လင်းဖန်ကို ရိုက်နှက်ခြင်း
Vol. 8 Ch. 108
အခန်း (၁၀၈) လင်းဖန်ကို ရိုက်နှက်ခြင်း
လင်းဖန်၏ အကန့်အသတ်မဲ့ချီဓားနှင့် နှိုင်းယှဉ်ကြည့်လျှင် ချင်ယွင်၏ဓားသည် နေနှင့်လကို ယှဉ်ပြိုင်နေသော ကြယ်ဖျော့ဖျော့တစင်းနှင့် တူပြီး တိုက်ခိုက်မူတစ်ချက် ကိုပင် ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
"ဟမ့် ၊ ကိုယ့်စွမ်းအား အတိုင်းတာကိုတောင် မသိတဲ့ကောင်ကများ"
လင်းဖန်သည် အထင်သေးဟန်သောအကြည့်ဖြင့်ကြည့်ရင်း အဝေးတွင် ရပ်နေ၏။ သူသည် သူ၏လက်ချောင်းဓားကိုသာ အသုံးပြုနေသော်လည်း သာမာန် သိုင်းဂိုဏ်းချုပ်ကျွမ်းကျင်သူ ခံနိုင်ရည်ရှိသော စွမ်းအားမဟုတ်သည်မှာ သေချာပါ သည်။ ထို့ကြောင့် သူ၏ ထင်မြင်ချက်အရ ချင်ယွင်ခုတ်ပိုင်းလိုက်သော ချီဓားသည် သူ၏အကြီးကျယ်ဖျက်ဆီးနိုင် သောချီဓားကို တားဆီးရန် မဖြစ်နိုင်ပေ။
ချင်ယွင်သည် ချီဓားအမျှင်တန်းနှစ်ခု တစ်ခုနှင့်တစ်ခု ထိပ်တိုက်ဆုံတွေ့နေသည်ကို တိတ်တ ဆိတ် ကြည့်ရင်း သူ၏မျက်နှာသည် အနည်း ငယ်မျှ ပြောင်းလဲသွားခြင်း မရှိပေ။
"ဘုန်း !"
ချင်ယွင်၏ဓားချီသည် လင်းဖန်၏ကြီးမားလှသောချီဓားနှင့် တိုက်မိပြီး ကောင်းကင်ယံတွင် ပေါက်ကွဲထွက်လာသည်။ ကွဲအက်သံနှင့်အတူ လင်းဖန် အသုံးပြုခဲ့သော ကြီးမားလှသော ချီဓားသည် လူတိုင်း၏မျက်လုံးထဲတွင် ဘာမှ မရှိသလို ကွဲအက်သွားသည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?" လင်းဖန်သည်အံ့သြသွားသည်။ ချင်ယွင်သည် သူ၏ တိုက်ခိုက်မှုကို တားဆီးနိုင်မည်ဟု သူ မယုံကြည်ခဲ့ပေ။
သို့သော် ယခုအချိန်တွင် ချင်ယွင်၏ပုံရိပ်သည် လင်းဖန်၏နောက်ကွယ်တွင် ထူးထူး ခြားခြား ပေါ်လာပြီး သူ၏လက်ထဲတွင် တုနှိုင်းမရ အောင် မာကျောသည့် ဒိုင်းတစ်ခုလည်း ရှိနေသည်။
"မဖြစ်နိုင်ဘူးလား?" လင်းဖန်သည် ဤချင်ယွင်က သူ၏နောက်သို့ ရောက်လာသော အခါ မယုံနိုင်လောက်အောင်ပင်ဖြစ်သွားရ၏။
သို့သော် သူအဖြေမရသေးခင်၊ သူ၏နောက်မှ ချင်ယွင်သည် လင်းဖန်၏မျက်နှာပေါ်ကို သူ၏ ဒိုင်းဖြင့်တိုက်ရိုက်ရိုက်ချလိုက်သည်။ လင်းဖန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မြေပြင်ပေါ်ကို ချက်ချင်း ပစ်ရိုက်ကျသွားကာ မြေကြီးပေါ်တွင် တွင်းနက်ကြီးတစ်ခုကို တိုက်ရိုက်ဖန်တီးလိုက်သည်။
လင်းဖန်သည် မြေပြင်ပေါ် ရိုက်နှက်ခံရ၍နစ်၀င်သွားပြီးနောက် ချင်ယွင်သည် ရပ်တန့်သွားခြင်း မရှိပေ။ ယင်းအစား သူသည် လင်းဖန်ကို ထိုက်တောင်ကြီးကဲ့သို့ ပြင်းထန်သောဖိအားတစ်ခုကို တိုက်ရိုက်ပေးကာ နောက်ထပ် ပြင်းထန်သော ထုနှက်ချက်တခုကို ထုတ်ဖော်လိုက်သည်။
လင်းဖန်သည် သူ၏စိတ်ထဲတွင် ဒေါသတကြီး ဖြစ်နေသည်။ သို့သော်၊ ချင်ယွင်ကို လုံးလုံး လျားလျား တုန်လှုပ်သွားစေရန် သူ၏ ဝိညာဉ်စွမ်းအင်ကို စုစည်းရန် ကြိုးစားတိုင်း၊ ချင်ယွင် ထံမှ ထိုးနှက်ချက်တိုင်းသည် သူ စုဆောင်းထားသော ဝိညာဉ်စွမ်းအင်များကို ချက်ခြင်း ပျောက်ကွယ်သွားစေသည်ကို သူတွေ့ရှိခဲ့ရသည်။ ဤအရာက သူ့ကို အဆုံးမရှိ စိတ်ထိခိုက်နာကျင်မူကို ခံစားရစေသော်လည်း ၎င်းနှင့် ပတ်သက်၍ သူဘာမျှ မတတ်နိုင်ပေ။
ချင်ယွင်၏လက်သီးက လင်းဖန်၏မျက်နှာကို မုန်တိုင်းကဲ့သို့ နှုတ်ဆက်နေခဲ့သည်။ လင်းဖန်၏ မူလက ချောမောသော မျက်နှာသည် ဝက်ခေါင်းကဲ့သို့ တိုက်ရိုက် ရိုက်နှက်ခံရပြီး နောက်ဆုံးတွင် ဒေါသကြောင့် မေ့လဲသွားခဲ့သည်။
ကွင်းပြင်အတွင်းရှိ လူများသည် အံသြနေကြပရပြီ။ ချင်ယွင်သည် လင်းဖန်ကို အနိုင်ယူနိုင်လိမ့်မည်ဟု သူတို့ မထင်ခဲ့ကြပေ။ အထူးသဖြင့် ချင်ယွင်ကို ယခင်က ရှုံ့ချခဲ့သော တပည့်များ အားလုံးသည် ချင်ယွင်ကို အဆုံးမရှိ လေးစားလာကြသည်။
သို့သော်လည်း ချင်ယွင်သည် လင်းဖန်ကို အနိုင်ရခြင်း၏အကြောင်းရင်းမှာ လင်းဖန် သည် သူ၏ပြိုင်ဘက်ကို လျှော့တွက်ပြီး ၎င်း၏စစ်မှန်သောစွမ်းအားကို အသုံးမချခြင်း ကြောင့်ဖြစ်ကြောင်း ရောက်ရှိနေကြသူလူတိုင်းသိကြသည်။ အခြားတစ်ဖက်က ပြောရလျှင် ချင်ယွင်သည် အထူးနည်းလမ်းအချို့ကို အသုံးပြုခဲ့သည်။
အမှန်တကယ်တော့ ချင်ယွင်ကိုယ်တိုင်သည်လည်း အထူးနည်းလမ်းအချို့ကို အမှန်တကယ်အသုံးပြုခဲ့ပါသည်။ သူသည် လင်းဖန်၏ နောက်တွင် ထူးဆန်းစွာ ပေါ်လာနိုင်ခြင်း၏ အကြောင်းအရင်းမှာ သူရှိနေသောနေရာမှ အဝေးတနေရာကို လွယ်ကူစွာရွေ့လျားစေနိုင်သော လေဟာနယ်ဓားသိုင်းပညာရပ်ကို အသုံးပြုခဲ့သော ကြောင့် ဖြစ်ပါသည်။
ထိုအချိန်တွင်၊ လင်းဖန်သည် ကောင်းကင်ယံတွင် ချီဓားမျှင်တန်းနှစ်ချောင်း ထိပ်တိုက် တွေ့ ဆုံခြင်းကိုသာ အာရုံစိုက်နေခဲ့ပြီး ချင်ယွင်သည် နောက်ကွယ်မှာ ပုံရိပ်ယောင် တခုကို ချန်ထားရစ်ခဲ့သည်ကို သူ သတိမထားမိခဲ့ပေ။
လင်းဖန်သည် အာရုံစူးစိုက်မူ အနည်းငယ် ရှိခဲ့လျှင်ပင် ချင်ယွင်ကို အခွင့်ကောင်းယူနိုင်မည်မဟုတ်ပေ။
နောက်ပိုင်းတွင် လင်းဖန်ကို အနိုင်ယူသော အခါ၊ ချင်ယွင်သည် ချီဖြိုခွဲခြင်း လက်သီးဟုခေါ်သော သိုင်းပညာရပ်တခုကို အသုံးပြုခဲ့သည်။ ဤလက်သီးပညာရပ်ကို ချင်ယွင်သည် ဟိုအတိတ်တုန်းက လူအများကို ရိုက်နှက်ရန်မှာအသုံးပြုရန် ဖန်တီးထားခြင်း ဖြစ်သည်။ အမှန်တကယ်တော့ သူသည် အခြားသူများ၏ ခန္ဓာကိုယ်ထဲသို့ သူ၏ကိုယ်ပိုင်အဆင့်မြင့် ဝိညာဉ်စွမ်းအင်ကို ထိုးသွင်းရန် သူ၏ လက်သီးကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး ၎င်းတို့စုစည်းမည့် ဝိညာဉ်စွမ်းအင်ကို ခွဲထုတ် ပစ်လိုက်ခြင်းဖြစ်သည်။
ဟုတ်ပါသည်၊ ချင်ယွင်သည် ဤလက်သီးနည်းစနစ်ကို အသုံးပြုပြီး သိုင်းဧကရာဇ်
အဆင့်အောက်က ကျွမ်းကျင်သူများကိုသာ ကိုင်တွယ်နိုင်ပါလိမ့်မည်။ မဟုတ်လျှင် ချင်ယွင်၏ သန့်စင်သော၀ိညာဥ်ချီသည် မည်မျှပင် အဆင့်မြင့်နေပါစေ သူသည် ယင်းကို လုပ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် လင်းဖန်သည် ကြီးမားသောဆုံးရှုံးမှုကို အမှတ်မထင်ခံစားခဲ့ရပြီး ချင်ယွင်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။
ချင်ယွင်သည် သတိလစ်နေသော လင်းဖန်ကို ဘိုင်ယွန်ကျောင်းတော်၏ တပည့်များထံ ပစ်ချလိုက်သည်။ သူ လင်းဖန်ကို မသတ်ဝံ့ပေ။ ပထမဦးချက်အနေဖြင့်၊ ဘိုင်ယွန် ကျောင်းတော်မှ သိုင်းမြို့စားကျွမ်းကျင်သူအများအပြားသည် လင်းဖန်ကို တိတ်တ ဆိတ် စောင့်ကြည့်နေကြသည်။ ဘိုင်ယွန်ကျောင်းတော်၏ နံပါတ်တစ်ပါရမီရှင် သိုင်းမြို့စားဘိုင်ယွန်၏ ကိုယ်တိုင်ရွေးချယ်ထားသော တပည့်အဆင့်
အတန်းရှိကို ချင်ယွင်သည် ကြောက်ရုံကလွဲပြီး အခြားရွေးချယ်စရာမရှိတော့ပေ။ ထို့အပြင် လင်းဖန်နှင့် သူ၏ဆက်ဆံရေးသည် သူ့ကိုသတ်ပစ်ရလောက်သည်အထိ ကြီးမားခြင်းမရှိပေ။
အကယ်၍ လင်းဖန်သည် ချင်ယွင်၏ ပြောင်းပြန်ကြေးခွံကို စော်ကားမိခဲ့လျှင် သူသည် သိုင်းမြို့စားဘိုင်ယွန်ကို ပြစ်မှားရမည် ဆိုလျှင်ပင် ချင်ယွင်သည် သူ့ကိုသတ်ဖြတ်ရန် တုံ့ဆိုင်းနေမည်မဟုတ်ပေ။
လင်းဖန်ကို ဘိုင်ယွန်ကျောင်းတော် တပည့်များထံ ပစ်လိုက်ပြီး ချင်ယွင်သည် မိုးကြိုးဝိညာဉ်ဂိုဏ်း၏ တပည့်များရှိရာလမ်းအတိုင်း လျှောက်လှမ်းလာခဲ့သည်။
ထိုတပည့်များသည် ချင်ယွင် လမ်းလျှောက်လာသည်ကို မြင်သောအခါတွင် သူတို့၏ မျက်နှာများတွင် ရှက်ရွံ့မှုများဖြင့် ပြည့်နှက်နေသော်လည်း အလွန် စိတ်လှုပ်ရှား နေကြ၏။ လင်းဖန်သည် လွန်ခဲ့သော သုံးနှစ်ခန့်က ၎င်းတို့အား အညှာအတာမဲ့ အရှက်ခွဲခဲ့သည်။ သူတို့သည် လက်စားချေချင်နေသည်မှာ အချိန်ကြာပြီ ဖြစ်သော် လည်း လင်းဖန်၏ ခွန်အားကြောင့် သူတို့မှာ အခွင့်အရေးမရခဲ့ပေ။
ဒါပေမယ့် ဤတစ်ကြိမ်မှာတော့ ချင်ယွင်သည် သူတို့၏ဒေါသများကို ဖွင့်ထုတ်နိုင်ရန် အမှန်တကယ်ပဲ ကူညီပေးခဲ့ပါသည်။ထို့အပြင်၊ချင်ယွင်၏လက်ရှိခွန်အားကို သူတို့က အမှတ်ပြုပြီးသား ဖြစ်သွားကြသည်။ ထိုကြောင့် ချင်ယွင်ကိုကည့်သည့် သူတို့၏ အကြည့်များက အထင် အမြင်သေးမူအရိပ်ယောင်များ မရှိရုံမျှမက စိတ်လှုပ်ရှားခြင်း၊ လေးစားကြည်ညိုခြင်းများ ရှိနေကြသည်။
ချင်ယွင်သည် ဤလူများ၏ အတွေးအမြင်များကို ဂရုမစိုက်ရန် အလွန် ပျင်းနေလေသည်။ သူသည် ဘိုင်ချင်ဟန်နှင့် ကျိုးယုတို့ဆီကို လျှောက်သွားပြီး ပြောလိုက်သည် "ငါ့ရဲ့တာဝန်က ပြီးသွားပြီ။ အခု မင်းအပေါ်မှာပဲ မူတည်တယ်။"
ဘိုင်ချင်ဟန်နှင့် ကျိုးယုတို့သည် အကြည့်ချင်းဖလှယ်ကာ ခါးသီးသော အပြုံးများကို ထုတ်ဖော်လိုက်ကြသည်။
သို့သော်လည်း သူတို့လုပ်နိုင်သည်မှာ ဘာမှမရှိဘူး။ သူတို့သည် ချင်ယွင်ကို ကတိပေး ပြီးသား ဖြစ်ပြီး အပြင်ထွက်ပြီး ဖန်းမန့်ကိုစိန်ခေါ်ရန် ပြင်ဆင်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။
သို့သော် ထိုအချိန်တွင် ဖန်းမန့်သည် လင်းတန်ဂိုဏ်း၏ တပည့်များနှင့်အတူ ရုတ်တရက် ထွက်ခွာသွားခဲ့သည်။ ယင်းကြောင့် ဘိုင်ယွန်ကျောင်းတော်၏ တပည့်များသည် အဆင်မပြေသော အခြေအနေသို့ ကျရောက်သွားစေခဲ့သည်။
လင်းတန်ဂိုဏ်းမှ တပည့်များ ထွက်ခွာသွားသည်နှင့် တပြိုင်နက် ဘိုင်ယွန်ကျောင်းတော် သည်လည်း လင်းဖန်၏ ခြိမ်းခြောက်နိုင်စွမ်းကို ဆုံးရှုံးခဲ့ရသည်။ ယင်းဧရိယာကို ထပ်ပြီး တားဆီးပိတ်ဆို့ရန် သူတို့မှာ မည်ကဲ့သို့သတ္တိရှိမည်နည်း။ သတိလစ်နေသော လင်းဖန်နှင့်အတူ သူတို့သည် ကမန်းကတန်း ထွက်ပြေး သွားခဲ့ကြသည်။
လင်းတန်ဂိုဏ်းနှင့် ဘိုင်ယွန်ကျောင်းတော်တို့မှ ပိတ်ဆို့ထားခြင်းမရှိတော့သည့် အတွက် တကိုယ်တော် ကျင့်ကြံသူများသည် ချက်ချင်းပင် ရွှင်မြူးကာ တောင်တန်း ဆီသို့ ပြေးသွားကြသည်။
ဤအရာအားလုံးကို ပံ့ပိုးကူညီသူ ချင်ယွင် သည် ကျန်းရွန်ရှင်းဘက်သို့ တိတ်တဆိတ် လျှောက်သွားခဲ့သည်။
ကျန်းရွန်ရှင်းသည် ချင်ယွင်၏အမူယာက မူမမှန်ကြောင်း သူမသတိထားမိလိုက်သော အခါတွင် သူမသည် ချင်ယွင်နှင့်ပတ်သက်ပြီးစကားများကို ချဲ့ကားပြောဆိုချီးမွမ်းတော့မည်ဖြစ်သည်။ ထို့နောက် ချင်ယွင်သည် မူးမေ့သွားကာ ကျန်းရွန်ရှင်း၏ အပေါ်တွင် လဲကျသွားသည်။
"လင်းယွင် နင်ဘာဖြစ်နေတာလဲ"
ကျန်းရွန်ရှင်းသည် ထိတ်လန့်သွားပြီး ချင်ယွင် ကို သူမ၏ရင်ခွင်ထဲတွင် ပွေ့ဖက်လိုက်သည်။
အမှန်တကယ်တော့ လင်းဖန်သည် ချင်ယွင်ကို သူ၏ဝိညာဉ်ချီကို အသုံးပြုပြီး သူ့ကိုလွင့်ထွက်အောင် ရိုက်နှက်လိုက်ချိန်မှာ ချင်ယွင်၏ အတွင်းအင်္ဂါအစိတ်ပိုင်း များသည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ထို့နောက်တွင်၊ သူသည် ဝိညာဉ်ချီကို သူ၏ခန္ဓာကိုယ်မှ လုံးလုံး လျားလျား စုပ်ထုတ်ရန် လေဟာဓားပညာရပ်နှင့် ချီဖြိုခွဲခြင်းလက်သီးကို ပြင်းပြင်းထန်ထန် အသုံးပြုခဲ့သည်။
ချင်ယွင် တိုက်ပွဲပြီးဆုံးသည့်တိုင်အောင် ရှင်သန်နိုင်ရခြင်း၏ အကြောင်းအရင်းမှာ အသက်ရှူမူတစ်ခုတည်းကြောင့် ဖြစ်သည်။
သူနှင့် လင်းဖန်တို့အကြား အဆင့်ကိုးဆင့် ကွာခြားချက်မှာ အလွယ်ကူ ဖြည့်ဆည့်နိုင်သည့် အရာမဟုတ်ပေ။ လင်းဖန်သည် ဒေါသကြောင့် မူးမေ့လဲ မသွားပါက၊ အဆုံးတွင် ချင်ယွင်သည် လဲကျသူဖြစ်သွားပေလိမ့်မည်။
ထိုအချိန်တွင်၊ မိုးကြိုး၀ိညာဥ်ဂိုဏ်းမှ တပည့်များသည် ချင်ယွင်မူးမေ့လဲသွားသည်ကို သတိပြုမိပြီး အကူအညီပေးရန် ပြေးလာသည်။
သို့သော် ကျန်းရွန်ရှင်းသည် ချင်ယွင်ကို နွားပေါက်လေးတကောင်ကဲ့သို့ သူမ ရင်ခွင်ထဲတွင် အကာအကွယ်ပေးထားပြီး မည်သူမျှ သူ့ထံသို့ မချဉ်းကပ်နိုင်ခဲ့ပေ။
ချောင်ရွှန်းဂျန်သည် ဤမြင်ကွင်းကို အဝေးမှမြင်သောအခါ သူ၏မျက်နှာသည် ချက်ချင်း ဖျော့တော့သွားခဲ့ပြီး စိတ်ပျက်မူလှိုင်းလုံးများက သူ၏နှလုံးသားထဲသို့ တိုးဝင်လာသည်။
သို့သော် ထိုအချိန်တွင် လက်တစ်ဖက်က သူ၏ ပခုံးကို အနောက်မှ ရုတ်တရက် ပုတ်လိုက်သည် ။
ချောင်ရွှန်းဂျန် လှည့်ကြည့်လိုက်လျှင် ရောက်လာသူက ရှီကန်ဟိုင်ဖြစ်သည်ကို သူ
တွေ့လိုက်ရသည်။ သူ၏အမူအရာက ချက်ချင်းပင် မည်းမှောင်သွားသည်။
ရှီကန်ဟိုင်သည် ယုတ်ညံ့ဆိုးသွမ်းသူဖြစ်သည် ။ သူ၏ဗိုက်ထဲမှာ ဆိုးညစ်သည့်ရေများ ပြည့်နေပြီး သူသည် ဂိုဏ်း၏အခြားတပည့်များ၏ ကြိုဆိုမူကို ဘယ်တုန်းကမှ မခံရဖူးပါဘူး။ ချောင်ရွှန်းဂျန်သည် ရှီကန်ဟိုင်၏ ပင်ကိုယ်စရိုက်ကို မကြိုက်သော ကြောင့် ရှီကန်ဟိုင်ကို အာရုံစိုက်ရန် ဆန္ဒမရှိခဲ့ပေ။
ထို့ကြောင့် ချောင်ရွှန်းဂျန်က ချက်ချင်းပင် အေးစက်စွာ အော်ပြောလိုက်သည် "ရှီကန်ဟိုင်၊ မင်း ဘာလုပ်ချင်တာလဲ"
ရှီကန်ဟိုင်က ပြုံးပြီး ပြောသည် "စိတ်မလှုပ်ရှားပါနဲ့။ ငါ မင်းကို ကူညီဖို့ ဒီကိုရောက် လာတာပါ" ဟု ပြောလိုက်သည်။
"ငါ့ကိုကူညီဖို့လား။ ငါ့မှာ မင်းနဲ့ပတ်သက်ပြီး ဘာမှကူညီတောင်းခံစရာမရှိဘူး " ချောင်ရွှန်းဂျန်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
"ဒါဆို မင်း ကျန်းရွန်ရှင်းကို ပြန်မယူချင်ဘူးလား" ရှီကန်ဟိုင်က ရှက်ရွံ့စွာ ရယ်မောလိုက်သည်။
ချောင်ရွှန်းဂျန်သည် မျက်မှောင်ကြုတ်လိုက်သည်။ တခဏလောက် တုံ့ဆိုင်းသွား ပြီးနောက် နောက်ဆုံးမှာ "မင်း ဘာလုပ်နိုင်မလဲ"
ရှီကန်ဟိုင်သည် ချောင်ရွှန်းဂျန်၏စကားကိုကြားသောအခါ၊ သူ၏မျက်နှာပေါ်ရှိ ရက်စက်သော အပြုံးသည် ပို၍ပင် ခက်ထန်လာသည်။