ဆရာနှင့် ဆရာကတော်
Vol. 7 Ch. 104
အခန်း (၁၀၄) ဆရာနှင့် ဆရာကတော်။
ချင်ယွင်သည် ကျန်းရွန်ရှင်း၏ ကျင့်ကြံမှုတွေကို အလွန်ကောင်းမွန်လာသည်ကို မြင်လိုက်ရသောကြောင့် သူသည် စိတ်သက်သာရာရသွားသည်။
အသက်အသီး ပေါ်လာပြီးသည်နှင့် ကြီးမား သော တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မည်။ အကယ်၍ လူတစ်ဦး၏ ကျင့်ကြံမှုအခြေခံသည် အဆင့်တစ်ခုတိုးလာပါက သူတို့၏ အသက်ရှင် ရပ်တည်နိုင်ခြေသည် အဆင့်တစ်ခု တိုးလာမည်ဖြစ်သည်။
ထို့အပြင်၊ သူသည် ကျန်းရွန်ရှင်း၏ဘေးမှာ အသက်သစ်ပင်ပေါ်လာလျှင်ပင် အသက်သစ်သီးကို မကောက်မကိုင်ရန် အထူးညွှန်ကြားထားသည်။
ချင်ယွင်၏စကားကို ကြားရလျှင် ကျန်းရွန်ရှင်း သည် သံသယ နည်းနည်းလေးမှ မရှိခဲ့ဘဲ သူမသည် ချက်ချင်း သဘောတူခဲ့သည်။
ဤအရာက ချင်ယွင်ကို သူ၏ရင်ထဲ အလွန်ထိမှန်စေခဲ့သည်။ ကျန်းရွန်ရှင်းသည် ဂိုဏ်း၏ ကောင်းကင်ဘုံ သမီးတော်ဖြစ်သည်။ ယခု သူမသည် ဤကဲ့သို့ နာခံနိုင်ခဲ့ပြီး သူ့အတွက် သူမ၏ ခံစားချက်များကို အမှန်တကယ် ပေးဆပ်ခဲ့သည်ကို တွေ့မြင်နိုင် သည်။
ထိုအချိန်ကာလလေး အတွင်းမှာပင် ချင်ယွင်သည်လည်း သူ၏နှလုံးသားထဲတွင် ကျန်းရွန်ရှင်း၏ ပုံရိပ်က ကြီးမားသထက် ကြီးမားလာသည်ကို တွေ့ရှိခဲ့ရ၏။ ထိုကြောင့် သူသည် ကျန်းရွန်ရှင်းကို လုံးဝ မထိခိုက်စေလိုပေ။
အသက်သစ်ပင်မပေါ်မှီ အချိန်သုံးရက်ကျန်သေးသည်။ ဤကာလအတွင်း၌ ကျွမ်းကျင် ပညာရှင်အများအပြားသည် တိုင်ယွန် တောင်တန်းများသို့ ရောက်ရှိလာခဲ့ကြသည်။ အများစုမှာ သိုင်းဂိုဏ်းချုပ် ကျွမ်းကျင်သူများဖြစ်ကြသည်။ အများစုမှာ တကိုယ်တော် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း အဖွဲ့စည်းအမျိုးမျိုးမှ ကျွမ်းကျင်သူများလည်း အနည်းငယ်လည်း ပါဝင်သည်။
သိုင်းမြို့စားကျွမ်းကျင်သူများနှင့် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများအနေဖြင့်မူ၊ သူတို့သည် ဟိုးရှေးယခင်ကတည်းက ရောက်လာခဲ့ဖွယ်ရှိသော်လည်း သူတို့သည် မိုးကြိုးဝိညာဉ်ဂိုဏ်း၏ တော်ဝင်အကြီးအကဲကဲ့သို့ အရိပ်များထဲတွင် ပုန်းနေကြမည် ဖြစ်သည်။
ဤကာလအတွင်း တိုင်ယွန်တောင်တန်းသို့ ကျင့်ကြံသူ နှစ်ထောင်ထက်မနည်း ရှိလိမ့်မည်ဟု ချင်ယွင် ခန့်မှန်းထားသည်။ အမှောင်ထဲမှာ ပုန်းအောင်းနေသော ကျွမ်းကျင်သူများပါ ထပ်ထည့်လိုက်လျှင် ကျင့်ကြံသူ နှစ်ထောင်ငါးရာထက် မနည်း ရှိနိုင်လိမ့်မည်။
ယင်းက ကြောက်စရာကောင်းသည့် ကိန်းဂဏန်းတစ်ခု ဖြစ်လုနီးနီး ဖြစ်သည်။ စဉ်းစားကြည့်ပါ၊ လူ၂၅၀၀သည် ထိုအသက်သစ်သီးသုံးလုံးအတွက်သာ တိုက်ပွဲ ဝင်နေကြသည်။ ယင်းအနေထားကို ကြည့်လိုက်လျှင် မည်မျှခက်ခဲမည် ဆိုသည်ကို သိနိုင်ပါသည်။
အကယ်၍ အသက်သစ်ပင်က သင်၏ဘေးမှာ ပေါ်လာလျှင်တောင် သင်သည် ယင်း၏အသက်သစ်သီး ကောက်ယူရန် လက်လှမ်းလိုက်စဉ်မှာပင် ဓားက သင်၏ အနောက်ကျောကနေ ထိုးဖောက်သွားနိုင်ပါသည်။
ချင်ယွင်သည် စိတ်လှုပ်ရှားမူနှင့်အတူသက်ပြင်းချလိုက်သည်။ အသက်သစ်ပင်မပေါ်ခင် အချိန်သုံးရက် ကျန်သေးသည်။ ထိုအချိန်ရောက်လျှင် အရေအတွက်က နှစ်ဆဖြစ်သွားနိုင်သည်။ အများစုသည် နောက်ဆုံးနေ့မှ ပေါ်လာရန် ရွေးချယ်ကြ ထားသည်။ သို့သော် ဤတိုက်ပွဲအပြီးတွင် လူမည်မျှသေဆုံးမည်ကို မည်သူမျှ မသိခဲ့ကြပေ။
သတ္တမနေ့တွင်၊ ချင်ယွင်သည် နောက်ဆုံးတွင် ထိုအသိအကျွမ်းနှစ်ယောက်ကို တွေ့လိုက်ရသည်။
ဤလူနှစ်ယောက်သည် မိုးကြိုး၀ိညာဉ်မြို့၏ မြို့တော်သခင်နှင့် သူ၏စျေးပေါပေါ ရထားသည့် တပည့် ဇောင်ယုမှလွဲ၍ အခြားသူများ မဟုတ်ပေ။
ချင်ယွင်သည် ကျန်းရွန်ရှင်းနှင့်အတူ ချင်ဘာတန်ဆီသို့ လျှောက်သွားခဲ့သည်။ ပထမတော့ ချင်ဘာတန်သည် ချင်ယွင်ကို မသိပေမယ့် ဇောင်ယုက သူ၏နား အနားကပ်ကာ တစ်စုံတစ်ခုကို တိုးတိုးပြောပြီးနောက် ချင်ယွင်ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။
"အစ်ကိုချင် မတွေ့တာကြာပြီ" ချင်ယွင်က နှုတ်ဆက်သည်။
ချင်ဘာတန်သည် ချင်ယွင်ကိုမြင်သောအခါ စိတ်လှုပ်ရှားစွာ ပြောသည် "ညီလေး၊ မင်း သတင်းမကြားရတာတောင် တော်တော်ကြာခဲ့ပြီဘဲ။ ငါက မင်းကိုစိုးရိမ်နေတုန်းပဲ"
တကယ်တော့ ချင်ဘာတန်သည် ထိုနေ့တုန်းကချင်ယွင်ကို မိုးကြိုး၀ိညာဉ်မြို့မှ လိုက်မပို့ခဲ့ခြင်းအတွက် အမြဲ နောင်တရနေခဲ့သည်။ မဟုတ်ရင် ချင်ယွင်သည် ရှီတိုင်ယာ၏ ဝိုင်း၀န်းတိုက်ခိုက်မူကို ခံရမှာမဟုတ်သလို ချင်ယွင်လည်း ရှီတိုင်ယာကို သတ်ဖြတ်ရန် လိုအပ်မှာမဟုတ်ပေ။
သူ၏ထင်မြင်ချက်အရ ချင်ယွင်သည် ဤနေရာပတ်၀န်းမှ ထွက်ခွာသွားသည်မှာ ကြာပြီ ဖြစ်သည်။
သူ၏သမီးကို မည်သို့ကယ်တင်ရမည်နည်းဟု တွေးပူနေချိန်မှာ ဇောင်ယုသည် သူ့ကို ရုတ်တရက် လာတွေ့သွားပြီး သူ၏ဆရာက အပြင်စည်းဂိုဏ်းထဲကို ဝင်နေပြီဟု သူ့ကို
ပြောခဲ့သည်။
ဤအရာက ချင်ဘာတန်ကို အလွန်ပျော်ရွှင်စေခဲ့သည်။ တစ်နေ့တွင် ချင်ယွင်သည် သူ၏သမီးကို ဘေးကင်းစွာဖြင့် ပြန်ခေါ်လာနိုင်လိမ့်မည်ဟု သူ တိတ်တဆိတ် မျှော်လင့်ခဲ့သည်။
ယခုအချိန်တွင် သူသည် ချင်ယွင်ကို မြင်လိုက်ရသောအခါ လွန်ခဲ့သည့်အခိုက် အတန့်တွင် ခံစားခဲ့ရသော ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်းနှင့် ကျေးဇူးတင်ခြင်း တို့သည် သူ့နှလုံးသားထဲသို့ ချက်ချင်းဝင်လာသည်။
ချင်ယွင်သည် ချင်ဘာတန်၏ အတွေးများကို သဘာဝကျကျ မြင်ပြီး "အစ်ကိုချင်၊ စိတ်မပူပါနဲ့၊ ငါ မင်းကို ကတိပေးထားတဲ့အတိုင်း သေချာလုပ်ပါ့မယ်။"
ချင်ဘာတန်သည် ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြပြီး ချင်ယွင်၏ ပခုံးကိုပုတ်ကာ "ဒါဆို ငါ ဒီကိစ္စကို မင်းအတွက်ထားခဲ့လိုက်မယ် ညီလေး။"
ချင်ယွင် အနားမှာ ရပ်နေသည့် ကျန်းရွန်ရှင်းသည် ဤအရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေပေမယ့် သူမ၏စိတ်ထဲမှာ အံ့ဩခြင်းများ ပြည့်နှက်နေပါသည်။
မိုးကြိုး၀ိညာဉ်ဂိုဏ်းနှင့် မိုးကြိုး၀ိညာဉ်မြို့သည် အလွန်နီးကပ်သောကြောင့် ချင်ဘာတန်သည် ချင်ရွှန်းရွှန်း၏ ဖခင်ဖြစ်မှန်း သူမသိထားပြီး ကျန်းရွန်ရှင်းသည် ချင်ဘာတန် နှင့် သဘာဝအတိုင်း တွေ့ဆုံဖူးသည်။ သို့သော် သူမ မမျှော်လင့်ထားသည့် အရာမှာ ချင်ယွင်နှင့် ချင်ဘာတန်တို့သည် အချင်းချင်း အမှန်တကယ် ညီအစ်ကိုများဟု ခေါ်ကြခြင်းပင် ဖြစ်သည်။
"စကားမစပ်၊ ဒါကဘယ်သူလဲ" ချင်ဘာတန်သည် ကျန်းရွန်ရှင်းကို ရုတ်တရက် ကြည့်လိုက်ပြီး ပြောလိုက်သည်။
ချင်ယွင်က သူကိုယ်တိုင် မိတ်ဆက်တော့ပေးမည့်အချိန်မှာ သူ၏ဘေးမှာ ရပ်နေသည့် ကျန်းရွန်ရှင်းက သူ၏လက်ကို ဖမ်းဆွဲလိုက်ပြီး "ကျွန်မနာမည်က ကျန်းရွန်ရှင်းပါ၊ ကျွန်မက လင်းယွင်ရဲ့ဇနီးပါ။ ရှင့်ကို အစ်ကိုချင် လို့ ခေါ်လို့ရမလား"
ကျန်းရွန်ရှင်းက ထိုကဲ့သို့ပြောလာသည့်အခါ ချင်ဘာတန်သည် ခဏလောက် အံ့အားသင့်သွားခဲ့ပြီး "ဒါဆို ငါ့ခယ်မပေါ့။ မင်းက ငါ့ကို အစ်ကိုချင်လို့ ခေါ်နိုင်ပါတယ်။ မင်းငါ့ကို အစ်ကိုချင်လို့ ခေါ်နိုင်ပါတယ်။" ထိုစကားကို ပြောပြီးနောက် ချင်ယွင်ကို အဓိပ္ပါယ်ရှိစွာ ကြည့်လိုက်သည်။
ချင်ယွင်၏ မျက်နှာသည် ရှက်ကိုးရှက်ကန်းအမူယာဖြင့် ပြည့်နှက်နေသည်။
သို့သော် ဤအခိုက်အတန့်တွင် အချိန်အတော်ကြာ တိတ်ဆိတ်နေသော ဇောင်ယုသည် ရုတ်တရက် ထွက်သွားပြီး "တပည့် ဇောင်ယုက ဆရာကတော်ကို နှုတ်ဆက်ပါတယ်" ဟုဆိုသည်။
ချင်ယွင်သည် ဇောင်ယုကို ချက်ချင်းပင် စိုက်ကြည့်ကာ ဇောင်ယုကို သတ်ပစ်ရန် တွန်းအားပေးမူတခုကိုပင် ခံစားရလေသည်။
ဤအကောင်က စောစောထွက်လာခြင်း သို့မဟုတ် နောက်ကျမှ ထွက်လာခြင်းမျိုး မဟုတ်ဘဲ ဤအချိန်ကျမှ အချိန်ကိုက် ထွက်လာသည်။ သူသည် သူ၏ဆရာကို ကျီစားချင်နေသည်မှာ ရှင်းနေသည် မဟုတ်ပါလား။
သို့သော်လည်း ကျန်းရွန်ရှင်းသည်သူမ၏ မျက်လုံးများ မှေးကျဥ်းသွားသည်အထိပြုံးပြီး သူမသည် ဇောင်ယု၏ခေါင်းကို ဝမ်းသာအားရ ကိုင်လိုက်ကာ ပြောသည် "အလိုက်သိ လိုက်တဲ့ ကောင်လေး၊ ဒီတစ်ခါတော့ ငါနဲ့အတူ နှုတ်ဆက်လက် ဆောင်တစ်ခုမှ ယူမလာခဲ့ရသေးဘူးနော်။ နောက်တစ်ခါ ပေးပါ့မယ်"
ဇောင်ယုသည် အဆောလျင်စွာ ခေါင်းညိတ်လိုက်ပြီး စိတ်ဓာတ်ကျနေသော သူ၏ဆရာ ချင်ယွင်ကို ကြည့်လိုက်သည်။ ထိုနောက် သူသည် ချင်ယွင်ကို အခုမှမြင်သည့် ပုံစံမျိုးဖြင့် ပြောလိုက်သည် "ဆရာ၊ ဒါဆို ဆရာလည်း ဒီကို ရောက်နေတာပေါ့ " ဟူ၏။
ချင်ယွင်သည် ဒေါသအရမ်းထွက်ပြီး သွားများပင် ယားယံလာသည်။
ကျန်းရွန်ရှင်းသည် ဤမြင်ကွင်းကို မြင်သောအခါ သူမသည် ချက်ချင်းပင် လူတိုင်းကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားလောက်သည့်အပြုံးဖြင့် ပြုံးပြသည်။
ချင်ယွင်သည် သူ့တပည့်၏လှည့်စားခြင်းကိုသိသော်လည်း ဇောင်ယုသည် ပို၍ ရွှင်လန်းလာသည်ကို တွေ့ရသဖြင့် ချင်ယွင်သည် ပို၍ စိတ်သက် သာရာ ရသွားသည်။
ဇောင်ယုကို ပထမဆုံး မြင်ဖူးသည့်အချိန်က သူသည် အေးစက်စက် မျက်နှာ ဖြစ်နေသေးသည်ကို သူမှတ်မိနေသေးသည်။ သူသည် လူများကို အေးလည်းမအေး ပူလည်းမပူစေသည့်လူစားမျိုးဖြစ်သည်။ သူသည် ယခုလိုမျိုး မည်ကဲ့သို့ ဟာသလုပ် ပြနိုင်မှာလဲ ။
ထို့အပြင်၊ ဇောင်ယုသည် အင်မော်တယ်ရွှေကိုယ်ထည်ခန္ဓာအား ဒုတိယအလွှာ၏ အထွတ် အထိပ်ထိ ကျင့်ကြံထားခဲ့ပြီး သူသည် သိုင်းသခင်နယ်ပယ် န၀မအဆင့် ကောင်းကင်အလွှာ အထိ အားကောင်းလာခဲ့ကြောင်း ချင်ယွင် တွေ့ရှိခဲ့သည်။ ဤအရာတစ်ခုတည်းဖြင့်ပင် ချင်ယွင်ကို အံ့အားသင့်စေနိုင်ခဲ့သည်။ အင်မော်တယ် ရွှေကိုယ်ထည်ခန္ဓာသည် လေ့ကျင့်ရန် လွယ်ကူသည်မဟုတ်ပေ။ သူ ရှေ့ဆက် လျှောက်လေ၊ လေ့ကျင့်ရန် ပိုခက်ခဲလေလေဖြစ်ပြီး နာကျင်မူကို သူခံနိုင်ရည်ရှိရလေ ဖြစ်သည်။
ဇောင်ယုသည် အင်မော်တယ်ရွှေကိုယ်ထည်ခန္ဓာကို ဒုတိယအလွှာ၏အထွတ်အထိပ်သို့ ရောက်ရှိရန် တစ်လသာ အသုံးပြုခဲ့သည်။ ဤကာလအတွင်း ဇောင်ယုသည် မည်မျှ ခံနိုင်ရည်ရှိရမည်ကို တွေးကြည့်နိုင်သည်။
ယခုအချိန်တွင်၊ ချင်ယွင်သည် ဇောင်ယုကို သူ၏တပည့်အဖြစ် လက်ခံလိုက်ရသည့် အတွက် အလွန်ဝမ်းသာမိပါသည်။ ဇောင်ယု၏ ကျင့်ကြံမှု စွမ်းရည်ကို မပြောနှင့်၊ ဤစိတ်ထားမျိုးသည်ပင် အလွန်ရှားပါးသောအရာဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် ဇောင်ယုသည် ချင်ယွင်၏အနားသို့ရုတ်တရက်တိုးကာ သူ၏ နားအနားကပ်ကာ တိုးတိုးလေးပြောလိုက်သည်။
"ဆရာ ၊ စီနီယာချင်ကလည်း သူ့သမီးကို ဆရာနဲ့ ထိမ်းမြားပေးချင်တယ်လို့ ကျွန်တော့်နားအနားကပ်ကာ တီးတိုးပြောဖူးတယ်။ ဆရာဆန္ဒရှိလားလို့ မေးချင်နေတယ်၊ အခု ဆရာက ဆရာနဲ့အတူ ဆရာကတော်ကိုပါ ဒီကို လာခေါ်ခဲ့တာဆိုတော့ ဒီကိစ္စရဲ့ အဆုံးသတ်ကို ကျွန်တော် ကြောက်မိတယ်။ ."ဇောင်ယုသည် ချင်ယွင်၏ နားတွင်ကပ်ကာ တိုးတိုးလေး ပြောသည်။
ချင်ယွင်၏ အမူအရာသည် အံ့သြစရာကောင်း နေပြီး သူ၏စိတ်ထဲတွင် ဒေါသနှင့် အတူရယ်စရာ ဖြစ်နေသည်။ သူသည် ဇောင်ယုကို တိုက်ရိုက်ကန်ပြီး လွင့်ထွက်သွား စေခဲ့၏။
မလှမ်းမကမ်းတွင်၊ ချင်ဘာတန် နှင့် ကျန်းရွန်ရှင်းတို့သည် ရှက်ရွံ့မှုကို ခံစားရလေ သည်။ သူတို့၏ ကျင့်ကြံမှုအဆင့်ကို ရောက်သော အခါ သူတို့၏အကြားအာရုံသည် သာမန်ထက်ထူးခြားသော လူတစ်ယောက် ရောက်နိုင်သော အဆင့်ကို ရောက်နေပါပြီ။ ထို့ကြောင့် ဇောင်ယုပြောသော စကားတိုင်းကို သူတို့နှစ်ဦးကြားလိုက်ရသည်။
အထူးသဖြင့် ချင်ဘာတန်ဖြစ်သည်။ သူ၏ မျက်နှာမှာ ပူလောင်သည့်ခံစားချက်ကို ခံစားလိုက်ရပြီး သူ၏စိတ်ထဲတွင် မုန်းတီးနေမိ၏ "ဇောင်ယု၊ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ငါနဲ့အတူတူ လေ့ကျင့်နေခဲ့တဲ့ ဇောင်ယု မဟုတ်တော့ဘူးလား? အိမ်ပြန်ရောက်တဲ့အခါ ငါ မင်းကို ဘယ်လို ကောင်းကောင်းဆက်ဆံမလဲဆိုတာ ကြည့်ကြတာပေါ့။"