တိုင်ယွန်တောင်တန်း
Vol. 6 Ch. 88
အခန်း (၈၈) တိုင်ယွန်တောင်တန်း
ချင်ယွင်သည် သူ၏ရှေ့ရှိ ၎င်းနတ်ဆိုးမကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းမရှိခဲ့ပါဘူး။ သူမသည် သူ မစားနိုင်သော အသားတစ်ပိုင်း ဖြစ်နေသည်။ အဓိကချက်မှာ ယင်းအသားပိုင်းက သင့်ကိုဆွဲဆောင်နေပြီး တစ်နေ့လုံး သင့်ရှေ့မှာ လျှောက်သွား နေတာပါ။ ယင်းက လူများကို ဒုက္ခရောက်အောင် လုပ်နေတာမဟုတ်ဘူးလို့ အသင်ထင်ပါသလား။
နာကျင်စရာ ကိစ္စတစ်ခုလည်း ရှိနေခဲ့သည်။ ဤနတ်ဆိုးမသည် သူ့အတွက် အမုန်းပွားစရာအချက်များစွာကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။ ယင်းက ချင်ယွင်လုံးလုံး စကားမပြောနိုင်အောင်ဖြစ်သွားခဲ့ရသည်။
ယွန်တိုင်နှင့် ချန်းယုယွမ်တို့သည် သူ့ကို သတ်ဖြတ်လိုသော မျက်လုံးများဖြင့် ကြည့်နေသည်ကို မြင်သောအခါတွင် သူ၏ရှေ့ရှိ ဤနတ်ဆိုးမသည် နတ်ဆိုးမ ဖြစ်ရုံ သာမက ကပ်ဘေးဒုက္ခတခုလည်း ဖြစ်သည်ကို သူသိလိုက်ရသည်။
ကုန်ဆုံးခဲ့သောအချိန်များသည် ချင်ယွင်အတွက် အံ့ဩစရာများနှင့်အတူ နာကျင်စရာ များလည်း ဖြစ်ခဲ့ရပါသည်။ အလှပိုင်ရှင်ဤနတ်ဆိုးမသည် သူ့ကို ကျီစားသောအခါတွင် သူသည် သူမ၏ လှပသောတောင်တန်းကြီးကို အငမ်းမရ ခံစားရုံသာ တတ်နိုင်ခဲ့သည် ။ မြင်နိုင်သော်လည်း မထိရမစားရသည့်ဒုက္ခက သဘာဝအတိုင်း နာကျင်စရာ ကောင်းလှပါသည်။
မိုးပြာမြူနှင်းငှက်၏ ပျံသန်းမှုအမြန်နှုန်းသည် ထူးခြားစွာ မြန်ဆန်သည်ဟု ဆိုရမည်ဖြစ် သည်။ တိုင်ယွန်တောင်တန်းကိုရောက်ရန်တစ်ရက်သာ အချိန်ယူရသည်။
တိုင်ယွန်တောင်တန်းသည် စဉ်ဆက်မပြတ် တွယ်တမ်းနေသော တောင်တန်းတစ်ခု ဖြစ်သည်။ ကီလိုမီတာထောင်ပေါင်းများစွာ ရှည်လျားပြီး အလွန်ကျယ်ပြန့်သော ဧရိယာကိုဖုံးလွှမ်းထားသည်။ သေချာတာက ဤနေရာတွင် အထူးသဖြင့် ရှားပါးအပင်တချို့နှင့် အဖိုးမဖြတ်နိုင်သော ဆေးဝါးပင်များပေါက်လေ့ရှိ၏။
အဖိုးတန်ရတနာများရှိသောဤကဲ့သို့နေရာများတွင် ကြီးမားသော ခြိမ်းခြောက်မှု အန္တရာယ်များလည်း သေချာပေါက် ရှိနေပါသည်။ ဆိတ်သုဉ်းခြင်း ရှေးဟောင်း တောအုပ်ကဲ့သို့ ဆိတ်သုဉ်းခြင်းသားရဲများ အများပြားမရှိသော်လည်း အန္တရာယ်အဆင့် သည် ဆိတ်သုဉ်းခြင်းရှေးဟောင်းတောအုပ် ထက်မနည်းပေ။
ဟုတ်ပါသည်၊ တိုင်ယွန်တောင်တန်းသည် ဆိတ်သုဉ်းခြင်းရှေးဟောင်းတောအုပ်နှင့် မတူသည့် နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ တိုင်ယွန်တောင်တန်းမှာရှိသော ပျံသန်းနိုင်သည့် ဆိတ်သုဉ်းခြင်းသားရဲများ သည် ပို၍အစွမ်းထက်နေခြင်းဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် တိုင်ယွန် တောင်တန်းသို့ ပျံသန်း၀င်ရောက်ပြီး အခြား ဆိတ်သုဉ်းခြင်းသားရဲများ၏ လေပိုင်နက်ထဲသို့ မတော်တဆ ဝင်ရောက် မိခဲ့လျှင် ၎င်းတို့၏ အဆုံးမရှိ လိုက်လံတိုက်ခိုက်ခြင်းကိုခံရလိမ့်မည်။
အကယ်၍ သင်သည် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ခဲ့လျှင်ပင် တိုင်ယွန်တောင်တန်းများထဲကို ပွင့်ပွင့်လင်းလင်း ပျံသန်းဝံ့မှာ မဟုတ်ပါဘူး။ သင်သည် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူမဟုတ်ပါက၊ တိုက်ခိုက်ရေးပိုင်းတွင် မကောင်းမွန် သည့် မိုးပြာမြူနှင်းငှက်ကဲ့သို့သော ဆိတ်သုဉ်းခြင်းသားရဲများဖြင့် ပွင့်ပွင့်လင်းလင်း ဝင်ရောက်မိခဲ့လျှင် သေဆုံးသွားရမည်ဖြစ်သည်။
ထို့ကြောင့် ကျန်းရွန်ရှင်းသည် မိုးပြာမြူနှင်းငှက်ကို တိုင်ယွန်တောင်တန်း အပြင်ဘက်တွင် ဆင်းသက်စေပြီး တိုင်ယွန်တောင်တန်းထဲသို့ ခြေလျင်လျှောက်ရန် ပြင်ဆင်ခဲ့ကြသည်။
ဤတစ်ကြိမ် သူတို့၏တာဝန်က ဒေါသထန်ပြင်းဧရာမလူဝံကြီးကို သတ်ဖြတ်ရန် ဖြစ်သည်။
ဒေါသထန်ပြင်းဧရာမလူဝံကြီးသည် ပေါက်ကွဲလျှပ်စီးစွမ်းရည်ပိုင်ဆိုင်သည့် အဆင့်သုံး သားရဲဖြစ်သည်။ ၎င်း၏ခွန်အားသည် သာမန်ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်း ချုပ်ကျွမ်းကျင်သူတစ်ဦးနှင့် ညီမျှသည်။
သို့သော်၊ ၎င်းသည် ဆိုးရွားသောအခြေအနေသို့ရောက်သည်နှင့်၊ သာမန် သတ္တမအဆင့် ကောင်းကင်အလွှာ အထွက်ထိပ် သိုင်းဂိုဏ်းချုပ်ကျွမ်းကျင်သူ တစ်ဦးပင်လျှင် နောက်ပြန် ဆုတ်ရန်မှ တပါး ရွေးချယ်စရာ မရှိပေ။
ချင်ယွင်တို့ဘက်တွင်၊ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်တဦး၊ စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်း ချုပ်နှစ်ဦး၊ တတိယအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်တဦးနှင့် သူကဲ့သို့နဝမအဆင့် အထွက်ထိပ် ကောင်းကင်အလွှာ သိုင်းသခင်တစ်ဦးတို့ဟု ဆိုနိုင်သည်။ သို့သော်၊ သတ္တမအဆင့် အထွတ်ထိပ် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နှင့် နှိုင်းယှဉ်နိုင်သော သိုင်းဂိုဏ်း ချုပ်အဆင့် ဧရာမသတ္တဝါကြီးနှင့် ရင်ဆိုင်ရာတွင် အတော်လေး ခက်ခဲပေလိမ့်မည်။
ဟုတ်ပါသည်၊ ချင်ယွင်မှာ နောက်ထပ်တာဝန်တစ်ခုရှိပါသေးသည် ။ သူ့အနေဖြင့်ဆို လီချင်းကိုရှာပြီး ဇောင်ယု၏ ချီစွမ်းအင်လမ်းကြောင်းများကိုဖွင့်ခိုင်းဖို့က အရေးကြီးဆုံး ကိစ္စဖြစ်သည် ။ ဒါပေမယ့် အကယ်၍ ချင်ယွင်သည် လီချင်းကိုတွေ့ခဲ့လျှင်တောင် ကျန်းရွန်ရှင်းနှင့် တခြားလူများကို သူ မည်ကဲ့သို့ရှောင်တိမ်းရမည်နည်း။
ချင်ယွင်နှင့် အခြားလူများသည် တိုင်ယွန်တောင်တန်းသို့ ဝင်ရောက်ခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် ယွန်တိုင်သည် လမ်းဖွင့်ပေးနေသော ဗုဒ္ဓလူသတ်သမား နှင့်တူသည်။ သူ၏ ပုဆိန်ကြီးနှစ်လက်သည် တိုက်ခိုက်ရန် ပြေးလာနေသော ဆိတ်သုဉ်းခြင်းသားရဲအားလုံးကို လှီးဖြတ်ပြီးအသားစင်းကောဖြစ်သွားစေသည်။
ယွန်တိုင်သည် ဝိညာဉ်ချီနှင့် အရေပြားနှစ်မျိုးလုံးကို ကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်း ချင်ယွင်ပြောနိုင်သည်။ ဝိညာဉ်ချီနှင့်အရေပြား နှစ်မျိုးလုံးကို ကျင့်ကြံ သူသည် ဝိညာဉ်စွမ်းအင်နှင့် ရုပ်ခန္ဓာကိုယ်နှစ်မျိုးလုံးကို တစ်ပြိုင်နက်တည်း ကျင့်ကြံ သူအား ရည်ညွှန်းခြင်းဖြစ်သည်။
ချင်ယွင်နှင့် တိုက်ခိုက်ခဲ့သော ၀မ်ချောင်သည် ဝိညာဉ်ချီနှင့် ရုပ်ခန္ဓာကိုယ် နှစ်မျိုးစလုံး ကိုလေ့ကျင့်သူလည်းဖြစ်သည်။ သို့သော် ၀မ်ချောင်သည် ဝိညာဉ်စွမ်းအင်ကို အဓိကအားကိုးပြီးကျင့်ကြံခဲ့သူဖြစ်ကာ သူ၏ခန္ဓာကိုယ်ကို အကူအထောက်ပံ့အနေဖြင့် လေ့ကျင့်ထားသူဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ ယွန်တိုင် သည် ဝိညာဉ်စွမ်းအင် နှင့်သူ၏ခန္ဓာကိုယ် နှစ်မျိုးလုံးကို အဓိကထားလေ့ကျင့်သူဖြစ်သည်။ ထို့ကြောင့် ယွန်တိုင်၏ ခန္ဓာကိုယ်သည် သူ၏ စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်း ချုပ်အဆင့်ထက် အနည်းငယ် မြင့်မားသည်။
ထို့အပြင်၊ ဤလူ၏ပုဆိန်တစုံသည် ရိုးရှင်းသောပုဆိန်များမဟုတ်၊ အထူးပြုလုပ်ထား သည့် လေးလံသောပုဆိန်တစ်စုံဖြစ်ကြောင်း ချင်ယွင်ပြောနိုင်သည်။ ပုဆိန်တစ်ခုစီ သည် အနည်းဆုံး ဂျင်လေးထောင် ရှိပုံရသည်။
သာမန် သိုင်းဂိုဏ်းချုပ်ကျွမ်းကျင်သူများ သည် သူတို့၏ခန္ဓာကိုယ်ကို သန့်စင်ခြင်း မပြုလုပ်သေးသ၍ သူတို့၏ ရုပ်ခန္ဓာကြံ့ခိုင်မှု သည် သိပ်ကွာခြားမည် မဟုတ်ပေ။ ထို ကျွမ်းကျင်သူများဆိုလျှင်၊ ဤပုဆိန်တစ်စုံကို အသုံးပြု၍ တိုက်ခိုက်ရန်နေနေသာသာ ထိုသို့သောအလေးချိန်ကို ကောက်ယူခြင်းသည်ပင် ပို၍ခက်ခဲမည်ဖြစ်သည်။
သေချာသည်မှာ ၊ ချင်ယွင်အတွက်၊ ဒီလိုအလေးချိန်မျိုး လုံးဝမရှိပါဘူး။ ယခုအချိန်မှာ သူ၏လက်တစ်ဖက်တည်းဖြင့် အလေးချိန်မလျှင်ပင် အနည်းဆုံး ဂျင်တစ်သောင်းအထိ ရောက်ရှိနိုင်နေပြီ ဖြစ်သည်။ အကယ်၍ သူသာ လက်သီးတချက် ထိုးလိုက်မည်ဆို လျှင် ဂျင်နှစ်သောင်းခွန်အားပေါက်ကွဲထွက်လာနိုင်လိမ့်မည်။ အကယ်၍ သူသာ ပေါက်ကွဲလျှပ်စီးနှင့် ပေါင်းစပ်လိုက်ပါက သူ၏ လက်သီးသည် ဂျင်သုံးသောင်းမှ လေးသောင်းအထိ ကြောက်စရာကောင်းသော အဆင့်သို့ ရောက်ရှိနိုင်သည်။
ယွန်တိုင်သည် ဗုဒ္ဓလူသတ်သမားအဖြစ် ရှိနေခြင်းကြောင့် ချင်ယွင်နှင့် အခြားသူများ သည် အနှောက်အယှက်မရှိဘဲ ချောမွေ့သောခရီးကို ဖြတ်သန်းခဲ့ကြသည်။ ဟုတ်ပါသည်၊ ဒါက တောင်တန်း၏အပြင်ဘက်ဆုံး အပိုင်းသာ ဖြစ်ပါသေးသည်။ ၎င်းတို့အားလုံးသည် အဆင့်တစ်နှင့် အဆင့်နှစ်အားနည်းသော ဆိတ်သုဉ်းခြင်းသားရဲ များဖြစ်ကြသည်။ သို့သော်လည်း သူတို့သည် တောင်တန်းထဲသို့ ပိုမိုနက်ရှိုင်းစွာ ၀င်သွားသည်နှင့် တပြိုင်နက် အင်အားကြီး အဆင့်သုံး ဆိတ်သုဉ်းခြင်းသားရဲများနှင့် ကြုံတွေ့ရလိမ့်မည်။
သေချာသည်မှာ၊ ဤတိုင်ယွန်သစ်တောထဲတွင် အန္တရာယ်ပေးနိုင်သည့် အရာများသည် ဆိတ်သုဉ်းခြင်းသားရဲများချည်း မဟုတ်ပါဘူး။ လူသားများလည်း ရှိပါသေးသည်။ လမ်းတစ်လျှောက်တွင် ချင်ယွင်နှင့် အခြားလူများသည် အုပ်စုငါးခုနှင့် ကြုံတွေ့ ခဲ့ရသည်။ သို့သော် အများစုမှာ အုပ်စုတစ်ခုနှင့်တစ်ခု မထိခိုက်စေဘဲ တဖက်နှင့် တဖက် ဂရုစိုက်နေကြသည်။
ချင်ယွင်နှင့် အခြားလူများကို တွေ့သောအခါ အဖွဲ့၀င်များထဲမှလူတစ်ဦးသည် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သေးသည်။ ယင်းနောက် သူ၏ အသင်းဖော်များက သူ့ကို နောက်ပြန်ဆွဲထုတ်ပြီး သူ၏ဘေးမှာ ရပ်နေသည့် ကျန်းရွန်ရှင်းကို လက်ညှိုးထိုးပြ သည်။ ထို့နောက် ထိုသူလည်းခေါင်းယမ်းလိုက်သည်။
တိုင်ယွမ်တောင်တန်းသည် သတ်ဖြတ်ခြင်းများဖြင့် ပြည့်နှက်နေသည့် နေရာတစ်ခု ဖြစ်သည်။ ဤနေရာတွင် ယုံကြည်မှုဆိုတာမျိုး လုံး၀မရှိပေ။ တိုင်ယွန်တောင်တန်းသို့ မဝင်မီတွင်၊ မျိုးဆက်ဟောင်းများသည် ဆိတ်သုဉ်းခြင်းသားရဲများအပေါ်မှာဘဲ အာရုံစိုက်ထားပြီး၎င်းတို့၏အသင်းဖော်များကို နောက်ကျောပေးမထားရန် မျိုးဆက် သစ်များကိုသတိပေးထားသည်။
ချင်ယွင်သည် ဤသဘောတရားကို သဘာဝ ကျကျ နားလည်ထားသည်။ ယခု သူတို့အဖွဲ့ကဲ့သို့ပင်၊ သူတို့အဖွဲ့သည် အလွန်လိုက်လျော ညီထွေရှိပုံရသော်လည်း အန္တရာယ် သို့မဟုတ် အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်သောအခါတွင် သူတို့သည် မဆိုင်းမတွဘဲ ချင်ယွင်ကို စွန့်ခွာသွားမည်ဖြစ်သည်။
ခင်မင်ရင်းနှီးမှုနဲ့ ရယ်စရာအပြောများကို မည်သူက ဂရုစိုက်မှာလဲ။
နှစ်နာရီခန့် လမ်းလျှောက်ပြီးနောက် ကျန်းရွန်ရှင်းက ရုတ်တရက် ပြောလိုက်သည် " ရပ်လိုက်ပါ၊ အောက်ဘက်ပိုင်းမှာ အဆင့်သုံးဆိတ်သုဉ်းခြင်းသားရဲအချို့ရဲ့ နယ်မြေပဲ။ အားလုံး ခဏလောက် အနားယူပြီး ကိုယ့်ကိုကိုယ် အားမွေးလိုက်ကြဦး။ အကယ်၍ ငါ့ကို စိတ်ပျက်အောင်တဲ့ဘယ်သူမဆို ငါကျန်းရွန်ရှင်းက နှလုံးသားကင်းမဲ့တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။"
ယွန်တိုင် နှင့် ချန်းယုယွမ်တို့သည် လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး အနားယူရန် နေရာလွတ်တစ်ခုကို ရှာဖွေကြသည်။ သူတို့သည် သူတို့၏အငွေ့သက် အကောင်းဆုံး အခြေအနေအထိ ချိန်ညှိခဲ့ကြသည်။ တစ်ဖက်တွင် ဆန်ရှင်းရှင်းသည် ကြောက်ရွံ့ နေပုံရသည်။ သူမသည် တိုင်ယွန်တောင်တန်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာ ပုံရသည်။ သို့သော် သူမသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ တတိယအဆင့်သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။ သူမသည် သူမ၏ ဝိညာဥ်ချီကို အမြန်ပြင်ဆင်ပြီး သူမ၏ အငွေဘသက်ကို ချိန်ညှိရန် ထိုင်လိုက်သည်။
ချင်ယွင်သည်လည်း သစ်ပင်အမြစ်အောက်တွင် ထိုင်ပြီး အနားယူလိုက်သည်။ ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကိုပိုင်ဆိုင်ထားသူ သူ့အတွက်၊ သူ၏ဝိညာဉ်စွမ်းအင်သည် သူ၏အထွတ်အထိပ်အခြေအနေမှာ အချိန်တိုင်း အာမခံနိုင်သည်။ လေသစ်ရွက်ဓား၀င်္ကပါနှင့် လျှပ်စီလှံတို့ကို အသုံးမပြုပါက မည်သည့်တိုက်ပွဲတွင်မဆို ရေရှည်တိုက်ခိုက်နိုင်ပြီး အဆုံးမရှိသောအငွေ့သက်ကို ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။
သို့သော်လည်း ချင်ယွင်သည် စွမ်းအားပြန်လည်ဖြည့်တင်းရန် မျက်လုံးမှိတ်ထားစဉ် ကျန်းရွန်ရှင်းသည် မည်သည့်အချိန်ကတည်းကမသိ သူ၏နံဘေးသို့ လျှောက်လာပြီး "နောက်ပိုင်း တောင်တန်းအတွင်းပိုင်းကို ၀င်တဲ့အခါ မင်း ငါ့အနားကနေ လျှောက်သင့်တယ်" ဟု ပြောသည်။
ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ သူသည် မျက်လုံးဖွင့်ပြီး ကျန်းရွန်ရှင်း ကို ကြည့်လိုက်သည်။ သို့သော် သူမ၏မျက်နှာသည် ယခင်ကကဲ့သို့ ဆွဲဆောင်မှု မရှိတော့ကြောင်း သူတွေ့ရှိခဲ့သည်။ ယင်းအစား၊ သူမ၏မျက်နှာသည် အလွန် လေးနက်သော အမူယာရှိနေ၏။
"မင်း ငါ့ကို စိတ်ပူနေတာလား?" ချင်ယွင်က အံ့သြစွာမေးလိုက်သည်။
ကျန်းရွန်ရှင်းသည် သူ့ကို အချိန်မီ ကာကွယ်ပေးချင်သောကြောင့် သူမအနားမှ လမ်းလျှောက်ခိုင်းသည်။
သို့သော်လည်း ယင်းက ကျန်းရွန်ရှင်းအတွက် ကြီးမားသောဖိအားကို ဖန်တီးပေးမည် မှာ သေချာသည်။ အမှန်တော့၊ ဤတိုင်ယွန်တောင် တန်းတွင်၊ သိုင်းမြို့စားနယ်ပယ် ကျွမ်းကျင်သူများပင်လျှင် အခြားလူကို ကာကွယ်ရန် နေနေသာသာ သူတို့၏ လုံခြုံရေးကိုပင် အာမခံနိုင်သည်ဟု မပြောဝံ့ကြပေ။
သူသည် ခုခံနိုင်စွမ်းမရှိသောအန္တရာယ်တစ်ခု ကြုံတွေ့ရပါက သူ၏အသင်းဖော်များ အား မဆိုင်းမတွ စွန့်ပစ်ရန် ယခင်က စီစဉ်ဆွဲထားခဲ့သည်။ ယခု အနည်းဆုံးတော့ သူသည် သူ၏ရှေ့မှာရှိသည့် ဤအမျိုးသမီးကို မထားခဲ့နိုင်တော့ပေ။
"ကောင်းပြီ!" ချင်ယွင်သည် ကျန်းရွန်ရှင်းကို ကြည့်ကာ ခေါင်းညိတ်သည်။
ကျန်းရွန်ရှင်းသည် ချင်ယွင် သဘောတူသည်ကို မြင်သောအခါ ပြုံးလိုက်သည်။ ချင်ယွင်သည် သူမျက်နှာပျက်ရမှာ စိုးသောကြောင့် သူမ၏ အကာအကွယ်ကို လက်မခံမှာ သူမ ကြောက်မိသည်။ ချင်ယွင် သဘောတူညီချက်က သူမကို ပိုပြီး စိတ်အေးလက်အေး ခံစားရစေသည်။
အမှန်တကယ်တော့ ချင်ယွင်သည် ကျန်းရွန်ရှင်း၏ ကာကွယ်မှုကို လက်မခံချင်ခဲ့တာ သဘာဝအတိုင်းပါပဲ။ ယင်းအစား မတော်တဆမှု တစ်ခုခုဖြစ်ခဲ့လျှင် သူသည် ကျန်းရွန်ရှင်းကိုသာ ကာကွယ်ပေးချင်ခဲ့ပါသည်။