လေနှင့်တိမ်များ တဖန်ပြန်တက်လာခြင်း။
Vol. 7 Ch. 97
အခန်း (၉၇) လေနှင့်တိမ်များတဖန်ပြန်တက်လာခြင်း။
"ဘုန်း!"
ချင်ယွင်စကားပြီးသွားသောအခါ အဝေးမှ ကျယ်လောင်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ဘိုင်ယွန်ကျောင်းတော် တပည့်ငါးဦးနှင့် တိုက်ခိုက်နေခဲ့သည့် ဒေါသထန်ပြင်း ဧရာမ လူဝံကြီးသည် နောက်ဆုံးတွင် အမည်မသိ တပည့်တဦး၏ ဒေါသနှင့်အတူ ပေါက်ကွဲလာသည့် တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိနိုင်တော့ဘဲ လုံးဝ ဒေါသကြီးသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
ဒေါသထန်ပြင်း ဧရာမလူဝံကြီးကို ဒေါသထန်ပြင်း ဧရာမလူဝံကြီးဟု ဆိုခေါ်ရခြင်း၏ အကြောင်းရင်းမှာ ၎င်းတို့သည် ဒေါသကြီးသော အခြေနေသို့ ၀င်ရောက်သွားသောအခ ါပေါက်ကွဲလျှပ်စီး၏ ပြင်းထန်သော စွမ်းအားကို အသုံးပြု၍ ပြင်းထန်သော တိုက်ခိုက်ရေး စွမ်းအားကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။
သို့သော်လည်း ဒေါသထန်ပြင်း ဧရာမလူဝံကြီး သည် ဒေါသကြီးသော အခြေအနေသို့ ၀င်ရောက်နိုင်စွမ်းရှိသည့်အပြင် ဤဒေါသထန်ပြင်း ဧရာမလူဝံကြီးသည်လည်း လုံးဝ ဒေါသကြီးသော အခြေအနေသို့ ဝင်ရောက်နိုင်ကြောင်းကိုလည်း ချင်ယွင်သည် သိထားခဲ့သည်။(ဒေါသကြီးသောအခြေအနေ၊ လုံးဝဒေါသကြီးသော အခြေအနေဟူ၍ နှစ်မျိုးရှိသည်)
ဤအခြေအနေတွင် ဒေါသထန်ပြင်း ဧရာမလူဝံကြီးသည် ၎င်း၏ ပုံမှန်အင်အားကို ငါးဆပြသနိုင်သည်။ သို့သော်လည်း ဒေါသကြီးသော အခြေနေသို့ လုံးလုံး ဝင်ရောက်သွားသော ဒေါသထန်ပြင်း ဧရာမလူဝံကြီးသည် ၎င်း၏ ဆင်ခြင်တုံတရား ဆုံးရှုံးသွားပြီး သတ်ဖြတ်ခြင်းကိုသာ သိတော့ကာ ရူးသွပ်လာမည်မှာ သေချာပါသည်။
ဒေါသထန်ပြင်း ဧရာမလူဝံကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ အညိုရောင်အမွေးများသည် ချက်ချင်းပင် အနီရောင်တောက်တောက် ဖြစ်သွားသည်။ ၎င်း၏ မူလက ဆယ်မီတာမြင့်သော ခန္ဓာကိုယ်သည် အမှန်တကယ် ကျုံ့သွားပြီး နှစ်မီတာရှည်သော သားရဲအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်း၏မူလက နီမြန်းသောမျက်လုံးများသည် နှင်းများကဲ့သို့ဖြူစင်သွားကာ ၎င်း၏ အငွေ့သက်သည် အဋ္ဌမအဆင့် အထွက်အထိပ် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် ကျွမ်းကျင်သူနှင့် နှိုင်းယှဉ်နိုင်လုနီးပါး အဆများစွာ တိုးလာသည်။
ဘိုင်ယွန်ကျောင်းတော်၏ အမည်မသိ တပည့်ဖြစ်သူသည် ဒေါသထန်ပြင်းဧရာမ လူဝံကြီး ရုတ်တရက် အသွင်ပြောင်းလဲသွားသည်၏ အဖြစ်ကို တွေ့လိုက်ရသောအခါ အံ့အားသင့်သွားသည်။ ဒေါသထန်ပြင်း ဧရာမလူဝံကြီးသည် ဒေါသကြီးသော အခြေနေထဲသို့ ဝင်ရောက်နိုင်သည်ဟုသာ သိထားခဲ့ကြပြီး ဒေါသထန်ပြင်း ဧရာမလူဝံကြီးသည် ဒုတိယ အကြိမ်အဖြစ် အမှန်တကယ် အသွင်ပြောင်းလဲနိုင်လိမ့် မည်ကို ၎င်းတို့ မသိခဲ့ကြပေ။
တစ်ဖက်တွင်လည်း ကျန်းရွန်ရှင်းသည် အလွန်တုန်လှုပ်သွားသည်။ တစ်ချိန်တည်း မှာပင် သူမသည် ဤအခြေအနေတွင် ဒေါသထန်ပြင်းဧရာမလူဝံကြီးကို မတွေ့ခဲ့ရ သည့်အတွက် တိတ်တဆိတ် ဝမ်းမြောက်မိသည်။ မဟုတ်ရင် သူမသည် ချက်ချင်းပင် အသတ်ခံရလိမ့်မည်။
မျှော်လင့်ထားသည့် အတိုင်းပင် ဒေါသထန်ပြင်းဧရာမလူဝံကြီး အသွင်ပြောင်းပြီး နောက် အလွန်ကြောက်စရာကောင်းလာသည်။
သူ၏အရှိန်က ချက်ချင်း တဟုန်ထိုး မြင့်တက်လာပြီး ဘိုင်ယွန်ကျောင်းတော်မှ တပည့်များသည် ဒေါသထန်ပြင်းဧရာမလူဝံကြီး၏ ပုံသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်မီ ဒေါသထန်ပြင်းဧရာမလူဝံကြီး၏ ရှေ့ခြေဖဝါးရိုက်ချက်ကြောင့် တိုက်ရိုက် လွင့်ပျံသွားခဲ့ရသည်။
လွင့်ထွက်သွားသော တပည့်သည် အလွန်ဝမ်းနည်းဖွယ် ကောင်းသည်။ သူ၏ ရင်ဘတ်တစ်ခုလုံး ချိုင့်ဝင်သွားပြီး သွေးများကို အရူးအမူး အန်ထုတ်နေ၏။ အကယ်၍ သူသာ အချိန်မီ မတုံ့ပြန်နိုင်ဘဲ သူ၏ရင်ဘတ်ကို ပိတ်ဆို့တားဆီးရန် သူ့လက်ထဲမှ ဓားကို အသုံးပြုပြီး ၎င်း၏ခွန်အား အများအပြားကို ဖယ်ရှားလိုက်ခြင်းမရှိခဲ့ပါက သူသည် တိုက်ခိုက်ခံရစဥ်ကတည်းက ဒေါသထန်ပြင်းဧရာမလူဝံကြီး၏ ခြေဖဝါးဖြင့် တိုက်ရိုက်ထိုးဖောက်ခံခဲ့ရပေလိမ့်မည်။
အခြားတပည့်လေးယောက်သည် ဤမြင်ကွင်းကိုမြင်သောအခါ ချက်ချင်းပင် အံ့အားသင့်သွားကြသည်။
သို့သော်လည်း ဒေါသထန်ပြင်း ဧရာမလူဝံကြီးသည် လုံးဝကို ဒေါသကြီးသော အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီး လုံးဝ သတိလွတ်သွားခဲ့ပြီ ဖြစ်သည်။ သူသိတာ အားလုံးက သတ်ဖြတ်ဖို့ဘဲ ဖြစ်သည်။ ထို့ကြောင့် တပည့်တစ်ဦးအား ရိုက်ပုတ် ပြီးနောက် အနီးနားရှိ အမျိုးသမီးဆီသို့ ချက်ချင်း ပြေးသွားလေသည်။
တပည့်အမျိုးသမီး၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖပ်ဖြူရော်ဖြစ်ပြီး သူမ၏ မျက်နှာက ပြာနှမ်းသွားခဲ့သည်။
"မကောင်းဆိုးဝါးသားရဲကောင်၊ မရိုင်းဆိုင်းစမ်းနဲ့။"
ဤအခိုက်အတန့်တွင် ကောင်းကင်ယံတွင် မလှုပ်မရှားရပ်နေသော လင်းဖန်သည် နောက်ဆုံးတွင် ကျယ်လောင်စွာအော်လိုက်သည်။ ထို့နောက် အလောင်းတန်းအဖြစ်သို့ ပြောင်းလဲကာ တပည့်အမျိုးသမီးရှေ့တွင် ပေါ်လာသည်။ သူသည် ဒေါသထန်ပြင်း ဧရာမလူဝံကြီးနှင့် တိုက်ရိုက် ရင်တိုင်မိသွားသည်။
ပြင်းထန်သော လှိုင်းလုံးကြီးက လင်းဖန်၏ ၀တ်ရုံများကို တုန်ခါသွားစေသည်။ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများသည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီး ၎င်းတို့၏ ခြေရင်းအောက်ရှိ မြေပြင်သည် ချက်ချင်းပင် ချိုင့်ဝင်သွားလေသည်။
"တားဆီးလိုက်တာလား!" ကျန်းရွန်ရှင်းက ထိတ်လန့်စွာ ပြောသည်။
လင်းဖန်သည် ဒေါသထန်ပြင်းဧရာမလူဝံကြီး၏ အင်အားအပြည့်ဖြင့် တိုက်ခိုက် ခြင်းကို တားဆီးရန် ရိုးရှင်းသော လက်ဖဝါးရိုက်ချက်ကိုသာ အသုံးပြုခဲ့သည်။ လင်းဖန်သည် သူ၏ အစွမ်းထက်သော ဝိညာဉ်စွမ်းအင်ကျင့်ကြံမှု သို့မဟုတ် အစွမ်းထက်သော သိုင်းပညာရပ်ကို အသုံးပြု၍ ဒေါသထန်ပြင်းဧရာမလူဝံကြီးကို နောက်ပြန်ဆုတ်ရန် သို့မဟုတ် ၎င်းကို သတ်ပစ်မည်ဆိုလျှင် ကျန်းရွန်ရှင်းသည် လုံးဝ အံ့သြမည် မဟုတ်ပေ။
သို့သော်လည်း လင်းဖန်သည် ဒေါသထန်ပြင်းဧရာမလူဝံကြီး၏ အင်အားအပြည့်ဖြင့် တိုက်ခိုက်ခြင်းကို လက်ဖဝါးတစ်ချက် ရိုက်နှက်ရုံဖြင့် တားဆီးနိုင်ခဲ့သည်။ ထို့အပြင်၊ ဤလက်ဖဝါးရိုက်နှက်မှုတွင် ဝိညာဉ်စွမ်းအင်အတက်အကျ အရိပ်အမြွက်မျှ မပါရှိပေ။
ဒါက ဘာကို ဆိုလိုတာလဲ။
ချင်ယွင်သည် သူ၏မျက်လုံးများကို အနည်းငယ် မှေးကျဉ်းထားသည်။ ဤအချိန်တွင် သူသည် လင်းဖန်ကို အာရုံစိုက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။ အစောပိုင်းလေးက လင်းဖန်၏ လက်ဖဝါးရိုက်ချက်မှတဆင့် လင်းဖန်၏ ခန္ဓာကိုယ်သည် အလွန်သန်မာပြီး သူ့ထက် မနိမ့်ကျကြောင်း ချင်ယွင် ခံစားနိုင်သည်။
ဤအရာက ချင်ယွင်ကို အလွန်အံ့အားသင့်စေခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် အလွန် သန်မာပြီး ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာ ရပ်၏ အဆက်မပြတ် သန့်စင်ပေးမှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ဖရိုဖရဲ အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်၏ ရှေ့ပြေးပုံစံကို လုံး၀ပြီးစီးခဲ့ပြီး၊ ပြင်းထန်သော လျှပ်စီးကပ်ဘေးဒုက္ခအောက်တွင် အကြိမ် ကြိမ် အားကောင်းလာခဲ့သည်။ ၎င်းသည် အသက်အရွယ်တူသူလူများတွင် ပြိုင်ဖက်ကင်းဖြစ်ပေမယ့် ဤလင်းဖန်သည် အမှန် တကယ်ပင် ထိုကဲ့သို့ အစွမ်းထက်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။
ယခုတော့ လင်းဖန်သည် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ် တွင် ရှိနေစဥ်မှာပင် သူ့ထက်အဆင့်မြင့်သည့်ပါရမီရှင်များစွာကို အဘယ်ကြောင့် အနိုင်ယူနိုင်ခဲ့သည်ကို ချင်ယွင် နားလည်လာခဲ့သည်။
"ခွေးကောင်!"
ဒေါသထန်ပြင်းဧရာမလူဝံကြီး၏ ခြေဖဝါးကို ပိတ်ဆို့ထားသည့် လင်းဖန်သည် အေးစက်စွာ ဟစ်အော်လိုက်သည်။ ထို့နောက် သူသည်ချက်ချင်း ပျောက်ကွယ်သွားပြီး ဒေါသထန်ပြင်းဧရာမလူဝံကြီး ရှေ့မှာ ပေါ်လာသည်။ သူသည် ဒေါသထန်ပြင်း ဧရာမလူဝံကြီး၏ ရင်ဘတ်ကို ထိုးလိုက်ပြီး ဒေါသထန်ပြင်းဧရာမလူဝံကြီးကို လေထဲသို့ လွင့်ထွက်သွားစေခဲ့သည်။
သို့သော် ဤအရာများမပြီးမီတွင် လင်းဖန် သည် ဒေါသထန်ပြင်းဧရာမလူဝံကြီး၏ အထက်တွင် တစ်ဖန်ပြန်ပေါ်လာခဲ့သည်။ သူသည် ဒေါသထန်ပြင်း ဧရာမလူဝံကြီး၏ ကျောကို လေးလံသောတူတလက်ဖြင့် တိုက်ရိုက်ထုချလိုက်သည်။ ထို့နောက် ဒေါသထန်ပြင်းဧရာမလူဝံကြီးသည် ဥက္ကာပျံကဲ့သို့ မြေပြင်ပေါ်သို့ ပြိုကျသွားခဲ့ပြီး ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည်။
ဖြစ်စဉ်တစ်ခုလုံးသည် ရွေ့လျားနေသောတိမ်တိုက်များနှင့် စီးဆင်းနေသောရေများ ကဲ့သို့ တဆက်တည်း ဖြစ်ပျက်သွားကာ ပြီးဆုံးသွားခဲ့သည်။
လင်းဖန်သည် တွင်းနက်ကြီးဘေးတွင် ပေါ်လာပြန်သည်။ သူသည် တွင်းထဲရှိ မူလပုံစံအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားသော ဒေါသထန်ပြင်းဧရာမလူဝံကြီးအား အေးစက်စွာကြည့်ရင်းသူ၏အမူအရာက အေးစက်နေသည်။
လင်းဖန်နောက်လိုက်ဖြစ်နေသော ဘိုင်ယွန်ကျောင်းတော်၏ တပည့်များအားလုံး ပါးစပ် အကျယ်ကြီးပွင့်နေကြပြီး သူတို့၏ မျက်နှာများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပါသည်။ အထူးသဖြင့် အမျိုးသမီးတပည့်နှစ်ယောက် ဖြစ်သည်။ လင်းဖန်ကို သူမတို့ကြည့်သည့်ပုံစံက အလွန်လှပသော ကိုယ်လုံးတီး မိန်းမပျိုကို မြင်သော အပျိုကြီးတစ်ယောက်လိုပင်။ သူမတို့သည် လင်းဖန်၏ လက်နှစ်ဖက်ကို လက်ချင်းယှက် ကိုယ်ချင်းဖက်ကာ နှုတ်ဆက်ချင်နေကြသည်။
ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များဖြင့် တောက်ပလာသည်။ သူသည် ချက်ချင်းပြေးထွက်ပြီး လင်းဖန်နှင့် ကွက်ပေါင်းသုံးရာအထိ သူတပြန်ကိုယ်တပြန် လိုက်ခိုက်ချင်မိ၏။ သူပြန်စပြီး ကျင့်ကြံတည်းက ချင်ယွင်သည် သူနှင့်နှိုင်းယှဥ်နိုင်သော ရုပ်ခန္ဓာကိုယ်ရှိ သူကို ဘယ်တုန်းကမှ မတွေ့ခဲ့ဖူး ပေ။ ယခုတော့ လင်းဖန်၏ခန္ဓာကိုယ် သန်မာလာ သည်ကို မြင်လိုက်ရလျှင် ချက်ချင်းပင် တိုက်ခိုက်ချင်စိတ် ပေါ်လာသည်။
သို့သော်၊ သူ၏လက်ရှိကျင့်ကြံမှုသည် သိုင်းဂိုဏ်းချုပ်နယ်ပယ် ပထမအဆင့် အထွတ် အထိပ် ကောင်းကင်အလွှာတွင်သာရှိပြီး သူနှင့် လင်းဖန်တို့အကြား ကြီးမားသော ကွာဟချက်ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် သူသည် လင်းဖန်ကို အနိုင်ယူလိုပါက သူ၏ ကျင့်ကြံမှုအဆင့်ကို မြင့်မားသောအဆင့်တခုအထိ မြှင့်တင်ရမည်ဖြစ်သည်။ သူသည် အခုထွက်ပြီး ရိုက်နှက်ခံရန်အတွက် သွားရှာမှာ မဟုတ်ပါဘူး။
"ဖတ် ဖတ် ဖတ်!"
သို့သော် ထိုအချိန်တွင် ကျယ်လောင်သော လက်ခုပ်သံများ ထွက်ပေါ်လာသည်။
"ဘိုင်ယွန်ကျောင်းတော်ရဲ့ သမိုင်းမှာ အပြောင်မြောက်ဆုံး ပါရမီရှင်ဆိုတဲ့အတိုင်း မျှော်လင့်ထားသလိုပါပဲလား၊ ဒီပြိုင်ဘက်ကင်းခန္ဓာကိုယ်တခုကတင် အံ့သြစရာ ကောင်းနေပါပြီ။"
ကျယ်လောင်သော ရယ်မောသံနှင့်အတူတောထဲမှ အလင်းတန်းအချို့ လျင်မြန်စွာ ထွက်ပေါ်လာပြီး လူငယ်အချို့ ချောက်ထဲမှ ပေါ်လာသည်။
ထိုလူငယ်များ၏ အသွင်အပြင်က ဘိုင်ယွန်ကျောင်းတော် တပည့်များ၏ သတိကြီးစွာ ထားမူကို ချက်ချင်း နှိုးဆွခဲ့သည်။
ချင်ယွင်သည်လည်း အနည်းငယ် အံ့သြသွားသည်။ မည်သည့်နေရာမှ ပေါ်ထွက် လာခဲ့ကြမှန်းမသိသော ဤလူအနည်းငယ်၏ စွမ်းအားမှာလည်း မပျော့ညံ့ပေ။ သူတို့အားလုံးသည် ပဉ္စမအဆင့် ကောင်းကင်အလွှာနှင့် အထက်တွင်ရှိကြသည်။ ဦးဆောင်သူမှာ ပို၍ပင် အံ့သြစရာကောင်းသည်။ သူ၏စွမ်းအားသည် လင်းဖန်၏ စွမ်းအားနှင့် အတူတူပင်။ သူတို့အားလုံးသည် သိုင်းမြို့စားတပိုင်းနယ်ပယ်သို့ ရောက်ရှိ နေကြသည်။
ချင်ယွင်သည် ဦးဆောင်လာသူအား ကြည့်လိုက်သည်။ သူသည် အရပ်ရှည်ပြီး အစွမ်းထက်က သူရဲကောင်းဆန်ရုံသာမက အလွန်မင်းလေးလံသော ခံစားချက်ကို လည်း ပေးစွမ်းနိုင်သည်ကို သူတွေ့ရှိခဲ့သည်။
ချင်ယွင်သည် ဤခံစားချက်သည် မြေစွမ်းရည်ကျင့်ကြံခြင်းနည်းပညာကို အချိန်အတော်ကြာ ကျင့်ကြံခြင်းနှင့် မြေစွမ်းရည်သဘောတရားကို နားလည်သဘော ပေါက်ခြင်းမှ ထုတ်လွှတ်နေသော မြေအငွေ့သက်(အော်ရာ)ဖြစ်သည်ကို အကြည့် တချက်ဖြင့်ပင် ပြောနိုင်သည်။
"လင်းတန်ဂိုဏ်းရဲ့ ဖန်းမန့်လား?" သူ၏ဘေးမှာရပ်နေသော ကျန်းရွန်ရှင်းက အထိတ်တကြား ပြောလိုက်သည်။
ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ ဤ ဖန်းမန့်နှင့် လင်းဖန်တို့သည် လင်းတန်ဂိုဏ်းနှင့် ဘိုင်ယွန်ကျောင်းတော်တို့၏ အသီးသီး နံပါတ်တစ်ပါရမီရှင်များ ဖြစ်ကြောင်းနှင့် ကျန်းရွန်ရှင်း အစောပိုင်းလေးက ပြောသည်ကိုသာ သူကြားဖူးသည်။ ၎င်းတို့နှစ်ဦးသည် ဘိုင်ယွန်စီရင်စု၏ အထူးချွန်ဆုံး ပါရမီရှင်နှစ်ဦးအဖြစ် အမြဲတမ်း ချီးကျူးခံခဲ့ရသည်။ ယခုသူတို့သည် အမှန်တကယ်ကို ထူးထူးခြားခြား ဖြစ်နေပုံရသည်။ သူတို့နှင့်ယှဉ်လျှင် ဘိုင်ချီဟန်က တော်တော်ကွာခြားပုံရသည်။
သို့သော် ချင်ယွင်သည် ဤအချိန်တွင် နှစ်ဖက်အဖွဲ့များ၏ ထူးချွန်သူများသည် အဘယ် ကြောင့် တိုင်ယွန် တောင်တန်းသို့ ရောက်ရှိလာသည်ကို ရုတ်တရက် အံ့ဩမိသည်။ အားလုံးက တိုက်ဆိုင်မှုတစ်ခုများလား။