← Chapters

သွေးများလောင်ကျွမ်းပြီး တဟုန်းဟုန်းကြွလာခြင်း

Vol. 6 Ch. 84

သွေးများလောင်ကျွမ်းပြီး တဟုန်းဟုန်းကြွလာခြင်း

Vol. 6 Ch. 84

အခန်း (၈၄) သွေးများလောင်ကျွမ်းပြီး တဟုန်းဟုန်းကြွလာခြင်း

ချင်ယွင်သည် ရုတ်တရက် အလွန်ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါပြောင်း သွားသော ၀မ်ချောင်ကို ကြည့်လိုက်ရင်း သူ၏ မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်များ ဖြင့်ပြည့်နှက်နေသည်။

၀မ်ချောင်၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုသည့်ဆန္ဒများ တဟုန်ထိုးမြင့် တက်လာသည်နှင့် သူသည် သူ၏စွမ်းအားကို အကုန်သုံးပြုပြီးလေထဲသို့ ခုန်တက် လိုက်သည်။ထို့နောက် သူသည် အရှင်သခင်လှံကို ပြိုင်ဘက်ကင်းဟန်ပန်ဖြင့် ချင်ယွင် ဆီသို့ ပစ်ချလိုက်သည်။

ချင်ယွင်သည် သူ၏လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားသည်။ ဖော်ပြ၍မရသော လွှမ်းမိုးနိုင်စွမ်းရှိသည့်ဟန်ပင်ဖြင့် တိုက်ခိုက်နေသော ၀မ်ချောင်ကိုကြည့်ရင်း သူ၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အလျင်းမရှိခဲ့ပေ။ ယင်းအစား သူ၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အရိပ် အယောင်များ ပေါ်လာသည်။

ချွင်!

ချင်ယွင်သည် ၀မ်ချောင်၏ အပြင်းအထန်တိုက်ခိုက်ခြင်းကို တားဆီးရန် သူ၏လက်ကို တိုက်ရိုက်အသုံးပြုခဲ့သော်လည်း အမှန်တကယ်တော့ ၎င်းအား အပြင်းအထန် တားဆီးခဲ့ရသည်။

ကြည့်ရူနေကြသူပရိတ်သတ်များ အံ့သြလွန်းပြီး ၎င်းတို့၏မေးရိုးများ အောက်သို့ ပြုတ်ကျနေကြသည်။ ဤ ချင်ယွင်သည် ၀မ်ချောင်၏ အရှင်သခင်လှံကို ပြင်းပြင်း ထန်ထန် လှုပ်ခါရန် သူ၏ရုပ်ခန္ဓာကိုယ်ကို အမှန်တကယ် အသုံးပြုခဲ့ပြီး ၎င်းလှံကို တားဆီးခဲ့သည်။

၀မ်ချောင်သည်လည်း အံ့သြသွားသည်။ ချင်ယွင်သည် ယခု‌လေးတင်မှ သူနှင့် အနီးကပ်တိုက်ပွဲတိုက်ခိုက်ပြီးပြီဖြစ်ကြောင်း နောက်ဆုံးတွင် သူသတိရလိုက်သည်။ သူ့ပြိုင်ဘက်၏ကြံ့ခိုင်မှုက သူထင်ထားသည်ထက် အများကြီး ပိုသန်မာသည်။

"နောက်တကြိမ်။" ၀မ်ချောင်က ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏နှလုံးထဲတွင် သွေးများဆူပွတ်လာကာ လုံးလုံး လောင်ကျွမ်းနေသည် ။

သူ၏လက်ထဲတွင်ရှိသော လှံသည် လခြမ်းသဏ္ဍာန်တူသော အကွေ့အကောက် တစ်ခုကို ဝှေ့ယမ်းကာ ချင်ယွင်ဆီသို့ တွန်းလှန်တိုက်ခိုက်ရန် ကြိုးစားသည်။

ချင်ယွင်သည် ပြုံးလိုက်ပြီး လှံကို လျစ်လျူရှုလိုက်သည်။ သူသည် ရှေ့ခြေတစ် လှမ်းတိုးပြီး ၀မ်ချောင်၏ခန္ဓာကိုယ်အနီးသို့ ချဉ်းကပ်လိုက်သည်။ ထို့နောက် ဝမ်‌ချောင်၏ ရင်ဘတ်ပေါ်ကို အနှိုင်းမဲ့ ပြင်းထန်သော သံမဏိလက်သီးဖြင့် ထိုးနှက် လိုက်သည်။

၀မ်ချောင်၏ ခန္ဓာကိုယ်သည် တုန်ခါသွားပြီး ပြိုင်ပွဲကွင်းပြင်မှ ချက်ခြင်း နောက်ပြန် လွင့်သွားသည် ။

ပရိသတ်များက စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးကြ၏။

သို့သော် ၀မ်ချောင်ရှုံးတော့မည်ဟု လူတိုင်းက ထင်ထားကြချိန်မှာ သူသည် ရုတ်တရက် သူ၏ လှံကို မြေပေါ်သို့ ထိုးစိုက်လိုက်သည်။ လှံ၏ ထိပ်ဖျားသည် မြေပြင် ပေါ်သို့ သူပြုတ်ကျမည့်အ‌နေထားကိုတားတီးနိုင်ခဲ့ပြီး လှံ၏တွန်ကန်အားကို ချေးငှား ယူကာ ပြိုင်ပွဲကွင်းပြင်ထဲသို့ တဖန်ပြန်ရောက်လာခဲ့သည်။

"အတော်လေးနီးသွားခဲ့တယ်!" ၀မ်ချောင်သည် သူ၏ရင်ဘတ်ကို ပုတ်ပြီး ပြောလိုက်သည်။

ချင်ယွင်သည် ခပ်ဝေးဝေးတွင် ရပ်ကာ ပြုံးပြလိုက်သည်။ အစောပိုင်းလေးက၊ သူသည်

၀မ်ချောင်နောက်ကိုလိုက်ပြီး အောင်ပွဲအတွက် အခွင့်ကောင်းကို အပြည့်အဝ အသုံးချလို့ရသည်။ ထို့အပြင် သူ၏ ပင်ကိုယ်စရိုက်အရ သူသည် သူ၏ပြိုင်ဘက်ကို နောက်တကြိမ်ပြန်ထရန် အခွင့်အရေးမပေးသည်မှာ သေချာသည်။

ဒါပေမယ့် ၀မ်ချောင်ကတော့ မတူပါဘူး။ သူ၏ ပင်ကိုယ်စရိုက်သည် သူ၏ဆန္ဒနှင့် အလွန်လိုက်ဖက်သည်။ ထို့အပြင် ၀မ်ချောင်သည် သူ၏ခွန်အားကို အပြည့်အ၀အသုံးမပြုရ‌သေးကြောင်း သူ ယုံကြည်ခဲ့သည်။ ဤ၀မ်ချောင်က သူ့ကို ဤမျှစိတ်ဝင်စားစရာကောင်းသည့် တိုက်ပွဲထဲကို မည်သည့်အတိုင်းအတာအထိ တွန်းပို့နိုင်မည်နည်းဆိုသည်ကို သူကြည့်ချင်နေမိသည်။

"မင်းရဲ့ ခွန်အားကို အပြည့်သုံးပါ။ ဒါမှမဟုတ် မင်း သံသယမရှိဘဲ ရှုံးသွားလိမ့်မယ်။" ချင်ယွင်က ရယ်မောရင်း ပြောသည်။

အဝေးရှိ ၀မ်ချောင်သည် ဤစကားကို မချေပပေ။ ယင်းအစား သူက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

အစောပိုင်းလေးက တိုက်ပွဲကို အကဲဖြတ်ကြည့်လျှင် သူ၏ရှေ့ရှိ လင်းယွင်သည် အမှန်တကယ်ကို ကြံ့ခိုင်လွန်း၏။ ထို့အပြင် သူသည် ဤအချိန်ထိ သူ၏ခွန်အားကို အပြည့်အ၀ အသုံးမချခဲ့ပေ။ လင်းယွင်သည် နားမလည်နိုင်အောင် ဖြစ်နေသည်ဟု သူအမြဲတမ်း ခံစားမိသည်။

အပြင်မှာပျံ့နေသည့် ကောလဟာလတွေအရ သူ၏အရှိန်ဟုန်သညါ ကြောက်ခမန်း လိလိ မြန်ဆန်သည်။ ဒါပေမယ့် တိုက်ပွဲစတည်းက ယခုအချိန်ထိ ၎င်းကို အသုံးမပြု သေးပေ။

"မူလကတော့ ၊ ငါဟာ ဒီသိုင်းကွက်ကို သိုင်းဂိုဏ်းချုပ်နယ်ပယ်ကို ဖြတ်ကျော်ပြီး လက်ရွေးစင် တပည့်တွေကို စိန်ခေါ်ရာမှာ အသုံးပြုဖို့ စီစဉ်ထားခဲ့တာ။ အခု၊ ဒီသိုင်းကွက်က မင်းနဲ့ ရင်ဆိုင်ဖို့ ထိုက်တန်တယ် ထင်တယ်။" ၀မ်ချောင် ပြုံးလိုက်သည်။

သူ့တစ်ကိုယ်လုံး၏ အငွေ့အသက်သည် အထပ်ထပ်အခါခါ ပြောင်းလဲသွားပြီး သူ၏ပတ်ဝန်းကျင်လေထုထဲတွင် မိုးကြိုးလျှပ်စီး ထွက်ပေါ်စပြုလာသည်။

ယခုအချိန်တွင် ၀မ်ချောင်သည် လျှပ်စီးများလွှမ်းခြုံထားသော စစ်နတ်ဘုရားကဲ့သို့ပင်။

သူ၏လက်ထဲရှိ အရှင်သခင်လှံသည် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးအလွှာ များနှင့် ဖုံးလွှမ်းနေသည်။

"ဒါက ဘယ်လိုသိုင်းပညာမျိုးလဲ" ပြိင်ပွဲကွင်းပြင် အပြင်ဘက်ရှိ လူအုပ်ကြီးသည်လည်း အထိန်းတလန့်ဖြစ်ပြီး အော်ဟစ်ကြသည်။ သို့သော် သူတို့ပတ်ဝန်းကျင်ရှိ လေထုထဲရှိ လျှပ်စီးကြောင်းများက သူတို့၏ ဦးရေပြားကို ထုံကျင်စေသည်။ သူတို့အားလုံး နောက်ပြန်ဆုတ်သွားကြသည်။ အကယ်၍ ဤလျှပ်စီးများသာ သူတို့ကို မတော်တဆ ထိမိရင် သူတို့ဟာ ကုတ်မီးသွေးအဖြစ် ပြောင်းသွားနိုင်သည်။

"ဒါက လျှပ်စီးဖျက်ဆီးခြင်း သဘောတရားကို ငါကိုယ်တိုင် နားလည်သဘောပေါက်ပြီး ဖန်တီးထားတဲ့ လျှပ်စီးဖျက်ဆီခြင်းတိုက်ကွက်တစ်ခုပဲ။" ၀မ်ချောင်က ပြောသည်။ သူ၏အငွေ့သက်သည် ထပ်ခါထပ်ခါ မြင့်တက်လာပြီး သူ၏ ပတ်ဝန်းကျင်ရှိ လျှပ်စီးကြောင်းများက ပို၍ပင် အားကောင်းလာသည်။ လျှပ်စီးကြောင်းတစ်ခုစီ တိုင်းသည် အဖျက်စွမ်းအားကို ထုတ်လွှတ်သည်။

သူ၏လက်ထဲရှိ အရှင်သခင်လှံသည် သေစေလောက်သည့် အဖျက်စွမ်းအား အငွေ့သက်ကို ထုတ်လွှတ်လိုက်ပြီး အကြည့်တစ်ချက်ဖြင့်ပင်လျှင် လူတစ်ယောက်၏ စိတ်နှလုံးကို တုန်လှုပ်သွားစေသည်။

"ဒါက လျှပ်စီးဖျက်ဆီးခြင်းရဲ့ သဘောတရားလား။ စိတ်ဝင်စားစရာပဲ!" နောက်ဆုံးတွင် ချင်ယွင်၏မျက်နှာသည် စစ်မှန်သောတိုက်ပွဲဆန္ဒကို ထုတ်ဖော်လာခဲ့သည် "လာစမ်း၊ မင်းရဲ့ဒီတိုက်ကွက်က ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ ငါကြည့်ပါရစေ" ၀မ်ချောင်သည် နည်းနည်းလေးမှ တုံ့ဆိုင်းမှု မရှိပေ။ သူသည် လျှပ်စီးကြောင်းပေါ်တွင် သူ၏ခြေဖျားကို နှစ်ကြိမ်ထိပုတ်ပြီး ဥက္ကာပျံကဲ့သို့ ပစ်လွှတ်လိုက်လေသည်။ သူ၏လက်ထဲတွင်ရှိသော လှံသည် ချင်ယွင်ဆီသို့ ပြေးသွားကာ ကြောက်မက်ဖွယ် ကောင်းသော အဖျက်အငွေ့ကို သယ်ဆောင်လာသည်။

လှံထိပ်ဖျားသည် ကောင်းကင်ကို ထိုးဖောက်ပြီး လေထုထဲတွင် ပြိုးပြိုးပြက်ပြက် လင်းလက်နေသော လေထုစက်ဝိုင်းများဖြစ်ပေါ်စေသည်။ ယင်းမှာ အလွန်ပြင်း ထန်သော အင်အား, အရှိန်အဟုန်ဖြင့် လေထုကို ဖိနှိပ်ခြင်းကြောင့် ဖြစ်သည်။

ဤမြင်ကွင်းကိုမြင်လိုက်ရလျှင် ချင်ယွင်သည် နောက်ဆုံးတွင် သူ၏ခွန်အားကို ထိန်ချန်နိုင်ခြင်းမရှိတော့ဘဲ သူ၏ခွန်အားအားလုံးကို သွန်းလောင်းလိုက်သည်။ ထို့နောက် တိုင်တောင်တန်းကြီးပြိုကျသကဲ့သို့သော အင်အားက သူ့ကိုကြိုဆို လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပွားခဲ့သည်။

အဖျက်စီးစွမ်းအား လွန်လွန်ကဲကဲပါဝင်သော အရှင်သခင်လှံသည် ချင်ယွင်၏ လက်သီးနှင့် တိုက်မိသွားသည်။

တုနှိုင်းမရအောင် ချွန်ထက်လှသည့်လှံထိပ်က ချင်ယွင်လက်သီးကို ထိမှန်သွားပေမယ့် ချင်ယွင်၏အရေပြားကို ထိခိုက်ခြင်း မရှိပါဘူး။

ဤမြင်ကွင်းကို ပရိသတ်များ မြင်လျှင်သူတို့၏စိတ်ထဲမှာ “ဟဲ့၊ သူက လူသား တစ်ယောက်ရော ဟုတ်ရဲ့လား။” ဟု ရေရွတ်ကြ၏။

ဘေးမှာရှိ‌နေသည့် ခရမ်းရောင်ဝတ် ဥပဒေစိုးမိုးရေးခန်းမ၏ တပည့်တောင်မှ မျက်မှောင် ကြုတ်ပြီး ထိတ်လန့်သည့်အမူရာ ထုတ်ဖော်ထား၏။

သူ၏ရုပ်ခန္ဓာကိုယ်သည် ပြိုင်ဘက်ကင်းပြီး၊ သူ၏ဗာဂျရာကိုယ်ထည်သည် မဆိုးလှပေ။ ဒါက ချင်ယွင်ဖော်ပြခဲ့သော ရုပ်ခန္ဓာမျိုး ဖြစ်နိုင်သည်။

အစွမ်းထက်သော အရှင်သခင်လှံသည် ချင်ယွင်၏ လက်သီးချက်နှင့် တိုက်မိပြီး စင်အောက်ရှိ ပရိသတ်များကို တုန်လှုပ်သွားစေသည့်ရိုက်ခတ်မှုလှိုင်းလုံးကြီးတစ်ခု စင်အောက်ဘက်ထိ ဖြစ်ပေါ်လာကာ စင်အောက်ရှိပရိသတ်များသည် ခြေလှမ်း အနည်းငယ် နောက်ဆုတ်လိုက်ရ၏။ လုံလောက်အောင် မသန်မာသောလူများသည် တိုက်ရိုက်ပင်လွင့်စင်သွားကြ၏

"ဘုန်း!"

ရုတ်တရက် ပေါက်ကွဲသံ ထွက်ပေါ်လာသည်။

၀မ်ချောင်၏လှံထိပ်မှာ စုစည်းထားသော စွမ်းအင်သည် ချက်ချင်းဆိုသလို ပေါက်ကွဲသွားပြီး ကောင်းကင်ယံကိုပင် တုန်လှုပ်စေသည့် ပေါက်ကွဲသံကို ဖြစ်ပေါ် စေခဲ့သည်။

၀မ်ချောင်ကိုလည်း လွင့်ထွက်သွားစေခဲ့သည်။ သို့သော် ချင်ယွင်၏ ခန္ဓာကိုယ်သည် လှုပ်ရှားခြင်းမရှိပေ။ ပြင်းထန်သော လှိုင်းလုံးကြီးသည် သူ၏ခန္ဓာကိုယ်ကို ရိုက်ခတ် သွားသည်။ သူ၏ဝတ်စုံကို ရိုက်ခတ်ရုံမျှသာဖြစ်ပြီး သူ့အတွက် အမှန်တကယ် ပျက်စီးဆုံးရှုံးမှုကို မဖြစ်စေနိုင်ခဲ့ပေ။

" မြေနိုး ၊ ဒီကောင်ရဲ့ ခန္ဓာကိုယ်က ဘာနဲ့လုပ်ထားတာလဲဟ၊ ဒါက ပုံမှန်မဟုတ်ဘူး။"

လူတိုင်းက ချင်ယွင်၏ ပုံမှန်မဟုတ်သော ခန္ဓာကိုယ်ကို ကျိန်ဆဲနေချိန်မှာပဲ ချင်ယွင်က ရုတ်တရက် လှုပ်ရှားသွားသည်။

လျှပ်စီးတချက် လင်းလက်လာသည်။

ချင်ယွင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် လျှပ်စီး လက်သလို အသွင်ပြောင်းကာ နောက်သို့လွင့်စင်နေသော ၀မ်ချောင်အနားတွင် ပေါ်လာသည်။ ထို့နောက် ၀မ်ချောင်၏ရင်ဘတ်ပေါ်တွင် လက်ဖဝါးကို ရိုက်နှိပ်ကာ ဥက္ကာပျံကဲ့သို့ လွင့်ထွက် သွားလေသည်။

သို့သော်လည်း လှံသည် နောက်ဆုံးတွင် ပြိုင်ပွဲကွင်းပြင်ထဲသို့မထိမီ လေထဲသို့ အကြိမ်အနည်းငယ် လှည့်ထွက်သွားသည်။

ချင်ယွင်၏ ဆက်တိုက် တိုက်ခိုက်မှုများသည် လွင့်မျောနေသောတိမ်များနှင့် စီးဆင်းနေ သော ရေများကဲ့သို့ပင်။ သူက ကြီးစိုးပြီး ရက်စက်သည်။ ထိုအချိန်တွင် စင်မြင့်ပေါ်တွင် ရပ်နေသော သူ၏ခန္ဓာကိုယ်သည် နေနှင့်လကို လှုပ်ခတ်နိုင်သော စစ်နတ်ဘုရားနှင့်တူသည်။

နောက်သို့လွင့်ထွက်သွားခဲ့သော ၀မ်ချောင် သည် သူ၏မျက်နှာပေါ်တွင် ခါးသီးမှုနှင့် သက်သာရာရမှု အရိပ်အယောင်ကို ထုတ်ဖော်ထားသည်။ ချိုင့်ကြီးထဲတွင် လှဲလျောင်းနေပြီး မလုပ်ရှားနိုင်ပေ။ သူသည် ကောင်းကင်ကို မော့ကြည့်ကာ "အရမ်းအားကြီးလွန်းတယ်!" ဟုပြောပြီး မေ့လဲသွားသည်။

ချင်ယွင်၏ တိုက်ခိုက်မှုသည် အလွန်မင်းမပြင်းထန်ပေ။ ၀မ်ချောင်၏ ရုပ်ခန္ဓာ ကြံ့ခိုင်မှုဖြင့် အချိန်အတော်ကြာ အနားယူပြီးနောက် ပြန်လည်ကောင်းမွန်လာမည်ဟု သူယုံကြည်ခဲ့သည်။ အဆုံးတွင် ၀မ်ချောင်ကို ဆက်တိုက် တိုက်ခိုက်ရခြင်း၏ အကြောင်းရင်းမှာ ၀မ်ချောင်ကို လေးစားသောကြောင့် ဖြစ်သည်။ ၀မ်ချောင်ကဲ့သို့သော တိုက်ပွဲကို ဝါသနာပါသူတစ်ဦးသည် ပြိုလဲကျသွားမှသာ တိုက်ပွဲ၏ တကယ့်အဆုံး သတ်အဖြစ် ယူဆနိုင်သည်ကို သူသိသည်။

အောက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ချင်ယွင်ကို ပြန်ကြည့်နေကြသော သူ့တို၏ မျက်လုံးများသည် ရိုသေမှုနှင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

တရားဥပဒေစိုးမိုးရေးခန်းမမှ တပည့်သည် အနိုင်ရသူကို ကြေညာပြီးနောက် ချင်ယွင်သည် တိုက်ရိုက်ထွက်ခွာသွားခဲ့သည်။ ယခုလေးတင်တိုက်ခိုက်ခဲ့သော ၀မ်ချောင်နှင့် တိုက်ပွဲသည် သူ့ကို လျှပ်စီးဖျက်ဆီးခြင်းအကြောင်းကို အနည်းငယ် ထိုးထွင်းသိမြင်စေခဲ့သည်။

၎င်းသည် စိတ်ဝိညာဉ်ထဲဖျတ်ခနဲလင်းလက်မူမျှသာ ဖြစ်သော်လည်း၊ ၎င်းသည် ထိုးထွင်းသိမြင်မူဉာဏ်အလင်း၏ မျိုးစေ့ဖြစ်လာနိုင်ပြီး တဖြည်းဖြည်း ပိုအားကောင်း လာနိုင်သည်။

All Chapters