မဟာတိုက်ပွဲကြီး အကြို
Vol. 7 Ch. 105
အခန်း (၁၀၅) မဟာတိုက်ပွဲကြီး အကြို
ချင်ဘာတန်နှင့် အခြားသူများကို တွေ့ဆုံပြီးနောက် ချင်ယွင်သည် မိုးကြိုးဝိညာဉ် ဂိုဏ်းအဖွဲ့ဆီသို့ ပြန်သွားခဲ့သည်။
သူသည် ချင်ဘာတန် ဇောင်ယုတို့နှင့်အတူမနေခဲ့ပါဘူး။ အန္တရာယ်များ ကြုံတွေ့လာ သည့်အခါ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်နိုင်သည့်အပြင် မမျှော်လင့်ထားသော အကျိုးသက်ရောက်မှုများလည်း ရှိလာနိုင်ပါသည်။
"အား!"
ရှစ်ရက်မြောက်နေ့တွင်၊ မဟာတိုက်ပွဲကြီးတစ်ခုအတွက် ကနဦးရှေးပြေး ကြွေးကြော် သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ချင်ယွင်နှင့် အခြားသူတို့သည် သနားစရာကောင်းသော အော်ဟစ်သံများ၏ အရင်း အမြစ်ရှိရာဆီကို ရောက်ရှိလာသောအခါ သူတို့ရှေ့မှ မြင်ကွင်းသည် သူတို့၏ မျက်လုံးများကို လုံးဝ ကျဉ်းသွားစေခဲ့သည်။
လင်းတန်ဂိုဏ်း၊ ဘိုင်ယွန်ကျောင်းတော်နှင့် ဘိုင်ယွမ်စီရင်စုရှိအင်အားစုများသည် အမှန်တကယ် ပူးပေါင်းလိုက်ပုံရပြီး အသက်သစ်ပင် ပေါ်လာမည်ထင်သည့် နေရာကို စတင် ပိတ်ပစ်ခဲ့ခြင်း ဖြစ်သည်။ နယ်မြေအတွင်းသို့ အတင်းအဓမ္မ ချိုးဖောက် ဝင်ရောက်လိုသူ မည်သူမဆို သတ်ဖြတ်ခံခဲ့ရသည်။
မြေပြင်ပေါ်ရှိ မပြည့်စုံသောအလောင်းများက ပုံစံပြရန် ဥပမာကောင်းများ ဖြစ်ကြသည်။ ယခုလေးတင်မှ ဤတကိုယ်တော် ကျင့်ကြံသူသုံးယောက်သည် လင်းတန်ဂိုဏ်းနှင့် ဘိုင်ယွန်ကျောင်းတော်၏ နိုင်လိုမင်းထက် ပြုမူသည့် စနစ်ကို လက်ခံရန် ငြင်းဆန်ခဲ့ပြီး ရှေ့ဆက်တိုးရန် ပြင်ဆင်ခဲ့ကြသည်။ သို့သော် ၎င်းတို့သည် လင်းတန်ဂိုဏ်း တပည့်တစ်ဦး၏ တိုက်ကွက်တစ်ခုတည်းဖြင့် အသတ်ခံခဲ့ရသည်။ သူတို့၏ ခြေလက်အင်္ဂါ အစိတ်ပိုင်းများသည် မြေပြင်ပေါ်တွင် ပြန့်ကြဲနေသည်။
ဘေးပတ်ဝန်းကျင်မှ ကြည့်ရှုသူများအားလုံးသည် ထိတ်လန့်သည့်အမူအရာများ ရှိနေကြပြီး ထိုဧရိယာထဲ မ၀င်ရဲကြပေ။
ထိုအပြင် လင်းတန်ဂိုဏ်းနှင့် ဘိုင်ယွန်ကျောင်းတော်၏ တပည့်များအားလုံးသည် ဤတောင်သစ်တောဧရိယာသို့ ဝင်ရောက်ရန် အရေးကြီးသော လမ်းဆုံများစွာကို စောင့်ကြပ်ထားသည်။ ကျန်ဧရိယာသည် ချောက်ကမ်းပါးဖြစ်ကြပြီး အကယ်၍ သူတို့သာ ဝင်လိုပါက ၎င်းတို့၏ ခံစစ်စည်းများကို ဖြတ်ကျော်ရမည် ဖြစ်သည်။
လင်းတန်ဂိုဏ်းနှင့် ဘိုင်ယွန်ကျောင်းတော်၏ ပိတ်ဆို့ခြင်းကို ဖြတ်ကျော်ရန် ယုံကြည်မူ မရှိသေးသော လူအနည်းငယ်၊ထိုမှတဆင့် တစ်ဒါဇင် သို့မဟုတ် ပိုမိုများပြား သောလူများ စုဝေးလာခဲ့ကြသည်။ သို့သော်လည်း လင်းဖန်သည် ပြေးထွက်လာခဲ့ပြီး ၎င်းတို့အားလုံးကို အလွန်ရက်စက်ကြမ်းကြုတ်သည့်ပုံစံဖြင့် သတ်ပစ်လိုက်သည်။ အလောင်းများကို ကြိုးဖြင့်ဆွဲကာ သူတို့ကို သတိပေးထားသည်။
ယင်းကြောင့် တကိုယ်တော်ကျင့်ကြံသူများနှင့် အမျိုးမျိုးသော အုပ်စုငယ်များမှ ကျင့်ကြံသူများသည် အဆုံးမရှိ ဒေါသကို ခံစားခဲ့ရသည်။ သူတို့သည် လင်းတန်ဂိုဏ်းနှင့် ဘိုင်ယွန်ကျောင်းတော်ကို နိုင်ထက်စည်းနင်းပြုမူသော ကြောင့် ကျိန်ဆဲခဲ့ကြသော်လည်း မည်သူမျှ ဝင်မတိုက်ဝံ့ကြပေ။
သို့သော် ဤနေရာ၌ အစွမ်းထက်ဆုံး ချင်ဘာတန်သည်ပင် အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်နယ်ပယ်၏ အထွတ်အထိပ်တွင်သာ ရှိသေးသည်။ သူသည် လင်းဖန်နှင့် ဖန်းမန့်တို့ကို မယှဉ်နိုင်ပေ။ ထို့ကြောင့် သူတို့သည် သူတို့၏ ကိုယ်ပိုင်အင်အားကို အားကိုးခြင်းဖြင့် ပိတ်ဆို့တားဆီးခြင်းကို ဖြတ်ကျော်ရန် မဖြစ်နိုင်ပေ။
ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်ပြီး မိုးကြိုးဝိညာဉ်ဂိုဏ်းသည် အင်အားစုကြီး သုံးခုတွင် အမြဲတမ်း တတိယအဆင့်တွင်ရှိသော် လည်း လင်းတန်ဂိုဏ်း၊ ဘိုင်ယွန်ကျောင်းတော် တို့နှင့် နှိုင်းယှဉ်ပါက ကွာဟချက် ကြီးကြီးမားမား ရှိနေသေး သည်။ တပည့်များ၏ ခွန်အားအရ၊ မိုးကြိုးဝိညာဉ်ဂိုဏ်းဘက်မှ အစွမ်းထက်ဆုံး တပည့်သည် အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် နယ်ပယ်၏ အထွတ် အထိပ်တွင်သာ ရှိပြီး လင်းတန်ဂိုဏ်းနှင့် ဘိုင်ယွန် ကျောင်းတော်ပေါင်းစပ်ထားသော အဓိကအင်အားစုနှစ်ခုတွင် ၎င်းအဆင့်အထက်တွင် တပည့်ခြောက်ယောက်နီးပါး ရှိနေသည်ကို တွေ့နိုင်သည်။
မိုးကြိုး၀ိညာဥ်ဂိုဏ်းသည် အခြားသော အင်အားစုနှစ်ခုနှင့် မည်မျှကွာခြားသည်ကို တွေးကြည့်နိုင်သည်။
ထို့အပြင်၊ သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူတစ်ဦးမှ ဤနေရာမှာ ထွက်ပေါ်လာခြင်း မရှိပေ။ လင်းတန်ဂိုဏ်းနှင့် ဘိုင်ယွန်ကျောင်းတော်မှ သိုင်းမြို့စားများသည် အခြားသော အင်အား စုများ၏ သိုင်းမြို့စားများအပေါ် ဖိအားများ သက်ရောက် စေခဲ့ပြီး ၎င်းတို့အား အကြွင်းမဲ့ စိုးရိမ်ပူပန်မှုများဖြစ်စေခဲ့သည်ကို တွေ့မြင်နိုင်သည်။
သို့သော် သူကရော လင်းတန်ဂိုဏ်းနှင့် ဘိုင်ယွန် ကျောင်းတော်တို့ကို မည်သူ့ကို မျှဂရုမစိုက်ဘဲ ရက်စက်ကြမ်းကြုတ်စွာ ပြုမူနေမူကို ခွင့်ပြုလိုက်ရမည်လား? ။
လူတော်တော်များများသည် သဘောမတူကြဘူးဆိုသည်မှာ ထင်ရှားပါသည်။
ဟုတ်ပါသည်၊ အခြားလူတစ်ယောက်သည် လင်းတန်ဂိုဏ်းနဲ့ ဘိုင်ယွန် ကျောင်းတော် ကြားက ပိတ်ဆို့ထားမှုကို ကျော်လွှားရန် နောက်တကြိမ်လူများကို စုစည်းချင်လာခဲ့ သည်။ လင်းတန်ဂိုဏ်းနှင့် ဘိုင်ယွန်ကျောင်းတော်သည် အရေအတွက် အကန့်သတ် ရှိသည်။ ဤတကိုယ်တော် ကျင့်ကြံသူများ ပေါင်းစည်းလိုက်သည်နှင့် တပြိုင်နက်ပင် ၎င်းတို့ကို တားဆီးနိုင်မည် မဟုတ်ပေ။
သို့သော်လည်း လင်ဖန် နှင့် ဖန်းမန့် တို့သည် ဤအရာကိုလည်း သဘောပေါက် သွားပုံရသည်။ ထိုကျင့်ကြံသူသည် အခြားကျွမ်းကျင်သူများကို စုစည်းရန် ရှေ့တိုးလာ စဉ်တွင် လင်းဖန်နှင့် ဖန်းမန့်တို့က အညှာအတာမဲ့စွာ သတ်ပစ်ခဲ့ကြသည်။
ယင်းနောက်မှာတော့ ထပ်တူထပ်မျှ ဖြစ်ရပ်များဖြစ်ပျက်ခဲ့ပါသည်။ ရလာဒ်အနေဖြင့် နောက်တစ်ကြိမ် ပေါ်ထွက်ဖို့ ဘယ်သူမှ သတ္တိမရှိတော့ပါဘူး။
လင်းတန်ဂိုဏ်းနှင့် ဘိုင်ယွန်ကျောင်းတော် တို့သည် အလွန်ရက်စက်ကြမ်းကြုတ်သော ပုံစံဖြင့် ထိုနေရာကို တစ်နေကုန် စောင့်ကြပ်ခဲ့သည်။
သူတို့သည် အသက်သစ်ပင်ထွက်ပေါ်ရန် တစ်ရက်သာ လိုတော့သည့်အချိန်မှာ လင်းတန် ဂိုဏ်းနှင့် ဘိုင်ယွန်ကျောင်းတော်၏ ပိတ်ဆို့တားဆီးခြင်းကို မကျော်ဖြတ် နိုင်ခဲ့ဘဲ အားလုံး၏ နှလုံးသားများ ပူလောင်နေခဲ့သည်။
မိုးကြိုး၀ိညာဥ်ဂိုဏ်းဘက်တွင်၊ တပည့်များသည် ဘိုင်ချီဟန်နှင့် ကျိုးယုတို့ကို တင်းကြပ်စွာ ဝိုင်းရံထားပြီး တန်ပြန်အစီအစဥ်များကို ဆွေးနွေးနေကြသည်။
"ငါတို့ဘာလုပ်ရမလဲ။ တစ်ရက်ပဲကျန်တော့တယ်။ သူတို့ပိတ်ဆို့တားဆီးမူကို မကျော် ဖြတ်နိုင်ရင် အသက်သစ်သီးနဲ့ပတ်သက်တဲ့ကံကောင်းခြင်းကနေ လုံး၀ လွဲချော်သွား လိမ့်မယ်။" မိုးကြိုး၀ိညာဥ်ဂိုဏ်းမှ တပည့်တစ်ဦးက စိုးရိမ်တကြီး မေးသည်။
"ငါတို့အနေနဲ့ ဘာကြောင့် ဒီတကိုယ်တော် ကျင့်ကြံများနဲ့အတူ လက်တွဲပြီး တဟုန်ထိုး မထိုးဖောက်ကြတာလဲ။ သူတို့က ငါတို့အားလုံးကို တားနိုင်မယ်လို့ ငါမယုံဘူး။" နောက်တပည့်တစ်ယောက်က ပြောသည်။
"ဒါက အသုံးမဝင်ဘူး။ လင်းဖန်နဲ့ ဖန်းမန့် တို့ရဲ့စောင့်ကြည့်မူနဲ့ဆို ရှေ့ထွက်ရဲတဲ့မည်သူ မဆို ချက်ချင်း အသတ်ခံရလိမ့်မယ်။ သူတို့က မင်းကို အခွင့်အရေး လုံးဝမပေးဘူး။" တပည့်ငယ်တစ်ဦးက ၀င်ပြောသည်။
"ဒါဆို ငါတို့ဘာလုပ်သင့်လဲ၊ အသက်သစ်သီး တွေကို သူတို့လုယူသွားမှာကို ငါတို့ စောင့်ကြည့်နေရမှာလား။" အရင်ဆုံးပြောသည့် မိုးကြိုး၀ိညာဥ်ဂိုဏ်းကတပည့်က ထပ်မေးသည်။
အားလုံး ငြိမ်ကျသွားပြီး အလယ်မှာ ထိုင်နေသော ဘိုင်ချီဟန်နှင့် ကျိုးယုကို လှည့်ကြည့်လိုက်သည်။
ဘိုင်ချီဟန်နှင့်ကျိုးယုတို့သည် သူတို့၏ မျက်နှာများပေါ်မှာ အကူအညီမဲ့သည့် အမူ အရာများ ရှိနေကြသည်။ ရှင်းရှင်းပြောရရင် သူတို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိပါဘူး။
လင်းဖန်နှင့် ဖန်းမန့်တို့သည် အစွမ်းထက်လွန်းသည်။ အကယ်၍ သူတို့ထဲက တစ်ယောက်ကို သူတို့နှစ်ယောက် လက်တွဲတိုက်ခိုက်မည်ဆိုလျှင် လွယ်ကူ လိမ့်မယ်၊ ဒါပေမယ့် သူတို့အတွက် ယခုလိုမျိုးလုပ်ဖို့က အမှန်တကယ် ခက်ခဲပါလိမ့်မည်။
သို့သော် ထိုအချိန်တွင် ထောင့်တစ်နေရာမှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ သည်။
"တကယ်လို့ လင်းဖန်ကို ငါတားဆီးနိုင်ရင် မင်းတို့နှစ်ယောက် အတူလက်တွဲပြီး ဖန်းမန့်ကို တားဆီးနိုင်မလား။" ထောင့်တနေရာမှ အသံက အကျယ်ကြီးမဟုတ် ပေမယ့် လူတိုင်းကို အနည်းငယ် ထိတ်လန့်စေသည်။
သို့သော်၊ ချင်ယွင်သည် ထောင့်စွန်းတွင် တစ်ဦးတည်းသော လူတစ်ယောက် ဖြစ်သည် ကို မြင်သောအခါ၊ သူတို့၏ မျက်နှာများသည် အထင်အမြင်သေးသည့် အမူအရာများ ထွက်ပေါ်လာသည်။
"မင်းက လင်းဖန်ကို တားဆီးနိုင်မယ် ဟုတ်လား။ မင်း သရဲတစ္ဆေကိုပဲ လိမ်လို့ရမယ်။ မင်းကိုယ်မင်း ဘာထင်နေလဲ။" မိုးကြိုး၀ိညာဥ်ဂိုဏ်းမှ တပည့်တစ်ဦးက အထင်သေးစွာ ပြောသည်။
'"မင်း" ကျန်းရွန်ရှင်းက ထိုတပည့်ကို ချက်ချင်းပင် ဒေါသတကြီး စိုက်ကြည့် လိုက်သည်။ သူမသည် အပြေးအလွှားသွားပြီး ထိုတပည့်နှင့် စာရင်းရှင်းခြင်း သော်လည်း ချင်ယွင်က သူမကို တားလိုက်သည်။
ချင်ယွင်သည် တပည့်၏ စကားကို လျစ်လျူရှုပြီး ဘိုင်ချီဟန်နှင့် ကျိုးယုကို ကြည့်လိုက် သည်။
ကျိုးယုသည် မျက်မှောင်ကြုတ်ပြီး ဘာမှပြန်မပြော။
ဘိုင်ချီဟန်သည် အံ့သြသည့် အပြုံးကို ထုတ်ပြပြီး" လင်းဖန်ကို မင်းတကယ် တားဆီးနိုင်မလား ?"
ချင်ယွင်က လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။
ဘိုင်ချီဟန်သည် အနည်းငယ် အံ့သြသွားပြီး "ကောင်းပြီ၊ မင်းက လင်းဖန်ကို တားဆီး နိုင်သရွေ့ ၊ ကျိုးယုနဲ့ ငါက ဖန်းမန့်တို့ကို တားဆီထားနိုင်ပါသေးတယ်။ ဒါပေမယ့် လင်းတန်ဂိုဏ်း နဲ့ ဘိုင်ယွန်ကျောင်းတော်ရဲ့ တပည့်တွေကိုကော ဘယ်လိုလုပ်မလဲ။"
ချင်ယွင်က ပြုံးပြီးပြောသည် "လင်းဖန်နဲ့ဖန်းမန့်တို့ကို တားဆီးထားနိုင်ရင် အဲဒီတပည့်တွေနဲ့ရင်ဆိုဖို့ တကိုယ်တော် ကျင့်ကြံသူတွေကို စုဆောင်းမယ့် လူတစ်ယောက်ရှိရမယ်"
ဘိုင်ချီဟန်က ခေါင်းညိတ်ပြီး စိတ်ပူစွာ မေးလိုက်သည် "ကောင်းပြီ၊ ဒါပေမယ့် လင်းဖန်ကို မင်း တကယ် တားနိုင်မှာလား။"
ချင်ယွင်က ပြုံးပြီး ဘာမှပြန်မပြော။ သူသည် သူ၏ ကျင့်ကြံမူအဆင့်ကို သိုင်းသခင်နယ်ပယ် နဝမအဆင့် ကောင်းကင်အလွှာမှ သိုင်းဂိုဏ်း ချုပ်နယ်ပယ် ပထမအဆင့် အထွက်အထိပ် ကောင်းကင်အလွှာအထိ မြှင့်တင်ထားသည်။
ထိုတပည့်များသည် မျက်မှောင်ကြုတ်သွားကြသည်။ သူတို့သည် ယင်းကို အများကြီး ထင်မထားပေ။ အကယ်၍ မင်းက သိုင်းဂိုဏ်းချုပ်နယ်ပယ် ပထမအဆင့် အထွက်အထိပ် ကောင်းကင်အလွှာမှာဆိုရင်တောင် မင်းက ဘယ်လောက် အစွမ်းထက်လာမှာမို့လဲ။ လင်းဖန်က သိုင်းမြို့စားတစ်ပိုင်းနယ်ပယ်မှာ ရှိနေတယ်။ မင်းက ဘာကိုအသုံးပြုပြီး သူ့ကို တိုက်ခိုက်မှာလဲ။
သို့သော် ဘိုင်ချီဟန်သည် ဤမြင်ကွင်းကိုမြင်သောအခါ သူကပြုံးလိုက်ပြီး "ကောင်းပြီ၊ မင်းရဲ့အစီအစဉ်ကို ငါသဘောတူတယ်။ မင်းပြောတဲ့အတိုင်း လင်းဖန်ကို ထိန်းထား နိုင်မယ်လို့ ငါမျှော်လင့်တယ်"
ချင်ယွင်က ပြုံးပြီး ဘာမှပြန်မပြော။ သူက တိုက်ရိုက် ရှေ့ထွက်လာခဲ့သည်။
တစ်ချိန်လုံး နှုတ်ဆိတ်နေသော ကျိုးယုသည် ထွက်ခွာသွားသော ချင်ယွင်၏ နောက်ကျောကို ကြည့်ပြီး ဘိုင်ချီဟန်ကို မေးလိုက်သည်" သူ လင်းဖန်ကို တားဆီးနိုင် တယ်ဆိုတာ မင်းတကယ် ယုံလား?"
ဘိုင်ချီဟန်က သူ၏လက်ကို ဝှေ့ယမ်းပြီး ပြုံးကာ ပြောလိုက်သည် "တကယ်တော့ ငါလည်း မယုံဘူး"
ဘိုင်ချီဟန်ကိုကြည့်ရင်း ကျိုးယု၏ အမူအရာပြောင်းသွားပြီး "ဒါပေမယ့် မင်း သူ့ကို သဘောတူ တုန်းပဲလေ" ဟု ပြန်ပြောလိုက်သည်။
ဘိုင်ချီဟန်က ပြုံးပြီးပြောသည် "ဒါပေမယ့် သူက သူပြောသလို လုပ်တတ်တဲ့လူလို့ ငါယုံကြည်တယ်"
ဘိုင်ချီဟန်က ဘာကိုဆိုလိုမှန်း မသိသော ကျိုးယုသည် မျက်မှောင်ကြုတ်လိုက်သည်။
ချင်ယွင်သည် တားဆီးပိတ်ဆို့ထားသည့် ဧရိယာအနီးသို့ ရောက်ရှိလာပြီး သူ၏မျက်လုံးများတွင် တိုက်ခိုက်လိုသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ထို့နောက် သူသည် သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ ကောင်းကင်ယံကိုမော့ပြီး အော်ပြောလိုက်၏ "လင်းဖန်၊ ဒီကို ထွက်လာခဲ့စမ်း!"
ဤစကားပြောသံ ထွက်ပေါ်လာသည်နှင့် တောင်တန်းသစ်တောကြီး တစ်ခုလုံး ထိတ်လန့်သွားကြသည်။
လူတိုင်း ထိတ်လန့် တုန်လှုပ်သွားကြသည်။ သူတို့အားလုံးသည် သူတို့၏ စိတ်နှလုံးထဲမှာ အော်ဟစ် ပြောကြနေကြသည်။" လင်းဖန်ကို ဘယ်သူက တိုက်ရိုက် ရန်စဝံ့တာလဲ။
စာစဉ်(၇)ပြီးပြီ။
ဘာသာပြန်သူ နေဇင်။