သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူများ ရောက်လာခြင်း
Vol. 7 Ch. 101
အခန်း (၁၀၁) သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူများရောက်လာခြင်း
ချင်ယွင်၏ ရုတ်တရက် ပေါက်ကွဲရောက်ရှိလာမူကြောင့် ဆန်ရှင်းရှင်း နှင့် ယွန်တိုင်တို့ လုံးဝ ကြောက်လန့်သွားကြသည် ။
သူတို့၏စိတ်ထဲတွင် ချင်ယွင်သည် န၀မအဆင့် ကောင်းကင်အလွှာ သိုင်းသခင်တစ်ဦး မျှသာ ဖြစ်သည်။ သူ၏ ခွန်အားသည် လုံးဝပြောပြဖို့ပင် မထိုက်တန်ပေ။ အကယ်၍ ကျန်းရွန်ရှင်းသည် လူစုဝေးရာအရပ်မှာ သူ့အတွက် ရပ်တည်ပေးပြီး ဤမစ်ရှင်တွင် ခေါ်ဆောင်ရန် အတင်းအကြပ် ကူညီပေးခဲ့ခြင်းမရှိပါက သူတို့သည် ဤမစ်ရှင်တွင်ပါ၀င်ရန် ချင်ယွင်ကို ဘယ်သောအခါမှ သဘောတူလိမ့်မည် မဟုတ်ပါ။
ထို့အပြင်၊ သူတို့နောက်ဆုံးအကြိမ် ဒေါသထန်ပြင်းဧရာမလူဝံကြီးကို တိုက်ခိုက်သော အခါ၊ ချင်ယွင်သည် အမှန်တကယ် ဆုတ်ခွာသွားခဲ့ပြီး၊ သူတို့သည် ချင်ယွင်ကို သူတို့စိတ်ထဲတွင် ပို၍ပင် အထင်သေးသွားခဲ့သည်။
ချင်ယွင်ပြောခဲ့သည့် အန္တရာယ်နှင့်ပတ်သက်ပြီး ဒါက သူ၏အကြောင်းပြချက် သက်သက်ဟုသာ သူတို့ထင်ထားကြသည်။
ယခုမူ ချင်ယွင်သည် ထိုမျှမရိုးရှင်းတော့ပုံရသည်။ သူသည် ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ်မှ ချန်းယုယွမ်ကို အမှန်တကယ် သတ်ပစ်နိုင်ခဲ့သည်။ ၎င်းသည် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းမျိုး ဖြစ်နိုင်သော်လည်း ဤအရာသည် သာမန် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်တယောက် လုပ်နိုင်သောအရာ မဟုတ်ပေ။
ဤအရာက သက်သေပြဖိုရန် မလုံလောက်ဘူးဆိုလျှင် ယွန်တိုင်သည် သတိအပြည့်ရှိ နေချိန်မှာ ယွန်တိုင်ကို လက်သီးတစ်ချက်ဖြင့် လွင့်ထွက်သွားစေနိုင်ခဲ့၏။ ယင်းက သူ၏ ခွန်အားသည် မရိုးရှင်းဘူးဆိုသည်မှာ ထင်ရှားလှသည်။
"လင်းယွင်၊ နင် တပည့်အချင်းချင်း သတ်လိုက်တာက ဘာသဘောလဲ ။ နင်က ပုန်ကန်ချင်တာလား။" ဆန်ရှင်းရှင်းက ဒေါသတကြီး အော်လိုက်သည်။ ယခုအချိန်တွင် ချင်ယွင်ကို သူမ အနည်းငယ် ကြောက်သော်လည်း ချင်ယွင်၏ အပြစ်ကို သဘာဝအတိုင်း လျစ်လျူရှုမထားနိုင်ပေ။
ချင်ယွင်သည် ချန်းယုယွမ်ကိုသတ်ပစ်ပြီးနောက် သူ၏စိတ်ထဲတွင် ဒေါသများလည်း ပျောက်ကွယ်သွားခဲ့သည်။ ဆန်ရှင်းရှင်း၏ မေးခွန်းနှင့် ပတ်သက်၍ ချင်ယွင်က ရှင်းပြလိုက်သည် "ချန်းယုယွမ်က အဖြူကို အမဲဖြစ်အောင် ပြောင်းပြန် ပြောတယ်ဆို တာ ရှင်းပါတယ်။ တကယ်လို့ မင်း မယုံရင် ကျန်းရွန်ရှင်း နိုးလာပြီးနောက် သူမပြောတာကို နားထောင်ပြီးတဲ့အချိန်အထိ စောင့်နိုင်တယ်။"
ယွန်တိုင်လည်း အဝေးက လျှောက်လာသည် ။ မူလကတော့ ယွန်တိုင်သည် ချင်ယွင်၏ လက်သီးချက်ကြောင့် လက်စားချေရန် ဒေါသတကြီး အရှိန်အဟုန်ဖြင့် ပြေးမည်ဟု သူ တွေးထင်ထားခဲ့သည်။ သို့သော်၊ ချင်ယွင်ကို အံ့အားသင့်စေသည်မှာ ယွန်တိုင်သည် အမှန်တကယ်ပင် ဒေါသနည်းနည်းလေးမှမရှိခြင်းပင်ဖြစ်သည်။ ယင်းအစား သူက ခေါင်းမော့ပြီး ချင် ယွင်ကိုကြည့်ကာ "ဒီလက်သီးမှာ မင်း အခုနက ခွန်အားဘယ်လောက်သုံးထားလဲ" ဟု မေးလိုက်ခြင်းဖြစ်သည်။
ချင်ယွင်က အေးစက်စွာ ပြုံးပြီး အဖြေပေးလိုက်သည် "သုံးဆယ်ရာခိုင်နှုန်း"
ယွန်တိုင်သည် အနည်းငယ် ထိတ်လန့်သွားပြီး သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင် ပေါ်လာသည်။ "ဘိုင်ချီဟန်နှင့် ကျိုးယုကလွဲလို့ ဂိုဏ်းမှာ ငါ့ထက် အစွမ်းထက်တဲ့ အခြားတစ်ယောက်ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားပါဘူး။ အစောလေးက ညှာတာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
ချင်ယွင် အံ့သြသွားသည်။ ဤယွန်တိုင်သည် ပြီးပြည့်စုံသော ကျွမ်းကျင်သူတစ်ဦးဖြစ် ကြောင်း သူကြားသိခဲ့သည်မှာ ကြာပါပြီ။ သူသည် သူ့ထက် သန်မာသူများကိုသာ သဘော ကျပြီး သူ့ထက် အားနည်းသူများကို အထင် သေးသည်။ ယနေ့ သူ့ကိုတွေ့မှ ယင်းက အမှန်တရားဖြစ်သည်ကို သူ သိလိုက်ရ၏။
ထို့နောက် ယွန်တိုင်နှင့် ချင်ယွင်တို့သည် စကားအနည်းငယ်ပြောပြီး ကျန်းရွန်ရှင်းသည် ဆန်ရှင်းရှင်း၏အကူအညီဖြင့် နိုးလာသည်။
ကျန်းရွန်ရှင်းသည် သတိပြန်ရပြီးနောက် ချန်းယုယွမ် ဘယ်မှာလဲဟု မေးတော့သည်။ သူမသည် သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်မည်ဟုပင် ပြောသေး၏။
ရလာဒ်အနေဖြင့်၊ ဆန်ရှင်းရှင်း၊ ယွန်တိုင်နှင့်ချင်ယွင်တို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြပြီး သူတို့၏နှလုံးသားများသည် ချက်ချင်းဆိုသလို အများကြီးအေးချမ်းသွားကြသည်။
ချန်းယုယွမ်ကို ချင်ယွင်က သတ်ဖြတ်လိုက်ကြောင်း ဆန်ရှင်းရှင်းက ကျန်းရွန်ရှင်းကို ပြောပြသောအခါ ကျန်းရွန်ရှင်းသည် အနည်း ငယ်မျှ မတုံ့ပြန်ခဲ့ဘဲ ချင်ယွင်ကို တည့်တည့်ကြည့်သည်။ထို့နောက် သူမသည် ချင်ယွင်ထံ သို့ ရူးသွပ်စွာပြေးသွားပြီး ချင်ယွင်ကို ပွေ့ဖက်လိုက်သည်။ သူမ၏မျက်နှာမှာ နာကျည်းမှုများဖြင့် ပြည့်နေပြီး ငိုလုမတတ်ပင်။
ယင်းကြောင့် ဆန်ရှင်းရှင်းနှင့် ယွန်တိုင်တို့သည် အံသြသွားခဲ့ကြသည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ "အခြေအနေဘယ်လိုရှိလဲ" ဟု တစ်ညီတညွတ်တည်း မေးကြသည်။
ကျန်းရွန်ရှင်း၏ရုတ်တရက်လှုပ်ရှားမှုကြောင့် ချင်ယွင်လည်း စိတ်မသက်မသာဖြစ်ခဲ့ ရသည်။ မြန်မြန် လွှတ်လိုက်ပါ၊ ဘေးက ကြည့်နေသူတွေ ရှိသေးတယ်” ဟု ကမန်းကတန်း ပြောလိုက်သည်။
ထိုမှသာ ကျန်းရွန်ရှင်းသည် ချင်ယွင်အား ပွေ့ဖက်မှုကို တုံ့ဆုတ်စွာ ခွာလိုက် သော်လည်း သူမ၏ ချောမောလှပသော မျက်နှာသည် နီရဲနေဆဲဖြစ်ပြီး တုံးအအ မိန်းမငယ်လေးကဲ့သို့ ပြုမူနေခဲ့သည်။
ဤမြင်ကွင်းကိုမြင်လျှင် ယွန်တိုင်နှင့် ဆန်ရှင်းရှင်းတို့သည် သစ်ပင်တစ်ပင်ကို လိုက်ရှာပြီး သေဆုံးသည့်အထိ ၀င်တိုက်ဖို့ပင် စိတ်အားထက်သန်နေကြသည်။
ဤသည်မှာ သိမ်မွေ့နှလုံးသာအဖွဲ့၏ လွှမ်းမိုးနိုင်စွမ်းရှိသော ပါရမီရှင်တစ်ဦးဖြစ်သည့် သူတို့၏ စီနီယာအစ်မ ကျန်းရွန်ရှင်းမှ ဟုတ်ပါသေးရဲလား။
သူတို့သည် တစ်ယောက်နှင့်တစ်ယောက် လူချင်း မတွေ့ဖြစ်ကြသည်မှာ ရက်နည်းငယ်သာ ကြာသေး၏။ ယင်းက လူတစ်ယောက်ကို ချက်ချင်းကြီး ပြောင်းလဲ ပစ်လိုက်သလိုပဲ။ ချက်ခြင်းဆိုသလို၊ ချင်ယွင်ကိုကြည့်သည့်သူတို့၏ အကြည့်များသည် လေးစားကြည်ညိုမူဖြင့် ပြည့်နေလေ၏။ ကြီးကျယ်ခမ်းနားသည့် ပါရမီရှင်များကို သင်္ခန်းစာပေးခဲ့သော စီနီယာ အစ်မကျန်းသည် ရိုးရှင်းသော လူတစ်ယောက် မည်ကဲ့သို့ ဖြစ်သွားနိုင်ရလေသနည်း။
ချင်ယွင်သည် ရှက်သွားပြီး ဘာပြန်ပြောရမှန်းမသိတော့ပေ။
ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး "မြန်မြန် ထွက်သွားလိုက်ပါ။ ဒီနေရာမှာ မင်းတို့အကြာကြီးနေဖို့ မသင့်တော်ဘူး" ဟုပြောပြီး ဘေးထောင့်နားမှာချထားသော ဒေါသထန်ပြင်းဧရာမဝံလေးနှစ်ကောင်ကို ကောက်ယူလိုက်သည်။
ဆန်ရှင်းရှင်းနှင့် ယွန်တိုင်တို့သည် ဒေါသထန်ပြင်း ဧရာမလူဝံလေးနှစ်ကောင်ကို တွေ့လိုက်ရသော အခါ အံ့အားသင့်သွားပြီး ပါးစပ်များ ချက်ချင်း ဟသွားကြသည်။ ကျန်းရွန်ရှင်း သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထာသော်လည်း ချင်ယွင်သည် လူဝံလေးနှစ်ကောင်ကို သူ၏ လက်ထဲတွင် ကိုင်ဆောင်ထားသည်ကို မြင်သောအခါ သူမသည် တုန်လှုပ်နေဆဲဖြစ်သည်။
"မင်းတို့ ထွက်သွားချင်ရင် အဲဒီသားရဲနှစ်ကောင်ကို ထားခဲ့လိုက်ပါ။"
သို့သော် ချင်ယွင်ပြောပြီး မကြာမီတွင် လင်းဖန်သည် တပည့်ငါးဦးနှင့်အတူ လူတိုင်း၏ ရှေ့တွင် အမှန်တကယ် ပေါ်လာသည်။
ချင်ယွင် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ လင်းဖန်သည် ဤမျှ မြန်မြန်ဆန်ဆန် အမီလိုက်နိုင်မည်ဟု သူ မမျှော်လင့်ထားပေ။
ဤအနေထားကိုမြင်လျှင် ကျန်းရွန်ရှင်း၊ ယွန်တိုင်နှင့် ဆန်ရှင်းရှင်းတို့၏ အမူအရာများ က ရန်သူကြီးနှင့်ရင်ဆိုင်ရသကဲ့သို့ ပြောင်းလဲသွားကြသည်။
"ကောင်စုတ်၊ မင်းတော်တော်အတင့်ရဲတာဘဲ။ တကယ်တော့ မင်းဟာ ဖန်းမန့်နဲ့ ငါ့ရဲ့တိုက်ပွဲကို အခွင့်ကောင်းယူပြီး သားရဲလေးနှစ်ကောင်ကို ခိုးယူဖို့ သတ္တိရှိ လိုက်တယ်၊ အခု မင်းကို လူဝံငယ်လေးနှစ်ကောင်ကို လွှဲပေးဖို့ အခွင့် အရေးပေးမယ်။ ဒါဆို ငါလည်း မင်းအသက်ကို ချမ်းသာပေးမယ်။ " လင်းဖန်က ချင်ယွင် ကိုကြည့်ကာ အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။
ချင်ယွင်၏အမူအရာက လေးနက်နေသော်လည်း သူက လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည် "ငါ မပေးရင်ရော မင်း ဘယ်လိုလုပ်မလဲ"
လင်းဖန်သည် အနည်းငယ် အံ့အားသင့်သွားသည်။ ရှင်းရှင်းပြောရလျှင် ချင်ယွင်သည် သူ၏စကားကို မနာခံဘဲ နေရဲလိမ့်မည်ဟုသူ မမျှော်လင့်ခဲ့ပေ။ သူ၏အမူအရာက ချက်ချင်းပင် မည်းမှောင်သွားသည်။ အကယ်၍ ဖန်းမန့်က သူ့ကိုရန်စသည်ဆိုလျှင် ယင်းက အဆင်ပြေသေး၏။ ယခု၊ နဝမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်တစ် ယောက်ကပင်လျှင် သူ့ကို ရန်စဝံ့နေသည်။
ကျန်းရွန်ရှင်း၊ ယွန်တိုင် နှင့် အခြားသူများလည်း ထိတ်လန့်သွားကြသည်။ ရှင်းရှင်းပြောရရင်၊ သိုင်းမြို့စားတစ်ပိုင်းနယ်ပယ် မှာရှိနေသည့် လင်းဖန်နှင့် ရင်ဆိုင်ရန် ချင်ယွင်မှာ သတ္တိရှိလိမ့်မည်ဟု သူတို့ မျှော်လင့်မထားသည်မှာ ထင်ရှားပါသည်။
"ကောင်စုတ်၊ မင်းက သေခြင်းတရားကို တောင်းခံနေတာပါလား? လူဝံသားပေါက်လေး နှစ်ကောင်ကိုအပ်ဖို့ မင်းကို နောက်ထပ် အခွင့် အရေးပေးမယ်။ မဟုတ်ရင် မယဉ်ကျေးတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။" လင်းဖန်က အေးစက်စွာပြောလိုက်ပြီး သူ၏မျက်နှာမှာ ဒေါသများနှင့် ပြည့်နှက်နေခဲ့သည်။
ချင်ယွင်၏ အနားတွင်ရှိသော ကျန်းရွန်ရှင်းသည် ချင်ယွင်၏ အဝတ်ထောင့်ကိုဆွဲကာ လူဝံသားပေါက်လေးနှစ်ကောင်အား လွှဲပေးရန် အချက်ပြခဲ့သည်။
အကယ်၍ သာမန်လူဝံကြီးတစ်ကောင်ဖြစ်ခဲ့ပါက ချင်ယွင်သည် ၎င်းတို့အား လွှဲပေးရန် သေချာပေါက်ရွေးချယ်မည် ဖြစ်သည်။ ဟုတ်ပါသည် ၊ယင်းကလည်း သူသည် လင်းဖန်ကို ကြောက်လို့ မဟုတ်ဘဲ ကျန်းရွန်ရှင်းနှင့် တခြားလူများ အတွက် ကြောင့်ဖြစ်သည်။ သို့သော်၊ သူသည် ဤလူ၀ံသားပေါက်နှစ်ကောင်ကို ကိုယ်တိုင် ကိုယ်ကျ မွေးဖွားပေးခဲ့သူဖြစ်ပြီး သူအား မိခင်ဒေါသထန်ပြင်း ဧရာမလူဝံမကြီးမှ ကိုယ်တိုင်ကိုယ်ကျပ် ပေးအပ်ခဲ့သည်။ သေချာတာက သူသည် ဤလူဝံပေါက်လေး များကို လွယ်လွယ်နှင့် လွှဲမပေးနိုင်ပါဘူး။
ထို့အပြင် ဤလူ၀ံပေါက်လေးနှစ်ကောင်သည် ဗီဇပြောင်းလဲမှုများနှင့်အတူ ထူးခြားသော အသွင်အပြင်များဖြင့် မွေးဖွားလာခဲ့သည်။
အနာဂတ်တွင် ၎င်းတို့၏ အောင်မြင်မှုများ သည် သာမန် ဒေါသထန်ပြင်း ဧရာမ လူဝံကြီးများထက် သေချာပေါက် ကျော်လွန်သွားမည် ဖြစ်သည်။ ၎င်းတို့သည် အဆင့်လေး၊ အဆင့်ငါး သို့မဟုတ် နတ်ဆိုးသားရဲများနှင့် အင်မော်တယ် သားရဲများပင် ဖြစ်လာနိုင်သည်။ ထို့ကြောင့် ချင်ယွင်သည် ဤလူ၀ံပေါက်လေးနှစ်ယောက်ကို လွှဲပေးမည် မဟုတ်သည်မှာ သေချာသည်။
"မင်း သူတို့ကိုလိုချင်ရင် လာလုယက်ဖို့ ငါ အရင်ဆုံး ပြောလိုက်မယ်" ချင်ယွင်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
"ကောင်းပြီ၊ မင်းက သေခြင်းတရားကို တောင်းခံနေတာဘဲ၊ ငါ့ကို မယဉ်ကျေးတဲ့ အတွက် အပြစ်မတင်နဲ့။" လင်းဖန်သည် ဒေါသတကြီး အေးစက်စွာ အော်ဟစ်လိုက် သည်။ သူသည် ချင်ယွင်နှင့် တခြားသူများကို သတ်ပြီး လူဝံပေါက်လေးနှစ်ကောင်ကို ဖမ်းဖို့ အဆင်သင့် ဖြစ်နေပါပြီ။
ကျန်းရွန်ရှင်း၊ ယွန်တိုင်နှင့် အခြားသူများသည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး ရန်သူကိုခုခံရန် လက်နက်များကို ဆွဲထုတ်လိုက်သည်။
ချင်ယွင်သည်လည်း ရှောင်ဘိုင်ကို ခေါ်ထုတ်ဖို့ စီစဉ်ထားသည်။
သို့သော် ဤအခိုက်အတန့်တွင် ရယ်မောသံသည် ကောင်းကင်ယံ၌ ရုတ်တရက် ထွက်ပေါ်လာသည်။
"ဟား၊ ဟား၊ မင်းက ငါတို့ မိုးကြိုးဝိညာဉ်ဂိုဏ်းရဲ့ တပည့်ဖြစ်ထိုက်ပါတယ်။ ဒီလူအိုကြီးက မင်းကို အရမ်းလေးစားပါတယ်။"
ထို့နောက် ခါးကိုင်းနေသောခန္ဓာကိုယ်တခုသည် ကောင်းကင်မှ ဆင်းသက်လာသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ လူတိုင်းရှေ့တွင် ပေါ်လာသည်။
"ဒီအဘိုးကြီး ဒီမှာရှိနေမှတော့ ငါ့မိုးကြိုးဝိညာဉ်ဂိုဏ်းက တပည့်ရဲ့ဆံပင်ကို ဘယ်သူ ထိဝံ့လဲဆိုတာ ငါကြည့်ချင်ပါတယ်" ငေါက်ငမ်းနေသော ပုံရိပ်က လင်းဖန်ကို ကြည့်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက် များ ချက်ချင်း ထွက်ပေါ်လာသည်။
ကွင်းပြင်ထဲရှိ လူတိုင်းသည် ပတ်ဝန်းကျင်ရှိ အေးစက်စက်လေထုကို ချက်ချင်းခံစား လိုက်ရသည်။ အထူးသဖြင့် လင်းဖန်နှင့် အခြားလူများသည် အဘိုးအို၏အငွေ့သက်ကို ရင်ဆိုင်နေကြရပြီး သူတို့၏ မျက်နှာများတွင် ဖိအားများ တဟုန်ထိုး တက်လာသည်ကို ခံစားလိုက်ရသည်။
"သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူ!" လင်းဖန်သည် မျက်မှောင်ကြုတ်ပြီး အံ့အားသင့်စွာ ပြောလိုက်သည်။