← Chapters

လမ်းကျဉ်းလေးမှာ တွေ့ဆုံခြင်း

Vol. 7 Ch. 98

လမ်းကျဉ်းလေးမှာ တွေ့ဆုံခြင်း

Vol. 7 Ch. 98

အခန်း (၉၈) လမ်းကျဉ်းလေးမှာ တွေ့ဆုံခြင်း။

"ဖန်းမန့်၊ မင်း ဘာလို့ဒီကိုရောက်နေတာလဲ"

လင်းဖန်သည် ထိုလူကိုမြင်သောအခါ လေးနက်သောအမူအရာဖြင့် မေးလိုက်သည်။

ဖန်းမန့်က တဟားဟားရယ်ပြီး "ဘာလို့ ဒီကို ရောက်နေတာလဲ ဟုတ်လား။ ငါတို့လည်း မင်းနဲ့ ရည်ရွယ်ချက် အတူတူပဲလေ။"

ဘိုင်ယွန်ကျောင်းတော်တပည့်တဦး၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး လင်းဖန်သည် ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။

'"မင်းရဲ့ ဘိုင်ယွန်ကျောင်းတော်ကဘဲ အသက်သစ်ပင်ရဲ့ သတင်းကို လက်ခံရရှိတယ် လို့ မင်း ထင်နေသလား။ အမှန်အတိုင်းပြောရရင် ဒီသတင်းက ဘိုင်ယွမ်စီရင်စု တစ်ခုလုံးကို ပျံ့နှံ့နေပြီ။ သိပ်မကြာခင်မှာပဲ အင်ပါယာတစ်ခုလုံးက ကျင့်ကြံသူတွေဟာ ဒီတိုင်ယွန်တောင်တန်းထဲကို အရူးအမူးရောက်လာကြလိမ့်မယ်။" ဖန်းမန့်က ကဲ့ရဲ့ လှောင်ပြောင်သည်။

"လခွမ်းကွာ !" ယင်းစကားကို ကြားရလျှင် လင်းဖန်သည် သူ၏သွားများကို တင်းတင်း ကိုက်လိုက်မိ၏။

ဘိုင်ယွန်ကျောင်းတော်သည် သူတို့ကို ဤနေရာသို့ ပို့လိုက်ရသည့်အကြောင်းရင်းက သူတို့ အကြီးအကဲများကို စေလွှတ်လိုက်လျှင် အချက်အလက်များ အလွယ်တကူ ပေါက်ကြားသွားမည်ကို ‌ကြောက်လို့ဆိုတာ အတိအကျပါပဲ။ သူတို့သည် လေ့ကျင့်ရေး ခရီးအမည်ဖြင့် ဤနေရာသို့ လာခဲ့ကြသော်လည်း အချက်အလက်များ ပေါက်ကြား သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဤအကြောင်းအရာအားလုံးကို အဝေးမှကြားလိုက်ရသော ချင်ယွင်သည် ချက်ချင်းပင် အထိတ်တလန့်ဖြစ်ကာ မျက်လုံးပြူးသွားသည်။

အသက်သစ်ပင်၊ အသက်သစ်ပင်က ဤနေရာမှာ တကယ်ရှိနေတာလား။

အင်မော်တယ်ကမ္ဘာတွင်ပင်၊ အသက်သစ်ပင်သည် ရှားပါးပြီး အဖိုးတန်ရတနာတစ်ခု ဖြစ်သည်။ ၎င်းသည် အနှစ်တစ်ထောင်ကြာတိုင်းမှာ ပွင့်ပြီး အနှစ်တစ်ထောင်ကြာ တိုင်းမှာ အသီးများသီး၏။ ထို့အပြင် အပင်တစ်ပင်စီတွင် အသီးသုံးမျိုးသာရှိသည်။ ဤအသီးကို အသက်သစ်သီးဟုခေါ်သည်။ အသက်သစ်သီးကို တစ်ခါစားသုံးပြီးလျှင် တစ်စုံတစ်ယောက်၏ကျင့်ကြံမှုအဆင့်ကို မတိုးမြှင့်နိုင်ပေမယ့် ထိုသူ၏ နားလည် နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်၏။

လူတစ်ယောက်၏ နားလည်နိုင်စွမ်း တိုးတက်လာမူကို လျှော့မတွက်သင့်ပေ။ ကျင့်ကြံခြင်း၏ အစောပိုင်းအဆင့်များတွင် လူတစ်ဦးတစ်ယောက်သည် အရည်အချင်း များကို(ပါရမီ)အလွန်တန်ဖိုးထားသော်လည်း သိုင်းမြို့အစားနယ်ပယ်သို့ ရောက်ရှိပြီး နောက် နားလည်နိုင်စွမ်းကို ပို၍တန်ဖိုးထားကြသည်။ အဘယ်ကြောင့်ဆိုသော် အကယ်၍ လူတစ်ယောက်သည် သိမ်မွေ့နက်နဲခြင်းနယ်ပယ် နှလုံးသားကိုမသိပ်သည်း (မကျစ်လစ်)နိုင်ပါက၊ ထိုသူသည် သိုင်းဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော် သွားနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

တစ်နည်းဆိုရသော်၊ အကယ်၍ သင်သည် အသက်သစ်သီးကို စားသုံးရပါက သိုင်းမြို့စားနယ်ပယ်မှ သိုင်းဧကရာဇ်နယ်ပယ်အထိ ဖြတ်ကျော်ရန် အခွင့် အလမ်းများ စွာ တိုးလာမည် ဖြစ်သည်။ ထို့ကြောင့် ဤအသက်သစ်သီးသည် မည်မျှ တန်ဖိုးရှိသည် ကို သင်တွေးကြည့်နိုင်ပါသည်။

သိုင်းမြို့စားနယ်ပယ်မှာ အမြဲပိတ်မိနေခဲ့သည့် ကျွမ်းကျင်သူများအတွက်တော့ အကယ်၍ ဤအရာသည် မျှော်လင့်ချက်အမျှင်တန်းလေး ဖြစ်ခဲ့လျှင်တောင် သူတို့၏ အသက်အတွက် အတင်းအကြပ် ဆုပ်ကိုင်ထားနိုင်ဆဲ ဖြစ်သည်။ ထို့ကြောင့် ချင်ယွင် သည် အသက်သစ်ပင်အကြောင်း ကြားသောအခါ အလွန်တုန်လှုပ် သွားခဲ့ရသည်။

သို့သော်၊ ချင်ယွင်ကို ဝေခွဲမရဖြစ်စေသည့်အရာမှာ ဤအသက်သစ်ပင်သည် တစ်နေရာ တည်းတွင် အမြစ်တွယ်ခြင်း မဟုတ်သောကြောင့် ဤအသက်သစ်ပင်သည် ရှာဖွေရ လွယ်ကူသည် မဟုတ်ပေ။ ၎င်းသည် များသောအားဖြင့် မြေအောက်၌ ပုန်းကွယ်နေလေ့ရှိပြီး အကျိုးရလာဒ်များကို လိုချင်သည့်အခါမှသာ ၎င်းသည် မြေကြီးပေါ်သို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။

ထို့အပြင် အသီး၏ သက်တမ်းသည် ဆယ်ရက်သာရှိသည်။ အသီးများသည် ဆယ်ရက်ကြာသည့်အခါ ရင့်မှည့်ပြီးနောက် အသက်သစ်ပင်သည် မြေကြီးထဲသို့ ချက်ချင်းငုပ်လျှိုးကာ သဲလွန်စမရှိဘဲ ပျောက်သွားလိမ့်မည်။

ထို့ကြောင့် အခွင့်အလမ်းကောင်းများ မရှိဘဲ အသက်သစ်ပင်ကို ရှာတွေ့ရန် မဖြစ်နိုင် ပေ။ အင်မော်တယ်ကမ္ဘာတွင်ပင် လူအနည်းငယ်သာ အသက်သစ်ပင်ကို ရယူနိုင်ခဲ့ ကြသည်။

ကျန်းရွန်ရှင်းသည် အသက်သစ်ပင်၏ အဓိပ္ပါယ်ကို မသိသော်လည်း သူမသည် တုံးအသူတစ်ယောက် မဟုတ်ပေ။ သတင်းများ အပြင်ပေါက်ကြားမည် ကို စိုးရိမ်သည့်အတွက် အကြီးအကဲများကို မစေလွတ်ဘဲ ယင်းအသက်သစ်သီး အတွက် တိုက်ပွဲဝင်ရန် နှစ်ဖက်အဖွဲ့သားများကို စေလွှတ်ထားကြသည်။ ယင်းအသက် သစ်သီးသည် ရိုးရှင်းသော ရတနာတစ်ခု မဟုတ်ဘူးဆိုသည်မှာ သေချာပါသည်။

"ဒါဆိုရင်၊ ငါတို့ မိုးကြိုးဝိညာဉ်ဂိုဏ်းက ဒီသတင်းကို လက်ခံရမှာဘဲ။ ဖြစ်နိုင်ရင် ငါတို့ဂိုဏ်းကလည်း မကြာခင် တစ်ယောက်ယောက်ကို စေလွှတ်လိုက်လိမ့်မယ်။" ကျန်းရွန်ရှင်းက ပြောသည်။

ချင်ယွင်သည် ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏စိတ်ထဲတွင် စိုးရိမ်မှု အရိပ်အယောင် ပေါ်လာသည်။ မိုကြိုးဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ကိုယ်တိုင် ကိုယ်ကျ လှုပ်ရှားလျှင်တောင် အသုံးမဝင်ပါဘူး။ အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားပါက၊ ၎င်းသည် သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူများစွာကို ဆွဲဆောင်နိုင်မည် ဖြစ်သည်။ ထိုအချိန်တွင်၊ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူ အများအပြား ကျိန်းသေပေါက် သေကြလိမ့်မည်။ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူများပင် အခွင့် အရေးမရှိမှာ ဖြစ်ကောင်းဖြစ်သွားနိုင်၏။

နောက်ဆုံးမှာတော့ အသက်သစ်သီးသည် သုံးလုံးသာရှိ၏။

ချင်ယွင်သည် သိပ်အများကြီး မစဉ်းစားပေ။ သူသည် အသက်သစ်သီးကို ရယူလိုသော် လည်း ထိုသိုင်းမြို့စားအဆင့်ကျွမ်းကျင်သူများနှင့် ယှဉ်ပြိုင်ရန် တွေးလိုက်သော အခါတွင် သူသည် ခေါင်းယမ်းရုံကလွဲပြီး ဘာမှ မတတ်နိုင်ပေ။

သို့သော်လည်း ချင်ယွင်၏ အတွေးများသည် သူ၏နှလုံးသားထဲတွင် ခုန်ပေါက် နေချိန်မှာ လင်းဖန်နှင့် ဖန်းမန့်တို့သည် အမှန်တကယ် စကားများ ရန်ဖြစ်နေကြ ပြန်သည်။

"ဖန်းမန့်၊ မင်းသိပြီးသားဆိုမှတော့ မင်း ငါတို့ကို ဘာလို့လာရှာတာလဲ" လင်းဖန်က အေးစက်စွာ အော်‌ပြောလိုက်သည်။

"သေချာတာက၊ ဒါက ဒေါသထန်ပြင်းဧရာမလူဝံ သားပေါက်လေးတွေကို ဖမ်းဖို့ပဲ‌ပေါ့။"

ဖန်းမန့်က ရယ်မောရင်း ပြောလိုက်သည်။

"မင်းလွန်မလာနဲ့နော်" လင်းဖန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ငါတို့က ဒီ‌ ဒေါသထန်ပြင်း ဧရာမလူဝံကြီးကို အရင်ဆုံး ရှာတွေ့ခဲ့တာ‌လေ။ မင်းမှာ ဝင်စွက်ဖက်နိုင်တဲ့ အရည်အချင်း မရှိဘူး"

"အို တကယ်ပဲလား?" ဖန်းမန့်သည် ထိတ်လန့်ဟန်ဆောင်သည့် အမူအရာကို တမင်တကာ လုပ်ပြလိုက်သည်။ ထို့နောက် သူ၏အမူအရာက ရုတ်တရက် အေးစက်သွားကာ ထင်သေးဟန်ဖြင့် လှောင်ပြောင် ပြောလိုက်၏ “ဒီဒေါသ ထန်ပြင်း ဧရာမလူဝံပေါက်လေးကို သူ့အမေကနေ မွေးဖွားလာတာလို့ ငါလည်း ပြောဖူးတယ်။ ဒါကြောင့် မင်းတို့ကောင်တွေလည်း အဝေးကို ယူသွားပိုင်ခွင့်မရှိဘူး”

'"မင်း" လင်းဖန်သည် ဖန်းမန့်၏စကားကို ကြားသောအခါ ချက်ချင်းပင် ဒေါသထွက် သွားသည်။

"ဘာလဲ တိုက်ချင်တာလို့လား၊ ကောင်းပြီလေ၊ ငါ မင်းနဲ့ အဖော်လုပ်ပေးမယ်။ လွန်ခဲ့တဲ့ သုံးနှစ်က မင်းငါ့ကို ရှုံးနိမ့်ခဲ့ရတာကို မမေ့နဲ့။" ဖန်းမန့် က ရယ်မောလိုက်သည်။

ယင်းစကားကိုကြားလျှင် လင်းဖန်၏ အမူအရာက ပိုလို့တောင် မှုန်မှိုင်းလာခဲ့သည်။ သူက ဒေါသတကြီး ပြောလိုက်သည် "လွန်ခဲ့တဲ့သုံးနှစ်က မင်းကို ငါရှုံးခဲ့တယ်၊ အခုသုံးနှစ်တောင် ရှိသွားပြီလေ။ ငါက အရင်ကနဲ့ မတူတော့ဘူးကွ။ မင်းကို အနိုင်ယူဖို့က အလွယ်လေးဘဲ"

ဖန်းမန့်က အထင်သေးစွာ ပြုံးပြီး ပြောသည် "မင်း ဟိုအရင်တုန်းကလည်း ဒီလိုပဲ ပြောခဲ့တယ်။ ဒါပေမယ့် ဒီနေ့လည်း မင်း ဒီစကားပြောမယ်လို့ ငါ မမျှော်လင့်ထားဘူး"

လင်းဖန်သည် ချက်ချင်းပင် ဒေါသဖြစ်သွားခဲ့ပြီး သူ၏အပေါ်မှာ ဗုဒ္ဓတပါး ထွက်ပေါ် လာသည်။ ဗုဒ္ဓနှစ်ပါးသည် ကောင်းကင်ဘုံတက်၍ ဒေါသတကြီး ဟိန်းဟောက်သည်။ သူ၏တစ်ကိုယ်လုံးသည် ကြမ်းကြုတ်သော အငွေ့သက်များကို သယ်ဆောင်လာရင်း ဖန်းမန့်ဆီသို့ တဟုန်ထိုး ပြေး၀င်သွားသည်။

ဖန်းမန့်က ခပ်ဖျော့ဖျော့ ပြုံးပြီး "ရှေ့ကိုသွားပြီး ဒေါသထန်ပြင်း ဧရာမ လူဝံပေါက် လေးကို သွားဖမ်းခဲ့ကြ" ဟု အော်လိုက်သည်။ ထို့နောက် သူ၏တစ်ကိုယ်လုံး အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး လင်းဖန်နှင့် ထိပ်တိုက်‌ တွေ့ဆုံသည်။

နှစ်ယောက်စလုံးသည် လက်ဗလာချင်း ထိပ်တိုက်ဆုံးတွေ့ပြီး ကောင်းကင်က ကျယ်လောင်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ နောက်ဆက်တွဲ လှုပ်ခတ်မှုကြောင့် ပတ်ဝန်းကျင်ရှိ ကျောက်တုံးများသည် အမှုန့်အဖြစ်သို့ ကွဲသွားကာ မြေပြင်သည် တစ်ခုပြီးတစ်ခု ပြိုကျသွားသည်။

ဖန်းမန့်၏အမိန့်ကို ကြားသောအခါ လင်းတန်ဂိုဏ်း၏တပည့်များသည် ၎င်းတို့၏ လက်နက်များကို ဆွဲထုတ်ပြီး ဂူဆီသို့ ပြေးသွားကြသည်။ ဟုတ်ပါသည်၊ ဘိုင်ယွန် ကျောင်းတော်၏ တပည့်များကလည်း လင်းတန်ဂိုဏ်း၏ တပည့်များ ဒေါသထန်ပြင်း ဧရာမလူဝံပေါက်လေးကို လုယူသွားမည်ကို ကြည့်ရှုလိုစိတ် မရှိကြပါဘူး။ ရလာဒ်အနေဖြင့် သူတို့သည် သူတို့၏ လက်နက်များကို ထုတ်ယူကာ လင်းတန်ဂိုဏ်း ၏ တပည့်များကို တိုက်ခိုက်ခဲ့ကြသည်။

ထို့ကြောင့် ချောက်ကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ဖန်းမန့်နှင့် လင်းဖန်သည် လက်ရည်တူညီနေပုံရပြီး တစ်ယောက်ကိုတစ်ယောက် ထိပ်တိုက်ဆုံတွေ့ချိန်တွင် သူတို့၏ လက်သီးများကို အပြန်ပြန် အလှန်လှန် လှုပ်ရှားရင်း ထိုးနေကြသည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ သူ၏မျက်လုံးများ ချက်ချင်းတောက်ပ လာသည်။ သူက ကျန်းရွန်ရှင်းဘက်သို့လှည့်ပြီး "မင်း စမ်းချောင်းဆီကို အရင် ပြန်သွားပြီး ငါ့ကို စောင့်နေဦး။ နောက်မှ မင်းကို လာရှာမယ်" ဟု ပြောလိုက်သည်။

'"မဟုတ်ဘူး၊ နင်ဘာလုပ်မလဲဆိုတာ ငါသိတယ်။ နင် လူဝံသားပေါက်လေးတွေကို လုယူဖို့ ဒီအခွင့်အရေးကို ဆုပ်ကိုင်ထားချင်ပေမယ့် အရမ်းအန္တရာယ်များတယ်။ လင်းဖန်နဲ့ ဖန်းမန့်သာ သိသွားရင် နင်ထွက်သွားနိုင်မှာ မဟုတ်ဘူး။ နင်နဲ့အတူ ငါပါလိုက်ခဲ့မယ်။ " ကျန်းရွန်ရှင်းက စိုးရိမ်တကြီး ပြောသည်။

ချင်ယွင်က ပြုံးပြီး "စိတ်မပူပါနဲ့ ငါအဆင်ပြေပါတယ်။ ဖန်းမန့် နဲ့ လင်းဖန် အတူတူ လာရင်တောင် ငါသူတို့ကို မရိုက်နိုင်ပေမယ့် ငါ့အသက်ကိုကယ်ဖို့က ပြဿနာရှိမှာ မဟုတ်ဘူး။ တကယ်လို့ မင်း ငါ့နောက်ကို လိုက်လာမယ်ဆိုရင် ငါ့ကို ဆွဲချရာ ရောက်နေလိမ့်မယ်။"

"တကယ်လား?" ကျန်းရွန်ရှင်းသည် အနည်းငယ် စိုးရိမ်နေသေးသည်။

ချင်ယွင်က ပြုံးပြီး ခေါင်းညိတ်ပြသည်။

"ကောင်းပြီ နင် ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်။ ချင်ယွင်က အလွန်သေချာသည်ကို မြင်လိုက်ရသဖြင့် ကျန်းရွန်ရှင်းသည် သဘောတူနိုင်ခဲ့သည်။

"စိတ်မပူပါနဲ့!" ချင်ယွင်က ပြန်ပြောလိုက်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်မှုကို အခွင့်ကောင်း ယူကာ ရှေ့သို့ တိုးဝင်သွားခဲ့သည်။

သို့သော် သူ မထွက်ခွာမီ သူ၏နောက်ရှိကျန်းရွန်ရှင်း၏ တားဆီးမှုကိုခံလိုက်ရ၏။

"လင်းယွင်။" ကျန်းရွန်ရှင်းက ပြောသည်။

"ဘာမှားလို့လဲ?" ချင်ယွင်က ပြန်လှည့်ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက် သည်။

"ငါ...ငါ နင့်ကို ကြိုက်တယ်!" ကျန်းရွန်ရှင်း သည် ဤစကားလုံးများကို ပြောဆိုရန် နောက်ဆုံး တံတွေးမျိုမခင် အချိန်အကြာကြီး တုံ့ဆိုင်းနေခဲ့သည်။

ချင်ယွင်၏ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ထိုနေရာတွင်ပင် အံ့အားသင့်သွားခဲ့ရသည်။

"ဒီတော့ နင်အသက်ရှင်လျက် ပြန်လာရမယ်နော် ။ ငါ နင့်ကိုအမြဲစောင့်နေမယ်။" ကျန်းရွန်ရှင်းက ဆက်ပြောပြီး သူမ၏စူးရှရှ အကြည့်များက သူမသည် ချင်ယွင်ကို နောက်ပြောင်နေခြင်း မဟုတ်ဘူးဟု ပြောပြနေသည်။

ချင်ယွင်သည် အချိန်အတော်ကြာ အံ့အားသင့်ခဲ့ရသည်။ နောက်ဆုံးတွင် သူသည် နူးညံ့စွာ ပြုံးပြီး ကျန်းရွန်ရှင်းအား "ကောင်းပြီလေ၊ ငါပြန်လာရင် ငါ့ရဲ့ဖြစ်ရပ်မှန်ကို ပြောပြမယ်"

ထိုသို့ပြောပြီးနောက် လျှပ်စီးတချက်လက်သွားကာ ပျောက်ကွယ်သွားခဲ့သည်။

ကျန်းရွန်ရှင်းသည် ချင်ယွင်ထွက်ခွာသွားသော လမ်းကြောင်းကို ကြည့်လိုက်ရရင်း သူမ၏ မျက်လုံးများသည် ပျော်ရွှင်မှုနှင့်အတူ စိုးရိမ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

All Chapters