အခြေအနေ မကောင်းပါ
Vol. 6 Ch. 89
အခန်း (၈၉) အခြေအနေ မကောင်းပါ။
ခဏလောက် အနားယူပြီးနောက် ချင်ယွန်းနှင့် အခြားလူများသည် ထရပ်ကာ အလယ်စက်ဝိုင်းဆီသို့ ဆက်လျှောက်သွားကြသည်။
ဒီတစ်ကြိမ်မှာတော့ ယွန်တိုင် နှင့် ချန်းယုယွမ် တို့က ဦးဆောင်ခဲ့သည်။
ကျင့်ကြံမှုအဆင့် အနည်းငယ်အားနည်းသော ဆန်ရှင်းရှင်းသည် ဘေးကင်းသောနေရာ ဖြစ်သောအလယ်မှ လျှောက်လှမ်းခဲ့သည်။ မူလက ဤနေရာသည် ချင်ယွင်၏နေရာ ဖြစ်သင့်သော် လည်း ကျန်းရွန်ရှင်းနှင့် ချင်ယွင်တို့က ယခင်သဘောတူထား သောကြောင့် ဆန်ရှင်းရှင်းအား ဤနေရာကို ပေးခဲ့သည်။
ချင်ယွင် နှင့် ကျန်းရွန်ရှင်းတို့သည် ဆိတ်သုဉ်းခြင်းသားရဲများ သူတို့အဖွဲ့တို့အား ချောင်း မြောင်းတိုက်ခိုက်ခြင်းမှ တားဆီးရန် တာဝန်ရှိသည်။
သူတို့သည် ပိုနက်ရှိုင်းသည့်အရပ်သို့ ၀င်ရောက်လာလေ ၊ ဆိတ်သုဉ်းခြင်းသားရဲများ ကိုတွေ့ဆုံရမူက နည်းပါးလာလေဖြစ်သည်။ ဤလမ်းသည် ဆိတ်သုဉ်းခြင်းသားရဲများ ပေါ်လာနိုင်ခြေ အနည်းဆုံးလမ်းဖြစ်သည်။ ချင်ယွင် နှင့်အခြားလူများသည် ဆိတ်သုဉ်း ခြင်းသားရဲများ ကျင်လည်ရာနေရာများကို ဂရုတစိုက်ရှောင်ရှားနေသ၍ သူတို့အဖွဲ့ သည် အတွင်းပိုင်း နက်ရှိုင်းသည့်နေရာသို့ အလွယ်တကူ ၀င်ရောက်နိုင်မည်ဖြစ်သည်။
သေချာတာက၊ အကယ်၍ သူတို့သာ ဆိတ်သုဉ်းခြင်းသားရဲနှင့် မတော်တဆ ထိပ်တိုက် ဆုံမိပါက၊ ကြီးကျယ်သည့်တိုက်ပွဲ တစ်ခု ဖြစ်လာပါလိမ့်မည်။
ယခုအချိန်တွင် ချင်ယွင်နှင့် အခြားသူများသည် အလွန်မင်း ကံဆိုးလှပေသည် ။ သူတို့
အဖွဲ့သည် ကီလိုမီတာ တစ်ဒါဇင်မျှသာ လမ်းလျှောက်ခဲ့ကြပြီး အမှန်တကယ်ပင် အဆင့်သုံး ဆိတ်သုဉ်းခြင်းသားရဲနဂါးကျောက်ခြင်္သေ့သို့ ထိပ်တိုက်ဆုံခဲ့သည်။
နဂါးကျောက်ခြင်္သေ့သည် အားနည်းသောအဆင့်သုံး ဆိတ်သုဉ်းခြင်းသားရဲ ဖြစ်သော်လည်း ၎င်း၏အမည်ရှိ "နဂါး" ဟူသောစကားလုံးနှင့် ဆက်စပ်နေသည်။ ထို့ကြောင့် ၎င်းသည် ဒေါသပေါက်ကွဲသောအခါ၊ နဂါးကျောက်ခြင်္သေ့သည် တတိယအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် ကျွမ်းကျင်သူ တဦး၏အစွမ်းကို ပိုင်ဆိုင်ထားသည်။ ထို့အပြင်၊ ၎င်း၏ခုခံအားသည် အလွန် အားကောင်းပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ကျောက်တုံးကဲ့သို့ မာကျောသည်။
နဂါးကျောက်ခြင်္သေ့ကို ပထမဆုံးထိပ်တိုက် တွေ့ဆုံသည့်အခိုက်တွင် ယွန်တိုင်သည် တိုက်ရိုက် တိုက်ခိုက်ခဲ့သည်။ သူသည် သူ၏လေးလံသော ပုဆိန်နှစ်လက်ကို ဆွဲထုတ်ပြီး ရှေ့သို့တိုးလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ပုံစံဖြင့် သူသည် ဤဆိတ်သုဉ်းခြင်းသားရဲနှင့် ထိပ်တိုက်တိုက်ခိုက်ခဲ့၏။ သူသည် အမှန်တကယ်ပင် နဂါးကျောက်ခြင်္သေ့ကို သူ၏ကိုယ်ပိုင်အစွမ်းဖြင့် တားဆီးနိုင်ခဲ့သည်။
ချန်းယုယွမ်သည် ယွန်တိုင်ကို ကူညီရန် အလျင်စလို လှုပ်ရှားခြင်းမရှိခဲ့ပေ။ ယင်းအစား သူသည် အခွင့်အရေးရှာရန် အဝေးမှာ ရပ်လိုက်သည်။ ထို့နောက်တွင်၊ သူသည် နဂါးကျောက်ခြင်္သေ့၏ အားနည်းချက်များဖြစ် သော မျက်လုံးနှင့် ပါးစပ်များကို ဝိညာဉ်ချီကိုအသုံးပြုပြီး အဝေးမှပစ်ခတ်တိုက်ခိုက်မှုများကို အဆက်မပြတ် အဆုံးမရှိ နာကျင်မှုကို ခံစားရစေသည်။
ကျန်းရွန်ရှင်းနှင့် ဆန်ရှင်းရှင်းတို့သည် လူများ သို့မဟုတ် အခြားဆိတ်သုဉ်းခြင်း သားရဲများ သူတို့အဖွဲ့အား ချုံခိုတိုက်ခိုက်ခြင်းမှ ကာကွယ်ရန် သူတို့ပတ်ဝန်းကျင်ရှိ အခြေအနေများကို စောင့်ကြည့်ရန် တာဝန်ယူကြသည်။
ချင်ယွင်၏တာဝန်က အလွယ်ကူဆုံးဖြစ်သည်။ ယင်းက သူ့ကိုယ်သူ ကာကွယ်ဖို့ပင်။ ယင်းကို ကျန်းရွန်ရှင်းကိုယ်တိုင် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ကျန်းရွန်ရှင်းက ဤကဲ့သို့ပြောသည့်အခါ ယွန်တိုင်နှင့် ချန်းယုယွမ်တို့၏ မျက်နှာပေါ်မှ သရော် လှောင်ပြောင်မူကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
ချင်ယွင်သည် ကိုးရိုးကားယားဖြစ်ကာ ပြုံးလိုက်မိသည်။ သူသည် ဘာမှ ပြန်မချေပပေ။ သူသည် သူ၏နားနေချိန်တွင် ပျော်ပျော်ပါးပါး နေနိုင်သောကြောင့် သူ့အတွက် ပြာဿနာရှာရန် မလိုအပ်သည်ကလည်း သဘာဝပင်။ ချင်ယွင်အတွက်တော့ မျက်နှာ (ပျက်ရခြင်း)သည် အမှန်တကယ် မရှိမဖြစ် လိုအပ်သည့်အရာတစ်ခု မဟုတ်ပေ။ ထို့အပြင် မျက်နှာ(ပျက်ရခြင်း)ကို ပါးစပ်ဖြင့်အနိုင်ယူခြင်း မဟုတ်ဘဲ သူ၏ ခွန်အားဖြင့် အနိုင်ယူခြင်းဖြစ်သည်။
ပျင်းရိငြီးငွေ့နေသော ချင်ယွင်သည် ယွန်တိုင်နှင့်ချန်းယုယွမ်တို့၏ တိုက်ပွဲကို သဘာဝ အတိုင်း ကြည့်ရှုနေခဲ့သည်။ ယွန်တိုင်၏ ခန္ဓာကိုယ်သည် အလွန်သန်မာသည်ဟု ဆိုရပေမည်။ သူသည် ပုဆိန်နှစ်ချောင်းကို ထုတ်လိုက်ပြီး ၎င်းမှထွက်လာသော စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းလှပြီး ကီလိုဂရမ် နှစ်သောင်းနီးပါး ရှိသည်။
လေးလံသောတူဖြင့် ကျောက်ထက်ပိုမာကြောသည့် နဂါးကျောက်ခြင်္သေ့၏ချပ်ဝတ် တန်ဆာကို မဖြတ်ကျော်နိုင်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော အင်အား ကြောင့် နဂါးကျောက်ခြင်္သေ့သည် ပြင်းထန်စွာအော်ဟစ်လိုက်ရသည်။
ထို့အပြင် ချန်းယုယွမ်သည် နဂါးကျောက်ခြင်္သေ့မျက်လုံးများနှင့် ပါးစပ်ကိုတိုက်ခိုက်ရန် ဝိညာဉ်စွမ်းအင်ကို အဆက်မပြတ်အသုံးပြုခဲ့သည်။ နာကျင်မှုနှင့်အတူ နဂါးကျောက် ခြင်္သေ့မျက်လုံးများသည် သွေးများရွှဲနေပြီ။ နောက်ဆုံးတွင် နဂါးကျောက်ခြင်္သေ့သည် အော်ဟစ်ပြီး အဝေးကို ထွက်ပြေးသွားသည်။
နဂါးကျောက်ခြင်္သေ့ကို တွန်းလှန်တိုက်ခိုက်ပြီးကတည်းနောက် ယွန်တိုင်နှင့် အခြားသူများသည် ၎င်းနောက်သို့ လိုက်ရန် အကြောင်းမရှိသည်မှာ သဘာဝကျသည်။ နောက်ဆုံးတော့ သူတို့၏ပစ်မှတ်သည် ဒေါသထန်ပြင်းဧရာမလူဝံကြီးဖြစ်သည်။
ထိုနေရာ၌ ခဏလောက် အနားယူပြီးနောက်ချင်ယွင်နှင့် အခြားသူများ ဆက်လက် ထွက်ခွာသွားကြသည်။
ကံကောင်းထောက်မစွာ၊ သူတို့သည် မိုင်တစ်ရာနီးပါး လမ်းလျှောက်ပြီးနောက် ဆိတ်သုဉ်းခြင်းသားရဲများနှင့် မတွေ့ခဲ့ရသောကြောင့် ချင်ယွင်နှင့် အခြားသူများသည် ပို၍ စိတ်အေးလက်အေး ရှိခဲ့ကြသည်။
ဤအခိုက်အတန့်တွင် ချင်ယွင်နှင့် အခြားသူများသည် နောက်ဆုံးတွင် သတင်းကောင်း တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ဆိုလိုသည်မှာ၊ သူတို့သည် ဒေါသထန်ပြင်း ဧရာမလူဝံကြီး၏ နောက်တွင် ကျန်ရစ်ခဲ့သော ခြေရာများကို မြင်လိုက်ရခြင်းဖြစ်သည်။
တောင်စောင်းစီးကြောင်းတစ်ဝိုက်ရှိ မြေဆီလွှာသည် များသောအားဖြင့် ပျော့ပျောင်းသောကြောင့် ဒေါသထန်ပြင်းဧရာမလူဝံ၏ခြေရာများမှာ နောက်တွင် ကျန်ရစ်ခဲ့သည်။
ကျန်းရွန်ရှင်းသည် အချင်းတစ်မီတာနီးပါးရှိသည့် ဧရာမခြေရာကြီးကို မြင်လိုက်ရသော အခါတွင် သူမသည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ထုတ်ဖော်လိုက်သည်။ အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် သူတို့အဖွဲ့သည် ဒေါသထန်ပြင်း ဧရာမလူဝံ၏ ခြေရာများကို ရှာဖွေတွေ့ရှိခဲ့သည်။
"ဒီခြေရာအနေထားအရဆို အရွယ်ရောက်ပြီးသား ဒေါသထန်ပြင်းဧရာမလူဝံကြီး ဖြစ်သင့်တယ်။" ကျန်းရွန်ရှင်းက ပြောသည်။
" တောက် ၊ နောက်ဆုံးတော့ ဒီကောင်ကြီးရဲ့ ခြေရာတွေကို ငါတို့ ရှာတွေ့ခဲ့ပြီ။ သူက တကယ်ကို ရှာရခက်တာဘဲ။" ယွန်တိုင်က ပြုံးပြီး ကြိမ်းမောင်းသည်။
"ပတ်ပတ်လည်မှာ ဒီလိုခြေရာတွေရှိမရှိ ကြည့်ရအောင်။ ငါတို့ ဒီခြေရာတွေအတိုင်း လိုက်မယ်ဆိုရင် ဒီကောင်ကြီးအသိုက်ကို ရှာတွေ့နိုင်လောက်တယ် ။" ကျန်းရွန်ရှင်းက အမိန့်ပေးလိုက်သည်။
ယင်းနောက်မှာတော့ ချန်းယုယွမ်နှင့် တခြားလူများသည် လှည့်ပတ်ရှာဖွေကြသည်။ သို့သော် သူတို့ဘေးတွင်ရပ်နေသော ချင်ယွင်သည် ခြေရာများကိုကြည့်ကာ လေးလေး နက်နက် မျက်မှောင်ကြုတ်လိုက်သည်။
ယေဘုယျအားဖြင့်ပြောရလျှင် ဒေါသထန်ပြင်း ဧရာမလူဝံကြီးများသည် အုပ်စုဖွဲ့ နေထိုင်ခြင်းကိုမကြိုက်ကြပေ။ ထူးထူးခြားခြား အခြေအနေတွေ မရှိဘူးဆိုရင် တစ်ကောင်တည်း နေဖို့ ရွေးချယ်လေ့ရှိသည်။ ကျန်းရွန်ရှင်းနှင့် တခြားလူများသည် ဤအကြောင်းကိုသိထားသည့် အတွက် သူတို့ဟာ ဒေါသထန်ပြင်းဧရာမလူဝံ၏ အသိုက်ကို ရှာဖွေဖို့ ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ပြဿနာက ခြေရာသည် အရွယ် ရောက်ပြီးသော ဒေါသထန်ပြင်း ဧရာမလူဝံ အထီး၏ ခြေရာနှင့် တူသော်လည်း လက်တွေ့တွင်မူ ထိုသို့ မဟုတ်ပေ။
အစစ်မှန် အင်မော်တယ်ကမ္ဘာ၏ အသိမြင်များကို ပိုင်ဆိုင်ထားသူ ချင်ယွင်သည် ဤခြေရာများသည် သာမန်အရွယ်ရောက်ပြီး ဒေါသထန်ပြင်းဧရာမလူဝံ အထီး၏ ခြေရာများထက် ပိုတိမ်ပြီး သာမန် ဒေါသထန်ပြင်းဧရာမလူဝံအမထက် ပိုမို နက်ရှိုင်းကြောင်း ရှင်းရှင်းလင်းလင်း တွေ့ရှိခဲ့ရသည်။ ယင်းက ချင်ယွင်ကို ဖြစ်နိုင်ချေကို တွေးတောစေခဲ့သည်။ ယင်းခြေရာပိုင်ရှင်များမှာ ကိုယ်၀န်ရှိသော ဒေါသထန်ပြင်းဧရာမလူဝံအမ ဖြစ်ရလိမ့်မည်။
တစ်နည်းအားဖြင့်ဆိုရသော် သူ၏ရှေ့ရှိ ခြေရာများကို ကိုယ်ဝန်ဆောင် ဒေါသထန်ပြင်းဧရာမလူဝံအမက ချန်ထားခဲ့တာဖြစ်ရမည်။ ယင်းက ပြဿနာတစ်ခုကို ဖြစ်ပေါ်စေနိုင်သည့် အထူးအခြေအနေတရပ်လည်းဖြစ်သည်။
ပုံမှန်အားဖြင့် ဒေါသထန်ပြင်းဧရာမလူဝံများသည် တစ်ကောင်တည်း နေထိုင်ရသည်ကို နှစ်သက်ကြသည်။ သို့သော်လည်း ဒေါသထန်ပြင်းဧရာမလူဝံအမများ ကိုယ်ဝန် ရှိသည်နှင့် ဒေါသထန်ပြင်းဧရာမလူဝံအထီးများသည် ဒေါသထန်ပြင်းဧရာမလူဝံ အမများ ကလေးမမွေးပြီးမချင်း ၎င်း၏ဘေးတွင် ရှိနေမည်ဖြစ်သည်။ ယင်းက စောစောကပြောခဲ့သည့် အထူးအခြေတရပ်ဖြစ်သည်။
အကယ်၍ ချင်ယွင် မှန်းဆထားသည့်အတိုင်းသာ အမှန်တကယ်ဖြစ်ခဲ့ပါက ကျန်းရွန်ရှင်း နှင့် အခြားသူများသည် ဒေါသထန်ပြင်းဧရာမလူဝံ၏ အသိုက်သို့သွား၍ ရှာဖွေမည်ဆိုပါက ထူးဆန်းသော ဒေါသထန်ပြင်းဧရာမလူဝံနှစ်ကောင်နှင့် ကြုံတွေ့ ရနိုင်မည်ဖြစ်သည်။ ချင်ယွင်၏ လက်ရှိအင်အားဖြင့် သူတို့အဖွဲ့သည် ဒေါသထန်ပြင်း ဧရာမလူဝံတစ်ကောင်ကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်နိုင်သည်။
သို့ရာတွင်၊ သူတို့သည် ဒေါသထန်ပြင်းဧရာမလူဝံ နှစ်ကောင်နှင့် ရင်ဆိုင်ရမည်ဆိုပါက၊ သူတို့သည် သေခြင်းတရားကို ဆွဲဆောင်နိုင်မည် မဟုတ်ပါလော။ ထို့အပြင်၊ ဒေါသထန်ပြင်းဧရာမလူဝံများသည် ဤကာလအတွင် အထူးသဖြင့် ဒေါသတကြီး ဖြစ်လာမည်ဖြစ်သည်။
"တွေ့ပြီ!"
ချင်ယွင်သည် လေးလေးနက်နက်တွေးကာ စိတ်ပူနေချိန်မှာ ချန်းယုယွမ်၏အသံက အဝေးမှ ရုတ်တရက် ထွက်လာသည်။
ချင်ယွင်နှင့် တခြားသူများသည် လမ်းလျှောက်လာရင်း အဝေးက ချောက်တစ်ခုဆီကို ဦးတည်သွားတဲ့ ခြေရာများ အစီအရီရှိနေသည်ကို တွေ့လိုက်ရသည်။
"ရှေ့ကချောက်ကြီးဟာ ဒေါသထန်ပြင်းဧရာမလူဝံကြီးရဲ့ အိမ်ဖြစ်ရမယ်။ သွားကြရ အောင်!" ကျန်းရွန်ရှင်းက စိတ်လှုပ်ရှားစွာပြောသည်။ စကားဆုံးသောအခါတွင် သူမသည် သူမရှေ့ရှိ ချောက်ကြီးဆီသို့ တိုက်ရိုက်ပြေးသွားလေသည်။
ချန်းယုယွမ်နှင့် ဘေးနားရှိ အခြားသူများ၏ မျက်လုံးများသည် တောက်ပပြီး လျင်မြန်စွာ လိုက်လာကြသည်။
ချင်ယွင်သည် သူတို့ကိုသတိပေးတော့မည့်အချိန်မှာ သူတို့ကထွက်သွားပြီးပြီ ဆိုသည် ကို သိလိုက်ရလျှင် အမြန်နောက်ကိုလိုက်သွားရသည်။
ချင်ယွင်သည် သူတို့ကို မှီသည့်အချိန်မှာ သူတို့သည် သစ်ပင်ကြီးတစ်ပင်ပေါ်မှာ ရပ်နေကြပြီ။
"ရှေ့က ချောက်ကြီးထဲက ဂူကြီးကို ကြည့်လိုက်စမ်း။ ဒေါသထန်ပြင်းဧရာမလူဝံကြီးရဲ့ အိမ်ဖြစ်ရမယ်။" ကျန်းရွန်ရှင်းက အဝေးကို ညွှန်ပြပြီး ပြောလိုက်သည်။
ချင်ယွင်သည် ကျန်းရွန်ရှင်း ညွှန်ပြနေသည့် ဦးတည်ရာအရပ်ကို ကြည့်လိုက်သည်။ အမှန်တကယ်တော့ ချောက်ကမ်းပါးအောက်မှာ မီတာနှစ်ဆယ်မြင့်တဲ့ လိုဏ်ဂူ တစ်ခုရှိသည်။ ဒေါသထန်ပြင်းဧရာမလူဝံကြီး နေထိုင်ရာ နေရာနှင့်တူသည်။
"ငါအဲဒီကောင်ကို ဆွဲဆောင်လိုက်မယ်။ မင်းတို့အားလုံး အင်အားအပြည့်နဲ့ ခိုးဝင်တိုက်ခိုက်ပြီး တစ်ကြိမ်တည်းနဲ့ ဒဏ်ရာအပြင်းထန်ရအောင် ကြိုးစားကြ။" ယွန်တိုင်က သူ့နှုတ်ခမ်းများကို သပ်ပြီး ပြုံးလျှက်ပြောသည်။ သူ၏ မျက်လုံးများသည် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နေသည်။
ကျန်းရွန်ရှင်းက ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ ယခင်က ဆွေးနွေးထားခဲ့သော အစီစဉ်အတိုင်းဖြစ်သည်။
ယင်းနောက် ယွန်တိုင်သည် ရှေ့ကို တိုးသည့်အချိန်မှာ ချင်ယွင်က သူ့ကို နောက်ဆုတ် ခိုင်းလိုက်သည်။
"ခဏစောင့်ဦး။ အရင်ဆုံး စောင့်ကြည့်ရ အောင်။ အခြေအနေက ငါတို့ထင်ထားသလို မရိုးရှင်းဘူး" ချင်ယွင်က ပြောသည်။
မထင်မှတ်ပဲ ယွန်တိုင်၏မျက်နှာက ဒေါသဖြစ်သွားသည်။ သူက သူ့ပခုံးပေါ် တင်ထားတဲ့ ချင်ယွင်၏လက်ကို တွန်းထုတ်လိုက်ပြီး " ကောင်စုတ်၊ မင်းကြောက်ရင် တိုက်ရိုက်ပြောလိုက်ရုံပေါ့ ။ မင်းက ကူညီပေးနိုင်မယ်လို့လည်း ငါမမျှော်လင့်ထားဘူး၊ ဒါကြောင့် မင်းဘေးမှာ ရပ်ပြီး နာခံမူရှိရှိနဲ့ စောင့်ကြည့်သင့်တယ်။ !"
သူပြောပြီးသည်နှင့် သူသည် ချင်ယွင်၏ ကန့်ကွက်မှုကို လျစ်လျူရှုကာ အဝေးမှ ဂူဆီသို့ ပြေးသွားခဲ့သည်။
ချန်းယုယွမ်နှင့် ဆန်ရှင်းရှင်းတို့သည် ချင်ယွင်က ကြောက်နေသည်ဟု ထင်နေပုံရ သောကြောင့် သူတို့သည် ထိုသို့သော စကားများကိုသာ ပြောကြသည်။ အေးစက်သော
နှာချေသံနှင့်အတူ သူတို့သည် လျင်မြန်စွာ ပြေးထွက်လာကြပြီး ထောင်ချောက် တစ်ခုကို ပြင်ဆင်ကြသည်။
ဘေးမှာ ရပ်နေသော ကျန်းရွန်ရှင်းပင်လျှင် အနည်းငယ် မျက်မှောင်ကြုတ်သွားသည် ။ သူမသည် သူ့ကို မော့ကြည့်ကာ ဘာမှ မပြော။ သူမလည်း မြန်မြန် လိုက်သွားသည်။
စိတ်ဓာတ်ကျသော အမူအရာဖြင့် ချင်ယွင်တစ်ယောက်သာ ကျန်ရစ်ခဲ့သည်။