ဘိုင်ချီဟန်
Vol. 7 Ch. 102
အခန်း (၁၀၂) ဘိုင်ချီဟန်
"စီနီယာက?" လင်းဖန်သည် သူ၏ရှေ့မှာ ရုတ်တရက်ပေါ်လာသည့် သိုင်းမြို့စားအဆင့် အဖိုးအိုကို ကြည့်ရင်း မေးလိုက်သည်။
"ဟမ့်၊ ဒီအဘိုးကြီးက မိုးကြိုးဝိညာဉ်ဂိုဏ်းက တော်၀င်အကြီးကဲတယောက်ပါ ။ ဒါပေမယ့် ပေါ်မလာတာ အနှစ်သုံးဆယ်ရှိပြီ။ မင်းမသိမှာ ငါကြောက်မိတယ်။" ခါးကုန်းအဘိုးအိုက ပြောလိုက်သည်။
လင်းဖန်သည် မိုးကြိုး၀ိဉာဏ်ဂိုဏ်းတွင် အမှန်တကယ် တော်၀င်အကြီးအကဲတစ်ဦး ရှိမှန်း မသိခဲ့ပေ။ သူ၏စိတ်ထဲတွင် မိုးကြိုးဝိညာဥ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်သည် သာလျှင် သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူ ဖြစ်သည်။ သူသည် မိုးကြိုးဝိညာဉ်ဂိုဏ်းရှိ အခြားသော သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူများကို မကြားခဲ့ဖူးပေ။
အမှန်တကယ်တော့၊ သူတို့ မသိတာအသာထား။ ကျန်းရွန်ရှင်း၊ ယွန်တိုင်နှင့် တခြားလူများသည်ပင် သူတို့ရှေ့ရှိ ဤအဘိုးကြီးသည် မိုးကြိုး၀ိညာဉ်ဂိုဏ်း၏ အကြီးအကဲတဦး ဖြစ်မှန်း မသိခဲ့ကြပေ ။ အရင်ကလည်း သူ့ကို မတွေ့ဖူးပါဘူး။
သို့သော် ချင်ယွင်သည် သူ၏စိတ်ထဲတွင် အနည်းငယ် အံ့သြသွားသည်။ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ခဲ့သည့်နေ့က နှစ်နာရီကြာအောင် သူ့နောက်က လိုက်ခဲ့သော သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူက သူ၏ရှေ့ရှိ ဤအဘိုးကြီး မဟုတ်ဘူး လား။ ချင်ယွင်သည် ဤအဘိုးကြီးသည် မိုးကြိုး၀ိညာဉ်ဂိုဏ်းမှ ဖြစ်မည်ဟု ခန့်မှန်းထားပြီး ဖြစ်သော်လည်း၊ သူသည် အမှန်တကယ် မိုးကြိုး၀ိညာဉ်ဂိုဏ်း၏ တော်၀င်အကြီးအကဲ ဖြစ်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
ချင်ယွင်သည် ရှောင်ဘိုင်ကို အစောပိုင်းလေးက မခေါ်မိသေးသည့်အတွက် တိတ်တဆိတ် ဝမ်းသာနေမိသည်။ မဟုတ်လျှင် သူ၏ကိုယ် ရေးအချက်လက်ကို ချက်ချင်း ဖော်ထုတ်မိသွားလိမ့်မည်။ ထိုအချိန်ရောက်လျှင် မိုးကြိုး၀ိညာဉ်ဂိုဏ်းကြီး သည် သူ့အပေါ် ရန်လိုခြင်းရှိမရှိ အာမခံဝံ့ခြင်း မရှိပေ။
"စီနီယာက မိုးကြိုး၀ိညာဉ်ဂိုဏ်း၏ တော်၀င်အကြီးကဲ ဖြစ်တဲ့အတွက်၊ ဒီ ဂျူနီယာက နှုတ်ဆက်ခဲ့ပါတယ်။" လင်းဖန်က ပွင့်ပွင့်လင်းလင်း ပြောလိုက်ပြီးနောက် သူ့နောက်မှ လူငါးယောက်နှင့်အတူ လှည့်ထွက်သွားတော့သည်။
အဘိုးအိုသည် ဝင်ရောက်တားမြစ်ခြင်း မရှိပါဘူး။ အဘယ့်ကြောင့်ဆိုသော်၊ အကယ်၍ သူသာ မျိုးဆက်သစ်များကို သူ့အဆင့်အတန်းဖြင့် တိုက်ခိုက်မည်ဆိုလျှင် ဈေးပေါလွန်းပြီး သူကိုယ်တိုင်ကလည်း ယင်းကို အထင်အမြင်သေးသည်။
လင်းဖန် ထွက်သွားပြီးနောက် အဖိုးအိုသည် ချင်ယွင်နှင့် အခြားသူများကို လှည့်ကြည့် လိုက်သည်။
"မင်္ဂလာပါ တော်၀င်အကြီးအကဲ!" ချင်ယွင် နှင့် အခြားလေးယောက်တို့သည် ကမန်းကတန်း ဦးညွှတ်ကာ စိုးရိမ်သောက အမူအရာဖြင့် ပြောလိုက်ကြသည်။
အဘိုးအိုက ပြုံးပြီး သူ၏လက်ကို ဝှေ့ယမ်းကာ "ငါ သီးသန့်ဆန်သူ မဟုတ်ပါဘူး၊ စည်းမျဥ်းစည်းကမ်းတွေကိုလည်းကို မကြိုက်ဘူး"
ထိုစကားကို ပြောပြီးနောက် အဘိုးအိုသည် ကျန်းရွန်ရှင်းနှင့် အခြားလူများကို လှည့်ပတ် ကြည့်ရှုလိုက်သည်။ နောက်ဆုံးတွင်၊ သူ၏ အကြည့်သည် ချင်ယွင်အပေါ်သို့ ရောက်ရှိသွားပြီး "လူငယ်လေး၊ စောစောလေးက မင်းရဲ့စွမ်းဆောင်မှုက ကောင်းမွန်ပြီး မင်းရဲ့ ရဲစွမ်းသတ္တိကလည်း ချီးကျူးစရာပါပဲ။ ဒါပေမယ့် မင်းအလုပ်လုပ်တဲ့အခါ စဉ်းစားရမယ်။ မင်းပြိုင်ဘက်ရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါ သတ္တိကောင်းနေရုံနဲ့ မပြီးသေးဘူးကွ ။"
ချင်ယွင်က ခေါင်းညိတ်ပြပြီး "ဒီဂျူနီယာက ဒါကို မှတ်ထားပါ့မယ်။"
အဖိုးအိုက ကျေနပ်စွာ ခေါင်းညိတ်ပြသည်။ လူငယ်တစ်ယောက်သည် မမောက်မာသင့် သလို စိတ်မရှည်သူလည်း မဖြစ်သင့်ပေ။ ထိုမှသာ ဤလူသည် ဖြည်းဖြည်းချင်း ထူးချွန်လာလိမ့်မည်။ ရုတ်တရက် အဘိုးအိုသည် တစ်ခုခုကို တွေးမိပြီး ချင်ယွင်ကိုကြည့်ကာ မေးလိုက်သည် "ဟုတ်သားပဲ ၊ ငါတို့ တစ်ယောက်နဲ့တစ်ယောက် တနေရာရာမှာ တွေ့ဖူးကြသေးလား?"
ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ သူ၏မျက်နှာတွင် လိပ်ပြာမလုံသည့် အမူယာ ပေါ်လာသည်။ အဘိုးအို၏ အကြည့်များက သူ့တစ်ကိုယ်လုံးကို အဆင်မပြေ ဖြစ်စေသည်။ ချင်ယွင်သည် သူ့ကိုယ်သူ တွေးလိုက်မိသည်"ဒီအဘိုးအိုက ငါ့ရဲ့ စိတ်ဝိညာဉ် ဖွဲ့စည်းပုံကို ထွင်းဖောက်မြင်နိုင်တာများလား?။
ချင်ယွင် ရုတ်တရက် စိတ်ပူလာသည်ကို မြင်လိုက်ရလျှင် အဖိုးအိုသည် ပျော်ရွှင်စွာ ရယ်ပြီး "ကောင်းပြီလေ။ မင်း စိတ်ပူမနေပါနဲ့။ ငါက ဒီလိုဘဲ မေးကြည့်တာပါ။ မင်းလည်း သိပါတယ်။ အသက်ကြီးလာရင် မှတ်ဥာဏ်တွေက မကောင်းဘူးဆိုတာကို"
ချင်ယွင်သည် စိတ်သက်သာရာရပြီး ပြင်းချကာ "ဒီဂျူနီယာက တော်၀င်အကြီးကဲကို တွေ့ဖူးတာ ဒါ ပထမဆုံးပါဘဲ။ ဒီဂျူနီယာက တော်တော်လေး ခင်မင်စရာကောင်းလို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် တော်၀င်အကြီးအကဲက အရင်ကတွေ့ခဲ့ဖူးသလို မျိုး ထင်နေတာပါ!"
အကြီးအကဲကြီးသည် ချက်ချင်းပင် ကျယ်လောင်စွာရယ်မောပြီး ချင်ယွင်ကို လက်ညှိုး ထိုးပြကာ ပြုံးလျက် ပြောသည် "ကောင်လေးက တော်တော့်ကို ဟာသဉာဏ် ရွှင်တာဘဲ"
ချင်ယွင်သည် နုံအသောအပြုံးကို ထုတ်ဖော်ပြောဆိုနေရသော်လည်း၊ သူသည် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းရှည်ကြီး ချကာစိတ်ထဲမှ ကျိန်ဆဲလိုက်မိသည် "ဒီအဖိုးအိုစုတ်ရဲ့ မှတ်ဉာဏ်က မဆိုးပါဘူး၊ ရိုးရိုးရှင်းရှင်း ပြောရရင် အကောင်းလွန် နေတာပါ။ ငါက ငါ့ရဲ့ စိတ်ဝိဉာဏ်ဖွဲ့စည်းပုံကို အသုံးပြုပြီးနောက် အခု လုံးဝ ကွဲပြားခြားနားတဲ့ အနေအထားမှာ ရှိနေတယ်။ ငါ့ရဲ့အသွင်အပြင်နဲ့ အငွေ့အသက်က အရင်ကနဲ့ လုံးဝမတူတော့ဘူး။ ဒီအဘိုးကြီးဟာ သဲလွန်စတချို့ကို အမှန်တကယ် ရှာဖွေတွေ့ရှိနိုင်ခဲ့တယ်။ တိုတိုပြောရရင် ဒါက (စိတ်ဝိညာဉ်ကို) အထူး သန့်စင်ထားတဲ့ မွန်းစတားအိုကြီးတစ်ယောက်ဘဲ။"
အဘိုးအိုသည် ဟက်ဟက်ပက်ပက် ရယ်မောနေသော်လည်း သူ၏စိတ်ထဲမှာ ဝေခွဲမရ ဖြစ်နေဆဲ ဖြစ်သည်၊ "ဒီကောင်စုတ်က စကားကို ဘယ်လိုပြောရမလဲဆိုတာ တကယ်သိတာဘဲ" ဒါပေမယ့် သူ့ကို အရင်က တစ်နေရာရာမှာ မြင်ဖူးပုံရပေမယ့် ငါ ဘာလို့ မမှတ်မိနိုင်ရတာလဲ"။
အဘိုးအိုသည် သူ၏စိတ်ထဲတွင် ပဟေဠိဖြစ်နေသော်လည်း လင်းယွင်သည် ထိုနေ့တုန်းက ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ခဲ့သော ချင်ယွင်ဖြစ်သည်ဟု သူ သံသယမရှိခဲ့ပေ။
ထို့နောက် အဘိုးအိုသည် ချင်ယွင်၊ အခြားသူများနှင့် အတူမနေတော့ပေ။ ယင်းအစား
သူသည် အရိပ်ထဲသို့ ဝင်ရောက်ကာ သူတို့ကို လျှို့ဝှက်စွာ ကာကွယ်ရန် ရွေးချယ်ခဲ့သည်။
အဘိုးကြီးသည် စကားပြောပြီးသည်နှင့် ထွက်သွားခဲ့သည်။ ချင်ယွင်သည်လည်း ဒေါသထန်ပြင်း ဧရာမလူဝံ သားပေါက်လေးနှစ်ကောင်အား အစိမ်းရောင်ကြာပန်း စည်းတံဆိပ်ထဲသို့ ထည့်ကာ စောင့်ရှောက်ရန် ရှောင်ဘိုင်အား အပ်ထားခဲ့သည်။
သိပ်မကြာခင်မှာပဲ နောက်ထပ် လူငယ်ရှစ်ယောက် ရောက်ရှိလာကြသည်။
ချင်ယွင်သည် သူတို့အထဲတွင် တစ်ယောက်ကိုမှ မသိသော်လည်း ကျန်းရွန်ရှင်းနှင့် ယွန်တိုင်တို့သည် တစ်ယောက်နှင့်တစ်ယောက်သိကာ အလွန်ရင်းနှီးကြသည်။ ဤလူများသည် မိုးကြိုးဝိညာဉ်အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်းဆယ်ဦးမှလွဲ၍ အခြားလူများမဟုတ်ပေ၊ ၎င်းတို့ကို ဦးဆောင်နေသူမှာ အဖြူရောင် ၀တ်ဆင်ထားသော ဘိုင်ချီဟန် ဖြစ်သည်။
ထိုလူများသည် ဤနေရာသို့ ရောက်ရှိလာသောအခါ ကျန်းရွန်ရှင်း ၊ ယွန်တိုင်နှင့် ဆန်ရှင်းရှင်းတို့ကိုသာ နှုတ်ဆက်ကြသည်။ သူတို့သည် ချင်ယွင်နှင့် ပတ်သက်၍ တိုက်ရိုက် လျစ်လျူရှုခဲ့ကြသည်။
ချင်ယွင်ကိုယ်တိုင်လည်း ယင်းကို အံ့သြခြင်းမရှိပေ။ တစ်ဖက်တွင်၊ ကျန်းရွန်ရှင်းသည် ဤမြင်ကွင်းကို မြင်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမသည် နှိမ့်ချခံနိုင်သော်လည်း အခြားသူများက သူမ၏လူများအပေါ် နှိမ့်ချမှုကို သူမ မလိုလားပေ။
သို့သော် သူမစကားမပြောမီ မိုးကြိုးဝိညာဥ်အဆင့် သတ်မှတ်ချက်တွင် ဒုတိယအဆင့်ရှိ ကျိုးယုသည် ချင်ယွင်ကိုကြည့်ကာ "န၀မအဆင့် ကောင်းကင်အလွှာ သိုင်းသခင်တစ်ယောက်လား? မင်းကလည်း မိုးကြိုးဝိညာဉ်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲလား?"
ချင်ယွင်သည် သူ၏စိတ်ထဲတွင် မပျော်မရွှင် ဖြစ်နေပေမယ့် "စီနီယာ အစ်ကိုကျိုး၊ ငါက အတွင်းစည်းဂိုဏ်း၀င် တပည့်ပါ" ဟု ပြန်ဖြေလိုက်သည်။
"အတွင်းစည်းဂိုဏ်းရဲ့ တပည့်လား?" ကျိုးယုသည် မျက်မှောင်ကြုတ်ရုံသာမက အခြား
သော လက်ရွေးစင်တပည့်များသည်လည်း မျက်မှောင်ကြုတ်သွားကြသည်။ အချို့က ချင်ယွင်ကို အထင်မြင်သေးသည့် အကြည့်များဖြင့်ပင် စိုက်ကြည့်ကြသည်။
ဘိုင်ချီဟန်သည် တစ်ဖက်မှာ ရပ်နေပြီး အရာအားလုံးကို တိတ်တဆိတ်ကြည့်ရင်း သူ၏မျက်နှာက အပြုံးမပျက်ပေ။
"မင်း ဂိုဏ်းကို ပြန်သွားရမယ်။ ဒီနေရာက မင်းနေဖို့ မသင့်တော်ဘူး" ကျိုးယုက အေးစက်စွာ ပြောပြီး ချက်ချင်း လှည့်ထွက်သွားသည်။
ချင်ယွင်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်သည်။ သူပြတ်ပြတ်သားသား ချေပတော့မယ့်အချိန်မှာ သူ၏နောက်မှ ပြတ်သားသော အသံတစ်ခုကို ကြားလိုက်ရသည်။
"ကျိုးယု၊ နင်က ငါ့လူကို အဝေးကို မောင်းထုတ်ချင်တာလား။ နင် ငါ့ရဲ့ ထင်မြင်ချက်ကိုရော မေးဖူးလား။" စကားပြောလိုက်သူမှာ အချိန်အတော် ကြာအောင် အသက်ရှုကြပ်နေသော ကျန်းရွန်ရှင်းဖြစ်ပြီး ဤအခိုက်အတန့်တွင် သူမသည် ယခင် ဂိုဏ်း၏ လွှမ်းမိုးမှုအခြေအနေသို့ ပြန်လည်ရောက်ရှိသွားကာ ကျိုးယုကို လက်ညှိုး ထိုးပြီး ကြိမ်းမောင်းလိုက်သည်။
ဤစကားပြောပြီးသည်နှင့် ပရိသတ်အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ကျန်းရွန်ရှင်းသည် ဂိုဏ်း၏ ကျော်ကြားသော အလှပဂေး နှစ်ဦးအနက်မှ တစ်ဦး ဖြစ်သည်။ မိုးကြိုးဝိညာဉ်အဆင့် သတ်မှတ်ချက်တွင် အဆင့်သုံး၌ရှိသူ ချင်ရွှန်းရွှန်းနှင့် သူမတို့သည် ဂိုဏ်း၏ပါရမီရှင် အမျိုးသမီးနှစ်ဦးအဖြစ် ချီးကျူးခံခဲ့ရသည်။ သူမတို့သည် ဂိုဏ်းပေါင်းစုံမှ တပည့်များ၏ လိုက်လံပိုးပန်းမူကို ခံကြရသူများ ဖြစ်သည်။ ထိပ်တန်းဆယ်ဦးထဲမှ အများစုသည် ကျန်းရွန်ရှင်းကို ပိုးပန်းကြသူများ ဖြစ်သည်။ ၎င်းတို့အနက် အကျော်ကြားဆုံးမှာ အဆင့်ခြောက်နေရာရှိ ချောင်ရွှန်းဂျန် ဖြစ်သည်။
ဟုတ်ပါသည်။ ချောင်ရွှန်းဂျန်သည် ကျန်းရွန်ရှင်း၏ စကားကိုကြားလျှင် သူ၏ မျက်နှာသည် ချက်ချင်းပင် ဒေါသထွက်သွားပြီး ချင်ယွင်ကို သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
အနီးနားရှိ တပည့်များအားလုံး အံ့သြတုန်လှုပ်သော အမူအရာများ ပေါ်လာကြသည်။ အချို့က မနာလို၍ အချို့က ယူကျုံးမရဖြစ်ကြရသည်။
ကျန်းရွန်ရှင်း၏ စကားကိုကြားလျှင် ကျိုးယုသည်လည်း ခဏတာ အံ့အားသင့်သွား သည်။ ထို့နောက် သူကိုယ်တိုင်လည်း သူမကို အံ့ဩသွားခဲ့ရသည်။ သူစကားပြော ခါနီးတွင် သူ့ဘေးမှာ တိတ်တဆိတ် ပြုံးနေသော ဘိုင်ချီဟန်က သူ့ကို ဆွဲခေါ်သွားခဲ့သည်။
ဘိုင်ချီဟန်က ချင်ယွင်ရှေ့ကို လှမ်းလာပြီး "မင်းက ဂိုဏ်းတစ်ခုလုံးကို အာရုံစိုက် စေခဲ့တဲ့ လင်းယွင်ပဲ ဖြစ်ရမယ်၊ အတွင်းစည်းဂိုဏ်းရဲ့ နံပါတ်တစ်လူ ဖြစ်လာခဲ့တယ်။ ဒီနေ့ ငါ မင်းကိုမြင်လိုက်ရတော့ မင်းက တကယ်ကို သာမန်ထက် ထူးခြားသူပဲ။ ငါတို့ဂိုဏ်းရဲ့ မဟာနတ်ဆိုးမကြီး ကျန်းရွန်ရှင်းကတောင် သူမကိုယ်သူမ နှိမ့်ချနိုင်ခဲ့တယ်၊ ဒီစွမ်းရည်တစ်ခုနဲ့တင် မင်းကို လက်ခံဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး။"
ချင်ယွင်သည် ဤစကားကိုကြားသောအခါ ရှက်ရွံ့သွားပြီး မည်သို့ဖြေရမည်မှန်း မသိတော့ပေ။
ဘိုင်ချီဟန်က ကျယ်လောင်စွာ ရယ်မောပြီး "ကောင်းပြီ၊ ညီငယ်လင်းက စုန်းမကြီး ကျန်းရဲ့ လူဆိုမှတော့ မင်းရဲ့ ခွန်အားကလည်း အများကြီး နိမ့်ကျမှာ မဟုတ်ပါဘူး။ မင်း ဒီမစ်ရှင်မှာ ဆက်နေသင့်တယ်"
ဘိုင်ချီဟန် ပါးစပ်ဖွင့်လိုက်သည်နှင့် မူလကန့်ကွက်သူများ ပါးစပ်ကို ချက်ချင်း ပိတ်လိုက်ကြသည်။
ချင်ယွင်သည် ဘိုင်ချီဟန်ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။
"အဲဒါဆိုလည်း အတိုင်းထက်လွန်ပေါ့။" ကျန်းရွန် ရှင်းသည် ဘိုင်ချီဟန်ကို တချက်စောင်း ကြည့်ရင်း ပြောလိုက်သည်။
ဘိုင်ချီဟန်က ယင်းအနေထားကို မြင်တော့ ချက်ချင်းဆိုသလို ရယ်မောလိုက်သည်။
လူတိုင်းလည်း ပြောစရာစကား မဲ့သွားရသည်။
သို့သော် လူအုပ်စု၏နောက်ဘက်တွင် အနက်ရောင်ဝတ် လူငယ်တစ်ဦးသည် သူ၏ မျက်လုံးများကို အနည်းငယ် မှိတ်ထားကာ ချင်ယွင်ကို ကြည့်သည့် အကြည့်များတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်ကို မည်သူမျှ သတိမထားမိပေ။
ဤလူသည် မိုးကြိုး၀ိညာဥ်အဆင့်သတ်မှတ်ချက်တွင် စတုတ္ထအဆင့်ရှိ ရှီကန်ဟိုင် ဖြစ်သည်။