← Chapters

မြန်နှုန်းမြင့် လျှပ်စီး

Vol. 6 Ch. 80

မြန်နှုန်းမြင့် လျှပ်စီး

Vol. 6 Ch. 80

အခန်း (၈၀) မြန်နှုန်းမြင့် လျှပ်စီး

ရှောင်ဘိုင်သည် ချင်ယွင်နှင့်အတူ ကျောခိုင်းထွက်ခွာသွားပြီးနောက် မကြာမီမှာပင် သူ

ကပ်‌ဘေးဒုက္ခကို ဖြတ်ကျော်ခဲ့သော နေရာအား လူတစ်စုက အလွယ်တကူ သိမ်းပိုက်သွားခဲ့သည်။

ဤလူများသည် ပျက်စီးနေသော တောအုပ်ကို ကြည့်ကာ အလွန်တုန်လှုပ် သွားကြသည်။ သူထွက်သွားချိန်မှာ မြေပြင်မှာကျန်ခဲ့သော ရှောင်ဘိုင်၏ ခြေရာများကြောင့် ဤ‌နေရာမှာ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်သွားသော သားရဲသည် နဂါးစပါးအုံး တစ်ကောင်ကဲ့သို့သော ဆိတ်သုဉ်းခြင်းသားရဲတစ်ကောင်ဟု သူတို့ ခံစားခဲ့ရသည်။

ထို့အပြင် မြေပြင်ပေါ်တွင် သွေးများ မရှိတော့ပေ။ ဤဆိတ်သုဉ်းခြင်းသားရဲသည် အပြင်းအထန် ဒဏ်ရာရခြင်းမဟုတ်ဟု သူတို့ထင်ခဲ့ကြသောကြောင့် ၎င်းတို့သည် သဘာဝအတိုင်း ၎င်းနောက်မှ မလိုက်ဝံ့တော့ပေ။ ထို့ကြောင့် သူတို့သည် တိုက်ရိုက် မထွက်ခွာသွားမီ ထိုနေရာတွင် ခဏကြာသာနေခဲ့ကြသည်။

မိုးကြိုးဝိညာဉ်ဂိုဏ်းမှ အကြီးအမှူး ရှင်းယွန် သည် ချင်ယွင်နောက်သို့ မလှမ်းမကမ်းမှ သဘာဝအတိုင်း လိုက်နေသည်။ သူသည်နောက်ကို များများလိုက်လေ၊ ဒီကောင်လေးက ပိုစိတ်ဝင်စားစရာကောင်းလာလေဟု ခံစားရသည်။ ထို့အပြင် ဤကောင်လေးသည် သူ၏ တည်ရှိမှုကို အချိနိကြာမြင့်စွာကတည်းက ရှာဖွေ တွေ့ရှိခဲ့ပုံရသည်ဟု သူခံစားမိသည်။

အမှန်တကယ်လည်း၊ ချင်ယွင်သည် မိုးကြိုးဝိညာဥ်ဂိုဏ်း ရှင်းယွန်၏တည်ရှိမှုကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်။ ကပ်ဘေးဒုက္ခကို ဖြတ်ကျော် နေစဉ်ကတည်းက ဤအဘိုးအိုသည် သူ့နှင့်မဝေးမှာရှိနေ၏။ ထိုအချိန်တွင် ချင်ယွင်သည် ကပ်ဘေး ဒုက္ခကို ဖြတ်ကျော်ရန် အလုပ်များနေပြီး သူ့ကိုဂရုစိုက်ရန် အချိန်မရှိပေ။ နောက်ပိုင်း သူမောပန်းနွမ်းနယ်နေပြီး ရှောင်ဘိုင်ကို သူ့ကို ခေါ်သွားရန်သာ ညွှန်ကြားနိုင်ခဲ့သည်။

ချင်ယွင်ကို အံ့အားသင့်စေသည်က ဤအဘိုးအိုသည် တတိယအဆင့် ကောင်းကင် အလွှာ သိုင်းမြို့စားနယ်ပယ်ကျင့်ကြံမှုသို့ အမှန်တကယ်ရောက်ရှိနေ ခြင်းပင်ဖြစ်သည်။ ယင်းကျင့်ကြံမူ အဆင့်မျိုးဖြင့်ဆိုလျှင် အကယ်၍ ချင်ယွင် အစွမ်းကုန် ကြိုးစားခဲ့ လျှင်ပင်၊ သူ့ပြိုင်ဘက် မဟုတ်နိုင်ပေ။ ဒါကလည်း ချင်ယွင်သည် အရင်ဆုံး တိုက်ခိုက်ရန် မရွေးချယ်ခဲ့သည့် အကြောင်းရင်းလည်း ဖြစ်သည်။

ကံကောင်းထောက်မစွာ၊ အဘိုးအိုသည် ဆိုးသွမ်းသော ရည်ရွယ်ချက်များ ရှိပုံမပေါ် ပေ။ သူသည် ချင်ယွင်၏ ကိုယ်ရေးအချက်လက်ကို သိချင်နေသကဲ့သို့ ရန်လိုသည့် အရိပ်ယောင်မပြဘဲ တိတ်တဆိတ်သာ လိုက်သွားခဲ့သည်။

ဤလူသည် မိုးကြိုးဝိညာဥ်ဂိုဏ်းမှ လျှို့ဝှက်ကျွမ်းကျင်သူဖြစ်နိုင်သည်ဟု ချင်ယွင် ခန့်မှန်းထားသည်။

ကံကောင်းထောက်မစွာ၊ သူသည် မိုးကြိုးဝိညာဥ်ဂိုဏ်းမှ မထွက်ခွာမီတွင် သူ၏မူလ အသွင်အပြင်ကို ပြန်လည်ပြောင်းထားခဲ့သည်။ သူသည် မိုးကြိုးဝိညာဥ်ဂိုဏ်းမှလူများ သူ့ကို မမှတ်မိစေရန်အတွက် ‌ကပ်ဘေးဒုက္ခကို ဖြတ်ကျော်အချိန်မှာ လင်းယွင်၏ အသွင်အပြင်ကို အသုံးမပြုခဲ့ပေ။

ရှောင်ဘိုင်သည် ချင်ယွင်ကို သုံးနာရီကြာ သယ်ဆောင်သွားပြီးနောက်၊ အဖိုးအိုသည် သူ၏ သိချင်စိတ်ကို ကျေနပ်သွားပုံရပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထွက်ခွာသွားခဲ့သည်။

ရှောင်ဘိုင်၏နောက်ကျောတွင်ရှိသော ချင်ယွင် လည်း သက်ပြင်းတစ်ချက်ချ လိုက်သည်။ နောက်ဆုံးတွင် သူသည် စိတ်တည်ငြိမ်သွားပြီး သူ၏ဒဏ်ရာများမှ ပြန်လည်ကောင်း စပြုလာသည်။ ထို့ကြောင့်၊ သူသည် ရှောင်ဘိုင် အား ရပ်တန့် လိုက်ပြီး သူ၏ဒဏ်ရာများကို ကုသရန်အတွက် သူ၏ကျင့်ကြံမှုကိုအသုံးပြုရန် နေရာလွတ်တစ်ခုကို ရှာဖို့ အမြန်ပြောလိုက်သည်။

ရှောင်ဘိုင်သည် သူ၏ဘေးမှာထိုင်ပြီး သူ့ကို အကာအကွယ် ပေးထားသည်။

နှစ်နာရီကြာပြီးနောက် ချင်ယွင်သည် သူ၏ မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ ဒဏ်ရာများ သက်သာသွားပြီး သူ၏ဝိညာဉ်စွမ်းအင်မျ ပြန်လည် ကောင်းမွန်လုနီးပါး ဖြစ်နေပါပြီ။

ဤတစ်ကြိမ်တွင်၊ သူသည် လျှပ်စီးကပ်ဘေးဒုက္ခနှင့် ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးခြင်းမှ အကျိုးများစွာ ခံစားခဲ့ရသည်။

လျှပ်စီးကြောင်းဖြင့် သန့်စင်ပြီးနောက် ချင်ယွင်၏ ရှေးဟောင်းခေတ် ဖရိုဖရဲ အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်သည် တရားဝင်ပုံသဏ္ဍာန် ဖြစ်‌ပေါ်လာခဲ့ သည်။ ၎င်းသည် သူ၏မျက်ခုံးကြားမှာ စိမ်းပြာရောင်ဖျော့ဖျော့ရှိသော ကြာပန်းအမှတ် အသားတခုကို ဖြစ်ပေါ်စေပြီး ချင်ယွင်၏ မူလကချောမောသောမျက်နှာကို ပို၍ နတ်ဆိုးဆန်သွားစေသည်။

ရှေးဟောင်းခေတ် ဖရိုဖရဲ အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်သည် ဖွံ့ဖြိုးကြီးထွားလာ သောအခါတွင် ချင်ယွင်၏ ခန္ဓာကိုယ်သည် အကြီးမြတ်ဆုံးနတ်ဘုရားပစ္စည်းနှင့် ယှဉ်နိုင်မည် ဖြစ်သည်။ သွေးမှ ပြန်လည်မွေးဖွားနိုင်ပြီး သူ၏ဆံပင်များသည် ကြယ်များကိုပင် ဖြတ်တောက်နိုင်လိမ့်မည်။ ထို့အပြင်၊ ရှေးဟောင်းခေတ်ဖရိုဖရဲ အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်သည် ဆက်လက်ကြီးထွားလာသည်နှင့်အမျှ သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်မှာလည်း အလွန်တိုးလာမည် ဖြစ်သည်။

ချင်ယွင် ပို၍အံ့သြသွားရသည်မှာ သူတစ်ခါမှ နားမလည်ဖူးသော မြန်နှုန်းမြင့်လျှပ်စီး၏ သဘောတရားသည် ဤလျှပ်စီးကပ်‌ဘေးဒုက္ခအောက်တွင် အနည်းငယ် ဖြေလျော့ သွားခြင်းပင်ဖြစ်သည်။ သူသည် မြန်နှုန်းမြင့်လျှပ်စီး သဘောတရားကို မကြာမီပင် ရောက်ကောင်း ရောက်သွားနိုင်သည်။

ချင်ယွင်အတွက်၊ ဤအရာသည် အလွယ်တကူ ရရှိခဲ့သည့် ကြီးမားသောအရာတစ်ခု

ဖြစ်လေသည်။

ထို့ကြောင့် ချင်ယွင်သည် ယခုအချိန်တွင် မိုးကြိုးဝိညာဉ်ဂိုဏ်းသို့ ပြန်သွားရန် စိတ်ကူးကို တိုက်ရိုက် စွန့်လွှတ်လိုက်ပြီး မြန်နှုန်းမြင့်လျှပ်စီး၏ သဘောတရားကို နားလည်ရန် တင်ပျဉ်ခွေထိုင်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် သူ၏ နှလုံးသားထဲတွင် ဉာဏ်အလင်းတစ်ခု ရှိနေပြီဖြစ်သည်။ ဤဉာဏ်အလင်းကို အဆက်မပြတ် ချဲ့ထွင်နေသရွေ့၊ ကောင်းကင် ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းထဲကို ၀င်ရန်ပင် မလိုအပ်တော့။ သူသည် ပြတင်းပေါက် စာရွက်ကို ထိုးဖောက်ထားပြီးသားနှင့် တူသည်။ အကယ်၍ သူသည် ပြတင်းပေါက် တစ်ခုလုံးကိုဖွင့်ချင်လျှင် ယင်းအပေါက်တလျှောက်ကို ချဲ့ထွင်ရန် လိုအပ်သည်။

အချိန်က မျက်စိတမှိတ်အတွင်း သုံးရက် ကုန်ဆုံးသွားခဲ့သည်။

သုံးရက်မြောက်သောနေ့တွင် ချင်ယွင်သည် ရုတ်တရက် မျက်လုံးပွင့်လာသည်။

ခရမ်းရောင် လျှပ်စီးကြောင်းသည် သူ၏ မျက်လုံးများထဲတွင် လင်းလက်သွား ပြီးနောက် သူ၏တစ်ကိုယ်လုံး လျှပ်စီးကြောင်းအဖြစ် ပြောင်းလဲကာ တောထဲသို့ လျင်မြန်စွာ ဖြတ်သွားလေသည်။

သူ၏အရှိန်က အရမ်းမြန်ပြီး သူဖြတ်သွားတိုင်း လေပြင်းများတိုက်ခတ်ပြီး ကျန်ရစ်ခဲ့သည်။

"ဟား..၊ ဟား…။၊ အရမ်းကောင်းတာဘဲ"

ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေသော လျှပ်စီးကြောင်းကို ရုတ်သိမ်း လိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ယခုတော့ မြန်နှုန်းမြင့်လျှပ်စီးသဘောတရား ၏ ပထမအဆင့်ကို သူသည် အပြည့်အဝ နားလည်သွားခဲ့ပြီး၊ သူ ယခုလေးတင်အသုံးပြုခဲ့သည့်အရာမှာ မြန်နှုန်းမြင့်လျှပ်စီး၏ လှုပ်ရှားမှုနည်းပညာကို အသုံးပြုထားခြင်းဖြစ်ပြီး ဤမြန်နှုန်းမြင့်လျှပ်စီးကို တိုက်ခိုက်ရေးအမြန်နှုန်းအဖြစ်လည်း အသုံးပြုနိုင်သည်။

အမှန်တကယ်တော့၊ ချင်ယွင်သည် ဤမြန်နှုန်းမြင့်လျှပ်စီးသည် လေ၏လျင်မြန် သွက်လက်မူနှင့်ဆင်တူကြောင်း တွေ့ရှိခဲ့ရပေမယ့် အနှစ်သာရအားဖြင့် ကွဲပြားပါသည်။

မြန်နှုန်းမြင့်လျှပ်စီးသည် လျှပ်စီးကြောင်း၏ အရှိန်ဟုန်ကို ပိုမိုပြသပြီး လေ၏လျင်မြန် သွက်လက်မူသည် လေဒြပ်စင်များ၏ အရှိန်ကို ထင်ဟပ်နေသော်လည်း လေ၏ ရွေ့လျားမှု အရှိန်ဟုန်မှာ ပိုမိုပြောင်းလဲနိုင်မူကို ပြသဖြင့် ပေါ့ပါးဖြတ်လတ်သော အခြေအနေသို့ ရောက်ရှိသွားသည်။

သေချာသည်မှာ၊ သူ ပို၍ နက်နက်ရှိုင်းရှိုင်းနားလည်လာလေလေ သူ၏အရှိန်ဟုန်က ပို၍ ကြောက်စရာကောင်းလာလေ ဖြစ်လိမ့်မည်။

ချင်ယွင်သည် အသက်ပြင်းပြင်း ရှူလိုက်သည်။ ယခုတစ်ကြိမ် အပြင်ထွက်ရာမှာ သူသည် အများပြား ရိတ်သိမ်းနိုင်ခဲ့သည်။ မူလက သူသည် မြန်နှုန်းမြင့်လျှပ်စီးကို အလျင်အမြန် နားလည်ရန်၊ စိတ်ဝိညာဉ်ပြောင်းလဲခြင်း‌ဆေးများကို အသုံးပြုရန် စီစဉ်ခဲ့သည်။ ယခု သူသည် စိတ်ဝိဉာဏ်ပြောင်းလဲခြင်းဆေးများကိုပင် ချွေတာရာ ရောက်ခဲ့သည်။

ဟုတ်ပါသည်၊ အကြီးမားဆုံးအကျိုးအမြတ်ကတော့ ရှေးဟောင်းခေတ် ဖရိုဖရဲ အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်ဖွဲ့စည်းခြင်း ဖြစ်ပါသည်။ ဤအရာသည် သူ၏ အနာဂတ်အတွက် အကြီးမားဆုံး အားကိုးအားထားရာ ဖြစ်လာမှာပါ။ ထို့အပြင် သူသည် အံ့သြဖွယ်အရာတစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ သူကိုယ်တိုင်က ထင်ယောင်ထင်မှား ဖြစ်နေသလားတော့ မသိပေ။ ယင်းက သူ၏ ရှေးဟောင်းခေတ် ဖရိုဖရဲ အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနှင့်အတူ သူ၏ရင်ဘတ်ပေါ်ရှိ အစိမ်းရောင်ကြာပန်း အမှတ်အသားကို ပိုပြီး ထိန်းချုပ်နိုင်လာပုံရသည်။

"ပြန်ဖို့အချိန်ရောက်ပြီထင်တယ်" ချင်ယွင်က ပြောသည်။

ယခုတစ်ခါတော့ သူ၏လက်ခြေများကို လွတ်လွတ်လပ်လပ် လွှတ်လိုက်ပြီး ကြီးကြီးမားမား တစ်ခုခုတော့ သူ လုပ်ရမည်။

သို့သော်၊ အလွန်အရေးကြီးသည့် နောက်ထပ်အရာတစ်ခုလည်း ရှိသေးသည်။ ၎င်းမှာ လီချင်းကိုရှာပြီး ဇောင်ယု၏ ချီစွမ်းအင်လမ်း ကြောင်းများ ပိတ်ဆို့ခြင်းနည်းစနစ်ကို ပြန်ဖွင့်ခိုင်းရန်ဖြစ်သည်။ ထို့နောက်၊ သူသည် သူ၏ စိန်ခေါ်မူများကိုအာရုံစိုက်ပြီး မိုးကြိုး၀ိညာဏ်အဆင့်သတ်မှတ်ချက်၏ ထိပ်တန်းဆယ်ယောက်သို့ အလျှင်အမြန် ဝင်ရောက်ကာ မိုးကြိုး၀ိညာဥ်တောင်သို့ဝင်ရောက်ရန် အရည်အချင်းများ ရရှိရန် ဖြစ်သည်။

ချင်ယွင်သည် ရှောင်ဘိုင်ကို အစိမ်းရောင်ကြာပန်းအမှတ်သားထဲသို့ ပြန်ထည့် ပြီးနောက် လင်းယွင်၏ အသွင်အပြင်ကို ပြန်လည်ပြောင်းလဲကာ မိုးကြိုးဝိညာဉ် ဂိုဏ်းဆီသို့ ပြေးသွားခဲ့သည်။

သို့သော် သူနေထိုင်ရာသို့ ပြန်ရောက်သောအခါ လျူဂေါ့သည် သူ၏အိမ်တံခါးဝတွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။

ချင်ယွင်သည် အခြားနေရာမှ နံရံကို ကျော်တက်ကာ သူ၏ခြံဝင်းထဲသို့ ဝင်သွားခဲ့သည်။

ထို့နောက် သူသည် လမ်းလျှောက်လာပြီး လျူဂေါ့ကို အတွင်းသို့၀င်ခွင့်ပြုရန် ခြံဝင်းတံခါးကို ဖွင့်လိုက်သည်။

ချင်ယွင် တံခါးဖွင့်လိုက်သည်ကို လျူဂေါ့ မြင်သောအခါ သူ၏မျက်လုံးများသည် ချက်ချင်း လင်းလက်လာခဲ့သည်။ သူက ပြုံးပြီးပြောသည် "ညီလေးလင်း၊ ငါတို့ ပြန်ဆုံကြပြန်ပြီ"

လျူဂေါ့၏ နုံအသောအပြုံးကို မြင်သောအခါချင်ယွင်သည် ကူကယ်ရာမဲ့စွာ ခံစားခဲ့ရသည်။ သို့သော် သူ့ကို ချီးကျူးရလိမ့်မည်။ ဤ လျူဂေါ့သည် အမှန်တကယ်ပင် လူများနှင့် သရဲတစ္ဆေများကိုပင် မည်ကဲ့သို့စကားပြောရမည်ကို ကျွမ်းကျင်သော ပုဂ္ဂိုလ်ဖြစ်သည်။ ထို့အပြင် သူ၏မျက်လုံးများက စူးရှသည်။ နောင်အနာဂတ်တွင် သူ၏ ကျင့်ကြံမှုအဆင့်သည် မမြင့်မားသော်လည်း ဂိုဏ်းထဲတွင် ချို့တဲ့နေမည် မဟုတ်ပေ။

လျူဂေါ့ကို စိတ်ထဲကနေ ချီးမွမ်းပြီးသွားချိန်မှာ လျူဂေါ့က တုန်လှုပ်သွားပြီး "ညီငယ် လင်း၊ မင်း သိုင်းသခင်နယ်ပယ် ပဉ္စမအဆင့်ကောင်းကင်အလွှာကို ရောက်နေပြီလား။"

ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားပြီး ခေါင်းညိတ်လိုက်သည်။ အမှန်တော့၊ အပြန်လမ်းတွင်၊ သူသည် သူ၏ ကျင့်ကြံမှုအဆင့်ကို သိုင်းသခင်နယ်ပယ် ပဉ္စမအဆင့် ကောင်းကင်အလွှာသို့ မြင့်တင်ထားပြီးဖြစ်သည်။

"ချီစုစည်းခြင်းဆေး ဆယ်ပြားလုံးကို မင်း တိုက်ရိုက် သန့်စင်လိုက်တာ မဟုတ်လား"

လျူဂေါ့က ထပ်မေးသည်။

"မှန်တယ်!" ချင်ယွင်က သေချာသည့်အမူယာဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် သူ၏ကျင့်ကြံခြင်းအဆင့်ကို အရူးအမူး တိုးမြှင့်ထားရသည့် အကြောင်းရင်းက ဤဆေးပြားများ၏ နာမည်ကို ငှားရမ်းချင်လို့ဖြစ်သည်။

"ဒါဆို ဘေးထွက်ဆိုးကျိုးတွေ မခံစားရဘူးလား။ ဥပမာ၊ မင်းရဲ့အငွေ့သက်က ဘာမှမရှိသလို ဗလာဖြစ်သွားပြီး မင်းရဲ့ ဝိညာဉ်စွမ်းအင်တွေက ထိန်းချုပ်လို့မရတာ မျိုးပေါ့?" လျူဂေါ့က ထပ်မေးသည်။

ချင်ယွင် ခေါင်းခါလိုက်သည်။

လျူဂေါ့က မယုံကြည်ပေ။ သူသည် ချင်ယွင်၏ လက်ကို လှမ်းဆွဲလိုက် သည်။ ခဏအကြာတွင်၊ သူသည် တစ္ဆေသရဲကို မြင်လိုက်ရသကဲ့သို့ အံ့ဩ ထိတ်လန့်သည့် အမူအရာဖြင့် "ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ အငွေ့အသက်က မတည်မငြိမ် ဖြစ်မနေဘဲ၊ အရမ်းကို တည်ငြိမ်နေတယ်။ ဝိညာဉ်စွမ်းအားက မင်းခန္ဓာကိုယ်ထဲမှာ ပုံမှန်လည်ပတ်နေတယ်။ မင်းဘယ်လိုလုပ်လိုက်တာလဲ။"

ချင်ယွင်က ပြုံးကာ ခေါင်းယမ်းလိုက်ပြီး "ငါက အဆင့်တစ်ဆယ် ဝိညာဉ် အရင်းအမြစ်ပိုင်ရှင်တစ်ယောက်မို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီဝိညာဉ်ဆေးပြား တွေဆီက ဝိညာဉ်ချီကို အရမ်းမြန်မြန်စုပ်ယူခဲ့ပေမယ့် ဘေးထွက်ဆိုးကျိုးတွေ လုံးဝမရှိဘဲ" ဟု သူက ဆိုလိုက်သည်။

ယင်းစကားကိုကြားပြီး လျူဂေါ့သည် နောက်ဆုံးမှာ "မွန်းစတား!" ဟူသောစကား တစ်ခွန်းကို ထုတ်မပြခင် အချိန်အတော်ကြာ အံ့ဩနေခဲ့သေးသည်။

ချင်ယွင်သည် သူ၏စိတ်ထဲတွင် သက်ပြင်းတစ်ချက်ချလိုက်သည် ။ ဟုတ်ပါသည်၊ အဆင့် ၁၀ ဝိညာဉ်အရင်းအမြစ်တစ်ခုဟာ ယခုလို သဘာ၀ကို သွေဖီစေသည့် အကျိုး သက်ရောက်မှုမျိုး မရှိခဲ့ပါဘူး။ဤအရာအားလုံးသည် 'ရှေးဟောင်းခေတ် အစိမ်းရောင် ကြာပန်းပညာရပ်' ကြောင့်ဖြစ်ပါသည်။ သေချာတာက၊ ချင်ယွင်သည် ဤအကြောင်း ကို လျူဂေါ့အား သဘာဝအတိုင်း ထုတ်ဖော်ပြောမှာမဟုတ်ပါဘူး။

ထို့အပြင်၊ ချင်ယွင်၏ လက်ရှိကျင့်ကြံမှုအဆင့်သည် သိုင်းဂိုဏ်းချုပ်နယ်ပယ် ပထမအဆင့်ကောင်းကင်အလွှာ ဖြစ်‌နေပါပြီ။ လျူဂေါ့သည် ယင်းကို ဘယ်လိုလုပ် စိတ်ကူးမိမှာလဲ။

All Chapters