သိမ်မွေ့ရေခဲအဖွဲ့ကို ဦးဆောင်ခြင်း
Vol. 6 Ch. 82
အခန်း (၈၂) သိမ်မွေ့ရေခဲအဖွဲ့ကို ဦးဆောင်ခြင်း
ချင်ယွင်ကိုကြည့်ရင်း ဝမ်ဘင်၏အမူအရာက အေးစက်သွားပြီး ပြောသည် "ဘာလဲ ကောင်စုတ်လေး ၊ မင်းက မယုံဘူးလား"
"ကျွန်တော်က မယုံကြည်လို့ မဟုတ်ဘူး၊ တချို့လူတွေက လေကျယ်လွန်းတယ်လို့ ခံစားရလို့ပါ။ သူတို့ သွားတွေ ကျွတ်ပါသွားမှာတောင် ကျွန်တော် စိုးရိမ်မိ တယ်။" ချင်ယွင်က ရယ်မောရင်း ပြောသည်။
လျူဂေါ့သည် ထိုစကားကိုကြားသောအခါ သူ သည် မရယ်ဘဲမနေနိုင်ပေ။ သို့သော် ဝမ်ဘင်၏ ခွန်အားကို တွေးလိုက်မိသောအခါ ချက်ချင်းပင် အရယ်ရပ်သွားသည်။ သူက ချင်ယွင်၏ ဝတ်စုံလက်မောင်းကို ဆွဲလိုက်ပြီး ဝမ်ဘင်ကို ရန်မစရန် အချက်ပြ လိုက်သည်။
"ကောင်စုတ်၊ မင်းက သေခြင်းတရားကို တောင်းခံနေတာလား။" ဝမ်ဘင်သည် ချက်ချင်းပင် ဒေါသထွက်သွားသည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် သူ၏ အငွေ့အသက်သည် ချင်ယွင်ကို ချက်ချင်းပင် ဖိနှိပ်လာသည်။ နဝမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်တဦး၏ အထွတ်အထိပ် စွမ်းအားကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
ဝမ်ဘင်၏ ဖိနှိပ်မှုကို ရင်ဆိုင်ရင်း ချင်ယွင်၏ အမူအရာသည် တည်ငြိမ် သွားသည်။ သူ၏ သိုင်းဂိုဏ်းချုပ်နယ်ပယ် ပထမအဆင့် ကောင်းကင်အလွှာသို့ ရောက်ရှိနေပြီဖြစ်သော သူ၏စွမ်းအားအစစ်အမှန်ကို အသာထား၊ အကယ်၍ သူသည် အစစ်အမှန် ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းဆရာတစ်ဦးဖြစ်နေခဲ့ လျှင်တောင် ဝမ်ဘင်၏ အငွေ့အသက်သည် သူ့အပေါ် လုံးဝ သက်ရောက်မှုမရှိပေ။
"မင်းက သေခြင်းတရားကို တောင်းခံနေတာဘဲ။!" ချင်ယွင်၏ နှုတ်ခမ်းတွင် အေးစက် သော အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။
လျူဂေါ့သည် ချင်ယွင်၏ စကားကိုကြားသော အခါ တုန်လှုပ်သွားသည်။ သူသည် သူ၏စိတ်ထဲတွင် ညီးတွားနေမိသည် "ဒီလင်းယွင်က အရမ်းထူးချွန်တယ်။ သူဘာလို့ စိတ်လိုက်မာန် ပါ လှုပ်ရှားလိုက်ပါလိမ့်။ မင်းက ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်တယောက်ပဲရှိ သေးတာလေ။ မင်းက ဘာလို့ နဝမအဆင့် ကောင်းကင် အလွှာ အထွက်ထိပ်ရှိ သိုင်းသခင်တဦးကို တိုက်ခိုက်နေရတာလဲ၊ ဒါက တိုက်ပွဲတခုကို ရှာနေတာ မဟုတ်လား?"
ယခုအချိန်တွင် လင်းယွင်အား သိမ်မွေ့ရေခဲအဖွဲ့သို့ ဆွဲသွင်းခဲ့ခြင်းမှာ မှန်လား မှားလားဆိုသည်ကို သူ သံသယဖြစ်မိသည်။ ဘေးမှကြည့်နေသော ကျန်းယွန်နှင့် အခြားသူများပင် မျက်မှောင်ကြုတ်လိုက်ကြသည်။
ဝမ်ဘင်ပြောတာ မှန်သည်။ ဤနေရာတွင် ဝမ်ဘင်၏ ပြိုင်ဘက်ဖြစ်နိုင်သူ တစ်ယောက်မှ မရှိပေ။ အကယ်၍ သူ့ကို ရန်စမိလျှင် ကိုယ့်ဒုက္ခကိုရှာသလို ဖြစ်လိမ့် မည်။ ယခု လင်းယွမ်သည် ဦးဆောင်ချင်နေသောကြောင့် သိမ်မွေ့ရေခဲအဖွဲ့တစ်ခုလုံး ပတ်သက် ဆက်နွယ်နေခဲ့သည်။
"သားငယ်လေး၊ ဒီနေ့ မင်းရဲ့သွားတွေကို မြေကြီးပေါ်မှာ လိုက်ရှာရအောင် ငါရိုက်ပေး
မယ်။"
၀မ်ဘင်သည် ဒေါသထွက်သွားသည်။ ဤအတွင်းစည်းဂိုဏ်းတွင်၊ ၎င်းတို့သည် သေခြင်းတရားကို တောင်းခံနေသည်ဟူသောစကားမျိုး သူ့ကို မည်သူမျှ မပြောဝံ့ခဲ့ ပေ။ နံပါတ်တစ်သော ၀မ်ချောင်သည်ပင် ဤကဲ့သို့ မပြောရဲဘူး။ သူ၏ရှေ့ရှိ ဤကလေးသည် သူ့ကို သေခြင်းတရားကို တောင်းခံနေတာဘဲဟူသော စကားကို ပြောရဲခဲ့သည်။ သူက သူ့ထက်တောင် မောက်မာနေသေး၏။ သူ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေမည်နည်း။
"ဒါက အကြံကောင်းဘဲ။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။ သူပြောပြီးသည် နှင့် လူတစ်ယောက်လုံး လျှပ်စီးလက်သလိုဖြစ်သွားပြီး ဝမ်ဘင်၏ ရှေ့တွင် ပေါ်လာသည်။ ထို့နောက် ဝမ်ဘင်၏ အံ့အားသင့်သော အကြည့်အောက်တွင် ဝမ်ဘင်၏ မျက်နှာကို ပါးရိုက်လိုက်ကာ ဝမ်ဘင်ကို မြေပြင်ပေါ်မှာ တိုက်ရိုက် ဆွဲသိပ်လိုက်၏။
တစ်ချိန်တည်းမှာပင် ဝမ်ဘင်၏ သွားလေးချောင်းသည် သူ၏ပါးစပ်မှ ကျွတ်ထွက်ကာ မြေပြင်ပေါ်သို့ လွင့်ထွက်သွားသည်။
ချင်ယွင်သည် သိမ်မွေ့ရေခဲအဖွဲ့ကို ထိခိုက်စေမည်ဟု စောဒကတက်ခဲ့သော လျူဂေါ့နှင့် ကျွမ်းကျင်သူများသည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူတို့၏ မျက်လုံးများ ပြူးကျယ်လာပြီး စကားမပြောနိုင်ဘဲ ပါးစပ်ကြီးများကို ကျယ်ကျယ် ဖွင့်ထားကြသည်။
ဝမ်ဘင်နှင့်အတူ လိုက်ပါလာသော လူများသည်ပင် အဖြစ်ပျက်ကို နားမလည်ဘဲ အံ့သြသွားကြသည်။
ဝမ်ဘင်သည် ဘေးသို့ လဲကျသွားပြီး ပါးစပ်က ရှုံ့မဲ့နေ၏။ ဤအခိုက်အတန့်တွင် သူ၏စိတ်ထဲ အဆုံးမဲ့ ဒေါသများသာ ရှိနေသည်။ သူက ချင် ယွင်ကို လက်ညှိုးထိုးပြပြီး "သွား၊ သူ့ခြေထောက်တွေးကို ချိုးလိုက်!"
တပည့်များသည် ဝမ်ဘင်၏စကားကို ကြားသောအခါ ချက်ချင်းတုံ့ပြန်ကြပြီး ချင်ယွင်ဆီသို့ ပြေးသွားကြသည်။
ချင်ယွင်သည် သူ၏နောက်ကျောကို လက်နှစ်ဖပစ်ကာ ရပ်နေပြီး ပြုံးရင်း "နောက်ထပ် အကြံကောင်းတခုဘဲ"ဟု ပြောလိုက်၏။
ထိုစကားပြောပြီးသည်နှင့် သူ့တစ်ကိုယ်လုံးသည် လျှပ်စီးအလား လင်းလက်သွားသည်နှင့် တပည့်တော်များများကို ကျော်ဖြတ်သွားသည်။ ထို့နောက် ဝမ်ဘင်၏ရှေ့တွင် တစ်ဖန် ပေါ်လာကာ သူ့ပေါင်ပေါ် လှမ်းတက်လိုက်သည်။
"ဖျစ်!"
ကျယ်လောင်သော ပဲ့တင်ထပ်အသံသည် ခြံဝန်းတစ်ခုလုံး ပြန့်နှံ့သွားသည်။
ခြံဝင်းတစ်ခုလုံးသည် တခဏချင်း တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် သရဲတစ္ဆေငိုသံ နှင့် ဝံပုလွေများအော်သံကဲ့သို့ ဝမ်ဘင်၏အော်သံကြောင့် ပျက်စီးသွားရသည်။
"မင်းမှာ ဘာအကြံဥာဏ်ကောင်းတွေ ရှိနေလဲ၊ အဲဒါကို ထုတ်ပြောကြည့် စမ်း။" ချင်ယွင်သည် ဝမ်ဘင်ဘေးတွင် ထိုင်ကာ ပြုံးလိုက်သည်။
ဝမ်ဘင်သည် တကိုယ်လုံး ထုံကျင်လာပြီး တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရ သကဲ့သို့ ခြံဝင်းထဲမှ တွားသွားသွားသည်။
ချင်ယွင်ကို တိုက်ခိုက်သော တပည့်များသည် ချင်ယွင်၏ ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် အစွမ်းထက်သော နည်းလမ်းများကြောင့် တုန်လှုပ်သွား ကြသည်။ သူတို့သည် ထိတ်လန့်သွားကြပြီး ဘာလုပ်လို့လုပ်ရမှန်း မသိတော့။
ချင်ယွင်သည် သူ၏ခေါင်းကို လှည့်ကြည့်လိုက်သည်နှင့် သူတို့သည် ချက်ချင်း ကြောက်လန့်သွားပြီး နောက်ပြန်ဆုတ်ကြသည်။
ချင်ယွင်က အေးစက်စွာ ပြုံးလိုက်သည်။ အဆုံးတွင် သူ၏မျက်နှာသည် အလွန်မင်း လေးနက်လာခဲ့သည်၊ "ဒီနေ့ကစပြီး ဒီ သိမ်မွေ့ရေခဲအဖွဲ့ကို ငါလင်းယွင်သိမ်းပိုက် လိုက်ပြီလို့ မင်းရဲ့အဖွဲ့ခေါင်းဆောင်ကို သွားပြန်ပြောစမ်း " လင်းယွင်ကို ပြဿနာရှာ ရဲတယ်ဆိုရင် ရိုင်းစိုင်းတဲ့အတွက် ငါလင်းယွင်ကို အပြစ်မတင်နဲ့လို့ ထွက်သွားကြစမ်း!"။
ချင်ယွင်သည် သူတို့ကို ထွက်သွားရန်ပြောစကားကို ယင်းတပည့်များ ကြားသော အခါ သူတို့သည် အရမ်းထိတ်လန့်သွားပြီး ခြံဝင်းထဲကနေ ချက်ချင်း ပြေးထွက် သွားကြသည်။
"ဒီအမှိုက်ကို မင်းတို့နဲ့အတူ သယ်သွားကြ။" ချင် ယွင်က မြေပြင်ပေါ်လဲကျနေသော ၀မ်ဘင်ကို လက်ညိုးထိုးပြသည်။
ထိုတပည့်များသည် ဝမ်ဘင်ကို အဆောတလျင် ထူမကာ အရူးအမူး ထွက်ပြေး ကြသည်။ ယခုအချိန်တွင် လင်းယွင်နှင့် သိမ်မွေ့ရေခဲအဖွဲ့မှ အဖွဲ့ဝင်ခြောက်ဦးသာ ခြံဝင်းထဲတွင် ကျန်ခဲ့သည်။
လျူဂေါ့ ၊ ကျန်းယွန်နှင့် အခြားသူများသည် ချင် ယွင်၏လွှမ်းမိုးမှု အငွေ့အသက် ကြောင့် စကားမပြောနိုင်ဘဲ ရှိနေခဲ့ကြသည်။ သူတို့သည် ချင်ယွင်ကို မွန်းစတား တစ်ကောင်ကို ကြည့်နေကြသကဲ့သို့ပင်။
"ငါက ချင်ရွှန်းရွှန်းနဲ့ ဆက်ဆံရေးတစ်ခု ရှိတယ်၊ ဒါကြောင့် ဒီနေ့ကစပြီး သူမအတွက် ဒီ သိမ်မွေ့ရေခဲအဖွဲ့ကို ငါတာဝန်ယူမယ်။ မင်းထဲက ဘယ်သူ ကန့်ကွက် စရာရှိလဲ။" ချင်ယွင်က ရိုးရိုးသားသား ပြောသည်။
လျူဂေါ့နှင့် အခြားသူများသည် အံ့အားသင့်သွားခဲ့ကြပြီး နောက်ဆုံးတွင် လက်နှစ်ဖက် ယှက်ကာ "နှုတ်ဆက်ပါတယ် အဖွဲ့ခေါင်းဆောင်!"ဟု အရိုအသေ ပေးကြ၏။
"ကောင်းပြီ၊ ငါက ဒီနေ့ကစပြီး မင်းတို့ သိမ်မွေ့ရေခဲအဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်လာတော့ မယ်။ မင်းတို့ကို ဘယ်လိုနည်းနဲ့မှ အနိုင်ကျင့်တာကို ခွင့်မပြုဘူးလို့ ငါကတိပေးတယ်။ မင်းတို့ကို အနိုင်ကျင့်တဲ့သူကို ဆယ်ဆလောက် ပြန်ပေး ဆပ်ခိုင်းရလိမ့်မယ်။ သိမ်မွေ့ရေခဲအဖွဲ့ကို တဖြည်းဖြည်း သန်မာလာစေဖို့ မင်းတို့ကို ငါ ခေါ်ဆောင်သွား လိမ့်မယ်။" ချင်ယွင်က ပြောသည်။
လျူဂေါ့နှင့် အခြားသူများ၏ မျက်လုံးများသည် တောက်ပလာပြီး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
ဤမြင်ကွင်းကို ချင်ယွင်မြင်သောအခါ သူ၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။
"စိန်ခေါ်မှုအစီအစဥ်ကို အချိန်မီလုပ်ဆောင်ရမယ့်ပုံပါပဲ။ အဲဒါက ငါ့အတွက် မဟုတ်ရင်တောင်မှ သိမ်မွေ့ရေခဲအဖွဲ့အတွက်ပဲ" ချင်ယွင်သည် သူ့ကိုယ်သူ တွေးနေ သည်။ သို့သော် သူသည် လက်ရွေးစင် တပည့်များကို တခဏချင်းအတွင်း စိန်ခေါ်ရန် မပြင်ဆင်ခဲ့ပေ။ နောက်ဆုံးတွင်၊ သူ၏လက်ကျင့်ကြံမှုသည် သိုင်းသခင်နယ်ပယ် ပဉ္စမအဆင့် ကောင်းကင်အလွှာတွင်သာ ရှိသေးသည်။ ထို့ကြောင့်၊ သူသည် စိန်ခေါ်မှုကို အနိုင်ယူပြီး ဝိညာဉ်ဆေးပြားများရမည့် အခွင့်ကောင်းယူရန် လိုအပ်နေသေးသည်။ ဤနည်းအားဖြင့် သူ၏ကျင့်ကြံမှု တိုးလာမည့်အပြင် အကြောင်းပြစရာ ဆင်ခြေလည်း ရှိမည်။
ထို့ကြောင့် နောက်တစ်နေ့တွင် ချင်ယွင်သည် ကောင်းကင်မိုးကြိုးရင်ပြင်သို့သွားကာ မိုးကြိုးဝိညာဉ်အဆင့်သတ်မှတ်ချက်တွင် အတွင်းစည်းဂိုဏ်း၏နံပါတ်တစ်ဖြစ်သော အဆင့် ၁၀၁ နေရာ၏နောက်တွင် သူ၏နာမည်ကိုတိုက်ရိုက် ရေးထိုးခဲ့သည်။
သူလှုပ်ရှားလိုက်သည့် အခိုက်တွင်၊ မိုးကြိုးဝိညာဉ်ဂိုဏ်း၏ အတွင်းစည်း ဂိုဏ်းတစ်ခုလုံးတွင် အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြသည်။
နောက်ပိတ်ဆုံးအတွင်းစည်းဂိုဏ်း၀င်တပည့်က အတွင်းစည်းဂိုဏ်းဝင် နံပါတ်တစ် တပည့်ကို စိန်ခေါ်သည် ။ ဒါဟာ ရိုးရှင်းသည့် သတင်း ကြီးတခုဖြစ်သည်။
သို့သော်လည်း လင်းယွင် သေမလား,မသေဘူးလား လူတိုင်း တွေးနေကြသည့် အချိန်မှာပင် ချင်ယွင်က ဝမ်ဘင်အား သုံးစားမရအောင် လုပ်လိုက်သည့် သတင်းသည်လည်း ပျံ့နှံ့သွားကာ အကြီးအကျယ် တုန်လှုပ်သွားစေသည်။
လျူဂေါ့သည် အရှိန်အဟုန်ကို မြှင့်တင်နိုင်စွမ်းရှိသည်။ သူက ချင်ယွင်၏ သိမ်မွေ့ရေခဲ အဖွဲ့အား သိမ်းပိုက်ပြီး သိမ်မွေ့ရေခဲအဖွဲ့၏ ခေါင်းဆောင်ဖြစ်လာ သည်ဟူသော သတင်းကို ဖြန့်ရင်း သူသည် ချင်ယွင်၏ အရှိန်အဟုန်ကို အထွတ်အထိပ်သို့ အမှန်တကယ်ပင် တွန်းပို့ခဲ့သည်။
အားလုံးက လင်းယွင် မည်သူနည်းဆိုသည်ကို ဆွေးနွေးနေကြသည်။
နောက်ဆုံးတွင် တစ်စုံတစ်ယောက်သည် သူဂိုဏ်းသို့ဝင်ခဲ့သည့် အချိန်မှစ၍ သူ့အကြောင်းကို တူးဆွခဲ့သည်။ လူတိုင်းသည် သူ၏ အကြောင်းကို ကြားသည်နှင့် ချက်ချင်း အံ့သြသွားကြသည်။
လွန်ခဲ့သည့်တစ်လကမှ သူသည် သာမန်သေမျိုးအဖြစ် မိုးကြိုးဝိညာဉ်ဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီး အလုပ်သမားတပည့်တစ်ဦး ဖြစ်လာခဲ့သည်။ တစ်လကြာပြီးနောက်၊ သူသည် အပြင်စည်းဂိုဏ်း၀င်တပည့်အဖြစ် စမ်းသပ်ခံခဲ့စဉ် သူသည် အဆင့် ၁၀ ဝိညာဉ်အရင်းအမြစ်၏ စွမ်းရည်ကို ပိုင်ဆိုင်ကြောင်း စမ်းသပ်ခံရပြီး စိန်ရုပ်သေးကို အနိုင်ယူကာ ၎င်းကို သိမ်းပိုက်သွားခဲ့သည်။
နောက်ထပ်ဆယ်ရက်အကြာတွင် သူသည် သိုင်းသခင်နယ်ပယ် ပထမအဆင့် ကောင်းကင်အလွှာကို ဖြတ်ကျော်သွားကာ အတွင်းစည်းဂိုဏ်း၏ နောက်ဆုံးတပည့် ယန်ချွန်ကို အနိုင်ယူပြီး အတွင်းစည်းဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့သည်။ တစ်လခွဲကြာ တိတ်ဆိတ်သွားပြီးနောက် သူသည် သိမ်မွေ့ရေခဲအဖွဲ့၏ ခေါင်းဆောင်ဖြစ်လာပြီး အတွင်းစည်းဂိုဏ်းတွင် အဆင့်ရှစ်နေရာရှိသော ၀မ်ဘင်ကိုပင် အနိုင်ယူခဲ့သည်။ ယခု သူသည် အတွင်းစည်းဂိုဏ်း၏ အသံမာဆုံးဖြစ်သောတပည့် ၀မ်ချင်းကိုပင် စိန်ခေါ် ချင်နေသည်။
သူသည် မိုးကြိုးဝိညာဉ်ဂိုဏ်းသို့ ဝင်ရောက်လာကတည်းက နှစ်လပင် မပြည့်ခဲ့သေး ပေ။ နှစ်လမပြည့်ခင်မှာ အတွင်းစည်းဂိုဏ်းထဲမှာ နံပါတ်တစ်တပည့်ကို စတင် စိန်ခေါ်နေပြီလား။
သတင်းကိုဖတ်ပြီးနောက် လူတိုင်းက "သူ ကောင်းကင်ဘုံကို ဆန့်ကျင်နေသလား?"ဟု တအံ့တဩရေရွတ်ကြ၏။