ရုပ်ဖျက်ခြင်း၏ အကျိုးကျေးဇူး
Vol. 7 Ch. 99
အခန်း (၉၉) ရုပ်ဖျက်ခြင်း၏ အကျိုးကျေးဇူး
ကျန်းရွန်ရှင်းကို နှုတ်ဆက်ပြီးနောက် ချင်ယွင် သည် ဒေါသထန်ပြင်းဧရာမလူဝံကြီး၏ ဂူထဲသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ချဉ်းကပ်ခဲ့သည်။ သေချာသည်မှာ၊ သူသည် ယင်းဖြစ်စဉ်တွင်၊ ထိုနှစ်ဖက်အဖွဲ့လူများ၏အာရုံစိုက်ခံရမူကို ရှောင်ရှားရန်အတွက် ချင်ယွင်သည် ဂူထဲကို တိုက်ရိုက်မချဉ်းကပ်နိုင်ခဲ့ဘဲ ဒိုင်းတစ်ခုအကူအညီဖြင့် ဆက်ပြီး ချဉ်းကပ်ခဲ့ရသည်။
အမျိုးမျိုးသော လှုပ်ရှားမှုများကို ပြုပြီးနောက် ချင်ယွင်သည် နောက်ဆုံးတွင် ထိုလူများ၏ အာရုံမှ လွတ်မြောက်နိုင်ခဲ့ပြီး ဒေါသထန်ပြင်း ဧရာမလူဝံကြီး၏ အသိုက်ထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။ ဒေါသထန်ပြင်း ဧရာမလူဝံကြီး၏ ဂူသည် အလွန်ကြီးမားပြီး အမြင့် ဆယ်မီတာကျော်ရှိသည်။ ချင်ယွင်သည် ဂူထဲသို့ ဝင်ပြီးနောက် မကြာမီတွင် အရပ်ရှည်သော ဒေါသထန်ပြင်း ဧရာမလူဝံကြီး တစ်ကောင်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသည်ကို သူတွေ့ရှိခဲ့သည်။
လူဝံကြီးသည် အလွန်အားနည်းနေသည်။ ဗိုက်ထဲရှိ ဒေါသထန်ပြင်း ဧရာမ လူဝံကလေးကို မွေးဖွားရန် ရုန်းကန်နေရသည်။ သို့သော် ၎င်း၏ ခန္ဓာကိုယ်အတွင်းရှိ သားပေါက်လူ၀ံလေးသည် ၎င်း၏ချက်ကြိုးဖြင့် ချည်နှောင်ထားခံပုံရသည်။ မည်မျှပင် ခက်ခက်ခဲခဲ ကြိုးစားနေပါစေ ဤအခြေနေကို ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ ထို့အပြင် သူမ၏ရုပ်ရည်သွင်ပြင်ကို ကြည့်လျှင် ဤအခြေအနေကို အချိန်အတော်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ထိုကြောင့် အရမ်းကို အားနည်းနေရခြင်း ဖြစ်သည်။
ဤမြင်ကွင်းကိုမြင်ရလျှင် ချင်ယွင်သည် ဤဒေါသထန်ပြင်း ဧရာမလူဝံမကြီး တွေ့ကြုံ ခဲ့ရသော ခက်ခဲပင်ပန်းမှုများကို သိရှိနိုင်ခဲ့သည်။
ထို့ကြောင့် သူသည် တုံ့ဆိုင်းမနေဘဲ မိခင် ဒေါသထန်ပြင်း ဧရာမလူဝံမကြီးဆီသို့ တိုက်ရိုက် လျှောက်သွားသည်။
ဒေါသထန်ပြင်း ဧရာမလူဝံမကြီးသည် ချင်ယွင် ကိုမြင်သောအခါ မတ်တပ်ရပ်ရန် ချက်ခြင်းပင် ရုန်းကန်ပြီး ၎င်း၏အစွယ်များကို ထုတ်ကာ ပြင်းထန်သောအမူအရာကို ထုတ်ဖော်ပြသသည်။
ချင်ယွင်က "မင်းကို ဒုက္ခပေးဖို့ ငါ ဒီကို ရောက်လာတာ မဟုတ်ဘူး၊ မင်းကို ကူညီဖို့ ငါရောက်လာတာ"
ဒေါသထန်ပြင်း ဧရာမလူဝံမကြီးသညါ ချင်ယွင်၏ စကားကို ကြားသောအခါ မယုံနိုင်ပေ။ ပြင်းထန်စွာ ကြည့်နေသေးသည်။
"မင်း ငါ့ကို မယုံရင်လဲ အဆင်ပြေပါတယ်၊ ဒါပေမယ့် ငါ့အကူအညီကြောင့် မဟုတ်ရင် မင်းနဲ့ မင်းရဲ့သန္ဓေသားလေး အသက်မရှင်နိုင်တော့ဘူး။ အပြင်မှာရှိတဲ့ လူတွေက မင်းရဲ့ ကလေးကို ခေါ်သွားချင်နေကြတယ်။" ချင်ယွင်က ရှင်းပြသည်။ ဟုတ်ပါသည် ၊ သူ၏ စိတ်ထဲမှာလည်း အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။ နောက်ဆုံးမှာတော့ သူကိုယ်တိုင်ကလည်း စိတ်ထဲမှာ ဤရည်ရွယ်ချက် ရှိနေခဲ့သည်လေ။
ချင်ယွင်၏ စကားကိုကြားလျှင် လူဝံမကြီး၏ မျက်နှာသည် ငြိမ်သက်သွားခဲ့သည်။
ချင်ယွင်သည် ၎င်းနှင့် နီးစပ်ရန်ကြိုးစားပြီးနောက် ရှေးဟောင်းခေတ် အစိမ်းရောင် ကြာပန်းပညာရပ်ကို ဖြန့်ကျက်လိုက်ပြီး ဒေါသထန်ပြင်း ဧရာမလူဝံကြီး၏ ဝမ်းဗိုက်ပေါ်တွင် သူ၏လက်ကို တင်လိုက်သည်။
အစပိုင်းတွင် ဒေါသထန်ပြင်းဧရာမလူဝံမကြီးသည် ခုခံနေဆဲဖြစ်သော်လည်း နူးညံ့သိမ်မွေ့သော စွမ်းအင်များက ၎င်း၏ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ကာ ကလေးကို ရစ်ပတ်ထားကာ ချက်ကြိုးကို ဖြည်းညှင်းစွာ ရစ်ပတ်လိုက်သောအခါတွင် ၎င်း၏မျက်နှာသည် ပြင်းပြင်း ထန်ထန်နာကျင်မူကို ခံစားရခြင်းမျိုး မဟုတ်တော့ဘဲ ကြင်နာသော မိခင်တဦး၏သဘာဝနာကျင်မူကို ခံစားလိုက်ရသည်။
အဆိုပါ ဒေါသထန်ပြင်း ဧရာမလူဝံမကြီးများသည် လူသားများထက် ဉာဏ်ရည် နိမ့်ပါးခြင်းမရှိသောကြောင့် ၎င်းတို့ကို မည်သူက အမှန်တကယ် ကူညီလိုသည်၊ မည်သူက အန္တရာယ်ပြုလိုသည်ကို ၎င်းတို့က ပြောပြနိုင်သည်။
နာရီဝက်အကြာတွင် ဒေါသထန်ပြင်း ဧရာမလူဝံလေးနှစ်ကောင်သည် ပထမဆုံး အကြိမ် သားဖွားဆရာမဖြစ်သော ချင်ယွင်၏ လက်တွင် မွေးဖွားခဲ့သည်။
ချင်ယွင်ကို အံ့သြဖို့စေသည်က ဤဒေါသထန်ပြင်း ဧရာမလူဝံလေးနှစ်ကောင်သည် ရှိးရှင်းမူ မရှိခြင်းကိုပါ။ အမှန်တကယ်ပင် သူတို့သည် သန္ဓေပြောင်းသားရဲများ ဖြစ်နေကြသည်။ သူတို့ထဲက တစ်ယောက်သည် သူ၏တစ်ကိုယ်လုံးမှာ နီမြန်းသော အမွှေးများရှိပြီး သူ၏နဖူးမှာ တတိယမျက်လုံးရှိသည်။ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်မှာ မကြီးထွားသေးသော်လည်း ၎င်းသည် ဒဏ္ဍာရီလာ နတ်ဘုရား သားရဲ ဇူယန်နှင့် အလွန်ဆင်တူသည်။
သို့သော် အခြားသော ဒေါသထန်ပြင်း ဧရာမလူဝံလေးသည် ပို၍ပင် ထူးထူးခြားခြား ဖြစ်နေပုံရသည်။ ၎င်း၏အမွေးများသည် အနက်ရောင် အဆင်းရှိနေဆဲ ဖြစ်ပြီး အမှန်တကယ်တွင် ၎င်း၏မျက်ခုံးကြားတွင် ထူးဆန်းသော ခရမ်းရောင်လျှပ်စီးတစ်ခု ရှိနေသည်။
ချင်ယွင်သည် ၎င်းကို သူ၏လက်နှင့် ထိကြည့်လိုက်သည်။ ထိုလျှပ်စီးကြောင်းသည် သူ့တစ်ကိုယ်လုံး တုန်ခါသွားစေပြီး တစ်ကိုယ်လုံး လေဖြတ်သွားသလို ခံစားလိုက်ရ သည်။
ဟုတ်ပါသည်၊ ယင်းက ချင်ယွင်ကို အံ့သြစေဆုံးအရာ မဟုတ်ပါဘူး။ ချင်ယွင်ကို အံ့အားသင့်စေဆုံးအရာက ဤဒေါသထန်ပြင်း ဧရာမလူဝံကလေးသည် ၎င်း၏ နောက်ကျောတွင် အတောင်တစ်စုံ အမှန်တကယ် ရှိနေခြင်းပင် ဖြစ်သည်။ ၎င်းသည် အလွန် ထူးဆန်းပုံရသည်။
သားသမီးများသည် မည်သည့်ပုံစံမျိုးရှိနေစေကာမူ သားသမီးများကို သဘောမကျ သော မိခင်ဆိုသည်မှာ မရှိပါဘူး။
ဒေါသထန်ပြင်း ဧရာမလူဝံမကြီးသည် ၎င်း၏ကလေးအား ကြင်နာစွာ စိုက်ကြည့် ပြီးနောက် မွေးကင်းစ လူဝံလေးများအား ချင်ယွင်၏ လက်ထဲသို့ မျက်လုံးပင်မဖွင့်ဘဲ ဆုပ်ကိုင်ထည့်လိုက်သည်။
ချင်ယွင်သည် အနည်းငယ်ထိတ်လန့်သွားသော်လည်း ဒေါသထန်ပြင်း ဧရာမလူဝံမကြီး သည် ကျေးဇူးတင်သော အမူအရာဖြင့် သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဤအခိုက်အတန့်တွင် ချင်ယွင်သည် ဤမိခင်ဖြစ်သော ဒေါသထန်ပြင်း ဧရာမလူဝံမကြီး၏ အဓိပ္ပါယ်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
ကလေးများကို သယ်ယူပြီး သူ့ကို ထွက်သွားခွင့် ပေးလိုက်ခြင်း ဖြစ်သည်။ သူမသည် သူမကလေးများကို အပြင်က လူများလက်ထဲ မရောက်စေချင်ဘူး။
ချင်ယွင်သည် တစ်ခုခုပြောခါနီးတွင် အားနည်းနေသော ဒေါသထန်ပြင်းဧရာမ လူဝံမကြီးသည် မတ်တပ်ရပ်ပြီး ပြေးထွက်သွားခဲ့သည်။
တကယ်တော့ ဤဒေါသထန်ပြင်း ဧရာမလူဝံမကြီးသည် မည်သို့ပင်ဖြစ်စေ သူမ သေမည်ဆိုသည်ကို သိထားသည်။ သူမ သေသွားသည်နှင့် သူမကလေးများကို ဤလူသားများက လုယက်ယူဆောင်သွားကြမှာ သေချာပါသည်။ ချင်ယွင်က သူမ ကလေးများကို ကောင်းကောင်း ဆက်ဆံပေးမည်ဟု သူမယုံကြည်သည့်အတွက် အပြင်ကလူများကို သူမကလေးများအား ယူဆောင်ခွင့်ပေးမည့်အစား၊ ယခင်လေးကမှ သူမကို ကူညီခဲ့ဖူးသော ချင်ယွင်ကို ဆောင်ခွင့်ပေးခြင်းက ပိုကောင်းသည်ဟု သူမယုံကြည်သောကြောင့် ဖြစ်သည်။
ချင်ယွင်သည် ဒေါသထန်ပြင်း ဧရာမလူဝံမကြီး၏ တွေးတောနေပုံကို နားလည်ပြီး နောက် သူသည် တုန်လှုပ်သွားခဲ့ရသည်။
ဤအခိုက်အတန့်တွင် ဒေါသထန်ပြင်း ဧရာမလူဝံမကြီးသည် ချင်ယွင်အတွက် အချိန်ဆွဲပေးရန် အတိအကျ ပြေးထွက်သွားခြင်းဖြစ်ပြီး သူ၏လက်ထဲရှိ ဒေါသထန်ပြင်း ဧရာမလူဝံလေး နှစ်ကောင်နှင့်အတူ လွတ်မြောက်ရန် သူ့ကို အခွင့်အလမ်းပေးခြင်း ဖြစ်သည်။
ထို့ကြောင့် ချင်ယွင်သည် တုံ့ဆိုင်းမနေတော့ဘဲ သူ၏လက်ထဲတွင် ဒေါသထန်ပြင်း ဧရာမလူဝံလေး နှစ်ကောင်ကို ကိုင်ဆောင်ကာ ဂူထဲမှ အမြန်ထွက်လာခဲ့သည်။
ဒေါသထန်ပြင်း ဧရာမလူဝံမကြီးသည် ဘိုင်ယွန်ကျောင်းတော်နှင့် လင်းတန်ဂိုဏ်း၏ တပည့်များနှင့် တိုက်ခိုက်နေပြီဟု သိလိုက်ရသောကြောင့် ချင်ယွင်သည် ၎င်းတို့၏ ထိတ်လန့်ကြောက်ရွံ့မှုကို အခွင့်ကောင်းယူကာ ဒေါသထန်ပြင်းဧရာမလူဝံလေး နှစ်ကောင်နှင့်အတူ ခပ်သွက်သွက် ထွက်ခွာလာခဲ့သည်။
ချင်ယွင်သည် တောထဲသို့ ဝင်လိုက်သည်နှင့် ဒေါသတဟုန်းဟုန်း တောက်လောင်နေ သော ဒေါသထန်ပြင်း ဧရာမလူဝံမကြီး၏အူသံကို ကြားရပြီးနောက် ကျယ်လောင် သော အသံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားသည်။
ချင်ယွင်၏ ရင်ခွင်ထဲရှိ ဒေါသထန်ပြင်း ဧရာမလူဝံလေး နှစ်ကောင်သည် ကျယ်လောင်စွာ ငိုရှိုက်ကြပြီး သူတို့၏နှလုံးသားထဲတွင် ဆက်စပ်နေပုံရသည်။
ချင်ယွင်၏ နှလုံးသားမှာလည်း ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ ဒေါသထန်ပြင်း ဧရာမလူဝံမကြီးကို သူသည် မကယ်တင်ချင်လို့ မဟုတ်ပေ။ သူ့မှာ အရည်အချင်း မရှိလို့ဖြစ်သည်။
ချင်ယွင်သည် ခပ်လှမ်းလှမ်းတွင် ရပ်လိုက်ပြီး ဒေါသထန်ပြင်း ဧရာမလူဝံမကြီး ပြိုလဲကျသည့် ဦးတည်ရာဆီသို့ အနည်းငယ် ဦးညွှတ်လိုက်သည်။
သို့သော် ယခုအချိန်တွင် ဂူထဲသို့ဝင်သွားသော တပည့်များသည် ဒေါသထန်ပြင်း ဧရာမလူဝံလေးများအား ကောင်လေးတယောက် ခိုးသွားသည်ကို နောက်ဆုံး သိလိုက်ရသည်။ သူတို့သည် ပြေးထွက်လာပြီး “တိုက်ခိုက်တာကို ရပ်လိုက်စမ်း။ ဒေါသထန်ပြင်းဧရာမလူဝံလေးကို ခိုးသွားကြပြီ” ဟုအော်ပြောလိုက်သည်။
လင်းဖန်နှင့် ဖန်းမန့်တို့သည် သေသည်အထိ တိုက်ပွဲဝင်ဆဲဖြစ်ရာမှ ရပ်တန့်သွား ကြသည်။
ယင်းစကားများကို ကြားလျှင် လင်းဖန်သည် တခဏလောက် ထိတ်လန့်သွားပြီး ရုတ်တရက် ခေါင်းကိုမော့ပြီး ပြောလိုက်သည် "မိုးကြိုး၀ိဉာဏ်ဂိုဏ်းက အဲဒီ လူနှစ်ယောက် ခိုးသွားတာဖြစ်ရမယ်။ သူတို့ အဝေးကြီးမရောက်သေးဘူးလို့ ငါယုံကြည်တယ်။ မြန်မြန်လိုက်ခဲ့"
ချင်ယွင်သည် ထိုစကားကိုကြားသောအခါ ချက်ချင်းပင် ထိတ်လန့်သွားသည်။ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ လျင်မြန်စွာ ပြောင်းသွားပြီး ကျန်းရွန်ရှင်းနှင့် သူ သဘောတူထားသည့် နေရာကို အမြန်ပြေးသွားခဲ့သည်။
အကယ်၍ လင်းဖန်နှင့် ဖန်းမန့်တို့ ရှိနေပြီး လိုက်ဖမ်းမည်ဆိုလျှင်ပင် ချင်ယွင်အတွက် ယာဂုစားရန်ပင် အချိန်လုံလောက်မည်ဖြစ်သည်။ ပဉ္စမအဆင့် သို့မဟုတ် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာရှိ သိုင်းဂိုဏ်းချုပ်နယ်ပယ် တပည့်အနည်းငယ်မျှက စကားထဲပင် ထည့်ပြောစရာအလိုပေ။
ချင်ယွင်သည် သူ၏စွမ်းအားကို အပြည့်အ၀ သုံးလိုက်ပြီး သူ၏အရှိန်ဟုန်က အလွန်မြန်ဆန်သည်။ တခဏအတွင်းမှာပင် ထိုတပည့်များကို အဝေးမှာ ချန်ထားနိုင်ခဲ့သည်။ ထို့အပြင် ထိုတပည့်များသည် ချင်ယွင် ထွက်ပြေးသည့် လမ်းကြောင်းများကို အတိအကျကို မသိသောကြောင့် လိုက်မမှီခဲ့ကြပေ။
သို့သော် ကျန်းရွန်ရှင်းနှင့်သူ သဘောတူထားသည့်နေရာကို ချင်ယွင်ရောက်ရှိလာသော အခါတွင် ဒေါသပေါက်ကွဲသွားသည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။
ကျန်းရွန်ရှင်းသည် မြေပြင်ပေါ်မှာ လဲကျနေပြီး သတိလစ်သွားပုံရသည်။ သူမဘေးမှာ ကျန်းရွန်ရှင်း၏ ၀တ်စုံကို လက်နှင့်ဖြုတ်နေသည့် လူငယ်တစ်ယောက်ရှိသည်။ ဤလူက ချန်းယုယွမ်မှလွဲပြီး တခြားမည်သူမှ မဟုတ်ပေ။
"ချန်းယုယွမ်၊ မင်းက သေခြင်းတရားကို တောင်းဆိုနေတာဘဲ။!" ချင်ယွင်သည် ဒေါသတကြီးဖြစ်ကာ ချန်းယုယွမ် အနီးတွင် တိုက်ရိုက် ပေါ်လာသည်။ သူသည် ချန်းယုယွမ်၏ ခေါင်းကို ထိုးချလိုက်သည်။
ချန်းယုယွမ်သည် ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ် ကျွမ်းကျင်သူဖြစ်ထိုက်၏။ ချင်ယွင်၏ လက်သီးချက်သည် သူ့ကို ထိတော့မည့် အခိုက်တွင် ချန်းယုယွမ်သည် ဂျင်တစ်ထောင်လောက်လေးသော ချင်ယွင်၏ လက်သီးချက်ကို ရှောင်တိမ်းသွားခဲ့သည်။
"အိုး..ဘယ်သူလဲလို့..ဒါဆို မင်းပေါ့..ဘာလဲ မင်းက မုန့်တချပ်လုံးကို လိုချင်လို့လား" ချန်းယုယွမ်က ချင်ယွင်ကို အထင်အမြင်သေးဟန်ဖြင့် ရယ်မောကာ ပြုံးပြပြီး ပြောသည်။
သူ၏အမြင်တွင် ချင်ယွင်သည် နဝမအဆင့် အထွက်အထိပ် ကောင်းကင်အလွှာ သိုင်းသခင်တစ်ဦးမျှသာ ဖြစ်သည်။ သူ့ကို ခြိမ်းခြောက်မှု လုံးဝ မလုပ်နိုင်ပေ။ ချင်ယွင် အတွက်တော့ သူ၏ပါရမီက မြင့်မားရုံဘဲ မဟုတ်လား။
ဟင့်၊ ဒါဆိုလည်း မင်း အသက်ရှင်အောင် အရင်လုပ်ဦး။