← Chapters

အသက် သစ်ပင်

Vol. 7 Ch. 103

အသက် သစ်ပင်

Vol. 7 Ch. 103

အခန်း (၁၀၃) အသက်သစ်ပင်

ဘိုင်ချီဟန်သည် မစ်ရှင်တွင်ပါဝင်ရန် ချင်ယွင်ကို တောင်းဆိုခဲ့သော်လည်း အခြား သူများသည် ချင်ယွင်ကို သဘောမကျကြပေ။ အထူးသဖြင့် ချောင်ရွှန်းဂျန် ဖြစ်သည်။ ချင်ယွင်ကို ကြည့်သည့် သူ၏ပုံစံက စားမတတ်ဝါးမတတ်ပင်။ ကျန်းရွန်ရှင်းကသာ သူ့ကို မတားဘူးဆိုလျှင် ချင်ယွင်နှင့် အချိန်အတော် ကြာကတည်းက တိုက်ခိုက် နေလောက်ပြီ။

ချောင်ရွှန်းဂျန်သည် ကျန်းရွန်ရှင်းနှင့်အတူ ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့သည်။ ထိုအချိန်တုန်းက သူမသည် ရှစ်နှစ်နှင့် သူက ဆယ်နှစ်ရှိပြီ ဖြစ်သည်။

သို့သော်လည်း ချောင်ရွှန်းဂျန်သည် ကျန်းရွန်ရှင်းကို မြင်သောအခါ၊ သူသည် သူမအား မြင်မြင်ချင်းမှာပင် ချစ်မိသွားခဲ့ပြီး အနာဂတ်တွင် သူ၏ဇနီးအဖြစ် သေချာပေါက် အရယူမည်ဟု ကျိန်ဆိုခဲ့သည်။ နောက်ပိုင်း ရှစ်နှစ်ကြာအောင် သူမနောက်ကို လိုက်ပါခဲ့သည်။ သူတို့နှစ်ဦးသည် ငယ်စဉ်ကလေးဘ၀က ချစ်သူများဖြစ်ခဲ့ကြသည်။

သို့သော်လည်း ကျန်းရွန်ရှင်းသည် ချောင်ရွှန်းဂျန်၏ အားထုတ်မှုအပေါ် ဘယ်တုန်းကမှ ပါမသွားခဲ့ပေ။ သူမသည် သူရှာနေသည့် လူစားမျိုးမဟုတ်ဘူးဟု သူမ ပြောခဲ့ဖူးသည်။

ချောင်ရွှန်းဂျန်သည်လည်း ဘယ်တုန်းကမှ လက်မလျှော့ခဲ့ပါဘူး။ သူသည် တစ်နေ့ကျ လျှင် ကျန်းရွန်ရှင်း၏ နှလုံးသားထဲက လူတစ်ယောက် ဖြစ်လာလိမ့်မည်လို့ မျှော်လင့်ထားသည်။ သို့သော် ကျန်းရွန်ရှင်းသည် ချင်ယွင်နှင့် အတူရှိနေခဲ့သည်။ သူသည် သိုင်းသခင်နယ်ပယ် နဝမအဆင့် ကောင်းကင်အလွှာတွင်သာ ရှိသေးသည့် ကျွမ်းကျင်သူအဖြစ် ရှိနေဆဲ ဖြစ်သည်။ ဤအရာကို သူ မည်ကဲ့သို့ သည်းခံနိုင်မည် နည်း?

သူ၏အမြင်အရဆို လင်ယွင်သည် ကျန်းရွန်ရှင်းနှင့် မထိုက်တန်ပေ။

သို့သော် ကျန်းရွန်ရှင်းသည် လင်းယွင်ကို ကာကွယ်ပေးသော နွားမငယ်‌လေး တစ်ကောင်နှင့်တူသောကြောင့် ချောင်ရွှန်းဂျန်သည် ဘာမှ လုပ်ခွင့်မရှိပေ။

ချင်ယွင်သည် ချောင်ရွှန်းဂျန်၏ ရန်လိုမုန်းတီးမှုကို ထင်ရှားစွာ ခံစားရသော်လည်း သူ ဂရုမစိုက်ပေ။ ကျန်းရွန်ရှင်းနှင့် သူ၏စကားပြောခြင်းမှတဆင့် ချောင်ရွှန်းဂျန်သည် အေးစက်နေသော်လည်း သူသည် သူ၏စိတ်နှလုံးတွင် အလွန်ဖြောင့်မတ်သူ ဖြစ်ကြောင်း သူသိသည်။ ဤသူသည် ကျန်းရွန်ရှင်းကို အလွန်ဂရုစိုက်သူ ဖြစ်သည်။

ထို့အပြင် ချင်ယွင်သည် ချောင်ရွှန်းဂျန်က သူ့အပေါ် အလွန်အကျွံမဟုတ်သရွေ့ သူ့ကို မနာကျင်စေရဟု ကျန်းရွန်ရှင်းကို ကတိပေးထားသည်။ နောက်ဆုံးတွင် သူမသည် ချောင်ရွှန်းဂျန်အပေါ် အကြွေးအများကြီး တင်ထားခဲ့သည်လေ။

ချင်ယွင်သည် ချောင်ရွှန်းဂျန်၏ရန်လိုမှုကို ဂရုမစိုက်ဘဲ ရှီကန်ဟိုင်၏ရန်လိုမှုကိုသာ အာရုံစိုက်နေသည်။

ရှီကန်ဟိုင်သည် တိုင်ယွန်ကုန်သည်ကြီးများအသင်းဌာနခွဲ ခေါင်းဆောင်၏ အကြီးဆုံး သား၊ ရှီတိုင်ယာ၏အစ်ကို ဖြစ်ကြောင်း သူသည် ကျန်းရွန်ရှင်းထံမှ သိရှိရသောအခါ ချင်ယွင်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်ပေါ်လာသည်။

ထို့အပြင်၊ ရှီတိုင်ယာသည် နောက်ဆုံးအကြိမ် မိုးကြိုးဝိညာဉ်တောင်ကို ၀င်ရောက် သည့်အချိန်တုန်းက နေရာသုံးနေရာအနက်မှ တစ်နေရာစာ ပါ၀င်ခဲ့သူဖြစ်သည်။ ဘိုင်ချီဟန်သည် နောက်ဆုံးအကြိမ်တုန်းက သူ၏၀င်ခွင့်ကို စွန့်လွှတ်ရန် ရွေးချယ်ခဲ့ပြီး နောက်ဆုံးဝင်ရမည့် လူသုံးယောက်စာရင်းမှာ ဒုတိယ၊ တတိယနှင့် စတုတ္ထနေရာများ ဖြစ်သွားခဲ့သည်။

ချင်ရွှန်းရွှန်း နောက်ဆုံးအကြိမ် ပျောက်ဆုံးမှုသည် ဤရှီကန်ဟိုင်နှင့် သက်ဆိုင်နေ သည်ဟု ချင်ယွင်သည် သံသယရှိခဲ့သည်။

ယခု ချင်ရွှန်းရွှန်း၏ အသက်ကျောက်တုံး သည် ချင်ယွင်၏လက်ထဲတွင် ရှိနေသော ကြောင့် ချင်ယွင်သည် ချင်ရွှန်းရွှန်း၏ အသက်ကျောက်တုံး၏အလင်းရောင်သည် တဖြည်း ဖြည်း အားနည်းလာနေပြီဟု ခံစားရသည်။ သူမသည် ခက်ခဲသော အခြေအနေတွင် ရှိနေသည်ကို သူ သေချာစွာ မြင်နိုင်သည်။

ထို့ကြောင့် ယခုတစ်ကြိမ်တွင် ချင်ယွင်သည် မိုးကြိုး၀ိညာဉ်တောင်သို့ ဝင်ရောက်ရ လိမ့်မည်။ ဤအခြေအနေတွင်းမှာ ရှီကန်ဟိုင်သည် သူ့အတွက် ထောင်ချောက်တစ်ခု ချထားနိုင်သည့်အတွက် သူသည် ရှီကန်ဟိုင်ကို အချိန်တိုင်း သတိထားနေရမည်။

နောက်နှစ်ရက်အတွင်း ကျွမ်းကျင်ပညာရှင်များသည် တိုင်ယွန်တောင်တန်းများဆီသို့ ဆက်လက်ရောက်ရှိလာသည်။ သူတို့အားလုံးသည် အသက်သစ်သီးအတွက် အပြေးအလွှား‌ ရောက်လာကြခြင်း ဖြစ်သည်။

ထိုသတင်းသည် လေးရက်ကြာသွားခဲ့ပြီး အသက်သစ်ပင်သည် ခြောက်ရက်အတွင်း အသီးများ သီးလာမည်ဟု ဆိုကြသည်။

အသက်သစ်ပင်၏ တည်နေရာကို မသတ်မှတ်ထားသောကြောင့် ၎င်း၏တည်နေရာကို ရှာဖွေရန် မဖြစ်နိုင်သလောက်ပင်။ ဆယ်ရက်မြောက်နေ့ရောက်မှသာ အသက်သစ်ပင် သည် မိုင်တစ်ရာပတ်လည်ကို လွှမ်းခြုံနိုင်သည့် အလွန်ကြွယ်ဝသော ရနံ့ကို ထုတ်လွှတ်မည်ဖြစ်သည်။ ထို့ကြောင့် အနီးစပ်ဆုံး တည်နေရာကို ဆုံးဖြတ်ထား နိုင်သမျှ ကာလပတ်လုံး မွှေးရနံ့အတိုင်းလိုက်ရှာလျှင် အသက်သစ်ပင်ကို ရှာဖွေနိုင်မည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ အသက်သစ်ပင်သည် ၎င်း၏အသီးကို သိပ်သည်း ကျစ်လစ်ပြီး သည်နှင့် ယင်းနေရာတွင် နှစ်နာရီကြာမျှသာ နေနိုင်မည်ဖြစ်သည်။ တစ်နည်းဆိုရသော် နှစ်နာရီအတွင်း အသက်အသီးကို မခူးဆွတ်နိုင်လျှင် နောက်တစ်ကြိမ် ထပ်မံ ခူးဆွတ်နိုင်ခွင့် မရှိတော့ပေ။ ထိုအချိန်ရောက်လျှင် နောက်ထပ် အနှစ် နှစ်ထောင်လောက် ထပ်စောင့်ရတော့မည်။

ဤအခွင့်အရေးက တခဏလေးအတွင်း သတိမထားမိလျှင် လက်လွတ်သွားလိမ့်မည်။

သို့သော် တစ်စုံတစ်ယောက်သည် အသက်သစ်သီးသီးပြီး ရင့်မှည့်သည့်အချိန်မှာ အသက်သစ်ပင်နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံနိုင်လောက်အောင် ကံကောင်းခဲ့ပါက ထိုသူသည် ကြီးမားသော ရိတ်သိမ်းမှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။

သို့သော်လည်း အားနည်းသော သို့မဟုတ် မိမိကိုယ်ကို ကာကွယ်ရန် အစွမ်းအစ မရှိသော သူများအတွက်မူ အသက်အသီးကို ချက်ချင်းမစားပါသုံးပါက အာလူးပူပူတစ်လုံး ဖြစ်လာနိုင်သည်။ ထိုအချိန်တွင် သူတို့သည် အသက်ငွေ့ငွေ့ပင် ကျန်ရှိနိုင်မည် မဟုတ်ပေ။

အသက်သစ်သီးအကို တိုက်ရိုက်မျိုချခြင်းသည် ကြီးမားသော ဖြုန်းတီးမူကြီးတစ်ခု ဖြစ်လိမ့်မည်၊ အကြောင်းမှာ လူတစ်ဦးသည် အသက်သစ်သီးကို တိုက်ရိုက် မျိုချလိုက်ပါက အကျိုးသက်ရောက်မှု၏ ၂၀ရာခိုင်နှုန်းကိုသာ စုပ်ယူနိုင်မည် ဖြစ်သည်။ အကယ်၍ ၎င်းတို့ကို ဆေးများသန့်စင်ရန်အတွက် အသုံးပြုပါက အကျိုးသက်ရောက် မှု၏ ၇၀ရာခိုင်နှုန်း သို့မဟုတ် ငါးဆယ်ရာခိုင်နှုန်းကွာခြားမှုကို အသုံးချနိုင်မည် ဖြစ်သည်။

ထို့ကြောင့်၊ ဤအသက်သစ်သီးသည် အာလူးပူပူဖြစ်သည်ကို လူအများသိကြ သော်လည်း၊ ၎င်းတို့၏အကျိုးစီးပွားလွှမ်းမိုးမှုအောက်တွင် တိုက်ရိုက်မျိုချလိုစိတ် ရှိကြမည်မဟုတ်ပေ။

ထို့ကြောင့် ချင်ယွင်နှင့် အခြားသူများသည် နောက်ခြောက်ရက်အတွင်း ဘာမျှ အရေးကြီးကိစ္စ လုပ်စရာမရှိပေ။ သူတို့သည် ခြောက်ရက်မြောက်နေ့မတိုင်မီ အသက်သစ်ပင် ဖြတ်သန်းနိုင်မည့် ကောလဟာလနေရာကို ရောက်ရန်သာ လိုတော့သည်။

ဤကာလအတွင်း ချင်ယွင်သည် နောက်ထပ်ထူးဆန်းသော အရာတစ်ခုကို ရှာဖွေ တွေ့ရှိခဲ့သည်။ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ထဲသို့ ဒေါသထန်ပြင်းဧရာမလူဝံလေး နှစ်ကောင်ဝင်ရောက်ပြီး မကြာမီ၊ ချင်ယွင်သည် သူ၏စိတ်ထဲတွင် နောက်ထပ် သခင်ကျွန်စာချုပ်နှစ်ခုကို ရရှိခဲ့သည်။ ဤအရာက ချင်ယွင်ကို အဆုံးမရှိသော ပဟေဠိ ဖြစ်စေခဲ့သည်။

ဤအစိမ်းရောင်ကြာပန်း စည်းတံဆိပ်သည် ဆိတ်သုဉ်းခြင်း သားရဲများကို ကျွန်ပြုနိုင်စွမ်းရှိနေခြင်း ဖြစ်နိုင်ပါသလား။

သူ၏ထင်မြင်ယူဆချက်ကို အတည်ပြုရန်အတွက် ချင်ယွင်သည် အဆင့်နှစ် ဆိတ်သုဉ်းခြင်း သားရဲတစ်ကောင်ကို တမင်တကာဖမ်းပြီး အစိမ်းရောင်ကြာပန်း စည်းတံဆိပ် အတွင်းရှိ လေဟာနယ်ထဲသို့ ပို့ဆောင်လိုသော်လည်း သူသည် မည်မျှပင် ကြိုးစားအားထုတ်ပါစေ သူ မအောင်မြင်နိုင်ခဲ့ပေ။

ထိုအချိန်တုန်းက သူသည် ဤလူဝံပေါက်လေးနှစ်ကောင်ကို အထဲကို ပို့လွှတ် လိုက်သောအခါ အစိမ်းရောင်ကြာပန်း စည်းတံဆိပ်သည် သူတို့ကို အလိုလို စုပ်ယူသွားလိုမျိုး လုံးဝ အားစိုက်ထုတ်မှု မပြုခဲ့ရပေ။

ထို့နောက် ချင်ယွင်သည် နောက်ထပ် ဆိတ်သုဉ်းခြင်းသားရဲတချို့ကို ဖမ်းပြီး ရောက်ရှိ လာခဲ့ပြန်သည်။ . ရလာဒ်ကတော့ အတူတူပင် ဖြစ်သည်။ အစိမ်းရောင်ကြာပန်း စည်းတံဆိပ်သည် ချင်ယွင်ကို လုံးဝလျစ်လျူရှုပြီး မလှုပ်မယှက် ဖြစ်နေသည်။

နောက်ဆုံးတွင် ချင်ယွင်သည် ဤ အစိမ်းရောင်ကြာပန်း စည်းတံဆိပ်သည် အလွန်ဇီ ဇာကြောင်လွန်းသည်ဟု ကောက်ချက်ချခဲ့သည်။ ၎င်းသည် ရှေးဟောင်းသွေးမျိုးဆက် ပါရှိသည့် ရှားပါးသားရဲမဟုတ်လျှင် ၎င်းတို့ကို ရိုးရိုးရှင်းရှင်း လျစ်လျူရှုထားခဲ့သည်။

ချင်ယွင်သည် ထိုသို့သောပေါင်းစပ်မှုမှ ရရှိလာ‌ သောရလာဘ်အတွက် ကူကယ်ရာမဲ့ ဖြစ်နေသည်။

ထို့နောက် ချင်ယွင်သည် ကျန်းရွန်ရှင်းကျင့်ကြံနိုင်ရန်အတွက် အင်အင်မော်တယ် အဆင့် ရေစွမ်းအင်ကျင့်ကြံခြင်းနည်းစနစ် စာအုပ်တစ်အုပ်ကို သူ၏ဆရာသခင်ထံမှ တောင်းဆိုပေးခဲ့သည်။

ကျန်းရွန်ရှင်းသည် မိုးကြိုးဝိညာဉ်ဂိုဏ်း၏ လျှပ်စီးစွမ်းရည် ကျင့်ကြံခြင်းနည်း ပညာရပ်ကို ကျင့်ကြံထားပြီး ရေစွမ်းရည်သဘောတရားကို နားလည်သဘောပေါက် ထားသောကြောင့် သူမ၏ သဘောတရား နားလည်ခြင်းစွမ်းရည်ကို အသုံးပြုသော အခါတွင် သူမ၏စွမ်းအားသည် အလွန်လျော့ကျသွားမည် ဖြစ်သည်။

သေချာတာက၊ ချင်ယွင်သည် ဤကျင့်ကြံခြင်းနည်း ပညာရပ်သည် အင်မော်တယ် အဆင့် ကျင့်ကြံခြင်းနည်း ပညာရပ်တစ်ခုဖြစ်ကြောင်း ကျန်းရွန်ရှင်းကို မပြောခဲ့ပါဘူး။ ဤကျင့်ကြံခြင်း နည်းပညာရပ်သည် အလွန်အဖိုးတန်ကြောင်းနှင့် အခြားရွေးချယ်စရာ ရှိလျှင် အလွယ်တကူ အသုံးမပြုရန် သူမအား ပြောပြခဲ့ပါသည်။ မဟုတ်ရင် ဘေးဥပါဒ်ကို ဖြစ်ပေါ်စေလိမ့်မည်။ တခြားလူများကို သင်မပေးပါရန်လည်း သီးသန့် ပြောပြရသေးသည်။

ကျန်းရွန်ရှင်းသည် အသက်ရှုတစ်ရှိုက်စာအတွင်းမှာပင် သဘာဝအတိုင်း သဘောတူ လိုက်သည် ။ယခုအချိန်တွင် သူမသည် ချင်ယွင်ကို နာခံသည်။

ပထမတော့၊ ချင်ယွင်၏ ဘေးဆိုးများ ဆွဲဆောင်မိလိမ့်မည်ဟူ‌သော စကားများသည် သူမသည် သိပ်မယုံကြည်မိပေမယ့် ဤနည်းပညာရပ်ကို သူမ အမှန်တကယ် စတင် လေ့ကျင့်သောအခါမှာ ချင်ယွင်၏စကားများသည် ပုံကြီးချဲ့ကားခြင်း မဟုတ်သလို နည်းနည်းလေးတောင် ပေါ့ပါးနေသည်ကို သူမ သဘောပေါက်ခဲ့သည်။

ဤနည်းပညာရပ်ကို တစ်နာရီအောက်သာ လေ့ကျင့်ပြီးနောက်၊ သူမ၏ ခွန်အားသည် ကြီးမားသော အနားသတ်ဖြင့် တိုးလာခဲ့ပြီး သူမ၏ ဝိညာဉ်စွမ်းအင် လည်ပတ်မှု နှုန်းသည် ယခင်ကထက် အဆများစွာ တိုးလာခဲ့သည်။

နောက်ထပ် နှစ်ရက်လောက်ကျင့်ကြံပြီးနောက် သူမ၏ နှလုံးသားသည် ပိုပိုပြီး တုန်လှုပ်လာခဲ့ရသည်။ သူမသည် ဤကျင့်ကြံခြင်းနည်းပညာအရပ်ကို ကျွမ်းကျင် လာသည်နှင့်အမျှ သူမ၏ ဝိညာဉ်စွမ်းအင် စုပ်ယူမှုနှုန်းသည် ကြောက်စရာကောင်း သော အခြေအနေသို့ ရောက်ရှိသွားသည်။

တတိယမြောက်နေ့တွင် သူမသည် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် နယ်ပယ်မှ သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူ အဖြစ်သို့ တိုက်ရိုက်ခုန်တက်သွားခဲ့သည်။

ဤအရာက ကျန်းရွန်ရှင်းကို အဆုံးမရှိ ထိတ်လန့်သွားစေခဲ့သည်။ မူလက သူမသည် အဆင့်ချိုးဖြတ်ကျော်ချင်သော်လည်း ဝိညာဉ်စွမ်းအင်စုဆောင်းရန် အနည်းဆုံး အချိန်သုံးလ လိုသေးသည်။ ဒါပေမယ့် အခု ယခုဤဖြစ်စဉ်ကို ပြီးမြောက်ရန် အချိန်သုံးရက်သာ လိုခဲ့သည်။

ဤနည်းပညာရပ်သည် မည်မျှကြောက်စရာကောင်းသည်ကို တွေးကြည့်နိုင်သည်။

ဤနည်းပညာရပ်သည် မည်သည့်အဆင့်ရှိသည်ကို သူမမသိသော်လည်း အကယ်၍ ဤနည်းပညာရပ်ကို လွှင့်ပစ်လိုက်မည်ဆိုလျှင် ရန်အင်ပါယာတစ်ခုလုံးနှင့် ထျန်းယွန် တိုက်ကြီးတစ်ခုလုံးကိုတောင် သွေးထွက်သံယိုဖြစ်စေမည်မှာ သေချာပါသည်။

All Chapters