ပြဿနာများ တဖန်ရောက်လာခြင်း
Vol. 7 Ch. 92
အခန်း (၉၂) ပြဿနာများ တဖန်ရောက်လာခြင်း
ထို့နောက် ချင်ယွင်နှင့် ကျန်းရွန်ရှင်းတို့သည် ယွန်တိုင်၊ ဆန်ရှင်းရှင်းနှင့် ချန်းယုယွမ် တို့ကို အတူတကွ ရှာဖွေခဲ့ကြသည်။ တိုင်ယွန်တောင်တန်းသည် အလွန်ကျယ်ဝန်းပြီး သစ်ပင်များထူထပ်ကာ မတ်စောက်သော တောင်ကြားလမ်းများ နှင့်အတူ ၎င်းတို့ကို ရှာတွေ့ရန် မလွယ်ကူပေ။
ထို့ကြောင့် ချင်ယွင်နှင့် ကျန်းရွန်ရှင်းတို့သည် တစ်နေကုန် ရှာဖွေခဲ့ကြပြီး ဧရိယာ တစ်ခုလုံးကို ကီလိုမီတာဒါဇင်များစွာအထိ ရှာဖွေခဲ့ကြသော်လည်း ထိုလူသုံးဦး၏ ခြေရာများကို မတွေ့နိုင်ကြသေးပေ။
ကောင်းကင်ကြီးသည် တဖြည်းဖြည်း မှောင်လာသည်။ ချင်ယွင်နှင့် ကျန်းရွန်ရှင်း တို့သည် အနားယူရန် နေရာရှာရန်မှ တပါး ရွေးချယ်စရာ မရှိပေ။ ထိုအချိန်တွင်၊ ကျန်းရွန်ရှင်းသည် ချင်ယွင်ထံ ချဉ်းကပ်လာပြီး မရေမတွက်နိုင်သော မေးခွန်းများ မေးသည်။ ထို့အပြင်၊ သူမသည် ချင်ယွင် ၏နောက်ခံကို အထူးစိတ်ဝင်စားနေပုံရသည်။
ဟုတ်ပါသည်၊ ချင်ယွင်သည် သူ၏ဘဝဇာတ်ကြောင်းကို သူမအား မပြောပြနိုင်သော ကြောင့် သူမအတွက် ဇာတ်လမ်းတစ်ပုဒ် ဖန်တီးခဲ့ရပါသည်။ သို့သော် ချင်ယွင်ကို စကားမပြောနိုင်လောက်အောင် ဖြစ်စေသည်မှာ ကျန်းရွန်ရှင်းက စိတ်ဝင်တစား နားထောင်နေခြင်း ဖြစ်သည်။
"မင်းရော ငါ့ဇာတ်လမ်းကို သိချင်လား" ကျန်းရွန်ရှင်းက သစ်ပင်ကြီးပေါ်မှာ ထိုင်ပြီး ကောင်းကင်ယံမှာ ပြည့်နေသည့်ကြယ်တွေကို မျှော်ကြည့်ရင်း ချင်ယွင်ကို ပြောလိုက်သည်။
"မကြားချင်ဘူး!" ချင်ယွင်က ပွင့်ပွင့်လင်းလင်း ပြန်ဖြေသည်။
ကျန်းရွန်ရှင်းက ပြုံးပြီး ဆက်ပြောသည် "တကယ်တော့ ငါ ငယ်ငယ်ကတည်းက မင်းလိုဘဲ ဝေးလံခေါင်သီတဲ့ ရွာလေးမှာ နေခဲ့ရတယ်။ အဲဒီတုန်းက ငါ့ဘဝက အရမ်း ဆင်းရဲပေမယ့် အရမ်းပျော်ခဲ့ရတယ်။ ငါ့မိဘတွေဟာ နေ့ခင်းဘက်မှာ ထွန်ယက် စိုက်ပျိုးပြီး ညဘက်မှာ ယက်လုပ်ကြတယ်။ ဘဝက အရမ်းပျော်စရာကောင်းခဲ့တယ်။ ရွာထဲမှာ ပြေးလွှားပြီး တခြားကလေးတွေနဲ့ ဆော့ကစားရတာကို ကြိုက်တယ်။"
ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် ပြောစရာစကားပင်မဲ့သွားရ၏။ သူ မကြားချင် ဘူးဟု ရှင်းရှင်းလင်းလင်းပြောခဲ့သော်လည်း သူမက အမှန်တကယ် ပြောနေခဲ့သည်။
သို့သော်လည်း သူသည် သူ၏ခေါင်းကို လှည့်ကြည့်လိုက်သော အခါတွင် ကျန်းရွန်ရှင်း၏ တည်ငြိမ်ပြီး စိတ်လှုပ်ရှားနေသော မျက်နှာကို မြင်လိုက်ရပြီး သူသည် သူမ၏ စကားများကို နှောက်ယှက်ရန် မဝံ့ရဲတောပေ။
"တကယ်တော့ ငါ့နာမည်က ကျန်းရွန်ရှင်းလို့ ခေါ်တာ မဟုတ်ဘူး။ ငါ့နာမည်အရင်းက ကျန်းရှောင်ရှင်းပါ။ ကျန်းရွန်ရှင်းဆိုတဲ့ နာမည်က ဂိုဏ်းထဲဝင်တဲ့ အချိန်တုန်းက ဂိုဏ်းခေါင်းဆောင်က ငါ့ကို ပေးခဲ့တာ။ ကျန်းရှောင်ရှင်း ဒီနာမည်ကို မင်းဘယ် လိုထင်လဲ။" ကျန်းရွန်ရှင်းက ပြုံးပြီး ချင်ယွင် ဘက်လှည့်လိုက်သည်။
"ဒါက ကျန်းရွန်ရှင်းထက် ပိုကောင်းပါတယ်" ချင်ယွင်က နောက်ပြောင် ပြောသည်။
ကျန်းရွန်ရှင်းသည် သူမမျက်များကို လှည့်ပတ်လိုက်ရင်း ချင်ယွင်ကို ဆက်ပြောသည် "အဲဒီတုန်းက ငါ ဘယ်လို ကျင့်ကြံရမလဲဆိုတာ မသိခဲ့ဘူး၊ ဒါပေမယ့် ပေါ့ပေါ့ပါးပါးနဲ့ ဘဝကို ဖြတ်သန်းခဲ့ရတယ်"
ထိုအချိန်တွင် ကျန်းရွန်ရှင်း၏ မျက်နှာပေါ်ရှိ အပြုံးသည် မှိန်ဖျော့သွားပြီး ဒေါသနှင့် ဝမ်းနည်းမှုတို့က အစားထိုးလာသည်။
“နောက်တော့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေက ငါတို့ရွာထဲကို ဝင်လာကြတယ်။ မကောင်းဆိုးဝါး ကျင့်ကြံခြင်းနည်းစနစ်တွေ ကျင့်ကြံဖို့အတွက် ငါ့မိဘတွေ အပါအဝင် ငါတို့ရွာက ရွာသူရွာသား အားလုံးကို သတ်ပစ်လိုက်ကြတယ်။
ကျန်းရွန်ရှင်းက အေးစက်သောလေသံဖြင့် ပြောသည်။ ချစ်စရာကောင်းသော သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာသည်။ ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ချင်ယွင်၏နှလုံးသားသည် ရုတ်တရက်တုန်လှုပ်သွားသည်။
ဤတစ်ကြိမ်မှာတော့ ကျန်းရွန်ရှင်း၏ မျက်ရည်များက အစစ်အမှန်ဖြစ်သည်။ ကျန်းရွန်ရှင်း၏ နှလုံးသားထဲရှိ နာကျင်မှုနှင့် ဝမ်းနည်းမှုကို သူခံစားနိုင်သည်။
"ငါ လယ်ကွင်းထဲမှာ မတော်တဆ အိပ်ပျော်သွားတဲ့ အတွက်ကြောင့် ဒီကပ်ဘေး ဆိုးကြီးက လွတ်မြောက်ခဲ့တယ်။ ငါ ရွာထဲက လူသေတွေကို တွေ့ဖို့ ပြန်သွားတဲ့ အခါ…" ကျန်းရွန်ရှင်းသည် ဆို့နင်ပြီး တွန့်လိမ်သွားသည်။
ချင်ယွင်သည် ကျန်းရွန်ရှင်းသည် ဤမျှ နာကျင်စရာ အတွေ့အကြုံကို ကြုံတွေ့ရလိမ့် မည်ဟု အမှန်တကယ် မမျှော်လင့်ခဲ့ပေ။ သူမကို နှစ်သိမ့်ရန် တစ်ခုခုပြောဖို့ အဆင်သင့် ဖြစ်နေပေမယ့် ဘာပြန်ပြောရမှန်း မသိဘူး ဖြစ်နေသည်။
သူ၏ခမည်းတော်သည် အင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်သည်၊ သို့သော် သူသည် သေမျိုးကမ္ဘာထဲသို့ သူ့ကိုတွန်းပို့ကာ သူ၏မှတ်ဉာဏ်များကို စည်းတံဆိပ်ခတ် ထားခဲ့သည်။ သူကိုယ်ကရော ကျန်းရွန်ရှင်းထက် ဘယ်လောက်ပိုကောင်းလို့လဲ။
ချင်ယွင်သည် သူ၏စိတ်ထဲတွင် ရှိုက်ကြီးတငင် ပြုံးကာ သူ၏ဘေးမှ ကျန်းရွန်ရှင်းကို လှည့်ကြည့်လိုက်သည်။ သူ၏နှလုံးသားထဲမှာ ကိုယ်ချင်းစာတရား အမှန်တကယ် ရှိနေခဲ့ပါသည်။
ယင်းက မိဘမဲ့ဖြစ်ပေမဲ့ သန်မာဆဲဖြစ်သည့် သူ၏အစ်မ၊ ခြောက်နှစ်ပတ်လုံး သူ့ကို ပြုစုစောင့်ရှောက်ရင်း သူ့အတွက်ဆို အသေခံချင်ဖိုပင် ဆန္ဒရှိခဲ့သော သူ၏အစ်မကို အမှတ်ရစေခဲ့သည်။
"ကြည့်ရတာ ငါ မြန်မြန်လုပ်ရမယ်" ချင်ယွင်သည် သူ့အတွက် အချိန်သိပ်မကျန် တော့ဘူးဟု သူ့ကိုယ်သူ တွေးလိုက်သည်။
ဤတကြိမ် မိုးကြိုး၀ိညာဉ်တောင်ထဲကို ဝင်ရန် သူ စိတ်ကူးထားသည်။ ချင်ရွှန်းရွှန်းကို ကယ်တင်ပြီးနောက်၊ သူသည် မိုးကြိုး၀ိညာဉ်မျိုးနွယ်စု၏ အလောင်းကို ရရှိသည် ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ရန်စီချီအကြောင်း မေးမြန်းရန် ဘိုင်ယွန်မြို့တော်သို့ သူ သွားရမည်။ ထို့နောက် သူသည် သူ၏အစ်မကို နဝမမင်းသားနှင့် လက်ထပ်ခြင်းမှ တားဆီးရန် မိုးပြာတိမ်တိုက်မြို့တော်သို့ တိုက်ရိုက် သွားရလိမ့်မည်။
ချင်ယွင်သည် သူ၏အနားတွင် မည်သည့်အသံမျှ မကြားတော့သည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ လှည့်ကြည့်လိုက်လျှင် ကျန်းရွန်ရှင်းသည် သစ်ပင်၏ပင်စည်ကို မှီကာ အိပ်ပျော်သွားသည်ကို မြင်လိုက်ရသည်။ ထို့အပြင် သူမသည် ငြိမ်သက်စွာ အိပ်ပျော်သွားခဲ့သည်။
ချင်ယွင်သည် မျက်ရည်များဖြင့် စွန်းထင်းနေသေးသော သူမ၏ လှုပ်ရှားနေသော မျက်နှာကို ကြည့်လိုက်ရင်း သူ၏မျက်နှာပေါ်တွင် နာကျင်ခြင်း အရိပ်အယောင်များ ထွက်ပေါ်လာသည်။
ဤနတ်ဆိုးမသည် များသောအားဖြင့် အလွန်တက်ကြွပြီး ရွှင်လန်းနေပုံရသည်၊ သို့သော် ဤမျှ နာကျင်စရာကောင်းသော ဘဝအတွေ့အကြုံကို ကြုံတွေ့ခဲ့သည်ဟု သူ မျှော်လင့်မထားပေ။
ချင်ယွင်သည် သူမသည် ကျန်းရှောင်ရှင်းဟူသော နာမည်ထက် ကျန်းရွန်ရှင်းဟူသော နာမည်က ပို၍လိုက်ဖက်သည်ကို ရုတ်တရက် သဘောပေါက်သွားပြီး ၎င်းသည် ထုံးစံအတိုင်း ညို့ဓာတ်ပြင်းထန်သော သူမ၏ အသွင်အပြင်ကို ပိုဆွဲဆောင်မှုရှိစေ သည်။
ချင်ယွင်သည် လျင်မြန်စွာ တုန်လှုပ်သွားပြီး သူ့ကိုယ်သူ ဆက်မတွေးတော့ဘဲ ရပ်တန့် လိုက်ရသည်။ မဟုတ်ပါက သူသည် ဤနတ်ဆိုးမကို အမှန်တကယ် ပြောမိလိမ့်မည် ။
ပေါ့ပါးသော ခုန်သံနှင့်အတူ ချင်ယွင်သည် မြေပြင်ပေါ်သို့ ဆင်းလိုက်သည်။ ထို့နောက် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ လျှပ်စီးဖျက်ဆီခြင်း သဘောတရားကို နားလည် အောင် ဆင်ခြင်နေခဲ့သည်။
"မိုးကြိုးသည် ကောင်းကင်နှင့်မြေကြီး စွမ်းအား၏ အနှစ်သာရဖြစ်သည်။ ကောင်းကင် ဘုံ၏ပြစ်ဒဏ်မှာ အဓိကအားဖြင့် လျှပ်စီးကပ်ဘေးဒုက္ခ ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းဥပဒေသများကို ချိုးဖောက်သည့်အရာမှန်သမျှကို ဖျက်ဆီးရန် ရည်ရွယ်ထားသည်။ ထို့ကြောင့် လျှပ်စီးသည် ဖျက်စီးခြင်းကို ကိုယ်စားပြုသည်။"
ချင်ယွင်၏ စိတ်ထဲတွင် အတွေးများ အဆက်မပြတ် ထွက်ပေါ်လာပြီး သူသည် အလွန် အံ့သြဖွယ်ကောင်းသော အခြေအနေသို့ တဖြည်းဖြည်း ရောက်သွားခဲ့သည်။
ချင်ယွင်သည် သူ၏ပတ်ဝန်းကျင်တွင် လျှပ်စီးကြောင်းလေးများ လင်းလက်လာသည် ကို သတိမထားမိလိုက်ပေ။ အဆုံးတွင်၊ ၎င်းတို့သည် ထူထပ်လာပြီး လွှမ်းခြုံထားသော ဧရိယာသည် ပိုမိုကျယ်ပြန့်လာသည်။
သစ်ပင်ပေါ်တွင် လဲလျောင်းနေသော ကျန်းရွန်ရှင်းသည် ရုတ်တရက် နိုးလာသည်။ ပတ်ဝန်းကျင် နေရာရှိ လင်းလက်နေသော လျှပ်စီးများနှင့် လျှပ်စီးကြောင်းအလယ်တွင်
ချင်ယွင်ကိုမြင်လိုက်ရသောအခါ၊ချင်ယွင်သည် အံ့သြဖွယ်ကောင်းသော အခြေအနေသို့ ကျရောက်နေပုံရသည်ကို သူမသိလိုက်ပြီး သူမသည် ကျိန်ဆဲမိပေတော့မည်။
"ဉာဏ်အလင်းပွင့်ခြင်းလား?" ကျန်းရွန်ရှင်း၏ မျက်လုံးများသည် ထိတ်လန့်စွာ ပြူးကျယ်သွားသည်။
ဉာဏ်အလင်းပွင့်ခြင်းသည် နားလည်သဘောပေါက်မူနှင့် ပတ်သက်ပြီး ကျင့်ကြံခြင်း အတွက် အံ့ဖွယ်ကောင်းသော အခြေအနေတစ်ခု ဖြစ်သည်။ ၎င်းသည် မည်သည့် ဆေးပစ္စည်းကိုမဆို စားသုံးခြင်းထက် ပိုမိုထိရောက်သည်။
ဟုတ်ပါသည်, ဉာဏ်အလင်းပွင့်ခြင်းသည် တစ်ဦးတစ်ယောက် အလိုရှိသောကြောင့် ဉာဏ်အလင်းပွင့်လာခြင်း မဟုတ်ပါ။ ၎င်းသည် အလွန်မြင့်မားသော နားလည် နိုင်စွမ်း နှင့် အထူးပတ်ဝန်းကျင်တစ်ခု လိုအပ်ပါသည်။ သာမာန်ကျင့်ကြံသူအချို့သည် ၎င်းတို့၏ဘ၀ တစ်သက်တာတွင် တစ်ကြိမ်တခါမျှ ဤကဲ့သို့ ဉာဏ်အလင်း ပွင့်ခြင်းမျိုးကို မရရှိမိုင်ပေ။ ထို့ကြောင့် ဤသည်မှာ ကျင့်ကြံသူများအတွက် အလွန် အဖိုးတန်သော အခွင့်အရေးတစ်ခုဖြစ်သည်။ သူတို့ကို တခြားအရာများက စိတ်အနှောင့်အယှက် ဖြစ်စေလို့ မရပေ။
ဉာဏ်အလင်းပွင့်ခြင်းနှင့် ပတ်သက်ပြီး အချိန်ကလည်း အစိုးမရပေ။ အချို့လူများ၏ ဉာဏ်အလင်းပွင့်ခြင်းသည် အချိန်တခဏသာ ကြာသော်လည်း အချို့မှာ အချိန် အတော်ကြာအောင် ဉာဏ်အလင်းပွင့်တတ်ပါသည်။
အချိန်ပိုကြာလေ ရိတ်သိမ်းမူက ကြီးမားလေဖြစ်သည်။ ထို့ကြောင့် ကျန်းရွန်ရှင်းသည် ချင်ယွင်၏ ဉာဏ်အလင်းပွင့်ခြင်းအခြေအနေကိုမြင်သောအခါ သူမသည် အလွန် တုန်လှုပ်သွားပြီး သူ့ကို မနှောင့်ယှက်ဝံ့ပေ။
သို့သော်လည်း ချင်ယွင်ဖန်တီးသော လျှပ်စီးကြောင်းသည် ကျယ်ပြန့်လွန်းပြီး မကြာမီ အနီးနားရှိ ဆိတ်သုဉ်းခြင်းသားရဲများကို ဆွဲဆောင်နိုင်တော့မည်ကို သူမကြောက်ရွံ့ခဲ့ သည်။
သို့သော် ကျန်းရွန်ရှင်းသည် ဤအရာကို တွေးနေစဉ်တွင် ကြီးမားသော ရုပ်အသွင် အပြင်ကြီးတစ်ခု ပေါ်လာသည်။ ၎င်း၏မျက်လုံးများသည် အလိုဆန္ဒများပြည့်နေပြီး ချင်ယွင်ကို စိုက်ကြည့်နေသည်။
"ဟင် ၊ အဲဒါက အရိပ်ဝံပုလွေပဲ" ကျန်းရွန်ရှင်းသည် စိတ်ထဲမှာ ကျိန်ဆဲလိုက်မိသည်။ ဆိတ်သုဉ်းခြင်း သားရဲတစ်ကောင်က ဒီလောက် မြန်မြန်ဆန်ဆန် ရောက်လာဖို့ သူမ မျှော်လင့်မထားဘူး။ ယင်းအစား၊ ၎င်းသည် ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုများနှင့် လုပ်ကြံသတ်ဖြတ်ခြင်းများတွင် အထူးကျွမ်းကျင်သည့် အဆင့်သုံး ဆိတ်သုဉ်းခြင်း သားရဲ၊ အရိပ်ဝံပုလွေ ဖြစ်နေသေးသည်။
အရိပ်ဝံပုလွေ၏စွမ်းအားသည် သာမန်ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် ကျွမ်းကျင်သူနှင့် ညီမျှသော်လည်း လုပ်ကြံသတ်ဖြတ်ခြင်းတွင် ကျွမ်းကျင်သောကြောင့် သူ၏ ပုံရိပ်အား ဖမ်းယူရန် ခက်ခဲပြီး သာမန်ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်း ချုပ်နယ်ပယ် ကျွမ်းကျင်သူပင်လျှင် ၎င်းအား ဆန့်ကျင်ဝံ့မည်မဟုတ်ပေ။
ယခုမူ ကျန်းရွန်ရှင်းသည် ဤ အရိပ်ဝံပုလွေ ကို ရင်ဆိုင်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပြီ။ အကြောင်းမှာ သူမသည် လက်ရှိအခြေအနေမျိုးတွင် ကျရောက်နေသော
ချင်ယွင်ကို နှောက်ယှက်လိုခြင်းမရှိပေ။
အရိပ်ဝံပုလွေ၏ အစိမ်းရောင် နက်မှောင်သော မျက်လုံးတစ်စုံသည် အမှောင်ထုထဲ တွင် လင်းလက်တောက်ပနေပြီး ချင်ယွင်ကို စူးစိုက်စိုက်ကြည့်လျက် သူမ၏ နှလုံးသား ကို ရင်တုန်စေသည်။
"ထွက်သွားစမ်း!" ကျန်းရွန်ရှင်းသည် သူမလက်ထဲက လှပသောဓားကို ထုတ်ပြီး အရိပ်ဝံပုလွေကို ခုတ်လိုက်သည်။
အရိပ်ဝံပုလွေသည် ခေါင်းကို မြှောက်လိုက်ပြီး ကျန်းရွန်ရှင်းကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် ရက်စက်မှုအရိပ်အယောင် ပေါ်လာသည်။ မျက်လုံးကို ဖွင့်လိုက်သည်နှင့် ကျန်းရွန်ရှင်း၏ ဓားနှင့် ထိပ်တိုက်ဆုံမိသော အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။