← Chapters

ပေါ့ပေါ့ပါးပါး နောက်တကြိမ် ထပ်ကြည့်ခြင်း

Vol. 7 Ch. 94

ပေါ့ပေါ့ပါးပါး နောက်တကြိမ် ထပ်ကြည့်ခြင်း

Vol. 7 Ch. 94

အခန်း (၉၄) ပေါ့ပေါ့ပါးပါး နောက်တကြိမ်ထပ်ကြည့်ခြင်း

ချင်ယွင်သည် ကျန်းရွန်ရှင်း၏ခန္ဓာကိုယ်ကို ယခင်လေးကမှ တွေ့မြင်ထားပြီး ဖြစ်သော် လည်း၊ သူမသည် ချင်ယွင်၏ရှေ့မှာ သူမ၏အဝတ်အစားများကို ချွတ်ခြင်းသည် သူမအတွက် ကောင်းမွန်သော စမ်းသပ်မှုတစ်ခု ဖြစ်သည်။

ကျန်းရွန်ရှင်းသည် သူမ၏ ၀တ်စုံကို ဆွဲချလိုက်ပြီး ပခုံးတစ်ဝက်ကို ပေါ်လွင်စေသည်။ သူမ၏ နဂိုက နှင်းဖြူရောင်ပုခုံးမှာ သွေးများရွှဲနေပြီး ဘယ်ဘက်ပခုံးမှာ အပေါက် တစ်ပေါက်ရှိနေသည်။ ဤအချိန်တွင် သွေးများက ခရမ်းရောင်ပြောင်းလဲပြီး အထိန်းအကွပ်မဲ့စွာ စီးကျလာနေသည်။

သွေးအလွန်အကျွံထွက်ခြင်းကြောင့် ကျန်းရွန်ရှင်း၏မျက်နှာသည် အလွန်ဖျော့သွားခဲ့ သည်။

"ရပြီ!" ကျန်းရွန်ရှင်းက ချင်ယွင်ကို ပြောသည်။

ချင်ယွင် လှည့်ကြည့်လိုက်လျှင် ကျန်းရွန်ရှင်းသည် သူမအဝတ်အားလုံးကို မချွတ်ဘဲ သူမ၏ ပခုံးတစ်ဝက်လောက်ကို ထုတ်ပြထားသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်နှာပေါ်တွင် ချက်ချင်းပင် စိတ်ပျက်လက်ပျက် အမူအရာ ပေါ်လာသည်။

"လျှောက်မကြည့်နဲ့ ။" ကျန်းရွန်ရှင်းက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်ပြီး သူမ၏ မျက်နှာက နီမြန်းသွားသည်။

ချင်ယွင်သည် ပြုံးပြီး ဆောလျင်စွာ ခေါင်းညိတ် သဘောတူလိုက်သော်လည်း သူက ပြင်းပြင်းထန်ထန် စိုက်ကြည့်နေဆဲ။

"မင်း" ကျန်းရွန်ရှင်းသည် ချက်ချင်းပင် ဒေါသတကြီး စိုက်ကြည့်ကာ တိုက်ခိုက်ရန် လက်ကို မြှောက်လိုက်သည်။

ချင်ယွင်သည် သူ့အကြည့်များကို ချက်ချင်း ပြန်ရုတ်လိုက်ပြီး ကျန်းရွန်ရှင်း၏ ဒဏ်ရာကို ကြည့်လိုက်သည်။

ဒဏ်ရာက ချင်ယွင် မျှော်လင့်ထားတာထက် ပိုပြင်းထန်သည်။ အရိပ်ဝံပုလွေသည် လျှို့ဝှက်မြှားတစ်စင်းနှင့် ဆင်တူသည့် အရာတစ်ခုကို ထွေးထုတ်လိုက်ခြင်း ဖြစ်သည်။ အဆိပ်များက ပျံ့နှံ့နေပြီ။ ထိုအချိန်တွင် အဆိပ်သည် ကျန်းရွန်ရှင်း၏ သွေးများမှ တဆင့် စတင်စီးဆင်းနေပြီ ဖြစ်သည်။ အဆိပ်သည် သူမ၏နှလုံးထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် အစစ်မှန် အင်မော်တယ်ပုဂ္ဂိုလ်များပင် အကူအညီမဲ့ ဖြစ်လိမ့်မည်။

ချင်ယွင်၏ အမူအရာသည် လေးနက်သည်။ သူသည် ကျန်းရွန်ရှင်းကို စနောက်ခြင်း မရှိတော့ဘဲ ဒဏ်ရာကို သူ၏ညာလက်ဖြင့် ဖြည်းညှင်းစွာ ဖုံးအုပ်လိုက်သည်။

ကျန်းရွန်ရှင်းသည် သူမ၏ခန္ဓာကိုယ်ကို ချင်ယွင်က ထိမိသောအခါ ရှောင်တိမ်းချင် သော်လည်း ချင်ယွင်၏ ဒေါသတကြီး အော်သံက ထွက်ပေါ်လာသည်။ "မလှုပ်နဲ့!"

ကျန်းရွန်ရှင်းသည် အနည်းငယ် ထိတ်လန့်သွားသည်။ မကျေနပ်ချက် အရိပ်အယောင် က သူမ နှလုံးသားထဲသို့ အမှန်တကယ် တိုးဝင်လာသည်။ သို့သော် ချင်ယွင်၏ လေးနက်သော အမူအရာကို သူမမြင်လိုက်သောအခါ မကျေနပ်ချက်က ချက်ချင်း ပျောက်ကွယ်သွားသည်။ ယင်းအစား သူမသည် နားမလည်နိုင်သော နွေးထွေးမှုကို ခံစားခဲ့ရသည်။

ယခုအချိန်တွင် ချင်ယွင်သည် သူ၏လျှို့ဝှက်ချက်ကို ကျန်းရွန်ရှင်း ရှာဖွေတွေ့ရှိမည်ကို ဂရုမစိုက်ဘဲ 'ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာ' ရပ်ကို တိုက်ရိုက်ပင် စတင် ဖြန့်ကျက်လိုက်သည်။ အစိမ်းရောင်ဝိညာဉ်စွမ်းအင်သည် သူ၏လက်ဖဝါးတစ်ခု လုံးကို ဖုံးလွှမ်းသွားပြီး အစိမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်ကာ ကျန်ရွှမ်ရှင်း၏ ခန္ဓာကိုယ်ထဲကိုသို့ ဝိညာဉ်စွမ်းအင်များက ချင်ယွင်၏လက်ဖဝါးမှတဆင့် အဆက် မပြတ် စီးဆင်းနေသည်။

ကျန်းရွန်ရှင်းသည် သူမပခုံးပေါ်မှ ရုတ်တရတ် အေးစက်သွားသည်ကို ခံစားလိုက်ရပြီး အလွန် သက်တောင့်သက်သာရှိသော ခံစားချက်တစ်ခု သူမနှလုံးသားထဲသို့ တိုးဝင် လာသည်။ သူမပခုံးပေါ်ရှိ ပြင်းထန်သော နာကျင်မှုသည် အမှန်တကယ် သက်သာလာ ခဲ့ပြီး ကျန်းရွန်ရှင်းသည် အံ့သြသွားခဲ့သည်။

"ဒါက သူ့ရဲ့ ဝိညာဉ်စွမ်းအင်ပဲလား။ ဘယ်လို လုပ် ဒီလောက် သက်တောင့်သက်သာ ခံစားရတာလဲ" ကျန်းရွန်ရှင်းသည် အံ့သြစွာ မေးခွန်းထုတ်လိုက်မိသည်။

ချင်ယွင်၏ ဝိညာဉ်စွမ်းအင်သည် သူမအား ပြင်းထန်သော အသက်ဓာတ်၏ အငွေ့အသက်ကို ခံစားရစေခဲ့သည်။ ဤအသက်စွမ်းအားသည် သူမ၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာပြီး သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို သာမန်မျက်စိဖြင့်မြင်နိုင်သော ကြောက်မက်ဖွယ်ကောင်း သော အရှိန်ဖြင့် ပျောက်ကင်းသွားစေသည်။

ယင်းအပြင်၊ သူမခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင်လမ်းကြောင်းများနှင့် အတွင်းအင်္ဂါ အစိတ်ပိုင်းများတောင်မှ ၎င်းတို့၏ ပြန်လည်ကောင်းမွန်လာသည့် ဖြစ်စဉ်ကို ရှင်းရှင်း လင်းလင်း ခံစားရပြီး ယင်းက ကျန်းရွန်ရှင်းကို အလွန်တုန်လှုပ်သွားစေခဲ့သည်။

ယင်းက ကျင့်ကြံခြင်းကိစ္စ မဟုတ်တော့ပေ။ ဤသည်မှာ ဝိညာဉ်စွမ်းအင်အဆင့်၏ ကိစ္စ ဖြစ်ချေသည်။ ချင်ယွင်သည် သူမ၏ခန္ဓာကိုယ်ထဲသို့ ထည့်သွင်း‌ပေးနေသော ဝိညာဉ်စွမ်းအင်သည် အလွန်အဆင့်မြင့်သော ဝိညာဉ်စွမ်းအင်တစ်ခု ဖြစ်ကြောင်း သူမ ခံစားနိုင်သည်။ ၎င်းသည် သူမ၏ဒဏ်ရာများကို လျင်မြန်စွာ ကုစားနိုင်ရုံသာမက သူမ၏ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းကို အဆက်မပြတ် ဆေးကြော သန့်စင်ပေးကာ ဆဲလ်များ အဆက်မပြတ် ကြီးထွားလာပြီး ထက်မြက်လာစေသည်။

ယခု သူမသည် ချင်ယွင် အဘယ်ကြောင့် ဤမျှလောက် အစွမ်းထက်သော ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားနိုင်သည်ကို နောက်ဆုံး နားလည်လာခဲ့သည်။ ဤဝိညာဥ်စွမ်းအင်ဖြင်း သူ၏ရုပ်ခန္ဓာကို အဆက်မပြတ် ဆေးကြောသန့်စင်ခြင်းဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အား မသန်မာပါက ထူးဆန်းပေလိမ့်မည်။

သို့သော်၊ ကျန်းရွန်ရှင်းသည် ဤမျှလောက်မြင့်မားသော ဝိညာဉ်ချီအဆင့်သို့ ရောက်အောင် မည်သည့်အဆင့်ရှိ ကျင့်ကြံခြင်း နည်းပညာရပ်က ဆောင်ရွက်နိုင်မည် ကို သိချင်နေပမိသည်။

'"အဆင့်မြင့်အဆင့် ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလား။ အဆင့်မြင့်အဆင့် ကျင့်ကြံခြင်း နည်းပညာရပ်ရဲ့ ဝိညာဉ်စွမ်းအင်အဆင့်က ဒီအဆင့်ကို မရောက်နိုင်ပါဘူး။ ဧကရာဇ် အဆင့်၊ ဧကရာဇ်အဆင့် နည်းပညာရပ်ရော မဖြစ်နိုင်ဘူးလား။ ဖြစ်နိုင်ပါတယ်။ ဧကရာဇ်အဆင့် ကျင့်ကြံနည်းပညာရပ်ကသာ ဒီအဆင့်ကို ရောက်နိုင်လိမ့်မယ်။" ကျန်းရွန်ရှင်းသည် သူမ၏စိတ်ထဲတွင် မှန်းဆနေမိသည်။

သို့သော် သူမရှေ့တွင်ရှိသည့် ဤလူသည် ဧကရာဇ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်ကို အမှန်တကယ် ပိုင်ဆိုင်ထားပုံကို တွေးကြည့်သောအခါတွင် သူမ ပင့်သက်ရှည်ကြီး မချဘဲမနေနိုင်ခဲ့။

ကျန်းရွန်ရှင်းသည် သူ၏ ဝိညာဉ်စွမ်းအင်မှတစ်ဆင့် သူ၏လျှို့ဝှက်ချက်ကို ခွဲခြမ်း စိပ်ဖြာပြီးဖြစ်ကြောင်း ချင်ယွင်သည် သဘာဝကျကျ မသိခဲ့ပေ။ ဤအခိုက်အတန့်တွင်၊ သူသည် သူ၏ ဝိညာဉ်စွမ်းအင်များကို စုစည်းကာ ကျန်းရွန်ရှင်း၏ ခန္ဓာကိုယ် တစ်ခုလုံးကို လှည့်ပတ်နေပြီး သူမ၏ခန္ဓာကိုယ်ထဲတွင် ပုန်းကွယ်ထားသော အဆိပ်အားလုံးကို ဖယ်ရှားပစ်ရန် ကြိုးစားနေသည်။

ယင်းသည် အချိန်ကြာမြင့်မည်ဖြစ်ပြီး၊ လူသားခန္ဓာကိုယ်သည် အလွန်ရှုပ်ထွေးသော ဖွဲ့စည်းပုံရှိသည်။

ဝိညာဉ်စွမ်းအင်များ အဆက်မပြတ် ဝင်လာသည်နှင့်အမျှ ကျန်းရွန်ရှင်း၏ ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များကို တဖြည်းဖြည်း ဖယ်ထုတ်ပစ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှ

ချွေးစီး‌ချွေးပေါက်များ ထွက်ကျလာသည်နှင့်အမျှ ခရမ်းရောင်နက်နက် အဆိပ်အလွှာ သည် ကျန်းရွန်ရှင်း၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။

ကျန်းရွန်ရှင်းသည် ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်း အော်လိုက်သည်။ သူမ သည်းမခံနိုင်ဆုံး အရာမှာ သူမ၏ ညစ်ပတ်နေသော ခန္ဓာကိုယ်ဖြစ်သည်။ ထို့ကြောင့် သူမ၏ ခန္ဓာကိုယ်ကို ခရမ်းရောင်နက်နက် အလွှာများဖြင့် ဖုံးအုပ်ထားသည်ကို မြင်လိုက်ရသော အခါတွင် သူမသည် ချက်ချင်းပင် ရူးသွပ်သွားချင်စိတ်ကို ခံစားရလေသည်။

"တိတ်တိတ်နေစမ်း၊ ခဏနေတော့ ပြီးသွားမှာ။" ချင်ယွင်က ဒေါသတကြီး အော်လိုက်သည်။

ကျန်းရွန်ရှင်းသည် ဤအချိန်တွင် ငြိမ်သက်သွားသော်လည်း သူမ၏ခံစားချက်များကို ပြင်းပြင်းထန်ထန် မျိုသိပ်ထားသကဲ့သို့ သူမ၏သွားများကို တင်းတင်းကြိတ်ကာ ရှုံ့မဲ့နေ၏။

ချင်ယွင်သည် မရယ်ချင်ဘဲ မနေနိုင်။ အမှန်တကယ်တော့ အမျိုးသမီးများသည် အလှအပကို မြတ်နိုးပြီး သူမတို့၏ခန္ဓာကိုယ်ပေါ်က အညစ်အကြေးများကို သည်းမခံနိုင်ဘဲ မွေးဖွားလာကြသူများဖြစ်သည်။

နာရီဝက်ခန့်အကြာတွင် ချင်ယွင်က ပြောသည်။

ဘေးနားရှိ ကျန်းရွန်ရှင်းသည် စိတ်မရှည်စွာဖြင့် အနီးနားရှိ စမ်းချောင်းဆီသို့ ပြေးသွားခဲ့သည်။ သို့သော် သူမ၏အဝတ်အစားများကို ချွတ်လိုက်သောအခါတွင် သူမသည် နောက်ထပ် ကြီးလေးသောအမှားတစ်ခုကို ကျူးလွန်ခဲ့ပုံပေါ်ကြောင်း သူမ သိလိုက်ရသည်။

သေချာပါသည်၊ သူမ လှည့်ကြည့်လိုက်တော့ ချင်ယွင်က သူမ၏ခန္ဓာကိုယ်ကို အသနားခံသည့် အမူအရာနှင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

သူမသည် ချက်ချင်းပင် သူမ၏ တစ်ကိုယ်လုံး တုန်ခါသည်အထိ အော်ဟစ်လိုက်ပြီး မရေမတွက်နိုင်သော ငှက်များ လန့်သွားသည်။

သူမသည် အမှန်တကယ်ပင် သူမ၏ အဝတ်အစားများကို ချွတ်ကာ ချင်ယွင်ရှေ့မှာ ထပ်မံ ရေချိုးမိခဲ့ပြီး ယင်းက သူမကို လုံးဝ ရူးသွပ်သွားစေသည်။ သူမကိုယ်သူမ ရိုက် သတ်ပစ်ချင်စိတ်ပင် ပေါက်သွားခဲ့သည်။

ခပ်လှမ်းလှမ်းမှာတော့ ချင်ယွင်က ပျော်ရွှင်မှုအပြည့်နှင့်ရှိနေ၏။ ကျန်းရွန်ရှင်း ရူးသွပ်သွားသည်ကို မြင်လိုက်ရသဖြင့် ကျယ်လောင်စွာ မရယ်မောဘဲ မနေနိုင်ပင်။ "စီနီယာအစ်မ ကျန်း၊ မင်းက ငါ့ကို အပြစ်တင်လို့ မရဘူး‌နော်။ ဒါက မင်းကိုယ်တိုင် ချွတ်ပစ်လိုက်တာ"

"လင်းယွင် ငါ့ကိုစောင့်နေစမ်း!" ကျန်းရွန်ရှင်း၏ သတ်ဖြတ်လိုသည့်အသံက တောအုပ် တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

ချင်ယွင်၏ လည်ပင်းသည် ကျုံ့သွားပြီး ချက်ချင်းပင် အဝေးကို လစ်ထွက်သွားသည်။

ကျန်းရွန်ရှင်းသည် စမ်းချောင်းတွင် ထိုင်ချလိုက်ပြီး လွန်ခဲ့သော နှစ်ရက်က ချင်ယွင်နှင့် ဖြစ်ပျက်ခဲ့သည့် ထူးဆန်းသည့် အရာအားလုံးကို ပြန်သတိရမိသည်။ သူမ စိတ်ထဲတွင် ဒေါသနှင့် ရယ်စရာ နှစ်ခုစလုံးကို ခံစားလိုက်ရသည်။

အဘယ်ကြောင့်မှန်း သူမမသိသော်လည်း ချင်ယွင်သည် သူမ၏ခန္ဓာကိုယ်ကို တစ်ယောက်တည်း ကြည့်သောအခါ ဒေါသအရိပ်အယောင်ကို မခံစားနိုင်တော့ ကြောင်း ရုတ်တရက် ခံစားလိုက်ရလေသည်။ ယင်းအစား သူမသည် သူမနှလုံးသား ထဲတွင် ပျော်ရွှင်မှုကိုပင်တိတ်တဆိတ် ခံစားခဲ့ရသည်။

အကယ်၍ အတိတ်ကဆိုလျှင် သူမသည် မဆိုင်းမတွပင် သတ်ပစ်လိမ့်မည် ။

သူမက လင်းယွင်ကို ကြိုက်သွားတာများ ဖြစ်‌နေမလား။

ဤရုတ်တရက် အတွေးကြောင့် သူမ တုန်လှုပ်သွားပြီး အတွေးများကို ရှင်းပစ်ရန် ခေါင်းယမ်းလိုက်သည်။

ခပ်လှမ်းလှမ်းတွင် ချင်ယွင်သည် လောလော ဆယ်တွင် အတွေးပျောက်နေသည်။ သူ၏ ယခင်က ဉာဏ်အလင်းပွင့်ခြင်းသည် အပြင်းအထန် ပြတ်တောက်သွားခဲ့ ရသော် လည်း၊ သူ၏ အမြတ်အစွန်းများသည် အလွန်ကြီးမားသောကြောင့် သူ့ကို လျှပ်စီး ဖျက်ဆီခြင်း၏ ပထမအဆင့်သို့ တိုက်ရိုက် တက်လှမ်းနိုင်စေခဲ့သည်။

"လျှပ်စီးစွမ်းရည်သဘောတရား သုံးခုကို ပေါင်းစပ်ပြီးရင် ဘယ်လောက် အစွမ်းထက် မလဲလို့ ငါ သိချင်မိတယ်။" ချင်ယွင်၏ မျက်နှာသည် နားမလည်နိုင်သော စိတ်လှုပ်ရှား မှုကို ထင်ရှားစေသည်။

လေစွမ်းရည်သဘောတရား ပေါင်းစပ်မှုသည် အလွန်အစွမ်းထက်သော လေသစ်ရွက် ဓား၀င်္ကပါကို ဖန်တီးနိုင်စေခဲ့ပြီး ဖြစ်သည်။

ဒါဆိုရင် ဒီလျှပ်စီးသဘောတရား ပေါင်းစပ်မှုက ဘယ်လိုသိုင်းကွက်မျိုးကို ဖန်တီးနိုင်မ လဲ။

ချင်ယွင်သည် ယင်းကို စောင့်မျှော်နေခြင်းဖြစ်ခြင်းကြောင့် သူသည် မဆိုင်းမတွ တင်ပျဉ်ခွေ ထိုင်ပြီး သဘောတရားသုံးရပ်ကို ပေါင်းစပ်ရန် ကြိုးစားပါတော့သည်။

All Chapters