက်ဖွယ်လျှပ်စီးတိုင်လုံးနှင့် ထိပ်တိုက် ဆုံမိကြသည်။
ဤသည်မှာ ချင်ယွင်၏ လေစွမ်းရည်သဘောတရား ပထမအဆင့်နှင့် ပေါင်းစပ် ထားသော ဓား၀င်္ကပါ နှစ်ခုထဲမှတစ်ခု ဖြစ်သည်။
၎င်းကို ရွေ့လျားနဂါးဓား၀င်္ကပါဟုခေါ်သည်။
ရွေ့လျားနဂါးဓား၀င်္ကပါသည် (အပေါ်ယံမှာမြင်ရသည့်) လေဓါးများကို နဂါးပုံသဏ္ဍာန် အဖြစ် သိပ်သည်းကျစ်လက်ထားရုံမျှဖြင့် ရိုးရှင်းသည့် ဓား၀င်္ကပါ မဟုတ်ပေ။ ယင်းအစား၊ ၎င်းသည် ဓား၀င်္ကပါ၏ တိုက်ခိုက်မှုစွမ်းအားအားလုံးကို နဂါး၏ဦးခေါင်း ပေါ်မှာ စုစည်းထားပြီး ဓား၀င်္ကပါ၏စွမ်းအားကို အဆတစ်ထောင် သို့မဟုတ် အဆတစ်သောင်းအထိ ချဲ့ထွင်ရန် စုစည်းထားနိုင်သည်။
ချင်ယွင်၏ ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒဖြင့်ပေါင်းစပ်ထားသော ဤဓား၀င်္ကပါသည် အတိတ်ကိုတုန်လှုပ်စေခဲ့ပြီး ပစ္စုပ္ပန်ကို ချောက်ချားစေသည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် ရွေ့လျားနဂါးဓား၀င်္ကပါသည် လျှပ်စီးတိုင်လုံးနှင့် တိုက်ရိုက်တိုက်မိသော ဧရာမနဂါးကြီးနှင့်တူသည်။
ကောင်းကင်ကြီးသည် တုန်ခါသွားပြီး ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်လာခဲ့၏။
မနီးမဝေးရှိ၊ မိုးကြိုးဝိညာဥ်ဂိုဏ်းမှ ကျွမ်းကျင်သူ အများအပြားသည် ဤမြင်ကွင်းကို မြင်သောအခါ ထိတ်လန့်သွားကြသည်။
"နဂါးပုံစံ ဆိတ်သုဉ်းခြင်းသားရဲလား!"
ကျွမ်းကျင်သူများအားလုံး ထိတ်လန့်တုန်လှုပ်သွားပြီး သူတို့၏ ခြေလှမ်းများကို နက်ရှိုင်းစွာရပ်တန့်လိုက်ကြသည်။ မူလက ၎င်းတို့သည် အမည်မသိနေရာမှ ထွက်ပေါ်လာသော ဤ ဆိတ်သုဉ်းခြင်းသားရဲ ဒဏ်ရာရနေသည့်အချိန်ကို အခွင့်ကောင်းယူပြီး အကျိုးအမြတ်အချို့ရယူရန် ကြံစည်ထားခဲ့သော်လည်း ယခုအခါတွင် ၎င်းတို့သည် နောက်ထပ် တွေးတောဝံ့ခြင်း မရှိတော့ပေ။
နဂါးပုံသဏ္ဍာန်ရှိသော ဆိတ်သုဉ်းခြင်းသားရဲသည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် ဘိုးဘေးနဂါးထက်ပင် ပို၍မြင့်မြတ်သော တည်ရှိမှုတစ်ခု ဖြစ်သည်။ ထျန်ယွန်တိုက်ကြီးတွင် ဘိုးဘေးနဂါးသွေးမျိုးဆက်ပါသော ဆိတ်သုဉ်းခြင်းသားရဲ အားလုံးသည် အလွန်အစွမ်းထက်သည်ဟု တညီတညွတ်ထဲ သဘောတူညီထား ကြသည်။ ၎င်းတို့ကို ရန်စခြင်းမပြုရပေ။
သူတို့ရှေ့မှာ နဂါးပုံသဏ္ဍာန်ရှိသော ဆိတ်သုဉ်းခြင်းသားရဲသည် သူတို့ စော်ကားဖို့ တတ်နိုင်သည့်အရာ မဟုတ်ပေ။ အကယ်၍ လျှပ်စီးကပ်ဘေးဒုက္ခကြောင့် ဒဏ်ရာရခဲ့ရင်တောင် သူတို့အားလုံးကို သတ်ဖြတ်နိုင်ပါသေးသည်။
ချင်ယွင်၏ ရွေ့လျားနဂါးဓား၀င်္ကပါသည် လျှပ်စီးတိုင်လုံးနှင့် အချိန်အတော်ကြာ ထိပ်တိုက်ဆုံတွေ့ခဲ့သည်။ နောက်ဆုံးတွင်၊ ဓား၀င်္ကပါပြိုကျခါနီးအချိန်တွင်၊ ၎င်း လျှပ်စီးတိုင်လုံးသည် လေထဲတွင် လုံးလုံးလျားလျား လွင့်စင်သွားကာ ကောင်းကင်ယံတွင် လျှပ်စီးလက်နေသည့် တိမ်တိုက်များလည်းတဖြည်း ဖြည်း ပြန့်ကျဲလာသည်။
"အောင်မြင်သွားတာလား?" ယင်းမြင်ကွင်းကို မြင်ရလျှင် ချင်ယွင်၏နှလုံးသားသည် စိတ်အားတက်ကြွမူများ ချက်ချင်းပြန့်လာ၏။
သို့သော် သူ၏ခြေထောက်များသည် ရုတ်တရက် ပျော့ခွေသွားကာ သူ့ခန္ဓာကိုယ်မှ ခွန်အားများအားလုံး ကုန်ဆုံးသွားပြီး လှုပ်ရှားနိုင်ခြင်း မရှိတော့။
'"ဟင့် သောက်ပြဿနာပဲ ၊ ငါ ခွန်အားအများပြား အသုံးပြုမိသွားပြီ။ ငါ့ရဲ့ဝိညာဉ် စွမ်းအင် အားလုံးကို ကုန်ဆုံးသွားစေခဲ့ရုံတင် မကဘူး၊ ဓားဆန္ဒနဲ့ ရွေ့လျားနဂါးဓား ၀င်္ကပါကို အသုံးပြုတဲ့အတွက် ငါ့ရဲ့ အတွင်းအင်္ဂါတွေလည်း ပျက်စီးသွားပြီ။ အချိန်က မလုံလောက်ဘူး။ ငါ မြန်မြန် ထွက်သွားရမယ်။ ကျွမ်းကျင်သူတွေ ရောက်လာတဲ့အထိ စောင့်နေရင် ပြဿနာတက်လိမ့်မယ်။"
ချင်ယွင်သည် သူ၏စိတ်ထဲတွင် ခါးခါးသီးသီး ပြောလိုက်သည်။ သူသည် မတ်တပ် ရပ်ရန် ရုန်းကန်ကြိုးစားခဲ့ပေမယ့် မတတ်နိုင်ခဲ့ပါဘူး။
ရှောင်ဘိုင်ကိုသာ ဆင့်ခေါ်ပြီး သူ့ကို သယ်ထုတ်သွားခိုင်းနိုင်တော့သည်။
သို့သော် သိပ်မဝေးသောနေရာတခုမှာ ခါးကိုင်းနေသော ခန္ဓာကိုယ်ရှိသည့် အဖိုးအို တစ်ဦးသည် သူ၏ကပ်ဘေးဒုက္ခအားလုံးကို စောင့်ကြည့်နေခဲ့သည်။ ချင်ယွင် ထွက်သွားသည်ကို မြင်လျှင် အဖိုးအို၏စိတ်ထဲ တွေးတောနေခဲ့သည်။ နောက်ဆုံးတွင် သူသည် သူ၏ နောက်သို့ ဆက်လက်လိုက်ရန် ရွေးချယ်ခဲ့သည်။
ဤလူသည် မိုးကြိုးဝိညာဉ်ဂိုဏ်း၏ တော်ဝင်အကဲကြီး … ရှင်းယွန်မှလွဲ၍ အခြားသူ မဟုတ်ပေ။