လူသတ် သစ်ပင်
Vol. 8 Ch. 109
အခန်း (၁၀၉) လူသတ်သစ်ပင်
ချင်ယွင်သည် သတိမေ့မြောရာမှ နိုးထလာသောအခါတွင် ဒုတိယနေ့၏ နံနက် စောစောပင် ရှိနေပြီဖြစ်သည်။
တစ်ညတာ မိမိကိုယ်မိမိ ကုစားပြီးနောက် ချင်ယွင်၏ ဒဏ်ရာများသည် လုံးဝ ပြန်လည် ကောင်းမွန်လာရုံသာမက သူ၏ ကျင့်ကြံမှု သည်လည်း အထွတ်အထိပ် အခြေအနေသို့ တိုက်ရိုက် ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူ၏ကျင့်ကြံမူမှာ အဆင့်ချိုးဖြတ်နိုင်မည့် အရိပ်ယောင်များပင် ရှိလာခဲ့သည်။ သူသည် ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ်သို့ မကြာမီပင် ရောက်ရှိ လိမ့်မည်ဟု သူထင်မိသည်။
ကျန်းရွန်ရှင်းသည် ချင်ယွင်နိုးလာသည်ကိုမြင်သောအခါ သက်ပြင်းတစ်ချက် ချလိုက် သည်။ သူမသည် မနေ့ညက ချင်ယွင်၏နံဘေးတွင် မျက်တောင်တချက်ပင် မခတ်ဘဲ နေခဲ့သည်။ သူမသည် ချင်ယွင်ကို သူမရင်ခွင်ထဲတွင် အမြဲတမ်း ဆုပ်ကိုင်ထား သောကြောင့် ပတ်ဝန်း ကျင်မှလူများသည်ပင် အားကျစိတ်နှင့်အတူ မနာလိုမူများ ဖြစ်ပေါ်စေခဲ့သည်။
ထိုမှသာ ချင်ယွင်သည် ကျန်းရွန်ရှင်း၏သွယ်လျလုံး၀န်းသော ပေါင်ပေါ်တွင် သူ၏ ဦးခေါင်းကို မှီထားမှန်း သိလိုက်ရသည်။ ကျန်းရွန်ရှင်း၏ ကြီးကျယ်ခမ်းနားသော ရင်ဘတ်သည် သူ၏လက်နှင့် နီးကပ်နေ၏။ ချင်ယွင် သည် ကျန်းရွန်ရှင်း၏ ခန္ဓာကိုယ်မှ ထွက်လာသော အပျိုတယောက်၏ သင်းရနံ့ကိုပင် အနံ့ခံနိုင်ခဲ့ပြီး ချင်ယွင်သည် သွေးပင်အန်ချင်လာမိသည်။
ကျန်းရွန်ရှင် သည် ချင်ယွင်၏ အတွေးများကို မြင်နိုင်ပုံရသည်။ ရှက်ရွံ့ပြီး ရယ်မောသော အပြုံးတစ်ခု သူမမျက်နှာပေါ်တွင် ပေါ်လာသည်။ သူမသည် အနည်းငယ် ငုံ့ထားပြီး လူများကို ရှူရှိုက်ရင်မောရလောက်အောင် အသက်ရှူ ကျပ်စေသည့် သူမ၏ ရင်ဘတ်သည် ချင်ယွင်၏ မျက်နှာကို တိုက်ရိုက် ဖိထားသည်။
တစ်ချိန်တည်းမှာပင် သူမက ချင်ယွင်ကို ကျီစယ်ရန်လည်း မမေ့ခဲ့ပေ"ယောင်္ကျား၊ ဘာလဲနေမကောင်းဘူးလား?"
ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားသည်။ သူ၏မျက်နှာပေါ်ရှိ လုံ၀န်းသည့်နူးညံ့မှုက သူ့ကို လုံးလုံးပူလောင်စေသည် ။ သူသည် ကျန်းရွန်ရှင်း၏ ပွေ့ဖက်မှ မတ်တပ်ထရပ်ရန် ရုန်းကန်ရင်း ပတ်ဝန်းကျင်ကို အပြစ်ကင်းစွာ ကြည့်လိုက်သည်။ အနီးနားတွင် မည်သူမျှမရှိသည်ကို တွေ့လိုက်ရသောကြောင့် သက်ပြင်းတစ်ချက်ချလိုက်မိသည်။
" မြေနိုး၊ မင်းက တကယ်ပဲ လူတွေကို သေအောင် သတ်နိုင်တယ်။" ချင်ယွင်သည် ကျန်းရွန်ရှင်းကို မကြည့်ဝံ့ဘဲ သူ၏စိတ်ထဲတွင် ပြင်းထန်စွာ ကျိန်ဆဲလိုက်သည်။
ကျန်းရွန်ရှင်းသည် ဘေးမှပြုံးကာ ချင်ယွင်ကိုရှုံးနိမ့်စေခဲ့ခြင်းက (အနိုင်ရခြင်းက) သက်ရှိအရာအားလုံးကို ပြောင်းပြန်လှန်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် အလွန်ပျော်သွားခဲ့သည်။
ချင်ယွင်သည် ကျန်းရွန်ရှင်း၏ မကောင်းသောနည်းလမ်းများကို မြင်တွေ့ခဲ့ဖူးသည်။ ဤမိန်းမကို ရန်စရန် မဝံ့ရဲပေ။ ဤအမျိုးသမီးဆီမှ တရားမျှတမူ မရရှိနိုင်မှာ သူ တကယ်ကြောက်မိသည်။
သို့သော်၊ ဤအမျိုးသမီးသည် ယခု ချင်ယွင် ကို နာခံသည့်ပုံစံရှိနေပြီး ချင်ယွင်က သူမကို အမှန်တကယ်အလိုရှိလျှင် သူမသည် မငြင်းဆန်ရန်ပင် ဖြစ်ကောင်း ဖြစ်နိုင်သည်။ အမှန်တကယ်တော့ သူမသည် မိုးပြာမြူနှင်းငှက်ပေါ်မှာပင် တိုက်ပွဲကြီး တစ်ခုဆင်နွှဲရန် စိတ်ကူးယဉ်ခဲ့သည့် အရူးမတစ်ယောက်ဖြစ်သည်။
ချင်ယွင်သည် ကျန်းရွန်ရှင်းကိုလက်ခံထားပြီးဖြစ်သော်လည်း၊ သတို့သမီးအခန်း ၀င်ခြင်းနှင့်ပတ်သက်၍ ဆောလျင်စွာမလုပ်ဆောင်နိုင်ကြောင်း သူအမြဲတမ်း ခံစားခဲ့ရသည်။ ဤအကြောင်းပြောဆိုရန် အချိန်အတော်ကြာအောင် စောင့်ရလိမ့်မည်။ ထို့အပြင်၊ ဤနေရာတွင် အမြဲလူအများပြးရှိသည်။ သူသည် ဂေါ်ရီလာတကောင်ကဲ့သို့ လည်ပတ်သွားရခြင်းကို မလိုချင်ပေ။
"သူတို့အားလုံးက အသက်သစ်ပင်ကို ရှာဖွေနေကြပြီ။ အတူတူ ဝင်ကြရအောင်!" ချင်ယွင်က ကိုးရိုးကားယားဖြစ်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်ရသည်။
ချင်ယွင်၏မျက်နှာသည် အနည်းငယ် ချောင်သွားမှန်း ကျန်းရွန်ရှင်းသိသောကြောင့် သူမသည် ချင်ယွင်ကို မစနောက်တော့ပေ။ သူမသည် ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြပြီး ချင်ယွင်နောက်ကို လိုက်သွားသည် ။
အသက်သစ်ပင်သည် အသီးမသီးမီ ဆယ်ရက်အလိုတွင် မြေကြီးပေါ်၌ တစ်ကြိမ် ပေါ်လာမည်ဖြစ်ပြီး နောက်ပိုင်းဆယ်ရက်အကြာတွင် အမှန်တကယ် အသီးများ သီးလာသောအခါ ၎င်းသည် မြေကြီးပေါ်တွင် ပြန်ပေါ်လာမည်ဖြစ်သည် ။ ထို့အပြင်၊ ၎င်းသည် လွန်ခဲ့သော ဆယ်ရက်က ပေါ်ထွန်းခဲ့သည့် နေရာနှင့် မဝေးလှသည့် နေရာအတွင် ပေါ်လာမည်ဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သော ဆယ်ရက်က ဤနေရာတွင် အသက်သစ်ပင်၏ သဲလွန်စများကို တစ်စုံတစ်ယောက်က ရှာဖွေတွေ့ရှိခဲ့သည်။
ဆိုလိုသည်မှာ ယနေ့ ဆယ်ရက်မြောက်နေ့တွင် အသက်သစ်ပင်သည် ဤအနီးတစ်ဝိုက်တွင် ပေါ်လာလိမ့်မည်။၊
သို့သော်လည်း ကျန်းရွန်ရှင်းနှင့် ချင်ယွင်တို့ သည် ဤနေရာကို နေ့တစ်ဝက်ကျော် ရှာဖွေခဲ့ကြပြီး အသက်သစ်ပင်၏အရိပ်ယောင်ကိုပင် မမြင်ခဲ့ကြပေ။
ကျန်းရွန်ရှင်းသည် ကြီးမားသော ကျောက်တုံးကြီးတစ်တုံးကို မှီကာ သူမဘေးနားရှိ ချင်ယွင်အား ပြောလိုက်သည် "ကောလဟာလတွေက မှားနိုင်တယ်မလား? အသက်သစ်ပင်ဆိုတာ လုံးဝ မရှိနိုင်ဘူး၊ လူတိုင်းဟာ လှည့်စားခြင်းခံနေကြရပြီ"
ချင်ယွင်က ခေါင်းယမ်းပြီး ပြောလိုက်သည် "မဖြစ်နိုင်ပါဘူး၊ အင်အားစုသုံးစုက အရူးတွေ မဟုတ်ဘူး၊ သူတို့က သတင်းမှန်မမှန်ကို အရင်ဆုံး သေချာစိစစ်လိမ့်မယ်"
ကျန်းရွန်ရှင်းက မျက်မှောင်ကြုတ်ပြီး "ဒါဆို ဘာလို့ ဘာလက္ခဏာမှ မရှိတာရလဲ?"
ချင်ယွင်သည်လည်း အဖြစ်ပျက်ကို မသိသော ကြောင့် ခေါင်းယမ်းပြလိုက်ပြီး ပြန်မဖြေပေ။ ယုတ္တိဗေဒအရပြောရလျှင် အသက်သစ်ပင်သည် ပေါ်လာသင့်သည်။
သို့သော်လည်း ကျန်းရွန်ရှင်းစကားပြီးဆုံးပြီး မကြာခင်မှာပင် ချင်ယွင်၏ ခြေဖဝါးအောက် မြေပြင်သည် အနည်းငယ် တုန်ခါလာသည်။
အကိုင်းအခက်များသည် မြေပြင်မှ ထွက်ပေါ်လာသည်။
ချင်ယွင်နှင့် ကျန်းရွန်ရှင်းသည် အကြည့်ချင်းဖလှယ်ကာ ပြိုင်တူ ပြောမိ၏ "ဒါက တိုက်ဆိုင်တာတော့ မဖြစ်နိုင်ပါဘူးနော်။ ဟုတ်တယ်မလား?"
တစ်ချိန်တည်းမှာပင်၊ ချင်ယွင်၏ လှုပ်ရှားမှုများသည် အနီးနားရှိ တကိုယ်တော်ကျင့်ကြံ သူ အနည်းငယ်၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ ထိုကျင့်ကြံသူများသည် ယင်းမြင်ကွင်းကို မြင်လိုက်ရလျှင် မျက်လုံးများ ချက်ချင်း တောက်ပလာခဲ့ကြသည်။
"မကောင်းတော့ဘူး။ မြန်မြန်ပြန်ဆုတ်"
သူသည် ကျန်းရွန်ရှင်းကို အမြန်ဆွဲထုတ်လိုက်ရင်း ချင်ယွင်၏အမူအရာက ပြောင်းလဲ နေသည်။
ကျန်းရွန်ရှင်းနှင့် ချင်ယွင် တို့ ဆုတ်ခွာသွားပြီးနောက် မကြာမီပင် မြေပြင်မှ ပေါ်လာသော သစ်ကိုင်းများသည် စပါးအုံးမြွေများကဲ့သို့ လျင်မြန်စွာ ချဉ်းကပ်လာ သော တစ်ကိုယ်တော်ကျင့်ကြံသူ လူငယ်တစ်ဦး၏ လည်ပင်းကို ရုတ်တရက် ရစ်ပတ်လာသည်။ ယင်းနောက်ပိုင်မှာ လူတိုင်းက ထိုလူငယ်လေး၏ အရှိန်အဟုန် မြန်ဆန်စွာဖြင့် အိုမင်းရင့်ရော်မှုကို တွေ့လိုက်ရသည်။ နောက်ဆုံးတွင် ထိုလူငယ်သည် မသေခင် ဆံပင်ဖြူ ပိန်ပိန်ပါးပါး အဘိုးကြီးတဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ဘာလဲဟ?"
ထိုလူငယ်နှင့် အနီးကပ်ရှိနေသူများသည် ချက်ချင်းပင် ထိတ်လန့်သွားပြီး အလျင်အမြန် ပြန်ဆုတ်သွားကြသည်။
သို့သော် ထိုလူများသည် နောက်ကျနေကြပြီဖြစ်သည်။ သူတို့၏ခြေဖဝါးအောက်မှ အကိုင်းအခက်များ ပေါ်လာပြီး သူတို့၏ ခြေဖဝါးများကို ရစ်ပတ်ကာ အရှိန်အဟုန်ဖြင့် ထိုလူများ၏ အသက်ကို ဝါးမြိုပစ်လိုက်သည်။
ကျန်းရွန်ရှင်း သည် ဤမြင်ကွင်းကိုမြင်သောအခါ သူမ အံသြသွားမိသည်။ ဤထူးဆန်းသော အကိုင်းအခက်သည် ဒဏ္ဍာရီလာ အသက်သစ်ပင်ဖြစ်နိုင်သော်လည်း ၎င်းကို သူမမည်ကဲ့သို့ကြည့်နေပါစေ၊ ၎င်းသည် လူသတ်သစ်ပင်တစ်ပင်လိုပင် ဖြစ်သည်။
"တကယ်တော့ ဒါက အသက်သစ်ပင်တစ်ပင်ပဲ။ ဒါပေမယ့် လူသတ်သစ်ပင် တစ်ပင်ဆိုလည်း ဟုတ်တယ်။ အသက်သစ်ပင်မှာ အသက်စွမ်းအင် အနှစ်သာရ အမြောက်အမြား ပါဝင်ရတဲ့ အကြောင်းရင်းက တခြားသတ္တဝါအားလုံးရဲ့ အသက်ကို ဝါးမြိုနိုင်လို့ပဲ။"ချင်ယွင်သည် ကျန်းရွန်ရှင်းအား နောက်ပြန်ဆွဲရင်း ရှင်းပြသည်။
ချင်ယွင် ၏ရှင်းပြချက်ကိုကြားရလျှင် ကျန်းရွန်ရှင်းသည် ရုတ်တရက် ထိတ်လန့် သွားသည်။ ထိုမှပင် မြေပြင်မှ ပေါက်ထွက်နေသော အသက်သစ်ပင်ကြီးကို သူမ ကြည့်လိုက်မိသည်။ အကိုင်းအခက်များ မည်သည့်နေရာသို့ ရောက်သွားပါစေ ပတ်ဝန်းကျင်ရှိသစ်ပင်များ၊ ပန်းပွင့်များနှင့် အပင်များအားလုံး ညှိုးနွမ်းသွားကြောင်း သူမတွေ့ရှိခဲ့ရသည်။
"ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်လိုက်တဲ့ သစ်ပင်ကြီးလဲ၊ ဒီသစ်ပင်ကြီးက တခြားမျိုးစိတ်တွေရဲ့ အသက်မှန်သမျှကို အမှန်တကယ် ဝါးမျိုသွားနိုင်တယ်" ကျန်းရွန်ရှင်းသည် အံ့အားသင့်သွားသည်။
သို့သော် ဤအခိုက်အတန့်တွင် သူတို့ခြေထောက်အောက်ရှိ မြေဆီလွှာသည် ရုတ်တရက် ပွင့်ထွက်သွားပြီး သစ်ကိုင်းတစ်ကိုင်းသည် လျင်မြန်စွာ ပေါ်ထွက်လာ လေသည်။
"သေစမ်းဟ၊ ဒီသစ်ပင်ကြီးဟာ ဒီလောက်ကြီးတဲ့ ဧရိယာကို တကယ် ဖုံးအုပ်ထားတယ်။ ဒီအဆင့်အထိ ရှင်သန်နိုင်ဖို့ သက်ရှိပေါင်း ဘယ်လောက်များများ သတ်ဖြတ်ပြီးသွားပြီလဲ" ချင်ယွင် အံ့သြသွားသည်။ သူတို့သည် မီတာတစ်ထောင်အကွာထိ ဆုတ်ခွာသွားခဲ့ကြသော်လည်း အသက်သစ်ပင်၏ အကိုင်းအခက်သည် ဤနေရာတွင် အမှန်တကယ်ကြီးထွားလာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ထို့နောက် ချင်ယွင်သည် မဆိုင်းမတွ ခါးပေါ်ရှိ မြူနှင်းချောက်နက်ဓားကို ထုတ်ကာ ပြေးတက်လာသော သစ်ကိုင်းကို ခုတ်ထစ်လိုက်သည်။
မြူနှင်းချောက်နက်ဓားသည် အမှန်တကယ်ပင် ရှေးဟောင်းခေတ်နတ်ဘုရားများ၏ လက်ရာဖြစ်ထိုက်သည်။ စည်းတံဆိပ်ခတ်ထားလျှင်ပင် သူ၏ထက်ရှမှုက တုနှိုင်းလို့ မရပေ။
ထို့ကြောင့် ချင်ယွင်၏ဓားသည် အသက်သစ်ပင်၏ သစ်ကိုင်းကို ဖြတ်တောက် ပစ်လိုက်သည်။
"အား!"
သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်၏ နောက်ကွယ်မှ ဝမ်းနည်းဖွယ်အော်သံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ ချင်ယွင်သည် ခေါင်းကို အမြန်လှည့်လိုက်ပြီး ကျန်းရွန်ရှင်း ၏ဗလာကျင်းနေသော ခြေဖဝါးတွင် ရစ်ပတ်နေသော အခြားသစ်ကိုင်း တစ်ကိုင်းကို ရှာဖွေတွေ့ရှိလိုက်ရသည်။ ထို့နောက် သူသည် ကျန်းရွန်ရှင်းကို အဝေးကိုလျင်မြန်စွာ တရွတ်တိုက်ဆွဲထုတ်သွားသော သစ်ပင်အကိုင်း၏ အလယ် ဗဟိုကို မှန်းဆလိုက်သည်။
"ခွေးကောင်၊ မင်း သေချင်နေတာလား!"
ချင်ယွင်သည် သူ၏မျက်လုံးထောင့်စွန်းမှ ကွဲထွက်တော့မည်ကို ချက်ခြင်းခံစားရပြီး သူ့တစ်ကိုယ်လုံး ပေါက်ကွဲစပြုလာသည်။ မြန်နှုန်းမြင့်လျှပ်စီးနှင့် လေ၏အမြန်နှုန်းက ချက်ချင်းပေါက်ကွဲသွားပြီး ကျန်းရွန်ရှင်း၏ ဦးတည်ရာဆီသို့ အလျင်အမြန် ပြေးသွားခဲ့သည်။
"လင်းယွင် ၊ မြန်မြန်ထွက်သွား!" ကျန်းရွန်ရှင်းသည် ချင်ယွင် သူမနောက် လိုက်လာနေ သည်ကို တွေ့လိုက်သည့်အခါ ချက်ခြင်းအော်လိုက်သည်။
ချင်ယွင်သည် ထိုစကားကို ကြားသောအခါ သူ၏နှလုံးသားသည် ဒေါသနှင့် ပြည့်နှက် သွားခဲ့သည်။
ထိုအချိန်တွင် ကျန်းရွန်ရှင်းသည် သူမအတွက် မစိုးရိမ်နေသော်လည်း ချင်ယွင် အတွက် စိုးရိမ်နေသေးသည်။ ဤအရာက ချင်ယွင်၏ နှလုံးသားထဲတွင် နူးညံ့မှုကိုဖြစ်ပေါ်စေပြီးသူ၏နှလုံးသားကို လုံးဝ ထိမိစေခဲ့သည်။
"မင်းကျန်းရွန်ရှင်းက ငါ့အပေါ်မှာ သိပ်ကိုရိုးသားစွာ ဆက်ဆံခဲ့တယ်။ ဒီနေ့ မင်းကို ငါ မကယ်ခဲ့ရင် ငါချင်ယွင်ဟာ ဒီကမ္ဘာကြီးမှာ အသက်ဆက်ရှင်သန်ပြီး ဘယ်လိုလုပ် ရင်ဆိုင်ရမှာလဲ!" ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် ခိုင်မာလာပြီး သူ၏နှလုံးသားသည် ကျောက်ဆောင်တစ်ခုလို မာကြေနေ၏။ သူ၏အရှိန်ဟုန်ကို တစ်ဖန်နှစ်ဆတိုးမြှင့်လိုက်ပြီး ကျန်းရွန်ရှင်း၏ ဦးတည်ရာဆီကို ပြေးသွားခဲ့သည်။