လီချင်း၏ သတင်း
Vol. 6 Ch. 85
အခန်း (၈၅) လီချင်း၏ သတင်း
နောက်ရက်အနည်းငယ်ကြာအောင် တော်တော် လေး ငြိမ်သက်သွား၏။ ကောင်းကင် မိုးကြိုးရင်းပြင်တွင် ချင်ယွင်၏ စွမ်းဆောင်မှုကြောင့် လူအများအပြားကို ခြိမ်းခြောက် နိုင်ခဲ့သည်။
ထို့အပြင်၊ ချင်ယွင်သည် စိန်ခေါ်မှုကိုအနိုင်ရပြီးနောက်၊ သူသည် နောက်ထပ် ချီစုစည်း ခြင်းဆေး ဆယ်ပြားကို ရရှိခဲ့သည်။ ၎င်းဆေးပြားများကို သန့်စင်ပြီးနောက်၊ ချင်ယွင်၏ အစစ်မှန် ကျင့်ကြံမှုအဆင့်သည် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် နယ်ပယ်၏ အထွတ်အထိပ်သို့ တိုက်ရိုက် ပေါင်းစည်းသွားပြီး သူ၏အပေါ်ယံ ကျင့်ကြံမှု အဆင့်သည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်နယ်ပယ်အထိ တိုးတက် လာခဲ့သည်။
ရလာဒ်အနေဖြင့် သိမ်မွေ့ရေခဲအဖွဲ့ကို ပြဿနာရှာလိုသူများသည် ချင်ယွင်၏ ပြိုင်ဘက်များဖြစ်လာမည်ကို တွေးတောလာကြသည်။
ချင်ယွင်၏ခွန်အားသည် သိမ်မွေ့ရေခဲအဖွဲ့အတွက် လေးစားမှုများစွာ ရရှိခဲ့သည်။ အမှန်တကယ်ပင် သူ၏ သိမ်မွေ့ရေခဲအဖွဲ့သို့ တပည့်များ တယောက်ပြီးတယောက် ဝင်ရောက်မှတ်ပုံတင်ရန် စတင်လာခဲ့ကြသည်။ ဤအရာက လျူဂေါ့ နှင့် ကျန်းယွန် တို့ကို အလွန်ပျော်ရွှင်စေခဲ့သည်။
ယခုဆိုလျှင် ချင်ယွင်ကို သိမ်မွေ့ရေခဲအဖွဲ့သို့ ခေါ်ယူခြင်းသည် မည်မျှပညာရှိမည်ကို ပို၍ပင် သေချာလာခဲ့သည်။ ထို့အပြင် ချင်ယွင်၏ပုံရိပ်ကြောင့်သာမဟုတ်ပါက၊ သိမ်မွေ့ရေခဲအဖွဲ့သည် လုံးဝပျောက်ကွယ်သွားပြီး အခြားအဖွဲ့များက လုံးဝ ဝါးမျို သွားကြမည် ဖြစ်သည်။ ယခုအခါ ချင်ယွင်သည် အဖွဲ့အားလုံး၏ ခေါင်းဆောင် များထဲတွင် တစ်ယောက်အပါ အဝင်ဖြစ်လာခဲ့ပြီး ၎င်းတို့ကလည်း သူ့ကို သိမ်မွေ့ရေခဲ အဖွဲ့၏ ခေါင်းဆောင်အဖြစ် စတင် ဆက်ဆံလာကြသည်။
လျူဂေါ့သည် အခြားသော တပည့်များရှေ့တွင် ကြွားလုံးထုတ်နေချိန်၌ပင် သူသည် ခေါင်းမော့ရင်ကော့ကာ အခြားအဖွဲ့များတွင် လက်ရွေးစင်တပည့်များရှိသကဲ့သို့ သူတို့မှာလည်း ရှိသည်ဆိုသော အကြောင်းကို စတင်ကြွားလုံးထုတ်ခဲ့သည်။ လင်းယွင်ကို အချိန်အလုံလောက်ပေးနိုင်သရွေ့၊ သူသည် ၎င်းတို့ကို တစ်ယောက် ပြီးတစ်ယောက် ဖြတ်ကျော်သွားနိုင်သည်။
ဤစကားများသည် လက်ရွေးစင် တပည့်များကြားသို့ ပျံ့နှံ့သွားခဲ့သည်။ လက်ရွေးစင် တပည့်များသည် ချင်ယွင်ကို ပြဿနာရှာလိုသည့်အထိပင် အလွန်ဒေါသ ထွက်ခဲ့ကြသည်။ ချင်ယွင်သည် တစ်ယောက်တည်း တံခါးပိတ်ကျင့်ကြံ နေခြင်းကြောင့်သာ။ မဟုတ်ပါက ထိုခေါင်းကိုက်စရာပြဿနာများကို ရင်ဆိုင်ဖို့က လွဲပြီး အခြားရွေးချယ်စရာမရှိပေ။
ဟုတ်ပါသည်၊ ချင်ယွင်သည် လျှပ်စီးဖျက်ဆီးခြင်းသဘောတရားကို နားလည်ရန် တံခါးပိတ်ကျင့်ကြံနေခဲ့၏ ။ ၀မ်ချောင်နှင့် နောက်ဆုံးတိုက်ပွဲက သူ့ကို စိတ်အား ထက်သန်စေခဲ့တယ်။ သို့သော်လည်း နောက်ပိုင်းတွင် သူပြန်စဥ်းစားသောအခါတွင် ထိုစဉ်က သူခံစားခဲ့ရသည့် ခံစားချက်အနည်းငယ်မျှကိုပင် မတွေ့နိုင်တော့ပေ။ ဒါက သူ့ကို အလွန်စိတ်ဓာတ်ကျစေခဲ့သည်။
သို့သော်လည်း ယခုအချိန်တွင် လျူဂေါ့သည် လီချင်းဟုခေါ်သော အကြီးအကဲကို ရှာတွေ့ကြောင်း သတင်းပေးပို့ခဲ့ပြီး ယင်းက ချင်ယွင်ကို သံသယမရှိ များစွာသက်သာ လာစေခဲ့သည်။
လက်ထဲမှာ အင်အားစုတခုရှိထားခြင်းက သေချာပေါက် ကောင်းမွန်သည့်အရာဖြစ်၏။ အရာအားလုံးကို လုပ်ဆောင်ရတာ တကယ်ကို မြန်ဆန် သည်။ ဒီလိုမှမဟုတ်လျှင် လီချင်းဟုအမည်ရသည့် ဤအကြီးအကဲတစ်ဦးကို သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် ဤဂိုဏ်းကြီးထဲမှာ ရှာတွေ့ရန်ဆိုသည်မှာ လွယ်ကူသည့်အရာ မဟုတ်ပေ။ နောက်ဆုံးတွင်၊ ဤမိုးကြိုးဝိညာဉ်ဂိုဏ်းသည် ရိုးရာကျင့်ကြံခြင်း နည်းပညာရပ်များကို အပြည့်အဝ လေ့ကျင့်နေခဲ့ကြ၏။
ဂိုဏ်းအကြီးအကဲများသည် များသောအားဖြင့် လျှို့ဝှက်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သော အချို့သောကိစ္စရပ်များကိုသာ တာဝန်ယူထားသောကြောင့် ၎င်းတို့သည် ကိုယ်တိုင်ထွက်ပေါ် လာခြင်း လုံးဝမရှိပေ။ အကယ်၍ ကိုယ်တိုင် လှုပ်ရှားလျှင်တောင် သူတို့ထဲက တစ်ယောက် သို့မဟုတ် နှစ်ယောက်သာ ရှိလိမ့်မည်။ ထို့ကြောင့် ရာနှင့်ချီသောအကြီးအကဲများကြားတွင် လီချင်းအမည်ရှိ အကြီးအကဲတစ်ဦးကို ရှာတွေ့ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။
လျူဂေါ့၏ဖော်ပြချက်အရ လီချင်းဟုခေါ်သော ဤလူကြီးသည် ဆေးသန့်စင်ရေးခန်းမ ၏အကြီးအကဲတစ်ဦးဖြစ်သည်။ သူသည် ဆေးသန့်စင်ရေးခန်းမတွင် နေလေ့ရှိသည်။ သို့သော်၊ ကံမကောင်းတာက ဤသူသည် တိုင်ယွင်တောင်တန်းများတွင် အဖိုးတန် အပင်တစ်ပင်ကို ရှာဖွေနေပုံရပြီး မကြာသေးမီကမှ ထွက်သွားခဲ့၏။
လျူဂေါ့ကတော့ သူ့ကိုရှာချင်ရင် သူပြန်လာမည့်အချိန်ကို စောင့်ရုံပဲတတ်နိုင်သည်ဟု
ပြောသည်။
သို့သော် ချင်ယွင်၏ မျက်လုံးများ တောက်ပလာသည်။ ဇောင်ယု၏ ချီစွမ်းအင် လမ်းကြောင်းများ ပိတ်ဆို့ထားခြင်းကို ဖွင့်လှစ်ရန်အတွက် တွန်းအားပေးရန် လီချင်းကို ရှာဖွေနေရသည်။ ထိုအချိန်ရောက်လျှင် သူသည် တိုက်ပွဲဝင်ရဦးမည်။ အကယ်၍ လီချင်းသည် ဂိုဏ်းထဲမှာ ပုန်းနေလျှင် သူ ဘာမှလုပ်နိုင်မှာ မဟုတ်ပေ။ ယခု လီချင်းက အပြင်ထွက်လာခဲ့ပြီး ချင်ယွင်သည် သူ့ကို အပြင်မှာ အနိုင်ယူနိုင်လျင် ပိုကောင်းလိမ့် မည်။
ထို့ကြောင့် ချင်ယွင်သည် လီချင်းကိုရှာဖွေရန် တိုင်ယွန်တောင်တန်းသို့သွားရန် ဆုံးဖြတ်ခဲ့သည်။ သူ့ကို ရှာမတွေ့လျှင်တောင် လီချင်း ဂိုဏ်းဆီပြန်လာရာလမ်းကို ပိတ်ဆို့ထားလို့ရသည်။ ဒီလိုမှမဟုတ်လျှင် လီချင်းကို တိုက်ခိုက်ရန်အတွက် နောက်ထပ်အခွင့်အရေးတစ်ခုကို ရှာတွေ့ဖို့ဆိုသည်မှာ လွယ်ကူမှာ မဟုတ်သလို ဇောင်ယုသည်လည်း ဤမျှကြာအောင် စောင့်နိုင်မှာမဟုတ်ပေ။
ထို့အပြင် အတွင်းစည်းဂိုဏ်းဝင် တပည့်တိုင်းသည် တစ်လလျှင် တစ်ကြိမ် မစ်ရှင်များ ထမ်းဆောင်ကြရသည်။ ဤမစ်ရှင်အချို့သည် ဂိုဏ်းအတွင်းမှာရှိနေကြပြီး အချို့မစ်ရှင် များသည် ဂိုဏ်းမှအပြင်ထွက်ရန် လိုအပ်သည်။ တိုက်ဆိုင်စွာပင်၊ ဤလအတွက် သူ၏တာဝန်များ မပြီးမြောက်သေးပေ။ ထို့ကြောင့် ချင်ယွင်သည် တိုင်ယွန်တောင်တန်းနှင့် ပတ်သက်ပြီးမစ်ရှင်များ ရှိမရှိကြည့်ရန် မစ်ရှင်ခန်းမသို့ သွားရန် စီစဉ်ခဲ့သည်။
မစ်ရှင်ခန်းမသို့ရောက်သောအခါ၊ ချင်ယွင်သည် ကြီးမားသောနံရံများတွင် ထမ်းဆောင် ရမည့် မစ်ရှင်အမိန့်များစွာ ချိတ်ဆွဲထားသည်ကို တွေ့ရှိခဲ့ရသည်။ ဤမစ်ရှင်များကို အဆင့်အမြင့်ဆုံးမစ်ရှင်မှ အနိမ့်ဆုံးအဆင့်မစ်ရှင်အထိ A၊ B နှင့် C၊ ဟူ၍အအဆင့် သုံးဆင့် ခွဲခြားထား၏။
ချင်ယွင်သည် C-အဆင့် မစ်ရှင်များကို ငေးကြည့်ရင်း အများစုမှာ ကျမ်းစာဆောင် အဆောက်အဦးနှင့် လှေကားများကို သန့်ရှင်းရေးလုပ်ခြင်းကဲ့သို့သော အခြေခံ မစ်ရှင် များဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ မစ်ရှင်တစ်ခု သို့မဟုတ် နှစ်ခုသာ ကျန်တော့ပြီး မိုးကြိုးဝိညာဉ်မြို့မှာ ပစ္စည်းသွားဝယ်ခြင်းမျိုးမစ်ရှင်အချို့လည်း ရှိသေးသည်။
ထို့ကြောင့် ချင်ယွင်သည် C-အဆင့် မစ်ရှင်ကို ပြတ်ပြတ်သားသား စွန့်လွှတ်လို က်သည်။ B-အဆင့်သို့ သူလျှောက်သွားသောအခါ B-အဆင့် မစ်ရှင်သည် C-အဆင့်မစ်ရှင်ထက် များစွာမြင့်မားကြောင်း သူတွေ့ရှိခဲ့ရသည်။ ဥပမာအားဖြင့်၊ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတတိယအဆင့် ကောင်းကင်အလွှာ သိုင်းသခင်တစ်ဦးကို သတ်ဖြတ်ခြင်း အစရှိသည်တို့ ဖြစ်သည်။
သာမာန်အတွင်းစည်းဂိုဏ်း၀င် တပည့်များသည် ထိုသို့သော တာဝန်များကို ထမ်းဆောင်နိုင်သည်။ သူတို့ဂရုစိုက်သရွေ့တော့ အန္တရာယ်ရှိမှာ မဟုတ်ဘူး။ မစ်ရှင်များကို ပြီးမြောက်စေခြင်းအတွက် ၎င်းတို့သည် ဆုအချို့ကို ရရှိမည်ဖြစ်သည်။
ချင်ယွင်သည် ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီး တိုင်ယွန်တောင်များသို့ မစ်ရှင်မရှိသည်ကို တွေ့လိုက်ရသောကြောင့် A-အဆင့်မစ်ရှင်ဆီသို့ တန်းတန်း မတ်မတ်သွားခဲ့သည်။
A အဆင့်မစ်ရှင်များသည် C အဆင့်မစ်ရှင်များထက် များစွာမြင့်မားသည်။ ဥပမာအားဖြင့်၊ သူတို့သတ်ပစ်ရမည့် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ တပည့်များအားလုံးသည် အဋ္ဌမအဆင့် သို့မဟုတ် န၀မအဆင့် ကောင်းကင်အလွှာ သိုင်းသခင်များဖြစ်ကြပြီး အချို့မှာ သိုင်းဂိုဏ်းချုပ်အဆင့်သို့ပင် ရောက်ရှိသွားကြသည်။
လူပေါင်းများစွာ အတူတကွ လုပ်ဆောင်ရန် လိုအပ်သည့် ကြီးမားသော မစ်ရှင်များပင် ရှိခဲ့သည်။ ဤနေရာရှိမစ်ရှင်များသည် များသောအားဖြင့် ကြီးမားသော အန္တရာယ် များလည်းလိုက်ပါလာကြသည်။ စတုတ္ထအဆင့်သို့မဟုတ် ပဉ္စမအဆင့် ကောင်းကင် အလွှာရှိ သိုင်းဂိုဏ်းချုပ်နယ်ပယ် ရန်သူများကိုပင် ရင်ဆိုင်ရ နိုင်ချေရှိသည်။
ထို့ကြောင့်၊ ဂိုဏ်းက ဤမစ်ရှင်များကို လက်ရွေးစင်တပည့်များသာ လက်ခံခွင့်ပြုရန် စည်းမျဉ်းများကို ကန့်သတ်ထားသည်။
သေချာသည်မှာ မစ်ရှင်က ပိုအန္တရာယ်များလေ၊ ဆုလာဘ်ကကြီးလေပါပဲ။ အမြင့်မား ဆုံး ဆုမှာ ချီစုစည်းခြင်းဆေး တစ်ထောင်ဖြစ်သည်။
ရုတ်တရက်ဆိုသလို၊ ချင်ယွင်၏မျက်နှာသည် အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူသည် မစ်ရှင်စာရင်းမှာတွေ့လိုက်ရသော မစ်ရှင်တခု ကြောင့်ဖြစ်၏။ "မကောင်းဆိုးဝါးတပည့် ချင်ယွင်၊ ခန့်မှန်းခြေ သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်၊ သူ့ဘေးမှာ အဆင့်သုံး မြွေပုံစံဆိတ်သုဉ်းခြင်း သားရဲရှိ၏။ အကယ်၍ ဒီပဟေဠိကို ပြီးပြည့်စုံအောင်အဖြေရှာနိုင်လျှင် ချီစုစည်းခြင်း ဆေးတစ်ရာနှင့် စိတ်ဝိဉာဏ်ပြောင်းလဲခြင်း ဆေးဆယ်လုံးကို သင်ရရှိနိုင်မည်။ ကျေးဇူးတင်စရာကောင်းတာက ၎င်းကို ၁၃ကြိမ်တိုင်တိုင် တရား၀င်ကြေငြာ ထားသော်လည်း မအောင်မြင်သေးပါ "
ထုံးစံအတိုင်း၊ မိုးကြိုးဝိညာဉ်ဂိုဏ်း၏ မစ်ရှင်အားလုံးသည် ဂိုဏ်းကိုယ်တိုင်မှ လုံးဝ မဟုတ်ပေ။ အများစုမှာ ပြင်ပဖောက်သည်များထံမှ ရောက်လာကြသည်။ ဤနည်းအားဖြင့် ဂိုဏ်းသည် ၎င်း၏တပည့်များကို ဖေးမနိုင်ပြီး ၎င်းတို့ထံမှ အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။
ထို့ကြောင့် ချင်ယွင်၏နာမည်ကို ဂိုဏ်း၏ ဖောက်သည်ကြီးဖြစ်သော တိုင်ယွန် ကုန်သည် ကြီးများအသင်းက ဤမစ်ရှင်ကို ရေးသားထားသည်။
"တိုင်ယွန်ကုန်သည်ကြီးများအသင်းက လက်မလျှော့သေးဘူးဆိုတာကို ငါ မျှော်လင့် မထားခဲ့ဘူး ။ မှန်ပါတယ်လေ ။ နောက်ဆုံးတော့ ငါက တိုင်ယွန်ကုန်သည် ကြီးများအသင်းအကြီးအကဲရဲ့ သားကိုမှ သတ်ပစ်လိုက်မိတယ်။ ဘယ်လိုလုပ် လွယ်လွယ်နဲ့ စွန့်လွှတ်နိုင်မလဲ။ ငါ့ကိုလိုက်ရှာဖို့ မစ်ရှင်ကို ၁၃ ကြိမ်လက်ခံထား ခဲ့တယ်။ ငါက တကယ်ပဲ အနိုင်ကျင့်ဖို့ လွယ်ကူပုံရတယ်။ ချင်ယွင်သည် သူ၏စိတ်ထဲ တွင် သူ့ကိုယ်သူ ရယ်နေမိသည်။
သေချာသည်မှာ၊ ဤမစ်ရှင် ၁၃ ကြိမ်လုံးက ပြီးမြောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ချင်ယွင်သည် လင်းယွင်အဖြစ်သို့ ပြောင်းလဲကာ မိုးကြိုးဝိညာဥ်ဂိုဏ်းသို့ ဝင်ရောက် သွားမည်ဟု မည်သူက တွေးထင်မည်နည်း။
ချင်ယွင်သည် ရှိုက်ကြီးတငင် ပြုံးပြီး ခေါင်းယမ်းလိုက်သည်။ ဆက်လက်ရှာ ဖွေကြပါစေ။ သူ့ကိုတွေ့သည့်အချိန်ရောက်လျှင် သူသည်လည်း သူ၏ပန်းတိုင်သို့ ရောက်ပြီးဖြစ်ကာ သူ ဤနေရာမှ ထွက်သွားတာ ဖြစ်နိုင်သည်။
နောက်ဆုံးတွင်၊ ချင်ယွင်သည် တိုင်ယွန်တောင်တန်းသို့သွားပြီး ဒေါသထန်ပြင်းဧရာမ လူဝံကြီးကိုသတ်ရန် မစ်ရှင်တစ်ခုကို တွေ့လိုက်ရသည်။ သို့သော်၊ ဤသည်မှာ လူငါးဦးလိုအပ်သော အဖွဲ့မစ်ရှင်တစ်ခုဖြစ်သည်။ ယခု ဤမစ်ရှင်ကို လက်ခံထားသည့် လူလေးယောက်ရှိပြီ။ တစ်ယောက်ပဲ ကျန်တော့တယ်။
ချင်ယွင်သည် ဤလူများ၏ နာမည်များကို တစ်ချက်ကြည့်လိုက်ပြီး ၎င်းတို့သည် ဂိုဏ်း၏ ထိပ်တန်းလက်ရွေးစင် တပည့်များ ဖြစ်ပုံရကြောင်း တွေ့ရှိခဲ့သည်။
တကယ်တော့ ချင်ယွင်သည် ဤလက်ရွေးစင်တပည့်များနှင့် မဆက်ဆံလိုသေးပါ။ နောက်ဆုံးတော့ သူ့မှာ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။
ဤလက်ရွေးစင်တပည့်များနှင့် ဆက်ဆံပြီးသည်နှင့် သူ၏ခွန်အားသည် အလွန် လျင်မြန်စွာ ဖော်ထုတ်ခံရနိုင်မည်ဖြစ်သည်။ ထိုအချိန်တွင် သူသည် လူအများ၏ အာရုံစိုက်မှုကို ခံရမည်မှာ သေချာသည်။
သို့သော် တိုင်ယွန်တောင်တန်းနှင့်ပတ်သက်ပြီး ဤမစ်ရှင်တစ်ခုသာရှိသေးသည်။ ချင်ယွင် သည် မစ်ရှင်အမိန့်ကို ဖြုတ်ယူပြီး မစ်ရှင်ခန်းမ ၏ အကြီးမှူးတပည့်ဆီ စာရင်းသွင်းရန်မှတပါး ရွေးချယ်စရာမရှိပေ။