လူတို့၏ စိတ်နှလုံးကို နှိုးဆော်ခြင်း။
Vol. 6 Ch. 86
အခန်း (၈၆) လူတို့၏ စိတ်နှလုံးကို နှိုးဆော်ခြင်း။
အကြီးအမှူးတပည့်သည် ချင်ယွင်ထံမှ မစ်ရှင်အမိန့်ကို ယူလိုက်သည်။ ပထမတန်းစားမစ်ရှင်တစ်ခုကို မြင်လိုက်သည်နှင့် သူ၏မျက်နှာမှာ အပြုံးတစ်ခု ချက်ချင်းပေါ်လာသည်။ သို့သော် ချင်ယွင်သည် အပြာရောင်တပည့်ဝတ်စုံဝတ် ထားသည်ကို မြင်လိုက်သောအခါတွင် သူ၏အမူအရာမှာ ချက်ချင်း အေးစက်သွားခဲ့ သည်။
အတွင်းစည်းဂိုဏ်းတပည့်များသည် A-အဆင့် မစ်ရှင်များကို လက်ခံ၀ံ့ကြသည်။ ထို့အပြင် ၎င်းမစ်ရှစ်များသည် အလယ်လတ်အဆင့် မစ်ရှင်များဖြစ်သည်။ ဤအလယ် လတ်အဆင့်မစ်ရှင်များသည် အဆင့်မြင့်အဆင့်မစ်ရှင်များကဲ့သို့ လက်ရွေးစင် တပည့်များ ပါဝင်ရန်လိုအပ်သော်လည်း မတင်းကျပ်လှပေ။ လက်ရွေးစင် တပည့်များ၏ ခွန်အားမပါဘဲ၊ ထိုသို့သောအန္တရာယ်ကို မည်သူက လက်ခံဝံ့မည်နည်း။
ယခု ဂိုဏ်းထဲတွင် သဘောတူညီမှုတစ်ခုရှိသည်။ ဤကဲ့သို့သော အလယ်လတ်အဆင့်
မစ်ရှင်အတွက်၊ လက်ရွေးစင်တပည့်များကသာ စာရင်းသွင်းရလိမ့်မည်။ ထို့အပြင်၊ ဤကဲ့သို့သောအဖွဲ့မစ်ရှင်အတွက်၊ သင့်မှာ လက်ရွေးစင်တပည့်တစ်ဦး၏ ခွန်အား ရှိစရာမလိုပေ။ သို့ပေမယ့် ဒါက အသင်းအင်အားကို အားလျော့စေလိမ့်မည်။ ယေဘူယျအားဖြင့်ပြောရလျှင် အဖွဲ့၀င်များသည် အတွင်းစည်းဂိုဏ်းဝင်တပည့်များနှင့် ပူးပေါင်းရန် သဘော တူမည်မဟုတ်ပေ။
ထို့ကြောင့် အကြီးအမှူးတပည့်က ချင်ယွင် သည် အပြာရောင်တပည့်ဝတ်စုံကို ၀တ်ထားသည်ကို မြင်သောအခါတွင် သူ၏မျက်နှာတွင် မကျေမနပ်ဖြစ်နေသည်။ သူသည် စိမ်းစိုနေသော ဆံပင်နှင့် မသိနားမလည်သူတစ်ယောက်ဟု သူထင်ခဲ့သည်။
"မင်းရဲ့မစ်ရှင် ပြောင်းသင့်တယ်!" အကြီးအမှူးတပည့်က အေးစက်စွာပြောသည်။
"ဘာကြောင့်လဲ?" ချင်ယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
အကြီးအမှူးတပည့်က ခေါင်းကိုမော့ပြီး ချင်ယွင်ကို မျက်စောင်းထိုးလိုက်သည်။ ထို့နောက် သူက စိတ်မရှည်စွာပြောသည် "ဒီမစ်ရှင်အတွက် စာရင်းသွင်းထားတဲ့ သလူတွေ အားလုံးက လက်ရွေးစင်တပည့်တွေ ဖြစ်နေတယ်ဆိုတာ မင်း သတိ မထားမိဘူးလား။ မင်းလိုအတွင်းစည်းဂိုဏ်းတပည့်က ဘာကြောင့် သွားပူးပေါင်းရ တာလဲ"
ဤအကြီးအမှူးတပည့်သည် သူ၏စွမ်းအားနိမ့်ကျမူနှင့်ပတ်သက်၍ မကျေမနပ်ဖြစ် နေကြောင်း ချင်ယွင်မှ ချက်ချင်းနားလည်သဘောပေါက်သွားပြီး "ဒါပေမယ့် ဂိုဏ်းမှာ A-အဆင့် အလယ်အလတ်မစ်ရှင်အတွက် လျှောက်ထားလို့မရတဲ့ စည်းမျဉ်း စည်းကမ်း တွေ မရှိပါဘူး"
ချင်ယွင်က အမှန်တကယ် သတ္တိရှိရှိ တုံ့ပြန်ဝံ့သည်ကို တွေ့လိုက်ရတော့ အကြီးအမှူး တပည့်သည် မကျေမနပ် မျက်နှာအမူအရာဖြင့် "ငါက မင်းလုပ်လို့မရဘူးပြောရင် မင်းလုပ်လို့မရဘူးပေါ့" ဆိုပြီး ချက်ချင်း ပြောလိုက်သည်။
"မင်းရဲ့ ကိုယ်ပိုင်အခွင့်အာဏာကို အလွဲသုံးစားလုပ်နေတာလား။" ချင်ယွင်က ဒေါသ တကြီးပြောသည်။
မူလကတည်းက ဤအကြီးအမှူးတပည့်သည် အတွင်းစည်းဂိုဏ်းတပည့် ဖြစ်သော ကြောင့်ဟု သူကို(ပါ၀င်ရန်မသင့်ဟု) ဖျောင်းဖျပြောသင့်သည်။ အမှန်တကယ် လည်း၊ ထိုသို့သော မစ်ရှင်တွင် ပါဝင်ရန် ခွန်အားမရှိသော အတွင်းစည်းဂိုဏ်းဝင် တပည့်တစ်ဦးသည် အမှန်တကယ်ပင် သေခြင်းတရားကို ဆွဲဆောင်နေပါသည်။ သို့သော် ဤအကြီးအမှူးတပည့် ၏သဘောထားက သူ့ကို အလွန်မပျော်မရွှင် ဖြစ်စေခဲ့သည်။
"ငါ့ရဲ့ကိုယ်ပိုင်အခွင့်အာဏာကို အလွဲသုံးစားလုပ်တယ်ကွာ ၊ ဘာဖြစ်လဲ။ ဒီနေ့ မင်း ငါ့ကို ဘာလုပ်နိုင်မလဲဆိုတာ ငါကြည့်ချင်တယ်။အကြီးအမှူးတဦးတပည့်ကို ပွင့်ပွင့် လင်းလင်း ရန်စရင် မင်းအပြစ်ပေးခံရမယ်ဆိုတာကိုသိထားရမယ်။" အကြီးအမှူး တပည့်က မောက်မာစွာအော်သည်။
ချင်ယွင်သည် သူ၏စိတ်ထဲတွင် ဒေါသတကြီး ဖြစ်နေပြီ။ ဤအကြီးအမှူးတပည့်ကို သင်ခန်း စာတစ်ခု သင်ပေးတော့မည့်အချိန်တွင် အေးစက်သည့်အသံက သူ၏နားထဲ မှာ ရုတ်တရက် ထွက်ပေါ်လာသည်။
"အကြီးအမှူးတပည့်တယောက်က ဘယ်အချိန်ကတည်းကစပြီး ဒီလောက် သြဇာ အာဏာကြီးမားသွားတာလဲ။ မင်းက မင်းရဲ့ကိုယ်ပိုင်အခွင့်အာဏာကို အလွဲသုံးစား လုပ်ဝံ့တယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုဝံ့တယ်ပေါ့"
အသံက အေးစက်ပြီး ကြည်လင်ပြတ်သား သည်။ ချင်ယွင်သည် အသံလာရာဆီကို လိုက်ကြည့်လျှင် ခရမ်းရောင်တပည့်၀တ်စုံ ၀တ်ထားသော အမျိုးသမီးတစ်ယောက် သူ့နောက်မှာ ရပ်နေတာကို တွေ့လိုက်ရသည်။ သူမသည် အရပ်မြင့်မြင့် မြင်ရသူကိုပူလောင်စေသော အလှပိုင်ရှင်မျိုးဖြစ်ပြီး ချင်ယွင်သည် ထိုအမျိုးသမီး မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသောအခါ တုန်လှုပ်သွားသည်။
ရောက်ရှိလာသူအမျိုးသမီးမှာ ယန်ချွန်ကိုစိန်ခေါ်ထိုနေ့က ကောင်းကင်မိုးကြိုး ရင်ပြင်သို့ ရောက်ရှိလာသည့် အသက်ရှူမှားလောက်ဖွယ်အမျိုးသမီးမှလွဲ၍ အခြားသူ မဟုတ်ပေ။ နောက်ဆုံးအကြိမ်တွင်၊ အကွာအဝေးကြောင့် ချင်ယွင်သည် အလွန် ရှင်းလင်းစွာ မမြင်နိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ဤအမျိုးသမီးသည် အမှန်တကယ်ပင် ရှားပါးလှ သော အလှပိုင်ရှင်ဖြစ်ကြောင်း ရှင်းရှင်း လင်းလင်း သိမြင်နိုင်ခဲ့သည်။
သူမ၏ သွယ်လျသော မိုးမခမျက်ခုံးအောက်တွင် ညှို့ဓာတ်ပြင်းဆန်ပြီး ဆွဲဆောင်မှု ရှိသော မျက်လုံးတစ်စုံရှိသည်။ သူမ၏ နှာတံသည် ပေါ်လွင်ပြီး ချောမွတ်သည်။ ယောက်ျားများကို အဆွဲဆောင်နိုင်ဆုံးအရာကတော့ သူမ၏အနီရောင်နှုတ်ခမ်း တစ်စုံပင်ဖြစ်သည်။ နှုတ်ခမ်းတစ်စုံကို ကြည့်လိုက်မိလျှင် မြင်ရသူလူအများသည် ကိုက်ပစ်ချင်စိတ်ပေါက်လာလိမ့်မည်။
ဤမိန်းမပေါ်လာသည်နှင့် အကြီးအမှူးတပည့်သည် ချက်ချင်းပင် ဇောချွေးများ ထွက်ကာ ထိတ်လန့်သွားသည်။ သူက ကမန်းကတန်းပြုံးပြီး "မဟုတ်ဘူး၊ မဟုတ်ပါ ဘူး၊ ငါ့ကိုယ်ပိုင်အခွင့်အာဏာကို အလွဲသုံးစားမလုပ်ဝံ့ပါဘူး။
ဒီတပည့်ပဲ၊ သူက အလယ်အလတ်အဆင့် မစ်ရှင်တစ်ခုအတွက် လျှောက်ထား ချင်နေတယ်။ ဟုတ်ပါတယ်၊ အဲဒီမစ်ရှင်အဖွဲ့ကို အဖွဲ့ခေါင်းဆောင် ကျန်းက ဦးဆောင်နေပုံရတယ်။ …"
ချင်ယွင်သည် သူ၏စိတ်ထဲမှာ လှောင်ရယ်နေခဲ့တယ်။ ဤအကြီးအမှူးတပည့်သည် အမှန်ပင် ဆင်းရဲဒုက္ခကို ကြောက်ရွံ့သူဖြစ်သည်။
သို့သော် သူ၏ရှေ့ရှိ ဤအမျိုးသမီး၏ နောက်ခံအကြောင်းကို သူ အလွန် သိချင်နေခဲ့သည်။ သူမသည် အမှန်တကယ်ပင် ဤအကြီးအမှူးတပည့်ကို တုန်လှုပ်စေခဲ့သည်။ သာမန်လက်ရွေးစင် တပည့်တစ်ဦးသည် ထိုအကြီးအမှူး၏ လက်များ တစ်ချိန်လုံး တုန်လှုပ်သွားသည်အထိ အလွန်ထိတ်လန့်နေမည်မဟုတ်ပေ။
ထို့အပြင်၊ ဤအကြီးအမှူးတပည့်သည် သူမကို အဖွဲ့ခေါင်းဆောင်ကျန်း ဟုခေါ်သည်။ သူသည် အဖွဲ့ကြီးခြောက်ခု၏ အဖွဲ့ခေါင်းဆောင်များထဲမှာ တစ်ဦးအပါ၀င် ဖြစ်နိုင်ပါ သလား။
အဖွဲ့ခေါင်းဆောင်ကျန်းဟုခေါ်သော အံ့မခန်းအမျိုးသမီးသည် ချင်ယွင်ကို လက်ညှိုး ထိုးပြပြီး "သူက ဘယ်သူလဲဆိုတာ မင်းသိလား"ဟု အကြီးအမှူး တပည့်ကိုမေး၏။
အကြီးအမှူးတပည့်သည် ဤအမျိုးသမီးက ဘာကြောင့် ဒီမေးခွန်းကို ရုတ်တရက် မေးလာသည်ကို မသိပါဘူး။ မူလက ဤလူသည် သာမန် အတွင်းစည်းဂိုဏ်း၏ တပည့်တစ်ဦးသာ ဖြစ်သည်ဟု ဆိုလိုက်ချင်သော်လည်း သူသည် စကားလုံးများကို ပြန်မျိုချလိုက်သည်။ ထို့နောက် ခေါင်းယမ်းကာ "မသိပါဘူး" ဟုပြောသည်။
"သူက သိမ်မွေ့ရေခဲအဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့အပြင် ငါ့ရဲ့သိမ်မွေ့ နှလုံး သားအဖွဲ့နဲ့လည်း မဟာမိတ်ဖြစ်တယ်။" ရင်သပ်ရှုမောဖွယ် အမျိုးသမီးက ပြောသည်။
အကြီးအမှူးတပည့်သည် ခဏတာ အံ့အားသင့်သွားကာ ချင်ယွင်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ ထို့ကြောင့် သူ့ရှေ့တွင်ရှိသော ဤသူသည် မကြာသေးမီက လင်းလက်တောက်ပလာသော သိမ်မွေ့ရေခဲအဖွဲ့၏ခေါင်းဆောင် လင်းယွန် ဖြစ်နေသည်။
သို့သော် သိမ်မွေ့ရေခဲအဖွဲ့နှင့် သိမ်မွေ့နှလုံးသာအဖွဲ့တို့သည် မည်သည့်အချိန်က မဟာမိတ်ဖြစ်ခဲ့ကြသနည်း။
ယခင်က ရန်လိုသော အင်အားစုများဟု မယူဆကြသော်လည်း ၎င်းတို့၏ ဆက်ဆံ ရေးသည် ဤမျှအထိ ကောင်းမွန်သည်ကို မမြင်ဖူးခဲ့ကြပေ။
သို့သော်၊ ထိုအကြီးအမှူးတပည့်သည် သူ့ရှေ့ရှိအမျိုးသမီး၏အဓိပ္ပာယ်ကို သဘာဝ ကျကျ သိသည်။ ဆိုလိုတာက အကယ်၍ သူသည် လင်းယွင်နှင့် အဆင်မပြေဘူး ဆိုလျှင် သူမ၏ သိမ်မွေ့နှလုံးသာအဖွဲ့နှင့်လည်း အဆင်မပြေဘူးဟု ဆိုလို၏။ အကြီးအမှူးတပည့်ငယ်လေးက သိမ်မွေ့နှလုံးသာအဖွဲ့ကို စော်ကားဖို့ ဘယ်လိုလုပ် သတ္တိရှိပါ့မလဲ။ ထို့ကြောင့်၊ " ကောင်လေး၊ မင်းက သိမ်မွေ့ရေခဲအဖွဲ့ရဲ့ ခေါင်းဆောင် လင်း ဆိုတာကို စောစောလေးက ငါ မသိခဲ့ဘူး၊ တောင်းပန်ပါတယ်"
ချင်ယွင်သည် ဤအကြီးအမှူးတပည့်၏ လေသံနောက်လိုက်၍ ပြုမူလုပ်ဆောင်နိုင် စွမ်းကို မြင်ဖူးသည်ဟု ယူဆနိုင်သည်။ သူက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက် သည် "ဒါဆို ဒီမစ်ရှင်ကို အခုပဲ လျှောက်ထားလို့ရမလား"
“ဒါ” အကြီးမှူးတပည့်က ယင်းသက်ရှူမောဖွယ်လှပသောအမျိုးသမီးကို ကြည့်ကာ တုံ့ဆိုင်းသွားသည် ။
"သူပြောတဲ့ အတိုင်းလုပ်လိုက်လေ။" ရင်သပ်ရှုမောဖွယ်လှပသော အမျိုးသမီးက ပြောသည်။
"ကောင်းပြီ ကောင်လေး၊ အခုဘဲလုပ်ပေးလိုက်မယ်!" ရင်သပ်ရှုမောဖွယ်အမျိုးသမီးက ခေါင်းညိတ်ပြတာကိုမြင်တော့ အကြီးအမှူးတပည့်သည် မချေပဝံ့တော့။ သူသည် ချင်ယွင်ဆီမှ လျှောက်လွှာကို ဆောလျင်စွာ ကူညီပေးပြီး စာမေးပွဲပုံစံကို ချင်ယွင်အား လေးစားစွာ ပေးအပ်ခဲ့သည်။
ထုံးစံအတိုင်း၊ ချင်ယွင်သည် ထိုသို့သောလူနှင့် တွေ့ဆုံရန် မလိုအပ်ပေ။ ရင်သပ်ရှုမောဖွယ်အမျိုးသမီးသည် မစ်ရှင်ခန်းမထဲမှ ထွက်သွားသည်ကိုမြင်လျှင် သူသည်လည်း ကပျာကယာနောက်သို့ လိုက်သွားခဲ့သည်။
အကြီးအမှူးတပည့်သည် ချင်ယွင်၏ နောက်ကျောကို ကြည့်ပြီး "ဘယ်လောက်တောင် ကံကောင်းလိုက်တဲ့ကောင်လေးလဲ။ သူက တကယ်ကို ကျန်းရွန်ရှင်းနဲ့ တစ်ခုခုတော့ ဖြစ်နေပြီလေ။"
ချင်ယွင်သည် မစ်ရှင်ခန်းမမှ ပြေးထွက်လာပြီး ရင်သပ်ရှုမောဖွယ် အမျိုးသမီးသည် အဝေးသို့ မသွားသည်ကို တွေ့လိုက်ရသည်။ ထိုအစား၊ သူမသည် ချင်ယွင်ကို အမီလိုက်လာရန် မျှော်လင့်နေသလိုမျိုး သူမသည် တံခါးအပြင်ဘက်တွင် ရပ်စောင့်နေသည်။
"စီနီယာအစ်မ၊ အစောလေးက ကူညီမူအတွက် ကျေးဇူးတင်ပါတယ်" ချင်ယွင်က အကြာကြီးစဉ်းစားပြီးမှ ပြောလိုက်သည်။
အံ့မခန်းအမျိုးသမီးကပြုံးပြီး မျက်ခုံးပင့်လိုက်တယ်။ "ဒါဆို မင်း ငါ့ကို ဘယ်လိုမျိုး ကျေးဇူးဆပ်မှာလဲ"
ချင်ယွင်သည် အံ့အားသင့်သွားသည်။ သူ၏ရှေ့ရှိ စီနီယာအစ်မသည် သူနှင့် နောက်ပြောင်နေပြန်သည်။ နောက်ဆုံးအကြိမ်တွင် သူမသည် မြင့်မားသော စင်မြင့်ပေါ်တွင်ရှိနေပြီး အဝေးထွက်ပြေးသည့်အထိ သူ့ကို ခြောက်လှန့်ခဲ့သည်ကို သတိရမိသည်။ ပြီးခဲ့သော အကြိမ်က ဤအမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုရှိသော အကြည့်ကြောင့် သူကြောက်လန့်သွားခဲ့ရခြင်းအတွက် နောင်တရမိသည်။ ယခုတကြိမ် ပြန်ကြုံရပြန်ပြီ။
ယင်းနောက် ချင်ယွင်လည်း စနောက်လိုဟန်ဖြင့် "ဒါဆို မင်းခန္ဓာကိုယ်နဲ့ပတ်သက်ပြီး
ကတိတစ်ခု ပေးစေချင်တာလား"
ယင်းအခိုက် ကျန်းရွန်ရှင်းသည် အနည်းငယ် အံ့အားသင့်သွားပြီး ပန်းပွင့်အကိုင်း အခက်များ တုန်ခါသွားသည်အထိ ရယ်မောလိုက်သည်။
သူမသည် အမြဲတစေ အခြားသူများကို ကျီစယ်ဝံ့သူသာဖြစ်သည်။ သူမကို ဘယ်သူမှ မစော်ကားရဲကြဘူး။ သူမရှေ့မှာရှိသည့် ဒီလင်းယွင်ဆိုသည့်ကောင်လေးသည် သူမကို ယခုလိုပုံစံမျိုးဖြင့် ကျီစားရဲခဲ့သည်။ သူက ရိုးရိုးရှင်းရှင်း ရဲရင့်လွန်းသည်။
သို့သော် ရံဖန်ရံခါ ကျီစားခံရခြင်းက ကောင်းပါသည်။
ကျန်းရွန်ရှင်း၏ နှလုံးသားသည် ပျော်ရွှင်မှုနှင့် ပြည့်နှက်နေသည်။ သူမက ချင်ယွင်၏နား ဘေးနားကပ်ကာ နှင်းလိုဖြူဖွေးသည့်သူမပါးကို တင်လိုက်ပြီး "ကောင်းပြီလေ၊ ငါတို့ အခုဘဲ သတို့သမီးအခန်းထဲကို သွားကြမလား"
ချင်ယွင်သည် သူ၏တစ်ကိုယ်လုံး တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်ရှိ မကောင်းဆိုးဝါးမီးတောက်များသည် အမှန်တကယ်ပင် လျင်မြန်စွာ မြင့်တက်လာပြီး သူ့ကို အလွန်ကြောက်လန့်စေသည်။ သူသည် အရှိန်အဟုန်ပြင်းစွာ လောင်ကျွမ်းနေသော မီးတောက်များကို နှိမ်နင်းရန် သူ၏ ကျင့်ကြံခြင်းပညာရပ်ကို အလျင်အမြန် ဖြန့်ကျက်လိုက်သည်။
သို့သော် ကျန်းရွန်ရှင်း၏ စကားကြောင့် သူ မျိုသိပ်ထားရသော မကောင်းဆိုးဝါး မီးတောက်များကို တစ်ဖန် တောက်လောင်စေခဲ့သည်။
"ငါ တိုက်ကွက်အများကြီးကို သိထားတယ်။
(မည်သည့်တိုက်ကွက်ဖြစ်သည်ကိုပရိတ်သတ်ကြီးသိမည်ထင်)!"
ကျန်းရွန်ရှင်း၏စကားများ သည် ချင်ယွင်၏ နားထဲတွင် ကြိုးပြတ်သွားသော ကုချင်းသံကဲ့သို့ အဆုံးမသတ်ဘဲ ပဲ့တင်ထပ်နေခဲ့သည်။