အသက်သစ်ပင်၏ အစွမ်း
Vol. 8 Ch. 110
အခန်း (၁၁၀) အသက်သစ်ပင်၏အစွမ်း
ချင်ယွင်၏ အရှိန်ဟုန်သည် တဟုန်ထိုး မြင့်တက်လာပြီး ကျန်းရွန်ရှင်းကို လျင်မြန်စွာ မှီသွားခဲ့သည်။
သူသည် ကျန်းရွန်ရှင်း၏ခြေချင်းဝတ်တွင် ချည်နှောင်ထားသောသစ်ကိုင်းကို ဓားဖြင့် တိုက်ရိုက်ခုတ်ပိုင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် ချင်ယွင်သည် ကျန်းရွန်ရှင်းကို အလျင်အမြန်ဆွဲယူကာ အဝေးသို့ အမြန်ပြန်ဆုတ်သွားခဲ့သည်။
သစ်ပင်အကိုင်းအခက် ပြတ်သွားသည်နှင့် အသက်သစ်ပင်သည် သနားစရာ ကောင်းလောက်အောင်ပင် ငိုကြွေးနေပုံရသည်။ ထို့နောက်တွင် သူတို့၏လည်ပင်းလုံးလောက်ထူထပ်သော အကိုင်းလေးခုသည် တချိန်တည်းမှာပင် မြေပြင်ပေါ်သို့ ဖြတ်သွားကာ ချင်ယွင်နှင့် ကျန်းရွန်ရှင်းဆီကို ရစ်ပတ်လာသည်။
ကျန်းရွန်ရှင်း၏မျက်နှာသည် သိသိသာသာပြောင်းလဲသွားပြီး "နင် မြန်မြန်သွား၊ ငါ့ကိုတစ်ယောက်တည်းထားခဲ့"
ချင်ယွင်က နွေးထွေးသော အပြုံးကို ထုတ်ဖော်ပြီး ကျန်းရွန်ရှင်းအား သူ၏ ရင်ခွင်ထဲတွင်အပ်ကာ ညင်သာစွာပြောသည် "အမိုက်မလေး ၊ မင်းကို ဘာလို့ ငါက ထားခဲ့ရတာလဲ၊ မင်းငါ့ကို ဖက်ထားဖို့ပဲလိုတယ်"
ကျန်းရွန်ရှင်းသည် ချင်ယွင်၏ ရုတ်တရက် နူးညံ့သိမ်မွေ့မှုကြောင့် အံ့အားသင့်သွားသော်လည်း သူသည် လျင်မြန်စွာ တုံ့ပြန်ပြီး ချင်ယွင်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ သူမမျက်နှာပေါ်တွင်ချိုမြိန်မူများဖြင့် ပြည့်နေသည်။
မူလက သူမ အလွန်ကြောက်သွားသော်လည်း ယခု သူမသည် ချင်ယွင်၏ ရင်ခွင်ထဲတွင် ရှိနေသောကြောင့် အဓိပ္ပါယ်ဖော်လို့မရနိုင်သော လုံခြုံမှုကို ခံစားခဲ့ရသည်။ နောက်ဆုံးတွင်ပင် သူမနှင့် ချင်ယွင်တို့သည် ဤအသက်သစ်ပင်ကြောင့် အသတ်ခံရနိုင်သည်။ သူမအမြင်အရဆို သူတို့နှစ်ယောက် စလုံးသည် အသက်ကြီးပြီး (သေသည်အထိ) မခွဲမခွာ အတူတူရှိနေကြသည်ပေါ့။
ဟုတ်ပါသည် ၊ ဒါက တစ်ခုမှ မဖြစ်နိုင်ပါဘူး။
ချင်ယွင်သည် သူ၏လက်ထဲတွင် မြူနှင်းချောက်နက်ဓားကို ကိုင်ထားသည်။ သူ၏ အကြည့်များက အလွန်စူးရှသည်။ ဓားချက်များ တချက်ပြီးတချက်ခုတ်ပိုင်းလိုက်ပြီး တိုက်ခိုက်လာသော အကိုင်းအခက်အားလုံးကို ဖြတ်တောက်ပစ်လိုက်၏။ ထို့နောက် သူသည် အဝေးဆီသို့ ဆက်လက်ရွေ့လျားသွားခဲ့သည်။ သစ်ပင်အကိုင်းအခက်များ မည်မျှပင်ရှိစေကာမူ အသက်သစ်ပင်သည် ချင်ယွင်၏လက်ရှိ မြူနှင်းချောက်နက် ဓားကို မပိတ်ဆို့နိုင်ခဲ့ပေ။
နောက်ဆုံးတွင်၊ အသက်သစ်ပင်သည် ကြောက်လန့်နေပုံရပြီး ချင်ယွင်ကို တိုက်ခိုက်ရန် ၎င်း၏အကိုင်းအခက်များကို ချဲ့ထွင်ဝံ့ခြင်းမရှိတော့ပေ။ ထိုအကိုင်း အခက်များသည်လည်း ပြန်လျော့သွားကြသည်။
ဤမြင်ကွင်းကိုမြင်ရလျှင် ကျန်းရွန်ရှင်းသည် ရပ်တန့်နေသော သူမနှလုံးကို လုံးလုံး လျား လျား ဖြေလျှော့လိုက်ပါသည်။ ချင်ယွင်၏ ပြတ်သားသော မျက်နှာကို ကြည့်လိုက်ရင်း သူမ၏ မျက်လုံးများတွင် တုနှိုင်းမရသည့် လေးစားမြတ်နိုးမူများ ထင်ရှားစွာပေါ်နေလေသည်။
ချင်ယွင်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ အကယ်၍ သူ့မှာ မြူနှင်းချောက်နက် ဓားသာမရှိဘူးဆိုလျှင် အကျိုးဆက်များက တွေးတောင်မတွေးဝံ့နိုင် စရာပင်။ ချင်ယွင်သည်
တို့ဟူးများကိုခုတ်ပိုင်းကဲ့သို့ အကိုင်းအခက်များကို အလွယ်တကူ ခုတ်ပိုင်း နိုင်သော်လည်း၊ ၎င်းသည် အခြားလက်နက်ဖြစ်လျှင် အသက်သစ်ပင်၏ အကိုင်းအခက်များကို ဖြတ်တောက်ရန် များစွာ အားထုတ်ရပေလိမ့်မည်။
ထို့ကြောင့်၊ အသက်သစ်ပင်သည် ချင်ယွင်ကို မကြောက်ဘဲ ချင်ယွင်၏ လက်ထဲတွင်ရှိသော မြူနှင်းချောက်နက်ဓားကို ကြောက်ခြင်းဖြစ်သည်။ သေချာတာက၊ ကျန်းရွန်ရှင်းဆိုသည့် ဤကလေးမသည် ချင်ယွင်ကို ကြည်ညို လေးစားနေသည့် အရာကိုတော့ တားဆီးလို့ မရတော့ပေ။
ချင်ယွင်သည် သူ့ကိုလွှတ်ရန်ဆန္ဒမရှိသေးသော သူ၏ရင်ခွင်ထဲရှိ ကျန်းရွန်ရှင်းအား ကြည့်ရင်း သူ၏အကြည့်များသည် နူးညံ့လာသည်။
ထိုအချိန်ရောက်မှပင် သူသည် ကျန်းရွန်ရှင်းကို အမှန်တကယ် လက်ခံခဲ့သည်။ ယခင်က သူသည် ကျန်းရွန်ရှင်းကို အရူးအမူး စွဲလန်းခဲ့ပြီး အများစုမှာ ကျန်းရွန်ရှင်းက လှပသောကြောင့် ဖြစ်သည်။ ယခုမူ ကျန်းရွန်ရှင်း၏ ချစ်ခြင်းမေတ္တာကြောင့် သူသည် လေးနက်စွာ တုန်လှုပ်သွားခဲ့ရသည်။
သူမ၏အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့်အချိန်မှာပင် ကျန်းရွန်ရှင်းသည် အမှန်တကယ်ပင် သူမ၏လုံခြုံရေးအတွက် စိတ်မပူဘဲ ချင်ယွင်အတွက် စိုးရိမ်နေခဲ့သည်။ ယင်းက သူ့အပေါ် အမြဲတမ်း အသေးစိတ် (ဂရုစိုက်ခဲ့ပြီး) နောက်ဆုံးတွင် သူ့အတွက် အသေခံရန်ပင် ဆန္ဒရှိခဲ့သည့် သူ၏အစ်မလျူရန်ယွင်ကို ချင်ယွင်ကို အမှတ်ရသွားစေသည်။
ဤနည်းဖြင့် ကျန်းရွန်ရှင်းသည် ချင်ယွင်၏ နှလုံးသားထဲတွင် သူ၏အစ်မ လျူရန်ယွင်နှင့် တူညီသော အဆင့်သို့ တိုးမြှင့်သွားခဲ့သည်။
ကျန်းရွန်ရှင်းသည် ခံစားမူအားကောင်းသောစိတ်ဖြင့် မွေးဖွားလာသောကြောင့် သူမသည် သူ၏ စိတ်ခံစားမှုဆိုင်ရာ ပြောင်းလဲမှုများကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ ချင်ယွင် သည် ယခု သူမကို အမှန်တကယ် လက်ခံနေပြီဟု သူမ ခံစားနိုင်သောကြောင့် ယင်းက သူမကို အလွန်ပျော်ရွှင်စေခဲ့သည်။
နောက်ဆုံးတွင် ဤချစ်ခြင်းမေတ္တာဆိုသည်မှာ လည်း ပြုစုပျိုးထောင်ပေးရဆဲ ဖြစ်သည်။
"ခင်ပွန်း၊ ငါတို့ဘာဆက်လုပ်မလဲ" ကျန်းရွန်ရှင်းက ချင်ယွင်၏ ရင်ဘတ်ပေါ် ခေါင်းတင်ပြီး မေးလိုက်သည်။
ချင်ယွင်က ကျန်းရွန်ရှင်း၏ ခေါင်းကို ပွတ်သပ်ပြီး "ခဏနေဦး၊ နောက်မှာ ပွဲကောင်းတစ်ပွဲရှိလိမ့်မယ်" ဟု ပြောလိုက်သည်။
ကျန်းရွန်ရှင်းသည် အံ့ဩသွားသော်လည်း သူမ ခေါင်းညိတ်လိုက်သေးသည်။ အမှန်တကယ်တွင် သူမသည် အသက်အသီးအတွက် စိတ်အားထက်သန်သူမဟုတ်ပေ။ သူမစိတ်ထဲတွင် အမြဲတမ်းသိနေသည်မှာ ချင်ယွင် ကို အချိန်တိုင်း ကာကွယ်ပေးနိုင်မှ သာလျှင် အပြစ်မှကင်းစင်သော သာမန်လူတစ်ယောက်ကဲ့သို့ သူမသည် အစစ်မှန် ပျော်ရွှင်ရမည်ကို သူမသိသည်။
အသက်သစ်ပင်သည် မြေပင်အထက်သို့ ဆက်လက် မြင့်တက်လာခဲ့သည်။ တစ်နာရီကြာပြီးနောက် နောက်ဆုံးတွင် အသက်သစ်ပင်သည် မြေပြင်မှ ထွက်ပေါ်လာသည်။
၎င်း၏ကြီးမားသောအကိုင်းအခက်များသည် ၎င်းပတ်ပတ်လည်တွင် မီတာ ၃၀၀၀ ကျယ်ဝန်းသော ဧရိယာကို ဖုံးအုပ်ထားပြီး ၎င်း၏အမြင့်သာ် မီတာတစ်ထောင်ကျော် အထိ ရောက်ရှိခဲ့သည်။ ၎င်း၏ကိုယ်ထည်သည် အချင်း ၃၀၀ မီတာရှိပြီး အနီးကပ်ကြည့်လျှင် တံတိုင်းတစ်ခုကဲ့သို့ဖြစ်သည်။
ထို့နောက်တွင် ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ အသက်သစ်ပင်ကို ဗဟိုပြုပြီး ငါးကီလိုမီတာအကွာအဝေးအတွင်း ငှက်များ၊ သားရဲများ၊ ငါးများ၊ အင်းဆက်ပိုးမွှားများ၊ ပန်းများနှင့် သစ်ပင်များအားလုံးသည် အသက်သစ်ပင်၏ အကိုင်းအခက်များနှင့် ပင်စည်ရှိအမြစ်များတစ်လျှောက် စီးဆင်းသွားခဲ့ပြီး လျင်မြန်စွာ အသက်ဆုံးရှုံးသွားကြသည်။
ယင်းအထဲတွင် အသက်သစ်ပင်နှင့်ပတ်သက်ပြီး အမှန်တရားကို မသိတဲ့သူများလည်း ပါ၀င်သည်။ အသက်သစ်ပင်ကို မြင်သောအခါ ထိုလူများသည် စိတ်လှုပ်ရှားစွာ အသက်သစ်ပင်ဆီသို့ ပြေးသွားကြသည်။ သို့ရာတွင်၊ ၎င်းတို့အားလုံးသည် အသက်သစ်ပင်အတွက် အာဟာရဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။
သူ့ပတ်ဝန်းကျင်ရှိ သက်ရှိသတ္တဝါအားလုံး၏ အသက်စွမ်းအားများကို အရူးအမူး စုပ်ယူပြီးနောက်၊ နောက်ဆုံးတွင် လက်သီးဆုပ်အရွယ် ထူးဆန်းသော အသီးသုံးမျိုး သည် အသက်သစ်ပင်၏ အကိုင်းအခက်များပေါ်တွင် စတင်ဖြစ်ပေါ်လာသည်။
"အသက်အသီး!" ကျန်းရွန်ရှင်းသည် အံ့သြစွာပြောသည်။
ယခု သူမသည် နောက်ဆုံးတွင် အသက်သစ်ပင်သည် မြေကြီးပေါ်တွင် အသီး သီးရသည့် အကြောင်းရင်းကို နားလည်လာခဲ့ပြီ။ ဤအသီးများသည် အခြားသတ္တဝါ များ၏ အသက်စွမ်းအားကို လုယူခြင်းဖြင့် လုံးလုံးလျားလျား ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ အသက်သစ်သီးတွင် ယခုလို ထူးဆန်းသည့် အကျိုးသက်ရောက်မှုများ ရှိနေခဲ့သည်မှာ အံ့သြစရာ မရှိတော့ပေ။ ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော သတ္တဝါများ၏ အသက်ပေါင်းများစွာပါ၀င်သောကြောင့် ၎င်းသည် လူတစ်ဦး၏ အသိဉာဏ်ကို တိုးမြင့်စေရုံသာမက၊ လူတဦး ၏ သက်တမ်းကိုလည်း တိုးစေနိုင်သည်။
"ပွဲကောင်းလေးက အခုပဲစတော့မယ် " ချင်ယွင်က မပြုံးနှင့်အတူ ပြောလိုက်သည် ။ သူသည် အသက်သစ်သီးကိုမြင်ခဲ့သော်လည်း မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ပေ။
မျှော်လင့်ထားသည့်အတိုင်း၊ အသက်သစ်သီးများ သိပ်သည်းပြီးသည်နှင့် ၎င်းသည် ထူးခြားပြီး ထူထပ်သိပ်သည်းသောရနံ့ကို ထုတ်လွှတ်သည်။ ဤရနံ့သည် လေနှင့်အတူ အဝေးသို့ ပျံ့လွင့်လာသည်။
အသက်သစ်ပင်၏ခြေရာများကို ရှာဖွေနေဆဲသူများသည် မွှေးရနံ့ကို အနံ့ခံနိုင်ခဲ့ကြပြီး ထိုလူများသည် ရနံ့ထွက်ရာလမ်းကြောင်းဆီသို့ ပျံသန်းလာစဉ် သူတို့၏မျက်နှာ များသည် ချက်ချင်းပင် စိတ်လှုပ်ရှားမှုများ ပြသလာကြသည်။
အမှန်တကယ်တော့ ယင်းအခြေအနေမျိုးက လူသားများအတွက်ချည်း မဟုတ်ပါဘူး။ အဝေးမှာရှိနေသည့် ဆိတ်သုဉ်းခြင်းသားရဲများပင်လျှင် ဤရနံ့ကို ရှူရှိုက်မိသောအခါ အသက်သစ်ပင်ဆီသို့ တဟုန်ထိုး ပြေးဆင်းလာကြသည်။
"မင်း နှာခေါင်းနဲ့ ပါးစပ်ကို မြန်မြန်ပိတ်!" ကျန်းရွန်ရှင်း၏မျက်နှာပေါ်ရှိ လောဘအရိပ် အယောင်ကိုမြင်လျှင် ချင်ယွင်သည် သူမ၏ မျက်ခုံးကြားရှိနေရာကို အလျင်အမြန် လက်ညိုးညွှန်ပြပြီး လောဘစိတ်ကို တွန်းထုတ်ရန်အတွက် သူ၏ဝိညာဉ်စွမ်းအင်ကို အသုံးပြုလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ကျယ်လောင်စွာ အော်လိုက်သည်။
ကျန်းရွန်ရှင်း၏နှလုံးသည် တုန်လှုပ်သွားပြီးနောက် သတိပြန်လည်လာသည်။ သူမသည်သူမ၏ နှာခေါင်းနှင့်ပါးစပ်ကို အလျင်အမြန် ဖုံးအုပ်ထားလိုက်သော်လည်း သူမ၏နှလုံး သားမှာ ထိတ်လန့်စရာများနှင့် ပြည့်နေသည်။ ချင်ယွင်ပြောလိုသည့် အကြောင်းကို နောက်ဆုံးသူမ နားလည်သွားခဲ့ပြီ။
ထိုလူများနှင့် ဆိတ်သုဉ်းခြင်းသားရဲများသည် အသက်ရသစ်ပင်ရှိရာဆီသို့ စတင် ဝင်ရောက် လာခဲ့သော်လည်း ၎င်းတို့အားလုံးသည်အသက်သစ်ပင်၏ ပါးစပ်တွင်း အာဟာရများဖြစ်လာကြသည်။
သဘာဝအားဖြင့်၊ (အသက်ရှိများ) ရှင်သန်ရန်သဘာ၀တရားကြီးက ရွေးချယ် ပေးထားသည့် ရှင်သန်မူအတွက်သင့်လျော်ဆုံးဟု ခေါ်သော စည်းမျဉ်း ဥပဒေသ တစ်ခုရှိ၏။ သတ္တဝါတိုင်းတွင် ၎င်းတို့၏ကိုယ်ပိုင်အမဲလိုက် နည်းများရှိကြ သည်။ဥပမာအားဖြင့်၊မြွေပုံသဏ္ဍာန်ရှိသော ဆိတ်သုဉ်းခြင်းသားရဲ များသည် ၎င်းတို့၏ ခန္ဓာကိုယ်များကို ဖုံးကွယ်ရန်အကာအကွယ်အဖြစ် သဘာ၀အရောင်များကို အသုံးပြုကြကာ သားကောင်များကို ပြင်းထန်စွာ တိုက်ခိုက်ကြပြီး အရောင်မွဲခြောက်သော ဖားပြုပ်များသည် အမဲလိုက်ရန်အတွက် ညှိုးနွမ်းနေသော သစ်ရွက်ခြောက်များအဖြစ် အသွင်ပြောင်းသွားကြသည်။
သူ၏ရှေ့မှာရှိနေသည့် အသက်သစ်ပင်မှာလည်း ကိုယ်ပိုင်အမဲလိုက်နည်းလမ်းများ ရှိလေသည်။ ၎င်းသည် အလွန်ဆွဲဆောင်မှုရှိသော အသက်အသီးသုံးခုကို ပေါင်းစည်းရန်အတွက် ပတ်ဝန်းကျင်ရှိသတ္တဝါများ၏ အသက်ကို မှီခိုအားထားရသည်။
ထို့နောက် ၎င်းသည် သက်ရှိများ၏လောဘကို လှုံ့ဆော်ပေးကာ ပတ်ဝန်းကျင်ရှိ လူများနှင့် ဆိတ်သုဉ်းခြင်းသားရဲများကို ဆွဲဆောင်နိုင်သည့် အမွှေးရနံ့ကို ထုတ်လွှတ်ကာ အသက်သစ်သီးကို အသုံးပြုပြီး သားကောင်များကို ရှာဖွေသည်။
အစားအသောက်ပြင်ဆင်ပြီးသည်နှင့် ၎င်းအသက်သစ်ပင်များသည် မြေပေါ်သို့ တဖန်ပြန် ပေါ်လာကာ အမဲလိုက်ခြင်းမပြုမီ အသီးအပွင့်များ ပွင့်လာမည့်အချိန်အထိ စောင့်ကြရသည်။
သည် သူ၏ကိုယ်ပိုင် တက်ကြွမှုကို ထပ်ခါထပ်ခါ ခိုင်ခံ့မြဲမြံအောင် ပြုလုပ်ခဲ့သည်။
ချင်ယွင်သည် အင်မော်တယ်ကမ္ဘာရှိ သက်ကြီးရွယ်အို မျိုးဆက်များထံမှ အသက်သစ်ပင်များအကြောင်း ပုံပြင်များကို တစ်ကြိမ်ကြားခဲ့ဖူးသည်။ အဘိုးအို၏ စကားအရ၊ အသက်သစ်ပင်သည် လုံးဝသတိကြီးသော လူသတ်သစ်ပင် ဖြစ်သည်။ ၎င်းသည် အသက်ဓာတ်များကို ပိုမိုစုပ်ယူလေ၊ ၎င်း၏ ခွန်အားနှင့် လွှမ်းခြုံနိုင်မူက ပိုမိုအားကောင်းလေဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသော အသက်သစ်ပင်တစ်ပင်သည် တစ်ချိန်တုန်းက အင်မော်တယ်ကမ္ဘာတွင် ပေါ်လာခဲ့ဖူးသည်။ ၎င်း၏ အကိုင်းအခက်များသည် ကီလိုမီတာ ရာနှင့်ချီ၍ ဆန့်နိုင်သည်။ အစစ်မှန် အင်မော်တယ် များပင်လျှင် ၎င်း၏ရှေ့တွင် ထိုးနှက်ချက်တစ်ခုတည်းကိုပင် ခံနိုင်ရည်မရှိခဲ့ပေ။ ၎င်းတို့သည် ထိုအသက်သစ်ပင်၏ အာဟာရဓာတ်စာများ ဖြစ်သွားခဲ့ကြသည်။