← Chapters

၀မ်ချောင်ကို စိန်ခေါ်ခြင်း

Vol. 6 Ch. 83

၀မ်ချောင်ကို စိန်ခေါ်ခြင်း

Vol. 6 Ch. 83

အခန်း (၈၃) ၀မ်ချောင်ကို စိန်ခေါ်ခြင်း

၀မ်ချောင်သည် ကျင့်ကြံမှုကို ရူးသွပ်သူဖြစ်သလို တိုက်ပွဲတွင်လည်း ရူးသွပ်သူ ဖြစ်သည်။

ယခု သူသည် နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ပြီး သူသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ မူလကတော့ သူသည် အဆင့်ချိုးဖြတ်ပြီးသည်နှင့် သူစိန်ခေါ်ရန် လက်ရွေးစင် တပည့်တဦးရှာဖို့ စီစဉ်ထားခဲ့ပေမယ့် ဤအချိန်ခိုက်တန့်မှာ တပည့်တစ်ယောက်က သူ့ကိုစိန်ခေါ်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

မူလကတော့ လင်းယွင်၏အတွင်းစည်းဂိုဏ်း၀င် တပည့်အဆင့်ရှစ်ရာတွင်ရှိသည်ဟု ကြားသောအခါတွင် သူသည် ဖြုန်းစရာအချိန်ပိုနေသော အသိဉာဏ်ကင်းမဲ့သူ တစ်ယောက် ဖြစ်မည်ဟု သူထင်ခဲ့သည်။

သို့သော်လည်း လင်းယွင်၏ တိုက်ပွဲမှတ်တမ်းများအကြောင်း ကြားသောအခါတွင် သူသည် သူ့ကို အလွန်စိတ်ဝင်စားလာခဲ့သည်။

အထူးသဖြင့် လင်းယွင်၏တိုက်ခိုက်မှုကို ကိုယ်တိုင်မျက်မြင်တွေ့ခဲ့သည့် ကောင်းကင် ဝံပုလွေအဖွဲ့မှ တပည့်များက ဤ‌ငနဲ‌ကောင်၏ အရှိန်ဟုန်သည် လျှပ်စီးကဲ့သို့ အလွန် မြန်သည်ဟု သူကြားသောအခါ၊ ပြင်းထန်သော တိုက် ခိုက်လိုသည့် စိတ်ဝိညာဉ်အရိပ်‌ယောင်သည် သူ၏မျက်လုံးများအတွင်း တဟုန်ထိုးလှိမ့် တက်လာခဲ့၏

စိန်ခေါ်မှုကို နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည်။ ချင်ယွင်သည် ရင်ပြင်သို့ လျှောက်သွားသော အခါတွင် တပည့်များစွာသည် ၎င်းတို့၏ပြိုင်ပွဲကွင်းပြင် ပတ်ပတ်လည်တွင် ရှိနေသည်ကို သူတွေ့ရှိခဲ့ရသည်။ ထိုတပည့်များသည် ချင်ယွင် ရောက်လာသည်ကိုမြင်သောအခါ သူတို့သည် အလိုအလျောက် လမ်းဖယ် သွားကြသည်။

ပြိုင်ပွဲကွင်းပြင် ဘေးတဖက်တွင် ခရမ်းရောင်ဝတ်ဆင်ထားသော ဥပဒေစိုးမိုးရေး ခန်းမ၏ တပည့်တစ်ဦး မတ်တပ်ရပ်နေသည်။ ထိုတပည့်သည် အမှန်တကယ်ပင် ဥပဒေစိုးမိုးရေးခန်းမ၏ လက်ရွေးစင် တပည့်တစ်ဦးဖြစ်ကြောင်း တွေ့လိုက်ရသည့် အခါ ချင်ယွင်သည် အနည်းငယ် အံ့သြသွားမိသည်။

တရားဥပဒေစိုးမိုးရေးခန်းမတွင် အတွင်းစည်းဂိုဏ်း၀င် တပည့်များနှင့် လက်ရွေးစင် တပည့်များလည်း ရှိကြသည်။ ပှံမှန်အားဖြင့်၊ စိန်ခေါ်ပွဲသည်အတွင်းစည်းဂိုဏ်း၀င် တပည့်များ စိန်ခေါ်ခြင်းမျှသာဖြစ်လျှင် ၎င်းတို့အားလုံးသည် အတွင်းစည်းဂိုဏ်းဝင် တပည့်များသာ လာကြလိမ့်မည်။ သို့ရာတွင် တစ်စုံတစ်ဦးသည် လက်ရွေးစင်တပည့် တစ်ဦးကို စိန်ခေါ်ခြင်း သို့မဟုတ် လက်ရွေးစင်တပည့်တစ်ဦးသည် အခြား လက်ရွေးစင် တပည့်တစ်ဦးကို စိန်ခေါ်ခြင်းမျိုးဖြစ်ပါက တရားဥပဒေစိုးမိုးရေးခန်းမ၏ တပည့်များသည်လည်း လက်ရွေးစင်များ ဖြစ်ကြလိမ့်မည်။

ချင်ယွင်က ၀မ်ချောင်ကို စိန်ခေါ်ရာ၌ လက်ရွေးစင် တပည့်များကို စေလွှတ်မည်ဟု သူ မမျှော်လင့်ထားပေ။

ပြိုင်ပွဲကွင်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော လူတစ်ယောက်သည် သူ၏ အသက်ရှူမှုကို ထိန်းညှိရန် မျက်လုံးမှိတ်ထားသည်။

ဤလူ၏အသွင်အပြင်သည် သာမန်ဖြစ်ပြီး သူ၏အရပ်က မမြင့်ပေမယ့် တုနှိုင်းမရ သည့် ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်ကို ပေးစွမ်းသည်။ ချင်ယွင် အံ့အားသင့်ဆုံး အရာက သူ၏ဘေးတွင် လှံတစ်ချောင်းရှိနေသည်။ ဤလှံသည် အမှန် တကယ်ပင် အနှိုင်းမဲ့ပြင်းထန်သော သွေးရနံ့ကို ထုတ်လွှတ်နေပြီး တစ်ချက် ကြည့်လိုက်လျှင်ပင် သွေးများစွာဖြင့် စွန်းထင်းသွားနိုင်သည်။

ဤလူသည် ယနေ့ သူစိန်ခေါ်ရမည့် ၀မ်ချောင်ဖြစ်သင့်သည်ဟု ချင်ယွင် ထင်မိသည်။

ချင်ယွင် ရောက်ရှိလာသည်ကို အာရုံခံမိပြီး ပြိုင်ပွဲကွင်းပြင်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေ‌ သည့် ၀မ်ချောင်သည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပါသည်။ ချင်ယွင်ကို ကြည့်ပြီးနောက် မတ်တပ်ထရပ်ကာ ပြုံးပြီး "မင်းက ဝမ်ဘင်ကို သုံးစားမရအောင် လုပ်လိုက်တဲ့ လင်းယွင်ဆိုတာလား"

"ဟုတ်တယ်။" ချင်ယွင်က ပွင့်ပွင့်လင်းလင်း ပြန်ဖြေပြီး တစ်ချိန်တည်းမှာပင် ပြိုင်ပွဲ ကွင်းပြင်ပေါ်သို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။

"ဒါဆို ငါနဲ့ ဝမ်ဘင်ရဲ့ ဆက်ဆံရေးက ဘာလဲ မင်းသိလား" ဝမ်ချောင်က ရယ်မောရင်း ပြန်မေးသည်။

ဝမ်ချောင်နှင့်ဝမ်ဘင် နှစ်ဦးစလုံးမှာပါရှိသည့် "၀မ်"ဟူသော အမည်တခုကို သတိပြုမိ လိုက်စဉ် ချင်ယွင် အံ့အားသင့်သွားခဲ့သည်။

"အမှန်တိုင်းပြောရရင် ဝမ်ဘင်က ငါ့ရဲ့ဝမ်းကွဲညီပါ။" ၀မ်ချောင်က အေးစက်သော လေသံဖြင့် ပြောသည်။

"အိုး? ဝမ်ဘင်အတွက် လက်စားချေဖို့ စီစဉ်နေတာလား။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။

၀မ်ချောင်သည် အေးစက်သောမျက်လုံးများဖြင့် ချင်ယွင်ကို စိုက်ကြည့်နေသည်။ ရုတ်တရက် သူက မထီမဲ့မြင်ပြုကာ ပြုံးပြီး "မင်း ငါလက်စားချေမှာကို လုံးဝ မကြောက်ဘူးလား" ဟု မေးလိုက်သည်။

"ကြောက်ရမှာလား?" ချင်ယွင်က "မွေးကတည်းကနေ အခုအချိန်အထိ အကြောက် တရားဆိုတာ ဘာမှန်းမသိဘူး"

၀မ်ချောင်က ကျယ်လောင်စွာ ရယ်မောပြီး ချီးမွမ်းလိုက်သည် "ကောင်းတယ်၊ ၀မ်ဘင်နဲ့ ငါက ဝမ်းကွဲညီတွေ ဖြစ်နေပေမယ့် ငါတို့က အမြဲတမ်း ကိုယ့်တာ၀န် ကိုယ်ယူကြတယ်။

သူသေသွားရင်တောင် ဒါက ငါနဲ့ ဘာမှမဆိုင်ဘူး"

ချင်ယွင်သည် သူ၏ သတ္တိကို စမ်းသပ်နေသည်ဟု ခံစားရင်း မျက်လုံးများကို လှိမ့်ကစားလိုက်သည် ။ သူ့ကို စိန်ခေါ်ဖို့ အားယူနေတာများလား?

"မင်းတို့ စကားစမြည် ပြောပြီးပြီလား။ တကယ်လို့ မင်းတို့ လုံလောက်အောင် ပြောပြီးပြီဆိုရင် ပြိုင်ပွဲကို စလိုက်ရအောင်။" တရားဥပဒေစိုးမိုးရေးခန်းမတပည့်များက စိတ်မရှည်စွာ အော်ပြောသည်။။

ချင်ယွင်နှင့် ၀မ်ချောင်နှစ်ယောက်စလုံး ကိုးရိုးကားယားဖြစ်ကာ ပြုံးလိုက်ကြပြီး စိတ်ကိုထိန်းကာ တိုက်ပွဲဝင်ရန် ပြင်ဆင်ကြသည်။

ပြိုင်ပွဲကွင်းပြင်ရှိ တပည့်များအားလုံး စိတ်လှုပ်ရှားဖွယ် အမူအရာများကို ထုတ်ဖော် ခဲ့ကြသည်။ ၎င်းသည် အတွင်းစည်းဂိုဏ်းဝင် တပည့်များကြား အထွတ်အထိပ် ကျဆုံး တိုက်ပွဲဟုလည်း ယူဆလို့ရသည်။ နောက်ဆုံးတွင်၊ ဝမ်ချောင်၏ နံပါတ်တစ် အတွင်းစည်းဂိုဏ်းဝင် တပည့်အဖြစ်နေရာကို အချိန်အတော်ကြာအောင် မည်သူမျှ မလှုပ်မရှားနိုင်ခဲ့ပေ။ လမ်းတစ်လျှောက်တွင် အေဆေးသက်သာစွာ ချီတက်လာသည့် လူသစ်တစ်ဦးဖြစ်သော လင်းယွင်အနေဖြင့် အခြားအံ့ဖွယ်တစ်ခုကို ဖန်တီးပြီး တချိန်တည်းမှာပင် နံပါတ်တစ်နေရာကို ဆွတ်ခူးနိုင်မလား သူတို့မသိပေ။

၀မ်ချောင်သည် ပြိုင်ပွဲကွင်းပြင်ရှိ ချင်ယွင်ကို ကြည့်လိုက်ပြီး သူ၏မျက်လုံးများသည် တိုက်ပွဲဝင်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ သူသည် မိုက်မဲသူ မဟုတ်ပေ။ သူ၏ပြိုင်ဘက်ကို လျှော့တွက်ခြင်းသည် ကြီးကြီးမားမား အမှားတစ်ခု ပြုလုပ်မိခြင်း ဖြစ်လိမ့်မည်။ ချင်ယွင်သည် သူ့ကို စိန်ခေါ်ရန် ခွန်အားရှိသည်ဆိုသည်ကို သူကောင်းကောင်းသိသည်။

သူ၏အမြင်အရ တိုက်ပွဲဆိုတာ တိုက်ပွဲဘဲဖြစ်သည်။ သူ၏ပြိုင်ဘက်သည် မည်မျှပင် ပျော့ညံ့နေပါစေ သူက ပေါ့လျော့ပြီးနေလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သူသည် ရှေ့သို့ လှမ်းလိုက်သည်နှင့် တပြိုင်နက် သူ၏ အငွေ့အသက်များ ထွက်ပေါ်လာသည်။ န၀မအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် ကျွမ်းကျင်သူ တစ်ဦး၏ အစွမ်းကို အပြည့်အဝပြသထားသည်။

"မင်းရဲ့ ရုပ်ခန္ဓာခွန်အားက အရမ်းသန်မာတယ်လို့ ငါကြားတယ်။ ငါတကယ် မြင်ချင်မိတယ်" ၀မ်ချောင်က ပြုံးပြီး ချင်ယွင်ကို ထိပ်တိုက်ရင်ဆိုင်ချင်သည့်အလား သူ၏လှံကို မြေကြီးထဲသို့ တိုက်ရိုက်ထိုးစိုက်လိုက်သည်။

"မင်း နောင်တရလိမ့်မယ်။" ချင်ယွင်က ညင်သာစွာပြုံးပြီး သူ၏ရင်ဘတ်ကို မတ်လိုက် သည်။ သူ၏ပုံသဏ္ဍာန်သည် လှံနှင့်တူပြီး ဖော်ပြ၍မရနိုင်သည့် လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့သက်ကို ထုတ်ဖော်နေသည်။

"ဟုတ်လား?" ၀မ်ချောင်က မထီမဲ့မြင်ဟန်ဖြင့် ပြောသည်။ ရုတ်တရက် သူ၏ အကြည့် များက စူးရှလာပြီး သူ၏တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားသည်။

ချင်ယွင်၏ မျက်လုံးများသည် တိုက်ပွဲဆာလောင်မူ အရိပ်အယောင်များဖြင့် တောက်ပ လာပြီး သူ၏တစ်ကိုယ်လုံးလည်း ပေါက်ကွဲထွက်လာသည်။

"ဘုန်း!"

နှစ်ယောက်စလုံးသည် အချင်းချင်း လက်သီးချင်း ထိပ်တိုက်တွေ့ဆုံပြီး ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ သူတို့နှစ်ယောက်စလုံး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားကြသည်။

ချင်ယွင်သည် အံ့သြသွားသည်။ သူ၏ခန္ဓာကိုယ်သည် တုနှိုင်းမရလောက်အောင် အားကောင်းသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် သူ့ခွန်အား၏ သုံးဆယ်ရာခိုင်နှုန်းလောက်သာ အသုံးပြုခဲ့သော်လည်း ဤကဲ့သို့သော ခွန်အားကို ခံနိုင်ရည်ရှိသူအများပြား မရှိခဲ့ပေ။ သူ၏ရှေ့ရှိ ၀မ်ချောင်သည် အမှန်တကယ်ပင် သူ၏တိုက်ခိုက်ခြင်းကို ခံနိုင်ခဲ့သည်။ သူသည် ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ် တစ်မျိုးမျိုးကို လေ့ကျင့်ထားသင့်သည်ဟု ထင်ရသည်။

၀မ်ချောင်သည်လည်း ထိတ်လန့်သွားသည်။ လင်းယွင်၏ ခန္ဓာကိုယ်သည် သန်မာ သည်ဟု ကြားသိရသော်လည်း သူ၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည်ဟု သူ မမျှော် လင့်ခဲ့ပေ။ ထို့အပြင် သူကိုယ်တိုင်က အားနည်းသူ မဟုတ်ပေ။ သူသည် အလယ်လတ်အဆင့် ခန္ဓာကိုယ် သန့်စင်သည့်နည်းပညာရပ်ကို လေ့ကျင့်ထားကြောင့် သိထားရမည်။

ဒါပေမယ့် ဒါကလည်း ပိုပျော်စရာကောင်းပါသည်။ ၀မ်ချောင်၏ မျက်လုံးများသည် ပြင်းထန်သော တိုက်ခိုက်လိုသည့်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

"နောက်တကြိမ်!" ၀မ်ချောင်သည် ချင်ယွင်ဆီသို့ ထပ်မံ ပစ်၀င်ရင်း ဟိန်းဟောက် လိုက်သည်။

"ကောင်းပြီ!" ချင်ယွင်၏ ပါးစပ်ထောင့်သည် အနည်းငယ် တွန့်ကွေးသွားပြီး ၀မ်ချောင်၏ ပြင်းထန်သော တိုက်ခိုက်လိုသည့်ဆန္ဒကြောင့် သူ၏နှလုံးသားကို လောင်ကျွမ်းသွားခဲ့သည်။ ကျယ်လောင်သော ရယ်မောသံနှင့်အတူ သူသည်လည်း ပေါက်ကွဲထွက်ကာ ပစ်၀င်သွားခဲ့သည်။

ယင်းနောက်မှာတော့ သူတို့နှစ်ယောက်သည် အဆက်မပြတ် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ကြတော့သည်။

သူ၏လက်သီးများက လျှပ်စီးလက်သလို မြန်ဆန်ပြီး သူ၏ကြာပွတ်ခြေထောက်များက လေလိုသန်မာသည်။

သူတို့နှစ်ယောက် တိုက်ခိုက်လိုက်တိုင်း နေရာတခုလုံး ရှုပ်ပွနေသည်။

ပရိသတ်များ တုန်လှုပ်ခြောက်ခြားသွားသော်လည်း သူတို့၏ နှလုံးသားများသည် အရူးမူးဖြစ်မှု စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ အနီးကပ်တိုက်ပွဲများ၏ ဆွဲဆောင်မူ ဖြစ်သည်။

"ဟား ဟား၊ တိုက်ပွဲက ကောင်းလိုက်တာ! ငါတို့ ဒီလို နာကျင်စရာကောင်းတဲ့ တိုက်ပွဲမျိုးကို မကြုံတွေ့ခဲ့ရတာတောင် နှစ်ပေါင်းအတော် ကြာခဲ့ပြီ။" နှစ်ယောက်သား အချင်းချင်း တိုက်မိပြီး နောက်ကိုလွင့်သွားစဉ် ကျယ်လောင်စွာ ရယ်မောလိုက် ကြသည်။

ချင်ယွင်၏ ပါးစပ်ထောင့်က လှုပ်ယမ်းသွားသည်။ ယခုလိုပျော်ရွှင်စရာကောင်းသည့် တိုက်ပွဲမျိုးကို သူ မကြုံတွေ့ရတာ အချိန်အတော်ကြာခဲ့ပြီ။ သူ၏ခွန်အားအများစုကို အစမှအဆုံးထိထိန်းထားရန် သူ့အတွက် မလုံလောက်တော့‌ပေ။ ၀မ်ချောင်၏ ခန္ဓာကိုယ်က မဆိုးသော်လည်း သူကိုယ်တိုင်ကလည်းသူ၏ခွန်အားကို အပြည့်၀ မထုတ်ရသေးပါဘူး။

၀မ်ချောင်၏ ပင်ကိုယ်စရိုက်ကြောင့်သာ မဟုတ်ပါက၊ သူသည် ၎င်းကို လက်သီး တစ်ချက်ဖြင့် ကိုင်တွယ်ပြီးပြီ ဖြစ်သည်။

"မင်း မင်းရဲ့လှံကိုသုံးရင် ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် ငါက မင်းကို သုံးခွင့်ပေးမှာ မဟုတ်တော့ဘူး" ချင်ယွင် ရုတ်တရက် ရယ်မောလိုက်သည်။

ယင်းစကားပြောပြီးသည်နှင့် ပွဲကြည့်စင်မြင့်ပေါ်မှာ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ ဖရိုဖရဲဖြစ်နေသော ပြိုင်ပွဲကွင်းပြင်ကို ကြည့်ရင်း၊ "ဒါဆို ဒါက သူ့ခွန်အားအပြည့် မတိုက်ရသေးတဲ့ အတု‌ယောင်တိုက်ပွဲပဲလား"

ချင်ယွင်၏စကားကို ကြားသောအခါ ၀မ်ချောင်သည် အံ့အားသင့်သွားသည်။ ထို့နောက် သူသည် ချင်ယွင်၏ စူးစူးစိုက်စိုက် အကြည့်ကို မြင်ရသောအခါ ဟက်ဟက်ပက်ပက် ရယ်မောပြီး "ကောင်းပြီ!" ထိုနောက် သူက မြေပြင်မှာ ထိုးထားသော သွေးနီလှံကို ဆွဲထုတ်လိုက်သည်။

လှံကိုကိုင်ထားသော ၀မ်ချောင်၏စိတ်နေစိတ်ထားသည် လုံးဝပြောင်းလဲသွားခဲ့ပြီး အနှိုင်းမဲ့ ကြီးစိုးမူရှိပြီး ကြမ်းတမ်းခက်ထန်လာသည်။ သူ၏အငွေ့သက်ထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒများပင် ရှိနေသည်။

ပြိုင်ပွဲကွင်းပြင်ဘက်ရှိ ပရိသတ်များသည် မရေမတွက်နိုင်သော စစ်တပ်များနှင့် မြင်းများ၏ ထာဝရအုပ်စိုးသူကို တွန်းလှန်ရန် လူတစ်ဦးသည် ၎င်းခွန်အားကို အသုံးပြု၍ လှံရှည်တစ်ချောင်းကို ကိုင်ဆောင်ထားသည့်မြင်ကွင်းကို တွေ့မြင်‌နေရဟန်ရှိ၏။

All Chapters