← Chapters

လင်းဖန်ကို ရန်စခြင်း

Vol. 8 Ch. 106

လင်းဖန်ကို ရန်စခြင်း

Vol. 8 Ch. 106

အခန်း (၁၀၆) လင်းဖန်ကိုရန်စခြင်း။

လင်းဖန်သည် မည်သူနည်း။

သူသည် ဘိုင်ယွန်ကျောင်းတော်၏ နံပါတ်တစ် ပါရမီရှင်ဖြစ်ပြီး သူ၏စွမ်းအားသည် သိုင်းမြို့စားတစ်ပိုင်းနယ်ပယ်သို့ပင် ရောက်ရှိသွားခဲ့သည်။ ထို့အပြင်၊ ဤကာလ အတောအတွင်း လင်းဖန်၏ သတ်ဖြတ်ခြင်းနည်းလမ်းများကို လူတိုင်း မြင်ဖူး ကြသည်။ ယင်းက ရက်စက်ကြမ်းကြုတ်သည်ဟုပင် ရိုးရှင်းစွာ ဖော်ပြနိုင်သည်။

ယခုအချိန်မှာ သူ့ကို ပွင့်ပွင့်လင်းလင်း ရန်စရဲသည့်သူ ရှိနေခဲ့လေပြီ။ ယခုလို လုပ်ရဲသည့်သတ္တိရှိသူ မည်သူလဲဆိုသည်ကို လူတိုင်းသိချင်လာကြသည်။

သို့သော် ထိုသူလမ်းလျှောက်လာသောအခါတွင် သူတို့ ယခင်က တခါမျှမမြင်ဖူးသော လူငယ်တစ်ဦးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ပိုပြီးအံ့သြစရာ ကောင်းသည်မှာ ဤလူငယ် သည် အမှန်တကယ်ပင် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ ပထမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာမှာသာ ရှိနေတာကိုပါ။

"သိုင်းဂိုဏ်းချုပ်နယ်ပယ်ရဲ့ ပထမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာမှာရှိတဲ့ လူငယ်တစ်ယောက်က လင်းဖန်ကို ရန်စဖို့ သတ္တိရှိတာလား၊ မင်းက သေခြင်းတရားကို တောင်းခံနေတာ မဟုတ်လား ။" လူအုပ်ထဲမှ တစ်ယောက်ယောက်က ချင်ယွင်ကို အရူးတစ်ယောက်လိုမျိုး ကြည့်နေရင်း မေးခွန်းထုတ်သည်။

"ဟမ့်၊ သူက သူ့ကိုယ်သူ ဖြောင့်မတ်သူလို့ထင်နေတဲ့ အရူးတစ်ယောက်ပဲ ဖြစ်နိုင် တယ်။ သူက ဒီအခွင့်အရေးကိုအရယူပြီး သူ့ကိုယ်သူ ထုတ်ဖော်ပြသ ချင်နေတာ။ ကံမကောင်းစွာပဲ၊ လင်းဖန်က ရန်စဖို့ သိပ်မလွယ်ဘူး။ ဒါက သူ့အသက် တောင် ဆုံးရှုံးသွားနိုင်တယ်။" ထိုလူအနားမှ ကောင်မလေးတစ်ယောက်ကလည်း အထင်‌သေးဟန်ဖြင့် ပြောလိုက်သည်။

"ငါလည်း ဒီလိုပဲထင်တယ်၊ ဒီကလေးက အသက်မရှည်တော့ဘူး။ ကိုယ့်ကံကြမ္မာကို မသိဘဲ လင်းဖန်ကို ရန်စဖို့ ဘယ်သူက သူ့ကိုပြောလို့လဲ။" ထိုလူက ပြန်ဖြေသည်။

ဤလူနှစ်ယောက်သည်သာ လူမြင်ကွင်းထဲမှာ ဆွေးနွေးနေကြခြင်းမဟုတ် တခြား လူများအားလုံးသည်လည်း ချင်ယွင်ကို လက်ညှိုးထိုးပြပြီး တစ်ယောက်ပြီး တစ်ယောက် ဆွေးနွေးနေကြသည်။

ချင်ယွင်သည် မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ တပည့်တစ်ဦးဖြစ်ကြောင်းကို မည်သူက သတင်းဖြန့်ခဲ့လိုက်မသိ။ လူတိုင်းသည် မိုးကြိုး၀ိညာဥ်ဂိုဏ်းကိုကြည့်ကာ မိုးကြိုး ၀ိညာဥ်ဂိုဏ်းသည် ဆိုးရွား‌သော အခြေအနေမှာရှိနေသည်ဟု ပြောဆိုနေကြသလိုပဲ သူတို့သည် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ် တပည့်တစ်ဦး ကို အမှန်တကယ်သတ်သေဖို့ စေလွှတ်လိုက်သည်ဟုလည်း ပြောဆိုနေကြ၏။

လက်ရွေးစင် တပည့်များသည် ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ ရှက်ရွံသွားကြပြီး ချင်ယွင်ကို သူတို့၏စိတ်ထဲမှာ ဒေါသထွက်နေကြသည်။ ချင်ယွင်သည် သူတို့၏ မိုးကြိုး ၀ိညာဥ်ဂိုဏ်းကို လုံးဝ အရှက်ကွဲစေသည်ဟု ခံစားခဲ့ရပြီး ချင်ယွင်ကို ဆွဲထုတ်ကာ သုံးစားမရသည့်အထိ ရိုက်နှက်ပစ်ရန်ပင် ဆန္ဒရှိနေကြသည်။

ဟုတ်ပါသည်၊ ချင်ယွင်အပေါ် မျှော်လင့်ချက်အပြည့်ရှိသည့် လူအချို့လည်း လူအုပ်ကြီးထဲမှာ ရှိနေပါသည်။ ဥပမာအားဖြင့် ကျန်းရွန်ရှင်း၊ သူမသည် ယခု ချင်ယွင်ကို ခြွင်းချက်မရှိ ယုံကြည်လာခဲ့သည်။ ချင်ယွင်သည် ဘာမှ မပြောသော်လည်း သေချာပေါက် သူလုပ်နိုင်လိမ့်မည်ဟု သူမ ယုံကြည်နေခဲ့သည်။

အခြားဥပမာမာတခုမှာ ချင်ဘာတန်နှင့် ဇောင်ယုတို့ ဖြစ်သည်။ ချင်ဘာတန်သည် ချင်ယွင် မည်မျှအစွမ်းထက်သည်ကို မသိသော်လည်း ချင်ယွင်သည် ဤမျှ အလွယ်တကူ မသေနိုင်သည်ကို သူ သေချာသိပါသည်။

ဇောင်ယု၏ စိတ်ထဲတွင် သူ၏ဆရာသည် အလုံးစုံသော စွမ်းအားရှင်ဖြစ်သည်။ သူက လင်းဖန်လေးပဲမဟုတ်လား ? သူ့ဆရာ၏ရှေ့မှာ ထိုးနှက်ချက် တစ်ခုကိုတောင်

ခံနိုင်ရည်ရှိပါ့မလား?။

နောက်ဆုံးတွင် ယွန်တိုင်နှင့် ဆန်ရှင်းရှင်းတို့ရှိကြသည်။ သူတို့နှစ်ယောက်သည် ချင်ယွင်တိုက်ခိုက်သည်ကို ယခင်က မြင်ဖူးထားပြီး ချင်ယွင်၏အစွမ်းသည် သိုင်းဂိုဏ်းချုပ်နယ်ပယ် ပထမအဆင့် ကောင်းကင်အလွှာမှာ မဟုတ်ဘူးဆိုသည်ကို သေချာသိထားသည်။ ထို့ကြောင့် သူတို့၏စိတ်ထဲတွင် ချင်ယွင်က လင်းဖန်ကို တားဆီးနိုင်ရန် မျှော်လင့်ချက် အနည်းငယ် ရှိနေခဲ့ကြသည်။

ဝှီး!

အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး လူသား၏အရှေ့တွင် ပုံရိပ်တခု ထွက်ပေါ်လာ၏။

ဤလူသည် လူတိုင်း၏နှလုံးသားထဲတွင် မျိုးဆက်သစ်လူငယ်များ၏ လက်ရွေးစင်ဖြစ် သော လင်းဖန်ဖြစ်သည်။

လင်းဖန်၏ အသွင်အပြင်က ကွင်းပြင်ထဲရှိလူတိုင် ချက်ချင်း ငြိမ်သက်သွား‌ရလောက်အောင် ခမ်းနားထည်ဝါလွန်းသည်။ လင်းဖန်ကို ကြည့်နေကြသော ထိုလူများ၏ အကြည့်များသည် ကြောက်လန့်တကြား ဖြစ်သွားပြီး ချင်ယွင်ကို ကြည့်သော အကြည့်များသည် သနားခြင်းနှင့် အတူ ၀မ်းနည်းပူဆွေးသည့်အမူယာများ ဖြစ်လာကြသည်။

"ဒါဆို မင်းပေါ့ ?" တစ်ယောက်ယောက်က သူ့ကို ရန်စနေသည်ဟု လင်ဖန်ကြား သောအခါ ဒေါသတကြီးဖြစ်ပြီး သူ ချက်ချင်း ထွက်လာခဲ့သည်။ သို့သော် သူ့ကိုရန်စသူ မှာ ယခင်က လူဝံပေါက်ကလေး ခိုးယူသွားခဲ့သော ချင်ယွင်ဖြစ်သည်ကို တွေ့လိုက်ရ သည့်အခါတွင် မုန်းတီးမှု အဟောင်းနှင့်အသစ်ပေါင်းစည်းသွားကာ သူ၏မျက်လုံးများ တွင် ဒေါသများဖြင့် လောင် ကျွမ်းလာခဲ့သည်။

"ငါက မင်းကို လိုက်ရှာနေတာ မဟုတ်ဘူး၊ မင်းက ငါ့ကို လာရှာတာပဲ။ ဘာလဲ။ မင်းက ဒီအတွက် လူဝံပေါက်လေးနှစ်ကောင်နဲ့ လဲလှယ်ချင်တာလဲ" လင်းဖန်က ဒေါသတကြီး ပြောသည်။

"မင်းကို လူဝံပေါက်လေးနှစ်ကောင်ကိုပေးဖို့က ငါ့အတွက် မဖြစ်နိုင်ဘူး" ချင်ယွင်က ပြောသည်။

"ဒါဆို မင်းဒီကို ဘာလာလုပ်တာလဲကွ" လင်းဖန်က ဒေါသတကြီးပြောသည်။

"ငါ မင်းကို စိန်ခေါ်ဖို့ ရောက်နေတာလေ" ချင်ယွင်က အေးဆေးတည်ငြိမ်သည့် လေသံဖြင့် ဆက်ပြောလိုက်သည်။

"ဘာ ?" လင်းဖန်သည် သူ့နားသူပင် မယုံနိုင် ချေ။ သူ့ရှေ့ရှိ ဤကောင်လေးသည် သူ့ကို စိန်ခေါ်ချင်သည်ဟု ပြောနေသည်။ ယင်းကရိုးရှင်းသည့် ဟာသကြီးတစ်ခု မဟုတ်ပါလား။ ဤကောင်လေး၏ ကျင့်ကြံမှုအဆင့်က ဘာလဲ၊ သူ့ကျင့်ကြံမှု အဆင့်ကရော ဘယ်လောက်လဲ။

သူသည် သိုင်းဂိုဏ်းချုပ်နယ်ပယ် တပည့်ဆယ်ယောက်ကို လက်တစ်ဖက်တည်းဖြင့်ပင် သတ်ပစ်နိုင်သည်။ ဤကောင်စုတ်က တုံးအနေသူများလား။

လင်းဖန်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏မျက်နှာက အထင်မြင်သေး မှုဖြင့် ပြည့်နေကာ လှောင်ပြောင်ပြောလိုက်၏ "မင်းက ငါ့ကို မင်းတစ်ယောက်တည်းနဲ့ စိန်ခေါ်ချင်တာလား။ မင်းက ထိုက်တန်ရဲ့လား"

ချင်ယွင်က ညင်သာစွာ ပြုံးလိုက်သည်။ လင်းဖန်၏ သရော်လှောင်ပြောင်မှုကို သူက

ဂရုမစိုက်ဘဲ "ထိုက်တန်သည်ဖြစ်စေ မထိုက်သည်ဖြစ်စေ စကားလုံးများနဲ့ ပြောရမယ့် ကိစ္စ မဟုတ်ဘူး။ မင်းရဲ့ခွန်အားက မင်းထင်ထားသ လောက်ထိ အစွမ်းထက်မယ်လို့ ငါတော့ မထင်ဘူး"

လင်းဖန်၏ နှလုံးသားသည် ပြင်းထန်သော ဒေါသကြောင့် ချက်ချင်း ခုန်တက်သွား သည်။ သူ့ကို ယခုလိုစကားမျိုး မည်သူမှ မပြောရဲကြပေ။

"ဟား ဟား၊ လင်းဖန်၊ လင်းဖန် ၊ မင်းက ပထမ အဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်ကျင့်ကြံသူ ကလေးတစ်ယောက်ရဲ့အရှက်ခွဲမူကို ခံရလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော် လင့်ထားခဲ့ဘူး။" ထိုအချိန်တွင် ဖန်းမန့်သည် အဝေးမှလှမ်း၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ဖန်းမန့် ပေါ်လာသည်နှင့် ချက်ချင်းပင် ကွင်းပြင်ကြီးသည် ပိုမို၍ တင်းမာလာသည်။

လင်းဖန်သည် ဖန်းမန့်၏ သရော်လှောင်ပြောင်မှုကို ကြားလိုက်သောအခါတွင် သူ၏ မျက်နှာပေါ်ရှိ ဒေါသများမှာ ပိုမိုပြင်းထန်လာသည်။ သူသည် ချင်ယွင်ကိုကြည့်ပြီး ဒေါသတကြီး လေသံဖြင့် ပြောလိုက်သည် " မျိုးမစစ်ကောင် ၊ မင်းက သေခြင်းတရားကို တောင်းခံနေမှတော့ မယဉ်ကျေးတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့ "

ယင်းသို့ပြောပြီးနောက် လင်းဖန်သည် ‌‌လေပြေ​​လေညင်းအဖြစ်ပြောင်းသွားပြီး ချင်ယွင်၏ ရှေ့မှာ ပေါ်လာသည်။

"ငရဲကိုသွားလိုက်တော့!"

လင်းဖန်က ချင်ယွင်၏ ရင်ဘတ်ကို ထိုးလိုက်သည်။

ပတ်ဝန်းကျင်ရှိလူတိုင်းသည် လင်းဖန်၏ သန်မာသောခန္ဓာကိုယ်ကိုမြင်ဖူးသောကြောင့် လင်းဖန်ကသူ၏လက်သီးဖြင့် ချင်ယွင်ကို ထိုးလိုက်သည်ကို မြင်ရသောအခါ၊ ချင်ယွင်သည် အဆုံးသတ်သွားပြီဟု ထင်ခဲ့ကြသည်။ လင်းဖန်၏ လက်သီးချက်ဖြင့် ချင်ယွင်သည် ကြိတ်ထားသော အသားတများ ဖြစ်သည်အထိ (စိစိညက်ညက် ကြေသည်အထိ) ထိုးကြိတ်ခံရမည် ဖြစ်ပြီး၊ ချင်ယွင်ကိုကြည့်နေသော သူတို့၏ အကြည့်များသည် သေလူတစ်ယောက်ကို ကြည့်နေသကဲ့သို့ ဖြစ်နေသည်။

သို့သော်၊ ထိတ်လန့်စရာတစ်ခု ဖြစ်ပျက်ခဲ့၏။

လင်းဖန်၏ လက်သီးသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို အမှန်တကယ် ထိုးဖောက် ဝင်ရောက်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်နှင့် ထိမိသွားစဉ် မည်သည့်အသံတစ်ခု မျှ ထွက်ပေါ်မလာချေ။

"ဒါက နောက်ဆက်တွဲ ပုံရိပ်ယောင်တခုပဲ!" ဖြတ်ထိုး ဉာဏ်‌ကောင်းသူ တစ်ယောက်က ချက်ချင်းပင် တုန်လှုပ်နေသည့်အသံဖြင့် အော်ပြောမိ၏။

လင်းဖန်၏ မျက်နှာမှာလည်း အံ့သြသင့်သည့် အရိပ်အယောင်များ ပေါ်လာ သည်။ သူ၏လက်သီးချက် အမှန်တကယ် လွဲချော်သွားခဲ့သည်။ သူ၏ စိတ်ထဲတွင် အနည်းငယ် ဒေါသထွက်သွားပြီး ချင်ယွင်၏ တည်နေရာကို ရှာဖွေလိုစိတ်ဖြင့် ချက်ချင်းပင် သူ၏ စိတ်ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်သည်။

"အရေးမပါတဲ့ပညာရပ်လေးပါ !" လင်းဖန်က လှောင်ပြောင်ပြီး သူ၏ဘယ်ဘက် ခြမ်းကို လေပွေလိုကန်ချက်ဖြင့် လှမ်းကန်လိုက်သည်။

"ဘုန်း!"

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ချင်ယွင်၏ ညာလက်သည် လင်းဖန်၏ ညာခြေကို တိုက်ရိုက်ထိသွား သည်။ ပတ်ဝန်းကျင်လေထုသည် ချက်ခြင်းပေါက်ကွဲလာပြီး ကြောက်မက်ဖွယ် ကောင်းသော နောက်ဆက်တွဲလှိုင်းများသည် ပတ်ဝန်းကျင်ရှိသစ်ပင်များကို တိုက်ရိုက် ကွဲအက်သွားစေသည်။

ချင်ယွင်၏ ၀တ်ရုံတစ်ခုလုံး လှုပ်ခါသွားသော်လည်း သူ၏ခန္ဓာကိုယ်သည် တောင်ကဲ့သို့ မလှုပ်မယှက် ဖြစ်နေသည်။

"ဘာလဲဟ ? သူက တကယ်ပဲ ပိတ်ဆို့နိုင်လိုက်တယ်ပေါ့!" ကြည့်ရှုနေသူများအားလုံး အံ့သြသွားကြသည်။ လင်းဖန်၏ ခွန်အားကို သူတို့တွေ့မြင်ခဲ့ဖူးသည်။ ထိုးနှက် ခံလိုက်ရလျှင် သာမန်လူတစ်ဦး၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် အသားငါးပိအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ သို့သော် ယခုအခိုက်အတန့်တွင် ချင်ယွင်သည် အလွယ် တကူပင် ကန်ချက်ထိမှန်ခံရပြီး ၎င်းသည် သူ့ကို လုံးဝ ထိခိုက်ပုံမပေါ်ပေ။

"မဖြစ်နိုင်ဘူး!" လင်းဖန်သည်လည်း ထိတ်လန့်သွားသည်။ သူသည် အမြန်လှည့်ကာ ချင်ယွင်ဆီသို့ အစွမ်းကုန် ကန်ထုတ်လိုက်ပြန်သည်။

ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် လေးညှို့ကြိုးကဲ့သို့ ကွေးသွားပြီး လင်းဖန်၏ခြေဖဝါးကို ထိပ်တိုက်ရင်ဆိုင်ရန် လက်သီးတချက် ပစ်သွင်းလိုက်သည်။

"ဘုန်း!"

နောက်ထပ်ပေါက်ကွဲသံတစ်ချက်ထွက်ပေါ်လာပြီး ချင်ယွင်နှင့် လင်းဖန် အနီးတစ်ဝိုက် ရှိ ဆယ်မီတာရှည်သော စက်ဝိုင်းပုံမြေပြင်သည် တစ်မီတာကျော် အနက်ထိ ချက်ချင်း နစ်၀င်သွားခဲ့သည်။

ကြီးမားသော နောက်ဆက်တွဲမြေတုန်ခါမူ ကြောင့် သူတို့နှစ်ဦး နောက်ပြန်ဆုတ်သွားခဲ့ ရသည်။

"ဘာလဲ?"

ထိုမြင်ကွင်းကို အနီးပတ်ဝန်းကျင်မှ လူများက မြင်သောအခါ ပါးစပ်များဟပြီး တုန်လှုပ်သွားကြသည်။ အကယ်၍ ယခင်ထိပ်တိုက်တွေ့ဆုံမှုမှာ တိုက်ဆိုင်မှုဖြစ်ခဲ့လျှင် ဤထိပ်တိုက် တွေ့ဆုံမှုသည် အစစ်မှန်ဖြစ်လေသည်။

အဝေးရှိ ဖန်းမန့်ပင်လျှင် ချင်ယွင်ကို အံ့အားသင့်စွာ ကြည့်နေလေသည်။

ချင်ယွင်ကို အမြဲရှုတ်ချခဲ့သော မိုးကြိုး၀ိညာဥ်ဂိုဏ်းမှ တပည့်များ အားလုံး အံသြသွား ကြသည်။ မျက်နှာကို တစ်စုံတစ်ယောက်က ဖြတ်ရိုက်လိုက်သကဲ့သို့ ပူစပ်စပ် ဝေဒနာကို ခံစားလိုက်ရသည်။

ဘိုင်ချီဟန် နှင့် ကျိုးယုတို့၏ မျက်လုံးများသည် တောက်ပနေပြီး ချင်ယွင်ကို ကြည့်သည့် သူတို့၏ အကြည့်များသည် ယခင် အေးစက်ရာမှ ပိုမို‌လေးနက်လာ ကြသည်။

ကျန်းရွန်ရှင်း နှင့် ဇောင်ယုတို့ နှစ်ယောက်စလုံး စိတ်လှုပ်ရှားမူ ကြည်ညို‌လေးစားမူ များဖြင့် ပြည့်နှက်နေခဲ့ကြသည်။

All Chapters