← Chapters

ဘိုင်ယွန်ကျောင်းတော်

Vol. 7 Ch. 96

ဘိုင်ယွန်ကျောင်းတော်

Vol. 7 Ch. 96

အခန်း (၉၆) ဘိုင်ယွန်ကျောင်းတော်

နောက်နှစ်ရက်တွင် ချင်ယွင်နှင့် ကျန်းရွန်ရှင်း တို့သည် ယွမ်တိုင်နှင့် အခြားသူများကို ဆက်လက်ရှာဖွေခဲ့သော်လည်း တိုင်ယွန် တောင်တန်းသည် အလွန်ကြီးမားလှ၏။

ချင်ယွင်နှင့် ကျန်းရွန်ရှင်းတို့သည် ကီလိုမီတာ သုံးရာအကွာအဝေးကို ရှာဖွေခဲ့ကြ သော်လည်း ယွန်တိုင်နှင့် အခြားလူများခြေရာများကိုပင် ရှာမတွေ့သေးပေ။

သုံးရက်မြောက်သောနေ့တွင်၊ ချင်ယွင်နှင့် ကျန်းရွန်ရှင်းတို့သည် အဝေးသို့ နက်နဲစွာ ၀င်ရောက်ကာ ဆက်လက်ရှာဖွေနေကြစဉ်၊ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကောင်းကင်တုန်လှုပ်ဖွယ် ဟောက်သံသည် အဝေးမှ ထွက်ပေါ်လာသည်။

"ဝေါင်း!"

ဟိန်းဟောက်သံသည် အဆုံးမဲ့ ဒေါသနှင့် နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။

ကျန်းရွန်ရှင်း နှင့် ချင်ယွင်တို့သည် တစ်ချိန်တည်းတွင် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ ဤအသံပိုင်ရှင်က မည်သူလဲဆိုသည်ကို သူတို့ မှတ်မိကြသည်။

"အဲဒါက ဒေါသထန်ပြင်းဧရာမလူဝံကြီးဘဲ။ တစ်စုံတစ်ယောက်က ဒေါသထန်ပြင်း ဧရာမလူဝံကြီးကို တိုက်ခိုက်နေပြီး ဒေါသထန်ပြင်း ဧရာမလူဝံကြီးကလည်း နာကျင်နေသလိုပဲ" ကျန်းရွန်ရှင်း အံ့သြစွာ ပြောသည်။

ဒေါသထန်ပြင်း ဧရာမလူဝံကြီး၏ စွမ်းအားကို သူမ တွေ့မြင်ခဲ့ရသည်။ ၎င်းသည် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ ခွန်အားသာ ဖြစ်သော်လည်း၊ ၎င်းသည် ရိုင်းစိုင်းသော အခြေအနေသို့ ရောက်သွားသည်နှင့် ၎င်းသည် သတ္တမအဆင့် အထွတ် အထိပ် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် နယ်ပယ်၏ ခွန်အားထက် နိမ့်ကျမည်မဟုတ်ပေ။ ထင်ရှားသည်မှာ၊ တစ်စုံတစ်ဦးသည် ဒေါသထန်ပြင်းဧရာမလူဝံကြီးကို ဤအဆင့်အထိ တွန်းအားပေးခဲ့သည်။ ဒါဟာ ရိုးရှင်းစွာမလွယ်ကူခဲ့ပေ။

"သွားကြည့်ရအောင်။" ချင်ယွင်က ပြောသည်။

ကျန်းရွန်ရှင်းသည် ခေါင်းညိတ်လိုက်သည်။

ဒေါသထန်ပြင်းဧရာမလူဝံကြီးသည် သူတို့မစ်ရှင်၏ ပစ်မှတ်ဖြစ်သည်။ အကယ်၍ ၎င်းတို့ကို အခြားသူတစ်ဦးမှ လိုက်ဖမ်းပါက ကြီးမားသော ပြဿနာဖြစ်မည်မှာ သေချာပါသည်။ ဒေါသထန်ပြင်း ဧရာမလူဝံကြီး အရေအတွက်သည် အလွန်ရှားပါး နေပြီဖြစ်သည်။ အခြားဒေါသထန်ပြင်း ဧရာမလူဝံကြီးကို ရှာတွေ့လိုလျှင် ကောင်းကင်ဘုံသို့ တက်ရခြင်းနှင့်ပင် ယှဉ်နိုင်မည်ဖြစ်သည်။

ချင်ယွင် နှင့် ကျန်းရွန်ရှင်း တို့သည် အလင်းတန်းနှစ်သွယ်အဖြစ် ပြောင်းလဲကာ ထူထပ်သော တောနက်အတွင်း လျင်မြန်စွာ ဖြတ်သန်းသွားကြသည်။

အလွန်လျင်မြန်စွာပင် သူတို့နှစ်ဦးသည် ဒေါသထန်ပြင်းဧရာမလူဝံကြီး တည်ရှိရာ လျှိုမြောင်ရှေ့သို့ ရောက်ရှိလာကြသည်။ ဒေါသထန်ပြင်းဧရာမလူဝံကြီးနှင့် တိုက်ခိုက် ရန် လူငါးဦးရှိနေခဲ့သည်။

ယင်းငါးယောက်မှာ ယောက်ျားလေး သုံးယောက်၊ မိန်းမ နှစ်ယောက်ဖြစ်သည်၊ ၎င်းတို့အားလုံး ပုံစံများအရ လူငယ်များဖြစ်ပုံရသည်။ ထို့အပြင်၊ ၎င်းတို့၏ ကျင့်ကြံမူ အဆင့်သည် ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ် အထက်တွင် ရှိကြပြီး အမြင့်ဆုံးမှာ သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ် စွမ်းအားရှိသူ ဖြစ်သည်။

ဤအရာက ချင်ယွင်ကို အလွန်အံ့အားသင့်စေခဲ့သည်။ ကျင့်ကြံသူ အများအပြား ဘာကြောင့် ရုတ်တရက်ပေါ်လာရတာလဲ။ ဤကာလအတွင်း သူသည် သိုင်းဂိုဏ်းချုပ် ကျွမ်းကျင်သူများစွာနှင့် ကြုံတွေ့ခဲ့ရသော်လည်းအများစုမှာ ဒုတိယအဆင့် ကောင်းကင်ဘုံ သို့မဟုတ် တတိယအဆင့် ကောင်းကင်အလွှာတွင်သာ ရှိနေကြသည်။ ထို့ပြင် ဖရိုဖရဲ တစ်ယောက်စနှစ်ယောက်စတွေ့ရ၏။ တစ်ကြိမ်တည်း ဖြင့် ငါးယောက် စုစည်းထားသည့် ဤကဲ့သို့သော သိုင်းဂိုဏ်းချုပ်ကျွမ်းကျင်သူများ မတွေ့ရသလောက် ပင်။

"ဒါက ဘိုင်ယွန်ကျောင်းတော်ကလား!"

ယင်းအချိန်မှာ သူ၏ဘေးမှာ ရပ်နေသည့် ကျန်းရွန်ရှင်းက ရုတ်တရက် စကားစ လိုက်သည်။ ထိုသို့ပြောပြီးနောက် သူမသည် ကောင်းကင်ကို လက်ညိုးထိုး ပြသည်။

ချင်ယွင်သည် ကျန်းရွန်ရှင်း၏ လက်ချောင်းနောက်သို့လိုက်ကာ လေထဲတွင် အခြားလူ တစ်ယောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

ဤလူကလည်း လူငယ်တစ်ယောက်လိုပင်။ သူ့ပုံအရ သူသည် အသက်နှစ်ဆယ် ဝန်းကျင်ရှိပြီး သူ၏မျက်နှာက ကျောက်စိမ်းနှင့်တူသည်။ သူသည် ရုပ်ရည်ချောမောပြီး အချုပ်နှောင်ကင်းမဲ့ကာ လွတ်လပ်ပေါ့ပါး၏။ အဖြူရောင်ပိုးချည် ၀တ်စုံကို ၀တ်ဆင် ထားပြီး ကောင်းကင်ယံ အမြင့်မှာ မတ်တပ်ရပ်နေခဲ့သည်။ သူသည် အောက်က လှုပ်ရှားမှုများကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြီး အောက်ခြေတိုက်ပွဲတွင် ပါဝင်ခြင်း မရှိပေ။

"သိုင်းမြို့စားအဆင့်လား?" ချင်ယွင်သည် အံ့အားသင့်သွားသော်လည်း၊ "ဤလူသည် သိုင်းမြို့စားနယ်ပယ် ကျွမ်းကျင်သူမဟုတ်ပေမယ့် သိုင်းမြို့စားတစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။ ဒါ့အပြင် သူသည် လေထဲမှာ ပျံ၀ဲရန်အတွက် လေဝိဥာဉ်ကို အမှန်တကယ် အသုံးပြုခဲ့သည်"

သိုင်းမြို့စားတစ်ပိုင်း ကျွမ်းကျင်သူသည် န၀မအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ်အထက် ကျွမ်းကျင်သူဖြစ်ပြီး သိုင်းမြို့စားနယ်ပယ်သို့ ခြေတလှမ်းဝင်ရောက်လာသူ ဖြစ်သည်။

ချင်ယွင်သည် အံ့သြသွားရသည်။ ဤလူငယ်သည် အလွန်ငယ်ရွယ်သေး၏။ သူသည် အမှန်တကယ်ပင် ဤကဲ့သို့မြင့်မားသောနယ်ပယ်ကို ရောက်နေခဲ့သည်။။ ထို့အပြင် သူ၏အသွင် အပြင်ကို ကြည့်လိုက်လျှင် သူသည် လေ၏လျင်မြန်သွက်လက်မူ (လေဝိဉာဏ်)၌ အလွန်မြင့်မားနေပုံရသည်။ လေ၏စွမ်းအားကို အသုံးပြု၍ လေထဲတွင် လွင့်မျောရန် အနည်းဆုံးတော့ ချင်ယွင်သည် ယခုအချိန်တွင် မလုပ်ဆောင် နိုင်သေးပေ။

"သူ့ကိုသိလား?" ချင်ယွင်က သူ၏ဘေးရှိ ကျန်းရွန်ရှင်းကို မေးလိုက်သည် ။

ကျန်းရွန်ရှင်းက ခေါင်းညိတ်ပြပြီး "ဒီလူက လင်းဖန်လို့ ခေါ်တယ်။ သူက ဘိုင်ယွန် ကျောင်းတော်ရဲ့ အရည်အချင်းအရှိဆုံး တပည့်ဖြစ်ပြီး သူက သိုင်းမြို့စားဘိုင်ယွန်ရဲ့ တပည့်တစ်ဦးလည်း ဖြစ်တယ်။ ဘိုင်ယွမ်စီရင်စုမှာ သုံးနှစ်တစ်ကြိမ် ပြိုင်ပွဲ ကျင်းပ တယ်။ နောက်ဆုံးပြိုင်ပွဲမှာ သူက ဒုတိယနေရာရခဲ့တယ်။ ဘိုင်ချီဟန် အပါအဝင် ငါတို့ဂိုဏ်းက ပါရမီရှင်တွေအားလုံးကို သူက လုံးလုံး အနိုင်ယူသွားတယ်။"

ကျန်းရွန်ရှင်းက ဆက်လက်ပြီး ပြောပြသည် "အရေးကြီးဆုံးကတော့ သူဟာ လွန်ခဲ့သော သုံးနှစ်က သိုင်းဂိုဏ်းချုပ်နယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး သိုင်းဂိုဏ်းချုပ်နယ်ပယ် ဒုတိယအဆင့် ကောင်းကင်အလွှာမှာရှိတဲ့ ဘိုင်ချီဟန်ကို အနိုင်ယူနိုင်ခဲ့တာဘဲ။ အခု သူက သိုင်းမြို့စားတစ်ပိုင်းနယ်ပယ်သို့ ရောက်ရှိခဲ့ပြီး ဘိုင်ချီဟန်ကတော့ သိုင်းဂိုဏ်းချုပ်နယ်ပယ် န၀မအဆင့် ကောင်းကင်အလွှာမှာ ဘဲရှိသေးတယ်။ သူ့ကို အနိုင်ယူဖို့က မဖြစ်နိုင်သလောက်ပဲ။ လင်းတန်ဂိုဏ်း၏ ပြိုင်ဘက်ကင်း ပါရမီရှင်ဖြစ်သော ဖန်းမန့်တယောက်သာ သူ့ကို တိုက်ခိုက်နှိမ်နင်း နိုင်လိမ့်မယ်။။

ချင်ယွင်သည် တိတ်ဆိတ်နေပြီး လေထဲတွင် လွင့်မျောနေဆဲ ထိုလူကို တစ်ချက်သာ ကြည့်လိုက်သည်။

သုံးနှစ်အတွင်း ဤသူသည် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ် ကျွမ်းကျင်သူအဖြစ်မှ သိုင်းမြို့စားတစ်ပိုင်းနယ်ပယ်သို့ ဖြတ်ကျော်သွားခဲ့သည်။ ဤကြောက်စရာကောင်းသည့် အရှိန်ဟုန်က အမှန်တကယ့်ကို ကြောက်စရာကောင်း လွန်းသည်။ ဘိုင်ချီဟန်နှင့်ယှဉ်လျှင် သူ၏ရှေ့ရှိ လင်းဖန်က တကယ်ကို ပို၍ ကြီးကျယ်ခမ်းနားပါသည်။

ရုတ်တရက် ချင်ယွင်၏ ပါးစပ်ထောင့်မှ အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာပြီး "ဘိုင်ယွန်ကျောင်းတော်လား?" သိုင်းမြို့စားဘိုင်ယွန်ရဲ့ တပည့်လား? "ဒါဆို မင်းက ရန်စီချီရဲ့ စီနီယာအစ်ကိုပေါ့။ ရန်စီချီနဲ့ပတ်သက်ပြီး မင်းမှာ ဘာအကြံ အစည်မှ မရှိသေးသရွေ့ ဘိုင်ယွန်ကျောင်းတော် ဒါမှမဟုတ် ဘိုင်ယွန်စီရင်စုရဲ့ နံပါတ်တစ် ပါရမီရှင်ဖြစ်တဲ့ မင်းအနေနဲ့ ဘာလုပ်လုပ် ငါ ဂရုမစိုက်ဘူး။ တကယ်လို့ မင်းက သတ္တိတွေကောင်းပြီး ရန်စီချီနဲ့ပတ်သက်တဲ့ အကြံတစ်ခုရှိလာခဲ့ရင် မင်းရဲ့ ဂုဏ်ကျက်သရေ အားလုံးကို ငါကိုယ်တိုင် ချေမှုန်းပစ်မယ်။"

ကောင်းကင်ယံ၌ရှိနေသော လင်းဖန်သည် ချင်ယွင်၏ အကြည့်ကို ခံစားလိုက်ရသည်။ သူက လှည့်ပြီး ချင်ယွင်ဘက်ကို လှမ်းကြည့်သည်။ အနည်းငယ် မျက်မှောင် ကြုတ်လိုက်သော်လည်း စိတ်လျှော့လိုက်၏။ သူသည်မထီမဲ့မြင် ပြုံးပြီး ချင်ယွင်ကို လျစ်လျူရှုလိုက်သည်။

သူသည် ချင်ယွင်နှင့် ကျန်းရွန်ရှင်းတို့၏ ခြေရာများကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်းရွန်ရှင်း ကိုမြင်လျင် သူမှတ်မိသည်။ ပထမတော့ ကျန်းရွန်ရှင်း၏ ဘေးမှာနေပြီး ရန်လိုနေသည့် ချင်ယွင်ကို အံ့အားသင့်မိပေမယ့် ချင်ယွင်၏ ကျင့်ကြံမှုအဆင့်ကို မြင်လိုက်ရလျှင် သူသည် အထင်မြင်သေးသွားခဲ့သည်။

သိုင်းသခင်နယ်ပယ် နဝမအဆင့် ကောင်းကင်အလွှာတစ်ယောက်သည် အမှန်တကယ် ပင် သူ့အပေါ် ရန်ငြိုးဖွဲ့ရန် သတ္တိရှိခဲ့သည်။ ဤသူသည် အလွယ်တကူ သေခြင်းတရား ကို တောင်းခံနေခြင်း ဖြစ်သည်။ ဤကဲ့သို့သော ပုရွက်ဆိတ်တစ်ကောင်ကို လက်တစ်ဖက်တည်းဖြင့်ပင် သူ ချေမွသွားနိုင်သည်။

ချင်ယွင်သည် လင်းဖန်၏ မျက်နှာပေါ်ရှိ မထီမဲ့မြင်ပြုသော အပြုံးကို ရှင်းရှင်း လင်းလင်း မြင်နိုင်သည်။

လင်းဖန်၏ အထင်အမြင်သေးမှုကြောင့် ချင်ယွင်သည် အနည်းငယ်မျှ မတုန်လှုပ်ခဲ့ပေ။ သူသည် ထိတ်လန့်တုန်လှုပ်တတ်သော လူစားမျိုး မဟုတ်ပေ။ အကယ်၍ သူ့ကို အရှက်ရစေခဲ့သူ ဆိုလျှင် သူသည် ထိုလူကို သတ်ပစ်ရန် ချက်ခြင်း အလျင်အမြန် ပြေးသွားလိမ့်မည်။ ယင်းအပြင် သူသည် မကြာခင်မှာ ဘိုင်ယွန်မြို့တော်ကို သွားရလိမ့်မည်။ ထိုအချိန်တွင် သူသည် လင်းဖန်ထံ ပြေးဝင်ရန် မလွှဲမရှောင်သာ ကြုံရမှာဖြစ်ပြီး ယခုအချိန်တွင် ချင်ယွင်သည် လုံးဝ အလျင်လိုခြင်း မရှိပေ။

အခုအချိန်မှာ အရေးကြီးဆုံးက ဒေါသထန်ပြင်း ဧရာမလူဝံကြီးကို ဘိုင်ယွန် ကျောင်းတော် ကျွမ်းကျင်သူများရဲ့ လက်ကနေ ဘယ်လို လုယူရမလဲဆိုတာပါ။

"အယ်။ ဘာလို့ ဒေါသထန်ပြင်းဧရာမလူဝံကြီးက တစ်ကောင်ဘဲ ရှိနေရတာလဲ။ တခြား တစ်ကောင်ရော" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

ဟိုယခင်တုန်းက သူတို့ရောက်လာသည့်အခါ ဒေါသထန်ပြင်းဧရာမလူဝံကြီးနှစ်ကောင် အတူတူရှိခဲ့ကြပေမယ့် ယခုအချိန်မှာ ၎င်းတို့ထဲမှ တစ်ကောင်တည်းသာ ဘာကြောင့် ထွက်လာရတာလဲ။

ထို့ကြောင့် ချင်ယွင်သည် သူ၏စိတ်၀ိဉာဥ်အာရုံ အမြန်ထုတ်လွှတ်ပြီး ချိုင့်ဝှမ်းရှိ ဂူဆီသို့ ချောင်းကြည့်လိုက်သည်။

ကြည့်လျှင် အဆင်မပြေသော်လည်း ချင်ယွင်ကြည့်လိုက်စဉ်မှာ သူသည် ချက်ချင်း ထိတ်လန့်သွားသည်။

"တကယ်ကို ဒီအချိန်ကြီးမှ ဖြစ်နေရသလား။" ချင်ယွင်သည် အံ့သြစွာ ပြောလိုက်သည်။

ကျန်းရွန်ရှင်းသည် ချင်ယွင်၏စကားကို ကြားသောအခါတွင် သူမသည် အဖြစ်အပျက် ကို ချက်ချင်း နားလည်လိုက်သည်။ အစောပိုင်းက ကိုယ်ဝန်ရှိခဲ့သော ဒေါသထန်ပြင်း ဧရာမလူဝံကြီးသည် ယခုအချိန်တွင် အမှန်တကယ် မွေးဖွားတော့မည် ဖြစ်ကြောင်း တွေ့ရှိရပါသည်။ တစ်နည်းဆိုရသော် ဤအချိန်သည် ဒေါသထန်ပြင်းဧရာမ လူဝံကြီးများအတွက် အားအနည်းဆုံး အချိန်ဖြစ်သည်။

ဤအချိန်တွင် ဘိုင်ယွန်ကျောင်းတော်မှလူများ တိုက်ခိုက်ရန် ရွေးချယ်ရခြင်း၏ အကြောင်းရင်းမှာ ဤအချက်ကြောင့် အတိအကျ ဖြစ်ပုံရသည်။ သူတို့၏ ရည်မှန်းချက်သည် ဤအရွယ် ရောက်ပြီးသား ဒေါသထန်ပြင်းဧရာမလူဝံကြီး များအတွက် မဟုတ်ဘဲ မွေးဖွားတော့မည့် ဒေါသထန်ပြင်း ဧရာမလူဝံကလေးအတွက် ပဲ ဖြစ်နိုင်ပါသည်။

ပုံမှန်အားဖြင့်၊ ဂိုဏ်းများသည် တောင်တံခါးများကို စောင့်ကြပ်ရန်အတွက် အစွမ်းထက် သော ဆိတ်သုဉ်းခြင်းသားရဲအချို့ကို မွေးမြူထားလေ့ရှိသည်။ ဤ ဆိတ်သုဉ်းခြင်း သားရဲကို မွေးမြူရန် အကောင်းဆုံးနည်းလမ်းမှာ ၎င်းတို့မွေးဖွားလာချိန်တွင် ၎င်းတို့ကို သယ်ဆောင်သွားခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤဆိတ်သုဉ်းခြင်း သားရဲများသည် ပထမဆုံးမြင်ဖူးသူကို ၎င်းတို့၏မိဘများ ဖြစ်သည်ဟု ယူဆကာ အနာဂတ်တွင် ၎င်းတို့ကို ပြုစုပျိုးထောင်ရန် ပိုမိုလွယ်ကူ လာမည်ဖြစ်သည်။

အမှန်တကယ်တော့ ဤဆိတ်သုဉ်းခြင်းသားရဲနှင့်သခင်ကျွန် စိတ်ဝေခြင်းစာချုပ်များ ချုပ်ဆိုနိုင်ရန် လျှို့ဝှက်ပညာရပ်များကို အသုံးပြုသည့် အခြားနည်းလမ်းတစ်ခုလည်း ရှိပါသေးသည်။ သို့သော်၊ ထိုကဲ့သို့သောစာချုပ်ချုပ်ဆိုခြင်း ပညာရပ်များသည် သေမျိုးကမ္ဘာတွင် အကြီးမြတ်ဆုံးအရာများဖြစ်သည်။ ဘိုင်ယွန်ကျောင်းတော် သို့မဟုတ် မိုးကြိုးဝိညာဉ်ဂိုဏ်းကဲ့သို့သော ဂိုဏ်းများတွင်ပင် မရှိပေ။

ထို့ကြောင့် ဘိုင်ယွန်ကျောင်းတော်၏ အပေါင်း အဖော်အုပ်စုသည် ၎င်းတို့ စတင် မွေးဖွားချိန်တွင် ဒေါသထန်ပြင်းဧရာမလူဝံကလေးအား ဖမ်းယူ၍ ပြုစုပျိုးထောင်ရန် ဂိုဏ်းထံသို့ ပြန်လည်ပို့ဆောင်လိုသောကြောင့် ဖြစ်သည်။ သူတို့ကိုယ်တိုင် ပြုစု ပျိုးထောင်ပေးခြင်း မရှိဘဲ အကယ်ဒမီ ဒါမှမဟုတ် ဂိုဏ်းကို လွှဲပေးမည်ဆိုလျှင် ကြီးမားတဲ့ ဆုလာဘ်ကို ရရှိကြမှာဖြစ်သည်။

"ငါတို့ နောက်ဆုတ်ရကြမလား?" ကျန်းရွန်ရှင်းက မေးလိုက်သည်။ သူမ၏ ထင်မြင်ချက်အရ၊ ဘိုင်ယွန်ကျောင်းတော်အဖွဲ့ထံမှ ဒေါသထန်ပြင်းဧရာမ လူဝံကြီးကို လုယူရန် မဖြစ်နိုင်သလောက်ပင် ဖြစ်ပြီး ဘေးမှရပ်ကြည့်နေသော လင်းဖန် တစ်ယောက်လည်း ရှိနေသေးသည်။

ချင်ယွင်က မျက်မှောင်ကြုတ်ပြီး "ခဏစောင့်ပါဦး ။ တကယ်လို့ ခွင့်အရေးမရှိတော့မှ ငါတို့ နောက်ဆုတ်ကြမယ်"

ကျန်းရွန်ရှင်းက ခေါင်းညိတ်လိုက်သည်။ သူမသည် ကန့်ကွက်ခြင်း မရှိတော့။ ဤအချိန်ကာလတွင် သူမသည် ချင်ယွင်ကို သူမ၏ကျောရိုးအဖြစ် ခံယူထားပြီး ဖြစ်သည်။

All Chapters