← Chapters

လွတ်မြောက်သည်

Vol. 6 Ch. 90

လွတ်မြောက်သည်

Vol. 6 Ch. 90

အခန်း (၉၀) လွတ်မြောက်သည်။

"ဘုန်း!"

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

ယွန်တိုင်သည် ဂူ၏ထိပ်ကို သူ၏ပုဆိန်ဖြင့် တိုက်ရိုက်ခုတ်ပိုင်းလိုက်ပြီး ဂူတစ်ခုလုံး လှုပ်ခါသွားကာ ကျောက်တုံးများ တစ်ခုပြီးတစ်ခု လိမ့်ဆင်းသွားသည်။

သေချာပါသည်၊ ယင်းပေါက်ကွဲသံကြီးပြီးဆုံသည့်အခါ ဂူထဲမှ ကောင်းကင်ကြီးပင် တုန်ခါ လောက်သည့် ဟိန်းဟောက်သံများ ထွက်လာသည်။

"ဂါး!"

ဟိန်းဟောက်သံက နားကန်းလောက်ပင် ကျယ်လောင်ပြီး အညိုရောင် ပုံရိပ်ကြီးတခုသည် လျင်မြန်စွာ ပြေးထွက်လာပြီး သူ၏အသိုက်ကို ဖောက်ထွင်း နေစသော ယွန်တိုင်ဆီသို့ ပြေးသွားလိုက်သည်။

ယွန်တိုင်သည် ဒေါသတကြီးဖြစ်နေသောလူဝံကြီး ပြေးထွက်လာသည်ကို မြင်လိုက် ရသဖြင့် သူ၏မျက်နှာသည် စိတ်လှုပ်ရှားနေသော အမူအရာ ပေါ်လာပြီး လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။

ကျန်းရွန်ရှင်းနှင့် အခြားသူများသည် အသင့်ပြင်ဆင်ထားကြပြီး ယခုအချိန်တွင် ဒေါသထန်ပြင်းဧရာမလူဝံကြီးကို သူတို့၏ အင်အားအပြည့်ဖြင့် တိုက်ခိုက်ရန် အချက် ပေးလိုက်သည့် အခိုက်အတန့်တွင် အင်အားအပြည့်ဖြင့် တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ခဲ့ကြသည်။

၎င်းတို့အနက် ကျန်းရွန်ရှင်းသည် ထူးချွန်ထက်မြက်ဆုံး ဖြစ်သည်။ သူမသည် ထက်ရှသော စိမ်းပြာရောင်ဓားကို တိုက်ရိုက်ဆွဲထုတ်ကာ ခုတ်ပိုင်းပစ်လိုက်သည်။ သက်တံရောင် တစ်စင်းသည် ကောင်းကင်ယံကို ဖောက်ထွင်းဝင်ရောက်ကာ ဒေါသထန်ပြင်းဧရာမလူဝံကြီး၏ နဖူးတွင် နက်ရှိုင်းသော အမာရွတ်တစ်ခုသာ ချန်ထားရစ်ခဲ့သည်။ သွေးများလည်း စီးထွက်လာ၏။

ဒေါသထန်ပြင်းဧရာမလူဝံကြီးသည် ရုတ်တရက် ပြင်းထန်သော တိုက်ခိုက်မှုကို ခံစားခဲ့ရသည်။ ၎င်းသည် နာကျင်စွာဟောက်ပြီး ထပ်ခါထပ်ခါ နောက်ပြန် ဆုတ်သွားခဲ့သည်။

ကျန်းရွန်ရှင်း၊ ချန်းယုယွမ်၊ ဆန်ရှင်းရှင်းတို့သည် ဤမြင်ကွင်းကို မြင်လိုက်ရလျှင် သူတို့၏မျက်နှာများသည် ချက်ချင်းပင် ရွှင်မြူးသွားကြသည်။

ကျန်းရွန်ရှင်းက အော်ပြောလိုက်သည် "အတူ တူသွားပြီးတော့ ရူးသွပ်တဲ့အခြေအနေ ရောက်တဲ့အထိ တွန်းပို့လိုက်ကြရအောင်။ ပြီးရင် ဒီဒေါသထန်ပြင်းဧရာမလူဝံကြီး လုံးလုံးအားကုန်ပြီး ပန်ပင်းနွမ်းနယ်တဲ့အထိ သူ့ကို ငါတို့ အမြန်ဆုံးတိုက်ခိုက်ရမယ်"

ချန်းယုယွမ်နှင့် အခြားသူများသည် ကျန်းရွန်ရှင်း၏ ညွှန်ကြားချက်များကို လျင်မြန်စွာ လိုက်နာကြပြီး ဒေါသထန်ပြင်းဧရာမလူဝံကြီးကို အရူးအမူး တိုက်ခိုက်ကြသည်။

မလှမ်းမကမ်းတွင် ချင်ယွင်သည် အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း ဂူထဲမှ ထူးဆန်းသော မျောက်ဝံတစ်ကောင်သာ ထွက်လာသည်ကို သူတွေ့ရှိခဲ့သည်။ သူ၏စိတ်ထဲတွင် အံသြသွားသည်။

ဒေါသထန်ပြင်းဧရာမလူဝံကြီးတစ်ကောင်သာရှိနေသည်ကို သူကိုယ်တိုင်က လွဲမှားစွာ မှန်းဆခဲ့ခြင်းများ ဖြစ်နိုင်ပါသလား။

သို့သော်လည်း ယခုအခိုက်အတန့်တွင် ဒေါသထန်ပြင်း ဧရာမလူဝံကြီးသည် ကျန်းရွန်ရှင်းနှင့် အခြားသူများ၏ ပြင်းထန်သောတိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိပုံ မရတော့။ ၎င်းသည် ဆွဲဆွဲငင်ငင် ဟိန်းဟောက်သံကို ထုတ်လွှတ် လိုက်သည်။

ဤမြင်ကွင်းကိုမြင်ရလျှင် ချင်ယွင်သည် ချက်ချင်းပင် သိလိုက်သည်။

သေချာပါသည်၊ ဆွဲဆွဲငင်ငင် အော်ဟစ်သံ ထက်ပေါ်လာသည်နှင့် မနီးမဝေးရှိ တောထဲမှမငြိမ်မသက်လှိုင်းလုံးကြီး ထွက်ပေါ်လာသည်။ ထို့နောက် မြေကြီးတုန်ခါသံ ထွက်ပေါ်လာပြီး သစ်ပင်တန်းများ အချင်းချင်း လဲပြိုကျသွားသည်။

"ဘာလဲ၊ နောက်ထပ် ဒေါသထန်ပြင်းဧရာမလူဝံကြီး ရှိနေသေးတာလား" ကျန်းရွန်ရှင်း နှင့် အခြားသူများသည် နောက်ဆုံးတွင် ဖြစ်ပျက်ခဲ့သည်ကို သဘောပေါက်ပြီး ထိတ်လန့်တကြား မေးလိုက်သည်။

"ပြေး!" ကျန်းရွန်ရှင်း၏ တုံ့ပြန်မှုသည် အလျင်မြန်ဆုံးဖြစ်ပြီး သူမသည် ဝေးကွာသော တောအုပ်ဆီမှ ပျံသန်းလာရင်း လျင်မြန်စွာ အော်ပြောခဲ့ခဲ့သည်။

သို့သော် သူမစကားမဆုံးမီတွင် အလွန်ရက်စက်ကြမ်းကြုတ်သော ဒေါသထန်ပြင်း ဧရာမလူဝံကြီးတစ်ကောင်သည် တောအုပ်ထဲမှ ပြေးထွက်လာပြီး ရိုင်းစိုင်းကြမ်းကြုတ်‌သောအခြေအနေသို့ ဝင်ရောက်နေခဲ့သည်။ ၎င်း၏တစ်ကိုယ်လုံး လျှပ်စီးကြောင်း များဖြင့် ဖုံးလွှမ်းနေပြီး ၎င်းသည် ကျန်းရွန်ရှင်းနှင့် အခြားသူများဆီကို သည်းမခံနိုင် သော အနေအထားဖြင့် လျင်မြန်စွာ ခုန်ဆင်းသွားသည်။

ဆန်ရှင်းရှင်း၊ ယွန်တိုင်နှင့် ဘေးနားရှိ အခြားလူများအားလုံး ထိတ်လန့် တုန်လှုပ် သွားကြသည်။ သူတို့သည် ဘာမှ ဂရုမစိုက်ဘဲ အဝေးတစ်နေရာသို့ ပြေးသွားကြသည်။

အခြေအနေမကောင်းသည်ကိုမြင်မြင်းချင် ချန်းယုယွမ်သည် ထွက်ပြေးသွားနေပြီ။

သို့သော် ဆန်ရှင်းရှင်းနှင့်အခြားသူများ လွတ်မြောက်ရန် အချိန်ပိုရဖို့အတွက် ကျန်းရွန်ရှင်းသည် အမှန်တကယ်ပင် နောက်ကွယ်မှနေရန် ရွေးချယ်ခဲ့ပြီး ဒေါသထန်ပြင်းဧရာမလူဝံကြီး၏ ကြောက်မက်ဖွယ်ခြေသည်းကုတ်ချက်ကို ကြိုဆိုရန် အစပြုခဲ့သည်။

ဤမြင်ကွင်းကို အဝေးမှာရှိနေသည့် ချင်ယွင်မြင်လျှင် သူသည် ချက်ချင်း ကျိန်ဆဲလိုက်သည် " လခွမ်း၊ ဒီမိန်းမက ရူးနေတာဖြစ်ရမယ်!"

သူပြောပြီးသည်နှင့် အရာအားလုံးကို လျစ်လျူရှုလိုက်သည်။ လျှပ်စီးနှင့် လေတိုက် နှုန်းတို့သည် တစ်ပြိုင်နက်တည်းပင် အရှိန်ပြင်းထန်လာပြီး ကျန်းရွန်ရှင်းဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းသွားသည်။

သို့သော် သူတို့ကြားရှိ အကွာအဝေးသည် ဝေးလွန်းသည်။ ကျန်းရွန်ရှင်း၏ဓားဖြင့် တိုက်ခိုက်ခြင်းသည် ဒေါသထန်ပြင်းဧရာမလူဝံကြီးကို လုံးဝထိခိုက်စေခြင်းမရှိပေ။ ဒေါသထန်ပြင်းဧရာမလူဝံကြီး၏ ခြေသည်းသည် သူမ၏ ရင်ဘတ်ကို တိုက်ရိုက် ထိမှန်ခဲ့သည်။

ဒေါသထန်ပြင်းဧရာမလူဝံကြီး၏ ခြေသည်းသည် တစ်ချက်ရိုက်ခံရရုံဖြင့် တောင်ကုန်း ငယ်တစ်ခုကို ဖြိုခွဲနိုင်စွမ်းရှိသည်။ ဤ‌ခြေဖဝါးရိုက်ချက်သည် ကျန်းရွန်ရှင်း၏ ရင်ဘတ်ကို ထိမှန်သွားခဲ့ပြီး ကျန်းရွန်ရှင်း၏အတွင်းပိုင်းအင်္ဂါအစိတ်ပိုင်းများ ချက်ခြင်း နေရာပြောင်းသွားကာ ကွဲကြေလုနီးပါးဖြစ်ခဲ့ရသည်။ ဥက္ကာပျံကဲ့သို့ သွေးများ စီးကျလာပြီး သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မြေပြင်ပေါ်သို့ ကျရောက်နေသော ဥက္ကာပျံကဲ့သို့ မြေပြင်ဆီသို့ ထိုးကျသွားသည်။

သို့သော်၊ ချင်ယွင်သည် အချိန်မီရောက်လာပြီး ကျန်းရွန်ရှင်း၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ကျရောက်ခါနီးတွင် သူမကို အမြန်ပွေ့ဖက်လိုက်သည်။ သို့သော်လည်း ထိုပြင်းထန်သော သက်ရောက်မှုသည် ချင်ယွင်၏ ခွန်အားကို မထုတ်နိုင်ခင်အထိ မြေပြင်ပေါ်တွင် နှစ်ကြိမ် လူးလိမ့်နေရသေး၏။

ကျန်းရွန်ရှင်းသည် ရုတ်တရက် တစ်စုံတစ် ယောက်၏ ပွေ့ဖက်ခြင်းကို ခံခဲ့ရပြီး သိသိသာသာ အံ့အားသင့်သွားခဲ့သည်။ သို့သော်လည်း သူမသည် သူမ၏ ကန့်သတ် အဆုံးတွင်ရှိနေပြီဖြစ်ပြီး သူမစကားပြောသောအခါတွင် သူမ၏တစ်ကိုယ်လုံးသည် တုန်လှုပ်သွားသည်။ "မင်းက ဘာလို့ဒီကိုရောက်နေတာလဲ။"

"ပါးစပ်ပိတ်ထားစမ်း၊ ခွေးမလေး၊ မင်းအသက်မရှင်ချင်ဘူးလား၊ ဒါပေမယ့် ငါကတော့ အသက်ရှင်ချင်သေးတယ်" ချင်ယွင်က ကျန်းရွန်ရှင်းကို ဟောက်လိုက်သည်။

ကျန်းရွန်ရှင်းသည် အံ့အားသင့်သွားသည်။ မူလက သူမ တစ်ခုခုပြောချင်သော်လည်း ချင်ယွင် ၏ တင်းမာပြီး ပြတ်သားသောမျက်နှာကို သူမမြင်သောအခါ သူမစကားများ ကို တိုက်ရိုက်မျိုချလိုက်သည်။ သူမ၏ပါးစပ်ထောင့်မှာလည်း မထင်မရှား အပြုံး တခုက တရွေ့ရွေ့ တိုးလာသည်။

တစ်စုံတစ်ယောက် ဝင်လာသည်ကို မြင်လိုက်ရသောအခါ ဒေါသထန်ပြင်း ဧရာမလူဝံကြီးသည် တစ်ဖန်ဟောက်ပြီး ချင်ယွင်ဆီ ပြေး၀င်လိုက်သည်။

ချင်ယွင်က ဒေါသတကြီး အော်ဟစ်လိုက်သည် "သားရဲကောင်၊ ထွက်သွားစမ်း!"

ယင်းနောက်မှာ ချင်ယွင်သည် ဒေါသထန်ပြင်းဧရာမလူဝံကြီး၏ ခြေဖဝါးကို သူ၏ လက်သီးဖြင့်ထိုးရန် အနှိုင်းမဲ့ အစွမ်းထက်သည့် ကိုယ်ဟန်အနေအထားကို အသုံးပြု လိုက်သည်။

ဧရာမခြေဖဝါးကြီးနှင့် ချင်ယွင်၏လက်သီးတို့ ထိပ်တိုက်တွေ့ဆုံသွားပြီး ဒေါသ ထန်ပြင်းဧရာမလူဝံကြီးသည် အမှန်တကယ်ပင် ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွားခဲ့ရသည်။

ကံကောင်းထောက်မစွာ၊ ယွန်တိုင်နှင့် အခြားလူများသည် အဝေးကို ပြေးသွားကြပြီဖြစ် သည်။ အကယ်၍ သူတို့သာ ဤမြင်ကွင်းကို မြင်လိုက်ရမည်ဆိုလျှင် သူတို့သည် အရမ်း တုန်လှုပ်သွားကြလိမ့်မည်။ သေချာသည်မှာ ချင်ယွင်သည်လည်း ပိုမိုကောင်မွန် ခြင်း မရှိပါဘူး။ သူ၏လက်သီးမှတဆင့် ကြီးမားသော ရိုက်ခတ်မှုက သူ့ကို မီတာတစ်ရာကျော် အကွာအထိ ပျံသန်းသွားစေခဲ့ပြီး သူ၏လက်မောင်းသည် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။

သို့သော်လည်း ဒဏ်ရာပြင်းပြင်းထန်ထန် မရရှိဘဲ အစွမ်းထက်သော ဒေါသထန်ပြင်း ဧရာမလူဝံကြီးနှင့် ရင်ဆိုင်နိုင်ခြင်းသည် ကြောက်မက်ဖွယ်ကောင်းသော အောင်မြင်မှု တစ်ခုဟု ယူဆလို့ရသည်။

ဤမြင်ကွင်းသည် ကျန်းရွန်ရှင်း သတိလစ်ခါနီးဆဲဆဲ အချိန်တွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ သူမ၏မျက်နှာသည် တုနှိုင်းမရသော ထိတ်လန့်တုန်လှုပ်သော အမူအရာတစ်ခုကို ထုတ်ဖော်ပြသပြီးနောက် သူမသည် သတိလစ်သွားခဲ့သည်။

ချင်ယွင်သည် ဒဏ်ရာရနေသည့် ကျန်းရွန်ရှင်းကို ဖွေ့ဖက်ထားရသည့်အတွက် သူသည် သဘာဝအတိုင်း တိုက်ခိုက်ဖို့ မဖြစ်နိုင်တော့ပေ။ ထို့အပြင်၊ ဒေါသထန်ပြင်း ဧရာမလူဝံကြီးသည် ၎င်း၏ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာကာ ချင်ယွင်ဆီသို့ ပြေးလာ‌နေသည်။

ချင်ယွင်သည် သူ၏စိတ်ထဲတွင် ကျိန်ဆဲလိုက်ပြီး သူ၏အရှိန်ဟုန်ကို မြှင်တင်ကာ အဝေးရှိ တောအုပ်ဆီ ပြေးသွားလိုက်သည်။

ဒေါသထန်ပြင်းဧရာမလူဝံကြီးနှစ်ကောင်သည် ချင်ယွင်ကို ဖမ်းမမိမချင်းဘယ်တော့မှ လက်မလွှတ်ဘဲ နောက်သို့ အနီးကပ် လိုက်လာသည်။

ချင်ယွင်သည် တိုးပြီးကျိန်ဆဲရုံသာ တတ်နိုင်သည် ။ ဤအယုတ်တမာ သားရဲစုတ် နှစ်ကောင်သည် သူသည် ၎င်းတို့အား လုံးလုံး ဘာမှမလုပ်ခဲ့ပါလျှက် အဘယ်ကြောင့် သူ့နောက်ကိုသာ မဆုတ်မနစ် လိုက်နေခဲ့ရသနည်း။

အဆုံးတွင် ချင်ယွင်သည် ရှောင်ဘိုင်ကို ခေါ်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

မျှော်လင့်ထားသည့်အတိုင်း ရှောင်ဘိုင် ပေါ်လာသည်နှင့် တပြိုင်နက် ဒေါသထန်ပြင်း ဧရာမလူဝံကြီးနှစ်ကောင်သည် ၎င်းတို့၏ သူ့နောက်လိုက်ခြင်းကို ချက်ချင်း ရပ်တန့်လိုက်ပြီး ရှောင်ဘိုင်အား ဟိန်းဟောက်သော်လည်း ရှေ့ဆက် မတိုးဝံ့ပေ။

ရှောင်ဘိုင်သည် အဆင့်သုံး ဆိတ်သုဉ်းခြင်းသားရဲတစ်ကောင်ဖြစ်ပြီး သူ၏ လက်ရှိ ခွန်အားမှာ သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်နယ်ပယ် ၀န်းကျင် လောက်သာ ဖြစ်သည်။ သို့သော် ဒေါသထန်ပြင်းဧရာမလူဝံကြီးကို အမှန်တကယ် ထိတ်လန့်စေသည့်အရာက ရှောင်ဘိုင်၏ခန္ဓာကိုယ်မှ ထုတ်လွှတ်သော ကောင်းကင်မျို စပါးအုံးမြွေ၏ အငွေ့အသက် ဖြစ်သည်။

"ရွှီး!"

ရှောင်ဘိုင်သည်လည်း ဒေါသထန်ပြင်းဧရာမ လူဝံကြီးနှစ်ကောင်ကို ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူတို့၏ ဟောက်သံများသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသည်။

နောက်ဆုံးတွင် ဒေါသထန်ပြင်း ဧရာမလူဝံကြီးနှစ်ကောင်သည် ကြောက်ရွံ့မှု အရိပ်အယောင်ကို ဖော်ထုတ်ကာ ထွက်ပြေးရန် လှည့်ထွက်သွားသည်။

ဤမြင်ကွင်းကိုမြင်လျှင် ချင်ယွင်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး မေ့မြောနေပြီဖြစ်သည့် ကျန်းရွန်ရှင်းကိုကြည့်ရန် ခေါင်းငုံ့လိုက်သည်။

ချင်ယွင်သည် သူ၏စိတ်ဝိညာဉ်အာရုံဖြင့် စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ပြီး ကျန်းရွန်ရှင်း ၏ အခြေအနေမှာ အလွန်ဆိုးရွားကြောင်း တွေ့ရှိခဲ့ရသည်။ သူမ၏ အတွင်းအင်္ဂါများ နေရာပြောင်းသွားရုံသာမက ကွဲအက်သည့် သဲလွန်စများလည်း ရှိခဲ့သည်။ အချိန်မီ မကုသနိုင်လျှင် သူသည် သူမအတွက် အမွှေးတိုင် မီးရှို့ပေးရလိမ့်မည်။

"ငါ့အရင်ဘဝက မင်းကို တကယ်ကြွေးတင်ခဲ့တယ်ထင်တယ်" ချင်ယွင်သည် သူ၏စိတ်ထဲ တွင် ကျိန်ဆဲလိုက်ပြီး ကျန်းရွန်ရှင်းကို ကုသရန်အတွက် သူ၏ဝိညာဉ် စွမ်းအင်ကို အသုံးပြုနေစဉ်တွင် ရှောင်ဘိုင်ကို ကာကွယ်ပေးရန် ညွှန်ကြားခဲ့သည်။

ချင်ယွင်၏ ဖရိုဖရဲအစိမ်းရောင်ကြာပန်းပညာရပ်၏ ဝိညာဉ်စွမ်းအင်သည် အလွန် အစွမ်းထက်သော ပြန်လည်ကုစားခြင်းကို လုပ်ဆောင်နိုင်စွမ်းရှိသည်သည်။ ထို့ကြောင့် ၊ ချင်ယွင်၏ အဆက်မပြတ်ကုသမူအောက်တွင် ကျန်းရွန်ရှင်း၏ အတွင်းအင်္ဂါ အစိတ် ပိုင်းများသည် ၎င်းတို့၏ မူလနေရာသို့ တဖြည်းဖြည်း ပြန်လည် ရောက်ရှိ သွားခဲ့သည်။ သူမ၏ ရင်ဘတ်ရှိ ကျိုးနေသော နံရိုးများသည်လည်း တဖြည်းဖြည်း ပြန်ဆက်လာပြီး သူမ၏ အက်ကွဲနေသော အတွင်းအင်္ဂါအစိတ်ပိုင်းများ သည် တဖြည်းဖြည်း ပြန်လည် ပြုပြင်လာသည်။

သုံးနာရီကြာပြီးနောက်၊ ချင်ယွင်သည် နောက်ဆုံးတွင် ကျန်းရွန်ရှင်း၏ဒဏ်ရာများကို သက်သာပျောက်ကင်းစေပြီး သူမ၏ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးအားလုံးကို ဖယ်ရှားကာ သူမကျင့်ကြံထားသည့် ဝိညာဥ်ချီပညာရပ်ကြောင့် ဖြစ်ပေါ်လာသော အားနည်းချက်များကို ဖယ်ရှားပေးခဲ့သည်။

ယင်ကိစ္စအားလုံးပြီးသွားလျှင် ချင်ယွင်က အရမ်းမောပန်းသွားပြီး မြေပြင်ပေါ် လဲကျသွားခဲ့သည်။

သို့သော် သူအိပ်ပြီး သိပ်မကြာခင်မှာပဲ ရူးသွပ်စွာ အော်သံကို ကြားလိုက်ရသည်။

ကျန်းရွန်ရှင်းသည် သတိရလာပြီးနောက် သူမ၏ခန္ဓာကိုယ်ကို စေးကပ်သော အညစ် အကြေးများဖြင့် ဖုံးလွမ်းနေသည်ကို တွေ့ရှိခဲ့ရသည်။ ထို့အပြင် ယင်းအညစ် ကြေးများသည် နံစော်၍ သေစေနိုင်သည်။ အလှတရားကို အမြဲချစ်မြတ်နိုးသော သူမသည် မအော်ဟစ်ဘဲ မနေနိုင်ချေ။

စာစဉ်(၆)ပြီးပြီ

ဘာသာပြန်သူ နေဇင်

All Chapters