မိုးကြိုး လျှပ်စီး လှံ
Vol. 7 Ch. 95
အခန်း (၉၅) မိုးကြိုးလျှပ်စီးလှံ
ချင်ယွင်သည် သစ်ပင်ကြီးတစ်ပင်အောက်တွင် ထိုင်ကာ လျှပ်စီးများက သူ၏ပတ်ပတ် လည်မှာ တဖျပ်ဖျပ်လင်းလက်နေသည်။ ထူးဆန်းသည်မှာ ဤလျှပ်စီးကြောင်းများ သည် ကြုံရာကျပန်း လင်းလက်နေသည့်ပုံ မပေါ်ဘဲ ပုံမှန်အတိုင်း ပျံ့နှံ့နေခြင်း ဖြစ်ပုံပေါ်သည်။
ပို၍ထူးဆန်းသည်မှာ ယင်းလျှပ်စီးများသည် ပေါ်လာပြီးပြီးချင်း ပျောက်ကွယ် မသွားသေးဘဲ ယင်းအစား ၎င်းတို့သည် လေထဲတွင် လွင့်မျောနေကြသည်။
"ပေါက်ကွဲလျှပ်စီး၊ မြန်နှုန်းမြင့်လျှပ်စီး၊ လျှပ်စီးဖျက်ဆီခြင်း"
ချင်ယွင်သည် အော်ဟစ်လိုက်သည်နှင့် သူ၏ ပတ်ဝန်းကျင်တွင် လျှပ်စစ်စက်၀န်း ပြတ်များက ပို၍ပို၍ များလာသည်။
"ပေါင်းစည်းစမ်း !"
ချင်ယွင်သည် မျက်လုံးဖွင့်ကာ တိုးတိုးလေးအော်ပြီး လက်တစ်ဖက်ကို ဆန့်လိုက် သည်။
ထို့နောက် လေထဲတွင် လွင့်မျောနေသော လျှပ်စီးကြောင်းများသည် သူ၏လက်ဖဝါး ဆီသို့ လျင်မြန်စွာ ရောက်ရှိလာသည်။
လျှပ်စီးကြောင်းသည် ချင်ယွင်၏လက်ထဲတွင် နှစ်မီတာရှည်သော လှံတစ်ချောင်းထဲသို့ စုစည်းကာ ပေါင်းစည်းသွားသည်။
လှံသည် အဖျက်စွမ်းအားကို ထုတ်လွှတ်ပြီး လျှပ်စီးကြောင်းများက ၎င်းပေါ်မှာ တဖျပ်ဖျပ် လင်းလက်နေကာ တစ်ချက်ကြည့်လိုက်လျှင် နှလုံးတုန်သွားစေသည်။
ချင်ယွင်သည် သူ၏လက်ထဲက လှံကို စိုက်ကြည့်နေသည်။ ဤလှံမှာ ကြီးမားသည့် အဖျက်စွမ်းအားများ ပါ၀င်နေတာကြောင့် သူ၏မျက်နှာမှာ ရွှင်လန်းသည့်အမူအရာ များကို ထုတ်ဖော်ပြနေသည်။
ဝှီး!
ချင်ယွင်သည် သူ၏လက်ထဲက လှံကို ပစ်ထုတ်လိုက်သည်။ လှံသည် ချက်ချင်းပင် အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အချင်းဆယ်မီတာကျော် အကွာအဝေးရှိ ကြီးမားသော ကျောက်တုံးကြီးတစ်ခုကိုကွဲထွက်သွားစေသည်။
"ဘုန်း!"
လှံသည် ကျောက်တုံးကြီးထဲသို့ ထိုးဖောက်ဝင်သွားပြီး ကောင်းကင်ယံတွင် ပေါက်ကွဲသံတစ်ခု ထွက်လာသည်။
မီတာသောင်းချီသော ကျောက်တုံးများသည် တိုက်ရိုက်ပင် ကျောက်မှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။ အမှုန်အမွှားများသည် ကောင်းကင်ကို ဖုံးလွှမ်းသွားသည်၊ ယခင်နေရာမှာ ကျောက်တုံးတစ်တုံးတောင် မရှိတော့ပါဘူး။
"ဒါက ပေါက်ကွဲလျှပ်စီး၊ မြန်နှုန်းမြင့်လျှပ်စီးနဲ့ လျှပ်စီးဖျက်ဆီခြင်းရဲ့ ပေါင်းစပ်မှုကနေ ထွက်ပေါ်လာတဲ့ လျှပ်စီးလှံရဲ့ပေါင်းစွမ်းအားလား။ အဲဒါက ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။" ချင်ယွင်သည် ကောင်းကင်ယံမှ ဖုန်မှုန့်များကို ကြည့်လိုက်ရင်း သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများက ပိုပိုပြီး သိသာလာသည်။
လျှပ်စီးလှံသည် ကျောက်တုံးကို ထိုးဖြတ်သွားရခြင်း၏ အကြောင်းရင်းမှာ လျှပ်စီး ဖျက်ဆီခြင်းနှင့် မြန်နှုန်းမြင့်လျှပ်စီးကြောင့် ဖြစ်သည်။ အလွန်မင်းလျင်မြန်သော အမြန်နှုန်းသည် အလွန်မင်းပြင်းထန်သော အဖျက်စွမ်းအားနှင့် ပေါင်းစပ် လိုက်သည့်အခါ လျှပ်စီးလှံအား အလွန်မင်းပြင်းထန်သော ထိုးဖောက်နိုင်သော စွမ်းအားကို ပိုင်ဆိုင်စေခဲ့သည်။
သို့သော် ကျောက်တုံးကြီးအား ဖှုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားရခြင်း၏ အကြောင်းရင်း မှာ လျှပ်စီးလှံတွင်ပါရှိသော ပြင်းထန်သောစွမ်းအားသည် တုနှိုင်းမရနိုင်သော စွမ်းအားဖြင့် ချက်ချင်းပေါက်ကွဲသွားနိုင်သောကြောင့် ဖြစ်သည်။
ယင်းက လျှပ်စီးလှံ၏အစစ်အမှန် ထိတ်လန့်စရာဖြစ်၏။
ချင်ယွင်၏ မျက်လုံးများသည် တောက်ပလာသည်။ ဤလျှပ်စီးလှံဖြင့်ဆို သူသည် အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ်မှ ကျွမ်းကျင်သူများ သို့မဟုတ် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ် ကျွမ်းကျင်သူ များကိုပင် ခြိမ်းခြောက်နိုင်လုနီးပါးဖြစ်သည်။ ၎င်းသည် သူ၏ဝှက်ဖဲနှစ်ခုဖြစ်သည့် သူ ဖမ်းဆုပ်နားလည်ထားသော လေစွမ်းအင်ကဲ့သို့ပင် ဖြစ်သည်။
ထို့အပြင်၊ ဤသည်မှာ သဘောတရားကို နားလည်ခြင်းနယ်ပယ်၏ ပထမအဆင့် စွမ်းအား ဖြစ်သည်။ သဘောတရားကို နားလည်မှု နက်ရှိုင်းလာသည်နှင့်အမျှ ဤပေါင်းစပ်သိုင်းကွက်များသည် ပို၍ပင် စွမ်းအားကြီးမားလာမည်ဖြစ်သည်။
ထိုမြင်ကွင်းကို ဘေးမှကြည့်နေသော ကျန်းရွန်ရှင်းသည် အံ့အားသင့်သွားသည်။
"ဒါက မနေ့က သူနားလည်ခဲ့တာပဲလား။ ဘယ်လောက်တောင် အစွမ်းထက်လိုက်လဲ" ကျန်းရွန်ရှင်းသည် အံ့အားသင့်သွားသည်။
သူမသည် လျှပ်စီးစွမ်းရည်သဘောတရားကို နားမလည်သော်လည်း၊ ဂိုဏ်းတွင် လျှပ်စီး ကျင့်ကြံခြင်းလမ်းကြောင်းကို ကျင့်ကြံသော လူအနည်းငယ်ရှိသောကြောင့် စောစောလေးက ချင်ယွင်၏ တိုက်ခိုက်မှုသည် မည်သည့်အရာကို ကိုယ်စားပြုသည်ကို သူမ ရှင်းရှင်းလင်းလင်း သိပါသည်။
ဤသည်မှာ သာမာန် သဘောတရားကို နားလည်မှုမှ ရရှိနိုင်သော စွမ်းအား မဟုတ်သည်မှာ သေချာပါသည်။ စိတ်ပျက်စရာအကောင်းဆုံးမှာ ချင်ယွင်၏ တိုက်ခိုက်မှုတွင် မည်သည့် လျှပ်စီးစွမ်းရည်ကို နားလည်ထားလဲဆိုသည်ကို သူမ မမြင်နိုင်ခြင်း ဖြစ်သည်။ ၎င်းသည် လျှပ်စီးဖျက်ဆီခြင်း သဘောတရားကဲ့သို့ ထင်ရသော်လည်း ပေါက်ကွဲလျှပ်စီး၏ အငွေ့သက်များလည်း ပါရှိနေသည်။
ချင်ယွင်ကို သူမ နားမလည်နိုင်တော့မှန်း သူမ သိလိုက်သည်။ သူ့တွင် အဆင့်တစ်ဆယ် ဝိညာဉ်အမြစ်၏ ဒဏ္ဍာရီဆန်သော ကြောက်မက်ဖွယ်စွမ်းရည်၊ တုနှိုင်းမဲ့ ခန္ဓာကိုယ်နှင့် ကြောက်မက်ဖွယ်ကောင်းသော အသိဉာဏ်တို့ကို ပိုင်ဆိုင်ထား သည်။ လူတစ်ဦးသည် ဤမျှလောက်များပြားသော ပင်ကိုယ်အားသာချက်များ မည်သို့ရှိ နိုင်သည်ကို သူမ နားမလည်နိုင်တော့ပေ။
ယခင်တုန်းက ဂိုဏ်း၏ တပည့်သုံးယောက်သည် ကြီးကျယ်ခမ်းနားသော တည်ရှိမှုဟု သူမ အမြဲတမ်းခံစားခဲ့ရသည်၊ အထူးသဖြင့် သူမနှင့် အသက်ရွယ်တူချင်းဟု ယူဆလို့ ရသည့် ဘိုင်ချီဟန်၊ သူပြသခဲ့သည့် ထူးခြားသောစွမ်းရည်များက လူတိုင်းနီးပါးကို စိတ်ပျက်အားငယ်စေခဲ့သည်။
သို့သော် သူမရှေ့တွင်ရှိသည့် ချင်ယွင်နှင့် နှိုင်းယှဥ်ကြည့်လျှင် ဘိုင်ရှီဟန်သည် အလွန်ကြီးကျယ်ခမ်းနားသူ မဟုတ်ကြောင်း သူမ ရုတ်တရက် ခံစားလိုက်ရသည်။ သူမရှေ့တွင်ရှိနေသည့် ဤ ချင်ယွင်သည် ပို၍ပင် မွန်းစတဆန်လွန်း၏။
"စီနီယာအစ်မ ကျန်း" လျှပ်စီးလှံနှင့် ပတ်သက်ပြီး ပျော်ရွှင်မှုမှ ပြန်လည် သတိ ပြန်၀င်လာသောချင်ယွင်သည် ကျန်းရွန်ရှင်း မလှမ်းမကမ်းတွင် ရပ်နေသည်ကို မြင်သောအခါ ချက်ချင်းပင် ခေါင်းငုံ့ကာ သူအပြစ်ရှိကြောင်း ပြောလိုက်သည်။
ကျန်းရွန်ရှင်းသည် သူမရှေ့ရှိ မှင်သေသေဖြစ်နေသော ဤအကောင်ကို ကြည့်လိုက် သည်။ ဘာအကြောင်းပြချက်မှ မရှိဘဲ ဤလူက သူမကို သူ၏အမျိုးသမီးဖြစ်သည်ဟု ပြောခဲ့သည်နှင့် ပတ်သက်ပြီး သတိရသွားသည်။ ရုတ်တရက် သူမမျက်နှာ နီရဲလာပြီး ရှက်ပြုံးလေး ပေါ်လာသည်။
ချင်ယွင်သည် ကျန်းရွန်ရှင်း ပြုံးရယ်နေသည်ကို မြင်လိုက်ရလျှင် သူ၏မျက်နှာက ချက်ချင်း နိုးကြားသတိထားလာသည်။ ဤနတ်ဆိုးမသည် သူ့အပေါ် လှည့်ကွက်တွေ ဖြင့် ထပ်ပြီး ကစားတော့မည်ဟု သူထင်မိသည်။ သို့သော် သူမမျှော်လင့်ထားသည့် အရာမှာ ဤနတ်ဆိုးမသည် သူ့ထံသို့ အမှန်တကယ် လျှောက်လာပြီး ချင်ယွင်ကို လုံးဝ ထိတ်လန့်သွားစေသည့် မေးခွန်းတစ်ခု မေးလိုက်ခြင်းပင် ဖြစ်သည်။
"လင်းယွင်၊ နင် ငါ့ကို ဘယ်လိုထင်လဲ။ နင် ငါ့ကိုကြိုက်လား" ကျန်းရွန်ရှင်းသည် သူမ၏ သတ္တိကို စုစည်းပြီး ချင်ယွင်ရှေ့သို့ လှမ်းကာ ရှက်ရှက်ဖြင့် မေးသည်။
သူမသည် အချစ်နှစ်အမုန်းကို ရင်ဆိုင်ဝံ့သူ ဖြစ်သည်။ ချင်ယွင်နှင့်ပတ်သက်ပြီး ပိုပိုပြီး ဂရုစိုက်လာမိသည်ကို သူမသိသောအခါ၊ သူမသည် ချင်ယွင်ကို နှစ်သက်ကြောင်း သူမသိလိုက်ရသည် ။ ထို့ကြောင့် သူမသည် ချက်ချင်းပင် သူမ၏ သတ္တိကို ဆင့်ခေါ်ကာ ချင်ယွင် သည် သူမအပေါ် မည်ကဲ့သို့ထင်မြင်သည်ကို မေးချင်လာမိသည်။
သို့သော် လူမိုက်ချင်ယွင်သည် ကျန်းရွန်ရှင်း၏ အတွေးများကို မည်သို့ သိနိုင်မည်နည်း။
ကျန်းရွန်ရှင်းက သူ့အပေါ် လှည့်ကွက်များဖြင့် ထပ်မံ လှည့်စားတော့မည်ဟု သူက တွေးထားပြီး သူက မျက်နှာတည်တည်ကြီးဖြင့် ခေါင်းခါပြီး ပြောလိုက်သည် "မင်းလို အနည်းငယ် စိတ်မမှန်တဲ့ အကျင့်စရိုက်ရှိသူကို ဘယ်သူက နှစ်သက်မှာလဲ၊ ဒါမျိုးက နူးညံ့သိမ်မွေ့တာမျိုး လုံးဝမဟုတ်ဘူး..."
ချင်ယွင်က ဆက်ပြီး ကြိမ်းမောင်းနေချိန်မှာပင် ကျန်းရွန်ရှင်း၏ မျက်နှာမှာ မျက်ရည်များ အမှန်တကယ် စီးကျနေသည်ကို တွေ့လိုက်ရပြီး ချင်ယွင်ကို လုံးဝ အံ့အားသင့်သွားစေခဲ့သည်။
"ဒီမိန်းမက အလေးအနက် မထားတတ်သူ မဟုတ်ဘူးလား၊ မဖြစ်နိုင်ပါဘူး၊ အဲဒါက လှည့်စားမှုတမျိုး ဖြစ်ရမယ်။" ချင်ယွင်သည် သူစိတ်ထဲမှာ အော်ဟစ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ကျန်းရွန်ရှင်းက သူ့ကို သဘောကျမည်ဟု သူ မယုံကြည်ပေ။
သို့သော်လည်း ကျန်းရွန်ရှင်း၏ နောက်ထပ်လုပ်ဆောင်မှုများက သူ့အား နောက်တစ်ကြိမ် စကားမပြောနိုင်အောင် ဖြစ်သွားစေသည်။ ကျန်းရွန်ရှင်းသည် သူမ မျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်လိုက်ပြီး ချင်ယွင်အားကြည့်ကာ အေးစက်စွာ အော်ပြောလိုက်သည် "ဒီဟာသက ရယ်စရာမဟုတ်ဘူး" ထိုစကားကို ပြောပြီးနောက် သူမ လှည့်ထွက်သွားသည်။
ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် စိတ်ဓာတ်ကျနေသည့်အမူအရာတစ်ခုရှိလာသည်။ ဤအမျိုးသမီးသည် ဘာကြောင့် ယနေ့မှ စိတ်အခြေအနေ ပြောင်းလဲသွားခဲ့ရသနည်း။ အလျင်စလို ရိုက်နှက်ဆုံးမသင့်သည် မဟုတ်ပါလား။ သူမသည် ဘာကြောင့် ရုတ်တရက် ထွက်သွားရသနည်း။
ကျန်းရွန်ရှင်းသည် လှည့်ထွက်သွားပြီးနောက် ခေါင်းကုတ်နေသော ချင်ယွင်ကို တစ်ချက်ကြည့်လိုက်သည်။ “တကယ်တော့ မင်းက ကျင့်ကြံမှုမှာ မွန်းစတား တစ်ကောင်ပါပဲ၊ ဒါပေမယ့် မင်းဟာ စိတ်ပိုင်းဆိုင်ရာအရ ရူးသွပ်နေတဲ့အကောင်ပဲ၊ နောင်နာဂတ်မှာ မင်းကို လူအလို့ ငါခေါ်မယ်” ဟု သူမစိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။
သေချာပါသည်၊ ကျန်းရွန်ရှင်းသည် နောက်ရက်အနည်းငယ်မှာ ချင်ယွင်ကို နာမည် ပြောင်းပြီး သူ့ကို လူအဟု တိုက်ရိုက်ခေါ်သည်။ ပြီးတော့ သူ့အပေါ်ထားသည့် သူမ၏ သဘောထားသည်လည်း အေးစက်သွားခဲ့ပါသည်။
ယင်းက ချင်ယွင်ကို ပိုလို့တောင် အံ့သြသွားစေသည် ။ ကျန်းရွန်ရှင်းကို သူ မည်ကဲ့သို့ စော်ကားမိခဲ့မှန်းလည်း သူမသိပေ။အမှန်တကယ်တော့ ဤကိစ္စအတွက် ချင်ယွင်ကို မည်ကဲ့သို့ အပြစ်တင်လို့ရမည်နည်း။ ယခုအချိန်တွင် ချင်ယွင်သည် အသက်ဆယ့် ခြောက်နှစ်သာရှိသေးသည်။ ငယ်ငယ်ကတည်းက ကျင့်ကြံခြင်းဖြင့် အလုပ်များနေခဲ့ပြီး အသက်ဆယ်နှစ်မှ ဆယ့်ခြောက်နှစ်ကြားတွင် တုံးအသွားသွားခဲ့ သေးသည်။
သူသည် သူ၏ခံစားချက်များကို မသိနားမလည်သည့် အနေအထားမှာ အမြဲရှိနေခဲ့ သည်။ သူ၏အစ်မ လျူရန်ယွင် သို့မဟုတ် ရန်စီချီသည် သူ့အတွက် အသက်ပေးမည့် သူများပင် ဖြစ်လင့်ကစား၊ ချင်ယွင်သည် သူမတို့နှင့် ဆက်ဆံရာတွင် လုံးဝ စိတ်ရှုပ်ထွေးနေခဲ့သည်။
ဒါပေမယ့် ကျန်းရွန်ရှင်းကတော့ မတူပေ။ သူမသည် အသက်ဆယ့်ရှစ်နှစ်ရှိနေပြီ ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာအရရော စိတ်ခံစားမူပိုင်းဆိုင်ရာအရပါ သူမသည် ချင်ယွင်ထက် များစွာပိုရင့်ကျက်လာခဲ့သည်။ ၎င်းသည် သူမ၏ ကျင့်ကြံမှုနှင့် ဘာမှမဆိုင်သော်လည်း သူမ၏ အသက် အတွေ့အကြုံများဖြင့်သာ သက်ဆိုင်ပါသည်။
အမှန်တကယ်တော့ ကျင့်ကြံသူများသည် လူသားများလည်း ဖြစ်ကြသည်။ သူတို့၏စိတ်ခံစားမှုနှင့် စိတ်လှုပ်ရှားမူများကို ကိုင်တွယ်ရာမှာ သွေဖည်မှုအချို့ ရှိပါလိမ့်မည်။
အင်မော်တယ် ဧကရာဇ်များပင်လျှင် စိတ်ခံစားမှု ခုနစ်ပါးနှင့် ဆန္ဒခြောက်ပါး ရှိဆဲဖြစ် သည်။ သို့သော် အချို့သော ကျင့်ကြံသူများသည် မေ့လျော့ခြင်းနယ်ပယ်သို့ ရောက်ရှိစေရန်အတွက် ၎င်းတို့၏စိတ်ခံစားမှုအားလုံးကို ဖြတ်တောက်ပစ်ခဲ့ကြသည်။
ဒါပေမယ့် ချင်ယွင်၏ ထင်မြင်ချက်အရ၊ သူ့မှာ မည်သည့်ခံစားချက်မှ မရှိခဲ့ဘူးဆိုလျှင်၊ သူဟာ ကမ္ဘာကြီးကို အောင်နိုင်လျှင်တောင် သူဘာလုပ်ရမှာလဲ။
ယင်းကလည်း ချင်ယွင်သည် အေးစက်ပြီး ရက်စက်ကြမ်းကြုတ်သော ချင်အင်မော်တယ်မင်းဆက်ကို မကြိုက်ခဲ့ရသည့် အကြောင်းရင်းတခုလည်း ဖြစ်ပါသည်။