← Chapters

ညှဉ်းပန်းနှိပ်စက်မူ

Vol. 7 Ch. 91

ညှဉ်းပန်းနှိပ်စက်မူ

Vol. 7 Ch. 91

အခန်း (၉၁) ညှဉ်းပန်းနှိပ်စက်မူ

ကျန်းရွန်ရှင်း နိုးလာသောအခါ၊ သူမ ပထမဆုံးလုပ်ခဲ့သည့် အရာက သူမအနားရှိ စမ်းချောင်းဆီသို့ အမြန်ပြေးသွားခြင်းပင် ဖြစ်သည်။ ထို့နောက် သူမသည် အဝတ်အစားများကို ချွတ်ကာ မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ ရေထဲသို့ ပြေးသွားခဲ့သည်။

သူမတစ်ကိုယ်လုံးကို သန့်စင်ဆေးကြောပြီးနောက်၊ မနီးမဝေးရှိ ချင်ယွင်သည် အံ့သြလွန်းပြီး မည်သည့်စကားမှ မပြောနိုင်ဘဲ မှင်သေသေ ဖြစ်နေသည်ကို သူမ တွေ့လိုက်ရ၏။ ယင်းအပြင် သူ၏နှာခေါင်းက သွေးများပင် လျံထွက်နေလေ ပြီ။ ထိုအချိန်မှပင် ချင်ယွင်သည် သူမ၏ ရေချိုးခြင်းလုပ်ငန်းစဉ်တစ်ခုလုံးကို လုံးလုံး လျားလျား မြင်သွားခဲ့ရကြောင်း သူမ သဘောပေါက် သွားခဲ့သည်။

ချင်ယွင်၏ နှလုံးသားသည် မုန်တိုင်းတခု ၀င်ရောက်လှုပ်ခတ်သွားသည်ဟု ဆိုနိုင်ပြီး သူ၏စိတ်ထဲတွင် ကျန်းရွန်ရှင်း၏ တောက်လောင်ပြီး စွဲမက်ဖွယ်ကောင်းသော ခန္ဓာကိုယ်လေးနှင့် ပြည့်နေလေသည်။

ကျန်းရွန်ရှင်းသည် စမ်းချောင်းထဲတွင် ထိုင်ချလိုက်ပြီး သူမ၏ လူကြိုက်များလှသော ခန္ဓာကိုယ်တစ်ခုလုံးသည် ဒေါသကြောင့် တုန်လှုပ်သွားကာ သူမ၏ မျက်နှာသည် ရှက်ကိုးရှက်ကန်းဖြင့် နီမြန်းလာသည်။ ချင်ယွင် အနားမှာရှိနေသည်ကို သူမ မေ့သွားသည့်အတွက် သူမကိုယ်သူမ စိတ်ထဲမှာ ကျိန်ဆဲ လိုက်မိသည် ။

သူမသည် အခြားသူများကို မယိုးမရွဖြစ်အောင် စိတ်ဆွခြင်းကို နှစ်သက်သော်လည်း ၎င်းသည် သူမ၏ ခန္ဓာကိုယ်ကို အခြားသူများအား ပြသနိုင်သည်ဟု မဆိုလိုပေ။ သူမ၏ နှလုံးသားထဲတွင် သူမ၏ လှပသော ခန္ဓာကိုယ်သည် သတို့သမီးအခန်း၏ ညတွင် ခင်ပွန်းဖြစ်သူအတွက်သာ ကျန်ရစ်ခဲ့ရပေလိမ့်မည်။

ချင်ယွင်သည် ရင့်ကျက်မှုမရှိသေး ချစ်စဖွယ်ကောင်းပြီး သူမကို တမင်တကာ ကျီစယ်နေသည်ဟု သူမထင်သောကြောင့် ချင်ယွင်နှင့် အတူတူအိပ်မည်ဟု ယခင်က သူမသည် အကြိမ်ကြိမ် စနောက် ပြောခဲ့ဖူးသည်။ သူမမှာ ဟန်ဆောင်လိမ်ညာ လိုသည့်ဆန္ဒ မရှိခဲ့ပါဘူး။

"ဘာလို့ ခေါင်းမလှည့်သေးတာလဲ!" ကျန်းရွန်ရှင်းက ဒေါသတကြီး ဟောက်လိုက် သည်။

ချင်ယွင်သည် မတုံ့ပြန်နိုင်ခင် တခဏလောက် ထိတ်လန့်သွားသည်။ သူသည် ခေါင်းကို ကမန်းကတန်း လှည့်လိုက်ပေမယ့် တိုးတိုးရေရွတ်လိုက်မိ၏ "ဘာပဲဖြစ်ဖြစ် ငါက အရာအားလုံးကို တွေ့ဖူးသွားပြီ။ ငါက ဒီလိုကိစ္စမျိုး မှာ အသိပညာ အားနည်းသူလည်း မဟုတ်ဘူး။"

ချင်ယွင်၏ ရေရွတ်သံကို ကြားလိုက်ရလျှင် ကျန်းရွန်ရှင်း၏ မျက်နှာသည် ရှက်ရွံ့မူနှင့် အတူ ဒေါသများဖြင့် ပြည့်နှက်နေသည်။ သူမသည် ကမ်းပေါ်တက်ပြီး အဝတ်အစားကို အမြန်ဝတ်လိုက်သည်။

ချင်ယွင်သည် ထိုနေရာတွင် ထိုင်နေပြီး သူ၏စိတ်ထဲတွင် အလွန်တရာအပြစ်ရှိ သွားကြောင်း ခံစားလာရသည်။ ရုတ်​တရက်​ သူ၏နောက်ကျော ​အေးစက်​သွားသလို ခံစားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်လျှင် ကျန်းရွန်ရှင်းက သူ့ကို ဓားနှင့်လှမ်းထိုး သည်ကို တွေ့လိုက်ရသည်။

ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ "ဟေး ဟေး၊ ငါ မင်းကို ကယ်လိုက် တာလေ။ မင်းရဲ့ ကျေးဇူးတရားကို ဘယ်လို ပြန်ဆပ်နေတာလဲ ။ မင်းရဲ့ ခန္ဓာကိုယ်ကို ငါ အကြိမ်အနည်းငယ်လောက် ကြည့်ဖူးတယ်။ ဒါပေမယ့် အသားတစ်ပိုင်း ပျောက်သွားလို့လား"

ယင်းစကားကို ကြားလျှင် ကျန်းရွန်ရှင်းသည် ရှက်ရွံ့ပြီး မျက်နှာက နီရဲသွားသည်။

"မင်း ပြောနေတုန်းလား " ကျန်းရွန်ရှင်းက ဒေါသတကြီး ပြောလိုက်သည်။

ယင်းက ချင်ယွင်ကို ထိတ်လန့်သွားစေသည်။ ဤနတ်ဆိုးမက အမှန်တကယ် ငို၍ ပြောလိုက်သည်လား။

လခွမ်း၊ ဒီမိန်းမက လွမ်းမိုးနိုင်စွမ်းရှိတဲ့ မိန်းမတယောက် မဟုတ်ဘူးလား။

ယခင်က သူမသည် သူ့ကို သိမ်းပိုက်လိုသည်ဟု မပြောခဲ့ဖူးသော်လည်း မိုးပြာ မြူနှင်း ငှက်ကိုပင် သူမ၏သတို့သမီးအခန်းတစ်ခု အဖြစ် ထားရှိစေလိုသည်ဟုပင် ပြောခဲ့ သည်။ သူမသည် အလွန်လွှမ်းမိုးနိုင်စွမ်း ရှိနေခဲ့သည်။ ယခု သူမခန္ဓာကိုယ်ကို လှမ်းကြည့်မိတော့ မခံနိုင်တော့ပေ။ မိန်းမ‌များ၏စကားကို ယုံစား၍ မရဘူးဆိုသည်မှာ ဟုတ်မှန်လောက်ပါသည်။

ချင်ယွင်သည် သူ့နှလုံးသားထဲတွင် မြင်းတစ်သောင်းခုန်ပေါက်နေသည်ဟု ခံစားရ သည်။ သူသည် ဤမိန်းမသည် အကျင့်ကောင်းပုံမရဟု ထင်ပြီး လျစ်လျူရှုရန် ရည်ရွယ်ထားသော် လည်း အမှန်တကယ်တော့ သူမသည် သူမ၏ နှလုံးသားထဲတွင် ရှေးရိုးဆန်လွန်းသဖြင့် သူမကို ငိုမိလောက်အောင် ဖြစ်စေခဲ့သည်။

သို့သော်လည်း သူသည် ပွင့်သစ်စ သစ်တော်ပင်ပေါ် မိုးရေစက်များ တသောက် သောက်ကျဆင်းနေသည်နှင့်တူသည့် သူ၏ ဘေးတွင် ရပ်နေသော ကျန်းရွန်ရှင်းကို ကြည့်လိုက်သောအခါ မခံစားနိုင်သည့် အရိပ်အယောင်များက ချက်ချင်းပင် သူ၏ နှလုံးသားထဲတွင် တိုးဝင်လာခဲ့ရသည်။ သူသည် ရှေ့သို့ လျှောက်သွားကာ ကျန်းရွန်ရှင်း ကို နှစ်သိမ့်ပေးရန် ပြင်ဆင်လိုက်သည်။

သို့သော် ချင်ယွင် ပါးစပ်မဖွင့်မီ ကျန်းရွန်ရှင်းသည် သူ၏ ရင်ဘတ်ကို ရိုက်ချလိုက်ပြီး သူ့ကို နောက်ပြန်လွင့်ထွက်သွားစေခဲ့သည်။ သူ၏တစ်ကိုယ်လုံးသည် နောက်ရှိ သစ်ရွက်ကြီးတစ်ပင်ကို ထိမှန်ပြီး နောက်ရှိသစ်ပင်ကြီးတစ်ပင်ကိုပင် ရိုက်ချိုး ပစ်လိုက်သည်။

အကြောင်းပြချက်မရှိဘဲ လက်ဝါးဖြင့် ရိုက်နှက်ခံလိုက်ရသော ချင်ယွင်သည် သူ၏ စိတ်ထဲတွင် လျှို့ဝှက်စွာ ပြောလိုက်သည် "ဟင်း၊ နတ်ဆိုးမက အော်ငိုနိုင်တယ်ဆိုမှ တော့ (ငါလည်း) အရိုက်ခံရဖို့ ထိုက်တန်တယ်ဆိုတာ ငါ တကယ်ယုံကြည်ပါတယ် လေ"

ချင်ယွင်၏ စိတ်အနှောက်အယှက် ဖြစ်သွားသည့် အမူအရာကို မြင်လိုက်ရလျှင် ကျန်းရွန်ရှင်း၏ မျက်နှာသည် အတိတ်က နတ်ဆိုးမအပြုံးဆီသို့ ပြန်လည် ရောက်ရှိ သွားခဲ့သည်။ သူမက ပါးနပ်စွာ ပြုံးပြီး "ဒီလက်ဖဝါးတချက်က စောစောလေးက မင်း ငါ့အပေါ် အကြွေးတင်နေလို့ ပေးလိုက်တာ။ ငါ့ခန္ဓာကိုယ်ကို ကြည့်ဖို့ မင်းကို ဘယ်သူက ပြောလို့လဲ။"

ချင်ယွင်က ပြန်ပြောလိုက်သည် "မင်းကို ဘယ်သူက အကြွေးတင်နေတာလဲ? မင်းကိုယ်တိုင်က ငါ့ရှေ့မှာ ကိုယ်လုံးတီးချွတ်ဖို့ အစပြုခဲ့တာလေ..."

သို့သော် သူ၏စကားတစ်ဝက်တစ်ပျက် အရောက်မှာ ကျန်းရွန်ရှင်း၏ ဆွဲဆောင်မှုရှိပြီး ဖမ်းစားနိုင်စွမ်းရှိသော မျက်လုံးများတွင်ဒေါသအရိပ်ယောင်များ တစ်ဟုန်ထိုးထွက်‌ ပေါ်နေသည်ကို တွေ့လိုက်ရသောကြောင့် မျိုချလိုက်ရသည်။

အမှန်အတိုင်းပြောရလျှင် ချင်ယွင်သည် ဤနတ်ဆိုးမ ကျန်းရွန်ရှင်းကို အနည်းငယ် ကြောက်နေသေးသည်။ သူမခွန်အားကို ကြောက်တာမျိုး မဟုတ်ပေ။ လူများ၏ စိတ်နှလုံးကို နှိုးဆွပေးသည့် သူမ၏ကြောက်စရာကောင်းသော နည်းလမ်းများကို ကြောက်ခြင်းဖြစ်၏။

ကျန်းရွန်ရှင်းသည် ပြုံးလိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံရ သည်။ သူမသည် ချင်ယွင်ဆီသို့ တစ်လှမ်းချင်း လှမ်း လျှောက်လာပြီး သူ့ကို အကဲဖြတ်နေသည်။

ချင်ယွင်သည် တစ်ခုခုမှားနေပြီဟု ချက်ခြင်း ခံစားလိုက်ရသောကြောင့် သူသည် ခြေလှမ်း အနည်းငယ် နောက်ပြန်ဆုတ်ကာ “မင်း ဘာလုပ်ချင်လို့လဲ…” ဟု ပြင်းပြင်း ထန်ထန် မေးလိုက်သည်။

ကျန်းရွန်ရှင်းသည် ယင်းစကားကို မကြားလိုက်ပုံရသည်။ ယင်းအစား သူမသည် ချင်ယွင်ဆီသို့ တစ်ဆင့်ပြီးတစ်ဆင့် ချဉ်းကပ်လာကာ သူ့ကို သစ်ပင်တစ်ပင်၏ နံဘေးသို့ တွန်းပို့ခဲ့သည်။

ချင်ယွင်သည် အလွန်စိတ်လှုပ်ရှားနေ၏။ သူ၏အနားသို့ ကပ်လာနေသော ကျန်းရွန်ရှင်းကို ကြည့်ကာ "ရှေ့တိုးမလာနဲ့နော်။ နောက်ထပ် ရှေ့တိုးလာရင် မင်းကို ငါ စားမိလိမ့်မယ်။ သတိထားဦးနော်..."

သို့သော် သူ၏မျက်နှာပေါ်မှ ကြောက်ရွံ့သောအမူအရာက သူ့ကို သစ္စာဖောက် နေခဲ့သည်။

"တကယ်လား ဒါဆို ငါ့ကို လာစားလေ !" ကျန်းရွန်ရှင်း၏ အသံသည် နူးညံ့သိမ်‌မွေ့လွန်း‌သောကြောင့် ချင်ယွင်၏ အရိုးများကိုပင် ပျော့ပျောင်းသွားစေခဲ့သည် ။

ချင်ယွင်သည် သူ၏စိတ်ထဲတွင် ကျိန်ဆဲလိုက်သည် "လခွမ်းကွာ ၊ ဒီမိန်းမက လူတွေကို သိပ်အနိုင်ကျင့်လွန်းတယ်၊ ဒါကို ငါမလုပ်ရင် ငါယောက်ျားစစ်စစ် မဟုတ်တော့ဘူး"

ထို့ကြောင့် ချင်ယွင်သည် ကျန်းရွန်ရှင်း၏ သွယ်လျသောခါးကို ပွေ့ဖက်ရန် ရည်ရွယ် ခဲ့သော်လည်း ကျန်းရွန်ရှင်းက အလွယ်တကူ ရှောင်တိမ်းကာ သူ၏ရင်ဘတ်ပေါ်သို့ တိုက်ရိုက် ရိုက်လိုက်သည်။

ချင်ယွင်သည် သူ၏ရင်ဘတ်တွင် နာကျင်မူကို ခံစားရပြီး ဤအမျိုးသမီးသည် ဆဋ္ဌမအဆင့်ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ်တွင် ရှိနေကြောင်း သတိရသွားမိသည်။

"အဒေါ်၊ မင်းက ဘာဖြစ်ချင်တာလဲ။" ချင်ယွင်သည် စိတ်ဓာတ်ကျသည့် အမူအရာဖြင့် ပြောပြီး သူ၏စိတ်ထဲတွင် မျက်ရည်မကျဘဲ ငိုချင်နေခဲ့မိသည်။

အကယ်၍ ခင်ဗျားက ကျုပ်စားတာကို မမြင်ချင်မှတော့ ဘာကြောင့် ကျုပ်ကို နှိုးဆော် ပေးနေရသေးလဲ။ ခင်ဗျား ကျုပ်ကို အသက်ရှုကြပ်ပြီး သေအောင် ကြိုးစားနေတာ လား။

ကျန်းရွန်ရှင်းက ပြုံးပြီး "ပြောစမ်းပါဦး၊ မင်း ဘာလို့ ဒေါသထန်ပြင်းဧရာမလူဝံကြီးကို ထိပ်တိုက် တိုက်ခိုက်နိုင်ရတာလဲ။ ဒါ့ပြင် ဘာမှ ထိခိုက်ဒဏ်ရာရတာလည်း မရှိခဲ့ဘူး။ မင်းရဲ့စွမ်းအားက နဝမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်တစ်ယောက်ရဲ့ အစွမ်းပဲ ရှိတယ်ဆိုတာ သေချာပါတယ်။"

ကျန်းရွန်ရှင်း၏ စကားကိုကြားလျှင် ချင်ယွင်သည် သူမကို ချက်ချင်း သူ၏မျက်လုံး များကို လှည့်ပတ်ကစားရင်း " တကယ်လို့ ခင်ဗျားအနေနဲ့ ခံစားချက်တွေအကြောင်း မေးချင်ရင် မေးလိုက်စမ်းပါ။ ဒီလောက်ကြီး လှည့်ပတ်မေးမြန်းနေစရာ မလိုအပ်ပါဘူး။ ခင်ဗျားလို မိန်းမလှတယောက်ရဲ့ နှိုးဆွမှုကိုခံထားရတဲ့ ယောက်ျားတစ်ယောက် အတွက် သည်းမခံနိုင်ဆုံးအရာက ဘာလဲဆိုတာ ခင်ဗျား မသိဘူးလား။

ချင်ယွင်၏ စကားကိုကြားလျှင် ကျန်းရွန်ရှင်း၏ မျက်နှာသည် ချက်ချင်းပင် နီရဲသွား သည်။ ပထမအကြိမ်အဖြစ် သူမသည် ငြင်းဆန်ခြင်းမရှိဘဲ “ဒါဆို မင်း ဘာကြောင့် ဒေါသထန်ပြင်းဧရာမလူဝံကြီးကို ထိပ်တိုက်ရင်ဆိုင်နိုင်ရလဲဆိုတာ ပြောပြပါ”

'ဒါက မတော်တဆ စားသုံးမိတဲ့ သစ်သီးတစ်မျိုး‌ကြောင့်ဘဲ။ နောက်ပိုင်းမှာ ငါ့ရဲ့ ခန္ဓာကိုယ်ဟာ ထူးထူးခြားခြား သန်မာလာခဲ့တယ်။ အခု ငါ့ရဲ့ ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုက အဆင့်သုံး ဆိတ်သုဉ်းခြင်းသားရဲနဲ့ လုံးဝ ယှဉ်နိုင်နေပြီ။ ဒါ့အပြင် ဒါက ငါရဲ့ ရုပ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှုသက်သက်သာ ဖြစ်တယ်လို့ ဆိုတယ်။ တကယ်လို့ ငါသာ ဒေါသထန်ပြင်း ဧရာမလူဝံကြီးနဲ့ တိုက်ခိုက်မယ်ဆိုရင် ငါက သူ့ပြိုင်ဘက် မဟုတ်ဘူး။" ချင်ယွင်က လိမ်ညာပြီး ပြောလိုက်သည်။

ကျန်းရွန်ရှင်းသည် ချင်ယွင်ကိုကြည့်နေပြီး တစ်စုံတစ်ခုကို တွေးနေသလိုမျိုး ဘာမှ ပြန်မပြောပေ။

ချင်ယွင်သည် သူ၏စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူ၏ လိမ်ညာမှုသည် ကျိုးကြောင်းဆီလျော်ပြီး သံသယမပွားသင့်ဟု သူခံစားမိသည်။

"ဒါဆို ဒေါသထန်ပြင်း ဧရာမလူဝံကြီးရဲ့အသိုက်က ပုံမှန်မဟုတ်ဘူးဆိုတာကို မင်း ဘယ်လို ရှာတွေ့တာလဲ။" ကျန်းရွန်ရှင်းက ထပ်မေးသည်။

ချင်ယွင်သည် ‌‌ ဒေါသထန်ပြင်း ဧရာမလူဝံကြီး၏ ခြေရာများအတိမ်အနက်ကို ရှာဖွေ တွေ့ရှိခြင်းမှတဆင့် ဒေါသထန်ပြင်း ဧရာမလူဝံကြီးနှစ်ကောင်သည် အတူတကွ နေထိုင်ပုံကို မည်ကဲ့သို့ ခန့်မှန်းနိုင်ခဲ့ကြောင်း ဖြစ်စဉ်တခုလုံးကို စိတ်ရှည်စွာ ရှင်းပြလိုက်ရသည်။

သို့သော် ချင်ယွင်၏ ရှင်းပြချက်ပြီးဆုံးပြီးနောက်၊ ကျန်းရွန်ရှင်းသည် ပို၍ပို၍ပင် ထိတ်လန့်လာခဲ့သည်။ သူမရှေ့ရှိ လင်းယွင်သည် ဒေါသထန်ပြင်းဧရာမလူဝံကြီး၏ ခြေရာအတိမ်အနက်မှတဆင့် သေးငယ်သော ခြားနားချက်ကို သိရှိနိုင်ရုံသာမက ချင်ယွင်၏ ထင်မြင်ယူဆချက်ကြောင့်လည်း ချင်ယွင်သည် အလွန်တရာ လိမ္မာပါးနပ် သူ ဖြစ်ကြောင်း သူမ သိလိုက်ရသည်။ ယင်းကြောင့် သူမရှေ့ရှိ လင်းယွင်သည် တခဏတာအတွင်း လျှို့ဝှက်ဆန်းကြယ်သွားပုံပေါ်သည်ဟု သူမကို ခံစားမိစေသည်။

လူတစ်ဦးသည် ကြီးမားလှသော အသိအမြင်နှင့် တုနှိုင်းမယှဉ်နိုင်သော ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ သူသည် ဒဏ္ဍာရီလာအဆင့်တစ်ဆယ် ဝိညာဉ် အရင်းအမြစ် ပါရမီရှင်တစ်ယောက်လည်း ဖြစ်နေသည်။

ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်ပြီး နားမလည်နိုင်ဖြစ်ရသည်ဟု ကျန်းရွန်ရှင်းကို ခံစားရစေသည့်အရာက သူမသည် ပြင်းထန်သည့် ဒဏ်ရာကို ခံစားခဲ့ရခြင်း ကြောင့်ပါ။ ဟုတ်ပါသည်, သူမ ပြန်လည်နိုးထပြီး သတိပြန်ရလာသည့်အခါ သူမ၏ ခန္ဓာကိုယ်သည် မွေးကင်းစကလေးငယ်ကဲ့သို့ သန့်စင်နေပြီး သက်တောင့်သက်သာ ရှိကာ ပြန်လည် တည်ငြိမ်သွားပုံရသည်။

"သေချာတာက သူ့မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိရမယ်။" ကျန်းရွန်ရှင်းသည် ချင်ယွင်၏မျက်နှာကို ကြည့်ပြီး သူမကိုယ်သူမ တွေးနေမိသည်။ ခဏလောက် ကြာတော့ သူမသည် ချင်ယွင်နှင့်ပတ်သက်ပြီး သိချင်စိတ် ပြင်းပြလာခဲ့သည်။

All Chapters