← Chapters

မင်းက သေခြင်းတရားကို တောင်းခံနေတယ်

Vol. 7 Ch. 100

မင်းက သေခြင်းတရားကို တောင်းခံနေတယ်

Vol. 7 Ch. 100

အခန်း (၁၀၀) မင်းက သေခြင်းတရားကို တောင်းခံနေတယ်။

အမျိုးသမီးများသည် ချင်ယွင်၏ နှလုံးသားထဲတွင် အမြဲတမ်း ပြောင်းပြန်ကြေးခွံ အဖြစ်ရှိ‌ နေခဲ့သည်။ ကျန်းရွန်ရှင်းသည် သူ၏မိန်းမ လုံးဝမဟုတ်သော်လည်း၊ ယခုရက်များတစ်လျှောက် ချင်ယွင်သည် သူမကို လုံးဝမကြိုက်သော်လည်း သူ၏စိတ်ထဲတွင် သူမကို အထင်ကြီးနေဆဲ ဖြစ်သည်။

ထို့ကြောင့်၊ ချန်းယုယွမ်သည် ကျန်းရွန်ရှင်းကို စော်ကားရန် ကြံရွယ်နေသည်ကို သူမြင်လိုက်ရသည့် အခိုက်တွင် သူ၏တစ်ကိုယ်လုံးသည် ဒေါသအမျက်ထဲသို့ လုံးလုံး ကျသွားခဲ့သည်။

အထူးသဖြင့် အစောပိုင်းလေးက ကျန်းရွန်ရှင်းနှင့်ပတ်သက်သည့် ချန်းယုယွမ်၏ စကားများက ချင်ယွင်၏ ဒေါသစိတ်များကို လုံးလုံး လျားလျား ဖြစ်ပေါ်စေခဲ့သည်။

အရုပ်ကလေးကများ? (မိန်းမတဦးက ချစ်သူအဖြစ်ထားသော သူမအောက် အသက်အလွန်ငယ်သည့် ယောင်္ကျားလေးကိုဆိုလိုဟန်)

"မင်းက သေခြင်းတရားကိုတောင်းဆိုနေတာဘဲ။!"ချင်ယွင်၏အသံသည် ကောင်းကင် ဘုံကိုးပါး၏ အေးစက်‌စက်လေများကဲ့သို့ အလွန်အေးစက်နေပြီး သူ၏မျက်လုံးများ သည် အမှန်တကယ်ပင် သွေးများဖြင့် နီရဲနေသည်။

'"အိုး၊ မင်းတို့က ရက်အတော်ကြာအောင် အတူတူနေခဲ့ရတော့ ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ မင်းနဲ့ဒီခွေးမက တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ တိုးလာနေပြီ မဟုတ်လား၊ သူမက မင်းကို ကောင်းကောင်း ဝန်ဆောင်မှုပေးတာ သေချာပါတယ်။ ဘယ်လို‌ နေလဲ၊ သူမက ဘယ်လိုခံစားရလဲ" ချန်းယုယွမ် က လှောင်ပြောင်ပြောနေဆဲပင်။

ချင်ယွင်သည် သူ၏မျက်လုံးများကို မှိတ်ထားပြီး သူ၏မျက်လုံးများက သတ်ဖြတ် ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။ အထူးသဖြင့် ချန်းယုယွမ်သည် ကျန်းရွန်ရှင်းကို ခွေးမတစ်ကောင်ဟု ခေါ်သံကြားသောအခါတွင် သူသည် မကြုံစဖူး ဒေါသကို ခံစားလိုက်ရသည်။

"ဟမ့်၊ ခွေးမတစ်ကောင်ရဲ့ အရသာကို မင်းက အရင်မြည်းစမ်းခွင့်ရတာ ကံကောင်းလိုက်တာ။ ဒါပေမယ့် မင်း နောင်အနာဂတ်မှာ ဒီလိုလုပ်ဖို့ အခွင့်မသာ တော့ဘူး။" ချန်းယုယွမ်သည် ချင်ယွင်ဆီသို့ အပြေးအလွှား၀င်လာရင်း သူ၏ မျက်နှာမှာလည်း မှုန်မှိုင်းခက်ထန်‌နေသည်။

ချင်ယွင်သည် ဒေါသထန်ပြင်းဧရာမလူဝံလေး နှစ်ကောင်ကို ဘေးမှာဖယ်ထားလိုက်ပြီး သူ့ဆီသို့ ပြေးလာနေသော ချန်းယုယွမ်ကို ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် သတ်လိုသောစိတ်သည် ရုတ်တရက် ပေါ်လာခဲ့ပြီး ဒေါသထွက်နေသောခြင်္သေ့ကဲ့သို့ သူ့ကိုကြိုဆိုလိုက်သည်။

"ကိုယ့်ခွန်အားကို ဘယ်လိုတိုင်းတာရမှန်း မသိတဲ့‌ကောင်။ သေလိုက်တော့!" ချန်းယုယွမ်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ချင်ယွင်ဆီသို့ ဝိညာဉ်စွမ်းအင်စီးကြောင်းကို တိုက်ရိုက် ထုတ်လွှတ် လိုက်သည်။

သို့သော် ချင်ယွင်သည် ၎င်းကို လျစ်လျူရှုပြီး ဝိညာဉ်စွမ်းအင်များက သူ့ကို တိုက်ခိုက် ရန် ခွင့်ပြုလိုက်သည်။

ပထမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့်ကျွမ်းကျင်သူကိုပင် ချက်ချင်း သတ်ပစ်ရန်လုံလောက်အောင် သန့်စင်သည့် ဝိညာဉ်ချီသည် ချင်ယွင် ၏ ခန္ဓာကိုယ်ကို ထိခိုက်မှုတစ်စုံတစ်ရာမှ မရှိဘဲ တခဏလောက် တားနိုင်ရန်ပင် မလွယ်ကူပါဘူး။

"ဒါက မဖြစ်နိုင်ဘူး မဟုတ်လား?" ချန်းယုယွမ်သည် အနည်းငယ် ထိတ်လန့်သွား သည်။ သာမန် တတိယအဆင့် ဆိတ်သုဉ်းခြင်းသားရဲ တစ်ကောင်ပင်လျှင် သူ့ဝိညာဉ် စွမ်းအင်၏ ထိုးနှက်ချက်တစ်ချက်ကိုသာ ခံနိုင်ရည်ရှိသော် လည်း သူ၏ရှေ့တွင်ရှိသော လင်းယွင်သည် မည်သို့မျှ မခံစားရပေ။

ချန်းယုယွမ်သည် ထိတ်လန့်သွားသည်နှင့်အမျှ ချင်ယွင်သည် ချန်းယုယွမ်၏ ရှေ့တွင် ပေါ်လာပြီး ချန်းယုယွမ်၏ ရင်ဘတ်ကို ပြင်းထန်သော သံမဏိလက်သီးဖြင့် ထိုးလိုက်လေသည်။

ချန်းယုယွမ်သည် ထိတ်လန့်သွားပြီး သူ၏ လက်ထဲမှာ ဒိုင်းတစ်ခု အမြန်ပေါ်လာသည်။

ချင်ယွင်သည် ဒိုင်းလွှားကို လက်သီးဖြင့် ထိုးနှက်လိုက်ရာ ကောင်းကင်ကြီးပင် တုန်ခါသွားသည် ။

ဒိုင်းကာသည် ချင်ယွင်၏ လက်သီးချက်ကို ပိတ်ဆို့ထားနိုင်သော်လည်း ချင်ယွင် လက်သီး၏ ကြောက်မက်ဖွယ် စွမ်းအားသည် ချန်းယုယွမ်ဆီသို့ တိုက်ရိုက် ပို့ဆောင်သွားသည်။ ထို့နောက် ချန်းယုယွမ်သည် ကြိုးပြတ်သွားသော ကြိုးတစ်ချောင်း ပါစွန်ကဲ့သို့ လွင့်ထွက်သွားခဲ့သည်။

ချင်ယွင်သည် နောက်သို့လွင့်ပျံသွားသော ချန်းယုယွမ်ကို အဝေးမှကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဤလက်သီးချက်သည် သူ့ခွန်အား၏ ခုနှစ်ဆယ်ရာခိုင်နှုန်းကို အသုံးပြုခဲ့ပေမယ့် ဒိုင်းကို မချိုးဖျက်နိုင်ခဲ့ပါဘူး။ ကျိုးပဲမည့် အရိပ်အယောင်ပင် မရှိခဲ့ပေ။ ဒိုင်းသည် သာမာန်ဒိုင်းမဟုတ်မှန်း သေချာပေါက် သိနိုင်သည်။

ချင်ယွင် အံ့သြသွားသည်။

ချန်းယုယွမ်က ပိုလို့တောင် အံ့သြသွားသည်။

ဤဒိုင်းကို ဥက္ကာပျံကြယ်သံမဏိ အပိုင်းအစဖြင့် ပြုလုပ်ထားသည်။ အလွန်မာ‌ကြောရုံသာမက တိုက်ခိုက်မှု၏တစ်ဝက်ကိုလည်း ဖယ်ရှားပေးနိုင်သည်။

သို့သော်လည်း ချင်ယွင်၏ လက်ချက်ကြောင့် သူ၏တစ်ကိုယ်လုံး ထုံကျင်သွားခဲ့ရ သည်။ ထို့အပြင်၊ ၎င်းသည် ချင်ယွင်၏ခွန်အားတစ်ဝက်ကို ဖယ်ရှားပြီးနောက် လက်ကျန် ခွန်အားဖြစ်သည်။ ချင်ယွင်၏ခွန်အားသည် မည်မျှ အားကောင်းသည်ကို တွေးကြည့် နိုင်သည်။

ယွန်တိုင်ကို သူမကြောက်ရသည့်အကြောင်းရင်းက သူသည် ဤဒိုင်းအကာကို ကိုင်ထားခြင်းကြောင့် ဖြစ်သည်။ ဤဒိုင်းသည် သူ၏နာမည်နှင့်ဂုဏ်သိက္ခာကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကာကွယ်‌ပေးခဲ့ပေမယ့် ယခုအချိန်တွင် ချင်ယွင်သည် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် သူခံစားလိုက်ရသည်။

သူသည် လူတုံးလူအတ‌စ်ယောက် မဟုတ်ပေ။ ယခုအချိန်တွင် ချင်ယွင်သည် သူ၏ ခွန်အားကို ဖုံးကွယ်ကာ ကျားသားစားရန်အတွက် ဝက်တစ်ကောင်ကဲ့သို့ ဟန်ဆောင်နေခြင်း ဖြစ်ကြောင်း သူ နောက်ဆုံး သိလိုက်ရပြီ။

သို့ပေမယ့် ဤဒိုင်းကာ ရှိနေသရွေ့ ချင်ယွင်၏ ခွန်အားသည် ဘယ်လောက်ပဲ ပြင်းထန် နေပါစေ၊ သူသည် သူ့ကို အမှန်တကယ် ထိခိုက်ပျက်စီးအောင် မလုပ်နိုင်ပါဘူး။ ထို့ကြောင့် သူသည် ချင်ယွင်ကိုကြည့်ပြီး အေးစက်စွာ အော်‌ ပြောလိုက်သည် "ဒါဆို မင်းက မင်းရဲ့ ခွန်အားကို ဖုံးကွယ်ထားတာ‌ပေါ့။ မင်းရဲ့ ရုပ်ခန္ဓာကြံ့ခိုင်မှုက ယွန်တိုင်ရဲ့ အထက်ရှိနေမှာကို ငါစိုးရိမ်မိတယ်၊ ငါ မင်းကို တကယ် လျှော့တွက်မိခဲ့တယ်။ ဒါပေမယ့် ဒီဒိုင်းကာ ငါ့လက်ထဲမှာ ရှိနေသမျှ၊ မင်း ငါ့ကို လုံးဝ မထိခိုက်စေနိုင်ဘူး။ ငါက မင်းကို အလွယ်တကူ သတ်ပစ်နိုင်တယ်"

ချင်ယွင်သည် ချန်းယုယွမ်၏စကားကိုကြားသောအခါ၊ "မင်းမှာ လိပ်ခွံရှိရင်တောင် မင်းကိုငါ ဘာမှမလုပ်နိုင်ဘူးလို့ မင်းထင်နေတာလား?"

ထိုသို့ပြောပြီးနောက် ချင်ယွင်သည် ထိုနေရာမှ တိုက်ရိုက်ပျောက်ကွယ်သွားခဲ့သည်။

ချန်းယုယွမ်သည် ထိတ်လန့်သွားပြီး ဘေးပတ်ပတ်လည်ကို အလျင်စလို စိုက်ကြည့်နေ သည်။

"ဒီမှာကွ!" ချင်ယွင်၏ အသံထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ချန်းယုယွမ်၏ နောက်တွင် ထူးထူးခြားခြား ပေါ်လာသည်။

ချန်းယုယွမ်သည် အလျင်အမြန် လှည့်ကာ သူ၏ကိုယ်ကို ကာကွယ်ရန် သူ၏ ဒိုင်းကာကို အသုံးပြုလိုက်သည်။

ဘန်း!

ချင်ယွင်၏ လက်သီးသည် ချန်းယုယွမ်၏ အကာကွယ်ပေါ်သို့ ကျရောက်သွားပြီး ကောင်းကင်ယံတွင် နောက်ထပ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

"ဒါက အသုံးမဝင်ဘူး။ မင်း ငါ့ရဲ့ခံစစ်ကို လုံးဝ ချိုးဖျက်လို့ မရဘူး။" ချန်းယုယွမ်က ရယ်မောလိုက်သည်။

ဤတစ်ကြိမ်တွင်၊ သူသည် သဘောပေါက်သွားပြီးဖြစ်ကာ ဉာဏ်ကောင်းသွားပြီး သူ၏လက်ကို ဝိညာဉ်စွမ်းအင်အလွှာတစ်ခုဖြင့် ဖုံးအုပ်ထားသည်။ ထိုကြောင့် ချင်ယွင်၏ ကြောက်မက်ဖွယ်အစွမ်း သူ့ကို လွင့်ထွက်မသွားစေခဲ့ပေ။

"ဟုတ်လား?" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်သည်။

ရုတ်တရက် သူ၏တစ်ကိုယ်လုံးကို ပြင်းထန်သော လျှပ်စီးအလွှာများဖြင့် ဖုံးလွှမ်းသွား ပြီး ချင်ယွင်၏လက်သီးက ချန်းယုယွမ်၏ ဒိုင်းကာကို မိုးခြိမ်းသလို ထိမှန်သွားသည်။

အနီးနားရှိ သစ်ပင်များအားလုံး ရုတ်ခြည်းထိမှန်ကာ မီတာတစ်ရာပတ်လည် မြေပြင်ပေါ်သို့ ချက်ချင်း ပြိုကျသွားသည်။

ချန်းယုယွမ်သည် သူ့အား ရှေး‌ဟောင်းသားရဲ တစ်ကောင် တိုက်ခိုက်သကဲ့သို့ ခံစားရလိုက်ရပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အလွန်ကြောက်စရာကောင်းသော အရှိန်ဖြင့် နောက်ကို လွင့်ထွက်သွားခဲ့ရသည်။

"ဒါ...ဒါက ဖြစ်နိုင်လို့လား!" ချန်းယုယွမ်သည် အံ့အားသင့်သွားသည်။ သူသည် ချင်ယွင်၏ စွမ်းအားအားလုံးကို ဖယ်ရှားရန် သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုထားပြီး ဖြစ်သည်။ ဒါပေမယ့် ချင်ယွင်၏စွမ်းအားသည် ဘာကြောင့်ယခင်ကထက် အဆများစွာ ရုတ်ချည်း ပေါက်ကွဲထွက်လာရတာလဲ။

သို့သော်လည်း သူအဖြေကို မစဉ်းစားနိုင်မီ၊ ချင်ယွင်၏ တစ်ကိုယ်လုံးသည် သူ၏ နောက်တွင် တစ်ဖန်ပေါ်လာပြီး အလွန်အမင်းလွှမ်းမိုးထားသည့်အမူအရာဖြင့် ချန်းယုယွမ်၏ နောက်ကျောကို အတင်းလှုပ်ယမ်းပစ်လိုက်သည်။

ချန်းယုယွမ်သည် သူ၏ခါးကျောရိုးဆစ်များ ကွဲအက်ကာ ခွေးသေတ‌စ်ကောင်ကဲ့သို့ မြေပြင်ပေါ်သို့ ချက်ချင်း ပြိုလဲကျသွားသည်ကို ခံစားလိုက်ရသည်။

ချင်ယွင်သည် မလှမ်းမကမ်းတွင် ဆင်းသက်လာပြီး အတွေးများနှင့်အတူ သူ့ဆီ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းလာနေသည်။

ချန်းယုယွမ်၏မျက်နှာသည် ထိတ်လန့်တုန်လှုပ်မူများဖြင့် ပြည့်နှက်နေသည်။ ချင်ယွင်သည် ဤမျှလောက် သန်မာမည်ဟု သူ မထင်ခဲ့ပေ။ သူ၏ခွန်အားနှင့် အရှိန်ဟုန်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် ကြောက်စရာကောင်း လွန်းသည်။

"မလုပ်နဲ့...ငါ့ကိုမသတ်နဲ့!" ချန်းယုယွမ်က သနားညှာတာရန် အဆောလျင်စွာ တောင်းပန်လိုက်သည်။

ချန်းယုယွမ်၏ အသနားခံနေသည့် အချိန်တွင် ချင်ယွင်၏ ဆွံ့အနားမကြားသူ တစ်ယောက်ကဲ့သို့ သူ၏အမူအရာက ပြောင်းလဲခြင်း မရှိပေ။

"ရပ်လိုက်!" ထိုအခိုက်တွင် အဝေးမှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။

ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် သူ၏စိတ်ထဲတွင် ပျော်ရွှင်ခြင်းမရှိတော့။ လာသင့်သည့်အချိန်တွင် အားလုံးက ရောက်မလာသော်လည်း မရှိသင့်သည့်အချိန်မှာ အားလုံးက ရောက်လာကြသည်။

ယွန်တိုင်နှင့် ဆန်ရှင်းရှင်းတို့သည် ဤအချိန်တွင် အဝေးမှ အမှန်တကယ် ရောက်လာ ကြသည်ကို တွေ့ရှိရသည်။ ထို့အပြင်၊ သူတို့သည် ကံမကောင်းစွာဖြင့် ချင်ယွင်နှင့် ဒဏ်ရာရနေတသော ချန်းယုယွမ်ကိုတွေ့လိုက်ရသည်။ ချင်ယွင်က ချန်းယုယွမ်ကို ချုံခိုတိုက်ခိုက်ပြီး တပည့်အချင်းချင်း ဒေါသတကြီး သတ်ပစ်ချင်သည်ဟု သူတို့နှစ်ယောက်က ထင်နေကြသည်။

"လင်းယွင်၊ နင်ဘာလုပ်ချင်နေတာလဲ။ နင်ကတပည့်အချင်းချင်း ဒုက္ခ ပေးချင်နေ တာလား။" ဘေးမှာရပ်နေသော ဆန်ရှင်းရှင်းက သူမမျက်နှာမှာ မကျေနပ်သည့် အမူအရာဖြင့် ပြောလိုက်သည်။

ဆန်ရှင်းရှင်းနှင့် ယွန်တိုင်တို့ ပေါ်လာသည်ကိုမြင်လျှင် ချန်းယုယွမ်၏ မျက်လုံးများက ချက်ချင်း တောက်ပလာပြီး "ကယ်ကြပါဦး၊ ဒီလင်းယွင်က ကျန်းရွန်ရှင်းကို စွဲလန်းသွားတဲ့ အတွက် အလွန်ရူးသွပ်သွားခဲ့တယ်။ သူက သူမကို မကောင်းတာ တစ်ခုခု လုပ်ချင်ပေမယ့် ငါက သူ့ကို တားဆီးခဲ့တယ်။ ဒါပေမယ့် သူက ငါ့ကို တိုက်ခိုက်တယ်။"

ဆန်ရှင်းရှင်းနှင့် ယွန်တိုင်တို့သည် ချန်းယုယွမ် ၏စကားကိုကြားသောအခါ ချက်ခြင်း ဒေါသဖြစ်သွားကြသည်။

ယွန်တိုင်သည် စိတ်မထိန်းနိုင်တော့ဘဲ ချင်ယွင်ကို ဖမ်းဆီးရန်အတွက် သူ့ဆီ ပြေးသွားသည်။

"အမှားအမှန်ကို ပြောင်းပြန်လုပ်နေသေးတယ်"

ချင်ယွင်သည် ဒေါသတကြီးအော်လိုက်ပြီး သူ၏တစ်ကိုယ်လုံး ချက်ချင်းပေါက်ကွဲ သွားသည်။ သူသည် ရူးသွပ်လုနီးပါးပုံစံဖြင့်၊ ချန်းယုယွမ်ကို ဂျင်တစ်ထောင် အလေးချိန်ရှိ လက်သီးဖြင့် တောင်တတောင်ကိုထိုးသကဲ့သို့ ပစ်ထိုးလိုက်သည်။

ချန်းယုယွမ်၏ မျက်လုံးများသည် ချက်ချင်း ပေါက်ကွဲသွားသည်။ သူ၏ရင်ဘတ် တစ်ခုလုံးက အသားများပေါက်ကွဲကာ အသားနွံအိုင်တခုအဖြစ် ပြောင်းပြီး မြေကြီးထဲ နစ်၀င်သွားသည်။ သူ မသေဘဲမနေတော့ပေ။

"ဒါ မဆင်မခြင် ပြောတဲ့အတွက်ဘဲ။ မင်း အရိုက်ခံရသင့်တယ်"

ချင်ယွင်သည် အေးစက်စွာ ဟစ်အော်လိုက်ပြီးနောက် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ယွန်တိုင်၏ရှေ့တွင် တိုက်ရိုက်ထွက်ပေါ်လာသည်။ သူသည် ယွန်တိုင်၏ ရင်ဘတ်ကို လက်သီးဖြင့်ထိုးပြီး နောက်ကို လွင့်ထွက်သွားစေသည်။

All Chapters