← Chapters

တောင်များနှင့် မြစ်များ လှုပ်ခါခြင်း

Vol. 8 Ch. 107

တောင်များနှင့် မြစ်များ လှုပ်ခါခြင်း

Vol. 8 Ch. 107

အခန်း (၁၀၇)တောင်များနှင့် မြစ်များ လှုပ်ခါခြင်း

လင်ဖန်းသည်လည်း ထိတ်လန့်သွားသည်။ သူ၏ခန္ဓာကိုယ်နှင့်ယှဉ်ပြိုင်နိုင်သော တည်ရှိမူ တစ်ခုကို သူမကြုံတွေ့ခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့ပါပြီ။ သူ၏အနားရှိ ဖန်းမန့်ပင်လျှင် မြေကြီး၏ အစွမ်းထက်သော ကာကွယ်မှုများ၏အကူအညီဖြင့် သူ့ကို ရင်ဆိုင်ရန် သတ္တိရှိခဲ့သည်။ ထို့ကြောင့် ချင်ယွင်သည် သူ၏ လက်သီးများနှင့် ခြေဖဝါးများကို အလွယ်တကူ တားဆီးနိုင်သည်ကို မြင်သောအခါ၊ နောက်ဆုံးတွင် သူသည် သူ၏ နှလုံးသားထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် ပြည့်နှက်လာခဲ့သည်။

"မင်းရဲ့ခန္ဓာကိုယ်က ဒီလောက်သန်မာမယ်လို့ ငါမမျှော်လင့်ထားဘူး။ အရင်က မင်းကို ငါ လျှော့တွက်မိသွားပုံရတယ်။ ဒါပေမယ့် မင်းက ငါ့ကို ဒီလိုပုံစံမျိုးနဲ့ အနိုင်ရမယ် ထင်လား။" လင်းဖန်က ရယ်မောရင်း ပြောလိုက်သည်။

ချင်ယွင်က ပြုံးလိုက်ပြီး "ငါတို့ ဆက်ပြီးတိုက်ခိုက်ကြည့်ရင် မသိနိုင်ဘူးလား?"

လင်းဖန်၏အမူအရာက အေးစက်သွားပြီး အော်ပြောလိုက်သည် ။"ကောင်းပြီ၊ ဒီနေ့ ငါ မင်းကို ရုပ်ခန္ဓာကိုယ် အစစ်အမှန်က ဘာလဲဆိုတာ ပြောပြပေးမယ်"

ထိုစကားကို ပြောပြီးနောက် လင်းဖန်၏ တစ်ကိုယ်လုံးသည် တုန်လှုပ်သွားသည်။ သူ၏ခန္ဓာကိုယ်သည် တုနှိုင်းမရသည့် ပြင်းထန်သော အငွေ့သက်များကို ထုတ်လွှတ်ရင်း သဲနှင့် ကျောက်တုံးများကို အဝေးကို လွင့်ထွက်သွားစေသည့် ပြင်းထန်သော လေပွေတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

"မင်းခန္ဓာကိုယ်တစ်ခုတည်းနဲ့ မင်း ဒါမျိုးလုပ်နိုင်လား!"

လူတိုင်း အံသြသွားကြသည်။ လင်းဖန်၏ ခန္ဓာ ကိုယ်သည် အဘယ်ကြောင့် ဤကဲ့သို့ အဆင့်မျိုး ရောက်ရှိနိုင်သည်ကို ယုံရခက်‌နေကြသည်။ သူ၏ ကြောက်မက်ဖွယ် ကောင်းသော သိုင်းမြို့စားတစ်ပိုင်း နယ်ပယ်အပြင်၊ သူ၏ ရုပ်ခန္ဓာခွန်အားသည် လူအများ၏ ကြည်ညိုလေးစားမှုကို ခံရစေရန် လုံလောက်ပါသည်။

ချင်ယွင်သည်လည်း အနည်းငယ် အံ့သြသွားသည်။ လင်းဖန်သည် သူ၏ ရုပ်ခန္ဓာခွန်အားကို အပြင်သို့ထုတ်လွှတ်နိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူ၏ ခန္ဓာကိုယ်က မည်မျှလောက် သန်မာသလဲဆိုသည်ကို သိနိုင်ပါသည်။

လင်းဖန်သည် ဝင့်ကြွားစွာ ရပ်နေပြီး ချင်ယွင်ကို ပမာမခန့်သည့် အမူယာဖြင့် ကြည့်သည်။ သူ၏လှုပ်ရှားမှုတိုင်းသည် ဖော်မပြနိုင်သော လွှမ်းမိုးကြီးစိုးမှုနှင့် ကြီးကျယ်ခမ်းနားသော အငွေ့သက်များဖြင့် ပြည့်နှက်နေသည်။

"မျိုးမစစ်ကောင်၊ မင်းကြောက်သွားပြီလား" လင်းဖန်က မောက်မာစွာပြောသည်။

ချင်ယွင်သည် အနည်းငယ် အံ့သြသွားသော် လည်း သူ၏စိတ်ထဲတွင် အလွန်မင်း အံ့ဩခြင်း မရှိပေ။ လင်းဖန်၏ ခန္ဓာကိုယ်သည် အလွန်သန်မာသော်လည်း သူကြောက်ရွံ့ထိတ်လန့်ရသည့် အတိုင်းတာမျိုးထိ မရောက်သေးပေ။

"မကြောက်ပါဘူး!" ချင်ယွင်က အမှန်အတိုင်း ပြန်ဖြေသည်။

လင်းဖန်၏ မျက်နှာအမူအရာသည် ရုတ်ချည်း ပြောင်းလဲသွားပြီး သူ၏မျက်နှာပေါ် ရန်လိုသော အရိပ်အယောင်များ တဟုန်ထိုးအုံကြွလာ၏။

"ငါ မင်းကို သေစေချင်တယ်!" လင်းဖန်က အော်လိုက်သည်။

သူ့တစ်ကိုယ်လုံးသည် နောက်ကွယ်မှာ ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်ဆီသို့ ပစ်၀င်လိုက်သည်။

ချင်ယွင်၏ မျက်လုံးများတွင် တိုက်ခိုက်လိုသည့်ဆန္ဒများ တဟုန်ထိုးအုံကြွလာသော် လည်း သူ၏အမူအရာက ပြောင်းလဲခြင်းမရှိပေ။ သူ၏ပုံရိပ်သည်လည်း အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လင်းဖန်နှင့် ထိပ်တိုက်ရင်ဆိုင်မိသွားသည်။

"ဒန်း! ဒိုင်း! ဒိုင်း!"

သူတို့နှစ်ဦးသည် ချက်ချင်းဆိုသလိုပင် တိုက်ကွက်ပေါင်းပြီးများစွာကို ဖလှယ်ခဲ့ကြ သည်။ ကောင်းကင်ယံ၌ အသံဗလံများ အဆက် မပြတ် ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများသည် အမှုန့်ဖြစ်သွားကြသည်။ သူတို့ဖြတ်သွားလေရာ နေရာတိုင်း၌ နက်ရှိုင်းသောတွင်းချိုင့်ကြီးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေသည်။

"ဘုန်း!"

၎င်းတို့နှစ်ဦးသည် နောက်တစ်ကြိမ် ထိပ်တိုက်ဆုံမိပြီး နောက်တစ်ကြိမ် အဝေးကို ပြန်ကန်သွားခဲ့ကြသည်။ နှစ်ယောက်စလုံးသည် ဆယ်မီတာကျော် ဆုတ်သွားကြသည်။

အချိန်အတိုင်းအတာတစ်ခုအထိ သူတို့နှစ်ဦးသည် လက်ရည်တူ တိုက်ပွဲဝင်ခဲ့ကြသည်။

ချင်ယွင်၏ ခန္ဓာကိုယ်သည် အမှန်တကယ် ကြောက်မက်ဖွယ် အစွမ်းထက်ကြောင်း ကွင်းပြင်ရှိ ပရိသတ်များသည် နောက်ဆုံးတွင် သဘောပေါက်သွားသည်။

"မဖြစ်နိုင်ဘူး မင်းကိုသတ်မယ်!" လင်းဖန်က ဒါကို လက်မခံချင်ပေ။ သူအမြဲ ဂုဏ်ယူခဲ့ရသည့် ရုပ်ခန္ဓာခွန်အားသည် ယခုအချိန်တွင်အမှန်တကယ် သူနှင့်တန်းတူ ပြိုင်ဘက်ရှိလာခဲ့ပြီ။ ယင်းကြောင့် သူ၏မာနကို အကြီးအကျယ် ပျက်စီးစေခဲ့သည်။ ထို့ကြောင့် သူက ကျယ်လောင်စွာအော်ပြီး ချင်ယွင်ဆီသို့ ပြေးသွားပြန်သည်။

သို့သော် ယခုတစ်ကြိမ်တွင် ချင်ယွင်သည် ပြန်လည်တိုက်ခိုက်ရန် အစပြုခြင်းမရှိခဲ့ပေ။ ယင်းအစား လင်းဖန်၏ လက်သီးများကို သူ့ဘက်သို့ ထိုးနှက်ခွင့်ပြုလိုက်သည်။

ချွင်!

လင်းဖန်၏လက်သီးသည် ချင်ယွင်၏ခန္ဓာ ကိုယ်ကို ထိလုနီးပါးဖြစ်နေပြီဟု လူတိုင်းက ထင်မှတ်လိုက်သောအခါတွင်၊ ကြီးမားသော ဒိုင်းတစ်ခုသည် ရုတ်တရက်ပေါ်လာပြီး လင်းဖန်၏ ပြင်းထန်သောတိုက်ခိုက်မှုသည် ဒိုင်းပေါ်သို့ သဘာဝအတိုင်း ကျကြရောက် သွားသည်။

ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

လင်းဖန်သည် သူ၏လက်သီးများ တောင်ပေါ်သို့ ထိုးကျသွားသလို ခံစားလိုက်ရပြီး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

"ဒါက ဘာအကာအကွယ်လဲ" လင်းဖန်သည် အံ့သြသွားသည်။ သာမာန်ဒိုင်းလက်နက် များသည် သူ၏ရှေ့တွင် စက္ကူနှင့်တူပြီး ထိုးနှက်ချက်တစ်ခုတည်းကိုပင် ခံနိုင်ရည် မရှိပေ။ ယခုမူ ချင်ယွင်၏လက်ထဲမှ ဒိုင်းသည် သူ့ထံမှ ပြင်းထန်သော ထိုးနှက်မှုကို ခံနိုင်ရည်ရှိပြီး လုံးဝမလှုပ်ရှပေ။

"မင်း စိတ်အာရုံပျံ့လွင့်သွားတာလား!" ထိုအချိန်တွင် ချင်ယွင်သည် ရုတ်တရက် စကား ပြောလာသည်။ သူပြောပြီးသည်နှင့် သူ၏ လက်ထဲမှဒိုင်းသည် စက်ဝိုင်းပုံအဝိုင်းတခုကို ချက်ချင်းဆွဲချလိုက်ပြီး လင်းဖန်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ကျရောက်လာသည်။

လင်းဖန်သည် ချက်ချင်းပင် လွင့်ထွက်သွားခဲ့သည်။တစ်ချိန်တည်းမှာပင် ချင်ယွင်၏ ရုပ်သွင်သည် သူ၏မူလနေရာမှ ပျောက်ကွယ်သွားသည်။ သူတဖန်ပြန် ပေါ်လာသည့် အချိန်တွင် သူသည် လင်းဖန်၏နောက်သို့ အမှန်တကယ် ရောက်လာသည်။

"ဖတ်!"

ချင်ယွင်၏ ဒိုင်းက လွင့်ထွက်သွားပြန်ပြီး လင်းဖန်လည်း တဖန်လွင့်ထွက်သွားပြန်၏။

ချင်ယွင်သည် ယခုလောက်ဖြင့် အဆုံးသတ်ရန် ရည်ရွယ်ထားခြင်းမရှိပေ။ ယင်းအစား သူ၏ ပုံရိပ်သည် လင်းဖန်နောက်သို့ လိုက်ပါသွားပြီး သူသည် လင်းဖန်ကို အပြင်းထန် ဖမ်းဆွဲလိုက်ပြန်သည်။

ဤကဲ့သို့ပုံစံမျိုး ထပ်ခါတလဲလဲ ပြုလုပ်ပြီးနောက်၊ လင်းဖမ်း၏ခန္ဓာကိုယ် တစ်ခုလုံး သည် ချင်ယွန်း၏ ကြာပွတ်မှာပတ်ထားသော သားရေဘောလုံးကဲ့သို့ ဖြစ်နေပြီး ပတ်ဝန်းကျင်ရှိ ပရိသတ်များ၏မေးရိုးများသည် အောက်ကို ပြုတ်ကျ နေကြသည်။

" တော်လောက်ပြီ!"

နောက်ဆုံးတွင် လင်းဖန်သည် အလွန်အမျက် ထွက်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်များသည် ချက်ချင်းထွက်လာပြီး ချင်ယွန်း၏ ဒိုင်းကို ရိုက်လိုက်ကာ နောက်ထပ် လွင့်ထွက်မသွားနိုင်အောင် တားဆီးလိုက်သည်။

တစ်ဖက်တွင် လင်းဖန်၏ ပေါက်ကွဲထွက်လာသည့် လက်ဖဝါးရိုက်ချက်ကြောင့် ချင်ယွင်ကို လွင့်ထွက်သွားစေခဲ့သည်။

လင်းဖန်သည် လေထဲတွင် လွင့်မျောနေသည်။ ယခုအချိန်တွင် သူ၏ပုံစံက အလွန်စိတ်မချမ်း‌ မြေ့စရာဖြစ်နေပြီ။ သူ၏အဝတ်အစားများသည်လည်း တွန့်ကြေ နေပြီး သူ၏ပါးစပ်ထောင့်မှာ သွေးစသွေးနများ စီးကျနေသည်။ သို့သော်၊ ချင်ယွင်ကို ကြည့်သောသူ၏အကြည့်သည် သုံးရက်တိုင်တိုင် ဆာလောင်နေသော ဝံပုလွေ တစ်ကောင်နှင့် တူသည်။ ယင်းက လူတစ်ယောက်၏နှလုံးသားကို အေးစက်သွား စေသည်။

လင်းဖန်၏ ရုတ်တရက် ပေါက်ကွဲထွက်လာသော လက်ဖဝါးရိုက်ချက်ကြောင့် သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မထိန်းနိုင်မီ သစ်ပင်ကြီးများစွာကို ချိုးဖျက်ပြီး ချင်ယွင်သည် လွင့်ထွက်သွားခဲ့ရ၏။

တကယ်တော့ သိုင်းမြို့စားတစ်ပိုင်း ကျွမ်းကျင်သူတစ်ယောက်၏ စွမ်းအားကို လျှော့တွက်လို့ မရပေ။ အကယ်၍ အစောပိုင်းလေးက သူ၏ လက်ထဲမှာ ဒိုင်းတစ်ခုသာ ရှိမနေခဲ့လျှင် ထိုလက်ဖဝါးရိုက်ချက်က သူ့ကို ဒဏ်ရာပြင်းထန် ရရှိသွားမည်ကိုပင် စိုးရိမ်ရ၏။

ယခင်က လင်းဖန်သည် ချင်ယွင်အား သူ မျက်နှာရဖို့အတွက် ရုပ်ခန္ဓာခွန်အားဖြင့်သာ တိုက်ခိုက်ခဲ့သည်။

သို့သော် လင်းဖန်သည် သိုင်းမြို့စားတစ်ပိုင်းဖြစ်သည်။ သူသည် ချင်ယွင်နှင့် အဆင့်ကိုး ဆင့်အကွာတွင် ရှိခဲ့သည်။ ယင်းက လွယ်လွယ်နှင့် ဖန်တီးယူလို့ရသည့် အရာ မဟုတ်ပေ။

ရုပ်ပိုင်းဆိုင်ရာခွန်အားအရ ချင်ယွင်သည် သဘာဝအားဖြင့် အသာစီးရသော်လည်း ဝိညာဉ်စွမ်းအား ကျင့်ကြာမှုအရတွင် ချင်ယွင်သည် လင်းဖုန်းနှင့် သဘာဝအတိုင်း မယှဉ်သာပေ။

"အချိန်တွေ ဒီလောက်အကြာကြီးအတွင်းမှာ ငါ့ရဲ့ကျင့်ကြံမှုစွမ်းအားကို အသုံးပြုရ အောင် ဘယ်သူကမှ တွန်းအားမပေးနိုင်ခဲ့ဖူးဘူး။ မင်းက တကယ်လုပ်နိုင် လိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး။ ဒါပေမယ့် မင်းရဲ့ကျင့်ကြံမှုအဆင့်က အရမ်းနိမ့်ကျလွန်းတယ်။ ဒီလိုမှမဟုတ်ရင် မင်းကငါ့ကိုတိုက်ဖို့ အမှန်တကယ် ဖြစ်ကောင်း ဖြစ်နိုင်တယ်။" လင်းဖန်သည် ကောင်းကင်တွင် မြင့်မြင့် မားမားမတ်မတ် ရပ်နေ၏။ သူ၏ ပုံစံမှာ စိတ်မချမ်းမြေ့ဖွယ်အသွင် ဖြစ်နေပေမယ့် သူထုတ်လွှတ်လိုက်သော အငွေ့သက်က လူတိုင်းကို ကြောက်ရွံ့စေ၏။

ချင်ယွင်၏ အမူအရာမှာ ငြိမ်သက်နေဆဲပင်။ သူက ဘာမှမပြောပေ။ လင်းဖန်သည် သူ၏ ကျင့်ကြံမှုစွမ်းအားကို အသုံးချခဲ့သည်။ ယင်းက ချင်ယွင် ဟိုးယခင်ကတည်းက မျှော်လင့်ထားခဲ့သည့်အရာမို့ သူလုံးဝ မအံ့သြပါဘူး။

"အခု ကစားရတာ ပင်ပန်းနေပြီ၊ အဆုံးသတ်ဖို့ အချိန်တန်ပြီ" လင်းဖန်၏အမူအရာမှာ အေးစက်သွားသည်။ ထို့နောက် လက်ညိုးဖြင့် ကောင်းကင်ကို ထိုးညွှန်လိုက်သည်။ ထို့နောက်တွင် အကန့် အသတ်မဲ့ဓားတစ်ချောင်း ထွက်ပေါ်လာပြီး ဓား‌အော်သံက ကောင်းကင်ယံတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"ဓားချီလား?" ချင်ယွင် ပြုံးလိုက်မိသည်။

သူနောက်ဆုံးအကြိမ် ချင်နင်းမြို့မှ ထွက်သွားပြီးကတည်းက သူ၏ဓားကို သူ အသုံးမပြုခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။ သူ၏ ကျင့်ကြံမှုအဆင့် တိုးလာသည်နှင့်အမျှ သူ၏စိတ်ထဲတွင် ယခင်ကအသုံးမပြုနိုင်ခဲ့သော ဓားသိုင်းပညာရပ်အချို့၏ အစောပိုင်းကို စတင် အသုံးပြုနိုင်လာသည် ။

"ဓားချီက ကောင်းကင်ဘုံကိုးခုသို့ ပျံတက်ပြီး ကောင်းကင်ဘုံကိုးခု၏ သန့်စင်သော ချီကို အချည်းနှီးအဖြစ်သို့ (ဗလာအဖြစ်) ပြောင်းလဲစေလိုပါသည်။" ချင်ယွင်သည် ဟိုးတစ်ချိန်က သူရင်းနှီးခဲ့သော ဤဓားသိုင်းပညာရပ်ကို ရေရွတ်လိုက်ပြီး မကြုံစဖူး တိုက်ပွဲဝင်လိုစိတ်တစ်ခုက သူ၏မျက်နှာပေါ်တွင် ထင်ဟပ်လာခဲ့သည်။

လေဟာနယ်ဓားပညာရပ် ၊ လေဟာနယ်ဓား၊

ချင်ယွင်၏ ၀တ်ရုံသည် လေးတဖျပ်ဖျပ် တိုက်ခတ်နေပြီး သူ့ကိုယ်သူ ပြီးပြည့်စုံစွာ ရပ်တည်နေသည်။ ကြီးကျယ်ခမ်းနားခြင်းမရှိသော်လည်း ဖျက်ဆီးခြင်းသဘောကို ပေးစွမ်းနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော အငွေ့သက်သည် သူ၏ခန္ဓာကိုယ်မှ မြင့်တက်လာပြီး ကောင်းကင်ယံသို့ ပျံတက်သွားသည်။

မူလက သူ၏နောက်တွင် စည်းနှောင်ထားသော ချင်ယွင်၏ ဆံပင်များသည် ချက်ချင်းပင် ရိုင်းစိုင်းစွာ ကခုန်နေကြသည်။ သူသည် သူ၏ခါးမှ ဓားပျော့ကို ဆွဲထုတ်လိုက်သည်။ သူ၏အငွေ့အသက်သည် ချက်ချင်းပင်ပြောင်း လဲသွားခဲ့သည်။ မူလက တိမ်တိုက်များပေါ်သို့ ပျံတက်သွားခဲ့သော ဓားချီသည် ရုတ်တရက် ဘာမှ မရှိသည်၏အဖြစ်သို့ ပြောင်းလဲသွားခဲ့သော်လည်း သူ၏လက်ထဲရှိ ဓား‌ပျော့သည် လူတယောက်၏နှလုံးသားကို တုန်လှုပ်စေသော အငွေ့သက်ဖြင့် လွှမ်းခြုံသွားသည်။

"ချီဓားပညာရပ်၊ တောင်များနှင့် မြစ်များကို ဓားတစ်ချောင်းဖြင့် ခုတ်ပိုင်းခြင်း!" ချင်ယွင် သည် သူ့အား တိုက်ခိုက်ရန် ဓားသိုင်းပညာရပ်ကို အမှန်တကယ် သတ္တိရှိရှိ အသုံးချခဲ့သည်ကို လင်းဖန် မြင်လိုက်ရပြီးနောက် သူ၏မျက်နှာသည် ချက်ချင်းပင် လှောင်ပြောင်သည့် အမူအရာ ပေါ်လာသည်။ ထို့နောက် သူ၏ လက်ချောင်းဓားသည် ချက်ချင်းပင် ကျယ်ပြန့်လာပြီး ဆယ်မီတာကျော်ရှည်သော မမြင်နိုင်သောဓားအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲကာ ချင်ယွင်ဆီသို့ ခုတ်ပိုင်းချလိုက်လေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ကြည့်ရူသူပရိသတ်များသည် အလွန် ထိတ်လန့်သွားပြီး လင်းဖန်၏ ကြောက်မက်ဖွယ်ကောင်းသော ဓားခုတ်ပိုင်းမှုကြောင့် အပြင်းအထန် ဆုတ်ခွာသွားကြသည်။

ချင်ယွင်သည် ကောင်းကင်ယံမှ ခုတ်ပိုင်းကျနေသော ဧရာမဓားကြီးကို ကြည့်လိုက်သည်။သူ၏လက်ထဲရှိဓားပျော့သည် ညင်သာစွာဖြင့် တဝီဝီမြည်နေရင်း သူသည် တီးတိုးရေရွတ်လိုက်၏ "လေဟာနယ်ဓားသိုင်းရဲ့ ပထမဆုံး ကိုယ်‌နေဟန်က (သိုင်းကွက်)က သစ်ပင်ကို လှုပ်ခတ်နိုင်တဲ့ ပုရွက်ဆိတ်ပဲ!"

ထိုသို့ပြောပြီးနောက် သူသည် စိတ်ကူးယဉ်ဆန်ခြင်းမရှိဘဲ ကောင်းကင်ယံမှ ကျဆင်းလာသော ဧရာမဓားကြီးကို ခုတ်ပိုင်းပစ်လိုက်သည်။ လွှမ်းမိုးနိုင်စွမ်း ရှိပုံမပေါ်သော ဓားတစ်ချောင်းသည် ပျံထွက်သွားပြီး ကောင်းကင်ယံရှိ ဧရာမဓားကြီးဆီသို့ ပျံသန်းသွားခဲ့သည်။

All Chapters